14/07/2026
11 Dec 2026 သက်တမ်းကုန်မဲ့သူတွေကို သက်တမ်း ၁ နှစ် တိုးပေးမယ်ဆိုတာ ဘာလဲ?
အခု ဘတ်သစ်လုပ်ထားတဲ့သူတွေက workpermit နဲ့ Visa က 11 Dec 2026 ဆိုရင် သက်တမ်းကုန်တော့မှာဖြစ်ပါတယ်။ ဒီအဖွဲ့တွေကို အစိုးရကနေပြီး ဆက်လက်ပြီး အလုပ်လုပ်ခွင့်နေထိုင်ခွင့်အတွက် သက်တမ်းဆက်တိုးပေးရမှာဖြစ်ပါတယ်။ ၁ နှစ်ထပ်ပြီး သက်တမ်းတိုးပေးဖို့ အစည်းအဝေးထိုင်နေကြတာဖြစ်ပါယ်။ 11 Dec 2026 သမားတွေအနေနဲ့ တမ်းဆက်တိုးမယ်ဆိုရင် 11 Dec 2027 အထိ Work Permit နဲ့ Visa သက်တမ်း ထပ်ပြီးရရှိမှာဖြစ်ပါတယ်။
သတင်းကောင်း 11 Dec 2026 သမားတွေကို ၁ နှစ်တိုးပေးမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့စာတွေကတော့
ဘတ်ကို သက်တမ်းတိုးမယ်ဆိုရင် ၁ နှစ် သက်တမ်းထပ်ရမယ်ဆိုတာကိုပဲဆိုလိုတာပါ ဒါကတော့ ပုံမှန်လမ်းစဉ်ပါပဲရှင့်။
အခုလက်ရှိအထိ ဘယ်နေကနေစပြီးသက်တမ်းတိုးပေးမလဲ လမ်းစဉ်ဘယ်လိုဖြစ်မလဲဆိုတာမျိုး ထွက်မလာသေးပါဘူး။
ကြားသိရတဲ့ခန့်မှန်းချက်အရကတော့ September 2026 လောက်မှ သက်တမ်းတိုးတွေ စတင်မယ်လို့တော့ကြားထားပါတယ်။
ဘတ်လုပ်ထားပြီး အလုပ်မလုပ်တဲ့သူတွေအတွက် အခုလက်ရှိသူငှေးနဲ့သက်တမ်းတိုးလို့ ရသလို အလုပ်လုပ်နေတဲ့သူတွေရှိရင်လည်း မိမိသူငှေးထဲ သူငှေးပြောင်းလုပ်ပြီး သက်တမ်းတိုးဖို့ ပြင်ဆင်ထားလို့ရပါတယ်။
ကုန်ကျစရိတ်တွေရှိလာနိုင်တာမို့ ခုကတည်းက တလနည်းနည်း ကြိုတင်ပြီးပြင်ဆင်ထားဖို့ သတိလေးပေးပါရစေ။