TOP HR Solutions

TOP HR Solutions Your Trusted HR Partner

Top HR Solutions, founded in December 2014, is a premier human resource consultancy firm based in Myanmar, offering a wide array of services to both local and international clients. Our expertise spans HR consulting, outsourcing, recruitment, training, and advisory services, with a strong focus on employment law compliance. We are particularly adept at navigating Myanmar's labor laws and regulator

y requirements, providing expert guidance to ensure our clients remain fully compliant with local regulations. Our team possesses in-depth knowledge of Myanmar's regulatory landscape, which allows us to offer customized solutions for from local MSMEs and corporates to MNCs, INGOs, UN agencies, and other international organizations operating within the country. With a keen understanding of the local market dynamics, Top HR Solutions has been a trusted partner for INGOs, UN agencies, MNCs, international organizations, and local business groups. We support them in effectively navigating Myanmar's regulatory environment, ensuring compliance, and creating a positive work environment.

"ဒီနေ့ဟာ မေလ ၁ ရက်နေ့... ကမ္ဘာတစ်ဝှမ်းက အလုပ်သမားထုကြီးရဲ့ ရုန်းကန်လှုပ်ရှားမှု သမိုင်းကြောင်းတွေ စတင်ခဲ့တဲ့နေ့ပါ။လွန်ခဲ...
01/05/2026

"ဒီနေ့ဟာ မေလ ၁ ရက်နေ့... ကမ္ဘာတစ်ဝှမ်းက အလုပ်သမားထုကြီးရဲ့ ရုန်းကန်လှုပ်ရှားမှု သမိုင်းကြောင်းတွေ စတင်ခဲ့တဲ့နေ့ပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀ ကျော်က အလုပ်သမားတွေဟာ တစ်နေ့ ၈ နာရီပဲ အလုပ်လုပ်ခွင့်ရဖို့ အသက်တွေ၊ သွေးတွေနဲ့ ရင်းပြီး တောင်းဆိုခဲ့ကြလို့ ဒီနေ့မှာ ကျွန်မတို့တွေ တနင်္ဂနွေနေ့ ပိတ်ရက်တွေ၊ အလုပ်နားချိန်တွေ စတဲ့ အခြေခံ အလုပ်သမားအခွင့်အရေးတွေ ရရှိခံစားနေကြရတာ ဖြစ်ပါတယ်။

ဒီနှစ် ၂၀၂၆ အတွက် International Labour Organisation (ILO) မှ ချမှတ်ပေးထားတဲ့ May Day Theme - မေဒေးဆောင်ပုဒ်ကတော့
"Ensuring Safety & Health at work in a change climate"
'ပြောင်းလဲလာတဲ့ ရာသီဥတုဒဏ်ကြားမှာ လုပ်ငန်းခွင် ဘေးကင်းရေးကို အလေးပေးဖို့' ပါပဲ။ အလုပ်ရှင်တွေအနေနဲ့လည်း ကိုယ့်ရဲ့ ဝန်ထမ်းတွေဟာ ကုမ္ပဏီရဲ့ အဖိုးတန်ဆုံး 'Assets' တွေဖြစ်တာကြောင့် သူတို့ရဲ့ ကျန်းမာရေးနဲ့ လုပ်ငန်းခွင် လုံခြုံမှုကို ပိုပြီး ဂရုစိုက်ပေးသင့်တဲ့ အချိန်ပါပဲ။

အလုပ်သမားဆိုတာ လက်လုပ်လက်စားတွေကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ တစ်နေ့ ၈ နာရီ (သို့မဟုတ် ထို့ထက်ပို၍) ကိုယ့်ရဲ့ ကျွမ်းကျင်မှု၊ အချိန်နဲ့ လုပ်အားကို ရင်းနှီးပြီး ဘဝကို တည်ဆောက်နေကြတဲ့ ကျွန်မတို့အားလုံးဟာ 'အလုပ်သမား' တွေပါပဲ။

အားလုံးပဲ ထိုက်တန်တဲ့ ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေ ရရှိပြီး ဂုဏ်သိက္ခာရှိတဲ့ လုပ်ငန်းခွင်မှာ ပျော်ရွှင်စွာ လုပ်ကိုင်နိုင်ကြပါစေကြောင်း ဆန္ဒပြု ဆုမွန်တောင်းလိုက်ပါတယ်။

မြန်မာနှစ်သစ်အခါသမယမှစ၍ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းပြီး စီးပွားဥစ္စာ တိုးပွားကြပါစေကြောင်း Top HR Solutions မိသားစ...
17/04/2026

မြန်မာနှစ်သစ်အခါသမယမှစ၍ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းပြီး စီးပွားဥစ္စာ တိုးပွားကြပါစေကြောင်း Top HR Solutions မိသားစုမှ ဆုမွန်‌ကောင်းတောင်းပေးလိုက်ပါတယ်...🙏


Client များတောင်းဆိုထားကြတဲ့ HR ManagerHead of HR Group HR Director ရာထူးများအတွက်မနက်ဖြန် အင်တာဗျူးတွေ ရှိပါတယ်။ လက်ရှိ...
04/04/2026

Client များတောင်းဆိုထားကြတဲ့
HR Manager
Head of HR
Group HR Director ရာထူးများအတွက်
မနက်ဖြန် အင်တာဗျူးတွေ ရှိပါတယ်။
လက်ရှိအလုပ်ရှိသူများအတွက် အင်တာဗျူးအတွက်
အလုပ်က ခွင့်မယူရလေအောင် Sunday ကို စီစဉ်ပေးထားတာပါ။

- နိုင်ငံခြားသား Management Consultant တစ်ဦးနဲ့အတူ
ပူးပေါင်းဆောင်ရွက်ရမယ့် - Group HR Director ရာထူး (၁)
- ဝန်ထမ်း ၁၀၀၀ ခန့်ရှိတဲ့ ဆေးရုံတစ်ခုအတွက် Head of HR ရာထူး (၁)
- ဝန်ထမ်းပေါင်း ၂၀၀ ခန့်ရှိ Media လုပ်ငန်းတစ်ခုအတွက် Head of HR ရာထူး (၁)
- တစ်နိုင်ငံလုံး ရုံးခွဲပေါင်း (၆)ရုံး နဲ့ ဝန်ထမ်း ၈၀၀ ဝန်းကျင်ရှိ Trading & Distribution လုပ်ငန်း တစ်ခုအတွက် Head of HR ရာထူး (၁)

လောလောဆယ် အင်တာဗျူးခေါ်ထားတဲ့ ရာထူးတွေအတွက် ပထမအကြိမ် အင်တာဗျှူးပါ။

CV ပေးပို့လျှောက်ထားလိုသူများရှိပါက
[email protected] သို့ဖြစ်စေ
[email protected] သို့ဖြစ်စေ
April လ (၁၁) ရက်န့နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။

Group HR Director ရာထူးအတွက်က နိုင်ငံခြားသား Management Consultant နှင့် 2nd or Final Interview ကို ဧပြီလ ၂၁-၂၄ ကြားဆောင်ရွက်မှာဖြစ်ပါတယ်။

HR Manager ကောင်းကောင်းရှာနေပါသလား?
===============================

လုပ်ငန်းအောင်မြင်တိုးတက်ဖို့ အဓိကကျလှတဲ့ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုကောင်းကောင်း လုပ်ပေးနိုင်တဲ့ အရည်အချင်းပြည့်ဝတဲ့ HR ကောင်းတစ်ယောက်ကို ရှာဖွေရတာဟာ စိန်ခေါ်မှုတစ်ခုဆိုတာကို နားလည်ပါတယ်။ လုပ်ငန်းခွင် စည်းမျဉ်းစည်းကမ်းတွေကို နားလည်ရုံတင်မကဘဲ ဝန်ထမ်းတွေ စိတ်အားထက်သန်လာအောင် ကုမ္ပဏီ Culture ကို မြှင့်တင်ပေးနိုင်မယ့်သူမျိုးကို လူကြီးမင်းတို့လိုအပ်တာပါ။

TOP HR Solutions က သင့်လုပ်ငန်းအတွက် အကောင်းဆုံး HR ပညာရှင်တွေကို ရှာဖွေပေးဖို့ တာဝန်ယူပါရစေ။ TOP HR မှာ နှစ်ရှည်လများ တည်ဆောက်ထားတဲ့ HR နယ်ပယ်မှ ထိပ်တန်းပညာရှင် Network ရှိပါတယ်။

🟣TOP HR မှာ ရှာဖွေပေးနိုင်သည့် ရာထူးများ -

• HR Directors
• HR Business Partners (HRBPs)
• Talent Acquisition Strategists
• Compensation & Benefits Specialists
• HR Executive
• HR Assistant

🟣TOP HR ရဲ့ အားသာချက်များ
✅️ အလုပ်သမားဝန်ကြီးဌာနမှသတ်မှတ်ထားတဲ့ ဝန်ဆောင်မှု နှုန်းထားအတိုင်းသာကောက်ခံခြင်း
✅️ ဝန်ဆောင်ခနဲ့ ထိုက်တန်တဲ့ ဝန်ဆောင်မှုကို ရရှိနိုင်ခြင်း
✅️ ဝန်ထမ်းရှာဖွေရသည့် အချိန်ကို လျှော့ချပေးနိုင်ပြီး လုပ်ငန်းတိုးတက်အောင် စွမ်းဆောင်နိုင်ခြင်း

🟣သင့်လုပ်ငန်းအတွက် အကောင်းဆုံး HR ပညာရှင်တွေကို ရှာဖွေနိုင်ဖို့ အခုပဲ ဆက်သွယ်လိုက်ပါ
☎️09 40 666 33 11
📧[email protected]

We are looking for a "CEO" Position with attractive salary package. Please contact us for more details.
30/03/2026

We are looking for a "CEO" Position with attractive salary package.
Please contact us for more details.

*Career Opportunity: Chief Executive Officer (CEO)*

Recruitment Agency: TOP HR Solutions Company Limited
(Licensed by Ministry of Labour – License No. 150/2018) On behalf of: A Leading Trading & Distribution Group in Myanmar

Location: Yangon, Myanmar

The Client
Our client is a prominent and well-established Trading and Distribution Group in Myanmar with an extensive nationwide network. Known for their diverse portfolio and robust supply chain infrastructure, they are currently seeking a dynamic and seasoned leader to take the helm as Chief Executive Officer to drive organizational transformation and market leadership.

The Role
The CEO will be responsible for the total strategic and operational performance of the company. In a market as unique as Myanmar, the successful candidate must balance high-level corporate governance with "on-the-ground" operational agility.

Key Responsibilities
Strategic Vision: Define and implement the group’s 5-year growth plan, focusing on market pe*******on and revenue diversification.
Operational Leadership: Optimize end-to-end supply chain processes, from international procurement to regional distribution hubs.
Financial Resilience: Navigate the complexities of the current macroeconomic environment, ensuring sound fiscal management and risk mitigation.
Partnership Management: Strengthen relationships with international principals, local vendors, and regulatory authorities.
Team Empowerment: Lead a diverse workforce, focusing on talent development and building a resilient corporate culture.
Candidate Profile
Education: MBA or relevant Master’s degree from a reputable institution.
Experience: 15+ years of professional experience, with a proven track record in a CEO or Managing Director role within the Trading, FMCG, or Logistics sectors.
Competencies: Strong financial acumen, exceptional negotiation skills, and a deep understanding of the Myanmar market landscape.
Language: Native-level Burmese and professional fluency in English are essential.
Integrity: A leader who commands respect through ethical practices and transparent management.
Remuneration
An attractive executive package commensurate with experience, including performance bonuses and high-level benefits, will be offered to the right candidate.

How to Apply
Qualified candidates are invited to submit their updated CV and a cover letter detailing their leadership achievements to TOP HR Solutions Company Limited.

Email: [email protected]

Contact: +95 9 40 666 33 11

Closing Date: 20th April 2026

Confidentiality Notice:
TOP HR Solutions guarantees that all applications will be handled with the highest level of discretion.
Only shortlisted candidates will be contacted for an initial interview.

*Free Webinar"From Rights to Action: Understanding Women’s Labor Standards in Myanmar"TOP HR Solutions ၏ လစဉ် စီစဉ်ကျင်း...
15/03/2026

*Free Webinar
"From Rights to Action: Understanding Women’s Labor Standards in Myanmar"

TOP HR Solutions ၏ လစဉ် စီစဉ်ကျင်းပမြဲဖြစ်သော Monthly Webinar Series မှ ကြိုဆိုလိုက်ပါတယ်။

March လ (၈) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ "အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ - International Women Day" ကို ဂုဏ်ပြုသောအားဖြင့် TOP HR Solutions မှ လစဉ်ကျင်းပမြဲဖြစ်သော Webinar Series အတွက် အထူးခေါင်းစဉ်တစ်ခုကို ပြင်ဆင်ထားပါသည်။

၂၀၂၆ ခုနှစ်မှာ International Women Day အတွက် UN Women ၏ Theme တစ်ခုဖြစ်တဲ့ " Rights. Justice. Action. For ALL Women and Girls " နှင့်အညီ၊ ယခုတစ်ခေါက် webinar လေးမှာ လုပ်ငန်းခွင်အတွင်း အမျိုးသမီးဝန်ထမ်းများ သိရှိထားသင့်သည့် အလုပ်သမားအခွင့်အရေးများနှင့် စံနှုန်းများကို အသေးစိတ် ဆွေးနွေးပေးသွားမှာဖြစ်ပါသည်။

📅 Date: ၂၀၂၆ ခုနှစ်၊ မတ်လ (၂၀) ရက် (သောကြာနေ့)
⏰ Time: 7:00pm – 8:00pm
💻 Location: Zoom
🔗 အခမဲ့ စာရင်းပေးသွင်းရန် - https://forms.gle/FWhzaZuxCJ1mn8Ra7

HR မန်နေဂျာများ၊ လုပ်ငန်းရှင်များနှင့် အမျိုးသမီးဝန်ထမ်းများအားလုံး တက်ရောက်လေ့လာရန် ဖိတ်ခေါ်အပ်ပါသည်။ စကားလုံးများထက် လက်တွေ့ကျသော တရားမျှတမှုများကို အတူတကွ ဖော်ဆောင်ကြပါစို့။

အမျိုးသမီးလုပ်ငန်းရှင်များအတွက် အခမဲ့ HR အကြံပေးဆွေးနွေးပေးခြင်း(Give to Gain Initiative) 🌟၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ...
08/03/2026

အမျိုးသမီးလုပ်ငန်းရှင်များအတွက် အခမဲ့ HR အကြံပေးဆွေးနွေးပေးခြင်း
(Give to Gain Initiative) 🌟

၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ရဲ့ ဆောင်ပုဒ်နဲ့အညီ TOP HR Solutions မှ အမျိုးသမီးဦးဆောင်တဲ့ SME လုပ်ငန်း (၃) ခုအတွက် အခမဲ့ HR Strategy အတိုင်ပင်ခံဆွေးနွေးမှုများ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ လူသားအရင်းအမြစ်ကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု၊ လုပ်ငန်းခွင်ယဉ်ကျေးမှုနဲ့ ရေရှည်တိုးတက်မှုတွေအတွက် ကျွန်မတို့ရဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

📅 နေ့ရက်: မတ်လအတွင်းရှိ တနင်္လာနေ့ ဖြစ်သည့် ၁၆ ရက်နှင့်၂၃ ရက်)
⏰ အချိန်: မွန်းလွဲ ၃ နာရီ မှ ၅ နာရီအတွင်း
📍 နေရာ: TOP HR Solutions ရုံးခန်း၊ ဝန်ကြီးများရုံး။ သိမ်ဖြူလမ်း၊ ရန်ကုန်။

လျှောက်ထားရန်: ကော်မန့်တွင် "Strategy" ဟု ရေးခဲ့ပါ သို့မဟုတ် Messenger မှတစ်ဆင့် မိမိလုပ်ငန်းအကြောင်း အကျဉ်းချုပ်ပေးပို့၍ စာရင်းပေးသွင်းနိုင်ပါသည်။ (လုပ်ငန်း ၃ ခုသာ ကန့်သတ်ထားပါသဖြင့် အမြန်ဆုံး ဆက်သွယ်လိုက်ပါရှင်။)




ယနေ့ ၂၀၂၅ ခုနှစ် မတ်လ ၈ ရက်နေ့တွင်ကျရောက်တဲ့ International Women's Day အား Top HR Solutions မှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။...
08/03/2026

ယနေ့ ၂၀၂၅ ခုနှစ် မတ်လ ၈ ရက်နေ့တွင်ကျရောက်တဲ့ International Women's Day အား Top HR Solutions မှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။
နှစ်စဉ်ဆောင်ပုဒ်တစ်ခုသတ်မှတ်ပြီး အမျိုးသမီးများအခန်းကဏ္ဍကို မြှင့်တင်ရန် အသိပေးလေ့ရှိပါတယ်။
ယခုနှစ်အတွက် ဆောင်ပုဒ်ကတော့ To Gain (ပေးကမ်းခြင်းမှသည် ရလာဒ်များဆီသို့) ဖြစ်ပါတယ်။

"TOP HR Solutions အနေနဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး အကြံပေးရုံတင်မကဘဲ ကိုယ်တိုင်လည်း လက်တွေ့ ပျိုးထောင်နေပါတယ်။ ဒီနှစ် ရဲ့ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အပြည့်အဝ ယုံကြည်ပါတယ်။

လုပ်ငန်းခွင်တစ်ခုမှာ အမျိုးသမီးတွေကို ဦးဆောင်ခွင့်ပေးခြင်း၊ လေ့လာသင်ယူခွင့်ပေးခြင်းနဲ့ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးခြင်း (Give) ဟာ တစ်ဖွဲ့လုံးအတွက် ပိုမိုကောင်းမွန်တဲ့ အောင်မြင်မှုတွေကို ရရှိစေမှာ (Gain) ဖြစ်ပါတယ်။ အနာဂတ် လုပ်ငန်းခွင်တွေကို ပုံဖော်နေကြတဲ့ အမျိုးသမီးခေါင်းဆောင်များအားလုံး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။"


ယနေ့ ၂၀၂၅ ခုနှစ် မတ်လ ၈ ရက်နေ့တွင်ကျရောက်တဲ့ International Women's Day အား Top HR Solutions မှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။...
08/03/2026

ယနေ့ ၂၀၂၅ ခုနှစ် မတ်လ ၈ ရက်နေ့တွင်ကျရောက်တဲ့ International Women's Day အား Top HR Solutions မှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။
နှစ်စဉ်ဆောင်ပုဒ်တစ်ခုသတ်မှတ်ပြီး အမျိုးသမီးများအခန်းကဏ္ဍကို မြှင့်တင်ရန် အသိပေးလေ့ရှိပါတယ်။
ယခုနှစ်အတွက် ဆောင်ပုဒ်ကတော့ to Gain (ပေးကမ်းခြင်းမှသည် ရလာဒ်များဆီသို့) ဖြစ်ပါတယ်။


၂၀၂၆ အတွက် Payroll Compliance စိတ်ချရပြီလား❓️ဘဏ္ဍာနှစ်လဲကုန်တော့မှာဆိုတော့ PIT Tax နဲ့ ပတ်သက်လို့ စိတ်ချရပြီလား❓️=======...
26/02/2026

၂၀၂၆ အတွက် Payroll Compliance စိတ်ချရပြီလား❓️
ဘဏ္ဍာနှစ်လဲကုန်တော့မှာဆိုတော့ PIT Tax နဲ့ ပတ်သက်လို့ စိတ်ချရပြီလား❓️
=============================
ဝန်ထမ်းလုပ်ခလစာများ တွက်ချက်ခြင်းနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေပြဌာန်းချက်တွေ၊ အခွန်ဥပဒေပြဌာန်းချက်ပါ တစ်ဦးချင်းဝင်ငွေခွန် ဆိုင်ရာ ပြဌာန်းချက်တွေနဲ့ ကိုက်ညီနေဖို့လိုပါတယ်။
အလုပ်သမားဥပဒေပြဌာန်းချက်တွေအရရော ဝင်ငွေခွန်တွက်ချက်ခြင်းဆိုင်ရာတွေနဲ့ စပ်လျဉ်းလို့ရော ၂၀၂၅ ခုနှစ်အတွင်း ညွှန်ကြားချက်အသစ်တွေ ထုတ်ပြန်ထားတာတွေကို သင်သိပြီးပါပြီလား။
ဝန်ထမ်းလုပ်ခလစာတွက်ချက်ရာမှာ - အမှားအယွင်းမရှိစေဖို့နဲ့ ဥပဒေကြောင်းအရ စိတ်ချရစေဖို့ TOP HR Solutions မှ ဖွင့်လှစ်ပို့ချပေးတဲ့ Mastering Payroll Compliance သင်တန်း တက်ရောက်ခြင်းအားဖြင့် သာမန် Payroll ကျွမ်းကျင်တစ်ဦးမှ - လုပ်ငန်းရဲ့ Legal Compliance Risk တွေကိုပါ သိရှိနားလည် ဖယ်ရှားပေးနိုင်တဲ့ Payroll Master တစ်ယောက်အဖြစ် တက်လှမ်းလိုက်ပါ။

Payroll ဆိုတာ Excel ထဲ ကိန်းဂဏန်းရိုက်ထည့်ရုံတင် မဟုတ်ပါဘူး။ အဖွဲ့အစည်းတစ်ခုရဲ့ အရေးကြီးဆုံး Finance & Legal Compliance ပိုင်းကို လိုက်နာဆောင်ရွက်ပေးရတာပါ။
❌ SSB တွက်တာ PIT တွက်တာ မှားများနေမလား မသေချာလို့ စိတ်ပူနေရသလား?
❌ မူလ အလုပ်သမားဥပဒေပြဌာန်းချက်တွေနဲ့ ထပ်မံထုတ်ပြန်တဲ့ညွှန်ကြားချက်တွေ ကြားမှာ မရှင်းလင်းလို့ ဝေခွဲမရ ဖြစ်နေသလား?

ဒီအခက်အခဲတွေကို အမြန်ဆုံးကျော်ဖြတ်ပြီး High-Paid Payroll Specialist တစ်ယောက်ဖြစ်လာဖို့ Mastering Payroll Compliance 2026 သင်တန်းက လမ်းပြပေးပါလိမ့်မယ်။

✨ ဒီသင်တန်းက သင့် Career အတွက် ဘာတွေ ပြောင်းလဲပေးမှာလဲ?
1️⃣ High - valued professional သင့်ရဲ့ ကျွမ်းကျင်မှုတန်ဖိုးမြင့်မားလာခြင်း - ဥပဒေနဲ့အညီ Payroll Setup ချနိုင်သူတွေကို MNC နှင့် International အဖွဲ့အစည်းများက ပိုမိုဦးစားပေး ခန့်အပ်လေ့ရှိပါတယ်။
2️⃣ Confidence & Authority မိမိကိုယ်ကို ယုံကြည်မှုနှင့် လုပ်ပိုင်ခွင့်တိုးတက်ရရှိခြင်း: Management ရှေ့မှာ Payroll Report တွေ၊ Tax Compliance တွေအကြောင်း ယုံကြည်မှုရှိရှိ တင်ပြနိုင်တဲ့အတွက် ရာထူးတိုး၊ လစာတိုးဖို့ အခွင့်အလမ်း ပိုများလာမယ်။
3️⃣ အနာဂတ်အတွက်ခိုင်မာတဲ့ ကျွမ်းကျင်မှု Future-Proof Skills: ၂၀၂၆ အတွက် Update ဖြစ်တဲ့ Compliance တွေကို သင်ယူရမှာဖြစ်လို့ နောင်နှစ်ပေါင်းများစွာအထိ ခိုင်မာတဲ့ Career တစ်ခုကို တည်ဆောက်နိုင်မယ်။
4️⃣ Professional Network: လုပ်ငန်းခွင် အတွေ့အကြုံရင့်ကျက်တဲ့ Payroll Specialist ဆရာမဆီကနေ Direct Mentorship ရရှိမှာဖြစ်တဲ့အပြင် အခြားသော သင်တန်းသူ သင်တန်းသားများနဲ့လည်း မိတ်ဖွဲ့ခွင့်လို့ သင့်ရဲ့ Professional Network ကို ချဲ့ထွင်နိုင်ပါလိမ့်မယ်။

သင်တန်းမှာ လက်တွေ့သင်ယူရမည့် Module များ
✅ Module 1: Reward Strategy & Pay Structure
- အဖွဲ့အစည်းရဲ့ ကောင်းကျိုးရလဒ်၊ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်၊ လုပ်ခလစာနှင့် အကျိုးခံစားခွင့်များရဲ့ ဆက်စပ်မှု (Relationship between reward, employee performance and positive organizational outcomes)
- လုပ်ခလစာနှင့် အကျိုးခံစားခွင့်များ သတ်မှတ်ခြင်း (Total Reward System - Financial and non-financial reward)
- လစာစီမံခန့်ခွဲမှု လုပ်ငန်းစဉ် (Payroll Management Process)
✅ Module 2: Labour Laws & Personal Income Tax Law
- အနည်းဆုံး အခကြေးငွေ ဥပဒေနှင့် နည်းဥပဒေ (Minimum Wages Law and Rules)
- လူမှုဖူလုံရေးဥပဒေနှင့် နည်းဥပဒေ (Social Security Law & Rules)
- အခကြေးငွေပေးချေရေးဥပဒေနှင့် နည်းဥပဒေ (Payment of Wages Law and Rules)
- ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေနှင့် နည်းဥပဒေ
- ဝင်ငွေခွန်ဥပဒေမှ တစ်ဦးချင်း ဝင်ငွေခွန်အကြောင်း ကောက်နှုတ်ချက်
✅ Module 3: Advanced Excel Payroll Calculation (OT, SSB, PIT Tax)
- Payroll excel sheet တစ်ခုတည်ဆောက်ပြီး ဝန်ထမ်းအချက်အလက်များ ထည့်သွင်းခြင်း
- လစဥ် Attendance data and overtime data များ ထည့်သွင်းခြင်း
- အလုပ်သမား ဥပဒေနှင့်အညီ အချိန်ပိုလုပ်ခ တွက်ချက်ခြင်း
- အလုပ်သမား ဥပဒေနှင့်အညီ လူမှုဖူလုံရေးကြေး တွက်ချက်ခြင်း (Social Security Contribution)
- ဝင်ငွေခွန်ဥပဒေနှင့်အညီ တစ်ဦးချင်း ဝင်ငွေခွန် ( PIT Tax ) တွက်ချက်ခြင်း
- လစာစာရင်း Payroll အပြီးသတ်ရေးဆွဲခြင်း
✅ Module 4: Reporting (Social Security & Tax Office Forms)
- လိုအပ်သည့် Report ပုံစံနမူနာများ ရေးဆွဲခြင်း
- လစာစာရင်းအချုပ် (monthly) ပြင်ဆင်ခြင်း
- Formula များ ချိတ်ဆက်၍ တစ်ဦးချင်း Payslip များ ပြင်ဆင်ခြင်း
- တစ်ဦးချင်း ဝင်ငွေခွန် report များ ပြင်ဆင်ခြင်း
- လူမှုဖူလုံရေးသို့ လစဉ်ပေးပို့ရတဲ့ပုံစံများ
- အခွန်ရုံးသို့ လစဉ် ပေးပို့ရတဲ့ပုံစံများ

🎯 ဘယ်သူတွေတက်သင့်လဲ?
👉Payroll ပိုင်းကို အဓိကတာဝန်ယူနေရတဲ့ HR များ။
👉လက်အောက်ဝန်ထမ်းရေးဆွဲ တင်ပြတဲ့ Payroll ကို စစ်ဆေးအတည်ပြုပေးရမယ့် Finance Manager များ HR Manager များ
👉မိမိလုပ်ငန်းရဲ့ လစာစာရင်းကို စနစ်တကျ ကိုယ်တိုင်ကိုင်တွယ်ချင်တဲ့ SME လုပ်ငန်းရှင်များ။
👉Payroll & PIT ကို အမှားအယွင်းမရှိ လျင်မြန်စွာ တွက်ချက်လိုသူများ။

⚠️ မှတ်ချက် - Excel အခြေခံရှိသူများသာ တက်ရောက်ရန်ဖြစ်ပြီး လက်တွေ့လေ့ကျင့်ရန် မိမိ Laptop ယူဆောင်လာရပါမည်။
သင်တန်း အသေးစိပ်
🗓ဖွင့်လှစ်မည့်နေ့ရက် - 8 March, 2026 (Sunday only)
🗓သင်တန်းကာလ - ၁ လ (အပတ်စဉ် တနင်္ဂနွေနေ့တိုင်း)
🕘သင်တန်းချိန် - မနက် 9:00 မှ နေ့လည် 12:00 အထိ
🟣သင်တန်းကြေး - 300,000 ကျပ်
📍 Early Bird Discount - 5 March 2026 မတိုင်ခင် သင်တန်းအပ်နှံပါက 10%
Discount
🏫သင်တန်း နေရာ - TOP HR Solution သင်တန်းခန်းမ၊ ဝန်ကြီးများရုံး၊ သိမ်ဖြူလမ်း(အလယ်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
သင်တန်းအပ်နှံရန်လင့် - Register Here >>> https://cutt.ly/2tWdCkCt
သင်တန်းအကြောင်းအသေးစိတ်ကို သိရှိလိုပါက
ဖုန်း - 09 977 90 66 40, 09 40 666 33 11တို့ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

🚀 Become a Data-Driven HR Leader in 2026! 📊ယနေ့ခေတ် Management Meeting တွေ BOD Meeting တွေထဲမှာ "ကျွန်မထင်ပါတယ်" “ကျွန်တ...
25/02/2026

🚀 Become a Data-Driven HR Leader in 2026! 📊

ယနေ့ခေတ် Management Meeting တွေ BOD Meeting တွေထဲမှာ "ကျွန်မထင်ပါတယ်" “ကျွန်တော်ထင်တာပြောရရင်…” ဆိုတဲ့ စကားထက် “ဒေတာအထောက်အထားအရ..." ဆိုတဲ့ စကားက ပိုပြီးဩဇာရှိပါတယ်။

TOP HR Solutions ရဲ့တည်ထောင်သူ ဆရာမ Daw Maw Maw Tun နှင့် Power BI Specialist Min Kaung Mon တို့ ပူးပေါင်းပြီး HR Professionals များအတွက် အထူး Customize လုပ်ထားသော Masterclass ကို ဖွင့်လှစ်လိုက်ပါပြီ။

✨ ဒီ Masterclass က ဘာကြောင့် ထူးခြားတာလဲ?
အခြားသင်တန်းတွေလို Tool အသုံးပြုနည်းသက်သက်မဟုတ်ဘဲ:
✅ Strategic Leadership: Daw Maw Maw Tun ကိုယ်တိုင် CEO တွေ တကယ်သိချင်တဲ့ HR Metrics ၅ မျိုးနဲ့ Board Presentation နည်းလမ်းတွေကို ပို့ချပေးမှာပါ။
✅ Technical Mastery: ဆရာ Min Kaung Mon က Power BI နဲ့ အလိုအလျောက် Dashboard တည်ဆောက်နည်းတွေကို အခြေခံမှ Project Level ထိ လက်တွေ့သင်ကြားပေးမှာပါ။

📚 သင်တန်းမှာ ဘာတွေသင်မှာလဲ? (Course Highlights)
🔹 Module 1: HR Data Foundation – HR KPIs များနှင့် Data Analytics Workflow အကြောင်း။
🔹 Module 2: Data Wrangling & Modeling – ရှုပ်ထွေးနေသော HR Data များကို Power Query ဖြင့် သန့်စင်ခြင်း။
🔹 Module 3: DAX for HR Analytics – ဝန်ထမ်းအင်အား၊ နှုတ်ထွက်နှုန်းနှင့် KPI များကို Formula များဖြင့် တွက်ချက်ခြင်း။
🔹 Module 4: HR Dashboard Design – BOD Meeting တွေမှာတင်ပြနိုင်မဲ့ Professional Dashboard များ ဖန်တီးခြင်း။
🔹 Module 5: Final Capstone Project – လက်တွေ့ HR Dataset များဖြင့် End-to-End Project တစ်ခုကို ကိုယ်တိုင် ဖန်တီးခြင်း။
🔹 Module 6: Security & Collaboration – Row-Level Security (RLS) အသုံးပြုပြီး Sensitive Data များကို ကာကွယ်ခြင်း။

💡 ဒီသင်တန်း တက်ရောက်ပြီးရင်...
❌ Manual Excel အလုပ်တွေနဲ့ အချိန်ကုန်စရာ မလိုတော့ပါဘူး။
✅ တစ်ချက်နှိပ်ရုံနဲ့ Update ဖြစ်နေမယ့် Automated HR Dashboard ကို ပိုင်ဆိုင်ပါမယ်။
✅ Data-backed Insights များဖြင့် Management ကို ယုံကြည်မှုရှိရှိ အကြံပြုနိုင်ပါမယ်။

📍 ဘယ်သူတွေ တက်ရောက်သင့်လဲ?
💼 HR Managers
💼 Assistant Managers
💼 Analysts နှင့် ခေတ်မီတဲ့ HR ခေါင်းဆောင်တစ်ဦးဖြစ်လိုသူတိုင်း။
💼 အစီရင်ခံစာတွေကို ပိုမိုမြန်ဆန် တိကျချင်တဲ့ HR Professionals များ

📅 သင်တန်းအသေးစိတ်
🗓 Start Date: March 8, 2026 (Sunday)
🗓 Duration : 1 Month (အပတ်စဉ် တနင်္ဂနွေနေ့တိုင်း)
⏰ Time: 1:00 PM – 4:00 PM
💰 Course Fee: 300,000 MMK
📍 Early Bird Discount - 5 March 2026 မတိုင်ခင် သင်တန်းအပ်နှံပါက 10%
Discount
🏫သင်တန်း နေရာ - TOP HR Solution သင်တန်းခန်းမ၊ ဝန်ကြီးများရုံး၊ သိမ်ဖြူလမ်း(အလယ်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
⚠️ မှတ်ချက် - Excel အခြေခံရှိသူများသာ တက်ရောက်ရန်ဖြစ်ပြီး လက်တွေ့လေ့ကျင့်ရန် မိမိ Laptop ယူဆောင်လာရပါမည်။

🔔 Limited Seats! သင်တန်းသားအရေအတွက် ကန့်သတ်ထားသဖြင့် အမြန်ဆုံး စာရင်းပေးသွင်းရန် တိုက်တွန်းပါရစေ။

📩 စာရင်းပေးသွင်းရန် Registration Link >> https://cutt.ly/MtWjxPhq

"အလုပ်ရှင်ကိုယ်တိုင် သိနားလည်ဖို့ အချိန်တန်ပါပြီ"==================================လုပ်ငန်းရှင်များအတွက် ၂၀၂၆ ခုနှစ်၏ အရ...
09/01/2026

"အလုပ်ရှင်ကိုယ်တိုင် သိနားလည်ဖို့ အချိန်တန်ပါပြီ"
==================================

လုပ်ငန်းရှင်များအတွက် ၂၀၂၆ ခုနှစ်၏ အရေးကြီးဆုံး HR မဟာဗျူဟာနှင့် အလုပ်သမားဥပဒေ Masterclass

လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ အလုပ်သမားဥပဒေ အားနည်းချက်ကြောင့် တိုင်ကြားခံရမှုများ၊ ငွေကြေးနဲ့ ဂုဏ်သိက္ခာ ထိခိုက်ဆုံးရှုံးမှုတွေ မဖြစ်စေဖို့ အခုပဲ ကြိုတင်ပြင်ဆင်ပါ။
MD နှင့် CEO များအတွက် သီးသန့်ရည်ရွယ်ထားသည့် ၁ ရက်တာ အထူးသင်တန်း။
🎯 သင်တန်းမှ ရရှိမည့် အဓိက အကျိုးကျေးဇူး (၄) ရပ်:
၁။ Workforce Foundation: အငြင်းပွားမှုမရှိသော EC စာချုပ်နှင့် အလုပ်ခန့်ထားမှုစနစ်။
၂။ Financial Compliance: လစာ၊ အခွန် (PIT) နှင့် လူမှုဖူလုံရေး (SSB) ဒဏ်ကြေးကင်းလွတ်အောင် တွက်ချက်ခြင်း။
၃။ Wellbeing & Safety: ခွင့်ရက်၊ အလုပ်ပိတ်ရက်နှင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး ဥပဒေများ။
၄။ Dispute Resolution: အလုပ်ထုတ်ပယ်ခြင်းနှင့် လျော်ကြေးပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းခြင်း။
💡 ဘာကြောင့် တက်ရောက်သင့်သလဲ?
တည်ဆဲအလုပ်သမားဥပဒေ (၁၁) ခုကို "လုပ်ငန်းရှင်ရှုထောင့်" မှ နားလည်လွယ်အောင် ရှင်းပြပေးမည်ဖြစ်ပြီး ၂၀၂၆ အတွက် အထိရောက်ဆုံး HR Models များကိုပါ ဆွေးနွေးသွားမည်။
🎙 Trainer:
ဒေါ်မော်မော်ထွန်း (Founder & HR Consultant – TOP HR Solutions)
• HR လုပ်သက် (၂၇) နှစ်ကျော် ဝါရင့်ပညာရှင်။
• ကုမ္ပဏီပေါင်း ၁၀၀ ကျော်၏ HR အကြံပေး။

📅 အသေးစိတ်အချက်အလက်များ:
• နေ့ရက်: ၁၈ ဇန်နဝါရီ ၂၀၂၆ (တနင်္ဂနွေနေ့)
• အချိန်: 9:00 AM - 5:00 PM
• နေရာ: The Strand Hotel, Yangon
• သင်တန်းကြေး: ၃၀၀,၀၀၀ ကျပ် (The Strand Lunch & 2 Coffee Breaks ပါဝင်သည်)

🔥 အထူးအစီအစဉ်:
၁၀ ဇန်နဝါရီ ၂၀၂၆ နောက်ဆုံးထားအပ်နှံပါက 20% Early Bird Discount ရရှိမည်! (လူဦးရေ ၂၀ ဦးသာ ကန့်သတ်ထားပါသည်)
🔗 စာရင်းပေးသွင်းရန်: https://cutt.ly/atfY6F6W
📞 စုံစမ်းရန်: 09 40 666 33 11

Address

Room No.S1-4, The Secretariat Office, No.300, Thein Phyu Road, Botahtaung Township, Yangon, Myanmar.
Pazundaung
11161

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+95406663311

Alerts

Be the first to know and let us send you an email when TOP HR Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TOP HR Solutions:

Share

Category