Mingalaba Bangkok

Mingalaba Bangkok ဘာပဲလိုလို 𝐌𝐢𝐧𝐠𝐚𝐥𝐚𝐛𝐚 𝐁𝐚𝐧𝐠𝐤𝐨𝐤 ရှိပါတယ်

ဘန်ကောက်မှာ visa service နဲ့ပတ်သတ်ရင် ဘာပဲလိုလို Migalaba Bangkok ရှိပါတယ်။ သင့်တင့်တဲ့စျေးနှုန်း၊ ကောင်းမွန်တဲ့ဝန်ဆောင်မှုအရည်အသွေးနဲ့ customer အဆင်ပြေဖို့ ဦးစားပေးပြီး ဆောင်ရွက်ပေးမယ့် Mingalaba Bangkok ပါ။

🚨 Passport သက်တမ်းတိုး ကိစ္စ  Update 🛂"ဘန်ကောက်က မြန်မာသံရုံးမှာ PV စာအုပ်ဆိုရင် သက်တမ်းတိုးမပေးတော့ဘူး" ဆိုပြီး လူပြောမ...
19/08/2026

🚨 Passport သက်တမ်းတိုး ကိစ္စ Update 🛂

"ဘန်ကောက်က မြန်မာသံရုံးမှာ PV စာအုပ်ဆိုရင် သက်တမ်းတိုးမပေးတော့ဘူး" ဆိုပြီး လူပြောများနေတာတွေနဲ့ ပတ်သက်ပြီး သတင်းအမှန်က ဘယ်လိုလဲ?

အမှန်တကယ်က PV ဖြစ်စေ၊ PE ဖြစ်စေ ကိုင်ထားတဲ့ Passport အမျိုးအစားနဲ့ လက်ရှိ Visa အမျိုးအစား မကိုက်ညီသူတွေ (သံရုံးရဲ့ သတ်မှတ်ချက်အရ) ဆိုရင် သက်တမ်းတိုးဖို့အတွက် ပြည်တွင်း (ပြည်ထဲရေး) ကို စာတင်ရပြီး ခွင့်ပြုချက်ကျမှသာ တိုးပေးမှာလို့ သိရပါတယ်

📌 ဥပမာ မကိုက်ညီတဲ့ Case တွေကတော့ -

- PV စာအုပ်နဲ့ NON-ED Visa ကိုင်ထားသူများ
- PV စာအုပ်နဲ့ NON-LA Visa ကိုင်ထားသူများ
- PV စာအုပ်နဲ့ NON-B Visa ကိုင်ထားသူများ
- PE စာအုပ်နဲ့ NON-LA Visa ကိုင်ထားသူများ

တရားဝင် စာတော့ အတိအကျ မထွက်သေးပေမယ့် ဒီလို Case ရှိတဲ့ PV စာအုပ်ကိုင်ထားသူတွေအနေနဲ့ လက်ရှိမှာ သံရုံးကို စာတင်ခဲ့ကြရတယ်လို့ ကြားမိပါတယ်။ ခွင့်ပြချက်ကလည်း (၂) ပတ်လောက်ကနေ (၂) လ၊ (၃) လ အထိကြာနိုင်တယ်လို့ ဆိုပါတယ်

ဒါပေမဲ့ PJ to PJ (သို့) PE to PE လိုမျိုး အမျိုးအစားတူ တိုးတာတွေကိုတော့ ပုံမှန်အတိုင်း ရက်ချိန်းနဲ့ ဆက်လက် လုပ်ဆောင်ပေးနေဆဲပါ။

လက်ရှိ Passport သက်တမ်းတိုးဖို့ ရှိနေတဲ့ မိတ်ဆွေများအတွက် သတင်းအချက်အလက်အနေနဲ့ တင်ပြပေးလိုက်ပါတယ်ခင်ဗျာ 🤝

🇹🇭 DTV Post လေးတွေ မတင်တာကြာပြီဖြစ်ပေမယ့် ဒီနေ့တော့ ထူးထူးခြားခြား အောင်မြင်မှုလေးနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ ✨အများသူငှာ ...
14/08/2026

🇹🇭 DTV Post လေးတွေ မတင်တာကြာပြီဖြစ်ပေမယ့် ဒီနေ့တော့ ထူးထူးခြားခြား အောင်မြင်မှုလေးနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ ✨

အများသူငှာ လျှောက်နေကျ Career အမျိုးအစားမဟုတ်ဘဲ၊ ကောင်စစ်ဝန်အရာရှိ လက်ခံဖို့ အတော်ခက်ခဲတဲ့ Career တစ်ခုကိုမှ Mingalaba Bangkok ဘက်က သေချာပြင်ဆင်ပေးနိုင်ခဲ့ပြီး အောင်မြင်စွာ Approve ဖြစ်လာခဲ့ပါပြီ။

Client ဘက်ကလည်း လိုအပ်တဲ့ Data တွေ အပြည့်အစုံ ပံ့ပိုးပေးခဲ့ကြလို့ နှစ်ဖက်ကြိုးစားအားထုတ်မှုနဲ့အတူ ထိုင်းနိုင်ငံမှာ (၅) နှစ် တိတိ နေထိုင်ခွင့် ရရှိသွားပါပြီခင်ဗျာ 🎉

💡 မိတ်ဆွေရော လက်ရှိ Visa ကုန်တော့မှာမလို့ ခေါင်းကိုက်နေပြီလား?

(၅) နှစ်အထိ စိတ်အေးလက်အေး နေထိုင်ခွင့်ရမယ့် DTV Visa ကို အသေးစိတ်စုံစမ်းချင်တယ်ဆိုရင် "DTV" လို့ ချက်ချင်းစာပို့ပြီး ဆွေးနွေးတိုင်ပင်လိုက်ပါခင်ဗျာ 📲

☎️ WhatsApp and Line 097 076 6274

စျေးဝယ်မယ်ဆိုရင် ဒီလိုရက်တွေက အတန်ဆုံးပါပဲ8.8 Promotion ရယ် Live sales နဲ့ပါကြုံရင် ပုံထဲကလို Watch တွေတောင် လျှော့စျေး ...
08/08/2026

စျေးဝယ်မယ်ဆိုရင် ဒီလိုရက်တွေက အတန်ဆုံးပါပဲ

8.8 Promotion ရယ် Live sales နဲ့ပါကြုံရင် ပုံထဲကလို Watch တွေတောင် လျှော့စျေး ဘတ် ၂၀၀၀ ကနေ ၃၀၀၀ အထိ သက်သာမှာပါ

လိုချင်တဲ့သူရှိရင် စျေးသက်သက်သာသာနဲ့ ဝယ်နိုင်အောင်လို့ ပြန်ပြီး share ပေးတာပါ

https://s.shopee.co.th/9pdLlnyt0P

ထိုင်းရောက် မြန်မာမိတ်ဆွေများအားလုံး "ဆဝါဒီစကပ်"  🙏
07/08/2026

ထိုင်းရောက် မြန်မာမိတ်ဆွေများအားလုံး "ဆဝါဒီစကပ်" 🙏

🏔️ ချင်းမိုင်နားမှာ စွန့်စားခန်း ဆန်ဆန် တောင်တက်ချင်သူတွေအတွက် “ဒอยลังกาน้อย (Doi Langka Noi)” 🌲☁️
06/08/2026

🏔️ ချင်းမိုင်နားမှာ စွန့်စားခန်း ဆန်ဆန် တောင်တက်ချင်သူတွေအတွက် “ဒอยลังกาน้อย (Doi Langka Noi)” 🌲☁️

ခရီးသွားပို့စ်လေးတွေကို ဒီမှာ တင်ပေးပါ့မယ်ခင်ဗျာ။ ကိုယ်သွားတာကို ပြန်တင်တာထက် info sharing တွေပါ သေချာလုပ်ပေးမှာမလို့ fo...
04/08/2026

ခရီးသွားပို့စ်လေးတွေကို ဒီမှာ တင်ပေးပါ့မယ်ခင်ဗျာ။ ကိုယ်သွားတာကို ပြန်တင်တာထက် info sharing တွေပါ သေချာလုပ်ပေးမှာမလို့ follow လုပ်ရကျိုးနပ်မှာပါ

Stay tuned 🙏

ဒီမြို့သေးသေးလေးမှာ တောင်တက်ပါကော်ဖီတစ်ခွက်လောက်မှာပြီးလမ်းသွားလမ်းလာတွေကိုငေးပါအလျင်စလိုဖြစ်နေတာတွေ ခဏလောက် ခဝါချပြီးအသ...
04/08/2026

ဒီမြို့သေးသေးလေးမှာ

တောင်တက်ပါ

ကော်ဖီတစ်ခွက်လောက်မှာပြီး
လမ်းသွားလမ်းလာတွေကိုငေးပါ

အလျင်စလိုဖြစ်နေတာတွေ
ခဏလောက် ခဝါချပြီး
အသက်ဝဝ ရှူကြည့်ပါ 🍀

နှစ်ပေါင်း ၃၀၀၀ နဲ့အထက်သမိုင်းကြောင်းရှိပြီး မျောက်တွေကြီးစိုးတဲ့ မြို့လေး Lopburi  🐒
03/08/2026

နှစ်ပေါင်း ၃၀၀၀ နဲ့အထက်သမိုင်းကြောင်းရှိပြီး မျောက်တွေကြီးစိုးတဲ့ မြို့လေး Lopburi 🐒

ငယ်ရွယ်တုန်းမှာ ခရီးထွက်ပါ 🥾အသက်ကြီးလာတော့ စိတ်ကို ကိုယ်က မလိုက်နိုင်တော့တဲ့အခါ မသွားခဲ့ရတဲ့နေရာတွေ၊ မလုပ်ခဲ့ရတဲ့ အရာတွေ...
25/07/2026

ငယ်ရွယ်တုန်းမှာ ခရီးထွက်ပါ 🥾

အသက်ကြီးလာတော့ စိတ်ကို ကိုယ်က မလိုက်နိုင်တော့တဲ့အခါ မသွားခဲ့ရတဲ့နေရာတွေ၊ မလုပ်ခဲ့ရတဲ့ အရာတွေ၊ မစားခဲ့ရတဲ့ အစားအစာတွေကို တွေးပြီး နောင်တရမနေဖို့ ငယ်တုန်း ရွယ်တုန်း သန်တုန်း စွမ်းတုန်းမှာ ခရီးထွက်ပါ

📌 Doi Langka Noi Loop, Chiang Mai
⏰ Loop အဆုံးထိမဟုတ်ဘဲ 5 နာရီကြာခဲ့ပါတယ်
Strava နဲ့ Watch က မတည့်လို့ မှားပြနေတာပါ

ဘန်ကောက်မှာရှိတဲ့သူတွေအတွက် သတင်းကောင်းပါ Apple ရဲ့ back to school promotion စနေပြီဖြစ်ပြီး ပုံထဲက အတိုင်း MacBook Pro, ...
16/07/2026

ဘန်ကောက်မှာရှိတဲ့သူတွေအတွက် သတင်းကောင်းပါ

Apple ရဲ့ back to school promotion စနေပြီဖြစ်ပြီး ပုံထဲက အတိုင်း MacBook Pro, MacBook Air, iPad Pro နဲ့ iPad Air တွေဝယ်ရင် ဘတ် 3,400 ကနေစပြီး Gift card တွေ ပြန်ရမှာဖြစ်ပါတယ်

ဒီ promotion ရဖို့က သတ်မှတ်အချိန်အတွင်း သတ်မှတ်ထားတဲ့ model တွေကို ဝယ်ရမှာဖြစ်သလို Unidays မှာ ကျောင်းသား status ကို verify လုပ်ထားဖို့လည်း လိုပါတယ်

ကိုယ့်ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေ သိသွားအောင်လည်း ဒီ post ကို share သွားပေးပါဦး

Link ကို comment မှာ ထည့်ထားပေးပါတယ်။ ဒီ promotion က Apple ရဲ့ official website နဲ့ showroom မှာပဲ ရမှာဖြစ်ပြီး Lazada တို့ Shopee တို့မှာ မရပါဘူး

ที่อยู่

Bang Na
Bangkok
10260

เวลาทำการ

จันทร์ 09:00 - 18:00
อังคาร 09:00 - 18:00
พุธ 09:00 - 18:00
พฤหัสบดี 09:00 - 18:00
ศุกร์ 09:00 - 18:00
เสาร์ 09:00 - 18:00
อาทิตย์ 09:00 - 18:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mingalaba Bangkokผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์