11/09/2026
🇹🇭ထိုင်းနိုင်ငံကို ဝင်လာတဲ့အခါ လူအများစုက Visa ရှိရင် နေခွင့်အလိုအလျောက်ရှိတယ် လို့ထင်ကြပါတယ်။
တကယ်တော့ လူအများစု မသိသေးတဲ့ အရေးကြီးတဲ့အချက်တစ်ခုက 👉 Visa နဲ့ Entry Stamp က မတူပါဘူး
✅ Visa ဆိုတာဘာလဲ?
Thailand Tourist Visa,
Thailand ED Visa, Non B, Non O စတဲ့ Visa တွေက 👉 ထိုင်းနိုင်ငံထဲကို ဝင်ခွင့်ရအောင် လျှောက်ရတဲ့ အထောက်အထား ဖြစ်ပါတယ်။
ဆိုလိုတာက Visa က Entry permissionပဲ ဖြစ်ပါတယ်။
✅ Entry Stamp ဆိုတာဘာလဲ?
ထိုင်းနိုင်ငံထဲကို ဝင်ပြီးတဲ့နောက်
👉 Immigration က သတ်မှတ်ပေးတဲ့ နေထိုင်ခွင့်ကာလ ဖြစ်ပါတယ်။
📌 Passport ထဲမှာ တုံးထုပေးပြီး
👉 “ဘယ်နေ့မှ ဘယ်နေ့ထိအထိ နေထိုင်နိုင်ပါတယ်” ဆိုတာကို သတ်မှတ်ပေးပါတယ်။
ဆိုလိုတာက Entry stamp က Duration of stay ဖြစ်ပါတယ်။
⚠️ အရေးကြီးဆုံးအချက်အနေနဲ့ကတော့
Visa ရှိတာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး
👉 Entry stamp date ကို အမြဲစစ်ကြည့်ဖို့ လိုပါတယ်
❗ Date ကျော်သွားရင်
👉 Overstay ဖြစ်ပြီး ဒဏ်ငွေ + နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ပါသေးတယ်နော်။
ဒါကြောင့် Visa နဲ့ပတ်သတ်တဲ့အကြောင်းအရာဗဟုသုတတွေကို မှန်မှန်ကန်ကန် သိထားရင် မလိုလာအပ်တဲ့ပြဿနာတွေကင်းဝေးနိုင်ပါတယ်။
ဒီတော့ ထိုင်းVisaနဲ့ ပတ်သတ်တဲ့ knowledge တွေသိချင်ရင် Page လေးကို like & follow လုပ်ထားနိုင်ပါတယ်နော်💕
📩visa service နဲ့ပတ်သတ်ပြီး သိရှိလိုပါက Page Messenger မှာ လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။
📱ဖုန်းနံပါတ် - 092-341-3777 / 095-843-0508
Viber - +6692-341-3777 / +6695-843-0508
Line ID -mical007