Ashin Varabuddhi Society-USA

Ashin Varabuddhi Society-USA Ashin Varabuddhi Society is a Religious Society as a nonprofit organization.

☸️ February 15, 2026 တရားစခန်းနှင့်ဓမ္မသင်တန်း☸️🧘‍♂️ Sunday, February 15, 2026, တွင် ☸️ တရားအားထုတ်သူ  တရားနာယူသူ ယောဂီမ...
02/16/2026

☸️ February 15, 2026 တရားစခန်းနှင့်ဓမ္မသင်တန်း☸️

🧘‍♂️ Sunday, February 15, 2026, တွင်

☸️ တရားအားထုတ်သူ တရားနာယူသူ ယောဂီများ

☸️ ဘေးရန်ခပ်သိမ်း ကြောင့်ကြခပ်သိမ်း စိုးရိမ်ခပ်သိမ်း ပပျောက်ငြိမ်း၍ သုခချမ်းသာ အဖြာဖြာနှင့် ပြည့်စုံကြပါစေ။

☸️ ကုသိုလ်ကောင်းမှု အစုစုတို့သည်
အို၊ နာ၊သေ၊ ဒုက္ခဘေးတို့မှ ကင်းငြိမ်းရာမှန် မြတ်နိဗ္ဗာန်၏ အထောက်အပံ့ကောင်းဖြစ်ပါစေ။

☸️ ဤကုသိုလ်ကောင်းမှုကြောင့် ကုသိုလ်ရှင်မိသားစုသည် ကိုယ်ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်စိတ်ကျန်းမာခြင်းချမ်းသာခြင်းနှင့်ပြည့်စုံပြီး ကောင်းကျိုးလိုရာဆန္ဒများ လုံးဝဥဿုံ ပြည့်စုံကြပါစေ။

☸️ နေ့စဉ်ဆည်းပူး ပွါးများ အားထုတ် နေကြသော ဒါန၊သီလ၊ဘာဝနာ ကုသိုလ်ထူးတို့ကြောင့် လောကီကောင်းကျိုး လောကုတ္တရာ ကောင်းကျိုးချမ်းသာများကို ပွါးတိုးအောင် ဆောင်ရွက်နိုင်ကာ တရားထူး တရားမြတ်များကို သိရှိအောင် ကြိုးစားပွါးများ အားထုတ်နိုင်ကြပါစေ။

☸️ သာဓု သာဓု သာဓု ☸️

☸️ Contact & Information

☸️ သိလို၍ဖြစ်စေ၊ မေးမြန်းလို၍ဖြစ်စေ၊
☸️ ဆက်သွယ်လှူဒါန်းလိုလျှင်ဖြစ်စေ၊

MTBS & AVS သာသနာပြုအဖွဲ့ (USA)

Zelle 📲 612-545-6300

☸️ အမတဒါန ဓမ္မပူဇာ ကုသိုလ်ရှင် ☸️☸️ကိုထွန်းထွန်း+ မခိုင်ခိုင် မိသားစု မှ Sunday, February 15, 2026 ကျင်းပပြုလုပ်သော တရား...
02/16/2026

☸️ အမတဒါန ဓမ္မပူဇာ ကုသိုလ်ရှင် ☸️

☸️ကိုထွန်းထွန်း+ မခိုင်ခိုင် မိသားစု မှ Sunday, February 15, 2026 ကျင်းပပြုလုပ်သော တရားစခန်းနှင့်ဓမ္မသင်တန်းတွင် အမတဒါန ဓမ္မပူဇာ ကုသိုလ်တော်အဖြစ် $ ၅၀၀ .၀၀ ကို သဒ္ဓါကြည်ဖြူစွာဖြင့် မြတ်နိဗ္ဗာန်ကို ရည်မှန်း၍ လှူဒါန်းပါသည်။

☸️ ဘေးရန်ခပ်သိမ်း ကြောင့်ကြခပ်သိမ်း စိုးရိမ်ခပ်သိမ်း ပပျောက်ငြိမ်း၍ သုခချမ်းသာ အဖြာဖြာနှင့် ပြည့်စုံကြပါစေ။

☸️ ကုသိုလ်ကောင်းမှု အစုစုတို့သည်
အို၊ နာ၊သေ၊ ဒုက္ခဘေးတို့မှ ကင်းငြိမ်းရာမှန် မြတ်နိဗ္ဗာန်၏ အထောက်အပံ့ကောင်းဖြစ်ပါစေ။

☸️ ဤကုသိုလ်ကောင်းမှုကြောင့် ကုသိုလ်ရှင်မိသားစုသည် ကိုယ်ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်စိတ်ကျန်းမာခြင်းချမ်းသာခြင်းနှင့်ပြည့်စုံပြီး ကောင်းကျိုးလိုရာဆန္ဒများ လုံးဝဥဿုံ ပြည့်စုံကြပါစေ။

☸️ နေ့စဉ်ဆည်းပူး ပွါးများ အားထုတ် နေကြသော ဒါန၊သီလ၊ဘာဝနာ ကုသိုလ်ထူးတို့ကြောင့် လောကီကောင်းကျိုး လောကုတ္တရာ ကောင်းကျိုးချမ်းသာများကို ပွါးတိုးအောင် ဆောင်ရွက်နိုင်ကာ တရားထူး တရားမြတ်များကို သိရှိအောင် ကြိုးစားပွါးများ အားထုတ်နိုင်ကြပါစေ။

☸️ သာဓု သာဓု သာဓု ☸️

☸️ Contact & Information

☸️ သိလို၍ဖြစ်စေ၊ မေးမြန်းလို၍ဖြစ်စေ၊
☸️ ဆက်သွယ်လှူဒါန်းလိုလျှင်ဖြစ်စေ၊

MTBS & AVS သာသနာပြုအဖွဲ့ (USA)

Zelle 📲 612-545-6300

🍀 ရင့်ကျက်မှုရှိနေရင်✔ အသိဉာဏ်ရှိနေရင် သူများက ကိုယ့်ကို အထင်ကြီးအောင် လုပ်ပြရတာတွေကို မလိုလားတော့သလို ကိုယ်ကသူများကို အ...
11/26/2025

🍀 ရင့်ကျက်မှုရှိနေရင်

✔ အသိဉာဏ်ရှိနေရင် သူများက ကိုယ့်ကို အထင်ကြီးအောင် လုပ်ပြရတာတွေကို မလိုလားတော့သလို ကိုယ်ကသူများကို အထင်ကြီးတဲ့ စိတ်၊ အထင်သေးတဲ့စိတ်တွေနဲ့ ဆက်ဆံမှု ပြုရတာကို မနှစ်မြို့တော့ပါဘူး။

✔ “အသိတရားရှိနေရင်၊ စိတ်ဓာတ်ရင့်ကျက်မှုရှိနေရင် ဘယ်သူကမှ ကိုယ့်ကို လွှမ်းမိုးလို့ ခြယ်လှယ်လို့မရတော့ပါဘူး။"

✔ တည်ငြိမ်ရင့်ကျက်မှုမရှိသေးတဲ့သူမှာအသိုင်းအဝိုင်းကြီးတဲ့သူကို အထင်ကြီးတဲ့စိတ်နဲ့ဆက်ဆံမှုပြုတတ်သလို အသိုင်းအဝိုင်းသေးငယ်တဲ့လူကိုကျတော့ မတူသလို မတန်သလို နှိမ့်ချပြီးတော့ ဆက်ဆံမှုပြုတတ်ကြတယ်။

✔ ကိုယ့်ရဲ့အသိဉာဏ်နဲ့ ကိုယ့်ရဲ့ကိုယ်ကျင့်တရားကို ယုံကြည်မှုမရှိသေးဘူးဆိုရင် ရာထူးကြီးတဲ့လူကို အထင်ကြီးတတ်တယ်၊ ဓနအင်အားကြီးတဲ့လူကို အထင်ကြီးတတ်တယ်၊ အသိုင်းအဝိုင်းကြီးတဲ့လူကို အထင်ကြီးတတ်တယ်။

✔ ဒီလိုနဲ့ပဲ ခရီးဆက်နေရင်း ကိုယ့်ဘဝကို သူများရဲ့လွှမ်းမိုးခြယ်လှယ်မှုပြုသွားတာကို ပြုသွားမှန်းမသိဘဲနဲ့ အသက်တွေကြီး၊ အချိန်တွေကုန်သွားကြရတယ်။

✔ လူဆိုတာ ဓနအင်အားကြီးချင်ကြီးမယ်၊ ဒါပေမေယ့် အခြားတစ်ဖက်မှာ ချို့ယွင်းချက်တွေ ရှိနိုင်ပါသေးတယ်။

✔ ဒီလိုပါပဲ တချို့လူတွေအတွက်တော့အသိုင်းအဝိုင်း အင်အားကြီးချင်ကြီးမယ်၊ တစ်ဖက်မှာ ချို့တဲ့မှုတွေ ရှိနေနိုင်ပါသေးတယ်။

✔ တချို့ဆိုရင် ပညာတွေ တတ်တယ်၊ မာနကိုခဝါမချနိုင်ဘူးဆိုရင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ တိုးတက်မှုအားနည်းနေသေးလို့ပဲ ဖြစ်ပါလိမ့်မယ်။

✔ သူတစ်ပါးရဲ့လွှမ်းမိုးမှုကို ခံနေရတယ်ဘဝဆိုရင် ဘာတွေနဲ့ပဲ တန်ဆာဆင်ထားပါစေ၊ ခန့်ညားမှု တည်ကြည်မှု ခိုင်ခန့်မှုမရှိသေးပါဘူး။

✔ ဘယ်သူရဲ့လွှမ်းမိုးခြယ်လှယ်မှုကိုမှ
မခံရချင်ဘူးဆိုရင်တော့ ကိုယ့်စိတ်ကို တည်ငြိမ်အောင် တည်ဆောက်ထားဖို့ပဲ လိုပါတယ်။

✔ ကိုယ့်စိတ်ကို ရင့်ကျက်မှုရှိအောင် အသိဉာဏ်နဲ့ ကိုယ်ကျင့်သိက္ခာမြင့်မားမှုရှိအောင် တည်ဆောက်ထားဖို့ လိုပါတယ်။ ဒီလိုအပ်ချက်တွေ ပြည့်စုံလာပြီဆိုရင် သူတစ်ပါးရဲ့ လွှမ်းမိုးခြယ်လှယ်မှုမှ လွတ်မြောက်တဲ့သူဖြစ်သွားပါပြီ။

✔ မီနီဆိုးတားဆရာတော်
✔ Dr. အရှင်ဝရဗုဒ္ဓိ(ဓမ္မခရီးဖော်)
✔ Wednesday, Nov 19,2025

🌸 ဘဝတန်ဖိုး မြင့်မားခြင်း 🌸🌸 ကိုယ့်စိတ်အကြောင်းကိုသိလေလေ ကိုယ့်ဘဝဟာ တန်ဖိုးမြင့်လေလေပါပဲ။ ကိုယ့်စိတ်အကြောင်းကိုသိတော့ ဘာ...
11/13/2025

🌸 ဘဝတန်ဖိုး မြင့်မားခြင်း 🌸

🌸 ကိုယ့်စိတ်အကြောင်းကိုသိလေလေ ကိုယ့်ဘဝဟာ တန်ဖိုးမြင့်လေလေပါပဲ။ ကိုယ့်စိတ်အကြောင်းကိုသိတော့ ဘာတွေ တန်ဖိုးမြင့်လာတာလဲ။ မေးဖွယ်ရှိပါတယ်။

🌸 ကိုယ့်စိတ်အကြောင်းကို သိတော့ စိတ်ကြောင့် ဖြစ်ပေါ်စေနိုင်တဲ့ ကောင်းကျိုးတွေသိတယ်၊ အလားတူးပဲ စိတ်ကြောင့်ဖြစ်ပေါ်စေနိုင်တဲ့ ဆိုးကျိုးတွေကိုလည်း သိတယ်။

🌸 ဒါကြောင့် စိတ်အကြောင်းကိုသိတဲ့လူမှာ ကောင်းကျိုးကိုဖြစ်စေတဲ့ အလုပ်တွေကို ပိုလုပ်ဖြစ်အောင် ကြိုးပမ်းအားထုတ်တယ်၊ ဆိုးကျိုးကိုဖြစ်စေတဲ့ အလုပ်တွေကို မလုပ်ဖြစ်အောင် ကြိုးပမ်းအားထုတ်တယ်။

🌸 မီနီဆိုးတားတော်
🌸 Dr. အရှင်ဝရဗုဒ္ဓိ(ဓမ္မခရီးဖော်)
🌸 Thursday, Nov 13,2025

🍀 ရောက်နေတဲ့နေရာက ဆက်သွားပါ 🍀🍀 ရောက်နေတဲ့နေရာက ဆက်သွားပါ။ နောက်ပြန်မလှည့်ပါနဲ့။ နောက်ကြောင်းပြန်လှည့်နေလို့ ရှေ့ကိုမရောက...
11/09/2025

🍀 ရောက်နေတဲ့နေရာက ဆက်သွားပါ 🍀

🍀 ရောက်နေတဲ့နေရာက ဆက်သွားပါ။ နောက်ပြန်မလှည့်ပါနဲ့။ နောက်ကြောင်းပြန်လှည့်နေလို့ ရှေ့ကိုမရောက်နိုင်တာပါ။

🍀 နောက်ကကျန်နေခဲ့တဲ့သူတွေ နောက်မှာ ကျန်နေခဲ့တာကို လှည့်ကြည့်ရင်းနဲ့ ကိုယ့်ခြေလှမ်းတွေ နောက်ကျသွားမှာကိုတော့ သတိပြုမိပါစေ။

🍀 ရှေ့ကိုလှမ်းပါ။ ရှေ့ကိုလှမ်းမှ ရှေ့ကိုရောက်မှာပါ။

🍀 နောက်ကြောင်းပြန်လှန်နေရလို့ နောက်ကြောင်းတွေကို ပြန်ရှင်းပြနေရလို့ ရှေ့ကိုသွားမည့် ခြေလှမ်းတွေ နှေးကွေ့နေရတာနဲ့ အချိန်ကုန်ရတာကို နှမြောပါ။

🍀 ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးနဲ့ပဲ ကြုံကြုံ၊ ဘဝခရီးဆိုတာ ရှေ့ကိုလှမ်းမှ ရှေ့ကိုရောက်မှာပဲ ဆိုတာကိုတော့ မေ့မထားလိုက်ပါနဲ့။ နောက်ကိုလှည့်ကြည့်ရင်းနဲ့ နောက်ကျကျန်နေခဲ့ရတဲ့ အဖြစ်မျိုးကို အဖြစ်မခံပါနဲ့။

🍀 မီနီဆိုးတားဆရာတော်
🍀 Dr.အရှင်ဝရဗုဒ္ဓိ(ဓမ္မခရီးဖော်)
🍀 Sunday, Nov 9,2025

🔹 ဉာဏလုပ်အားနှင့် ကာယလုပ်အား 🔹🔹 ဉာဏ်ပညာရှိမှ အသိပညာရဲ့တန်ဖိုးကို နားလည်နိုင်တာပါ။ ဉာဏ်ပညာမရှိရင် အသိပညာရဲ့တန်ဖိုးကို နား...
10/15/2025

🔹 ဉာဏလုပ်အားနှင့် ကာယလုပ်အား 🔹

🔹 ဉာဏ်ပညာရှိမှ အသိပညာရဲ့တန်ဖိုးကို နားလည်နိုင်တာပါ။ ဉာဏ်ပညာမရှိရင် အသိပညာရဲ့တန်ဖိုးကို နားမလည်နိုင်ပါဘူး။

🔹 ဉာဏလုပ်အားရဲ့တန်ဖိုးကို ကာယလုပ်သားများအနေနဲ့ နားလည်ဖို့ခက်ပါတယ်။ ဉာဏလုပ်အားရဲ့တန်ဖိုးကို ဉာဏလုပ်သားများသာ နားလည်နိုင်ပါတယ်၊ ခံစားပေးနိုင်ပါတယ်။

🔹 ပကတိမျက်စိသာ ရှိပြီး၊ ဉာဏ်မျက်စိမရှိရင်လည်း အသိပညာရဲ့ကျယ်ပြန့်မှုကို မြင်နိုင်စွမ်းမရှိပါဘူး။ ဉာဏ်မျက်စိရှိမှ အသိပညာရဲ့ ကျယ်ဝန်း နက်နဲမှုတွေကို သိမြင်နိုင်တာပါ။

🔹 ဉာဏ်ပညာကို အရင်းအနှီးပြု အားစိုက်မှုရှိမှ အသိပညာရဲ့တန်ဖိုးကို ပိုမို သိခွင့် နလည်ခွင့် ရရှိတာပါ။

🔹 ပညာရှိတွေ ဘယ်လို စကားမျိုးတွေကို ပြောတတ်တယ်ဆိုတာတွေကို နားလည်ဖို့အတွက် ဉာဏ်ပညာကို အသုံးပြုတတ်ဖို့လိုပါတယ်။

🔹 ပညာတန်ဖိုး ဉာဏလုပ်အားရဲ့တန်ဖိုးကို မသိတဲ့သူတွေကတော့ ပညာရဲ့တန်ဖိုးကို နားလည်ဖို့ခက်ခဲပါတယ်။

🔹 စကားလုံးတွေနဲ့ ဘယ်လောက်ပဲ ရေးပြ ပြောပြပါစေ၊အသိပညာရဲ့စွမ်းအား၊ ဉာဏစွမ်းအားကို မံသစက္ခု၊ မံသနားနဲ့ နားလည်နိုင်စွမ်းရှိဖို့ဆိုတာ မလွယ်ပါဘူး။

🔹 မီနီဆိုးတားဆရာတော်Dr. အရှင်ဝရဗုဒ္ဓိ(ဓမ္မခရီးဖော်)
Tuesday, October 14,2025

☘️ တန်ဖိုးရှိအောင် အသုံးချပါ ☘️🌸 စိတ်နှလုံးကို ကြည်လင်စေတဲ့ အေးမြစေတဲ့ မြင်ကွင်းတွေကို မြင်နေရပါလျက်နဲ့ အဲဒီအခွင့်အရေးတွ...
10/02/2025

☘️ တန်ဖိုးရှိအောင် အသုံးချပါ ☘️

🌸 စိတ်နှလုံးကို ကြည်လင်စေတဲ့ အေးမြစေတဲ့ မြင်ကွင်းတွေကို မြင်နေရပါလျက်နဲ့ အဲဒီအခွင့်အရေးတွေကို အလွဲသုံးစားလုပ်ပစ်တာလောက် ဆုံးရှုံးသွားတာ ဘယ်မှာရှိမလဲ။

🌸 အခွင့်အရေးတွေ ရနေပါလျက်နဲ့ အဲဒီအခွင့်အရေးတွေကို တန်ဖိုးရှိအောင် အသုံးမချတတ်ကြလို့ အသုံးမချနိုင်ကြလို့ အရှုံးကြီးရှုံးနေကြရတာပဲဖြစ်ပါတယ်။

🌸 အချိန်တစ်နာရီ ကုန်ဆုံးသွားတာဟာ ဘဝတစ်နာရီ ကုန်ဆုံးသွားတာပါ။ ကုန်ဆုံးသွားတဲ့ အချိန်ထဲမှာ ဘာတွေ ရလိုက်သလဲ။

🌸 ကုန်ဆုံးသွားရတဲ့အချိန်တွေဟာ တန်ဖိုးမဲ့စွာနဲ့ ကုန်ဆုံးသွားတာလား၊ ဒါမှမဟုတ် တန်ဖိုးရှိရှိ၊ အကျိုးရှိရှိနဲ့ ကုန်ဆုံးသွားတာလား။ ဒါတွေကို တွက်ချက်ချကြည့်တတ်တဲ့လူက အချိန်ရဲ့ တန်ဖိုးကို နားလည်သဘောပေါက်လို့ အချိန်ကို အလွဲသုံးစား လုပ်ရမှာကို မနှစ်မြို့တော့ပါဘူး။

🌸 အချိန်တစ်နာရီ အချိန်တစ်နာရီ ဖြုန်းတီးလိုက်တာဟာ ဘဝတစ်နာရီ ဖြုန်းတီးပစ်လိုက်တာပါလားဆိုတာကို ကောင်းကောင်းနားလည်တဲ့ လူတွေဟာ ရရှိထားတဲ့ အချိန်ထဲမှာ သူတို့ဘဝကို အရည်အသွေးမြင့်မားအောင် ဖြည့်ဆည်းသွားကြတယ်။

🌸 ကုန်ဆုံးသွားတဲ့ အချိန်တွေကိုပြန်ကြည့်လိုက်တယ်ဆိုရင်ပဲ လူ့ဘဝမှာ နေရမည့်အချိန်တစ်နာရီဟာ လျှော့နည်းသွားတယ်ဆိုတဲ့ အဓိပ္ပါယ်ကို မြင်အောင် ကြည့်တတ်ရမယ်၊ သိအောင် အဓိပ္ပါယ်ကောက်တတ်ရမယ်။

🌸 တန်ဖိုးမဲ့စွာနဲ့ ကုန်သွားလို့ လျှော့နည်းသွားတဲ့ အချိန်တွေကို ပြန်လိုချင်လို့မရတော့ပါဘူး။ ဒါပေမယ့် ကိုယ့်လက်ထဲမှာ ရှိနေတဲ့အချိန်တွေထဲမှာ လုပ်နိုင်တာတွေကို လုပ်ခဲ့ပြီး တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင် လုပ်လို့ ရနိုင်ပါသေးတယ်ဆိုတာကို နားလည်ဖို့လိုပါတယ်။

🌸 ဆရာတော် Dr. အရှင်ဝရဗုဒ္ဓိ(ဓမ္မခရီးဖော်) 🌸
🌸 Thursday, October 2,2025 🌸

🌸 တူညီပါလျက်နဲ့ မတူညီခြင်း 🌸🍀 လူ့ဘဝကိုရတာချင်းတူကြပေမယ့် စဉ်းစားပုံ တွေးခေါ်ပုံ အကျိုးပြုပုံချင်းမတူကြလို့ပဲ လူ့ဂုဏ်သိက္...
09/25/2025

🌸 တူညီပါလျက်နဲ့ မတူညီခြင်း 🌸

🍀 လူ့ဘဝကိုရတာချင်းတူကြပေမယ့် စဉ်းစားပုံ တွေးခေါ်ပုံ အကျိုးပြုပုံချင်းမတူကြလို့ပဲ လူ့ဂုဏ်သိက္ခာနဲ့ အလေးထားပုံချင်းပါ မတူကြတာကို မြင်အောင်ကြည့်တတ်မှ နားလည်လက်ခံနိုင်တဲ့ စွမ်းရည်သတ္တိမြင့်မားတဲ့လူအဖြစ်သတ်မှတ်ခြင်းကို ခံကြရတာပါ။

🍀 ငြိမ်းအေးတဲ့ဓာတ်ကိုလိုချင်တယ်ဆိုရင် ငြိမ်းအေးစေတဲ့အလေ့အကျင့်တွေကို လေ့ကျင့်ထားရပါတယ်။

🍀 အငြိမ်းဓာတ်ကို လိုချင်တယ်ပြောပြီး အပူတွေနဲ့ အချိန်ကုန်နေတာမျိုးဆိုရင်လည်း ကိုယ်လိုချင်တာကို ရနိုင်မှာ မဟုတ်ပါဘူး။

🍀 ငြိမ်းအေးတဲ့အလေ့အကျင့်ကို လေ့ကျင့်မှုမပြုဘဲ ငြိမ်းအေးချင်လို့ အလိုအလျောက် ဖြစ်လာမှာ မဟုတ်ပါဘူး။

🍀 အအေးဓာတ်ကို ရချင်တယ်ဆိုရင် အေးချမ်းမှုကို ဖြစ်စေတဲ့အလေ့အကျင့်တွေကို လေ့ကျင့်ယူတတ်ဖို့လိုပါတယ်။

🍀 လေ့ကျင့်ယူတယ်ဆိုတဲ့နေရာမှာလည်း တစ်ခါတလေလေး လေ့ကျင့်ပြီး မေ့ပျောက်သွားတာမျိုး မဟုတ်ဘဲ အဆက်မပြတ်လေ့ကျင့်နေဖို့ လိုပါတယ်။ အဆက်မပြတ်လေ့ကျင့်မှုရှိနေမှ ကိုယ်လိုချင်တဲ့အရာ၊ ကိုယ်ဖြစ်ချင်တဲ့အရာဟာ ဖြစ်မြောက်မှုရှိလာမှာပါ။

🍀 အေးအေးချမ်းချမ်းနဲ့ မနေဖူးတဲ့လူတစ်ယောက်ဟာ အေးအေးချမ်းချမ်းနေလို့ ခံစားရတဲ့အရသာ နားလည်ဖို့မလွယ်ပါဘူး။ အေးချမ်းစွာ နေဖူးတဲ့အလေ့အကျင့်ရှိမှ အေးချမ်းမှုရဲ့အရသာကို ခံစားနိုင်စွမ်းရှိတာပါ။

🍀 အေးအေးချမ်းချမ်းနဲ့မနေ ဖူးတဲ့သူကို အေးချမ်းတဲ့အရသာဟာ ဘယ်လို ရှိတယ်လို့ ဘယ်လောက်ပဲပြောပြော နားလည်နိုင်ဖို့ လက်ခံနိုင်ဖို့ဆိုတာ တော်တော် မလွယ်တဲ့ကိစ္စပါ။

🍀 လူ့လောကမှာ လူလာဖြစ်ရတဲ့အလျောက် လူ့ဘဝဆိုတဲ့ခရီးကို ဖြတ်သန်းရတာချင်းတူလို့ အတွေ့ကြုံချင်းတူရင်တောင် ဉာဏ်ရည်မတူတဲ့အခါ နားလည်ပုံချင်းမတူပါဘူး။ ကြုံရတဲ့အတွေ့အကြုံကတော့ အတူတူပါပဲ၊ ဒါပေမယ့် လေ့လာစုပ်ယူနိုင်စွမ်း၊ ခြုံငုံသုံးသပ်နိုင်စွမ်း မတူတဲ့အခါ အဓိပ္ပါယ်ကောက်ချက်ချပုံချင်းလည်းမတူနိုင်ပါဘူး။

🍀 ကြားရတဲ့အသံကတစ်ခုတည်းရယ်၊ အဲဒီအသံကို ပဲ အမျိုးမျိုး ချဲ့ထွင်စဉ်းစားနိုင်ကြလို့ အသိတရားတွေ တိုးသွားတဲ့သူတွေရှိသလို အဲဒီအသံကြောင့်ပဲ ရှုတ်ထွေးမှုကို ဖြစ်သွားစေတဲ့သူတွေလည်း များစွာရှိနေမှာ သေချာပါတယ်။

🍀 မြင်ရတဲ့မြင်ကွင်းက တစ်ခုတည်းဖြစ်ပေမယ့် အဲဒီမြင်ကွင်းအပေါ်မှာပဲ ကြည့်တတ်သူရဲ့ မြင်ပုံကွာခြားမှုတွေ ဖြစ်သွားတဲ့အခါ အမြင်တွေ ကွဲပြားသွားတယ်၊ အသိတွေ ကွဲပြားသွားတယ်။

🍀 ရှုပ်ထွေးမှုကို ဖြစ်စေတဲ့ အကြည့်နဲ့ ကြည့်တတ်တဲ့သူ အဖို့ ရှုပ်ထွေးမှုကိုဖြစ်စေပြီး၊ ရှင်းလင်းမှုကိုဖြစ်စေတဲ့ အကြည့်နဲ့ ကြည့်တတ်တဲ့သူအတွက် ရှင်းရှင်းလင်းလင်း မြင်ကွင်းကျယ်ကို မြင်ခွင့်ရစေမှာ ဖြစ်ပါတယ်။

🍀 ထိုင်နေတာချင်းအတူတူပါ။ ဒါပေမယ့် စဉ်းစားပုံချင်းမတူလို့ အဓိပ္ပါယ် ကောက်ပုံချင်းပါ မတူတော့တာကြောင့် ရလာဒ်တွေပါ ကွဲပြားမှုတွေ ဖြစ်သွားပါတယ်။

🖌️ ဆရာတော် Dr. အရှင်ဝရဗုဒ္ဓိ(ဓမ္မခရီးဖော်) 🖌️
🖌️ September 24,2025

☸️ MTBS& AVS ဆရာတော် ဒေါက်တာ အရှင်ဝရဗုဒ္ဓိ (ဓမ္မခရီးဖော်) ၏ သက်တော် (40) ပြည့် (Ruby Jubilee) ဝိဇာတမွေးနေ့ မင်္ဂလာ ☸️☸️ အမေရ...
07/12/2025

☸️ MTBS& AVS ဆရာတော် ဒေါက်တာ အရှင်ဝရဗုဒ္ဓိ (ဓမ္မခရီးဖော်) ၏ သက်တော် (40) ပြည့် (Ruby Jubilee) ဝိဇာတမွေးနေ့ မင်္ဂလာ ☸️

☸️ အမေရိကန်ပြည်ထောင်စု ၊ မီနီဆိုးတားပြည်နယ်၊ စိန်ပေါလ်မြို့၊ မဟာမုနိထေရဝါဒဘုန်းတော်ကြီးကျောင်းဆရာတော်၊ ဒေါက်တာအရှင်ဝရဗုဒ္ဓိ(ဓမ္မခရီးဖော်) ၏ ဝိဇာတမွေးနေ့မင်္ဂလာတွင် ရပ်နီ ရပ်ဝေးမှ ဓမ္မပူဇာအဖြစ် လှူဒါန်းပေးကြသောအလှူရှင်များနှင့် လာရောက်ချီးမြှောက်ပေးခဲ့ကြသော ဓမ္မမိတ်ဆွေများအား အမတဒါနကုသိုလ်ဖြစ်စေရန် ဆရာတော်မှ တရားတော်မြတ်ကို ဟောကြားချီးမြှင့်ခဲ့ပြီး၊ မွေးနေ့အထိမ်းအမှတ်ကုသိုလ်အဖြစ် MTBS &AVS တပည့် ဒကာ/ဒကာမများမှ အာဟာရဒါန စုံလင်စွာဖြင့်ဧည့်ခံကျွေးမွေးခြင်း၊ သီလခံယူဆောက်တည်ခြင်း တရားဘာနာများ ပွါးများနှလုံးသွင်း ဆင်ခြင်း စသော ကုသိုလ်ကောင်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှ ပေးဝေကြပါသည်။ (၃၁) ဘုံသားများအမျှ ရကြပါစေ။

☸️ ဝေယျာဝေစ္စကုသိုလ်ရှင်များနှင့် ရပ်နီးရပ်ဝေးမှ ကြွရောက်လာကြသည့် ဓမ္မမိတ်ဆွေသူတော်စင်တို့အား

☸️ ကျေးဇူးတင်စွာဖြင့်

Address

559 Humboldt Avenue
Saint Paul, MN
55107

Opening Hours

Monday 9am - 5pm
Tuesday 9am - 5pm
Wednesday 9am - 5pm
Thursday 9am - 5pm
Friday 9am - 5pm
Saturday 9am - 5pm
Sunday 9am - 5pm

Website

Alerts

Be the first to know and let us send you an email when Ashin Varabuddhi Society-USA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category