World Music

World Music Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from World Music, Legal, Los Angeles, Los Angeles, CA.

10/20/2022

and 's song 'Clout' is now certified 3X Platinum in US 💿💿💿

07/28/2021

ဘာစားမှာလဲအကို
Ye Lay ft.HtainWin

07/23/2021

NIGHTMARE
Chit (BLF)
-FireWork

10/21/2020

Lan Bar&Zwe Thet Paing

10/19/2020

Bigg y&Lan Bar

09/29/2020
09/29/2020

OGK

"ငါတို့ဂီတ ရာဇဝင်"EP 24 (Tupac)‌ဘောင်ချာများ သို့မဟုတ် ရန်မီးစများ" ဘဝမှာ ပျော်စရာတွေ ကျေနပ်စရာတွေချည့်ပဲ ရှိလိမ့်မယ်မထင...
09/29/2020

"ငါတို့ဂီတ ရာဇဝင်"

EP 24 (Tupac)

‌ဘောင်ချာများ သို့မဟုတ် ရန်မီးစများ

" ဘဝမှာ ပျော်စရာတွေ ကျေနပ်စရာတွေချည့်ပဲ ရှိလိမ့်မယ်မထင်နဲ့။ ခင်ဗျားအိမ်ထဲမှာ စည်းစိမ်အပြည့်နဲ့ ရုပ်ရှင်ကြည့်နေချိန်မှာ အပြင်ဘက်မှာ လူသတ်မှုတွေ၊ မူးယစ်ဆေးတွေနဲ့ ပြည့်နေတာဗျ။ ကျွန်တော့်အခွေထဲမှာ ရေးထားတဲ့အကြောင်းတွေကလည်း ဒါတွေပဲ။ ခင်ဗျားတို့ မသိချင်ယောင်ဆောင်နေတဲ့ တစ်ကယ့်အဖြစ်အပျက်တွေကို လူထုက သိစေရမယ်။ ပြီးတော့ အဲဒီလိုလူတွေဆီက မကျေနပ်တဲ့အသံတွေကို ခင်ဗျားတို့ ပြန်ကြားစေရမယ်။ တစ်ချို့လူတွေလောက်ပဲ ပြောနေတဲ့ အမှားအယွင်းတွေကို တစ်ကမ္ဘာလုံးက သိလာစေရမယ်။ ပြောလာစေရမယ်။ ဒါဟာ Tupac ဆိုတဲ့ကောင်ရဲ့ သီချင်း‌တွေကပြောတဲ့ အမှန်တရားအကြောင်းပဲ။"

အင်တာဗျူးတစ်ခုမှာ Tupac က Journalist တစ်ယောက်ဖြစ်တဲ့ Chuck Phillips ကိုပြောခဲ့တဲ့ စကားတွေပါ။ တစ်ကယ်လဲ Tupac ရဲ့ 2pacalypse အခွေထဲမှာ သူတို့အမေရိကားမှာ ကြုံတွေ့နေရတဲ့ လူမျိုးရေးခွဲခြားမှုတွေ၊ ရဲတွေရဲ့ အကြမ်းဖက်မှုတွေ၊ ဆင်းရဲမွဲတေမှုတွေ နဲ့ ဆယ်ကျော်သက်လူငယ်တွေ အသက်မပြည့်ခင် ကိုယ်ဝန်‌ဆောင်ရတဲ့ ဒုက္ခမျိုးစုံကို ဖော်ကြူးထားပါတယ်။ ဒီအခွေနဲ့တင် Tupac ဟာ လူတွေရဲ့ ချစ်ခင်လေးစားခြင်းခံခဲ့ရသလို မနာလိုသူတွေက "အလကား စောက်ပေါ၊ ဖန်အရမ်းခင်နေတာ" ဆိုသလို တော်ကီတွေနဲ့ ဝေဖန်ရှုတ်ချကြပါတယ်။ ဒါပေမယ့် သူ့ယုံကြည်ချက်အတိုင်း ပုံမှန်သွားနေတဲ့ Tupac ရဲ့ စိတ်ဆန္ဒကိုတော့ ဘယ်သူမှ မဟန့်တားနိုင်ခဲ့ကြပါဘူး။ သူစိတ်ပျက်သွားအောင် ဘယ်အရာကမှ မလုပ်နိုင်ခဲ့ပါဘူး။

ဒီလိုနဲ့တစ်နှစ်‌ကျော်အကြာ 1993 ခုနှစ်မှာ Tupac ရဲ့ ဒုတိယမြောက် Album ဖြစ်တဲ့ Strictly 4 My N.I.G.G.A.Z ဆိုတဲ့အခွေဟာ Interscope Record အောက်ကနေထွက်ရှိလာခဲ့ပြန်ပါတယ်။ ဒီအခွေထဲမှာတော့ Featuring တွေအနေနဲ့ သူ့ရဲ့ Step-brother တစ်ယောက်ဖြစ်တဲ့ The Wycked (နောက်ပိုင်းမှာသူ့ကို Moprene လို့သိကြပြီး Tupac ရဲ့ Rap Group တွေဖြစ်တဲ့ Thug Life နဲ့ The Outlawz အဖွဲ့တွေရဲ့ Member တစ်ယောက်ပါ။), Ice-T, Ice Cube တို့အပြင် Digital Underground အဖွဲ့က လူတွေပါ ပါဝင်လာခဲ့ပါတယ်။

1994 ခုနှစ်မှာတော့ Tupac ဖွဲ့စည်းခဲ့တဲ့ Hip Hop အဖွဲ့ဖြစ်တဲ့ Thug Life : Volume 1 အခွေထွက်ရှိလာခဲ့ပါတယ်။ Tupac ဟာ Thug Life အဖွဲ့ကို 1992 တုန်းကတည်းက သူငယ်ချင်းတွေဖြစ်တဲ့ Randy Walker (Stretch နာမည်နဲ့သီချင်းဆိုပါတယ်) နဲ့ Princess Mel တို့နှစ်ယောက်နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
သူတို့ရဲ့ ပထမဆုံး သီချင်းဖြစ်တဲ့ Thug Life ကို အသံသွင်းပြီးတဲ့အခါမှာတော့ Tupac ရဲ့ Homie တစ်ယောက်ဖြစ်တဲ့ "Little Psycho" ကပါ Syke ဆိုတဲ့နာမည်နဲ့ အဖွဲ့ထဲဝင်လာခဲ့ပါတယ်။ နောက်တော့ Macadoshis and The Rated R တို့ထပ်ရောက်လာပြန်ပါတယ်။ သူတို့ရဲ့ Thug Life အဖွဲ့ဟာ Interscope နဲ့ပဲ စာချုပ်ချုပ်ဆိုဖြစ်ခဲ့ကြပြီး 1994 ခုနှစ်ကျမှ ပထမဆုံးနဲ့ နောက်ဆုံးအခွေဖြစ်တဲ့ Thug Life album ထွက်ရှိလာခဲ့ပါတယ်။

Tupac ရဲ့ အခွေကိစ္စတွေ ခဏထားပြီး သူ့ရဲ့ Life Career ကိုပြန်ကြည့်ရအောင်။ 1992 ခုနှစ် Tupac တို့မိသားစု နေထိုင်ကြတဲ့ Marin City က လူငယ်တစ်ချို့က Tupac ကို "ဒီအပိုင်းထဲ နောက်မှ ပြောင်းလာပြီး ရပ်ကွက်ထဲက လူတွေကိုလဲ အဖက်မလုပ်၊ သူ့ကိုယ်သူ အဆိုတော်ကြီးဆိုပြီး မာန်တက်နေတယ်" လို့ မြင်နေကြပါတယ်။
"သူ့ကိုယ်သူ လူမည်းတွေအတွက် ရပ်တည်တယ် ဆိုတဲ့ကောင်၊ လူမည်းတွေအတွက် ဘာတွေလုပ်ပေးလို့လဲ၊ မင်းဘာကောင်မှ မဟုတ်ဘူး။ လူမည်းတွေကလဲ မင်းကိုမချစ်ဘူး။ မင်းဟာ အလကား ဘဝင်မြင့်နေတဲ့ စောက်ရူး" ဆိုပြီး အသံတွေထွက်လာပါတယ်။ ဒါပေမယ့် လမ်းပေါ်မှာ လမ်းပျောက်နေတဲ့ လူ့ဥာဏ်နည်းတွေနဲ့ မပတ်သက်လိုတဲ့ Tupac ဟာ ပြန်လည်ဖြေရှင်းခြင်းမပြုဘဲ သူ့ဟာသူနေ ကိုယ့်ဟာကိုယ်နေ သဘောမျိုးထားခဲ့ပါတယ်။
တစ်ကယ်တော့ ရပ်ကွက်ထဲက လူငယ်တွေဟာ Tupac ရဲ့အောင်မြင်လာမှုကို မနာလိုဖြစ်နေကြပြီးတော့ သူတို့ရပ်ကွက်ထဲကလူတွေနဲ့ မပေါင်းတာကိုလည်း ကြည့်မရဖြစ်နေကြတာပါ။ Tupac ရဲ့အောင်မြင်မှုကို မုန်းတယ်ပြောနေကြပေမယ့် တစ်ကယ်တော့ အောင်မြင်မှုရဲ့ အရိပ်အောက်ကို ခိုဝင်ချင်နေကြတာပဲဖြစ်ပါလိမ့်မယ်။ Tupac ဆီက တုန့်ပြန်မှုကို လိုချင်နေတဲ့ သူတို့တွေကို ဟိုဘဲက အဖက်မလုပ်တဲ့အတွက် မကျေနပ်တဲ့စိတ်တွေ ထကြွလာကြပြီး တစ်ရက်မှာတော့ Tupac ကို ရန်ရှာဖို့ကြံစည်ခဲ့ကြပါတော့တယ်။

အဲဒီနေ့က Tupac ဟာ Marin City က ပန်းခြံတစ်ခုမှာလုပ်တဲ့ Festival မှာ သီချင်းဆိုပြီး ပြန်ဆင်းလာပြီး စင်နောက်က ပန်းခြံထဲမှာ ပရိသတ်တွေကို လက်မှတ်ထိုးပေး ဓါတ်ပုံတွဲရိုက်ပေးတာတွေ လုပ်နေတဲ့အချိန်မှာ မနာလိုတဲ့ လူငယ်တွေက ခပ်လှမ်းလှမ်းကနေ ရန်စပြီး သေနတ်တွေနဲ့ လှမ်းပြီးပစ်ခတ်ခဲ့ကြပါတယ်။ လူတွေရုတ်ရုတ်သဲသဲဖြစ်ကုန်ကြပြီး ခဏကြာတော့ အခြေအနေတွေ ငြိမ်သက်သွားတဲ့အခါမှာ 6 နှစ်အရွယ် ကလေးငယ်တစ်ယောက် သေနတ်ထိမှန်ပြီး သေဆုံးသွားခဲ့ရတာကို သနားစဖွယ်မြင်တွေ့ခဲ့ရပါတယ်။ ဒီကိစ္စအတွက် ရဲတွေက သက်ဆိုင်သူအားလုံးကို စစ်ဆေးခဲ့ပါတယ်။ Tupac ဟာ ကလေးငယ် သေဆုံးမှုအတွက် မပတ်သက်ဘူးဆိုပေမယ့် တရားမဝင် လက်နက်ကိုင်ဆောင်မှု နဲ့ တရားရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် မဟုတ်မခံတတ်တဲ့၊ မတရားတာမြင်ရင် မဆိုင်သလို မနေတတ်တဲ့ သူ့အဖို့ တစ်ချိန်လုံးကြီးနိုင်ငယ်ညှဥ်းအမှု‌တွေနဲ့ ပြည့်နေတဲ့ လမ်းမတွေပေါ်မှာ မကြာခဏ ရန်ပွဲတွေထဲ ဝင်ပါတတ်တာကလည်း အန္တရာယ်ကိုဖိတ်ခေါ်ခဲ့တဲ့ အကြောင်းတွေပဲဖြစ်ပါတယ်။ ဒါကတော့ Tupac ကို လူမုန်းများတယ်ဆိုတာသိစေနိုင်တဲ့ အချက်တစ်ခုပေါ့ဗျာ။

Tupac ရဲ့ဘဝမှာ သူတစ်ပါးအတွက်ပဲ အမြဲစဉ်းစားလေ့ရှိတဲ့အတွက် "လူတစ်ယောက်ဆိုရင် ပြဿနာတစ်ခု၊ လူများရင် ပြဿနာများတယ်" ဆိုတဲ့အတိုင်း သူ့မှာ ပြဿနာတွေ တော်တော်များခဲ့ပါတယ်။
လူတွေကလည်း သိကြတဲ့အတိုင်း လူတစ်ယောက်ဒုက္ခရောက်ရင် ပျော်ကြသလောက် အဲဒီလူအောင်မြင်နေပြီဆိုရင်၊ အများအကျိုးဆောင်ရွက်နေတယ်ဆိုရင် ဘာလို့မှန်းမသိ အမုန်းစိတ်တွေပွား တတ်ကြတယ်လေ။
Tupac ရဲ့ နောက်ထပ်ကြုံတွေ့ရတဲ့ ကွိုင်တွေထဲမှာ ရဲနှစ်ယောက်နဲ့ ဖြစ်တဲ့ ပြဿနာကလဲ ဘာမှမဟုတ်ဘဲနဲ့ ကြီးကျယ်သွားရပြန်ပါတယ်။ ရဲတွေအနေနဲ့ကလဲ သူတို့ရဲ့ ညံ့ဖျင်းမှု၊ တာဝန်နဲ့ဝတ္တရားကို အလွဲသုံးစားလုပ်မှု၊ ပြည်သူလူထုကို အနိုင်ကျင့် နှိပ်စက်မှုတွေကို Tupac က ဗုံးခွဲသလိုဖြစ်နေတော့ ဘယ်ကျေနပ်လိမ့်မလဲလေ။ ဒါကြောင့် မှန်တာပြောရင် လူမုန်းများတယ်ဆိုပြီး ပြောကြတာပေါ့။ အဲဒီနေ့က Tupac တစ်ယောက် Atlanta မှာ တစ်ယောက်တည်း လမ်းလျှောက်လာနေရင်း Duty ပြီးလို့ အိမ်ပြန်လာကြတဲ့ လူဖြူရဲနှစ်ယောက်နဲ့ ပြဿနာဖြစ်ခဲ့တာပါ။ တစ်ကယ်တော့ အဲဒီရဲနှစ်ယောက်က အရက်မူးနေကြပြီး Tupac ကို အမြင်ကပ်ပုဒ်မနဲ့ ပြဿနာရှာလာတာဖြစ်ပါတယ်။သိတဲ့အတိုင်း မဟုတ်မခံ Tupac ကလည်း အခြားလူမည်းတွေလို ငြိမ်မခံဘဲ သူ့မှာပါတဲ့ သေနတ်နဲ့ ထုတ်ပစ်ခဲ့တာကြောင့် ရဲနှစ်ယောက်မှာ တစ်ယောက်က ဝမ်းဗိုက်နဲ့ တစ်ယောက်က တင်ပါးမှာ အသီးသီး သေနတ်ဒဏ်ရာတွေရပြီး Tupac ကိုတရားရုံးမှာ စွဲချက်တင်ခဲ့လို့ တရားဆိုင်ခဲ့ရပြန်ပါတယ်။ ကံကောင်းသွားတာက ရဲနှစ်ယောက်က Duty ချိန်မဟုတ်တာရော၊ အရက်မူးနေတာရောက Tupac ရဲ့ ရှေ့နေကြီးအဖို့ လျှောက်လဲဖို့ အချက်ကောင်းတွေရသွားခဲ့ပါတယ်။ ဒီလိုနဲ့ Tupac တစ်ယောက် တရားမဝင်လက်နက်ကိုင်ဆောင်မှုကိုသာ ရှင်းခဲ့ရပြန်ပါတယ်။

နောက်တစ်မှုကတော့ တော်တော်ဆိုးဆိုးပါပဲ။ 1994 ခုနှစ်ရဲ့ November လ ထဲမှာ Tupac တစ်ယောက် သေနတ်နဲ့ လေး ငါးချက်မက ပစ်ခံခဲ့ရပါတယ်။ သေနတ်သမားနဲ့အဖွဲ့ဟာ လူမည်းလူငယ်နှစ်ကောင် ဖြစ်ပါတယ်။
သူတို့ဟာ Tupac အသံသွင်းတဲ့ Manhattan Recording Studio ရဲ့ Lobby ခန်းထဲမှာ ကြိုရောက်နေကြပြီး Tupac ဝင်လာတဲ့အချိန်မှာ အနီးကပ် သေနတ်နဲ့ အချက်ပေါင်းများစွာပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ Tupac ဟာ ဆေးရုံမှာ အလူးအလဲခံစားခဲ့ရပြီး ဆရာဝန်တွေဟာ သူ့အသက်ကို သေမင်းလက်ကနေ မနည်းပြန်လုပေးခဲ့ရပါတယ်။ Tupac ဟာ ဒီလို သေနတ်ပစ်ခံရပြီး သေမလိုလိုဖြစ်နေတဲ့အချိန်မှာ သူ့ရဲ့ဘော်ဒါတစ်ယောက်ဖြစ်တဲ့ Notorious B.I.G ရဲ့ Who Shot Ya ဆိုတဲ့ သီချင်းထွက်ရှိလာပါတယ်။ ဒီသီချင်းထဲမှာ Biggie က ဟိုလူ့ကိုပြောသလိုလို ဒီလူ့က်ိုပြောသလိုလိုနဲ့‌ စောက်ဖောင်းတွေပတ်ထုထားတာပါ။ "B.I.G ကို လာမရှုပ်နဲ့။ အခုမင်း ငါ့အကြောင်းသိပြီမဟုတ်လား။ မင်းကိုဘယ်သူပစ်တာလဲကော သိရဲ့လား?" အစရှိတဲ့ စာသားတွေနဲ့ဆိုတော့ ဒီသီချင်းကိုနားထောင်ကြည့်ပြီး Tupac ဟာ သူ့ကို သေကြောင်းကြံတဲ့ကိစ္စရဲ့နောက်ကွယ်မှာ Biggie တို့ Puff Daddy တို့ ပါနေလိမ့်မယ်လို့ သံသယ စဝင်လာခဲ့ပါတယ်။

Tupac ရဲ့ဘောင်ချာတွေကို ရေးရင် နောက်တစ်ပိုင်းဆက်သွားမှာစိုးလို့ အရေးကြီးတာတွေပဲ ဆက်ပြောပါမယ်။ ဒီလို လူမုန်းများ၊ ရန်များတဲ့ Tupac ကိုလုပ်ကြံသတ်ဖြတ်သွားတဲ့ အခါမှာလည်း FBI က သူ့အမှုကိုလိုက်ရင်း ရူးမလိုလိုတွေ ဖြစ်ကုန်ကြပါတယ်။ ရှုပ်ထွေးလွန်းတဲ့ သူ့ရဲ့ နောက်ကြောင်းရာဇဝင်တွေကနေ တရားခံကို ဘယ်လိုမှ လက်ဆုပ်လက်ကိုင် မပြနိုင်ခဲ့ကြပါဘူး။ သံသယတရားခံတွေ ရှိထားပေမယ့် အထောက်အထားမခိုင်မာတဲ့အတွက် ဘယ်သူ့ကိုမှ တရားခံအဖြစ် မဖမ်းဆီးနိုင်ခဲ့ကြပါဘူး။ နောက်တစ်ချက်ကလည်း Tupac ဟာ New York City မှာ မွေးပြီး Interscope အောက်ကနေ အခွေတွေထွက်နေပေမယ့် သူပြောင်းရွှေ့နေထိုင်ခဲ့တဲ့အိမ်တွေက West Side ဘက်ကဖြစ်နေတော့ သူ့ဘော်ဒါတွေ သူ့ပတ်ဝန်းကျင်တွေအားလုံးက အနောက်ပိုင်းကလူတွေ ဖြစ်နေပါတယ်။ ဒီအတွက် သူ့သီချင်းတွေကလည်း အနောက်ဘက်ကို ကိုယ်စားပြုတဲ့ Gangsta Rap တွေဖြစ်လာခဲ့ပါတယ်။ နားရှင်းအောင် အလွယ်ပြောရမယ်ဆိုရင် Tupac ဟာ East Side မှာမွေးပြီး East Side က Record Label အောက်ကနေ အခွေတွေထွက်နေပေမယ့် West Side ကိုယ်စားပြုတဲ့ Rapper တစ်ယောက်အဖြစ် ထူးခြားစွာ ရပ်တည်ခဲ့သူဖြစ်ပါတယ်။

1995 ခုနှစ်မှာတော့ Tupac တစ်ယောက် မုဒိမ်းမှုနဲ့ တရားစွဲဆိုခံရပြန်ပါတယ်။ သူ့ရဲ့ Fan တစ်ယောက်ကို Show ပွဲအပြီးမှာ ဟိုတယ်ခန်းထဲ အတင်းခေါ်သွားပြီး မုဒိမ်းကျင့်တယ်ဆိုပြီး မိန်းကလေးကိုယ်တိုင် အမှုဖွင့်ခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် Pac က သူမုဒိမ်းကျင့်ခဲ့တာမဟုတ်ကြောင်း၊ အဲဒီညမှာ နှစ်ဦးသဘောတူ အိပ်ခဲ့ကြတာဖြစ်ကြောင်း ပြန်ချေပခဲ့ပေမယ့် ဘုတ်အဖွဲ့က မုဒိမ်းမှုအဖြစ်သာ သတ်မှတ်ခဲ့တာကြောင့် Pac ဟာ ထောင်ဒဏ် ကျခံခဲ့ရပါတယ်။ ဒီလို အကျဉ်းအကြပ်ထဲရောက်နေတဲ့ Tupac ကို Interscope Record က မကူညီဘဲ လျစ်လျုရှုထားခဲ့တာကြောင့် Tupac အဖို့ Interscope ကို စိတ်နာဖို့အကြောင်ူတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီအခြေအနေမှာ Tupac ရဲ့ အရှိန်အဝါကြီးမားလာမှု၊ အောင်မြင်လာမှုတွေကို စောင့်ကြည့်နေတဲ့ Death Row က Suge Knight က Tupac ရှိရာ ထောင်ထဲအထိ ဆက်သွယ်လာပါတော့တယ်။ Tupac ရင်ဆိုင်နေရတဲ့ ထောင်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ရဖို့ လျော်ကြေးတွေပေး‌ပြီး အမှုပိတ်ပေးမယ်။ Tupac အနေနဲ့လည်း ထောင်ကထွက်လာတဲ့အခါ သူတို့ Death Row နဲ့အလုပ်လုပ်ဖို့တောင်းဆိုလာပါတယ်။ Tupac ဘက်က စဉ်းစားပြန်တော့လဲ လျော်ကြေးငွေ အပြင် အခြားခံစားခွင့်အနေနဲ့ 1.5 သန်းကို စိုက်ထုတ်ပေးမယ့် လူတွေကို ငြင်းဖို့ခက်နေပါတယ်။ဒီ့အပြင် Suge Knight ကြီး လူလည်ကျချက်ကလဲ အံ့မခန်းပါပဲ။ Pac ရဲ့ မုဒိမ်းမှုနောက်ကွယ်မှာ စီစဥ် ချုပ်ကိုင်နေတဲ့ အဖွဲ့တစ်ဖွဲ့ရှိတဲ့အကြောင်းနဲ့ Tupac ကို ဒုက္ခရောက်အောင် ဘာမဆိုလုပ်မယ့်လူတွေ ရှိနေကြောင်း၊ အဲဒီလူတွေရဲ့အကွက်တွေကို သိနေတာလည်း သူပဲရှိတဲ့အတွက် Tupac ကိုကာကွယ်နိုင်တာဆိုလို့ သူပဲရှိတယ်ဆိုပြီး ချုပ်လာပါတယ်။ ဒီလိုနဲ့ Tupac ဟာ ထောင်ကပြန်လွန်လာတဲ့အချိန် 1995 ခုနှစ်မှာ Dr. Dre တို့ Snoop Dogg တို့နဲ့ အတူ Death Row မှာ သီချင်းတွေ စတင် လုပ်လာခဲ့ပါတော့တယ်။

ဒီတော့ Tupac ကို အနောက်ပိုင်းသားတွေ အမြင်မကြည်ကြတာတော့ ဟုတ်ပါပြီ။ အရှေ့ပိုင်းသားတွေကကော ဘယ်လိုသဘောထားကြသလဲ။ Tupac နဲ့ Bad Boys Record က Puff Daddy တို့ Biggie တို့နဲ့ ပတ်သက်မှုတွေ ဘယ်လိုရှိမလဲဆိုတာကလည်း အရေးပါတဲ့အတွက် Notorious B.I.G အကြောင်း နည်းနည်းလေ့လာကြည့်ရအောင်ဗျာ။

EP 25 ဆက်ပါဦးမည်။

Author : Masta B

09/28/2020

N zai &Bigg y

Address

Los Angeles
Los Angeles, CA
90012

Website

Alerts

Be the first to know and let us send you an email when World Music posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category