The Ordinary Passenger

The Ordinary Passenger ထိုင်း / ဂျပန် - အလုပ်အကိုင် -ဗီဇာများအတွက် အသေးစိတ် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

‼️‼️🥰
02/09/2026

‼️‼️🥰

🇯🇵 ひらがなကို ပုံနဲ့မှတ်မယ်! 👀✨

ဂျပန်စာကို စစလေ့လာတဲ့အချိန်မှာ ひらがな ရဲ့ပုံစံကို ကိုယ်နဲ့ရင်းနှီးတဲ့အရာတွေနဲ့ ချိတ်ဆက်မှတ်သားရင် ပိုလွယ်ပါတယ်။ 🧠

🐍 あ → လူကို မြွေပတ်ထားသလို
👂 い → Ear 👂 နဲ့တူသလို
🏋️ う → အလေးမနေတာနဲ့တူသလို
🏃 え → Exercise လုပ်နေတာနဲ့တူသလို
⭕ お → “On” လို့ မှတ်လို့ရသလို

“စာလုံးကို အလွတ်ကျက်မယ်” မဟုတ်ဘဲ
“ပုံကိုမြင်ပြီး စိတ်ထဲမှာ ချိတ်ဆက်မှတ်မယ်” 👀💡

📌 ဒီလို ပုံဖော်မှတ်နည်း နဲ့ ひらがな ကို ပိုလွယ်လွယ်ကူကူ မှတ်မိအောင် လေ့လာကြရအောင်!

#ဂျပန်စာ #ဂျပန်စာလေ့လာကြမယ်

💎 စိန်ထက်တောင် အဖိုးတန်တဲ့ သတင်းကောင်းလေး ၂ ခုပါ 🤍DTV Visa လေး ၂ ယောက် ထပ်ရပါပြီ။ 🇹🇭✨အခုချိန်မှာ စည်းကမ်းအသစ်တွေ ပြောင်း...
02/09/2026

💎 စိန်ထက်တောင် အဖိုးတန်တဲ့ သတင်းကောင်းလေး ၂ ခုပါ 🤍

DTV Visa လေး ၂ ယောက် ထပ်ရပါပြီ။ 🇹🇭✨

အခုချိန်မှာ စည်းကမ်းအသစ်တွေ ပြောင်းနေတဲ့အချိန်ဆိုတော့
ဒီ ၂ ယောက်ကတော့ စည်းကမ်းအသစ်မသက်ရောက်ခင် လျှောက်ထားပေးခဲ့တဲ့ ညီ/ညီမလေးတွေပါ။

နိုင်ငံအစုံကနေ လျှောက်ထားပေးနေရင်း
တစ်ယောက်ချင်းစီရဲ့ Profile နဲ့ Documents ကို သေချာကြည့်ပြီး
လိုအပ်တာတွေ ပြင်ဆင်ပေး၊ Process တစ်ဆင့်ချင်းစီ လိုက်လုပ်ပေးထားတာလေးပါ။

Visa ရလာတာမြင်ရတဲ့အချိန်ကတော့
Client ထက် TOP ကပို ပျော်ရပါတယ်။ 🥰

အမျိုးတွေ ဘယ်နိုင်ငံကနေပဲ လျှောက်လျှောက်
Process တစ်လျှောက် အဆင်ပြေပြေ၊ စိတ်ချမ်းချမ်းသာသာနဲ့
နောက်ဆုံးမှာ သတင်းကောင်းလေးတွေနဲ့ ပြီးဆုံးနိုင်ဖို့ပဲ TOP က ဆုတောင်းပါတယ်။

TOP ကတော့ Process တစ်လျှောက် ဘေးမှာ အမြဲရှိနေပါမယ်။ 🤍

#ဂျပန်အလည်ဗီဇာ

🇯🇵 ဂျပန်ဘက်က လူက အလည်ခေါ်မယ်ဆိုရင် Bank Statement ကို ဘယ်သူပြရမလဲ? ဖိတ်ခေါ်သူလား၊ သွားမယ့်သူလား? 💰ဒီမေးခွန်းလေး မေးကြတာမ...
02/09/2026

🇯🇵 ဂျပန်ဘက်က လူက အလည်ခေါ်မယ်ဆိုရင် Bank Statement ကို ဘယ်သူပြရမလဲ? ဖိတ်ခေါ်သူလား၊ သွားမယ့်သူလား? 💰

ဒီမေးခွန်းလေး မေးကြတာများလို့ အမျိုးတွေကို ရှင်းပြပေးမယ်နော်။

ဂျပန်ဘက်က ဖိတ်ခေါ်သူက ခရီးစရိတ်တာဝန်ယူပေးမယ်ဆိုရင် ဖိတ်ခေါ်သူဘက်က ငွေကြေးအထောက်အထား ပြလို့ရပါတယ်။

ဒါပေမယ့် အလည်သွားမယ့်သူမှာ ကိုယ်ပိုင် Bank Statement ရှိရင်လည်း ပြပါ။
မပြနိုင်တဲ့အခြေအနေဆို မပြနိုင်ဘူးပေါ့နော်။ ပြနိုင်ရင်တော့ ပြထားတာ ပိုကောင်းပါတယ်။

အရေးကြီးတာတစ်ခုက—

ဂျပန်ဘက်က ဖိတ်ခေါ်သူ Profile ကောင်းရုံနဲ့ မပြီးပါဘူး။ အလည်သွားမယ့်သူရဲ့ Profile ကလည်း အရေးကြီးပါတယ်။

ကိုယ်ဘာအလုပ်လုပ်လဲ၊ ဝင်ငွေဘယ်လိုရှိလဲ၊ ငွေကြေးအခြေအနေဘယ်လိုရှိလဲ၊ ဘာကြောင့်ဂျပန်သွားမလဲ၊ ပြန်လာဖို့ ကိုယ့်ဘက်မှာ ဘာအခြေအနေတွေရှိလဲ—ဒါတွေကိုလည်း ကြည့်ပါတယ်။

ဒါကြောင့် “ဂျပန်ဘက်က လူက ခေါ်ပေးတာပဲ၊ ကိုယ့်ဘက်က ဘာမှပြစရာမလိုဘူး” လို့တော့ မစဉ်းစားပါနဲ့နော်။

ကိုယ့်ဘက်က အထောက်အထားကောင်းကောင်း ပြနိုင်တာရှိရင် ပြနိုင်သလောက် သေချာပြထားတာ ပိုကောင်းပါတယ်။

ဂျပန်အလည်ဗီဇာနဲ့ပတ်သက်ပြီး သိချင်တာရှိရင် မေးထားပါ။ 🇯🇵

#ဂျပန်အလည်ဗီဇာ

01/09/2026

🇯🇵 ဂျပန်အလည်ဗီဇာ လျှောက်ချင်တယ်… “ဖိတ်ခေါ်စာပါ လုပ်ပေးမယ်” ဆိုတဲ့ Service ကို ယူသင့်လား?

အမျိုးတွေကို ပြောချင်တာကတော့ — No ပါ။

ဖိတ်ခေါ်စာဆိုတာ
“ငါနဲ့ ဒီလူနဲ့ တကယ် Relationship ရှိတယ်၊ သူ့ကို ဂျပန်လာပြီး ငါနဲ့တွေ့စေချင်လို့ ဖိတ်ခေါ်တာပါ” ဆိုတဲ့သဘောပါ။

ဒါကြောင့် တစ်ခါမှလည်း မတွေ့ဖူးဘူး၊
အရင်ကတည်းက သိကျွမ်းခဲ့တဲ့ Relationship Proof လည်း မပြနိုင်ဘူးဆိုရင်—

ဖိတ်ခေါ်စာတစ်ရွက်ရှိရုံနဲ့ Visa အတွက် အားသာချက်ကြီးတစ်ခု ဖြစ်သွားမှာ မဟုတ်ပါဘူး။

တကယ် Relationship မရှိဘဲ ရေးပေးထားတဲ့ ဖိတ်ခေါ်စာကတော့ A4 စာရွက်တစ်ရွက်လောက်ပဲ အဓိပ္ပာယ်ရှိပါတယ်။

ဒါကြောင့် “ဖိတ်ခေါ်စာပါရင် Visa ပိုကောင်းမယ်” ဆိုပြီး ပိုက်ဆံအများကြီး ထပ်မကုန်ခင် သေချာစဉ်းစားကြပါ။

Clients တွေ မလိုအပ်ဘဲ ငွေကုန်ကြေးကျ မများစေချင်လို့ သိထားသင့်တာလေးကို မျှဝေပေးတာပါ။ 🙏🇯🇵

#ဂျပန်အလည်ဗီဇာ

🇲🇾 မလေးရှားက အမျိုးတွေ ဒီတစ်ချက် သိထားနော်။မလေးကို တရားမဝင် ဝင်လာခဲ့တယ်။နောက်မှ Permit ရသွားတယ်။အခု ဂျပန်အလည်ဗီဇာ လျှောက...
01/09/2026

🇲🇾 မလေးရှားက အမျိုးတွေ ဒီတစ်ချက် သိထားနော်။

မလေးကို တရားမဝင် ဝင်လာခဲ့တယ်။
နောက်မှ Permit ရသွားတယ်။
အခု ဂျပန်အလည်ဗီဇာ လျှောက်ချင်တယ်ဆိုရင်တော့ TOP က အားမပေးပါဘူး။

ဘာလို့လဲ?

မလေးမှာရှိတဲ့ ဂျပန်သံရုံးက ကိုယ့်ရဲ့ မလေးရှားမှာ နေထိုင်တဲ့ History ကို စစ်ပါတယ်။

မလေးကို ဝင်လာကတည်းက တရားဝင်လမ်းကြောင်းနဲ့ မဝင်ခဲ့ဘူးဆိုရင်
“ဂျပန်ရောက်ရင်ရော စည်းကမ်းလိုက်နာပါ့မလား” ဆိုတာ သံရုံးဘက်က စဉ်းစားနိုင်ပါတယ်။

ဒါကြောင့် ရနိုင်ခြေနည်းတဲ့အချိန်မှာ အလောတကြီးလျှောက်ပြီး Reject History ရသွားတာထက်
အခြေအနေကောင်းလာမှ သေချာပြင်ဆင်ပြီး လျှောက်တာ ပိုကောင်းပါတယ်။

မလေးရှားက အမျိုးတွေ Visa အကြောင်း ငွေမကုန်ဘဲ လေ့လာချင်ရင်
TOP ရဲ့ အပတ်စဉ် Free Zoom Call ကို Join လို့ရပါတယ်။

အောက်က Telegram Link မှာ Join ထားနော် 👇

#မလေးရှား #ဂျပန်အလည်ဗီဇာ

ထိုင်းမှာ DTV / ED Visa နဲ့နေပြီး Passport သက်တမ်းတိုးဖို့ စောင့်နေရတဲ့ အမျိုးတွေအတွက်ပါ။ 🇹🇭Passport သက်တမ်း ၆ လအောက် နီ...
01/09/2026

ထိုင်းမှာ DTV / ED Visa နဲ့နေပြီး Passport သက်တမ်းတိုးဖို့ စောင့်နေရတဲ့ အမျိုးတွေအတွက်ပါ။ 🇹🇭

Passport သက်တမ်း ၆ လအောက် နီးလာရင် Visa လျှောက်တာ၊ ခရီးသွားတာတွေမှာ အခက်အခဲရှိလာနိုင်ပါတယ်။

ဘာမှ ကိုယ်တိုင်မစီစဉ်ချင်ဘူး၊ စိတ်ချလက်ချ PV Passport ပြန်ယူချင်တယ် ဆိုရင် —

TOP က အစအဆုံး စီစဉ်ပေးပါမယ်။

သွားရမယ့် အဆင်ပြေတဲ့လမ်းကြောင်းကို လမ်းညွှန်ပေးမယ်။
မြန်မာဘက်က ပြန်ထွက်တဲ့အချိန်လည်း အဆင်ပြေအောင် စီစဉ်ပေးမယ်။

လူအများကြီး လက်ခံလို့မရတာကြောင့် လိုအပ်တဲ့အမျိုးတွေ စာရင်းကြိုပေးထားလို့ရပါတယ်။ ❤️

#ပတ်စပို့သက်တမ်းတိုး

ဂျပန်သွားဖို့ ရည်ရွယ်ထားတဲ့ အမျိုးတွေဆို ဂျပန်စာကိုတော့ အခုကတည်းက စလေ့လာထားကြနော် 🇯🇵ဘယ်လိုနည်းနဲ့ ဂျပန်ရောက်ရောက် နောက်ဆ...
01/09/2026

ဂျပန်သွားဖို့ ရည်ရွယ်ထားတဲ့ အမျိုးတွေဆို ဂျပန်စာကိုတော့ အခုကတည်းက စလေ့လာထားကြနော် 🇯🇵

ဘယ်လိုနည်းနဲ့ ဂျပန်ရောက်ရောက် နောက်ဆုံးတော့ ဂျပန်စာက မဖြစ်မနေ သုံးရတာပါပဲ။

အခုမှ ဘာမှမတတ်သေးလည်း ရပါတယ်။ အခြေခံကနေ စသင်လို့ရတယ်။

NOZOMI မှာ September အတန်းသစ်လေး စနေပြီမို့ တကယ်ဂျပန်သွားဖို့ စိတ်ကူးရှိတဲ့ အမျိုးတွေကို တို့ ညွှန်းပေးပါတယ်နော် ❤️

အချိန်ရှိတုန်းလေး စထားတာ အကောင်းဆုံးပါ။

🇯🇵🌸 September New Class စတင်ပါပြီ!

ဂျပန်ကို ဘယ်လိုနည်းလမ်းနဲ့ပဲ သွားမယ်ဆိုပါစေ—
ဂျပန်စာကတော့ အဓိက လိုအပ်ပါတယ်။ 🇯🇵

အလုပ်နဲ့သွားမလား၊ ကျောင်းနဲ့သွားမလား၊
ဂျပန်မှာ နေထိုင်မလား—
နေ့စဉ်ဘဝမှာ ဂျပန်လူမျိုးတွေနဲ့ ဆက်သွယ်ဖို့ ဂျပန်စာအခြေခံကောင်းကောင်းရှိထားတာ အရေးကြီးပါတယ်။ 💬✨

ဒါကြောင့် ဂျပန်သွားဖို့ ရည်ရွယ်ထားသူများအနေနဲ့
အခြေခံကနေစပြီး စနစ်တကျ လေ့လာထားသင့်ပါတယ်။ 📚

🌱 Japanese Basic + N5
🗣️ Speaking Practice
📝 JLPT Preparation

အခုမှ ဂျပန်စာစလေ့လာမယ့်သူတွေလည်း တက်ရောက်နိုင်ပါတယ်။ 🌸

📩 အတန်းချိန်နှင့် သင်တန်းကြေး သိရှိလိုပါက Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🇯🇵 Start learning Japanese with NOZOMI.
🌸 ဂျပန်သွားမယ့်အိပ်မက်အတွက် အခြေခံကနေ စတင်လိုက်ပါ။

#ဂျပန်စာ #ဂျပန်စာသင်တန်း

❓ Visa Reject ဖြစ်ရင် သံရုံးက “ဘာကြောင့် Reject ဖြစ်တာလဲ” ဆိုတာ အကုန်ပြန်ပြောပေးလား?ဒီမေးခွန်းကို TOP ကို မေးတဲ့သူ တော်တ...
01/09/2026

❓ Visa Reject ဖြစ်ရင် သံရုံးက “ဘာကြောင့် Reject ဖြစ်တာလဲ” ဆိုတာ အကုန်ပြန်ပြောပေးလား?

ဒီမေးခွန်းကို TOP ကို မေးတဲ့သူ တော်တော်များပါတယ်။

တကယ်တော့ Visa လျှောက်တဲ့အခါ
Reject ဖြစ်တိုင်း ကိုယ်ဘာမှားလို့လဲဆိုတာ သံရုံးက အသေးစိတ်ပြန်ရှင်းပြပေးမယ်လို့ မယူဆသင့်ပါဘူး။

နိုင်ငံနဲ့ Visa အမျိုးအစားပေါ်မူတည်ပြီး မတူပါဘူး။

တချို့ Visa တွေမှာ Refusal Letter ပေးပြီး အကြောင်းပြချက် / သက်ဆိုင်ရာအချက်ကို ဖော်ပြထားတတ်ပါတယ်။

တချို့မှာတော့ Result ကိုပဲ အသိပေးပြီး
“ဒီစာရွက်ကြောင့်”
“ဒီငွေကြေးအခြေအနေကြောင့်”
“ဒီအချက်ကို မယုံကြည်လို့”
ဆိုပြီး ကိုယ်သိချင်သလောက် အသေးစိတ် ပြန်ရှင်းပြတာမျိုး မရှိနိုင်ပါဘူး။

ဒါကြောင့်—

❓ Bank Statement မခိုင်လို့လား?
❓ အလုပ်အကိုင်အထောက်အထားကြောင့်လား?
❓ ခရီးသွားရတဲ့ ရည်ရွယ်ချက် မခိုင်မာလို့လား?
❓ ကိုယ့်နိုင်ငံကို ပြန်လာမယ့်အထောက်အထား အားနည်းလို့လား?
❓ စာရွက်စာတမ်းတွေ တစ်ခုနဲ့တစ်ခု မကိုက်ညီလို့လား?

ဆိုတာတွေကို Case တစ်ခုလုံး ပြန်ကြည့်ပြီးမှ ဖြစ်နိုင်တဲ့အားနည်းချက်တွေကို သုံးသပ်ရတာမျိုးလည်း ရှိပါတယ်။

အဲ့ဒါကြောင့် TOP က Visa Service ပေးတဲ့အခါ
“100% ရမယ်” ဆိုတဲ့စကားကို မသုံးပါဘူး။

စာရွက်စာတမ်းကို တတ်နိုင်သလောက် ခိုင်မာအောင်ပြင်ပေးနိုင်တယ်။
ကိုယ့် Case ရဲ့ အားနည်းချက်ကို ကြိုစစ်ပေးနိုင်တယ်။
ဒါပေမယ့် နောက်ဆုံး Visa ထုတ်ပေးမပေး ဆုံးဖြတ်ပိုင်ခွင့်ကတော့ သက်ဆိုင်ရာသံရုံး / Immigration ဘက်မှာပဲ ရှိပါတယ်။

Visa လျှောက်မယ့်သူတွေ သိထားသင့်တဲ့အချက်လေးမို့ မျှဝေပေးတာပါ။

ကိုယ့် Case နဲ့ပတ်သက်ပြီး မသေချာတာရှိရင် “TOP” လို့ Comment ရေးပြီး မေးထားလို့ရပါတယ်။ 🤝

ที่อยู่

Bangkok
10120

เวลาทำการ

จันทร์ 09:00 - 20:00
อังคาร 09:00 - 20:00
พุธ 09:00 - 20:00
พฤหัสบดี 09:00 - 20:00
ศุกร์ 09:00 - 20:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ The Ordinary Passengerผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์