Meraki Travel ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Meraki Travel, หนังสือเดินทางและบริการวีซ่า, Bangkok

Meraki Travel
Your Trusted Travel Partner for Thailand Visa & Vietnam Experiences.
🇹🇭 Thailand Visa Assistance
🇻🇳 Vietnam Tours & Experiences
⛳ Golf Booking
💍 Pre-Wedding Photoshoots
📩 Inquire today.

13/09/2026

The taste of Vietnam 🇻🇳

07/09/2026

Above the clouds, beyond the ordinary.
The roof of Indochina.
📍 Fansipan, Sapa, Vietnam

04/09/2026

More than a destination.
A feeling you'll want to return to.
📍 Da Nang, Vietnam

🇹🇭ခရီးတခုရဲ့အစက လေဆိပ်ကနေစတင်တာ မဟုတ်ပါဘူး။ယုံကြည်စိတ်ချရတဲ့ ပြင်ဆင်မှုတွေနဲ့ စတင်တာပါ။🇹🇭Thailand Visa လျှောက်ထားရာမှာ လ...
02/09/2026

🇹🇭ခရီးတခုရဲ့အစက လေဆိပ်ကနေစတင်တာ မဟုတ်ပါဘူး။

ယုံကြည်စိတ်ချရတဲ့ ပြင်ဆင်မှုတွေနဲ့ စတင်တာပါ။

🇹🇭Thailand Visa လျှောက်ထားရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းများကို သံရုံး၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် သေချာစွာ ပြင်ဆင်ပေးပြီး၊ လျှောက်ထားမှုအဆင့်တိုင်းကို အတွေ့အကြုံရှိ Consultant များမှ ဂရုတစိုက် လမ်းညွှန်ပေးပါသည်။

မိတ်ဆွေ ဘယ်နိုင်ငံမှာပဲ ရှိနေပါစေ...🌎

စိတ်အေးချမ်းစွာ Thailand Visa လျှောက်ထားနိုင်ဖို့ Meraki က အမြဲအတူရှိနေပါတယ်။✨

📩 Start your journey with confidence.

01/09/2026

Good morning, Dalat. ☕️🌿

📖 Meraki Journal  #010ခရီးတစ်ခုကို စတင်ဖို့အရာအားလုံး အဆင်သင့်ဖြစ်နေဖို့ မလိုပါဘူး။သွားချင်တဲ့စိတ်နဲ့ခြေတလှမ်း လှမ်းဖို့...
17/08/2026

📖 Meraki Journal #010
ခရီးတစ်ခုကို စတင်ဖို့
အရာအားလုံး အဆင်သင့်ဖြစ်နေဖို့ မလိုပါဘူး။

သွားချင်တဲ့စိတ်နဲ့
ခြေတလှမ်း လှမ်းဖို့ပဲ လိုပါတယ်။

မသိတဲ့လမ်းတွေ ရှိမယ်။
မမျှော်လင့်ထားတဲ့အရာတွေ ကြုံမယ်။
တစ်ခါတလေ လမ်းပျောက်သလိုလည်း ခံစားရမယ်။

ဒါပေမယ့်
လျှောက်နေသရွေ့
ရှေ့မှာ လမ်းတလမ်းတော့ တွေ့မှာပဲ။

တချို့လမ်းတွေက
နေရာတွေဆီ ခေါ်သွားတယ်။
တချို့လမ်းတွေကတော့
ကိုယ့်ကိုယ်ကို ပိုသိလာစေတယ်။

ဒါကြောင့်
"ရောက်တဲ့နေရာက ခရီးရဲ့အဆုံးမဟုတ်ပါဘူး။
နောက်ခရီးရဲ့အစပဲ ဖြစ်ပါတယ်။"

The Journey Continues...

📖 Meraki Journal  #009မြို့ပြရဲ့ မနက်ခင်းသက်ဝင်လှုပ်ရှားနေကြတဲ့ လူတွေကြားထဲမှာကော်ဖီတခွက်နဲ့ ဓာတ်ပုံဟောင်းတပုံတချိန်က ကိ...
10/08/2026

📖 Meraki Journal #009
မြို့ပြရဲ့ မနက်ခင်း
သက်ဝင်လှုပ်ရှားနေကြတဲ့ လူတွေကြားထဲမှာ
ကော်ဖီတခွက်နဲ့ ဓာတ်ပုံဟောင်းတပုံ

တချိန်က ကိုယ်ရောက်ချင်ခဲ့ဖူးတဲ့နေရာ
ကိုယ်မြင်ခဲ့ဖူးတဲ့ ရှုခင်း
ကိုယ်ခံစားခဲ့ဖူးတဲ့ လွတ်လပ်မှုတွေကို
တစ်ပုံချင်း ပြန်ငေးကြည့်နေမိတယ်

အကယ်၍
အဲ့အချိန်တုန်းက
ခရီးတခုကို စတင်ဖို့ တွေဝေနေခဲ့ရင်...

အခုတော့ သိလာပြီ
တချို့ခရီးတွေက
ရောက်ခဲ့ဖူးတယ်ဆိုတာထက်
သွားဖို့ ဆုံးဖြတ်ခဲ့တဲ့အချိန်မှာတင်
တန်ဖိုးရှိလာတာပါ

ဒီနေ့ ဓာတ်ပုံဟောင်းလေးကို ပြန်ကြည့်တဲ့အခါ
“သွားချင်တယ်” လို့ ထပ်မပြောတော့ဘူး။
“သွားခဲ့ဖူးတယ်” လို့ပဲ ပြောလိုက်တော့တယ်။

"သွားဖို့ဆုံးဖြတ်တဲ့အချိန်ကနေ အမှတ်တရတွေဖြစ်လာတဲ့အထိ Meraki Travel က သင်နဲ့အတူရှိနေမှာပါ။"

📍Ha Long, Vietnam

📖 Meraki Journal  #008တချို့ခရီးတွေကိုရှုခင်းတွေကြောင့် မှတ်မိတယ်။တချို့ခရီးတွေကိုအစားအစာတွေကြောင့် မှတ်မိတယ်။ဒါပေမယ့်.....
01/08/2026

📖 Meraki Journal #008
တချို့ခရီးတွေကို
ရှုခင်းတွေကြောင့် မှတ်မိတယ်။

တချို့ခရီးတွေကို
အစားအစာတွေကြောင့် မှတ်မိတယ်။

ဒါပေမယ့်...
တချို့ခရီးတွေကိုတော့
ဘယ်သူနဲ့ အတူရှိခဲ့လဲ ဆိုတာကြောင့်
ပိုပြီး သတိရနေတတ်တယ်။

အတူတူ
ကော်ဖီ သောက်ခဲ့တာ...
ရှုခင်းတွေ ငေးခဲ့တာ...

ရိုးရှင်းတဲ့ အခိုက်အတန့်လေးတွေက တခါတလေ ခရီးတစ်ခုလုံးထက်ပိုပြီး အမှတ်ရနေတတ်တယ်။

"အမှတ်ရဆုံးခရီးတွေမှာ
နေရာတွေအပြင်
တန်ဖိုးထားရတဲ့သူလည်း
အတူရှိနေတတ်တယ်။"

✨Your Trusted Travel Partner for Thailand Visa & Vietnam Experiences.✨

📍 Da Lat, Vietnam

"Every journey has a destination.Every heart seeks peace."ဝါဆိုလပြည့် ဓမ္စစကြာနေ့မှာ လူတိုင်းစိတ်၏အေးချမ်းခြင်း၊ ကိုယ်၏က...
29/07/2026

"Every journey has a destination.
Every heart seeks peace."

ဝါဆိုလပြည့် ဓမ္စစကြာနေ့မှာ လူတိုင်းစိတ်၏အေးချမ်းခြင်း၊ ကိုယ်၏ကျန်မာခြင်း၊ ကောင်းကျိုးမင်္ဂလာများ ရရှိကြပါစေ။

📖 Meraki Journal  #007တချို့မြို့တွေကိုနေရာတွေကြောင့် သတိရတယ်။တချို့မြို့တွေကိုတော့မနက်ခင်းတွေကြောင့် သတိရတယ်။ကော်ဖီတခွက...
28/07/2026

📖 Meraki Journal #007

တချို့မြို့တွေကို
နေရာတွေကြောင့် သတိရတယ်။

တချို့မြို့တွေကိုတော့
မနက်ခင်းတွေကြောင့် သတိရတယ်။

ကော်ဖီတခွက်...
မြူနှင်းမှုန်မှုန်...
တောင်ပေါ်လေအေးအေး...

မွန်းကြပ်မှုတွေကို
ခဏလေး အနားပေးထားတဲ့
ငြိမ်သက်တဲ့ မနက်ခင်း။

တခါတလေ
ခရီးတခုရဲ့ အလှဆုံးအမှတ်တရတွေက
နာမည်ကြီးနေရာတွေ ဖြစ်မနေတတ်ဘူး။

ဘာမှ မလုပ်ဘဲ
အဲဒီမနက်ခင်းလေးကို
ခံစားခဲ့ရတဲ့အချိန်လေး ဖြစ်နေတတ်တယ်။

တချို့မနက်ခင်းတွေက
ခရီးပြီးသွားတဲ့နောက်မှာတောင်
သတိရနေစေတတ်တယ်။

Your Trusted Travel Partner for Thailand Visa & Vietnam Experiences.
📍 Da Lat, Vietnam

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Meraki Travel โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์