03/22/2024
ကျွန်တော် ဒီ Page လေးကနေ LGBT တွေ အများစုသိချင်နေကြတဲ့ ဥပဒေဆိုင်ရာ သတင်းအချက်အလက်တွေကို တင်ပေးသွားမှာပဲဖြစ်ပါတယ် ။
ပထမဦးစွာ ကျွန်တော့်အကြောင်း မိတ်ဆက်ရမယ်ဆိုရင် ကျွန်တော်ဟာ ၂၀၁၉ခုနှစ်မှာ ဒဂုံတက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အပ်နှင်းထားတဲ့ "အထက်တန်းရှေ့နေ" လိုင်စင်ကို ရရှိထားတဲ့ ရှေ့နေတစ်ဦးဖြစ်ပါတယ် ။
ဒါ့ကြောင့် အများသိချင်ကြတဲ့ဥပဒေများကို တင်ပြပေးသွားမှာပဲဖြစ်သလို မိမိတို့ တကိုယ်ရည် တကိုယ်ကာယ နစ်နာနေကြတဲ့ကိစ္စများနဲ့စပ်လျဥ်းပြီး ဆွေးနွေးတိုင်ပင်ရန် လတ်တလောမှာ ကျွန်တော့်ရဲ့ပညာကြေးကို စေတနာရှိသလောက် လှူဒါန်းသွားနိုင်ပါတယ် ။
ဆွေးနွေးတိုင်ပင်ချိန် - မိနစ် ၃၀ ပါခင်ဗျာ ။