18/03/2025
ကျွန်မတို့အခမဲ့ရှေ့နေလိုက်ပေးတာက က်ိုယ်တတ်နိုုင်သောအရာကို community ကိုပြန်ပေးတဲ့ သဘောပါပဲ ဒါကလည်းကျွန်မကစပြီး ထွေထူးစတဲ့အရာမဟုတ်ပါဘူး ရှေ့နေတစ်ယောက်ဖြစ်လာရင် pro bono လို့ခေါ်တဲ့ "for the public good" အတွက်ပြန်လုပ်ပေးကြတယ်ဆိုတာကဟိုတော်တော်ရှေးရှေးကတည်းက ရှိတဲ့အရာပါ
တစ်ချို့နိုင်ငံတွေမှာဆို တစ်နှစ်မှာ နာရီ ၅၀-၇၀ လောက် pro bono တွေလိုက်ပေးဖို့က်ို နိုင်ငံတော်တော်များများရဲ့ bar association တွေက လှုဖို့ကို recommendations လုပ်လေ့ရှိပါတယ်
ဆိုတော့ ကျွန်မလည်း ကျွန်မတတ်သော အတတ်ပညာနဲ့ ကျွန်မရဲ့ law office ကနေ ပြန်ပေးတဲ့အရာပါပဲ
ကျွန်မ post စတင်ကတည်းကနေ ယနေ့ထိ ရုံးလာရောက်သူ ရာနဲ့ချီရှိခဲ့ကြပါတယ်
တကယ်ရော အခမဲ့ ဟုတ်ရဲ့လားလို့ အခါအခါမေးသူရော
မယုံလို့ ရုံးအထိ လာသူတွေရော အမျိုးအမျိုးပေါ့ရှင်
ဘာနေနေ appointment ယူပြီး
အခမဲ့ဥပဒေအကူအညီရယူပြီဆိုရင်တော့
ဖုန်းဖြေသူက အစ
Appointment စီစဉ်ပေးသူအပါ
ဖြေဆိုပေးသော ကျွန်မတို့ရုံးက ရှေ့နေတွေအပါ
တရားရုံးထိ အမှုလိုက်လံဖြေရှင်းပေးတဲ့ ကျွန်မရုံးက အမှုလိုက်ရှေ့နေတွေက တကယ့်ကို အလေးထားဖြေဆိုပေးတာပါ
သို့သော် ကျွန်မရုံးသို့ အခမဲ့ဥပဒေရယူဖို့ လာရောက်ကြတဲ့ သူတွေထဲမှာ ကျွန်မတို့ရဲ့အတတ်ပညာနဲ့အခမဲ့ ကူညီတာကို လေးစားသူရှိသလို မလေးစားသူများလည်းရှိပါတယ်
မလေးစားသူများကြောင့် စည်းမျဉ်းစည်းကမ်းတိုးလာတွေများကတော့
- Appointment ယူပြီး မလာဖြစ်ကြောင်းကို တစ်လေးတစ်စားပြန်မပြောပဲ appointment ချိန်နားနီးလို့ ဖုန်းလည်းဆက်မရ message လည်းမပြန်ပဲ ghost သွားပြီဆိုရင် တော့ ကျွန်မ ရုံးရဲ့ policy အရ client history ထဲမှာ blacklist ထည့်ထားပါတယ် ဘယ်သောအခါမှ ကျွန်မတို့ရုံးရဲ့ pro bono program ကနေ support မပေးတော့ပါရှင်
- ရုံးသို့လည်းရောက်လာတယ် legal consultation ယူပြီးသွားပြီးနောက် တရားရုံးအထိအမှုရင်ဆိုင်ဖို့ကူညီပေးနေသော်လည်းအမှုအတွက်လိုအပ်သော စာရွက်စာတမ်းတွေက်ို ကျွန်မတို့ရုံးက တောင်းနေတဲ့အခါမှာ ဖုန်းလည်းဆက်လို့မရ လူကြုံပါးလို့မရဖြစ်နေတာ ၃ ရက်နဲ့ အထက်ဖြစ်သွားပြီဆိုရင် case withdraw ပါရှင်
ဒီအမှုမှ မဟုတ်ပဲ ဘယ်သောအခါမှ ကျွန်မတို့ရုံးရဲ့ pro bono program ကနေ support မပေးတော့ပါရှင်
တကယ့်ကိုပဲ ရှေ့နေငှါးဖို့တကယ်အခက်အခဲရှိတယ် သိတတ်နားလည်သော ရှေ့နေများဆီကနေ အကူအညီတကယ် လိုအပ်ဆိုရင်တော့ 09944990430 ကိုဆက်သွယ်ပြီး ရက်ချိန်းယူနိုင်ပါတယ်
ရက်ချိန်းမရှိပဲ လာရောက်တွေ့ဆုံမေးမြန်းတာလည်းမလက်ခံတာဖြစ်လို့ ဖုန်းဆက်ပြီး appointment ယူပေးဖို့တော့လိုပါမယ်ရှင်
ရုံးကတော့ တော်ဝင်စင်တာ B1 floorမှာပါ
ရက်ချိန်းရလို့ ရုံးလာပြီဆိုရင်တော့ မှတ်ပုံတင် နဲ့ အိမ်ထောင်စုစရင်း ယူလာဖို့ လိုပါတယ် ပြီးရင်တော့ form တစ်ခုဖြည့်ဖို့လိုပါတယ်ရှင်