YEN အိမ်ခြံမြေနှင့် Visa Agency

YEN အိမ်ခြံမြေနှင့် Visa Agency မင်္ဂလာပါမိတ်ဆွေ သိလိုသမျှမေးမြန်းနိုင်ပါသည်

🚍 မိတ်ဆွေများအတွက် Bangkokမြို့အနှံ့ ဘတ်စ်ကားဖြင့် သွားလာရန်နည်းလမ်း 🚍ဘန်ကောက်မှာ BTS, MRT တို့ဖြင့် အဓိကနေရာတော်တော်မျာ...
29/08/2025

🚍 မိတ်ဆွေများအတွက် Bangkokမြို့အနှံ့ ဘတ်စ်ကားဖြင့် သွားလာရန်နည်းလမ်း 🚍

ဘန်ကောက်မှာ BTS, MRT တို့ဖြင့် အဓိကနေရာတော်တော်များများသွားလာလို့ရသော်လည်း စျေးနှုန်းများပြီး နေရာအနှံ့မ‌ရောက်ပါ။ ဒါကြောင့် မိတ်ဆွေတို့အတွက် Bus ကားစီးကာ အကုန်အကျသက်သာပြီး နေရာအနှံ့အပြားသွားလာနိုင်သည့် အဆင်ပြေမယ့် နည်းလမ်းလေးညွှန်းပေးလိုပါတယ်။

Step 1 – Google Maps ကို သုံးပြီး လမ်းကြောင်းရှာမယ်
1. Google Maps ကို ဖွင့်ပြီး သင်သွားချင်တဲ့နေရာကို ရိုက်ထည့်ပါ။
2. “Directions” ကို နှိပ်ပြီး “Public Transport” ကို ရွေးချယ်ပါ။
3. ဘတ်စ်ကားနံပါတ်၊ သွားတဲ့လမ်းကြောင်း၊ ကြာချိန် အတိအကျ မြင်ရပါမယ်။
👉 အကျိုးကျေးဇူး – ဘယ် bus နံပါတ်စီးရမလဲ၊ ဘယ်မှတ်တိုင်ကနေ စီးရမလဲဆိုတဲ့အချက်တွေကို တိကျစွာပြပေးပါတယ်။

Step 2 – ViaBus Application နဲ့ တိကျမှုပိုမိုစစ်မယ်
1. ViaBus app ကို Play Store / App Store ကနေ ဒေါင်းပါ။
2. App ထဲမှာ မိတ်ဆွေနဲ့အနီးဆုံးမှတ်တိုင်ကို လာနေသည့် ဘတ်စ်ကားများကို Live tracking ဖြင့် နေရာတိကျစွာ မြင်နိုင်ပါတယ်။
3. ဘတ်စ်ကားနဲ့ လက်ရှိမှတ်တိုင်နဲ့ ဘယ်လောက်ကွာဝေးတာ၊ ဘယ်အချိန်လောက်ကြာမှ မှတ်တိုင်ကိုရောက်လာမယ်ဆိုတာ တိကျစွာ တိုက်ရိုက် ကြည့်ရှုလို့ရပါတယ်။
👉 အကျိုးကျေးဇူး – မှတ်တိုင်ရောက်လာမယ့်ဘတ်စ်ကားကို ဘယ်နေရာ၊အချိန်ဘယ်လောက်ကြာမယ်ဆိုတာကို ကြိုသိပြီး ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။

Step 3 – Bus စီးရင် သိထားရမယ့်အချက်များ
• ဘတ်စ်ကားစီးမယ်ဆိုရင် အကြွေသေချာပြင်ထားပါ (20THB, coins)။
• Conductor (ticket seller) က ကျသင့်ငွေကောက်ပြီး ခရီးစဉ်အလိုက် လက်မှတ်ပေးပါမည်။
• aircon bus တွေမှာတော့ ပုံမှန်ကားတွေထက်စာရင် စျေးနှုန်းအနည်းငယ်ပိုများနိုင်ပါတယ်။
• Google Maps / ViaBus ကနေတဆင့်ကြည့်နေပြီး သွားလိုတဲ့ မှတ်တိုင်ရောက်ခါနီးရင် bell button ကိုနှိပ်ပြီး ဆင်းရန် signal ပေးဖို့ရာမမေ့ဖို့ သတိပြုပါ။

Step 4 – Useful Tips
✅ Google Maps နဲ့ ViaBus ကို ထိရောက်စွာသုံးပါ – တစ်ခုက လမ်းကြောင်းပြပြီး တစ်ခုက နေရာ၊အချိန်တိကျမှုကိုပြသပေးပါတယ်။
✅ ညဘက် (9 pm နောက်ပိုင်း) → ဘတ်စ်ကား အချို့က အလုပ်နားသွားတာမျိုးတွေရှိတာမလို့ ViaBus ကနေ ကားရှိမရှိသေချာစစ်ပါ။
✅ မှတ်တိုင်ဘယ်မှာရှိလဲမသိတဲ့အခါမျိုးမှာ Google Maps ရဲ့ walking navigation ကို သုံးပြီး bus stop ရှိရာကို သွားပါ။

Bonus* အချို့သော Bus ကားများက ခရီးစဥ်အဆုံးထိမသွားဖဲ ပြန်‌ကွေ့တာမျိုးရှိတဲ့အတွက် လက်ထဲပိုက်ဆံအမြဲဆောင်ထားဖို့ သတိပေးစေလိုပါတယ်၊

🌟 Why bus in Bangkok?
• BTS/MRT မရှိသေးတဲ့ နေရာတွေသွားလာရာတွင် အဆင်ပြေ။
• ဈေးသက်သာ (8 – 30 Baht ).သာကျသင့်
• မြို့အနှံ့အပြား သွားနိုင်ပြီး, ခရီးစဉ်ပိုကြာသော်လည်း သုံးဖို့တန်။

💙 YEN အကြံပေးချက် – ဘန်ကောက်မှာ စျေးသက်သက်သာသာနဲ့ သွားလာချင်ရင် Google Maps နဲ့ ViaBusက အသုံးပြလို့လို့ ကောင်းတဲ့ application တွေဖြစ်ပါတယ်။ မသေချာတာ/ မေးမြန်းလိုတာ/ နားမလည်တာတွေရှိပါပါက YEN Page သို့ မေးမြန်းနိုင်ပါတယ်။

👉 သင့်နေထိုင်ခွင့် + ဗီဇာ + ဘဏ်အကောင့်နှင့် ပတ်သက်သည့်သတင်းထူးသတင်းသစ်များ ၊စိတ်ဝင်စားဖွယ်အကြောင်းအရာများမလွတ်စေရန် Like & Follow လုပ်ထားပေးပါ✔️

#မြန်မာထိုင်း #လိုတရ

✈️ ဒီတစ်ခါမှာတော့ Vientiane, Laos သွားပြီး  Visa Run သည့် အတွေ့အကြုံကို မျှဝေချင်ပါတယ်။❌ admin ကိုယ်တိုင်ကြုံခဲ့သည့်အမှာ...
28/08/2025

✈️ ဒီတစ်ခါမှာတော့ Vientiane, Laos သွားပြီး Visa Run သည့် အတွေ့အကြုံကို မျှဝေချင်ပါတယ်။

❌ admin ကိုယ်တိုင်ကြုံခဲ့သည့်အမှား (learn from me):

Name format – Visa application form ကို ဖြည့်ရာတွင် “First name” အောက်မှာသာ full name ထည့်ပြီး middle/last ကို ဘာမှမထည့်ပါနှင့်။
👉 မိတ်ဆွေနာမည်ကို Passport ထဲမှာရှိသလို Full name အပြည့်အစုံကို First Name အောက်မှာသာ ထည့်ဖို့ အကြံပေးလိုပါတယ်

Costly error – Cancelation ဖြစ်လို့ မှားတဲ့ ပထမ၁ခါအတွက် 2,000 THB ကုန်ပြီး၊ နှစ်ခါတင်ရတဲ့အတွက် စုစုပေါင်း Visa Payment Fee 4,000 THB ကုန်သွားပါတယ်။

🏨 Where I stayed:

ပထမတင်တုန်းက Hotel တစ်ခုမှာ တရက်ကို ဘတ် ၅၀၀ ဝန်းကျင်နဲ့ buffet breakfastပါတဲ့ delux Room တည်းခဲ့ပြီး အကုန်အကျသက်သာအောင် ဒုတိယတခါtry တဲ့အချိန်မှာတေ့ တညကို ဘတ် ၁၇၀ နဲ့ light breakfast ပါတဲ့ Dorm တစ်ခုမှာ တည်းခဲ့ပါတယ်။
ဈေးနှုန်းသက်သာတဲ့အပြင် သန့်ရှင်းမှု၊ ဝန်ဆောင်မှု အဆင်ပြေပါတယ်။

Vientiane မှာ စားသောက်စရိတ်ကတော့ ထိုင်းထက်စာရင် နည်းနည်းပိုများတာကြောင့် Budgetသမားတွေအနေနဲ့ သေချာဆိုင်ရှာထားဖို့လိုပါမယ်။ ကောင်းတာတခုကတော့ သွားလာစရိတ်သက်သာတဲ့အတွက်ကြောင့် အလည်အပတ်သွားတဲ့ လူများအတွက်အဆင်ပြေပါတယ်။ လူသုံးများတဲ့ taxi applicationလေးတွေသိလိုပါက လာရောက်မေးမြန်းနိုင်ပါတယ်။ အခြားအဆင်မပြေတာတခုခုရှိခဲ့ရင်လဲ လာရောက်မေးမြန်းလို့ရပါတယ်။

🌆 Places I recommend:

Night Market – Laos အစားအသောက်တွေအစုံအလင်ရပြီး လူစည်းကားတဲ့ Vientaine မြို့ရဲ့ အဓိကနေရာတခုဖြစ်ပါတယ်။

မဲခေါင်မြစ်ကမ်းဘေးတောက်လျှောက်မှာ စားသောက်ဆိုင်၊ အအေးဆိုင်၊ ကော််ဖီဆိုင်စုံအလင်ရှိပြီး မြို့အလှ၊ မြစ်အလှကို ရှုစားရင်း ဘဝအမောတွေဖြေဖျောက်ဖို့ သင့်တော့်ပါတယ်။

⚠️ My Tips for you:

Form ဖြည့်ချိန်မှာ သေချာစစ်ပါ – နာမည် format မှားရင် အခက်အခဲဖြစ်ပြီး extra cost ကုန်နိုင်ပါတယ်။

Payment, documents, accommodation → အားလုံး advance သေချာ ပြင်ထားပါ။
THB cash အလုံအလောက်ယူသွားကြပါ။ ဖြစ်နိုင်ရင် ကိုတွက်ထားတာထက် 5,000 THBလောက် ပိုထည့်သွားပါ။

Vientiane အနေနဲ့ကတော့ ညဘက်တွေ သွားလာရ safeဖြစ်သော်လည်း ဂရုစိုက်သွားလာကြဖို့ အကြံပေးလိုပါတယ်။

💙 ဒီအတွေ့အကြုံလေးက သင်တို့ရဲ့ Visa Run ကို ပိုမိုအဆင်ပြေစေမယ်လို့ မျှော်လင့်ပါတယ်။
👉 သိချင်တဲ့မေးခွန်းတွေ/ လိုအပ်တဲ့အကြံဉာဏ်ရှိပါက YEN Page သို့ တိုက်ရိုက်မေးနိုင်ပါတယ်။

#မြန်မာထိုင်း #ဗီယန်ကျင်း #လိုတရ

📌 YEN လိုတရ Page – Bangkok Bank Account Freeze Update News🚨 Bangkok Bank အကောင့် Freeze ဖြစ်နေသူများအတွက် အရေးကြီး သတိပေ...
25/08/2025

📌 YEN လိုတရ Page – Bangkok Bank Account Freeze Update News

🚨 Bangkok Bank အကောင့် Freeze ဖြစ်နေသူများအတွက် အရေးကြီး သတိပေးချက် 🚨
လတ်တလော Bangkok Bank မှ အကောင့်များ Freeze လုပ်ခြင်းများ တိုးလာနေပြီး၊ အထူးသဖြင့် Tourist Visa ဖြင့် ဖွင့်ထားသူများ သို့မဟုတ် နိုင်ငံပြင်ပမှာ ရှိနေသူများ အများဆုံးရင်ဆိုင်ကြုံတွေ့နေရပါသည်။

📌 Update လုပ်ရန်လိုအပ်သည့် အချက်များ
• Passport + Bank Book မူရင်း
• နေထိုင်ခွင့်အထောက်အထား (TM.30 / အိမ်ငှားစာချုပ်)
• ရေရှည် Visa (ED, Work, Retirement စသည်)
• ဘဏ်အကောင့်နှင့် ချိတ်ဆက်ထားသော SIM Card ပိုင်ဆိုင်ကြောင်းစလစ်
• ဆေးကုသမှု၊စီးပွားရေး စသဖြင့် အကောင့်ကိုအသုံးပြုကြောင်း အထောက်အထား
📌 သင်္ဘောသားများ (Seaman) → Shipping ကုမ္ပဏီအတည်ပြုစာ, Seaman’s Book, Job Contract, Pay Slips လိုအပ်သည်။
📍 နိုင်ငံပြင်ပ ရှိနေသူများ → Phone / Email ဖြင့် ဆက်သွယ်ပြီး အမည်, Passport No, Account No, ဖွင့်ခဲ့သည့် ဘဏ်ခွဲ အချက်အလက်များ တင်ပြရန် လိုအပ်သည်။

⚠️ အရေးကြီး သတိပေးချက်များ (income statement/ အကောင့်ထဲကငွေများ ဘယ်ကရရှိပါသလဲမေးခွန်း)
• Visa အမျိုးအစားအလိုက် သေချာစဉ်းစားပြီး ပြောပါ
👉 ဥပမာ – Tourist, ED, Dependant Visa မျိုးတွင် “အလုပ်လုပ်ပြီး လစာရတယ်” ဆိုတာ မပြောမိပါစေနှင့်။ ဥပဒေ အရ အလုပ်လုပ်ခွင့်မရှိသည့်အတွက် အခြေအနေ ပိုဆိုးနိုင်သည်။ (သတင်းအရ ဘဏ်အကောင့်ထဲရှိငွေပါ ပြန်ထုတ်ခွင့်မပေးတာမျိုးထိဖြစ်နိုင်ပါတယ်)
• အကောင့်အသုံးပြုသည့် ရည်ရွယ်ချက်ကို ရှင်းလင်းတိကျစွာ ရှင်းပြပါ
နေထိုင်စရိတ်၊ကျောင်းကိစ္စ၊အသုံး, ဆေးကုသမှု စသဖြင့် သက်ဆိုင်ရာ အကြောင်းအရာများကိုသာ ရှင်းလင်းစွာ ပြောပြပါ။
• ဘဏ်နဲ့ ဆက်သွယ်မှုတိုင်းကို record သိမ်းထားပါ (ဖုန်း logs, email copies) → နောက်ထပ် အခက်အခဲ ရင်ဆိုင်ရင် အသုံးဝင်မည်။

📌 အသုံးဝင်အချက်အလက်
မိတ်ဆွေများအဆင်ပြေစေရန်အတွက် Bangkok Bank Contact Info (ဖုန်းနံပါတ်များ၊ Email များ) ကိုလည်း ထည့်ပေးထားပါသည်။
👉 လိုအပ်တဲ့အချိန်မှာ လွယ်ကူစွာ ဆက်သွယ်နိုင်အောင် ယခု post ကို Save ထားဖို့ အကြံပြုချင်ပါတယ်။

💡 မသေချာသူများအတွက် → YEN Page သို့ တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။
➡️ ဘဏ်ကို Email မပို့တတ်သူများအတွက် ဘယ်လိုစာရေးရမလဲ၊ ဘယ်လို Attach လုပ်ရမလဲ ဆိုတာကိုလည်း အကြံပေးနိုင်ပါသည်။

💙 YEN သည် သတင်းအချက်အလက် ပေးရုံသာမက၊ သင့်အကောင့် ပြဿနာ ဖြေရှင်းရာတွင်လည်း အကူအညီပေးရန် အဆင်သင့်ဖြစ်ပါသည်။
👉 သတင်းအသစ်များ၊ အသိပညာအသစ်များ မလွတ်ချင်ပါက YEN Page ကို Like & Follow လုပ်ထားကြပါ✔️

📌 YEN Page News & Insight 🤔 ထိုင်းနိုင်ငံမှာ ဘဏ်ဂယက်ပြီးရင် ဘာတွေ ဆက်ဖြစ်နိုင်မလဲ?မိတ်ဆွေတို့အတွက် အနည်းငယ် တွေးစရာပေးချ...
23/08/2025

📌 YEN Page News & Insight

🤔 ထိုင်းနိုင်ငံမှာ ဘဏ်ဂယက်ပြီးရင် ဘာတွေ ဆက်ဖြစ်နိုင်မလဲ?

မိတ်ဆွေတို့အတွက် အနည်းငယ် တွေးစရာပေးချင်ပါတယ်…

💢 ဘဏ်ဂယက် & လိမ်လည်မှုများ
လတ်တလော ထိုင်းနိုင်ငံတွင် ကျားဖြန့် (Online Scam Fraud) များ ဖြစ်ပွားမှု မြင့်တက်လာနေပြီး ငွေလွှဲလိမ်လည်မှု ၂၄,၅၀၀ ခန့် ဖြစ်ပေါ်ခဲ့သည့်အတွက် စုစုပေါင်း အနည်းဆုံး ဘတ် ၂.၈ ဘီလီယံ တန်ဖိုးဆုံးရှုံးခဲ့ကြသည်။

အဲ့ဒါကြောင့် ဗဟိုဘဏ်က Mobile Banking ငွေလွှဲပမာဏကို တစ်နေ့လျှင် အများဆုံး ဘတ် ၅၀,၀၀၀ သာ ခွင့်ပြု သည့် စည်းမျဉ်းအသစ် ထုတ်ပြန်လိုက်သည်။
➡️ အသက် ၁၅ အောက်ကလေးများ၊ အသက် ၆၅ အထက် သက်ကြီးရွယ်အိုများကို ထိခိုက်လွယ်သည့် အုပ်စု အဖြစ် သတ်မှတ်ထားပြီး ငွေလွှဲအကန့်အသတ်ကို ပိုမိုတင်းကြပ်စွာ ထိန်းချုပ်သွားမည်ဖြစ်သည်။

💢 အိမ်ခြံမြေဈေးကွက် အခြေအနေ
လက်ရှိတွင် ထိုင်းအိမ်ခြံမြေဈေးကွက် သည် နှစ်၂၀အတွင်း အဆိုးဆုံးအဆင့်သို့ ကျဆင်းနေပြီဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများအတွက် သတိထားရမည့် အချိန်ဖြစ်နေသည်။

၂၀၂၅ ခုနှစ် ပထမကွာတား (၄လ)အတွင်း မြန်မာနိုင်ငံသားများသည် တရုတ်ပြီးလျှင် ဒုတိယ ကွန်ဒိုအများဆုံး ဝယ်ယူသူ အဖြစ် ပါဝင်ခဲ့သည်။

သို့သော် ဈေးကွက်တန်ဖိုးများ တဖြည်းဖြည်းကျဆင်းနေပြီး အိမ်ခြံမြေချေးငွေများ လျော့နည်းလာခြင်း ကြောင့် Developer များအနက် ပုံမှန်ထက် စျေးလျှော့ကာရောင်းချခြင်းယှဉ်ပြိုင်မှု (Price War) ဖြစ်ပေါ်နိုင်ခြေ မြင့်တက်နေသည်။

📌 ထူးခြားချက်ကတော့
ယခင်က တန်ဖိုးနည်းအိမ်များသာ အခက်အခဲရှိခဲ့သော်လည်း ယခုအခါ အလယ်တန်းနှင့် အမြင့်တန်းဈေးကွက်အထိ ပြန့်ကျက်ပြီး ထိခိုက်လာနေခြင်း ဖြစ်သည်။

📌 သတိပေးချင်တာက
ငွေထုတ်ခြင်းခက်ခဲလာမှုကြောင့် ဘဏ်တစ်ခုထဲမှာ ငွေပမာဏအများအပြားထည့်ထားပြီး စုထားတာမျိုးမလုပ်သင့်ပါ၊ အိမ်ခြံမြေတစ်ခု ဝယ်မယ့်အခါ အကြောင်းအရာအချက်အလက်များကို လေ့လာစုံစမ်းပြီး အခြေအနေ နဲ့ တိကျမှန်ကန်မှုကို သေချာစွာ စစ်ဆေးပါ။

👉 အနာဂတ်အတွက် တစ်လှမ်းပြီး တစ်လှမ်း အသိပညာနဲ့ ဆုံးဖြတ်ဖို့ အရေးကြီး သောအခါ မိတ်ဆွေတို့အတွက် YEN Page က တိကျမှန်ကန်သတင်းတွေ မျှဝေသွားပါမည်။

အိမ်ခြံမြေ ဝယ်ယူ / ငှါးရမ်းလိုပါက YEN ကို ယုံကြည်စိတ်ချစွာ ဆက်သွယ် နိုင်ပါသည်။

💙 Like & Follow လုပ်ထားပြီး သတင်းအသစ်တွေ မလွတ်စေပါနဲ့။

#မြန်မာထိုင်း #အိမ်ခြံမြေ #လိုတရ

22/08/2025

🚨 ထိုင်းရဲများက တရားမဝင် ကလေးဖျက်ချဆေး ရောင်းချသူများကို ဖမ်းဆီး

Consumer Protection Police Division (CPPD) မှ တရားမဝင် ကလေးဖျက်ျက်ဆေး ဆေးများကို အွန်လိုင်းမှ ရောင်းချနေသည့် အဖွဲ့အစည်း ကို ဖမ်းဆီးပြီး ဆေးဝါးနှင့် သက်ဆိုင်သည့် ပစ္စည်းပေါင်း ၃,၀၀၀ ကျော်ကို သိမ်းဆည်းခဲ့ကြောင်းသတင်း ထုတ်ပြန်ခဲ့သည်။
➡️ အွန်လိုင်းမှတဆင့် ဝယ်ယူသုံးစွဲသူများအနက် သွေးထွက်အလွန်များ၍ ဆေးရုံသို့ အရေးပေါ် သယ်ဆောင်ရသူများ ရှိခဲ့ကြောင်း သတင်းရရှိခဲ့သည်။

📌 YEN မှ သတိပေးချက်များ
👩‍🍼 ကိုယ်ဝန်ဆောင်ခြင်းနှင့်မွေးဖွားခြင်း သည် သဘာဝဖြစ်စဉ်တခု ဖြစ်သော်လည်း မပြင်ဆင်ထားသေးသည့် အချိန်၌ ဖြစ်ပေါ်ပါက လူငယ်ဘဝတစ်လျှောက် အနာဂတ်အပေါ် အကျိုးဆက်ကြီးမားစွာ ထိခိုက်နိုင်သည်။
⚠️ ကလေးဖျက်ျက်ဆေးများသည် အမျိုးသမီးများ၊မိခင်လောင်းများ၏ ကျန်းမာရေးကို ထိခိုက်စေပြီး အန္တရာယ်ကြီးမားကာ သေဆုံးမှုများပါဖြစ်ပွားနိုင်ပါသည်။
💔 အမှားတစ်ခါကြောင့် ဘဝတစ်လျှောက် အမဲစက်မထိတွေ့စေနင့်။

🔹 လူငယ်များအတွက် သတိပေးချက်များ
✅ ကိုယ်ဝန်မလိုချင်သေးပါက ယုံကြည်စိတ်ချရသောကာကွယ်နည်းများကို အမြဲအသုံးပြုပါ။
✅ မသိနားလည်၊မသေချာပါက ကျွမ်းကျင် ဆရာဝန်များထံ တိုက်ရိုက် မေးမြန်းပါ။
✅ တရားမဝင်မဟုတ်သည့် ကလေးဖျက်ချဆေးများ ဝယ်ယူမသုံးစွဲပါနှင့်။ ဖြစ်နိုင်ရင်တော့ မလိုလားအပ်သည့် ကိုယ်ဝန်ဆောင်ခြင်းအားကာကွယ်ပါ။
“Prevention is Better than Cure”

🔹 လိင်ကျန်းမာရေး (S*x education)
⚠️ ယနေ့ခေတ်တွင် လိင်မှတဆင့် ကူးစက်နိုင်သည့် ရောဂါများ (STDs) – HIV, Syphilis, Gonorrhea, စသည်ရောဂါများသည် ထိုင်းရောက်မြန်မာလူထုအနက် လျှင်မြန်စွာ ပြန့်ပွားနေသည်ကို တွေ့ရှိရပါသည်။
👉 ကာကွယ်မှုမရှိသည့် လိင်ဆက်ဆံမှုသည် ဘဝတစ်လျှောက်သက်ရောက်မည့် ကျန်းမာရေး၊လူမှုရေးပြဿနာများကို ဖြစ်ပွားစေနိုင်သည်။

🔒 လိင်ဆက်ဆံခြင်းသည် သဘာဝဖြစ်သော်လည်း တာဝန်ယူမှု၊ အသိပညာနှင့် ကာကွယ်မှု မရှိပါက အနာဂတ်ကို အမဲစက်ထိုးမည့် အကြောင်းရင်းတခု ဖြစ်သွားနိုင်သည်။
👉 S*x Education အသိပညာကိုသိရှိနားလည်ခြင်းဖြင့် မိမိကိုယ်ကိုယ်နှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်ပါ
🚫 ကလေးဖြတ်ချဆေးကို ဝယ်ယူမသုံးပါနှင့်။ 🚫

"ဤသတင်းသည် အသိပညာပေးရန်သာ ဖြစ်ပြီး ဆေးရောင်းချခြင်းနှင့် မသက်ဆိုင်ပါ"

💙 YEN သည် ဗီဇာနှင့် အိမ်ခြံမြေသတင်းအချက်အလက်များသာမက လူငယ်များအတွက် ကျန်းမာရေးနှင့် အနာဂတ်အတွက် အသိပညာ တိုးတက်ရေး အကြံဉာဏ်များကိုလည်း မျှဝေပေးသွားမည်ဖြစ်သည်။
👉 Like & Follow လုပ်ထားပြီး နေ့စဥ်သတင်းထူးသတင်းသစ်များအပြင် သင့်ကျန်းမာရေးနှင့် အနာဂတ်အတွက် အသိပညာများ မလွတ်ပါစေနဲ့။

Crd: Bangkok Post

#မြန်မာထိုင်း #လိုတရ #ကျန်းမာရေး

21/08/2025

🚨 ထိုင်းအစိုးရမှ SIM Card စည်းမျဉ်းသစ်များ ထုတ်ပြန် 🚨

အွန်လိုင်းလိမ်လည်မှုများ (SIM-Swap Scam) ကြောင့် ငွေကြေးဆုံးရှုံးမှုများ တိုးလာနေသဖြင့် ထိုင်း အစိုးရနှင့် NBTC (ထိုင်း တယ်လီကွန်းဆက်သွယ်ရေး ကော်မရှင်) မှ SIM Card အသစ်ဖွင့်သူများ၊ SIM ပြန်လဲအသုံးပြုသူများအတွက် “Liveness Detection” နည်းပညာ ကို ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့မှ စတင် အကျုံးဝင်အောင် အကောင်အထည်ဖော်မည်ဟု ကြေညာခဲ့ပါသည်။

🔹 အသစ်ဝယ်ယူအသုံးပြုသူများ လိုအပ်သည့် အချက်များ

SIM အသစ်ဖွင့်လိုသူများနှင့် နံပါတ်မပြောင်းလဲဘဲ SIM ပြန်လဲအသုံးပြုသူများသည် မှတ်ပုံတင် စစ်ဆေးမှုအား ဖြတ်သန်းရန် လိုအပ်မည်။

🔹 အသုံးပြုမည့် နည်းပညာ

မျက်နှာအမူအရာများပြုလုပ်ကာ စစ်ဆေးသည့်နည်းပညာ (Facial Recognition) ဖြင့် သေချာစစ်ဆေးပါမည်။

ဓာတ်ပုံ၊ ဗီဒီယို သို့မဟုတ် Mask များကို အသုံးပြု၍ အတုပြုလုပ်နိုင်သည့် အခွင့်အလမ်းများကို ပိတ်ပင်ပါမည်။

📌 မှတ်သားရန် အချက်များ

SIM မှတ်ပုံတင်ရာတွင် application မှတဆင့် online ကဖြစ်စေ၊ ဖွင့်လှစ်ထားသော Operator Service Center, Dealer, Retail Outlet တို့တွင် လူကိုယ်တိုင် ဝယ်ယူရင်း စာရင်းသွင်းရမည်။

စာရွက်စာတမ်းများအားလုံး (Passport/Work Permit) မူရင်းဖြစ်ရပါမည်။

အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို Personal Data Protection Act အတိုင်း ကာကွယ်မည်။

🔒 အစိုးရ၏ ထုတ်ပြန်ချက်အရ၊ အွန်လိုင်းလိမ်လည်မှုများမှ ပြည်သူများကို ကာကွယ်ရန် အရေးပေါ် ဆောင်ရွက်နေခြင်း ဖြစ်သည်။ အခုလက်ရှိမှာ အွန်လိုင်းကနေ လိမ်လည်မှုတွေမကြာခဏဖြစ်ပွားနေပါသဖြင့် မိတ်ဆွေတို့အနေနဲ့ ကိုသိပ်မလေ့လာဖြစ်တဲ့အရာ တခုခုလုပ်မယ်ဆိုလျှင် အနီးအနားမှာရှိတဲ့ သိရှိနားလည်တဲ့အသိမိတ်ဆွေနဲ့အတူအရင်တိုင်ပင်ကာ ဆွေးနွေးသင့်ပါသည်။
"Prevention is better than Cure" ကြိုတင်ကာကွယ်ခြင်းဟာ ကုသမှုထက်ပိုထိရောက်ပါသည်

👉 နောက်ဆုံးရ သတင်းအချက်အလက်များ မလွတ်ချင်ပါက YEN Page ကို Like & Follow လုပ်ထားပါ 💙

Crd: Bangkok Post
#မြန်မာထိုင်း #လိုတရ

🚨 Bangkok Bank ဘဏ်အကောင့် Hold ခံရသူများအတွက် အရေးကြီးသတင်း လတ်တလောတွင် Bangkok Bank အကောင့်များကို မိတ်ဆွေတို့ ဘဏ်အကောင...
21/08/2025

🚨 Bangkok Bank ဘဏ်အကောင့် Hold ခံရသူများအတွက် အရေးကြီးသတင်း

လတ်တလောတွင် Bangkok Bank အကောင့်များကို မိတ်ဆွေတို့ ဘဏ်အကောင့်ဖွင့်ခဲ့သော သက်ဆိုင်ရာ ဘဏ်ခွဲ Branch သို့ အကောင့်အပိတ်ခံရပြီး ရက်30 အတွင်း အကောင့်ပိုင်ရှင်ကိုယ်တိုင် လာရောက်ဖြေရှင်းရန် ညွှန်ကြားထားပါသည်။

👉 သွားရမည့်အချိန်တွင် –
• Passport မူရင်း
• Bank Book မူရင်း
• Work Permit (သို့) သက်ဆိုင်ရာ Visa
• ကိုယ်ရေးအချက်အလက် Form
ထည့်သွင်းပေးရန် လိုအပ်ပါသည်။
✅ အကောင့် Hold ဖြေရှင်းနိုင်သော Document များ –
• Medical visa / Appointment / Certificate
• Long-Term visa (ED+, Non-B, Non-O, Guardian, Dependant, Retirement)
📌 သတိပြုရန် –
• မိမိအကောင့်ဖွင့်ခဲ့သည့် ဘဏ်ခွဲကိုသာ သွားရမည်
• အကောင့် Hold ဖြေရှင်း၍ မရပါက ငွေထုတ်ပြီး အကောင့်ဖျက်သိမ်း ခံရနိုင်သည်
👉 အကူအညီလိုပါက YEN (လိုတရ) Page သို့ messenger မှတဆင့်စာပို့နိုင်ပါသည်။
Like & Follow လုပ်ထားပါ – နောက်ဆုံးရသတင်းများကို လက်မလွတ်ပါစေနဲ့💙

#မြန်မာထိုင်း #လိုတရ

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 18:00
อังคาร 09:00 - 18:00
พุธ 09:00 - 18:00
พฤหัสบดี 09:00 - 18:00
ศุกร์ 09:00 - 17:00
เสาร์ 10:00 - 16:00
อาทิตย์ 10:00 - 16:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ YEN အိမ်ခြံမြေနှင့် Visa Agencyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์