19/07/2026
ပြုလုပ်နည်းသင်တန်း” ကို ပညာဒါနအဖြစ် (၅)ဦးစာကို Page followerများအား ဖွင့်လှစ်သင်ကြားပေးနိုင်ရန် ရည်ရွယ်ပါသည်။
🙏 ကျေးဇူးရှင်ဖခင်ကြီးရဲ့ (၅)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် “Sweet & Smooth Beauty Hub”မှ ပညာဒါန (၅)ဦးစာ ကုသိုလ်ပြုပါရစေ 🙏
ကျွန်မရဲ့ ဖခင်ကြီး ကွယ်လွန်ခဲ့တာ ဒီနှစ်ဆိုရင် (၅)နှစ် ပြည့်ခဲ့ပါပြီ။ ဖခင်ကြီးကို ရည်စူးပြီး အမှန်တကယ် ပညာလိုလားပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေပေမယ့် productsထုတ်လုပ်ရာတွင် စနစ်တကျသေချာစွာ ထုတ်လုပ်နိုင်ရန် အခက်အခဲရှိနေသူများ အတွက် “Haircare Products ပြုလုပ်
နည်းသင်တန်း” ကို ပညာဒါနအဖြစ် (၅)ဦးစာ ဖွင့်လှစ်ပေးချင်ပါတယ်။
ဒီပညာဒါနဟာ အသေးစားစီးပွါးရေးလုပ်ငန်းရှင် (၅)ဦးရဲ့ ဘဝအတွက် အကျိုးရှိစေမယ့် လမ်းစတစ်ခု ဖြစ်ပါစေကြောင်း မျှော်လင့်ပါတယ်။
✅ ရွေးချယ်မည့်အချက်များ:
* အမှန်တကယ် ပညာသင်ယူလိုစိတ် ရှိသူများ
* မိမိလက်ရှိ ကိုယ်ပိုင် productsမှာ errorများရှိနေပြီး မိမိ productsကို စနစ်တကျ upgrade လုပ်ချင်သူများ
* သင်ယူပြီးပါက ကိုယ်ပိုင် Formulas တွက်ချက်ပြီး လုပ်ငန်းလည်ပတ်ချင်သူများ
* local productsနှင့် haircare productsများ ရောင်းချရာတွင် customer complaints များကို သေချာဖြေရှင်းလိုသူများနှင့် customer service ကို စနစ်တကျပေးလိုသူများ
*သင်တန်းတက်ချင်သော်လည်း သင်တန်းကြေးအတွက် ငွေလှည့်ရန် ခက်ခဲနေသူများ
✨ လျှောက်ထားလိုသူများ လုပ်ဆောင်ရန်:
၁။ ယခု postကို shareထားကြောင်း screenshoနှင့်အတူ Comment မှာ "ဘာကြောင့် ဒီသင်တန်းကို တက်ချင်တာလဲ" ဆိုတာကို ရေးပေးပါ။
၂။ comment လာမန့်သူများကိုသာ သီးသန့် လက်ခံပါမည်။
၃။telegram account ရှိပြီး homework များပြုလုပ်ပေးရမည်ဖြစ်ပြီး Pretest/post testဖြေပေးနိုင်သူဖြစ်ရပါမည်။
၄။ Fake Account များနှင့် Profile အသစ်များ လုံးဝ လက်မခံပါ (တကယ့်လူအစစ်အမှန်များကိုသာ ဦးစားပေးပါမည်)
27-7-2026ရက်နေ့ ညနေ ၅နာရီထိ commentများကို လက်ခံ စာရင်းကောက်ပေးပါမည်။
ကျွန်မတို့ဆီက တာဝန်ရှိသူတွေက Comment တွေကို ဖတ်ရှုပြီး Profile များကို စိစစ်ကာ အမှန်တကယ် လိုအပ်နေပြီး စိတ်အားထက်သန်သူ (၅)ဦးကို ရွေးချယ်ပြီး massagerကနေ ဆက်သွယ်ပေးသွားပါမယ်။
သင်တန်းကို ၂၈-၀၇-၂၀၂၆မှ ၃၁-၀၇-၂၀၂၆နေ့ ထိ ညပိုင်းများတွင် သင်ကြားပေးသွားပါမည်။
ဒီသင်တန်းပြီးလျှင် ပစ္စည်း ထုတ်လုပ်နိုင်သည်အထိ Formulaပိုင်းကို Consultant ပေးသွားပြီး နိုင်ငံတကာက ဝယ်ယူရမည့် ကုန်ကြမ်းဆိုင်များကိုပါ လမ်းညွှန်ပေးသွားပါမည်။