04/12/2024
“ ထိုင်းနိုင်ငံကိုသွားချင်တယ် ” ဆိုပြီးတော့သာပြောနေပေမယ့် “ ဘယ်ဗီဇာနဲ့နေရမလဲ ” ဆိုပြီး ဝေခွဲမရဖြစ်နေတဲ့ လူကြီးမင်းတို့အတွက် Thailand Connection ကနေ ထိုင်းနိုင်ငံရဲ့နေထိုင်ခွင့် (Visa) တွေနဲ့ပတ်သက်ပြီး Sharing လုပ်ပေးချင်ပါတယ်ခင်ဗျာ 💁
(1) Tourist Visa (အလည်ဗီဇာ)
နေထိုင်ခွင့် (Visa) လို့ပြောလိုက်တာနဲ့ အများစုပြေးမြင်မိကြတာကတော့ Tourist Visa ပါပဲ ။ Visa ကြေးကလည်း ဒေါ်လာ (၄၀) ပဲဖြစ်လို့ တခြားသော Visa တွေနဲ့ယှဉ်ရင် ကုန်ကျစရိတ်သက်သာပြီး သက်တမ်းအားဖြင့်တော့ (၃) လခန့်နေထိုင်ခွင့်ရှိပါမယ်ဗျ ။
(2) Non - Immigrant Visa
Non - Immigrant Visa ဆိုတာကတော့ အခြားသော Education / Business အစရှိတဲ့ Visa တွေကို မပြောင်းခင်မှာ လျှောက်ထားနိုင်တဲ့ နေထိုင်ခွင့်တစ်မျိုးပါပဲဗျ ။ Non - Immigrant Visa ကို မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးကနေတဆင့်လျှောက်ထားနိုင်သလို ထိုင်းနိုင်ငံကို Tourist Visa နဲ့လာပြီးမှ Non - Immigrant Visa ကိုလည်း ပြန်လည်လျှောက်ထားနိုင်ပါတယ် ။
လျှောက်ထားနိုင်တဲ့ Non - Immigrant Visa အမျိုးအစားတွေကတော့ 💁
- Business (B-type)
- Marriage (O-type)
- Dependent or Retirement (O-type)
- Education (ED-type) ဆိုပြီးရှိပါတယ်ဗျ ။
(3) Education Visa (Ed Visa)
ထိုင်းနိုင်ငံမှာ တက္ကသိုလ်တက်ရောက်ချင်သူတွေ ၊ ပညာရေးပိုင်းနဲ့လာရောက်မယ့်သူတွေအနေနဲ့ လျှောက်ထားနိုင်တဲ့ နေထိုင်ခွင့်တစ်မျိုးဖြစ်ပြီး Visa ကြေးကတော့ ကိုယ်တက်ရောက်မယ့် တက္ကသိုလ် ၊ ကျောင်းပေါ်မူတည်ပြီး ဘတ် (၂၅,၀၀၀) ကနေ စတင်ကုန်ကျနိုင်ပါတယ်ဗျ ။
(4) Guardian Visa
ထိုင်းနိုင်ငံမှာ Education Visa နဲ့နေထိုင်နေတဲ့ အသက် (၂၀) အောက်ကလေးရှိမယ်ဆိုရင် အုပ်ထိန်းသူက Guardian Visa ကို လျှောက်ထားနိုင်ပါတယ် ။ Guardian Visa ရဲ့ အားနည်းချက်ကတော့ ကျောင်းသားတစ်ဦးကို အုပ်ထိန်းသူတစ်ဦးကပဲလျှောက်ထားခွင့်ရှိပါမယ်ဗျ ။
(5) Marriage Visa
ထိုင်းနိုင်ငံသားတစ်ဦးနဲ့လက်ထပ်ထားမယ်ဆိုရင်တော့ Marriage Visa လို့ခေါ်တဲ့ နေထိုင်ခွင့်ကို လျှောက်ထားနိုင်ပါတယ်ဗျ ။
(6) Retirement Visa
အသက် (၅၀) နှင့်အထက်ရှိသူတိုင်းလျှောက်ထားနိုင်တဲ့ နေထိုင်ခွင့်အမျိုးအစားပဲဖြစ်ပါတယ် ။ Retirement Visa ကိုလျှောက်ထားဖို့အတွက်ဆိုရင်တော့ ဘတ် (၈) သိန်း (သို့) လစဉ် ဒေါ်လာ (၃,၀၀၀) နှင့်အထက်ပင်စင်ရကြောင်း Statement ပြနိုင်ဖို့ လိုအပ်ပါမယ်ဗျ ။
(7) Dependent Visa
Retirement Visa ကိုင်ဆောင်ထားသူရဲ့ အသက် (၅၀) အောက် အိမ်ထောင်ဖက် ၊ သားသမီးတွေအနေနဲ့ Dependent Visa ကို လျှောက်ထားနိုင်ပါတယ် ။
(8) Investment Visa
ထိုင်းနိုင်ငံရဲ့ Real Estate (အိမ်ခြံမြေရောင်း၀ယ်ရေးလုပ်ငန်း) တွေမှာ အမေရိကန်ဒေါ်လာ (၅) သိန်းနှင့်ညီမျှတဲ့ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားမှသာလျှင် Investment Visa ကိုလျှောက်ထားနိုင်ပါတယ်ဗျ ။ သက်တမ်းအားဖြင့် (၁၀) နှစ်ခန့်နေထိုင်ခွင့်ရှိမှာဖြစ်ပြီး အသက်အရွယ်ကန့်သတ်ချက်မရှိဘဲ မိသားစုလိုက်နေထိုင်ခွင့်ပေးထားပါတယ် ။
(9) Smart Visa
ထိုင်းအစိုးရဘက်ကသတ်မှတ်ထားတဲ့နယ်ပယ်တွေမှာ ကျွမ်းကျင်ပညာရှင် (White Collar Worker) အနေနဲ့ လုပ်ကိုင်လျက်ရှိတဲ့သူတွေ လျှောက်ထားနိုင်မယ့် နေထိုင်ခွင့်အမျိုးအစားပဲဖြစ်ပါတယ်ဗျ ။ နေထိုင်ခွင့်သက်တမ်းကတော့ (၄) နှစ်ခန့်ဖြစ်ပြီးအကယ်၍ ကိုယ်က White Collar Worker လည်းဖြစ်တယ် ၊ ထိုင်းနိုင်ငံမှာလည်း အချိန်ကြာကြာနေထိုင်ဖို့ဆန္ဒရှိတယ်ဆိုရင်တော့ Smart Visa ကိုလျှောက်ဖို့ အကြုံပြုချင်ပါတယ်ဗျ ။
(10) Long Term Visa
နေထိုင်ခွင့်သက်တမ်း (၁၀) နှစ်ခန့်ရရှိမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ (၁) သိန်း ကို ပိုင်ဆိုင်မှု Statement အနေနဲ့ပြပေးနိုင်ရပါမယ်ဗျ ။ Long Term Visa လျှောက်ထားသူနှင့်အတူ မိသားစု၀င် (၃) ဦးအထိ နေထိုင်ခွင့်ရှိပါတယ်
(11) Permanent Resident Visa
Permanent Resident Visa ကိုတော့ ထိုင်းနိုင်ငံမှာ တစ်သက်လုံးနေထိုင်မယ့်သူတွေ ၊ ထိုင်းနိုင်ငံသားအဖြစ်ခံယူမယ့်သူတွေအနေနဲ့ လျှောက်ထားနိုင်ပြီး ထိုင်းစကားကိုကျွမ်းကျွမ်းကျင်ကျင်နားလည်ထားဖို့လိုအပ်ပါတယ်ဗျ ။ Overstay နေထိုင်ဖူးသူတွေနဲ့ ပြစ်မှုမှတ်တမ်းရှိတဲ့သူတွေဆိုရင်တော့ ဒီ Permanent Resident Visa ကိုလျှောက်ထားခွင့်မရှိပါဘူး ။
(12) Elite Visa
Elite Visa မှာဆိုရင် Gold / Platinum / Diamond / Reserve ဆိုပြီး အမျိုးအစား (၄) မျိုးအထိရှိပါတယ် ။ Visa ကြေးကတော့ ဘတ် (၉) သိန်း / (၁၅) သိန်း / (၂၅) သိန်း / သိန်း (၅၀) အထိကုန်ကျနိုင်ပြီး ကိုယ်ရွေးချယ်ထားတဲ့အမျိုးအစားပေါ်မူတည်ပြီး (၅) နှစ်ကနေ နှစ် (၂၀) အထိနေထိုင်ခွင့်ရှိပါမယ်ဗျ ။
ကဲ ... ဒါဆိုရင်တော့ ထိုင်းနိုင်ငံကိုသွားရောက်လည်ပတ်ဖို့ စဉ်းစားနေတဲ့ လူကြီးမင်းတို့အနေနဲ့ ထိုင်းနိုင်ငံရဲ့နေထိုင်ခွင့် (Visa) တွေနဲ့ပတ်သက်လို့ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ ။
#ထိုင်းစကား #ထိုင်းမြန်မာ #ထိုင်းvisa