Perfect Travel

Call Directions

Perfect  Travel Travel and International Visa Services , Air Tickets ,Hotel Booking Services ✈️🛂🏨

စံခလပူရီက မွန်တို့ရဲ့ရိုးရာလှေမျောပွဲ- Perfect Travel ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့နယ်၊ ဘန်ဝမ်ခါရွာက ထိ...
27/09/2026

စံခလပူရီက မွန်တို့ရဲ့ရိုးရာလှေမျောပွဲ

- Perfect Travel

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့နယ်၊ ဘန်ဝမ်ခါရွာက ထိုင်း-မွန် ရွာသားတွေရဲ့ ရိုးရာလှေမျောပွဲကို ဒီကနေ့ကျင်းပခဲ့ပါတယ်။

ရိုးရာပွဲရက်ကို စက်တင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့မှာတော့ ရွာသားတွေနဲ့ ခရီးသွားတွေဟာ ဝမ်ဝီဝေကာရမ်ကျောင်းတိုက် ဗုဒ္ဓဂယာစေတီတော်ရှေ့ကနေ စုဝေးချီတက်ကြပြီး ဆံခလပူရီရဲ့ ထင်ရှားတဲ့ မြစ်သုံးသွယ်ဆုံရာဆီကို ဝါးလှေတွေကို ဆွဲယူသွားကြပါတယ်။

ကံဆိုးမိုးမှောင်ကျမှုတွေကို မျောပါသွားစေတဲ့ ရိုးရာလှေမျောပွဲကို လုပ်ဆောင်ခဲ့ကြပါတယ်။

🌈 ခရီးသွားနဲ့ဗီဇာအတွက်ဆို Perfect ရှိပါတယ် ။ ပို့စ်လေးသဘောကြတယ်ဆိုရင် Like & Share လုပ်ပေးလို့ရပါတယ်။

Photo - Kanchanaburi News

#စံခလပူရီ #မွန်ရိုးရာဓလေ့ #သံပရာစော့မြစ် #မွန်တံတား

🙏 ကမာဝက်မြို့က မွန်ရိုးရာ ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲ- Perfect Travel ဒီနေ့ကျရောက်တဲ့ တော်သလင်း လပြည့်နေ့ မှာ မွန်ပြည်...
26/09/2026

🙏 ကမာဝက်မြို့က မွန်ရိုးရာ ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲ

- Perfect Travel

ဒီနေ့ကျရောက်တဲ့ တော်သလင်း လပြည့်နေ့ မှာ မွန်ပြည်နယ် ၊ မုဒုံမြို့နယ် ၊ ကမာဝက်မြို့မှာ မွန်ရိုးရာ ဆွမ်းတော် ကြီး ကပ်လှူပူဇော်ပွဲကျင်းပနေတဲ့မြင်ကွင်းပါ။

တော်သလင်းလပြည့်နေ့တိုင်း ကျင်းပတဲ့ မွန်ရိုးရာ ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲ (မွန်ဘာသာဖြင့် စိုဟ်ပုၚ်ဇၞော် - စိုဟ်ပုင်ဂျနော်) ဟာ မွန်လူမျိုးတွေရဲ့ အထင်ကရ သမိုင်းဝင် ရိုးရာယဉ်ကျေးမှု ပွဲတော်ကြီးတစ်ခု ဖြစ်ပါတယ်။

ရှေးမွန်ဘုရင်များ လက်ထက်ကစပြီး တိုင်းသူပြည်သားတွေ အေးချမ်းသာယာစေဖို့ ၊ သီးနှံတွေအထွက်ကောင်းစေဖို့အတွင် မြတ်စွာဘုရားကို ရည်မှန်းပြီး သပိတ်တော်ကြီးတွေနဲ့ ဆွမ်းတော်ကြီး တည်ခင်းလှူဒါန်းခဲ့ကြတဲ့ အစဉ်အလာကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ တော်သလင်းလပြည့်နေ့ နံနက်စောစောမှာ ဘုရားရှင်နဲ့ သံဃာတော်တွေကို ရှေးဦးစွာ ဆွမ်းဦးကပ်လှူပူဇော်ကြပါတယ်။

Original Photo - Kamawet/ Mudon Information /FB

🌈 ခရီးသွားနဲ့ဗီဇာအတွက်ဆို Perfect ရှိပါတယ် ။ ပို့စ်လေးသဘောကြတယ်ဆိုရင် Like & Share လုပ်ပေးလို့ရပါတယ်။

#မွန်ပြည်နယ် #ဘုရားဖူး #မုဒုံ #ကမာဝက် #မြန်မာ

🌸 ချင်းမိုင်မှာခေတ်စားနေတဲ့ စံပယ်ပန်းပန်- ကြာပန်းနီကိုင်တဲ့ ဖက်ရှင် 🌸- Perfect Travel  ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို...
25/09/2026

🌸 ချင်းမိုင်မှာခေတ်စားနေတဲ့ စံပယ်ပန်းပန်- ကြာပန်းနီကိုင်တဲ့ ဖက်ရှင် 🌸

- Perfect Travel

ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့မှာ ဒီရက်ပိုင်းကစပြီး Malai Rat Klao' Trend လို့ခေါ်တဲ့ ပန်းအလှဆင်ပြီး ဓာတ်ပုံရိုက်တာ ခေတ်စားနေပါတယ်။

✨ ဘန်ကောက်က ပက်ခလောင်းဈေး (Pak Khlong Talat) ကနေ စတင်ခဲ့တဲ့ဖက်ရှင်ဟာ အခုဆိုရင် ချင်းမိုင်အထိပါ ပျံ့နှံ့လာတာပါ။ မျိုးဆက်သစ် လူငယ်တွေကြား ရေပန်းစားနေတဲ့ ပန်းအလှဆင်ဖက်ရှင်တခုဖြစ်ပါတယ်။

📸 ဘာတွေဖြစ်နေတာလဲ

စက်တင်ဘာ ၂၄ ရက်နေ့က ချင်းမိုင်ပန်းဈေး(ဝါယာရွတ်-ကတ်လုံဈေး)မှာ လူငယ်တွေနဲ့ ခရီးသွားတွေ စံပယ် ပန်းကုံးတွေကို ဆံပင်မှာ ဆင်မြန်းကြရင်း စည်ကားလို့နေပါတယ်။ ဒီ Trend လေးက ဆံပင်ညှပ်ဆိုင်တွေနဲ့ ပန်းဆိုင်တွေကို လက်မလည်အောင် ဖြစ်စေခဲ့ပါတယ်။

ဝန်ဆောင်မှုနှုန်းထားတွေကတော့ ပန်းကုံးလေးတွေနဲ့ ဆံပင်ပြင်ဆင်ခ ၁၅၀ ဘတ်ပါ။
ဓာတ်ပုံရိုက်ဖို့ အမိုက်စား Prop ဖြစ်တဲ့ ပန်းနုရောင် ကြာပန်းတစ်စည်း (၁၀ ပွင့်) ကတော့ ၇၀ ဘတ်ပါ။

ဒီရက်ပိုင်းအတွင်းမှာပဲ တစ်ရက်ကို လာရောက်လုပ်ဆောင်သူ ၁၀၀ ကျော် ရှိနေပါတယ်။

🌉 ရိုက်ကွင်းနေရာကောင်းနဲ့ ဖက်ရှင် Trend

ဆံပင်ပြင်ပြီးတာနဲ့ လူငယ်အများစုက ပန်းဈေးအနီး ပင်းမြစ်ပေါ်က ချန်ဆွန်းတံတား(ခူဝါခက်)ကို ဆက်သွားကြပါတယ်။ ခေတ်ပေါ်ဝတ်စုံလေးတွေနဲ့ လန်းဆန်းတဲ့ ပန်းပွင့်လေးတွေကို ပေါင်းစပ်ပြီး TikTok နဲ့ Social Media တွေမှာ တင်ဖို့ ပုံကောင်း၊ ဗီဒီယိုကောင်းတွေ ဆက်တိုက်ရိုက်ကြတာပါ။

🌟 ဘယ်ကစခဲ့တာလဲ

ဒီ "မာလိုင်းရတ်ကလာအို" (Malai Rat Klao) ဆိုတာက ဘန်ကောက် ၊ ပက်ခလောင်းက လူငယ်တွေ ဆံပင်မှာ ပန်းကုံးလေးတွေ ပန်ပြီး Social Media မှာ တင်ရာကနေ စခဲ့တာပါ။ အဲ့ဒီနောက်မှာ အနုပညာရှင်တွေ၊ Cele တွေနဲ့ Influencer တွေပါ လိုက်လုပ်ကြရင်းကနေ အခုဆိုရင် ချင်းမိုင်အထိပါ ကူးစက်လာပြီး ရေပန်းစားနေတဲ့ Trend တစ်ခု ဖြစ်လာပါတော့တယ်။

ဖက်ရှင်ဆန်းဆန်းနဲ့ ပန်းဈေးကွက်ကိုပါ အထောက်အကူ ဖြစ်စေတဲ့ ဒီ Trend လေးကိုရော ဘော်ဒါတို့ စမ်းကြည့်ချင်ကြပြီလား 🌸 မြန်မာနိုင်ငံက ဘော်ဒါတို့ရော ကိုယ့်ရဲ့ ဖက်ရှင်နဲ့ ပန်းပန်ရတာကို ဘယ်လိုပုံစံလေး ပေါင်းစပ်ချင်ကြလဲ ။

✨ချင်းမိုင်ပန်းဈေးနဲ့တံတားနေရာကို ကော့မန့်မှာဖော်ပြထားပါတယ်။

🌈 ခရီးသွားနဲ့ဗီဇာအတွက်ဆို Perfect ရှိပါတယ် ။ ပို့စ်လေးသဘောကြတယ်ဆိုရင် Like & Share လုပ်ပေးလို့ရပါတယ်။

Photos - The Standard

#ချင်းမိုင် #ထိုင်း #ပန်းဈေး

✨ပြည်တွင်းဘုရားဖူးနဲ့ ခရီးသွားတဲ့အခါ  ဥပဒေနဲ့ မညီတဲ့ Photo/Video တွေ ဖုန်းထဲမှာ မရှိဖို့ သတိပြုပါ - Perfect Travel ပြည်တ...
23/09/2026

✨ပြည်တွင်းဘုရားဖူးနဲ့ ခရီးသွားတဲ့အခါ ဥပဒေနဲ့ မညီတဲ့ Photo/Video တွေ ဖုန်းထဲမှာ မရှိဖို့ သတိပြုပါ

- Perfect Travel

ပြည်တွင်းဘုရားဖူးနဲ့ ခရီးသွားမယ့်သူတွေကို သတိထားရမယ့် အချက်အလက်အသစ်တွေကို ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းကနေ ထုတ်ပြန်ပါတယ်။

⚡️ဒီအချက်အလက်တွေသတိပြုသင့်ပါတယ် ။

၁။ အသင်းဝင်ကတ်နှင့် လုပ်ငန်းလိုင်စင်များကို မိတ္တူဆွဲ၍ထွက်ခွာမည့် ယာဉ်ပေါ်ယူဆောင်သွားရန်

၂။ လုပ်ငန်းရှင်များအားလုံး ဟိုတယ်ခရီးဌာန ၏ ခရီးလှည့်လည်ရေး လိုင်စင် ၊ DPTOA ၏ထောက်ခံချက်ဖြင့် တိုင်းဒေသကြီးမှထုတ်ပေးပါသောလိုင်စင်ရယူထားရန်

၃။ လုပ်ငန်းလိုင်စင်များ (၁-လ/၂-လ) အတွင်းလျှောက်ထားကြရန်

၄။ Guide များ လမ်းခရီးစစ်ဆေးရေးအဖွဲ့များနှင့် အဆင်ပြေစွာ ပြောဆိုဆက်ဆံ၍ ပူးပေါင်းဆောင်ရွက်ရန်

၅။ ခရီးသည်အားလုံး နိုင်ငံသားစိစစ်ရေးကတ်/ ခရီးသွားထောက်ခံစာ(ရဲစခန်း) ယူဆောင်ပါရန်

၆။ ခရီးသည်များ ဥပဒေနှင့် မညီညွတ်သော Photo/Video များ ဖုန်းထဲတွင်မပါရှိစေရန်

၇။ ယာဉ်ထွက်ချိန် နံနက်(၅) နာရီနှင့် နောက်ပိုင်းစတင်ထွက်ခွာရန်နှင့် စုရပ်သို့ ပြန်ရောက်ချိန်နောက်အကျဆုံး ည (၈/၁၀)နာရီ အတွင်းပြန်ရောက်မည့် အစီအစဉ်များ ရေးဆွဲစေလွှတ်ရန်

၈။ ခရီးသည်များ အိမ်အပြန်အဆင်ပြေစေရန် Guideများမှ Taxi(Grab) ငှားပေးခြင်း၊ ကားနံပါတ်မှတ်တမ်းတင်ထားရန်နှင့် ဧည့်သည်ရောက်သည့် အခါ Guide အားဖုန်းပြန်ဆက်ခိုင်းရန်နှင့် Guide မှ အဆက်အသွယ်ပြန်လုပ်ရန်

၉။ ခရီးသွားစဉ် လမ်းခရီးထူးခြားဖြစ်စဉ်များကို အသင်းဝင်ကတ်အချင်းချင်း အသိပေးခြင်းနှင့် DPTOA Member Group ထဲစာရေးသားပို့၍ အသိပေးရန်

ပြည်တွင်း ခရီးသွားကြမယ့်သူတွေ ဘေးအန္တရာယ်ကင်းစင်ကြပါစေ။

🌈 ခရီးသွားနဲ့ဗီဇာအတွက်ဆို Perfect ရှိပါတယ် ။ ပို့စ်လေးသဘောကြတယ်ဆိုရင် Like & Share လုပ်ပေးလို့ရပါတယ်။

#ခရီးသွား #ဘုရားဖူး #မြန်မာ

ဂျပန်အလည်ဗီဇာ (Tourist Visa) ကိုယ်တိုင်သွားလျှောက်မယ်ဆိုဘာတွေလိုမလဲ✈️🌸မကြာခင်မှာ ဂျပန်ကို အလည်သွားဖို့ စီစဉ်နေတဲ့ သူငယ်ခ...
22/09/2026

ဂျပန်အလည်ဗီဇာ (Tourist Visa) ကိုယ်တိုင်သွားလျှောက်မယ်ဆိုဘာတွေလိုမလဲ✈️🌸

မကြာခင်မှာ ဂျပန်ကို အလည်သွားဖို့ စီစဉ်နေတဲ့ သူငယ်ချင်းတွေ ရှိလား?

- Perfect Travel

👀 ဂျပန်အလည်ဗီဇာ (Short-Term Tourist Visa) လျှောက်တော့မယ်ဆိုရင် သံရုံးကို တိုက်ရိုက်သွားရောက်ရန်မလိုတော့ဘဲ VFS Global (Japan Visa Application Centre - JVAC) ကနေတဆင့် ပြောင်းလဲလျှောက်ထားရပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ 📢

ဗီဇာလျှောက်ဖို့အတွက် ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲဆိုတာကို အောက်မှာ အသေးစိတ် လေ့လာကြည့်လိုက်ပါ

📂 မဖြစ်မနေ ပြင်ဆင်ရမယ့် စာရွက်စာတမ်းများ

ပတ်စ်ပို့ (Passport) - အနည်းဆုံး သက်တမ်း (၆) လ ကျန်ရှိရမယ့်အပြင် ဗီဇာကပ်ရန် ဗလာစာမျက်နှာ အနည်းဆုံး (၂) မျက်နှာ ပါရှိရပါမယ်။

ဗီဇာလျှောက်လွှာ (Application Form) -အချက်အလက်များကို အပြည့်အစုံ ဖြည့်စွက်ပြီး လျှောက်ထားသူကိုယ်တိုင် မူရင်းလက်မှတ် ရေးထိုးထားရပါမယ်။

ဓာတ်ပုံ - 4.5 cm x 4.5 cm (သို့) 4.5 cm x 3.5 cm အရွယ်အစားရှိတဲ့ နောက်ခံအဖြူ ဓာတ်ပုံ (၁) ပုံ (လွန်ခဲ့သော ၆ လအတွင်း ရိုက်ကူးထားသောပုံ ဖြစ်ရပါမယ်)။

လေယာဉ်လက်မှတ် (Flight Booking) - အသွား/အပြန် လေယာဉ်လက်မှတ် Booking (ခရီးသည်အမည်၊ လေကြောင်းလိုင်း၊ ထွက်ခွာမည့် အချိန်နှင့် ရောက်ရှိမည့်အချိန်များ အတိအကျ ပါဝင်ရပါမယ်)။

ရီးစဉ်အသေးစိတ် (Schedule in Japan) - ဂျပန်မှာ နေထိုင်မယ့်ရက်အလိုက် သွားရောက်မယ့်နေရာ၊ လုပ်ဆောင်မယ့်အရာ၊ တည်းခိုမယ့် ဟိုတယ်အမည်နဲ့ ဆက်သွယ်ရန်အချက်အလက်တွေကို သေချာရေးဆွဲထားရပါမယ်။

ဘဏ်စာအုပ် (Bank Book) - ခရီးစဉ်အတွက် ကုန်ကျစရိတ်ကို ကာမိစေမယ့် လုံလောက်တဲ့ ငွေကြေးပမာဏနဲ့ ငွေဝင်ငွေထွက် (Bank Statement) အသေးစိတ်ကို ပြသနိုင်ရပါမယ် (စစ်ဆေးရန်အတွက် မူရင်းနှင့် မိတ္တူ လိုအပ်ပါတယ်)။

အလုပ်အကိုင် အထောက်အထား (Employment Certificate) - လက်ရှိအလုပ်လုပ်နေသူဖြစ်ပါက ရာထူး၊ အလုပ်စတင်ဝင်ရောက်တဲ့ရက်နဲ့ လစာတို့ကို ဖော်ပြထားတဲ့ ရုံးစာ လိုအပ်ပါတယ်။ (ကျောင်းသားဖြစ်ပါက ကျောင်းထောက်ခံစာ၊ ကိုယ်ပိုင်လုပ်ငန်းဖြစ်ပါက လုပ်ငန်းလိုင်စင်/ကုမ္ပဏီမှတ်ပုံတင် လိုအပ်ပါတယ်)။

အိမ်ထောင်စုစာရင်း (လိုအပ်ပါက) - မိသားစုလိုက်သွားမည်ဆိုပါက တော်စပ်ပုံကို ပြသနိုင်ရန် အိမ်ထောင်စုစာရင်း မိတ္တူနဲ့ ဘာသာပြန် လိုအပ်ပါတယ်။

💡 အထူး သတိပြုရန် အချက်များ

စာရွက်စာတမ်း မိတ္တူများအားလုံးကို A4 Size စက္ကူဖြင့်သာ ကူးယူရမည်ဖြစ်ပြီး Stapler (စက္ကူညှပ်) များ၊ ကလစ်များ ဖြုတ်ထားရပါမယ်။

စာရွက်စာတမ်းအားလုံးသည် ဗီဇာမလျှောက်မီ ၃ လအတွင်း ထုတ်ပေးထားသော စာရွက်စာတမ်းများသာ ဖြစ်ရပါမယ်။

မြန်မာလိုရေးထားတဲ့ စာရွက်စာတမ်းတွေကို အင်္ဂလိပ် (သို့) ဂျပန်ဘာသာသို့ ပြန်ဆိုထားဖို့ လိုအပ်ပါတယ်။

🏢 ဘယ်မှာ သွားလျှောက်ရမလဲ

ဗီဇာလျှောက်လွှာတွေကို ကန်သာယာစင်တာ (Kan Thar Yar Centre) မှာ ဖွင့်လှစ်ထားတဲ့ VFS Global (Japan Visa Application Centre) မှာ Website မှတစ်ဆင့် ကြိုတင် Appointment ယူပြီး သွားရောက်လျှောက်ထားနိုင်ပါတယ်။

⏰ ရုံးချိန် - တနင်္လာ မှ သောကြာ (မနက် ၈:၃၀ မှ ညနေ ၅:၃၀ အထိ)

💵 ကုန်ကျစရိတ် - ဗီဇာကြေးအပြင် VFS ဝန်ဆောင်ခ (၃၀,၀၀၀ ကျပ်) ကို ငွေသား (Cash) ဖြင့် ပေးဆောင်ရပါမယ်။

✨ ဂျပန်ကို သွားလည်ဖို့ စီစဉ်နေတဲ့ သူငယ်ချင်းတွေကို ဒီ Post လေး Mention ခေါ်ပြီး Share ပေးသွားဖို့ မမေ့နဲ့နော်! ✈️

ဗီဇာလျှောက်တာနဲ့ ပတ်သက်ပြီး မရှင်းလင်းတာရှိရင်လည်း Comment မှာ မေးမြန်းခဲ့လို့ ရပါတယ်။

🌈 ခရီးသွားနဲ့ဗီဇာအတွက်ဆို Perfect ရှိပါတယ် ။ ပို့စ်လေးသဘောကြတယ်ဆိုရင် Like & Share လုပ်ပေးလို့ရပါတယ်။

#ဂျပန် #ဗီဇာ

ထိုင်းရဲ့ အမြင့်ဆုံး ဒွိုင်အင်ထာနွန်တောင်က သတိပေးသံ - Perfect Travel ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့ရှိ ထိုင်းရဲ့ အမြင့်...
17/09/2026

ထိုင်းရဲ့ အမြင့်ဆုံး ဒွိုင်အင်ထာနွန်တောင်က သတိပေးသံ

- Perfect Travel

ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့ရှိ ထိုင်းရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဒွိုင်အင်ထာနွန်မှာထူးခြာတဲ့ဖြစ်စဉ်တခုဒီရက်ပိုင်းကဖြစ်ပွားခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဒွိုင်အင်ထာနွန် အမျိုးသားဥယျာဉ်ရဲ့သတိပေးနှိုးဆော်ချက်လေး တင်ပြလိုက်ပါတယ်။

အဖိုးတန်သဘာဝ ရတနာတစ်ခုဖြစ်တဲ့ အန်ဂါ သဘာဝလမ်းကြောင်း (Ang Ka Nature Trail) က အလွန်ရှားပါးတဲ့ "စဖက်ဂနမ် ရေညှိ (Sphagnum moss)" (ခေါ် တောက် ရူ့-စိ) တွေကို ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းကြဖို့ပါ။

မကြာသေးခင် စက်တင်ဘာလ (၁၃) ရက်နေ့က ဒွိုင်အင်ထာနွန် အမျိုးသားဥယျာဉ် ၊ အန်ဂါ သဘာဝလမ်းကြောင်းမှာ သတ်မှတ်ထားတဲ့ အတားအဆီးတွေနဲ့ သတိပေးဆိုင်းဘုတ်တွေကို ကျော်လွန်ပြီး ရှားပါးရေညှိတွေပေါ်ကို ဆင်းကာ ဓာတ်ပုံရိုက်ကူးခဲ့ကြတဲ့ ခရီးသွားအုပ်စုတစ်စုရဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

🌿 စဖက်ဂနမ် ရေညှိ (Sphagnum moss) ဆိုတာ ဘာလဲ

* ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂,၀၀၀ ကျော် မြင့်မားတဲ့ အပျက်အစီးမရှိသေးတဲ့ သဘာဝဒေသတွေမှာသာ အထူးပေါက်ရောက်တဲ့ ရှားပါးအပင်တစ်မျိုး ဖြစ်ပါတယ်။
* ကြီးထွားနှုန်း အလွန်နှေးကွေးပြီး အလွန်ထိလွယ်ရှလွယ်တဲ့အတွက် နင်းချေခံရုံနဲ့တင် ပြန်လည်ရှင်သန်ဖို့ နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သလို တစ်ခါတလေ လုံးဝ မရှင်သန်နိုင်တော့တာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဒွိုင်အင်ထာနွန် အမျိုးသားဥယျာဉ်အနေနဲ့ ဒီလိုအဖိုးတန် သဘာဝအရင်းအမြစ်တွေကို မျိုးဆက်သစ်တွေလက်ထက်အထိ တာရှည်ခံအောင် ထိန်းသိမ်းသွားဖို့ တာဝန်ရှိတာကြောင့် CCTV မှတ်တမ်းတွေ၊ လာရောက်လည်ပတ်သူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ ဥပဒေကြောင်းအရ လိုအပ်တဲ့ စည်းကမ်းထိန်းသိမ်းမှုတွေကို ဆောင်ရွက်ခဲ့ပါတယ်။

ဒါကြောင့် ထိုင်းရဲ့ အမြင့်ဆုံးတောင်ကို သွားရောက်လည်ပတ်မယ့် ခရီးသွားဧည့်သည်များအားလုံး သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးတန်ဖိုးထားတဲ့စိတ်နဲ့ဒီအချက်လေးတွေကို ဝိုင်းဝန်းပူးပေါင်း လိုက်နာပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

✅ သတ်မှတ်ထားတဲ့ သဘာဝလမ်းကြောင်းအတိုင်းသာ လမ်းလျှောက်ပေးကြပါ။
✅ အဖိုးတန် အပင်နဲ့ သဘာဝနယ်မြေတွေကို မထိခိုက်မိစေဖို့ အထူးဂရုစိုက်ပေးကြပါ။
✅ တားမြစ်နယ်မြေနဲ့ အတားအဆီးပြုလုပ်ထားတဲ့ နေရာတွေထဲကို ဝင်ရောက်ခြင်း မပြုလုပ်ကြပါနဲ့။

လှပတဲ့ သဘာဝပတ်ဝန်းကျင်ကို အတူတကွ လက်တွဲပြီး ထိန်းသိမ်းစောင့်ရှောက်ကြပါစို့ 🙏💚

🌈 ခရီးသွားနဲ့ဗီဇာအတွက်ဆို Perfect ရှိပါတယ် ။ ပို့စ်လေးသဘောကြတယ်ဆိုရင် Like & Share လုပ်ပေးလို့ရပါတယ်။

#ချင်းမိုင် #ထိုင်း

ထိုင်းနိုင်ငံရောက်ရင် မဖြစ်မနေ သွားသင့်တဲ့ Switzerland အသေးစားလေး - Khao Kho - Perfect Travel ✨ ဥရောပထိ အဝေးကြီး သွားစရာ...
15/09/2026

ထိုင်းနိုင်ငံရောက်ရင် မဖြစ်မနေ သွားသင့်တဲ့ Switzerland အသေးစားလေး - Khao Kho

- Perfect Travel

✨ ဥရောပထိ အဝေးကြီး သွားစရာမလိုဘဲ တောင်တန်းကြီးတွေ၊ အေးမြတဲ့ ရာသီဥတုနဲ့ တိမ်ပင်လယ်ကြီးကို အပြည့်အဝ ခံစားချင်ရင်တော့ ထိုင်းနိုင်ငံက "Khao Kho" (ခေါ့ခို)ဒေသကိုသွားရောက်သင့်ပါတယ်

ထိုင်းနိုင်ငံ Phetchabun (ဖက်ချာဘွန်)ခရိုင်မှာ တည်ရှိတဲ့ Khao Kho ဟာ သဘာဝအလှတရားတွေ ထူထပ်လွန်းလို့ "Switzerland of Thailand"လို့တောင် တင်စားခံရတဲ့အထိ လှပလွန်းတဲ့ တောင်ပေါ် အပန်းဖြေစခန်းတစ်ခု ဖြစ်ပါတယ် 🏞️❄️

🌟 Khao Kho မှာ ဘာတွေလုပ်လို့ရလဲ

☁️ တိမ်ပင်လယ် (Sea of Clouds)

☕မနက်ခင်း စောစောမှာ အခန်းတံခါး ဖွင့်လိုက်တာနဲ့ မျက်စိတစ်ဆုံး မြင်တွေ့ရမယ့် ပင်လယ်ရေလှိုင်းလို လှပလှတဲ့ တိမ်ပင်လယ်ကြီးက သင့်ကို အမောပြေသွားစေမှာပါ

🏰 Wat Pha Sorn Kaew (ငါးဆူဘုရားနဲ့ ရောင်စုံကြွေထည်ကျောင်းတော်)

🙏 တောင်တန်းတွေကြားမှာ မြင့်မားစွာ တည်ရှိပြီး ရောင်စုံကြွေထည်မြေထည်တွေ၊ ကျောက်သံပတ္တမြားတွေနဲ့ မွမ်းမံထားတဲ့ ငါးဆူဘုရားဆင်းတုတော်ကြီးဟာ ဖူးမြော်သူတိုင်းကို စိတ်အေးချမ်းမှု အပြည့်ပေးစွမ်းနိုင်ပါတယ်

🎡 Jolly Land & Windmill Farm (လေဘေးစွမ်းအင်သုံး ဒလက်ကြီးများ)

ဥရောပကျေးလက်စတိုင် ဆိုင်လေးတွေ၊ ကော်ဖီဆိုင်လှလှလေးတွေနဲ့ သဘာဝတောင်တန်းနောက်ခံ ဓာတ်ပုံရိုက်စရာ Spot တွေကတော့ Photoshoot ကြိုက်သူတွေအတွက် သုခဘုံပါပဲ

🌲 သစ်ပင်ကြီးများနှင့် ပန်းခြံများ

🍓တစ်နှစ်ပတ်လုံး အေးမြတဲ့ ရာသီဥတုရှိတာကြောင့် ချယ်ရီပန်း၊ စတောဘယ်ရီစိုက်ခင်းတွေနဲ့ တင်းပန်းစိုက်ခင်းတွေကို အနီးကပ် လေ့လာနိုင်ပါတယ် 🌸

🚗 ဘယ်လိုသွားရမလဲ ?

ဘန်ကောက် (Bangkok) ကနေ ကားနဲ့ ၄ နာရီခွဲမှ ၅ နာရီခန့် မောင်းနှင်ရုံဖြင့် ရောက်ရှိနိုင်ပါတယ်။
ချင်းမိုင် (Chiang Mai)ကနေ ကားနဲ့ ၆ နာရီခွဲခန့် သွားရောက်နိုင်ပါတယ်။

အေးမြတဲ့ လေညှင်းလေးနဲ့အတူ တိမ်တွေကြားမှာ ကော်ဖီတစ်ခွက် သောက်ရင်း ဘဝရဲ့ အမောတွေကို ဖြေဖျောက်ချင်တယ်ဆိုရင်တော့ Khao Kho ကို သွားရောက်ဖို့စာရင်းသွင်းထားပါတော့။

✨Khao Kho ရောက်ဖူးရင်လည်း ဓာတ်ပုံလေးတွေကော့မန့်ပေးခဲ့ဖို့ဖိတ်ခေါ်ပါရစေ။

🌈 ခရီးသွားနဲ့ဗီဇာအတွက်ဆို Perfect ရှိပါတယ် ။ ပို့စ်လေးသဘောကြတယ်ဆိုရင် Like & Share လုပ်ပေးလို့ရပါတယ်။

#ထိုင်း ခရီးသွား

ရုံးဖွင့်ရက်မှာ ခရီးသွားဖူးလား ?🤔💭- ရိုးရိုး ပိတ်ရက်ခရီးစဉ်တွေနဲ့ ဘာတွေ ကွဲပြားသွားသလဲ ? 🏞️✨- Perfect Travel လူအများစုက ...
14/09/2026

ရုံးဖွင့်ရက်မှာ ခရီးသွားဖူးလား ?🤔💭

- ရိုးရိုး ပိတ်ရက်ခရီးစဉ်တွေနဲ့ ဘာတွေ ကွဲပြားသွားသလဲ ? 🏞️✨

- Perfect Travel

လူအများစုက စနေ၊ တနင်္ဂနွေနဲ့ ရုံးပိတ်ရက်ရှည်တွေမှ ခရီးထွက်ဖို့ စဉ်းစားကြပေမဲ့၊ နောက်ပိုင်းမှာ "Off-Peak Traveler" (ရုံးဖွင့်ရက် ခရီးသွားသူများ) လုပ်ပြီး ထွက်ကြတဲ့သူတွေ သိသိသာသာ တိုးလာနေပါတယ်။ 🧳✈️

ဒါဆို သူတို့တွေက ဘာလို့ ရုံးဖွင့်ရက်မှာမှ ရွေးပြီး ခရီးထွက်ကြတာလဲ? သာမန် ပိတ်ရက်တွေမှာ ထွက်တာနဲ့ ဘာတွေများ ကွာခြားသွားလို့လဲ? 🧐

1️⃣ လူတိုးဝှေ့ရမှု ကင်းဝေးပြီး စိတ်အေးချမ်းရခြင်း (Zero Crowds) 🧘‍♂️🕊️

စနေ/တနင်္ဂနွေမှာ နာမည်ကြီး လည်ပတ်စရာနေရာတွေ၊ ဟိုတယ်တွေနဲ့ ဓာတ်ပုံရိုက်မယ့် Spot တိုင်းမှာ လူတွေ ပြည့်နှက်နေတတ်ပါတယ်။ 👨‍👩‍👧‍👦📸

ရုံးဖွင့်ရက်မှာတော့ ရှုခင်းကောင်းကောင်း၊ တောင်ပေါ်တိမ်ပင်လယ်နဲ့ သဘာဝအလှတရားတွေကို ကိုယ်ပိုင်ကမ္ဘာလေးလို ဆိတ်ငြိမ်စွာ ခံစားရပါတယ်။

🌄☁️ ဓာတ်ပုံရိုက်ရင်လည်း အနောက်က လူပါမှာ စိုးရိမ်စရာ မလိုတော့ပါဘူးနော်။ 😉

2️⃣ ခရီးစရိတ် အထူးသက်သာခြင်း (Budget Friendly) 💰📉

စနေ/တနင်္ဂနွေမှာ ဟိုတယ်/Resort ဈေးနှုန်းတွေ၊ လေယာဉ်လက်မှတ်တွေနဲ့ ကားငှားခတွေဟာ Weekend Rate အဖြစ် ဈေးတက်လေ့ရှိပါတယ်။ 💸

ရုံးဖွင့်ရက်မှာ ဟိုတယ်တော်တော်များများဟာ Weekday Promotion ဆိုပြီး ၃၀% မှ ၅၀% အထိ လျှော့ဈေး ပေးလေ့ရှိသလို၊ 🏷️ လေယာဉ်လက်မှတ် ဈေးနှုန်းတွေလည်း အသက်သာဆုံး ရရှိနိုင်ပါတယ်။ 🎫✨

3️⃣ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုကို ရရှိခြင်း (Better Service) 🌟🏨

စနေ/တနင်္ဂနွေမှာ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေမှာ လူကျဝှေ့နေတာကြောင့် အစားအသောက် ကြန့်ကြာတာ၊ ဝန်ဆောင်မှု အားနည်းတာတွေ ကြုံရနိုင်ပါတယ်။ ⏳🍹

ရုံးဖွင့်ရက်မှာ ဝန်ထမ်းတွေအနေနဲ့ ဧည့်သည်ကို စိတ်တိုင်းကျ ဂရုစိုက်ဧည့်ခံနိုင်တာကြောင့် VIP Experienceအပြည့်အဝ ရရှိနိုင်ပါတယ်။ 🥂🥰

4️⃣ Workation (အလုပ်ရော ခရီးပါ ယှဉ်တွဲနိုင်ခြင်း) 💻🌄

Remote Work လုပ်ခွင့်ရသူတွေ၊ Freelancer တွေနဲ့ Digital Nomad တွေအတွက် ရုံးဖွင့်ရက် ခရီးသွားခြင်းဟာ Wifi ကောင်းကောင်းရတဲ့ Cafe သို့မဟုတ် တောင်ပေါ် Resort လေးမှာ အလုပ်လည်းလုပ်ရင်း စိတ်ထွက်ပေါက်လည်း ရှာရာရောက်ပါတယ်။ ☕️🎧

❓ ဘယ်သူတွေက ရုံးဖွင့်ရက်မှာ ခရီးသွားလေ့ရှိကြသလဲ?

👨‍💻 Digital Nomad / Freelancer များ ၊ နေရာမရွေး အလုပ်လုပ်နိုင်သူများ။
📅 Annual Leave (ခွင့်ရက်) ကျန်ရှိသူများ ၊ Weekend လူတိုးတာကို ရှောင်ချင်၍ ခွင့်ယူသူများ။
💼 Business Owners (စီးပွားရေးပိုင်ရှင်များ):** မိမိအချိန်ကို မိမိကိုယ်တိုင် စီမံနိုင်သူများ။

ကဲ သင့်အတွက် ဘယ်ခရီးစဉ်က ပိုပြီး သဘောကျစရာကောင်းလဲ ?👇

🌿 အေးဆေးငြိမ်သက်ပြီး စရိတ်သက်သာတဲ့ "ရုံးဖွင့်ရက် ခရီးစဉ်"

🎉 လူစည်ကားပြီး ပျော်စရာကောင်းတဲ့ "ရုံးပိတ်ရက် ခရီးစဉ်"

မိမိ သဘောကျတဲ့ ခရီးသွားစတိုင်ကို Comment မှာ မျှဝေခဲ့ကြပါဦး! 💬👇

🌈 ခရီးသွားနဲ့ဗီဇာအတွက်ဆို Perfect ရှိပါတယ် ။ ပို့စ်လေးသဘောကြတယ်ဆိုရင် Like & Share လုပ်ပေးလို့ရပါတယ်။

#ခရီးသွား #ထိုင်း #မြန်မာ

🚨 ထိုင်းသွားမယ့်သူများအတွက် အရေးကြီးအသိပေးချက်- Perfect Travel စက်တင်ဘာလထဲ ထိုင်းဘက်ကူးဖို့၊ ခရီးသွားဖို့ ပြင်နေကြတဲ့ မိ...
13/09/2026

🚨 ထိုင်းသွားမယ့်သူများအတွက် အရေးကြီးအသိပေးချက်

- Perfect Travel

စက်တင်ဘာလထဲ ထိုင်းဘက်ကူးဖို့၊ ခရီးသွားဖို့ ပြင်နေကြတဲ့ မိတ်ဆွေတို့ရေ...
လူဝင်မှုကြီးကြပ်ရေး (Immigration) စည်းမျဉ်းသစ်တွေ စတင်တော့မှာမို့ သေချာဂရုစိုက်ကြပါနော်။

🇹🇭 ထိုင်းနိုင်ငံရဲ့ ပြင်ဆင်လိုက်တဲ့ ဗီဇာကင်းလွတ်ခွင့် (Visa Exemption)နဲ့ ဆိုက်ရောက်ဗီဇာ (VoA)စနစ်တွေဟာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှာ စတင်အသက်ဝင်တော့မှာ ဖြစ်ပါတယ်။

📅 ခရီးသွားမယ့်ရက်အလိုက် သတိထားရန်

🟢 ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ မတိုင်မီဝင်ရောက်သူများ
➡️ လက်ရှိကျင့်သုံးနေတဲ့ ဗီဇာစနစ်အတိုင်းပဲ ဝင်ရောက်နိုင်ပါတယ်။

🔴 ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ သို့မဟုတ် ယင်းနောက်ပိုင်းဝင်ရောက်သူများ
➡️ အသစ်ပြင်ဆင်လိုက်တဲ့ စည်းမျဉ်း/စနစ်အသစ်တွေအတိုင်းပဲ ဆောင်ရွက်ရတော့မှာဖြစ်ပါတယ်။

✈️ အကြံပြုချက်

ထိုင်းနိုင်ငံသို့ မထွက်ခွာမီ မိမိ သွားရောက်မယ့်ရက်နဲ့ ကိုက်ညီတဲ့ ဗီဇာလျှောက်ထားနိုင်သည့် အခွင့်အရေး၊ ဝင်ရောက်ခွင့် လိုအပ်ချက်များကို သေချာပေါက် စစ်ဆေးပြီးမှ ခရီးစဉ်စတင်ကြဖို့ တိုက်တွန်းပါရစေ။

📌 ရင်းမြစ် - နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ

🌈 ခရီးသွားမယ်ဆို Perfect ရှိပါတယ် ။ ပို့စ်လေးသဘောကြတယ်ဆိုရင် Like & Share လုပ်ပေးလို့ရပါတယ်။
💡ဗီဇာကင်းလွတ်ခွင့် စည်းမျဉ်းသစ်နဲ့ပတ်သက်ပြီး သိသင့်တာလေးတွေ ၊ အတွေ့အကြုံလေးတွေရှိရင်လည်း ကော့မန့်မှာမျှဝေခဲ့ပါဦး ။

#ခရီးသွား #ထိုင်း #ချင်းမိုင် #ဘန်ကောက်

Address

Shwegu
50100

Telephone

+959952948619

Website

Alerts

Be the first to know and let us send you an email when Perfect Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share