08/30/2026
*** “ဘာကြောင့် Form I-864, Affidavit of Support, တင်ရတာလဲ?” ***
အမေရိကန်လူဝင်မှုကြီးကြပ်ရေးဥပဒေ (INA) 213A နှင့် အမေရိကန် ပြည်ထောင်စုဥပဒေ-ပုဒ်မ 8 CFR 213a အရ၊ “Form I-864” (ထောက်ပံ့မှုကျမ်းကျိန်လွှာ) ကို Form I-130 / I-140 စသည့် “immigrant visa” လျှောက်ထား သည့်အခါ ပူးတွဲတင်ပြရန် လိုအပ်ပါနှင့်အတူ တင်ရလေ့ရှိပါတယ်။ အထူးသဖြင့် ဤပုံစံတင်ပြ ခြင်း ဟာ အမေရိကန်ပြည်ထောင်စု သို့ “immigratnt visa” ဖြင့် တရားဝင်အမြဲတမ်းအဖြစ် ရွှေ့ပြောင်းနေထိုင် လိုသူအား ၊ “တာဝန်ခံခေါ်ယူသည့် အမေရိ ကန်နိုင်ငံသား(သို့မဟုတ်) ဂရင်းကတ်ကိုင်ဆောင်သူ” မှာ လုံလောက်သော ဝင်ငွေ (သို့) ပိုင်ဆိုင်မှုရှိကြောင်း ဖော်ပြရတာ” ဖြစ်ပါတယ်။
*** အရေးကြီးသော အချက်အလက်များ ***
၎င်းလျှောက်လွှာများနှင့်အတူ ဤပုံစံ ကို တင်သွင်းပြီးသည်နှင့် တစ်ပြိုင်နက်၊ တာဝန်ခံခေါ်ယူသည့် အမေရိ ကန် နိုင်ငံသား(သို့မဟုတ်) ဂရင်းကတ်ကိုင်ဆောင်သူဟာ ၊ ၎င်းတာဝန်ခံခေါ်ယူပေးထားသည့် ပုဂ္ဂိုလ်ကို ၊ အမေရိကန်နိုင်ငံသား ဖြစ်လာသည်အထိ (သို့) Social Security Work Credits 40 (များသောအားဖြင့် ၁၀ နှစ်) ရရှိသည်အထိ တာဝန် ရှိသူဖြစ်လာကြောင်း သတိပြုရန်လိုအပ်ပါတယ်။ အထက်ဖော်ပြပါ ဥပဒေအရ၊ ၎င်း ခေါ်ယူပေးထားသည့် မိသားစုဝင် (သို့)ပုဂ္ဂိုလ်တစ်ဦးဦး ဟာ ဖက်ဒရယ် / ပြည်နယ် “Means-tested Public Benefits” များ ကို အကျိုးခံစားခွင့် / လျှောက်ထားခွင့် မရှိပါ။ USCIS ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ Federal “Means-tested Public Benefits” ဆိုတာ၊ ဥပမာအားဖြင့် Food stamps, Medicaid, Supplemental Security Income (SSI), Temporary Assistance for Needy Families (TANF), and the State Child Health Insurance Program (SCHIP) တွေ ဖြစ်ပါတယ်။
*** အဲဒီအကျိုးခံစားခွင့်တွေကို အသုံးပြုနေတယ်ဆိုတာ အစိုးရက နောက်ပိုင်းမှာ တွေ့ရှိခဲ့ရင် ဘာဆက်ဖြစ်နိုင်မလဲ? ***
အကယ်၍ ၎င်းခေါ်ယူပေးထားသည့် မိသားစုဝင် တစ်ဦးဦး ဟာ အထက်ဖော်ပြပါ “Means-tested Public Benefits” တစ်ခုခုကို ရရှိခံစားနေကြောင်း အစိုးရက နောက်ပိုင်းမှာ တွေ့ရှိခဲ့ ရင်၊ အထက်ဖော်ပြပါ ဥပဒေ ပုဒ်မ 8 CFR 213a အရ၊ ထိုအကျိုးခံစားခွင့်များ၏ ကုန်ကျစရိတ်အားလုံးကို ပြန်ပေးဆပ်ရန်တောင်းဆိုနိုင်ပါတယ်။ အထူးသဖြင့် ၊ အကျိုးခံစား ခွင့်များ၏ ကုန်ကျစရိတ်ကို ပြန်မပေးဆပ်ပါက တရားစွဲဆိုနိုင်ပါတယ်။
** ဒီ ပုံစံ, Form I-864 ကို ဘယ်သူတွေ တင်သွင်းဖို့ လိုအပ်ပါသလဲ? **
အထက်ဖော်ပြပါ ဥပဒေအရ၊ အောက်ပါပုဂ္ဂိုလ်များ အတွက် Form I-864 ကို တင်ပြရန် လိုအပ်ပါ တယ်။
• ခေါ် ယူသူ အမေရိကန်နိုင်ငံသား ၏ (မိဘများ၊ အိမ်ထောင်ဖက်များနှင့် အသက် ၂၁ နှစ်အောက် အိမ်ထောင်မရှိသော ကလေးများ)
• ဂရင်းကတ်ကိုင်ဆောင်သူ၏ အိမ်ထောင်ဖက် နှင့် အိမ်ထောင်မရှိသော သားသမီးများ (အသက်အရွယ်မရွေး)
• ခေါ် ယူသူ အမေရိကန်နိုင်ငံသား ၏ အရွယ်ရောက်ပြီးသော သားသမီးများ (အရွယ်ရောက်ပြီးသူ ဆိုသည်မှာ အသက် ၂၁ နှစ် သို့မဟုတ် ၂၁ နှစ် အထက်)
• ခေါ် ယူသူ အမေရိကန်နိုင်ငံသားများ၏ အိမ်ထောင်သည်သားသမီးများ၊ ၎င်းတို့၏ အိမ်ထောင်ဖက်များနှင့် လက်မထပ်ရသေးသော အရွယ်မရောက်သေးသော ကလေးများ
• ခေါ် ယူသူ အမေရိကန်နိုင်ငံသား ၏ ညီအစ်ကိုမောင်နှမများ
ဤဆောင်းပါးနှင့် ပတ်သက်၍ အသေးစိတ်အချက် အလက်များကို ၊ ယခင်ဖော်ပြခဲ့ပြီးဖြစ်သည့်အပြင် အောက်ပါ လင့်ခ်မှာလည်း ဖတ်ရှု နိုင်ပါတယ်။
https://www.ariyanimmigrationconsulting.org/blog-3-1/e6zw8nstkl3ttkl-kw64r-jp8ml-ml88x
**** အလုပ်နှင့်သက်ဆိုင်သော မေးခွန်းများအတွက် “CB” ကို အသုံးမပြုဘဲ ရုံးဖုန်းနံပါတ်သို့ ဆက်သွယ်ပါ။ ****
မှတ်ချက်**** စာရေးသူ သည် အမေရိကန် စစ်မှုထမ်းဟောင်း ၊ USCIS အရာရှိဟောင်းနှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေအကြံပေး တစ်ဦး ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးကိစ္စများနှင့် ပတ်သက်၍ လိုအပ်ပါက “Ariyan Immigration Consulting (AIC) ®” ထံ ၊ ဖုန်းနံပါတ် 531-530-7773 ဖြင့် ဆက်သွယ်နိုင်ပါသည်။ “AIC®” ရဲ့ ဝန်ဆောင်မှုအချက်အလက်များကို https://www.ariyanimmigrationconsulting.org/services တွင်လည်း ကြည့်ရှုနိုင်ပါတယ်။