Ma Thinzar Visa Service Thailand

Ma Thinzar Visa Service Thailand ဘတ်.evisa. passport. pv.pj.ရက်၉၀.visaထုံးထု.ဘတ်ကျပ်ငွေလွှဲဝန်ဆောင်မူရပါမယ်ရှင့်

14/09/2026

#သက်တမ်းတိုးပြီးဝပ်ပါမက်ကဒ်ထုတ်ရပါမယ်

#ကဒ်မထုတ်ရသေးသူသက်တမ်းတိုးမရသေးပါ

သက်တမ်းတိုးအဖွဲ့ … ✍️

သဌေးရှိ သဌေးတူပြီး သက်တမ်းတိုးတဲ့ အဖွဲ့က
လုပ်ငန်းစဉ်အရမ်းကိုမြန်ဆန်ပါတယ်
ဝိုက်စိုက်မှာ စရင်းတင်ပြီး တပတ်အတွင်း စာအုပ်ရှိသူများ ဗီဇာတစ်နှစ်ထည့်လိုရပါပြီ ။

သဌေးရှိပေမယ့် သဌေးပြောင်းပြီး သက်တမ်းတိုးမယ့်သူများအတွက်တော့ သဌေးပြောင်းချင်းကာလကို ၂ ပတ်မှ ၃ ပတ်အထိ ကြာနိုင်ပြီး အလုပ်သမားလက်ခံမယ့် သဌေးရဲ့အချက်အလက်များ ဝိုက်
စိုက်မှာ ထပ်ဖြည့်ဖို့ လိုတာတွေ ဖြစ်နေရင် သဌေးပြောင်းချင်း အချိန်ကာလ ထပ်ကြာနိုင်ပါတယ် ။

သက်တမ်းတိုးပြီး ထွက်လာတဲ့ ဝပ်ပါမက်စာရွက်မှာ အချက်အလက်အစုံပါဝင်လာပေမယ့်
ဝပ်ပါမက်ကဒ် ကိုတော့ မဖြစ်မနေ ထုတ်ရဦးမှာပဲ ဖြစ်ပါတယ်။

🙏 မြန်မာအလုပ်သမားညီအစ်ကို မောင်နှမများအတွက် စိတ်ချယုံကြည်ရသော ဝန်ဆောင်မှုဖြင့် အကောင်းဆုံးကူညီဆောင်ရွက်ပေးရန် အမြဲအသင့်ရှိပါသည် ။

08/09/2026

ဒီနေ့ ၈ ရက်နေ့ သက်တမ်းတိုးလုပ်ငန်းစဉ် စပါပြီ
သက်တမ်းတိုးလုပ်ငန်းစဉ်က မြန်ဆန်တဲ့စနစ်ကို ပြောင်းလဲထားတာကို တွေ့ရပါတယ်
(ဒါပေ့မယ်) နှစ်တိုင်းပုံစံနဲ့မတူတဲ့ ဒီနှစ်ရဲ့ လုပ်ငန်စဉ်က ကျန်းမာရေးစစ်/ ကျန်းမာရေးအာမခံဝယ်ယူပြီးမှ သက်တမ်းတိုးလုပ်ငန်စဉ်ကိုစတင်တင်သွင်းရမယ့်စနစ်ကိုပြင်ဆင်ထားပါတယ်
သက်တမ်းတိုးအပ်လို့ရပါပြီရှင့်

23/08/2026

ဒီရက်ထဲ့ ရက်၉၀ တင်ပေးထားတာလေးတွေ
ရက်၉၀ အပ်လက်ခံပါတယ်ရှင့်
ရက်လွန်လဲ့ရ 🥰

 #ကျက်အောမလိုပဲသဌေးပြောင်းနိုင်ပြီ 📣ဘတ်အသစ်ရိုက်ထားပြီးသော ( มติ-11 / မတည်-၁၁)အဖွဲ့ နှင့် သက်တမ်းတိုးထားသော (มติ-2 / မတည...
20/08/2026

#ကျက်အောမလိုပဲသဌေးပြောင်းနိုင်ပြီ 📣

ဘတ်အသစ်ရိုက်ထားပြီးသော
( มติ-11 / မတည်-၁၁)အဖွဲ့ နှင့်
သက်တမ်းတိုးထားသော
(มติ-2 / မတည်-၂) အဖွဲ့အုပ်စုများ သဌေးပြောင်းနိုင်ရန် အရင်လို (ဘိုင်ကျက်အော) အလိုတော့ပဲ
သဌေးပြောင်းနိုင်ပြီဖြစ်ပါကြောင်းထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများအတွက် သတင်းကောင်းကို အသိပေးလိုက်ပါတယ် ခင်ဗျား .. 📣

17/08/2026

#သက်တမ်းတိုးအဖွဲ့သတိပေးချက်❗️

ပတ်စပိုစ်+ဝပ်ပါမက် အကျိုးဆောင်ကုမ္မဏီတချို့ ဘတ်အသစ်အဖွဲ့များ အတွက်သာအဓိက အသာပေးဖော်ပြဝန်ဆောင်မူပေးနေပြီး သက်တမ်းတိုးအဖွဲ့များအတွက် လက်ခံဆောင်ရွက် အသိပေးမူများ အားနည်နေတာကို မြင်တွေ့နေရပါတယ်
ပြီးခဲ့တဲ့နှစ်က သက်တမ်းတိုးလက်မခံတဲ့ရုံးတွေတောင် ရှိခဲ့ပြီး သက်တမ်းတိုးလုပ်ငန်းစဉ်တွေမပြီးမြောက်တဲ့ ရုံးတွေလည်း ရှိခဲ့ပါတယ်
အဲဒီလူတွေလည်း ဒီနှစ်မှာ ဘတ်အသစ်ဝင်ရိုက်ဖို့ ပြင်ဆင်နေကြတာတွေက်ို သိရပါတယ်
သက်တမ်းတိုးလုပ်ငန်းစဉ်က အချိန်ယူလုပ်ဆောင်မူအဆင့်များပြီး လုပ်ငန်းစဉ်ကျန့်ကျာမူကြောင့်ဖြစ်တာကြောင့်လည်း နားလည်ပါတယ် ..
သက်တမ်းတိုးအဖွဲ့ ထဲမှ ဝပ်ပါမက်ကဒ်ထုတ်ပြီးတဲ့ သဌေးပြောင်းသက်တမ်းတိုးမည့် သူများကို ၈ လပိုင်း ၁ ရက်နေ့က စတင်ပြီး လုပ်ဆောင်ပေးနေပြီ ဖြစ်ပါတယ်
သဌေးတူပြီး သက်တမ်းတိုးမည့်သူများအတွက်
ကျန်းမာရေးစစ်/ ကျန်းမာရေးအာမခံဝယ်ယူခြင်း များကို ၁၀ လပိုင်း ၁၅ရက်နေ့ မတိုင်းခင် ကြိုပြင်ဆင်ထားနိုင်ပြီး ၁၁ ရက် ၁၂ လပိုင်း သက်တမ်းမကုန်ခင် ၄၅ ရက်အတွင်း အပြီးလုပ်ဆောင်ရမှာဖြစ်ပါတယ် ..
ဝပ်ပါမက်ကဒ်မထုတ်ရသေးသေးတဲ့ သက်တမ်းတိုးရန် စရင်းပေးထားသောသူများအတွက် လိုအပ်
သည်များ ပြင်ဆင်ထားပြီး အလုပ်သမားဝိုက်
စိုက်ထဲ ဘော်တော်-၆၂ဖောင်ရတာနဲ့ အမြန်သဌေးပြောင်းပြီး သက်တမ်းတိုးလုပ်ငန်းစဉ်တွေ ဆက်တိုက်လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ် ..
မိမိက သက်တမ်းတိုရမည့်အဖွဲ့ထဲမှာ ပါဝင်နေတယ်ဆိုရင်တော့ မိမိတို့ နီးစပ်ရာ ယုံကြည့်ရာ
အကျိုဆောင်/ ကုမ္မဏီ များနှင့် တိုင်ပင်ဆွေးနွေးပြီးအမြန်ချိတ်ဆက် လုပ်ဆောင်ကြပါလို့ အသိပေးဖော်ပြအပ်ပါတယ် ခင်ဗျား ..

(မတည်-11 သက်တမ်းတိုးအဖွဲ့)စရင်းတင်လက်ခံပေးနေပါပြီး ဝပ်ပါမက်+ဗီဇာ ၁ နှစ်ရပါမည် ။ 💰อัตราค่าบริการဝန်ဆောင်ခစျေးနှုန်းများ 1...
11/08/2026

(မတည်-11 သက်တမ်းတိုးအဖွဲ့)
စရင်းတင်လက်ခံပေးနေပါပြီး ဝပ်ပါမက်+ဗီဇာ ၁ နှစ်ရပါမည် ။

💰อัตราค่าบริการ
ဝန်ဆောင်ခစျေးနှုန်းများ

1️⃣ มีนายจ้าง + ประกัน = 4700
သဌေးရှိ + ပကန်စံခုံ ရှိသူ - 4700

2️⃣ มีนายจ้าง ไม่มีประกัน = 5700
သဌေးရှိ + ပကန်မရှိသူ - 5700

3️⃣ มีนายจ้างใหม่ = 6,400
သဌေးရှိ ပြောင်းတော်သူ - 6,400

သဌေးငှါးတော်။ 6900

4️⃣ คนที่มีเล่ม = 1,800
ဗီဇာတုံး (Visa Stamp) 1800

📄 เอกสารที่ต้องใช้
လိုအပ်သော စာရွက်စာတမ်းများ

✅ สำเนาหน้าพาสปอร์ต-ပတ်စပို့ မျက်နှာစာမိတ္တူ
✅สำเนาหน้าวีซ่า-ဗီဇာမျက်နှာစာ မိတ္တူ
✅สำเนาใบอนุญาตทำงาน-ဝပ်ပါမစ် စာရွက်မိတ္တူ
#12လပိုင်းကုန်မယ့်သူများသက်တမ်းတိုး

      သက်တမ်းတိုးထားတဲ့ CI စာအုပ်ထုတ်ရမည့်အဖွဲ့7-Eleven မှာ စာအုပ်ဖိုးသွင်း/ ခရူသတ်မှတ်ရက်ယူရန် ၈ လပိုင်း ၁၁ ရက်နေ့ နောက...
09/08/2026


သက်တမ်းတိုးထားတဲ့ CI စာအုပ်ထုတ်ရမည့်အဖွဲ့
7-Eleven မှာ စာအုပ်ဖိုးသွင်း/ ခရူသတ်မှတ်ရက်ယူရန် ၈ လပိုင်း ၁၁ ရက်နေ့ နောက်ဆုံးဖြစ်ပါတယ် ။
CI စာအုပ်ထုတ်ယူခြင်းကို ၈ လပိုင်း ၁၇ ရက်နေ့
နောက်ဆုံးဖြစ်ပြီး CI ရုံးဝန်းထမ်းများ အပြောင်းအလဲကြောင်း စာအုပ်ထုတ်ပေးခြင်းကို
၁၀ လပိုင်းလောက်မှာ လုပ်ငန်းစဉ် စတင်နိုင်
ကြောင်း သိရပါတယ် ။
PJ/PV အနီရောင်စာအုပ် ၂၀၂၇ မှာသက်တမ်းကုန်မယ့်သူများ ဘန်ကောက်တွင် ရုံးဖွင့်မည့်အချိန်မှာ ထုတ်ယူနိုင်ရန် အကြံပေးပါတယ် နယ်စပ်တွေထိဆင်းပြီး မလိုအပ်တဲ့ကုန်ကျစရိတ်များ အချိန်လွန်
ပင်းပန်းမူများ မဖြစ်သင့်ရန် အသိပေးအပ်ပါတယ်။
Ci စာအုပ်သက်တမ်း ၂၀၂၆ ကုန်နေပြီသူများ နှင့်
သက်တမ်းကုန်တော့မယ့်သူများ ဒီနှစ် ဘတ်
အသစ်ကို ဝင်ရိုက်ပြီး CI စာအုပ်အသစ်ကိုထုတ်ယူနိုင်ပါတယ်
ထိုင်းရောက်မြန်မာများ ကံကောင်းကြပါစေ

07/08/2026

ဘတ်စရင်းလာတင်လို့ရပါပြီ
၉လပိုင်းမှာလုပ်ငန်းစဉ်စပါမယ်ခ

14/07/2026

14.7.2026
785ဘတ်.တသိန်း
ငွေလဲငွေထုတ် အချိန်မရွေးရ

ที่อยู่

Bangkok

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Ma Thinzar Visa Service Thailand โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์