American Immigration Consulting - AIC

Call Directions Website Contact the business

American Immigration Consulting - AIC We specialize in the U.S. immigration laws and will provide guidance and assistance to the clients to understand and navigate the complex process of U.S.

immigration systems.

We Can Help for U.S. Immigration Benefits If You Are Eligible Per Current U.S. Immigration Law.We specialize in:• Employ...
10/11/2026

We Can Help for U.S. Immigration Benefits If You Are Eligible Per Current U.S. Immigration Law.

We specialize in:
• Employment-Based (EB1; NIW; Labor Certification) Applications
• Family-Based Applications
• Religious-Based Applications
• Lawful Permanent Resident (Adjustment) Applications
• Variety of Employment Authorization Documents
• Inadmissibility and Re-admission Applications (Waivers)
• Immigrant Visas / U.S. Consulate Processing / Consular Issues
• Renewal / Replacement of Green Cards and Naturalization Certificates
• Naturalization (U.S. Citizenship) Applications
• Travel Documents and Other Non-Immigrant Visa Applications

Please contact AIC’s business phone number if you need help for the immigration matters.

American Immigration Consulting (AIC) ®
1227 Adams St, Lincoln, NE 68521
Email: [email protected]
https://www.aicservice.org/services
Tel: 531-530-7773
https://www.facebook.com/aicservice007
***** By Appointment Only *****

***** “လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လျှောက်လွှာတင်သွင်းထားစဉ် “ကလေး လျှောက်လွှာရှင်” ရဲ့ အသက် ၂၁ နှစ် ကျော်လွန်သွားခဲ့လျင်...
09/21/2026

***** “လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လျှောက်လွှာတင်သွင်းထားစဉ် “ကလေး လျှောက်လွှာရှင်” ရဲ့ အသက် ၂၁ နှစ် ကျော်လွန်သွားခဲ့လျင် ဘယ်လို ဖြစ်နိုင်ပါလဲ?” *****

အမေရိကန်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကျိုးခံစားခွင့်များအတွက်၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေ INA § 101(b)(1); 8 U.S.C. § 1101 အရ “ကလေး” (child) ဆိုသည်မှာ “အသက် ၂၁ နှစ်အောက် အိမ်ထောင်မရှိ သေးသူ” ကို ဆိုလိုပါတယ်။ ဤအခြေအနေမျိုးကို Form I-130/I-140 နှင့် I-360 စသည့် “immigrant visa” လျှောက်လွှာ များတွင် တွေ့မြင်နိုင်ပါတယ်။ယေဘုယျအားဖြင့်၊ ကလေး လျှောက်လွှာရှင် အတွက် “immigrant visa” လျှောက်ထားဆဲ ကာလအတွင်း(၎င်းတို့၏ လျှောက်လွှာကိုအတည်မပြုရသေးမီ) အသက် ၂၁ နှစ် ပြည့်သွားပါက၊ အမေရိကန် လူဝင်မှုကြီး ကြပ်ရေး ဥပဒေအရ “ကလေး” အဖြစ် သတ်မှတ်တော့မှာမဟုတ်တော့ပါ။ ဤအခြေအနေ ဖြစ်ပေါ်လာပါက၊ လျှောက် ထားသူ အနေဖြင့် လျှောက်လွှာအသစ် ထပ်မံတင်သွင်းရန် လိုအပ်နိုင်ပါတယ်။သို့မဟုတ် “immigrant” ဗီဇာရရှိရန် အရည် အချင်း မပြည့်မီနိုင်တော့သည့် အခြေအနေမျိုးဖြစ်သွားနိုင်ပါတယ်။

အမေရိကန်နိုင်ငံသား နှင့် ဂရင်းကတ် ကိုင်ဆောင်ထား သူများ ၏ မိသားစု ဝင်များအတွက် “immigrant visa” လျှောက်ထားခြင်း နှင့်ပတ်သက်၍ အသေးစိတ် အချက်အလက် များကို၊ ယခင် ပို့စ်များ မှာဖော်ပြခဲ့ပြီး ဖြစ်သည့်အပြင် အောက်ပါလင့်ခ်များမှာလည်း ဖတ်ရှု နိုင်ပါတယ်။
• https://www.ariyanimmigrationconsulting.org/blog-3-1/bpwf2c7a5t8fwfw-ykybs-j3ctw-nlpts-ez375-9lnll-leky9-spsme-3agsp-krw3p-xs94j-sf44y-tawyx-tztsf-2s7zn-z6by8-2zhrf-pbe53-z39ry
• https://www.ariyanimmigrationconsulting.org/blog-3-1/hr6uvuz0fb39hluqjl75o6uc3it0a3-ydzya-nnkkm-7afgr-3mzac-nlrf9-p753k-pfrsw-2995s-659hj-bt46k-me6xl-kl5sw-2ywex-a4y9c-x9yba-dxr6d-r95ns-yabmg
• https://www.ariyanimmigrationconsulting.org/blog-3-1/bpwf2c7a5t8fwfw-ykybs-j3ctw-nlpts-ez375-9lnll-leky9-spsme-3agsp-krw3p-xs94j-sf44y-tawyx-tztsf-2s7zn-z6by8-2zhrf-pbe53-z39ry-tz2z7-4lken-ddkfn

**** “Child Status Protection Act (CSPA)”ဆိုတာ ဘာလဲ?" ****

"Immigrant ဗီဇာ" အရေအတွက်ကို ဘဏ္ဍာရေးနှစ် အလိုက် ကန့်သတ်ထားသဖြင့်၊ ကလေးအများအပြားဟာ သတ်မှတ် အသက်အရွယ်ထက် ကျော်လွန်သွားမည့်အခြေအနေကို အမေရိကန်လွှတ်တော်က သတိပြုမိခဲ့ပြီး၊ ၂၀၀၂ ခုနှစ်၊ ဩဂုတ် လ ၆ ရက်နေ့တွင် Child Status Protection Act (CSPA) ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ သို့သော် ဤ ဥပဒေ က “ကလေး” ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြောင်းလဲခြင်းမရှိဘဲ၊ (လျှောက်ထားဆဲ အတွင်း) “ကလေး” ဟူသော သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိ/မရှိ ဆုံးဖြတ်နိုင်ရန်၊ ၎င်းတို့၏အသက်ကိုတွက်ချက်သည့် နည်းလမ်းတစ်ခုကိုသာပံ့ပိုးပေးထားခြင်း ဖြစ်ပါတယ်။ ဤအချက်ကြောင့် အချို့ သော“ကလေး” လျှောက်လွှာရှင်များဟာ၊ အသက် ၂၁ နှစ်ပြည့် ပြီးနောက်ပိုင်းတွင် လည်း “ကလေး” အဖြစ် ဆက်လက်သတ်မှတ်ခံရနိုင်ခြေရှိလာစေပါတယ်။ လျှောက်လွှာအမျိုးအစားအလိုက် တွက်ချက်မှုပုံစံ တွက်ချက်မှုပုံစံ မတူညီကြောင်း သတိပြုရမှာပါ။ ဒီအခြေအနေနဲ့ ကြုံတွေ့ ခဲ့ပါက၊ အတွေ့အကြုံ များစွာ ရှိတဲ့ ရှေ့နေ (သို့မဟုတ်) အမေရိကန်လူဝင်မှုကြီးကြပ်ရေးဥပဒေ အကြံပေးတွေ ရဲ့ အကူအညီတွေကို ရယူသင့်ပါ တယ်။

**** “CSPA (ဥပဒေ) အရ ဘယ်လို လူဝင်မှုကြီးကြပ်ရေး အမျိုးအစားများကို သက်ရောက်မှုရှိ နိုင်ပါလဲ?” ****

လက်ရှိ “CSPA” ဥပဒေ အရ၊ အောက်ပါပုဂ္ဂိုလ်များ (ကလေး လျှောက်လွှာရှင်များ) အတွက်သာ အကျုံးဝင်ပါတယ်။
• အမေရိကန်နိုင်ငံသား မိသားစုဝင်များ (Immediate relatives)
• ဂရင်းကတ်ကိုင်ဆောင်သူ၏ မိသားစုမှတစ်ဆင့် (Family-sponsored preference) အဓိကလျှောက်ထားသူ များ နှင့် ၎င်းတို့မှတစ်ဆင့် အကျိုးခံစားခွင့်ရရှိသူများ (derivative applicants)
• အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ (VAWA) အရ မိမိကိုယ်တိုင် လျှောက်ထားသူများနှင့် ၎င်းတို့မှတစ်ဆင့် အကျိုးခံစားခွင့်ရရှိသူများ၊
အလုပ်အကိုင်အခြေခံ ဦးစားပေးအဆင့် (Employment-based preference) ရှိ လျှောက်ထားသူများမှတစ်ဆင့် အကျိုးခံစားခွင့်ရရှိသူများ၊
• (DV) ဗီဇာလျှောက်ထားသူများမှတစ်ဆင့် အကျိုးခံစားခွင့်ရရှိသူများ၊
• ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူမှတစ်ဆင့် အကျိုးခံစားခွင့်ရရှိသူများ (Derivative refugees)၊ နှင့်
• နိုင်ငံရေးခိုလှုံခွင့်ရရှိသူမှတစ်ဆင့် အကျိုးခံစားခွင့်ရရှိသူများ (Derivative asylees)
သတိပြုရမှာက၊ ၂၀၀၂ ခုနှစ်၊ ဩဂုတ် လ ၆ ရက်နေ့ (သို့မဟုတ်) ထိုနေ့ရက်နောက်ပိုင်းတွင် လျှောက်ထားခဲ့သည့် လျှောက်လွှာရှင်များသာ CSPA ဥပဒေ အရ အကျုံးဝင်နိုင်ပါတယ်။

ဤဆောင်းပါးနှင့်ပတ်သက်၍ အသေးစိတ်အချက် အလက်များကို အောက်ပါလင့်ခ် မှာလည်း ဖတ်ရှု နိုင်ပါတယ်။
https://www.aicservice.org/blog-3-1/e6zw8nstkl3ttkl-kw64r-jp8ml-ml88x-e7at3-72ejr-86w6f-d3794-htlew-zefpf-626h6-amwph

အလုပ်နှင့်သက်ဆိုင်သော မေးခွန်းများအတွက် “CB” ကို အသုံးမပြုဘဲ ရုံးဖုန်းနံပါတ်သို့ ဆက်သွယ်ပါ။

မှတ်ချက်**** စာရေးသူ သည် အမေရိကန် စစ်မှုထမ်းဟောင်း ၊ USCIS အရာရှိဟောင်းနှင့် အမေရိကန် လူဝင်မှုကြီးကြပ်ရေး ဥပဒေအကြံပေး တစ်ဦး ဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးကိစ္စများနှင့် ပတ်သက်၍ လိုအပ်ပါက “American Immigration Consulting (AIC) ®” ထံ ၊ ဖုန်းနံပါတ် 531-530-7773 ဖြင့် ဆက်သွယ်နိုင်ပါသည်။ “AIC®” ရဲ့ ဝန်ဆောင်မှုအချက် အလက်များကို https://www.aicservice.org/services တွင်လည်း ကြည့်ရှုနိုင်ပါတယ်။

***** Notification Announcement *****To promote our business more efficiently, our business has renamed and registered a...
09/19/2026

***** Notification Announcement *****

To promote our business more efficiently, our business has renamed and registered as a trade name of “American Immigration Consulting (AIC)” effective July 16, 2026. Please use the updated business website and its email accordingly effective today. However, we are the owner of original business name of “Ariyan Immigration Consulting (AIC)®” and it has also registered as a business name per Neb. Rev. Stat. § 21.117.

Thank you for choosing our service.
American Immigration Consulting (AIC)®
1227 Adams St, Lincoln, NE 68521
Email: [email protected]
https://www.aicservice.org/
Tel: 531-530-7773
“By Appointment Only”

***********************************************************************
***** “အသိပေးကြေညာချက်” *****

ကျွန်ုပ်တို့၏ လုပ်ငန်းကို ပိုမိုထိရောက်စွာ မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှစ၍ လုပ်ငန်းအမည်သစ်ဖြစ်သော “American Immigration Consulting (AIC) ®” အဖြစ် ပြောင်းလဲသတ်မှတ်ပြီး မှတ်ပုံတင်ထားပါသည်။ ယနေ့မှစတင်၍ လုပ်ငန်း၏ ဝဘ်ဆိုက်အသစ်နှင့် အီးမေးလ်လိပ်စာတို့ကို အသုံးပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ သို့သော်လည်း ကျွန်ုပ်တို့သည် မူလလုပ်ငန်းအမည်ဖြစ်သော “Ariyan Immigration Consulting (AIC)®” ၏ ပိုင်ရှင်ဖြစ်ပြီး၊ အဆိုပါအမည်ကိုလည်း Neb. Rev. Stat. § 21.117 အရ လုပ်ငန်းအမည်တစ်ခုအဖြစ် မှတ်ပုံတင်ထားပြီး ဖြစ်ပါသည်။ (AIC)® ၏ ဝန်ဆောင်မှုကို ရွေးချယ်အားပေးသည့်အတွက် ကျေးဇူးတင်ရှိပါသည်။
လေးစားစွာဖြင့်
American Immigration Consulting (AIC)®
1227 Adams St, Lincoln, NE 68521
Email: [email protected]
https://www.aicservice.org/
Tel: 531-530-7773
“By Appointment Only”

***** “Ariyan Immigration Consulting AIC ®” မှ  အမေရိကန်လူဝင်မှုကြီးကြပ်ရေး အကျိုးခံစားခွင့် အမျိုးမျိုး အတွက် လက်ရှိခွင...
09/12/2026

***** “Ariyan Immigration Consulting AIC ®” မှ အမေရိကန်လူဝင်မှုကြီးကြပ်ရေး အကျိုးခံစားခွင့် အမျိုးမျိုး အတွက် လက်ရှိခွင့်ပြုထားတဲ့ ဥပဒေကြောင်း အရ ကူညီပေးနိုင်ပါတယ်။ *****
အထူးသဖြင့် (R-1 ဗီဇာရရှိပြီးနောက်) I-360 (SD6) အတည်ပြုချက်ရရှိထားသော်လည်း ဦးစားပေးရက် မရောက်ရှိသေးသဖြင့် အခက်အခဲ ဖြစ်နေသူများ ၊ ဂရင်းကတ်ရရှိပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် မိမိနိုင်ငံသို့ အပြီးအပိုင် ပြန်လည်ရွှေ့ပြောင်းသွားပြီး ၊ ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် ပြန်လည်နေထိုင်လိုပါက ကူညီပေးနိုင်ပါတယ်။

*** “AIC®” မှ အဓိက ဝန်ဆောင်မှုပေးနိုင်သော ကိစ္စများ ***
• မိသားစု အခြေပြု လူဝင်မှုကြီးကြပ်ရေး ကိစ္စများ
• အလုပ်အကိုင် အခြေပြု လူဝင်မှုကြီးကြပ်ရေး ကိစ္စများ
• သာသနာပြု လူဝင်မှုကြီးကြပ်ရေး ကိစ္စများ
• Green Card / Naturalization စာရွက်စာတမ်းမူရင်း (အစားထိုး နှင့် ပျောက်ဆုံး) လျှောက်ထားခြင်း ကိစ္စများ
• Green Card / နိုင်ငံသားဖြစ်ခွင့်ကို ရုပ်သိမ်းရန် ရင်ဆိုင်နေရခြင်း ကိစ္စများ
• EAD စာရွက်စာတမ်းမူရင်း (အစားထိုး နှင့် ပျောက်ဆုံး)လျှောက်ထားခြင်း
• ပြည်ခွင့်မပြု (သို့မဟုတ်) ပြည်နှင်ဒဏ်နှင့် ရင်ဆိုင်နေရခြင်း ကိစ္စများ
• Travel Document နှင့် Immigrant / Non-Immigrant ဗီဇာ အမျိုးမျိုး

အမေရိကန်ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးကိစ္စများနှင့် ပတ်သက်၍ လိုအပ်ပါက “Ariyan Immigration Consulting (AIC) ®” ထံ ၊ ဖုန်းနံပါတ် 531-530-7773 ဖြင့် ဆက်သွယ်နိုင်ပါသည်။ “AIC®” ရဲ့ ဝန်ဆောင်မှုအချက် အလက်များကို https://www.ariyanimmigrationconsulting.org/services တွင်လည်း ကြည့်ရှုနိုင် ပါတယ်။

အလုပ်နှင့်သက်ဆိုင်သော မေးခွန်းများအတွက် “CB” ကို အသုံးမပြုဘဲ ရုံးဖုန်းနံပါတ်သို့ ဆက်သွယ်ပါ။

***** “ အမေရိကန် ဗီဇာငြင်းပယ်ခံရနိုင်တဲ့ အကြောင်းရင်းတွေထဲက တစ်ခု ” *****ယေဘုယျအားဖြင့် အမေရိကန်သို့ လာရောက်လည်ပတ်လိုသော...
09/06/2026

***** “ အမေရိကန် ဗီဇာငြင်းပယ်ခံရနိုင်တဲ့ အကြောင်းရင်းတွေထဲက တစ်ခု ” *****
ယေဘုယျအားဖြင့် အမေရိကန်သို့ လာရောက်လည်ပတ်လိုသော မည်သည့်နိုင်ငံခြားသားမဆို ၊ အမေ ရိကန်သို့ ဝင်ရောက်ခြင်းမပြုမီ ဗီဇာ တစ်ခုခု ရှိရမှာဖြစ်ပါတယ်။ ဗီဇာမထုတ်ပေးနိုင်(ငြင်းပယ်ခံရနိုင် ) တဲ့၊ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဗီဇာ ငြင်းပယ်ခံရမှုတိုင်းမှာ ဘာကြောင့် ငြင်းပယ်ခဲ့ရ တာလဲဆိုသည့် အကြောင်းအရင်း ဖော်ပြပါ ရှိပါတယ်။ အကယ်၍ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ INA 212(a)(4) ကြောင့် ငြင်းဆိုခံရဖူးပါက၊ လျှောက်ထားသူ မှာ အမေရိကန်တွင် နေထိုင်ဖို့လုံလောက် တဲ့ ငွေကြေးမရှိဘူးလို့ ဆုံးဖြတ်တဲ့အတွက် ကြောင့်ဖြစ်ပါတယ်။

**** အမေရိကန်လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ “INA 212(a)(4)” ဘာကြောင့် အရေးကြီးတာလဲ? ****

အမေရိကန်လူဝင်မှုကြီးကြပ်ရေးဥပဒေ (INA) 213A နှင့် အမေရိကန် ပြည်ထောင်စုဥပဒေ-ပုဒ်မ 8 CFR 213a အရ၊ ယေဘုယျ အားဖြင့် နိုင်ငံခြားသားတစ်ဦး “Immigrant Visa” လျှောက်ထားလျှင် ၊ အမေရိကန် လျှောက်ထားသူ (U.S. petitioner) က ၊ “Form I-864” (ထောက်ပံ့မှုကျမ်းကျိန်လွှာ) တင်သွင်းရန် လိုအပ်ပါတယ်။ ဤစာရွက်စာတမ်းများကို Form I-130, I-140, I-360 ကဲ့သို့သော Immigrant Visa Application နှင့်အတူ တင်ရလေ့ရှိပါတယ်။ အထူးသဖြင့် ဤပုံစံတင်ပြခြင်း ဟာ “အမေရိကန် ပြည် ထောင်စုသို့ တရားဝင်အမြဲတမ်းအဖြစ် ရွှေ့ပြောင်းနေထိုင်လိုသူအား ထောက်ပံ့ရန် “အမေရိကန် လျှောက်ထားသူ” မှာ လုံလောက်တဲ့ ဝင်ငွေ (သို့) ပိုင်ဆိုင်မှု ရှိကြောင်း ဖော်ပြတာ” ဖြစ်ပါတယ်။ အကယ်၍ လုံလောက်သော စာရွက်စာတမ်းများကို မတင်ပြပါက၊ INA 212(a)(4) အရ ဗီဇာ ငြင်းပယ်ခံရနိုင်ပါတယ်။ “Form I-864, Affidavit of Support,” တင်ရခြင်းနှင့် ပတ်သက်၍ အသေးစိတ် အချက် အလက်များကို ၊ ယခင် ဖော်ပြခဲ့ပြီးဖြစ်သည့်အပြင် အောက်ပါ လင့်ခ်မှာလည်း ဖတ်ရှု နိုင်ပါတယ်။
https://www.ariyanimmigrationconsulting.org/blog-3-1/e6zw8nstkl3ttkl-kw64r-jp8ml-ml88x

*** “INA 212(a)(4)” ကြောင့် ဗီဇာငြင်းပယ်ခဲ့ရဖူးလျှင် ပြန်လည်လျှောက်ထားနိုင်ပါသလား? ***

“Immigrant Visa” လျှောက်ထားသူသည် အခြားသော ငွေကြေးပံ့ပိုးနိုင်သည့် သူငယ်ချင်း/ဆွေမျိုးများ ထံမှ၊ ငွေကြေး ပံ့ပိုးကူညီမှုအထောက်အထား (joint financial sponsorships) ကို တင်ပြပြီး၊ ပြန်လည် လျှောက်ထားနိုင်ခွင့်ရှိပါတယ်။ လုံလောက်သောစာရွက် စာတမ်း များကို တင်ပြပြီးပါက၊ ဗီဇာအရာရှိ သည် ပုဒ်မ INA 212(a)(4) အရ နောက်ထပ် တင်သွင်းထားသော အထောက်အထားများကို ပြန်လည် သုံးသပ် ဆုံးဖြတ်မှာဖြစ်ပါတယ်။ သို့သော် အချို့သော “Immigrant Visa” အမျိုးအစားများအတွက် ဤစာရွက်စာတမ်းများ တင်ပြရန်မလိုအပ်ပါ။ ဥပမာ- Employment based petitions လျှောက်ထားသူ အများစုနှင့် DV-ဗီဇာ လျှောက်ထားသူများ။ ဒီအခြေအနေနဲ့ ကြုံတွေ့ ခဲ့ပါက၊ အတွေ့အကြုံများစွာရှိ တဲ့ ရှေ့နေ (သို့မဟုတ်) အမေရိကန်လူဝင်မှုကြီးကြပ်ရေးဥပဒေ အကြံပေးတွေ ရဲ့ အကူအညီတွေကို ရယူသင့်ပါတယ်။ ဤဆောင်းပါးနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို အောက်ပါလင့်ခ် မှာလည်း ဖတ်ရှု နိုင်ပါတယ်။
https://www.ariyanimmigrationconsulting.org/blog-3-1/bpwf2c7a5t8fwfw-ykybs-j3ctw-nlpts-ez375-9lnll-leky9-spsme

*** အလုပ်နှင့်သက်ဆိုင်သော မေးခွန်းများအတွက် “CB” ကို အသုံးမပြုဘဲ ရုံးဖုန်းနံပါတ်သို့ ဆက်သွယ်ပါ။ ***

မှတ်ချက်**** စာရေးသူ သည် အမေရိကန် စစ်မှုထမ်းဟောင်း ၊ USCIS အရာရှိဟောင်းနှင့် အမေရိကန် လူဝင်မှုကြီးကြပ်ရေး ဥပဒေအကြံပေး တစ်ဦး ဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးကိစ္စများနှင့် ပတ်သက်၍ လိုအပ်ပါက “Ariyan Immigration Consulting (AIC) ®” ထံ ၊ ဖုန်းနံပါတ် 531-530-7773 ဖြင့် ဆက်သွယ်နိုင်ပါသည်။ “AIC®” ရဲ့ ဝန်ဆောင်မှုအချက်အလက်များကို https://www.ariyanimmigrationconsulting.org/services တွင်လည်း ကြည့်ရှုနိုင်ပါတယ်။

*** “ဘာကြောင့် Form I-864, Affidavit of Support, တင်ရတာလဲ?” ***အမေရိကန်လူဝင်မှုကြီးကြပ်ရေးဥပဒေ (INA) 213A နှင့် အမေရိကန်...
08/30/2026

*** “ဘာကြောင့် Form I-864, Affidavit of Support, တင်ရတာလဲ?” ***

အမေရိကန်လူဝင်မှုကြီးကြပ်ရေးဥပဒေ (INA) 213A နှင့် အမေရိကန် ပြည်ထောင်စုဥပဒေ-ပုဒ်မ 8 CFR 213a အရ၊ “Form I-864” (ထောက်ပံ့မှုကျမ်းကျိန်လွှာ) ကို Form I-130 / I-140 စသည့် “immigrant visa” လျှောက်ထား သည့်အခါ ပူးတွဲတင်ပြရန် လိုအပ်ပါနှင့်အတူ တင်ရလေ့ရှိပါတယ်။ အထူးသဖြင့် ဤပုံစံတင်ပြ ခြင်း ဟာ အမေရိကန်ပြည်ထောင်စု သို့ “immigratnt visa” ဖြင့် တရားဝင်အမြဲတမ်းအဖြစ် ရွှေ့ပြောင်းနေထိုင် လိုသူအား ၊ “တာဝန်ခံခေါ်ယူသည့် အမေရိ ကန်နိုင်ငံသား(သို့မဟုတ်) ဂရင်းကတ်ကိုင်ဆောင်သူ” မှာ လုံလောက်သော ဝင်ငွေ (သို့) ပိုင်ဆိုင်မှုရှိကြောင်း ဖော်ပြရတာ” ဖြစ်ပါတယ်။

*** အရေးကြီးသော အချက်အလက်များ ***

၎င်းလျှောက်လွှာများနှင့်အတူ ဤပုံစံ ကို တင်သွင်းပြီးသည်နှင့် တစ်ပြိုင်နက်၊ တာဝန်ခံခေါ်ယူသည့် အမေရိ ကန် နိုင်ငံသား(သို့မဟုတ်) ဂရင်းကတ်ကိုင်ဆောင်သူဟာ ၊ ၎င်းတာဝန်ခံခေါ်ယူပေးထားသည့် ပုဂ္ဂိုလ်ကို ၊ အမေရိကန်နိုင်ငံသား ဖြစ်လာသည်အထိ (သို့) Social Security Work Credits 40 (များသောအားဖြင့် ၁၀ နှစ်) ရရှိသည်အထိ တာဝန် ရှိသူဖြစ်လာကြောင်း သတိပြုရန်လိုအပ်ပါတယ်။ အထက်ဖော်ပြပါ ဥပဒေအရ၊ ၎င်း ခေါ်ယူပေးထားသည့် မိသားစုဝင် (သို့)ပုဂ္ဂိုလ်တစ်ဦးဦး ဟာ ဖက်ဒရယ် / ပြည်နယ် “Means-tested Public Benefits” များ ကို အကျိုးခံစားခွင့် / လျှောက်ထားခွင့် မရှိပါ။ USCIS ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ Federal “Means-tested Public Benefits” ဆိုတာ၊ ဥပမာအားဖြင့် Food stamps, Medicaid, Supplemental Security Income (SSI), Temporary Assistance for Needy Families (TANF), and the State Child Health Insurance Program (SCHIP) တွေ ဖြစ်ပါတယ်။

*** အဲဒီအကျိုးခံစားခွင့်တွေကို အသုံးပြုနေတယ်ဆိုတာ အစိုးရက နောက်ပိုင်းမှာ တွေ့ရှိခဲ့ရင် ဘာဆက်ဖြစ်နိုင်မလဲ? ***

အကယ်၍ ၎င်းခေါ်ယူပေးထားသည့် မိသားစုဝင် တစ်ဦးဦး ဟာ အထက်ဖော်ပြပါ “Means-tested Public Benefits” တစ်ခုခုကို ရရှိခံစားနေကြောင်း အစိုးရက နောက်ပိုင်းမှာ တွေ့ရှိခဲ့ ရင်၊ အထက်ဖော်ပြပါ ဥပဒေ ပုဒ်မ 8 CFR 213a အရ၊ ထိုအကျိုးခံစားခွင့်များ၏ ကုန်ကျစရိတ်အားလုံးကို ပြန်ပေးဆပ်ရန်တောင်းဆိုနိုင်ပါတယ်။ အထူးသဖြင့် ၊ အကျိုးခံစား ခွင့်များ၏ ကုန်ကျစရိတ်ကို ပြန်မပေးဆပ်ပါက တရားစွဲဆိုနိုင်ပါတယ်။

** ဒီ ပုံစံ, Form I-864 ကို ဘယ်သူတွေ တင်သွင်းဖို့ လိုအပ်ပါသလဲ? **

အထက်ဖော်ပြပါ ဥပဒေအရ၊ အောက်ပါပုဂ္ဂိုလ်များ အတွက် Form I-864 ကို တင်ပြရန် လိုအပ်ပါ တယ်။
• ခေါ် ယူသူ အမေရိကန်နိုင်ငံသား ၏ (မိဘများ၊ အိမ်ထောင်ဖက်များနှင့် အသက် ၂၁ နှစ်အောက် အိမ်ထောင်မရှိသော ကလေးများ)
• ဂရင်းကတ်ကိုင်ဆောင်သူ၏ အိမ်ထောင်ဖက် နှင့် အိမ်ထောင်မရှိသော သားသမီးများ (အသက်အရွယ်မရွေး)
• ခေါ် ယူသူ အမေရိကန်နိုင်ငံသား ၏ အရွယ်ရောက်ပြီးသော သားသမီးများ (အရွယ်ရောက်ပြီးသူ ဆိုသည်မှာ အသက် ၂၁ နှစ် သို့မဟုတ် ၂၁ နှစ် အထက်)
• ခေါ် ယူသူ အမေရိကန်နိုင်ငံသားများ၏ အိမ်ထောင်သည်သားသမီးများ၊ ၎င်းတို့၏ အိမ်ထောင်ဖက်များနှင့် လက်မထပ်ရသေးသော အရွယ်မရောက်သေးသော ကလေးများ
• ခေါ် ယူသူ အမေရိကန်နိုင်ငံသား ၏ ညီအစ်ကိုမောင်နှမများ

ဤဆောင်းပါးနှင့် ပတ်သက်၍ အသေးစိတ်အချက် အလက်များကို ၊ ယခင်ဖော်ပြခဲ့ပြီးဖြစ်သည့်အပြင် အောက်ပါ လင့်ခ်မှာလည်း ဖတ်ရှု နိုင်ပါတယ်။
https://www.ariyanimmigrationconsulting.org/blog-3-1/e6zw8nstkl3ttkl-kw64r-jp8ml-ml88x

**** အလုပ်နှင့်သက်ဆိုင်သော မေးခွန်းများအတွက် “CB” ကို အသုံးမပြုဘဲ ရုံးဖုန်းနံပါတ်သို့ ဆက်သွယ်ပါ။ ****

မှတ်ချက်**** စာရေးသူ သည် အမေရိကန် စစ်မှုထမ်းဟောင်း ၊ USCIS အရာရှိဟောင်းနှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေအကြံပေး တစ်ဦး ဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးကိစ္စများနှင့် ပတ်သက်၍ လိုအပ်ပါက “Ariyan Immigration Consulting (AIC) ®” ထံ ၊ ဖုန်းနံပါတ် 531-530-7773 ဖြင့် ဆက်သွယ်နိုင်ပါသည်။ “AIC®” ရဲ့ ဝန်ဆောင်မှုအချက်အလက်များကို https://www.ariyanimmigrationconsulting.org/services တွင်လည်း ကြည့်ရှုနိုင်ပါတယ်။

We Can Help for U.S. Immigration Benefits If You Are Eligible Per Current U.S. Immigration Law.If you retuned to your co...
08/20/2026

We Can Help for U.S. Immigration Benefits If You Are Eligible Per Current U.S. Immigration Law.

If you retuned to your country permanently for several reasons after receiving green card, and you now want to reside back in the United States, we can help.

We specialize in:
• Employment-Based (EB1; NIW; Labor Certification) Applications
• Family-Based Applications
• Religious-Based Applications
• Lawful Permanent Resident (Adjustment) Applications
• Variety of Employment Authorization Documents
• Inadmissibility and Re-admission Applications (Waivers)
• Immigrant Visas / U.S. Consulate Processing / Consular Issues
• Renewal / Replacement of Green Cards and Naturalization Certificates
• Naturalization (U.S. Citizenship) Applications
• Travel Documents and Other Non-Immigrant Visa Applications

Please contact AIC’s business phone number if you need help for immigration matters.

Ariyan Immigration Consulting (AIC) ®
1227 Adams St, Lincoln, NE 68521
Email: [email protected]
https://www.ariyanimmigrationconsulting.org/
Tel: 531-530-7773
By Appointment Only

***** "အလုပ်အကိုင်မှတစ်ဆင့် “Immigrant” ဗီဇာ လျှောက်ထားနိုင်သည့် အခွင့်အလမ်းများ" *****ဒီ ဗီဇာ အမျိုးအစား ဟာ  အမေရိကန် ဖ...
08/14/2026

***** "အလုပ်အကိုင်မှတစ်ဆင့် “Immigrant” ဗီဇာ လျှောက်ထားနိုင်သည့် အခွင့်အလမ်းများ" *****

ဒီ ဗီဇာ အမျိုးအစား ဟာ အမေရိကန် ဖက်ဒရယ်အက်ဥပဒေ ပုဒ်မ 8 CFR § 204.5 အရ ခွင့်ပြုထားတဲ့ “Immigrant” ဗီဇာ အမျိုးအစားတစ်ခု ဖြစ်ပြီး၊ အလုပ်အကိုင်မှတစ်ဆင့် ရရှိနိုင်တဲ့ သီးသန့် ဗီဇာ အမျိုးအစား ဖြစ်ပါတယ်။ လက်ရှိ အမေ ရိကန်မှာ ရှိနေ တဲ့ အရည်အချင်းပြည့်မီသူတွေအနေနဲ့ ၊ သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီရင် ၊ အချိန်ကာလ တစ်ခုခုမှာ ၊ ဒီဗီဇာကို ရနိုင်ခွင့်ရှိပါတယ်။ “Employment Based (EB) ဗီဇာ” လို့လည်းသိကြပါတယ်။ ယေဘုယျအားဖြင့် အမေရိကန်အလုပ်ရှင်ဟာ (ပြည်ပမှာ ဒါမှမဟုတ် အမေရိကန်မှာရှိနေတဲ့) သူတို့ရဲ့ အလားအလာ ရှိတဲ့ ဝန်ထမ်းတွေအတွက် ၊ အလုပ်သမားဝန်ကြီး ဌာနနဲ့ USCIS မှတစ်ဆင့် လျှောက်လွှာတင်သွင်းရမှာဖြစ်ပါတယ်။

*** " ဒီလိုအလုပ်မျိုးတွေကို ဘယ်လိုရှာဖွေရမလဲ? " ***

သတိပြုရမှာက မိမိတို့ကိုယ်တိုင် လျှောက်လွှာတင်ခွင့်မရှိဘဲ၊ အမေရိကန်အလုပ်ရှင်ကတစ်ဆင့် သာလျင် ၊ လျှောက်ထားရ မှာ ဖြစ်ပါတယ်။ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေ ပါဝင်ပတ်သက်တဲ့ အဆင့်တွေ အများကြီးရှိပေမယ့် ၊လုပ်ငန်းစဉ်တိုင်းကို ချော မွေ့အောင် ကူညီပေး နိုင်ပါတယ်။ သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့သူတိုင်း ၊ အလုပ်ရှင်ကတစ်ဆင့် လျှောက် ထား နိုင်ပါတယ်။ ပထမဆုံးလုပ်သင့်တာက အလုပ်လျှောက် ရမှာပါ ။ ဥပမာအနေနဲ့ - အောက်ပါ လင့်ခ်များ မှလည်း ဒီဗီဇာ အမျိုးအစားကို ခေါ်တဲ့ အလုပ်များကို ရှာဖွေနိုင်ပါတယ်။
• https://www.ziprecruiter.com
• https://www/indeed.com
• https://www.glassdoor.com

*** " (EB) ဗီဇာ အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ? " ***

ယေဘုယျအားဖြင့် “EB” ဗီဇာအမျိုးအစားခုနစ်မျိုးရှိပါတယ်။ ဘဏ္ဍာနှစ်အလိုက် ဗီဇာ အရေအတွက်ကန့်သတ်ထားသဖြင့် ဗီဇာရဖို့ သိပ်မခက်ပေမယ့်ယှဉ်ပြိုင်မှုတွေ (job competitions) ရှိနိုင်ပါတယ်။ အားသာချက်တစ်ခုကတော့ ၊ အကယ်၍ ဗီဇာ ရရှိပြီးပါက လျှောက်ထားသူ၏ မိသားစုဝင်များလည်း ၊ လျှောက်ထားသူနှင့်အတူ အမေရိကန်မှာအမြဲတမ်းနေထိုင်ခွင့်ရ ရှိ နိုင်ပါတယ်။ သို့သော်၊ ဒီဗီဇာအမျိုးအစား အားလုံးဟာ အမေရိကန်အလုပ်ရှင်ရဲ့ (ကတစ်ဆင့်) လျှောက်ထားရန် မလိုအပ်ပါ။ အချိန်ရရင် နောက်ပို့စ်တွေမှာ အခြား “EB” ဗီဇာအမျိုးအစားတွေကို ဆွေးနွေးပေးပါမယ်။ အခု ဒီပို့စ်မှာ တော့ “EB32” ဗီဇာအမျိုးအစားကို တင်ပြပါမယ်။

*** “EB-32” ဗီဇာ (အမေရိကန်အလုပ်ရှင်ကတစ်ဆင့် ၊ လျှောက်ထားရတဲ့ဗီဇာအမျိုးအစား) ***

အမေရိကန် သို့မဟုတ် ပြည်ပတွင် နေထိုင်သော အရည်အချင်းပြည့်မီသူတိုင်း ဒီဗီဇာအမျိုးအစားကို လျှောက်ထား နိုင်ပါ တယ်။ ယေဘုယျအားဖြင့် အနည်းဆုံး “Professional” ဘွဲ့တစ်ခုခုရရှိထားခဲ့ရင် ဒီအလုပ်အကိုင်အမျိုးအစားအတွက် အလွယ်တကူကိုက်ညီနိုင်ပြီး ၊ အလုပ်ရှင်က ဗီဇာလျှောက်ပေးနိုင်ပါတယ်။အမေရိကန် အလုပ်သမားဝန်ကြီးဌာနရဲ့ မူဝါဒအရအသက်အရွယ်ကန့်သတ်ချက်မရှိပါဘူး။ တခြားဘွဲ့ရရှိထားသူတွေလည်း ကြိုးစားခွင့်ရှိပါတယ်။ ဒါပေမယ့် ၊ အမေရိကန် အလုပ်ရှင် ရဲ့ အင်တာဗျူးကိုလည်း အောင်မြင်ဖို့လိုအပ်သလို၊ အမေရိကန် အလုပ်သမားဝန်ကြီးဌာနရဲ့ စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့လိုအပ်ပါတယ်။

*** "အမေရိကန် အလုပ်သမားဝန်ကြီးဌာနရဲ့ စံသတ်မှတ်ချက်များ" ***

အမေရိကန်ဖက်ဒရယ်အက်ဥပဒေ ပုဒ်မ 20 CFR § Part 656 အရ ၊ ဒီဗီဇာ လျှောက်ထားခြင်းမပြုမီ “Labor Certificate - LC” ဟာ အတည်ပြုပြီး တရားဝင် ဖြစ်နေရမှာပါ။ “LC” ဆိုတာ “အရည်အချင်းပြည့်မီတဲ့ အမေရိကန်လုပ်သားများ မလုံလောက်/အစားထိုးဖို့ခက်ခဲတဲ့ အလုပ်အကိုင်တွေအတွက် ၊ နိုင်ငံခြားသားအလုပ်သမားတွေကို ၊ အလုပ်သမားဝန် ကြီးဌာနက ထုတ်ပေးတဲ့ အလွန်အရေးကြီးတဲ့ စာရွက်စာတမ်းတစ်ခု” ပါ။ ဒီဗီဇာအမျိုးအစားကို လျှောက်ထားသည့် အခါ ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။ အကယ်၍ “Labor Certificate” မပါဘဲ လျှောက်ထားခဲ့ရင်တော့ ၊ USCIS က “Denied” လုပ်မှာပါ။

ဤဆောင်းပါးနှင့် ပတ်သက်၍ အသေးစိတ်အချက် အလက်များကို ၊ ယခင် ဖော်ပြခဲ့ပြီးဖြစ်သည့် အပြင် အောက်ပါ လင့်ခ်မှာလည်း ဖတ်ရှု နိုင်ပါတယ်။

https://www.ariyanimmigrationconsulting.org/blog-3-1/bpwf2c7a5t8fwfw-ykybs-j3ctw-nlpts-ez375-9lnll-leky9-spsme-3agsp-krw3p-xs94j-sf44y-tawyx-tztsf-2s7zn-z6by8-2zhrf-pbe53-z39ry-tz2z7-4lken-ddkfn-gfchz-tcbj4

အလုပ်နှင့်သက်ဆိုင်သော မေးခွန်းများအတွက် “CB” ကို အသုံးမပြုဘဲ ရုံးဖုန်းနံပါတ်သို့ ဆက်သွယ်ပါ။

မှတ်ချက်**** စာရေးသူ သည် အမေရိကန် စစ်မှုထမ်းဟောင်း ၊ USCIS အရာရှိဟောင်းနှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေအကြံပေး တစ်ဦး ဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးကိစ္စများနှင့် ပတ်သက်၍ လိုအပ်ပါက “Ariyan Immigration Consulting (AIC) ®” ထံ ၊ ဖုန်းနံပါတ် 531-530-7773 ဖြင့် ဆက်သွယ်နိုင်ပါသည်။ “AIC®” ရဲ့ ဝန်ဆောင်မှုအချက်အလက်များကို https://www.ariyanimmigrationconsulting.org/services တွင်လည်း ကြည့်ရှုနိုင်ပါတယ်။

*** “လက်ရှိ ခိုလှုံခွင့်လျှောက်လွှာများ နှင့် USCIS ၏ စည်းမျဉ်း / မူဝါဒအပြောင်းအလဲများ” ***ယေဘုယျအားဖြင့်၊ခိုလှုံခွင့်လျ...
07/28/2026

*** “လက်ရှိ ခိုလှုံခွင့်လျှောက်လွှာများ နှင့် USCIS ၏ စည်းမျဉ်း / မူဝါဒအပြောင်းအလဲများ” ***

ယေဘုယျအားဖြင့်၊ခိုလှုံခွင့်လျှောက်ထားလိုသူသည်၊အမေရိကန်ပြည်ထောင်စုတွင် လက်ရှိနေထိုင်သူဖြစ်ပြီး အမေရိကန်နိုင်ငံ သားမဟုတ်ပါက၊လျှောက်ထားခွင့်ရှိပါတယ်။လျှောက်ထားလိုသူရဲ့ဖြစ်ရပ်မှန်များကိုအခြေခံ၍လျှောက်ထားရမှာပါ။အမေရိကန်သို့ရောက်ရှိပြီး၊၁-နှစ်အတွင်းခိုလှုံခွင့်လျှောက်ထားရမှာဖြစ်ပါတယ်။ အကယ်၍ တစ်နှစ် ကျော်လွန်ပြီးမှ လျှောက်ထား ပါ က၊ဘာကြောင့်ပျက်ကွက်ခဲ့ကြောင်း၊အသေးစိတ်ရှင်းပြရမှာဖြစ်ပါတယ်။ ခိုလှုံခွင့် လျှောက်ထားခြင်း နှင့် ပတ်သက်၍၊အသေး စိတ်အချက်အလက်များကို ယခင်ပို့စ်များမှာ ဖော်ပြခဲ့ပြီး ဖြစ်သလို အောက်ပါလင့်ခ် များမှာ လည်း ဖတ်ရှုနိုင်ပါတယ်။
• https://www.ariyanimmigrationconsulting.org/blog-3-1/hr6uvuz0fb39hluqjl75o6uc3it0a3-ydzya-nnkkm-7afgr-3mzac-nlrf9-p753k-pfrsw-2995s-659hj-bt46k-me6xl
• https://www.ariyanimmigrationconsulting.org/blog-3-1/bpwf2c7a5t8fwfw-ykybs-j3ctw-nlpts-ez375-9lnll-leky9-spsme-3agsp

** "USCIS မှတစ်ဆင့် လက်ရှိ ခိုလှုံခွင့်လျှောက်လွှာများ" **

ယေဘုယျအားဖြင့် Asylum အရာရှိ က (affirmative) ခိုလှုံခွင့်လျှောက်လွှာများကို အင်တာဗျူးမှတစ်ဆင့် ဆုံးဖြတ်ပိုင် ခွင့်ရှိ ပြီး ၊ အင်တာဗျူးမအောင်မြင်တဲ့ လျှောက်ထားသူများကို လူဝင်မှုကြီးကြပ်ရေးတရားသူကြီး (Immigration Judge - IJ) ထံ လွှဲပြောင်းပေးလေ့ရှိပါတယ်။ “IJ”ကတော့ ၊ Asylum အရာရှိ မှ လွှဲပြောင်းပေးတဲ့ (အင်တာဗျူးမအောင်မြင်တဲ့) သူများ အပါ အဝင် ၊ အခြားသော (defensive) ခိုလှုံခွင့်လျှောက်လွှာများကို အပြီးသတ် စစ်ဆေးဆုံးဖြတ်ခွင့်ရှိသူ ဖြစ်ပါတယ်။ “IJ” ထံ သို့ လွှဲပြောင်းခံရပါက၊ ၎င်းလျှောက်လွှာကို ပြန်လည်သုံးသပ်မှုအသစ်ပြုလုပ်ပြီး၊ တရားရေးဝန်ကြီး ဌာန၏ လုပ်ထုံး လုပ်နည်း အတိုင်း၊ နှစ်ဖက်သောရှေ့နေများရှေ့တွင် နောက်ဆုံးအမိန့်ကို ဆုံးဖြတ်ခံရမှာပါ။

** "USCIS ၏ စည်းမျဉ်း / မူဝါဒအပြောင်းအလဲများ" **

လက်ရှိ ခိုလှုံခွင့်လျှောက်လွှာများ နှင့် ပတ်သက်၍၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင်၊ USCIS ၏ မူဝါဒပြောင်းလဲမှုကို ကြေညာခဲ့ပြီး ချက်ချင်းအကျိုးသက်ရောက်မှုရှိမှာပါ။ ဤမူဝါဒအပြောင်းအလဲကြောင့် USCIS က ခိုလှုံခွင့် လျှောက်လွှာအ များစုကို အင်တာဗျူးမပြုလုပ်တော့ဘဲ (အကြောင်းပြချက်တစ်စုံတစ်ရာမပေးဘဲ) “IJ” ထံ လွှဲပြောင်း ပေးနိုင်တော့မှာပါ။

** "ဘာကြောင့် USCIS ရဲ့ စည်းမျဉ်း / မူဝါဒအပြောင်းအလဲလုပ်တာလဲ?" **

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော USCIS ၏ သတင်းကြေငြာချက်အရ ခိုလှုံခွင့်လျှောက်လွှာများစိ စစ်ခြင်း လုပ်ငန်းစဉ်များကို ဦးစားပေးအရှိန်မြှင့်လုပ်ဆောင်နေပြီး work permit အတွက် လျှောက်လွှာ ၁.၄ သန်းကျော်ကို လက်ခံရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ ထို့အပြင် တရားမဝင် ရောက်လာကြတဲ့ နိုင်ငံခြားသားတိုင်းနီးပါး ဟာ ခိုလှုံခွင့် လျှောက်ထားခြင်းဖြင့်၊ လူဝင်မှုကြီးကြပ်ရေးစနစ်ကို အမြတ်ထုတ်ရန် ကြိုး စားနေကြကြောင်း ထပ်လောင်း ဖော်ပြထားပါ တယ်။ ထို့ကြောင့် အမေရိကန် အစိုးရအနေ နဲ့ ခိုလှုံခွင့်လျှောက်လွှာများ ကို စနစ်တကျ ပြန်လည်သုံးသပ်ပြီး၊ လုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်နိုင်စေရန်၊ စည်းမျဉ်း / မူဝါဒအပြောင်းအလဲ လုပ်တာ ဖြစ်ကြောင်းဖော်ပြထားပါတယ်။

** "မူဝါဒပြောင်းလဲခြင်း ၏ အကျိုး ဆက် များ" **

အမေရိကန်လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ ၊ ခိုလှုံခွင့်ရုံးမှာ အင်တာဗျူးဖြေရတဲ့အခါ ရှေ့နေ/ဥပဒေအကြံပေး ပါရှိရန် မလိုအပ်သော်လည်း၊ “Immigration Judge – IJ” ထံ လွှဲပြောင်းပေးခံရသည်ဖြစ်စေ(သို့) IJ (EOIR) ရုံးတော်သို့ ဆင့်ခေါ်စာ “NTA” ဖြင့် ခေါ်ယူခြင်းခံရသည်ဖြစ်စေ၊အဲဒီအချိန်မှာ ရှေ့နေငှားရမ်းဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ လက်ရှိ USCIS မူဝါဒများ အရ ခိုလှုံခွင့်လျှောက်ထားသူတွေကို အလွယ်တကူ “granted” ခွင့်ပြုပေးမှာ မဟုတ်ကြောင်း သတိထားရမှာပါ။ ဒါကြောင့် အစိုးရရဲ့တင်းကျပ်တဲ့ခိုလှုံခွင့်ပေးနိုင်တဲ့ဥပဒေ/နည်းလမ်းများကို၊အဆင်ပြေပြေဖြတ်သန်း နိုင်စေဖို့၊လျှောက်လွှာ ပြင်ဆင်ချိန်မှ စ၍၊ဥပဒေအတွေ့အကြုံများစွာရှိတဲ့၊ ရှေ့နေများ/လူဝင်မှုကြီးကြပ်ရေးဥပဒေအကြံ ပေးများနှင့်ဆွေးနွေးသင့်ပါတယ်။ အတွေ့ အကြုံရင့်ကျက်တဲ့-ဥပဒေကျွမ်းကျင်သူတွေဟာ၊အမှုကိစ္စကိုသုံးသပ်ပြီးတာနဲ့၊ အောင်မြင်နိုင်မည်/မအောင်မြင်နိုင်ဘူး /ပြင်ဆင် ချက်တင်သွင်းရန်လိုတယ်/အချိန်ပိုကြာနိုင်တယ်--စသည်ဖြင့်၊ခန့်မှန်းပေးနိုင်ပါတယ်။

ဤဆောင်းပါးနှင့်ပတ်သက်၍ အသေး စိတ်အချက်အလက်များ ကို အောက်ပါလင့်ခ် မှာလည်း ဖတ်ရှု နိုင်ပါတယ်။
https://www.ariyanimmigrationconsulting.org/blog-3-1/e6zw8nstkl3ttkl-kw64r-jp8ml-ml88x-e7at3-72ejr-86w6f-d3794-htlew-zefpf-626h6

***အလုပ်နှင့်သက်ဆိုင်သော မေးခွန်းများအတွက် “CB” ကို အသုံးမပြုဘဲ ရုံးဖုန်းနံပါတ်သို့ ဆက်သွယ်ပါ။***

မှတ်ချက်**** စာရေးသူ သည် အမေရိကန် စစ်မှုထမ်းဟောင်း ၊ USCIS အရာရှိဟောင်းနှင့် အမေရိကန်လူဝင်မှုကြီးကြပ်ရေး ဥပဒေအကြံပေး တစ်ဦး ဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးကိစ္စများနှင့် ပတ်သက်၍ အကူအညီ လိုအပ်ပါက “Ariyan Immigration Consulting (AIC) ®” ဖုန်းနံပါတ် 531-530-7773 မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။ “AIC®” ရဲ့ ဝန်ဆောင်မှုအချက် အလက်များကို https://www.ariyanimmigrationconsulting.org/services တွင်လည်း ကြည့်ရှုနိုင်ပါတယ်။

*** We Can Help for U.S. Immigration Benefits If You Are Eligible Per Current U.S. Immigration Law. ***If you retuned to...
07/23/2026

*** We Can Help for U.S. Immigration Benefits If You Are Eligible Per Current U.S. Immigration Law. ***

If you retuned to your country permanently for several reasons after receiving green card, and you now want to reside back in the United States, we can help.

** We specialize in: **
• Employment-Based (EB1; NIW; Labor Certification) Applications
• Family-Based Applications
• Religious-Based Applications
• Lawful Permanent Resident (Adjustment) Applications
• Variety of Employment Authorization Documents
• Inadmissibility and Re-admission Applications (Waivers)
• Immigrant Visas / U.S. Consulate Processing / Consular Issues
• Renewal / Replacement of Green Cards and Naturalization Certificates
• Naturalization (U.S. Citizenship) Applications
• Travel Documents and Other Non-Immigrant Visa Applications

Ariyan Immigration Consulting (AIC) ®
1227 Adams St, Lincoln, NE 68521
Email: [email protected]
https://www.ariyanimmigrationconsulting.org/
Tel: 531-530-7773
By Appointment Only

Address

1227 Adams Street
Lincoln, NE
68521

Opening Hours

Monday 11am - 4:30pm
Tuesday 12pm - 5pm
Wednesday 11am - 4:30pm
Thursday 12pm - 5pm
Friday 11am - 4:30pm
Saturday 12pm - 4:30pm

Telephone

+15315307773

Alerts

Be the first to know and let us send you an email when American Immigration Consulting - AIC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to American Immigration Consulting - AIC:

Shortcuts

Share

Category