09/02/2026
DUI တစ်ခါ စီရင်ချက်ချခံရရင် ဘဝတစ်ခုလုံး ပြောင်းသွားနိုင်တယ်။
လွန်ခဲ့တဲ့ရက်ပိုင်းက အွန်တာရီယိုပြည်နယ် ရဲတပ်ဖွဲ့ (OPP) မှ အတွေ့အကြုံ ၁၇ နှစ်ရှိ အရာရှိတစ်ဦးဟာ တာဝန်ထမ်းဆောင်နေစဉ် အရက်မူးပြီး ရဲကားမောင်းမှု အတွက် တရားရုံးမှာ အပြစ်ဝန်ခံခဲ့ပါတယ်။ သူ့ရဲ့ သွေးတွင်းအရက်ပါဝင်မှုက ဥပဒေကန့်သတ်ချက် (၈၀ mg) ရဲ့ ၃ ဆကျော် (၂၆၀ mg) ရှိခဲ့ပြီး ဒဏ်ငွေ $၃,၀၀၀၊ ယာဉ်မောင်းခွင့် ၂ နှစ်ပိတ်နဲ့ ၂ နှစ် စောင့်ကြည့်အမိန့် ချမှတ်ခံခဲ့ရပါတယ်။
ဒါပေမယ့် သာမန်ပြည်သူတစ်ယောက်အတွက် DUI ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဒီလောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး ဆိုတာ သိထားဖို့ အရေးကြီးပါတယ်။
⚠️ DUI (အရက်မူးယာဉ်မောင်း) ရဲ့ ဆိုးကျိုး ၄ ချက်
၁။ ရာဇဝတ်မှုဖြစ်ပြီး ထောင်ဒဏ်ထိခံရနိုင်။
➡️ ကနေဒါမှာ DUI ဟာ ယာဉ်စည်းကမ်းချိုးဖောက်မှု မဟုတ်ဘဲ ရာဇဝတ်မှု (Criminal Offence) တစ်ခုဖြစ်ပါတယ်။
➡️ ပထမအကြိမ် - အနည်းဆုံး ဒဏ်ငွေ $၁,၀၀၀+ နှင့် ယာဉ်မောင်းခွင့် ၁ နှစ်ပိတ်။
➡️ ဒုတိယအကြိမ် - အနည်းဆုံး ထောင်ဒဏ် ၃၀ ရက်။
➡️ တတိယအကြိမ် - အနည်းဆုံး ထောင်ဒဏ် ၁၂၀ ရက် (အများဆုံး ၁၀ နှစ်အထိ)။
၂။ တစ်သက်တာ ရာဇဝတ်မှတ်တမ်း (Criminal Record) ကျန်ရစ်မည်။
➡️ စီရင်ချက်ချပြီးတာနဲ့ ဒီမှတ်တမ်းက ဘယ်တော့မှ မပျောက်ပါဘူး။ အလုပ်အကိုင်၊ ဘဏ္ဍာရေးနဲ့ ယုံကြည်ရတဲ့ ရာထူးတွေအတွက် နောက်ခံစစ်ဆေးမှု (Background Check) အားလုံးမှာ ပေါ်နေမှာဖြစ်ပြီး အလုပ်လျှောက်တိုင်း ငြင်းပယ်ခံရနိုင်ပါတယ်။
၃။ လူဝင်မှုကြီးကြပ်ရေး (Immigration) ထိခိုက် (အရေးကြီးဆုံး)
➡️ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ကစပြီး DUI ကို "ကြီးလေးသောရာဇဝတ်မှု (Serious Criminality)" အဖြစ် သတ်မှတ်ထားပါတယ်။
➡️ ဒါကြောင့် အမြဲတမ်းနေထိုင်ခွင် (PR) လျှောက်ထားခြင်း၊ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားခြင်း၊ အလုပ်ဗီဇာ/ကျောင်းသားဗီဇာ အားလုံး ငြင်းပယ်ခံရနိုင်ပါတယ်။
➡️ PR ရပြီးသားသူတောင်မှ ပြည်နှင်ဒဏ် (Deportation) ခံရနိုင်ခြေရှိပါတယ်။
၄။ ငွေကြေးနှင့် လူမှုဂုဏ်သတင်း ထိခိုက်မည်။
➡️ ဒဏ်ငွေ + ပညာပေးသင်တန်း + ကားပေါ်ကိရိယာတပ်ဆင်ခ + အာမခံကြေးမြင့်တက်မှု စုစုပေါင်း ဒေါ်လာ ၂,၅၀၀ မှ ၄,၀၀၀ အထိ ကုန်ကျနိုင်ပါတယ်။
➡️ မိသားစု၊ သူငယ်ချင်းများနှင့် လူမှုအသိုင်းအဝိုင်းအတွင်း ဂုဏ်သိက္ခာနှင့် ယုံကြည်မှု ပြိုလဲသွားနိုင်ပါတယ်။
⚠️ သတိပြုရန် -
ဒီအမှုက ရဲအရာရှိအတွက်တောင် ဒီလောက်ပြင်းထန်တဲ့အပြစ်ဒဏ်တွေ ချမှတ်ခံရတာမို့ သာမန်လူတစ်ယောက်အတွက် ပိုဆိုးဝါးနိုင်တယ်ဆိုတာ သိထားပါ။
သင်ဒါမှမဟုတ် သင်သိသူတစ်ဦးဦး DUI စွဲချက်နဲ့ ရင်ဆိုင်နေရပါက ချက်ချင်း တရားရုံးရှေ့နေနှင့် ဆက်သွယ်ပါ။ အခွင့်အရေးတစ်ခုက ဘဝတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်ပါတယ်။
ဒီမှာလည်းဖတ်ကြည့်လို့ရတယ်။
https://www.facebook.com/share/p/1Ebn1sEvLW/
⚠️စကားချပ်။
ဤအကြောင်းအရာသည် သတင်းနှင့်ဥပပေပညာဖြန့်ချိရေးအခြေခံသာဖြစ်ပြီး ဥပဒေအကြံပြုချက် (Legal Advice) မဟုတ်ပါ။ သင့်ကိုယ်ရေးကိုယ်တာအခြေအနေအတွက် ရှေ့နေနှင့် တိုင်ပင်ပါရန် အထူးအကြံပြုအပ်ပါသည်။
#မောင်းရင်မမူးနဲ့ မူးရင်မမောင်းနဲ့ #ကနေဒါရာဇဝတ်ဥပဒေ #ရာဇဝတ်မှုမှတ်တမ်း #လူဝင်မှုကြီးကြပ်ရေးအကျိုးဆက် ာရှိ #ဥပဒေအသိပညာ #ဘေးကင်းလုံခြုံစွာမောင်းနှင်ပါ။