CDM အရေးတော်ပုံ သတင်းဌာန

CDM အရေးတော်ပုံ သတင်းဌာန # Please join CDM. What is CDM?

1. I do not go to work
2. Do not post
3. Not listed
4. Do not hold (ပြည်သူ့အသံကို တစ်ထပ်တည်းကျအောင် ဆောင်ကျဉ်းပေးနိုင်တဲ့ CRPH)

"ကျနော်တို့ လူထုဟာ မိမိတို့ မူလရပိုင်ခွင့် အခွင့်အရေး‌တွေကို ပြန်လည်ရရှိဖို့အရေး ဘာမဆို ပေးဆပ်ဖို့ထိ အဆင်သင့် ဖြစ်နေကြပါပြီ။"
"People are ready to pay any cost to get back our own rights."

04/28/2021

မင်းတပ်တွင် အကြမ်းဖက်စစ်​ကောင်စီဘက်မှ စစ်သား ၂၀ ​ကျော်သေဆုံးပြီး​နောက် မတရား ဖမ်းဆီးခံထား​ရသော ပြည်သူများ ပြန်လည် လွတ်​မြောက်လာ

ရန်ကုန်၊ ဧပြီ ၂၈

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် အကြမ်းဖက် စစ်​ကောင်စီတပ်မှ စစ်သား ၂၀ ​ကျော် သေဆုံးပြီး​နောက် စစ်​ကောင်စီက မတရားဖမ်းဆီးထား​သော အပြစ်မဲ့ပြည်သူများကို ညှိနှိုင်းမှုဖြင့် ပြန်လွှတ်​ပေးလိုက်​ကြောင်း Chin Defence Force-Mindat က သတင်းထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီ စစ်တပ်မှ မင်းတပ်​မြို့ရှိ အပြစ်မဲ့ ပြည်သူများကို ဧပြီလ ၂၃ ရက်နေ့တွင် မတရား ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့​ကြောင်း၊ ထိုလုပ်ရပ်ကြောင့် Chinland Defense Force- Mindat အနေဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ဆက်လက်ထိန်းသိမ်းထားပါက နည်းမျိုးစုံဖြင့် တိုက်ခိုက်သွားမည်ဟု အသိပေး ကြေညာခဲ့​ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်အုပ်စုများက CDF- Mindat ၏ တောင်းဆိုမှုအတိုင်း လိုက်နာမှု မရှိသောကြောင့် ၂၀၂၁ ဧပြီလ ၂၄၊ ၂၆ နှင့် ၂၇ ရက်နေ့များတွင် ပစ်ခိုက်တိုက်မှု ရှိခဲ့ပြီး ၃ရက် တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်​ကောင်စီဘက်မှ အနည်းဆုံး ၂၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်လည်း များ​ကြောင်း သိရှိရသည်။

ထို့​နောက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် CDF- Mindat အကြား ဧပြီလ ၂၇ ရက်​နေ့တွင် ဆွေးနွေး ညှိနှိုင်းမှု ပြုလုပ်ပြီး မြန်မာစံတော်ချိန် ည ၁၁ နာရီတွင် စစ်​ကောင်စီက မတရား ဖမ်းဆီးထားသည့် အပြစ်မဲ့ပြည်သူများကို ပြန်လွှတ်ပေးခဲ့​​ကြောင်းသိရှိရသည်။

မြန်မာ့အရေး နိုင်ငံတကာက ဆက်ပြီး အာရုံစိုက်ကြဖို့ အိုဘားမား တိုက်တွန်း~~~~~~■  ပြည်သူတွေရဲ့အသံကို ထင်ဟပ်စေတဲ့ နိုင်ငံတဝန်...
04/27/2021

မြန်မာ့အရေး နိုင်ငံတကာက ဆက်ပြီး အာရုံစိုက်ကြဖို့ အိုဘားမား တိုက်တွန်း
~~~~~~
■ ပြည်သူတွေရဲ့အသံကို ထင်ဟပ်စေတဲ့ နိုင်ငံတဝန်း ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ အရပ်သားတွေအပေါ် နာကျင်ကြေကွဲစရာ အကြမ်းဖက် လုပ်ရပ်တွေကြောင့် ကျနော် တုန်လှုပ်ခဲ့ရတဲ့ မြန်မာနိုင်ငံကို ကမ္ဘာကြီးက ဆက်ပြီး အာရုံစိုက်နေရပါမယ်လို့ - အမေရိကန်သမ္မတဟောင်း Barack Obama က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဆယ်စုနှစ်တခုကြာ အကြီးအကျယ် လွတ်လပ်ခွင့်တွေ ရှိလာခဲ့ပြီးနောက်မှာမှ စစ်တပ်ကနေ သူတို့ဆန္ဒကို တရားမဝင် ရက်စက်ကြမ်းကြုတ်စွာ ကြိုးပမ်းနေမှုကို မြန်မာပြည်သူတွေက ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးဆိုတာ ရှင်းသလို၊ ကမ္ဘာ့နိုင်ငံ တော်တော်များများကလည်း လက်မခံသင့်ပါဘူး။ သမ္မတ ဘိုင်ဒင်အစိုးရနဲ့ စိတ်တူကိုယ်တူ နိုင်ငံတွေကနေ စစ်တပ်အပေါ် ဒဏ်ခတ်အရေးယူမှုနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးပမ်းမှုတွေကို ကျနော့်အနေနဲ့ ထောက်ခံပါတယ်လို့လည်း သမ္မတ ဘရက်ခ် အိုဘားမားက ပြောဆိုခဲ့ပါတယ်။

မြန်မာ့အိမ်နီးချင်း နိုင်ငံတွေအနေနဲ့လည်း ပြည်သူတွေရဲ့ဆန္ဒကို ပယ်ချပြီး လူသတ်နေတဲ့ အစိုးရကို အသိအမှတ်ပြုတာဟာ ကြီးမားတဲ့ မတည်ငြိမ်မှု၊ လူသားချင်း စာနာမှုဒုက္ခနဲ့ ချွတ်ခြုံကျနိုင်ငံတခုရဲ့ အန္တရာယ်ကိုသာ ဖြစ်စေလိမ့်မယ်လို့လည်း သမ္မတဟောင်း အိုဘားမားက သတိပေးထားပါတယ်။

မြန်မာနိုင်ငံအတွင်း အနာဂတ်မှာ ဒီမိုကရေစီ အခြေခံကျတဲ့ အုတ်မြစ်တွေကို တည်ဆောက်ဖို့ ကြိုးပမ်းနေသူတွေအနေနဲ့လည်း မတူကွဲပြားတဲ့ လူမျိုးတွေနဲ့ ဘာသာရေး အဖွဲ့အစည်းတွေကြား ညီညွတ်မှုကို ဆက်လက်တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။

အခုက အမှောင်ထုကို ကျရောက်နေချိန်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ညီညီညွတ်ညွတ်၊ ကြံ့ကြံ့ခံပြီး ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ သန္နိဌာန်ရှိရှိ ဆက်ပြီး လှုပ်ရှား တွန်းလှန်မယ်ဆိုရင် - မြန်မာပြည်သူတွေရဲ့အသံကို လေးစားတန်ဖိုးထားတဲ့ ခေါင်းဆောင်တွေဆီက တဆင့် မြန်မာနိုင်ငံအနာဂတ်အတွက် မျှော်လင့်ချက်ရောင်ခြည် သန်းလာနိုင်မယ်လို့လည်း သမ္မတဟောင်း ဘရက်ခ် အိုဘားမားက ကြေညာချက်မှာ ပြောဆိုထားပါတယ်။

- Unicode
-------------
မြန်မာ့အရေး နိုင်ငံတကာက ဆက်ပြီး အာရုံစိုက်ကြဖို့ အိုဘားမား တိုက်တွန်း
~~~~~~
■ ပြည်သူတွေရဲ့အသံကို ထင်ဟပ်စေတဲ့ နိုင်ငံတဝန်း ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ အရပ်သားတွေအပေါ် နာကျင်ကြေကွဲစရာ အကြမ်းဖက် လုပ်ရပ်တွေကြောင့် ကျနော် တုန်လှုပ်ခဲ့ရတဲ့ မြန်မာနိုင်ငံကို ကမ္ဘာကြီးက ဆက်ပြီး အာရုံစိုက်နေရပါမယ်လို့ - အမေရိကန်သမ္မတဟောင်း Barack Obama က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဆယ်စုနှစ်တခုကြာ အကြီးအကျယ် လွတ်လပ်ခွင့်တွေ ရှိလာခဲ့ပြီးနောက်မှာမှ စစ်တပ်ကနေ သူတို့ဆန္ဒကို တရားမဝင် ရက်စက် ကြမ်းကြုတ်စွာ ကြိုးပမ်းနေမှုကို မြန်မာပြည်သူတွေက ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးဆိုတာ ရှင်းသလို၊ ကမ္ဘာ့နိုင်ငံ တော်တော်များများကလည်း လက်မခံသင့်ပါဘူး။ သမ္မတ ဘိုင်ဒင်အစိုးရနဲ့ စိတ်တူကိုယ်တူ နိုင်ငံတွေကနေ စစ်တပ်အပေါ် ဒဏ်ခတ်အရေးယူမှုနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးပမ်းမှုတွေကို ကျနော့်အနေနဲ့ ထောက်ခံပါတယ်လို့လည်း သမ္မတ ဘရက်ခ် အိုဘားမားက ပြောဆိုခဲ့ပါတယ်။

မြန်မာ့အိမ်နီးချင်း နိုင်ငံတွေအနေနဲ့လည်း ပြည်သူတွေရဲ့ဆန္ဒကို ပယ်ချပြီး လူသတ်နေတဲ့ အစိုးရကို အသိအမှတ်ပြုတာဟာ ကြီးမားတဲ့ မတည်ငြိမ်မှု၊ လူသားချင်း စာနာမှုဒုက္ခနဲ့ ချွတ်ခြုံကျနိုင်ငံတခုရဲ့အန္တရာယ်ကိုသာ ဖြစ်စေလိမ့်မယ်လို့လည်း သမ္မတဟောင်း အိုဘားမားက သတိပေးထားပါတယ်။

မြန်မာနိုင်ငံအတွင်း အနာဂတ်မှာ ဒီမိုကရေစီ အခြေခံကျတဲ့ အုတ်မြစ်တွေကို တည်ဆောက်ဖို့ ကြိုးပမ်းနေသူတွေအနေနဲ့လည်း မတူကွဲပြားတဲ့ လူမျိုးတွေနဲ့ ဘာသာရေး အဖွဲ့အစည်းတွေကြား ညီညွတ်မှုကို ဆက်လက်တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။

အခုက အမှောင်ထုကို ကျရောက်နေချိန်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ညီညီညွတ်ညွတ်၊ ကြံ့ကြံ့ခံပြီး ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ သန္နိဌာန်ရှိရှိ ဆက်ပြီး လှုပ်ရှား တွန်းလှန်မယ်ဆိုရင် - မြန်မာပြည်သူတွေရဲ့အသံကို လေးစားတန်ဖိုးထားတဲ့ ခေါင်းဆောင်တွေဆီက တဆင့် မြန်မာနိုင်ငံအနာဂတ်အတွက် မျှော်လင့်ချက်ရောင်ခြည် သန်းလာနိုင်မယ်လို့လည်း သမ္မတဟောင်း ဘရက်ခ် အိုဘားမားက ကြေညာချက်မှာ ပြောဆိုထားပါတယ်။

- Zawgyi
Photo: AFP

မင်္ဂလာရှိသော သတင်း....
04/26/2021

မင်္ဂလာရှိသော သတင်း....

မင်းတပ်ပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး
~~~~~
■ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ ဧပြီလ ၂၆ ရက် ဒီကနေ့ညနေပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ‌‌‌ဒေသခံတွေဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီဘက်က တပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မင်းတပ်မြို့အရှေ့ဘက် ကျောက်ထုနဲ့၊ အနောက်ဘက် မတူပီမြို့ကို သွားရာလမ်းမှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ ရဲကားတစ်စီးနဲ့ စစ်ကားနှစ်စီးလည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက… “လောလောဆယ် ကျနော်တို့ ပြည်သူ့လုံခြုံရေးဘက်ကတော့ အကျအဆုံး မရှိသေးဘူး။ သူတို့ဘက်ကပဲ သေတယ်၊ လက်ရှိအချိန်မှာတော့ ပစ်တာခတ်တာတွေ ရပ်သွားပြီ” လို့ RFA ကို ဒီနေ့ည ၇ နာရီကျော်က ပြောပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) ကလည်း ဒီကနေ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ဒီနေ့ပစ်ခတ်မှုအပြီးမှာ ပခုက္ကူဘက်ကနေ မင်းတပ်မြို့ကို စစ်ကောင်စီတပ်သားတွေ အင်အားဖြည့် စေလွှတ်နေတယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မင်းတပ်မြို့က ဆန္ဒပြလူငယ် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးနှိပ်စက်ပြီး ပခုက္ကူမြို့ကို ပို့ဆောင်ဖို့ ကြိုးစားတာကြောင့် ပစ်ခတ်မှုတွေ စဖြစ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။

ဒီနေ့ မင်းတပ်မြို့ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အာဏာသိမ်းစစ်ကောင်စီက ပြည်သူကိုအကြမ်းဖက်ဖြိုခွင်းတာ၊ ဖမ်းဆီးတာတွေ ဆက်လုပ်နေမယ်ဆိုရင် နည်းမျိုးစုံနဲ့ ခုခံ တိုက်ခိုက်သွားမယ်လို့ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ချင်းနယ်မြေ ခုခံကာကွယ်ရေးအဖွဲ့ (Chinland Defense Force) က မနေ့က ကြေညာထားပါတယ်။
-----

~~~~~







04/24/2021

ကျွန်တော်တို့ မငြိမ်းချမ်းသေးသ၍
အသင်တို့လည်း မငြိမ်းချမ်းနိုင်ပါ ။

https://m.facebook.com/story.php?story_fbid=10158151960657865&id=321338312864နောင်တွင်ရာဇ၀တ်မှုတရားစွဲဆိုမှုများတွင် အသု...
04/23/2021

https://m.facebook.com/story.php?story_fbid=10158151960657865&id=321338312864
နောင်တွင်ရာဇ၀တ်မှုတရားစွဲဆိုမှုများတွင် အသုံးပြုနိုင်ရန် အတွက် မြန်မာနိုင်ငံအတွင်း ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းထိန်းသိမ်းထားရန် အရေးကြီးပါသည်။

အဆိုပါသက်သေအထောက်အထားများစုဆောင်းထိန်းသိမ်းသည့် ဆောင်ရွက်ချက်များကို ပိုမို တိုးမြှင့်လုပ်ဆောင်နိုင်ရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား (မြန်မာနိုင်ငံဆိုင်ရာ ယန္တရား)ကို ယူကေအစိုးရက ငွေကြေးထောက်ပံ့ပေးလျက်ရှိပြီး ပြစ်မှုကျူးလွန်သူများကို တာဝန်ခံစေမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ယန္တရား၏အသေးစိတ်အချက်အလက် နှင့် သက်သေအထောက်အထားများပေးပို့ နိင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ https://bit.ly/3tG1cLA တွင်ဖတ်ရှုနိုင်ပါသည်။

It is vital that evidence of serious human rights violations in Myanmar is recorded and preserved, so that it can be used in future criminal proceedings.

The UK is providing support to the UN’s Independent Investigative Mechanism for Myanmar to boost evidence gathering capabilities and ensure those responsible for serious violations are held to account.

For further details about the Myanmar Mechanism and how to share evidence, see https://bit.ly/3dJassP

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေအတွင်းရေးမှူးထ...
04/22/2021

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေအတွင်းရေးမှူးထံသို့ NUG ကအကြောင်းကြားစာပေးပို့
၂၂ ဧပြီလ ၂၀၂၁
---------------------------------------------------------
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ICJ နှင့် ICC တရားရုံးများသို့ တရားစွဲတင်ပို့နိုင်ရေးအတွက် ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံအရေး အာဆီယံ ထိပ်သီးအစည်းအဝေးသို့ လာရောက်ချိန်တွင် ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေအတွင်းရေးမှူးထံသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အကြောင်းကြားစာပေးပို့ခဲ့ပါသည်။
ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်၏ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာအရေးနှင့် ဆက်စပ်သည့် ဖြစ်ရပ်များတွင် အပြည်ပြည်ဆိုင်ရာဥပဒေအရ ရာဇဝတ်မှုကျူးလွန်သူတစ်ဦးအဖြစ် စွပ်စွဲခံထားရကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မင်းအောင်လှိုင်သည် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများနှင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သည့် သန်းပေါင်းများစွာသော ပြည်သူများအပေါ် အကြမ်းဖက်ဖြိုခွင်းလျက်ရှိကြောင်း၊ ဧပြီလ ၂၁ ရက်နေ့အထိ ပြည်သူ ၇၃၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ CDM လှုပ်ရှားသူများ အပါအဝင် လူပေါင်း ၃၃၃၁ ဖမ်းဆီးခံထားရကြောင်း စသည့်အချက်အလက်များ အကြောင်းကြားစာတွင် ပါရှိပါသည်။
ဧပြီလ ၂၄ ရက်နေ့ မင်းအောင်လှိုင်အာဆီယံအစည်းအဝေးသို့ လာရောက်ချိန်တွင် ဖမ်းဆီးနိုင်ရေးအတွက် အင်ဒိုနီးရှား ရဲတပ်ဖွဲနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ သတိပေးချက် ထုတ်ပြန်ရန်နှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရက အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) သို့ တောင်းဆိုကြောင်း၊ မင်းအောင်လှိုင်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူဖြစ်ပြီး ရာဇဝတ်ကောင်၊ အကြမ်းဖက်သမား တစ်ဦးဖြစ်ကြောင်း၊ ၎င်းကျူးလွန်ထားသောအမှုများအတွက် ICJ နှင့် ICC တရားရုံးနှစ်ခုစလုံးတွင် စစ်ဆေးရမည်ဖြစ်ကြောင်း၊ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း နောက်ထပ်ကျူးလွန်ထားသည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက်လည်း တရားစွဲဆိုရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အင်တာပိုရဲတပ်ဖွဲ့အနေဖြင့် မင်းအောင်လှိုင်ကို အလိုရှိသော တရားခံပြေးအဖြစ်သတ်မှတ်၍ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ရဲတပ်ဖွဲများသို့ အမြင့်ဆုံးအဆင့်သတိပေးချက်ထုတ်ပြန်ပေးရန် တောင်းဆိုကြောင်းနှင့် ၎င်းကို တရားဥပဒေရှေ့မှောက်သို့ ပို့ဆောင်ရမည်ဖြစ်ကြောင်း အကြောင်းကြားစာတွင် ထည့်သွင်းရေးသားထားပါသည်။

https://www.facebook.com/NUGmyanmar/posts/110352587852048

Global Center for R2P ညွန်ကြားရေးမှုး Dr Simon Adams Twitter ပေါ်တင်လိုက်တာပါ။အပြစ်မဲ့ပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေအတွက် ...
04/19/2021

Global Center for R2P ညွန်ကြားရေးမှုး Dr Simon Adams Twitter ပေါ်တင်လိုက်တာပါ။

အပြစ်မဲ့ပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေအတွက် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် တာဝန်ခံရမှာဖြစ်တယ်။

ဒါကြောင့် သူဟာ လက်ထိပ်ခတ်ဖမ်းဆီးခံရမှာ ဖြစ်တယ်။

နိုင်ငံတကာတရားစီရင်ရေးအရ မင်းအောင်လှိုင်ကို ဖမ်းဆီးရမယ်။

အကြမ်းဖက်အုပ်စုအစား NUG ကို အာဆီယံခေါင်းဆောင်များအစည်းအဝေးဖိတ်ကြားရမယ်။

Dr. Simon Adams

—————————————-

နိုင်ငံတကာရဲ့ ရပ်တည်ချက်က ရှင်းလင်းပြတ်သားနေတာပါ။

အကြမ်းဖက်အုပ်စုကျဆုံးမယ်ဆိုတာသံသယမဖြစ်ကြပါနဲ့။

နွေဦးတော်လှန်ရေးဟာ မလွှဲမသွေ အောင်မြင်မှာဖြစ်ပါတယ်။


၁၉ - ၄ - ၂၀၂၁

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသတင်းထုတ်ပြန်ချက် အမှတ်( ၁၁ )----------------------------------ရက်စွဲ ။  ။ ၂၀၂၁ခုန...
04/16/2021

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
သတင်းထုတ်ပြန်ချက် အမှတ်( ၁၁ )
----------------------------------
ရက်စွဲ ။ ။ ၂၀၂၁ခုနှစ်၊ ဧပြီလ၊ (၁၆)ရက်
====================
၁။ ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မြန်မာပြည်သူများက အပ်နှင်းသော အခွင့်အာဏာကိုကျင့်သုံးလျက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government) ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက် တွင် ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

၂။ ဤပြည်ထောင်စုအစိုးရသစ် ပေါ်ပေါက်ရန်အလို့ငှာ အမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council) အတွင်း ဆွေးနွေးညှိနှိုင်းလျက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အတည်ပြုမှုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။

၃။ အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter)) ပါ နိုင်ငံရေး လမ်းပြမြေပုံကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။

၄။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေပြုရေးမဏ္ဍိုင်အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကလည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရကလည်းကောင်း တာဝန်ယူဆောင် ရွက်သွားမည်ဖြစ်ပြီး တရားစီရင်ရေးမဏ္ဍိုင်ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်သွားမည် ဖြစ်ပါသည်။

၅။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသည် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်နေ ပြည်သူများ၏ ဆန္ဒနှင့်အညီ ဖွဲ့စည်းလျက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်လွှယ်တော်က်ိုယ်စားပြုကော်မတီများ၏ အတည်ပြုမှုဖြင့် ဆက်လက်ဖွဲ့စည်း ပေါ်ပေါက်လာမည် ဖြစ်ပါသည်။

၆။ အမျိုးသားညီညွတ်ရေးအစိုးရတွင် ပြည်ထောင်စုသားတိုင်းရင်းသားလူမျိုးစုံ ပါဝင်ရေးကို ဦးတည်လျက် လိုအပ်သလို ဆက်လက်တိုးချဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

အလောဘွမ်‌‌တောင်တိုက်ပွဲတွင် ခလရ ၃၈၇ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးကချင်ပြည်နယ်မှာ ဧပြီ ၁၂ရက် မ...
04/12/2021

အလောဘွမ်‌‌တောင်တိုက်ပွဲတွင် ခလရ ၃၈၇ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံး

ကချင်ပြည်နယ်မှာ ဧပြီ ၁၂ရက် မနက်ကဖြစ်ပွားခဲ့တဲ့ အလောဘွမ်တောင် တိုက်ပွဲမှာ မိုးမောက်အခြေစိုက် ခလရ
၃၈၇ တပ်ရင်းမှူး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကာ သေဆုံးသွားတယ်လို့ ကေအိုင်အေ အရာရှိတစ်ဦးက အတည်ပြုပြောပါတယ်။
တိုက်ပွဲမှာ တပ်ရင်းမှူးအပါအ၀င် အာဏာသိမ်း စစ်ကောင်စီတပ်တွေ ဘက်ကအကျဆုံးများခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်းပြောပါတယ်
ကျဆုံးသွားတဲ့ တပ်ရင်းမှူးအလောင်းကိုရဟတ်ယာဉ်နဲ့ လာရောက်သယ်ဆောင်‌သွားခဲ့ပြီးနောက် ကေအိုင်အေ ထိန်းချုပ်ရာ အလောဘွမ်တောင်အား စစ်တပ်က လေယာဉ်နဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Several members of the military council, including the commander of the 387th Infantry Battalion, were killed in the battle of Alabum

Momauk-based Infantry Battalion in the battle of Alabum Mountain in Kachin State on the morning of April 12
387 Army

https://m.facebook.com/story.php?story_fbid=4221687094536425&id=191574990881009

Address

New York, NY

Opening Hours

Monday 9am - 5pm
Tuesday 9am - 5pm
Wednesday 9am - 5pm
Thursday 9am - 5pm
Friday 9am - 5pm
Saturday 9am - 5pm
Sunday 9am - 5pm

Telephone

+959664656971

Website

Alerts

Be the first to know and let us send you an email when CDM အရေးတော်ပုံ သတင်းဌာန posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Featured

Share

Category