BKK Ko Shai - ဘန်ကောက် ကိုရှိုင်း

BKK Ko Shai - ဘန်ကောက် ကိုရှိုင်း ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก BKK Ko Shai - ဘန်ကောက် ကိုရှိုင်း, หนังสือเดินทางและบริการวีซ่า, เอเชีย, Amphoe Thong Pha Phum.

Passport, Visa, Ci, Pj, ကားအငှါး, သံရုံးနဲ့ပတ်သက်တဲ့ကိစ္စများ
ကား, အိမ်, ကွန်ဒိုရောင်းဝယ်ငှါး ဝန်ဆောင်မှု

Phone - 0960915415
Line ID - 0960915415

(Ko Shai အမြန်ဝန်ဆောင်မှု)
https://www.facebook.com/share/1Ed8qE6i2R/

15/08/2026

"မသိလို့" ဆိုတဲ့ စကားက ပြဿနာကို မဖြေရှင်းပေးနိုင်ပါဘူး

Immigration နဲ့ စာရွက်စာတမ်းကိစ္စတွေမှာ အထင်နဲ့ ဆုံးဖြတ်လိုက်တာထက်

မှန်ကန်တဲ့ အချက်အလက်ကို အရင်သိအောင် လုပ်တာက ပိုအရေးကြီးပါတယ် 🫵🏻

တစ်ယောက်နဲ့တစ်ယောက် အခြေအနေမတူနိုင်တာကြောင့် သူများအတွက် မှန်တဲ့အဖြေက ကိုယ့်အတွက် အမြဲမှန်မနေပါဘူး

မသေချာတဲ့အခါ မေးမြန်းပါ
နားလည်အောင် စုံစမ်းပါ

မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုက အချိန်ရော ငွေရော စိတ်ဖိစီးမှုကိုပါ လျှော့ချပေးနိုင်ပါတယ်ဗျ 🥰

📞 0960915415

📍 ဘန်ကောက်အခြေစိုက်ရုံးခန်းဖြင့် တရားဝင် ဝန်ဆောင်မှုပေးခြင်းဖြစ်ပါသည်။



#ထိုင်းနိုင်ငံ၀န်ဆောင်မှု

စာရွက်စာတမ်းတွေကို ဓာတ်ပုံရိုက်သိမ်းထားသင့်လား?အဖြေက "သိမ်းထားသင့်ပါတယ်။"Passport၊ Visa၊ Pink Card နဲ့ အခြားအရေးကြီးတဲ့ ...
15/08/2026

စာရွက်စာတမ်းတွေကို ဓာတ်ပုံရိုက်သိမ်းထားသင့်လား?

အဖြေက "သိမ်းထားသင့်ပါတယ်။"

Passport၊ Visa၊ Pink Card နဲ့ အခြားအရေးကြီးတဲ့ စာရွက်စာတမ်းတွေကို

မူရင်းအပြင် အရည်အသွေးကောင်းတဲ့ ဓာတ်ပုံ (သို့) Scan File အဖြစ် သိမ်းထားတာက

အရေးပေါ်အခြေအနေတွေမှာ အထောက်အကူဖြစ်ပါတယ်ဗျ

ဒါပေမယ့် အဲဒီဖိုင်တွေကို လုံခြုံတဲ့နေရာမှာ သေချာသိမ်းပြီး အခြားသူတွေဆီ အလွယ်တကူ မမျှဝေမိဖို့ သတိထားပါဗျ 🔥

စာရွက်စာတမ်းကို ပတ်သက်ပြီး လိုအပ်တာမှန်သမျှ ကိုရှိုင်းရဲ့ရုံးဆီကို တိုက်ရိုက်ဆက်သွယ်လာပြီး တိုင်ပင်လို့ရပါတယ်ဗျ ✅

📞 0960915415

📍 ဘန်ကောက်အခြေစိုက်ရုံးခန်းဖြင့် တရားဝင် ဝန်ဆောင်မှုပေးခြင်းဖြစ်ပါသည်။



#ထိုင်းနိုင်ငံ၀န်ဆောင်မှု

15/08/2026

ဘတ်စာရင်းတွေ တင်လို့ရပြီနော်။ ဘာလို့ဘတ်စာရင်း ကြိုတင်ရမှာလဲဆိုတာကို ရှင်းပြပေးလိုက်ပါတယ်နော်။

#ဘတ် #ထိုင်းရောက်ရွှေမြန်မာ #ဘတ်စာရင်းတင်

14/08/2026

မကြာခင်ဘတ်ဖွင့်တော့မှာဖြစ်လို့ ဘတ်တင်ဖို့ ဘာတွေလိုလဲ? ကျွန်တော်တို့ TMW (ထိုင်းမြန်မာ အလုပ်သမား ကုမ္ပဏီ - ၅သန်းရုံး) မှာတင်ရင် ဘာတွေဝန်ဆောင်မှုပေးလဲဆိုတာ ပြောပြပေးလိုက်ပါတယ်နော်။

#ဘတ် #ဘတ်ရိုက် #ထိုင်း #မြန်မာအလုပ်သမား #ထိုင်းရောက်မြန်မာ

ထိုင်းမှာအလုပ်လုပ်ရင် ထိုင်းစကား မဖြစ်မ​နေပြောရမလား⁉လတ်တလော အွန်လိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ငြင်းခုန်နေကြတဲ့ကိစ္စတစ်ခု ...
14/08/2026

ထိုင်းမှာအလုပ်လုပ်ရင် ထိုင်းစကား မဖြစ်မ​နေပြောရမလား⁉

လတ်တလော အွန်လိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ငြင်းခုန်နေကြတဲ့ကိစ္စတစ်ခု ရှိပါတယ် — နိုင်ငံခြားသား အလုပ်သမားတွေ (မြန်မာအများစုပါဝင်) ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရင် ထိုင်းစကား ပြောတတ်ဖို့ လိုသလား၊ မလိုဘူးလား ဆိုတာပါ။

"ပြောတတ်သင့်တယ်" ဘက်ကရော❗

- သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူ ဆီရာနုဒ် ဆိုင်ဆာမွတ်က ထိုင်းမှာ အလုပ်လုပ်တဲ့ နိုင်ငံခြားသားတွေ ထိုင်းစကား ပြောတတ်သင့်ပြီး အင်္ဂလိပ်စကားကိုပဲ အားမကိုးသင့်ဘူးလို့ ပြောထားပါတယ်
- ထိုင်းတွေလည်း နိုင်ငံခြားထွက်ရင် အဲဒီနိုင်ငံရဲ့ ဘာသာစကားကို လိုက်လျောသုံးရသလိုမျိုး၊ ဒီနေရာမှာ ရောက်နေရင်လည်း ဒီနေရာရဲ့ ဘာသာစကားကို လေးစားသင့်တယ်ဆိုတဲ့ သဘောပါ
- ပင်လယ်ပြင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား Psi Samutt ကတော့ ပိုပြီးတင်းကျပ်ပါတယ် — ဝန်ထမ်းက အင်္ဂလိပ်လို ပြောလာရင် သူက ထိုင်းလိုပဲ ပြန်ပြောလေ့ရှိပြီး၊ နားမလည်ရင် တခြားဝန်ထမ်းနဲ့ ပြောင်းပေးဖို့ တောင်းဆိုတတ်ပါတယ်
- အွန်လိုင်းမှာ တချို့က ထိုင်းစကားစာမေးပွဲ ရှိသင့်တယ်လို့တောင် တောင်းဆိုကြပါတယ်

"အားလုံးအတွက် မလိုအပ်ဘူး" ဘက်ကရော❗

- စားသောက်ဆိုင်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ Chandon Koetcharoen ကတော့ မတူတဲ့ရှုထောင့်က ကြည့်ပါတယ်
- ထိုင်းနိုင်ငံသားတွေဟာ စားသောက်ဆိုင်အလုပ်ကို လုပ်ကိုင်လိုစိတ် နည်းနေတာကြောင့်၊ လုပ်သားရှားပါးမှုကို ဖြေရှင်းဖို့ နိုင်ငံခြားသားဝန်ထမ်းတွေ (အများစုက မြန်မာ၊ ဒုတိယအများဆုံးက လာအို) ကို ခန့်ထားနေရတာလို့ ရှင်းပြထားပါတယ်
- ဝန်ထမ်းအားလုံး ထိုင်းစကား ပြောတတ်ဖို့ မလိုအပ်ဘူးလို့ သူက ယူဆပါတယ် — အနည်းဆုံး ထိုင်းစကားပြောနိုင်တဲ့ ဝန်ထမ်း အနည်းငယ်ရှိရင် လုံလောက်ပါတယ်
- ခရီးသွားလုပ်ငန်း ထွန်းကားတဲ့ဒေသတွေမှာတော့ ဘာသာစကားအများကြီး ပြောနိုင်တဲ့ ဝန်ထမ်းတွေက ပိုအသုံးဝင်တယ်လို့ ဆိုပါတယ် (အင်္ဂလိပ်လိုပါ ပါဝင်ပါတယ်)

ကိန်းဂဏန်းလေးတွေ❗

- ၂၀၂၅ နိုဝင်ဘာလ အလုပ်အကိုင်ဌာန အစီရင်ခံစာအရ MoU လုပ်သားအပါအဝင် ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားဝန်ထမ်း ၃.၉ - ၄ သန်းဝန်းကျင် ရှိပါတယ်။
- ဒီဦးရေဟာ ၂၀၂၅ ခုနှစ်လယ်ပိုင်းမှာ အမြင့်ဆုံးရောက်ပြီး နောက်ပိုင်း အနည်းငယ် ပြန်ကျသွားပါတယ်။

ကျွန်တော်တို့ လုပ်သားတွေအတွက် ဘာကိုဆိုလိုတာလဲ⁉

- ဘက်နှစ်ဖက်စလုံးမှာ အမှန်ရှိပါတယ် — ထိုင်းစကား နည်းနည်းပါးပါး တတ်ထားရင် အလုပ်ရှာရာမှာလည်း၊ အလုပ်ခွင်ထဲမှာလည်း ပိုအဆင်ပြေတတ်ပါတယ်
- ဒါပေမဲ့ လူတိုင်း ကျွမ်းကျင်အောင် ပြောနိုင်ဖို့ မလိုအပ်ပါဘူး — နေ့စဉ်သုံး အခြေခံစကားလုံးလေးတွေ တတ်ထားရင် လုံလောက်ပါတယ်
- ထိုင်းစကား နားလည်ထားရင် အလုပ်ရှင်ညွှန်ကြားချက်၊ ဥပဒေအခွင့်အရေး၊ စာချုပ်တွေကို ကိုယ်တိုင်နားလည်နိုင်ပြီး တခြားသူအပေါ် အားကိုးရမှု လျော့ချနိုင်ပါတယ်။

နေ့စဉ်သုံး ထိုင်းစာလုံးလေးတွေ တဖြည်းဖြည်း လေ့လာထားရင် ဘယ်လောက်ကူညီမလဲ စဉ်းစားကြည့်ကြပါ

မိတ်ဆွေတို့ရော ထိုင်းစကား ဘယ်လောက်ထိ ပြောတတ်ကြပြီလဲ၊ ဒီဆွေးနွေးမှုအပေါ် ဘယ်လိုထင်လဲ ကော့မန့်မှာ မန့်ခဲ့ပေးပါအုံးနော်! 👇
-----------------------------------
ပတ်စ်ပို့၊ ဗီဇာ၊ ဝေါ့ပါမစ်၊ ဘတ်ရိုက်၊ သူဌေးပြောင်းနှင့် အခြား အလုပ်သမားကိစ္စများ ဆွေးနွေးတိုင်ပင်ချင်ရင်တော့ ကျွန်တော်တို့ TMW (ထိုင်း-မြန်မာ အလုပ်သမား ကုမ္ပဏီ)ရဲ့ ကိုယ်စားလှယ်များဖြစ်ကြတဲ့
BKK Ko Shai - ဘန်ကောက် ကိုရှိုင်း
Ko Phyo - One Stop Service
In Bangkok
တို့ရဲ့ page chatbox တွေမှာ လာရောက်မေးမြန်းစုံစမ်းလို့ရပါတယ်နော်။

#ထိုင်းရောက်မြန်မာ #ထိုင်းစကား #နိုင်ငံခြားလုပ်သား

Passport သက်တမ်းကို မစစ်ဘဲ သူများနိုင်ငံမှာ နေတာက သေးငယ်တဲ့ကိစ္စ မဟုတ်ပါဘူး"သက်တမ်းကျန်သေးတယ် ထင်တာပဲ…" ဆိုပြီး မစစ်ဖြစ်...
14/08/2026

Passport သက်တမ်းကို မစစ်ဘဲ သူများနိုင်ငံမှာ နေတာက သေးငယ်တဲ့ကိစ္စ မဟုတ်ပါဘူး

"သက်တမ်းကျန်သေးတယ် ထင်တာပဲ…" ဆိုပြီး မစစ်ဖြစ်တဲ့ Passport တစ်အုပ်က

နောက်ပိုင်းမှာ အလုပ်ကိစ္စ၊ Visa ကိစ္စတွေမှာ ပြဿနာဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် Passport၊ Visa နဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေရဲ့ သက်တမ်းကို

အနည်းဆုံး တစ်လတစ်ကြိမ်လောက် စစ်ဆေးတဲ့ အလေ့အကျင့်လေး လုပ်ထားပါခင်ဗျ

ပြဿနာဖြစ်မှ အလျင်စလို လုပ်ရတာထက် ကြိုတင်စီစဉ်ထားတာက

အချိန်လည်းသက်သာ၊ ငွေကုန်ကြေးကျလည်း ပိုသက်သာစေပါတယ် 🤝🏼

📞 0960915415

📍 ဘန်ကောက်အခြေစိုက်ရုံးခန်းဖြင့် တရားဝင် ဝန်ဆောင်မှုပေးခြင်းဖြစ်ပါသည်။



#ထိုင်းနိုင်ငံ၀န်ဆောင်မှု

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေသူတွေအနေနဲ့ အဖမ်းအဆီးကင်းကင်းနဲ့ အဆင်ပြေပြေနေနိုင်ဖို့ အောက်ပါ အရေးကြီးတဲ့ အချက် (၃) ချက်ကို...
13/08/2026

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေသူတွေအနေနဲ့ အဖမ်းအဆီးကင်းကင်းနဲ့ အဆင်ပြေပြေနေနိုင်ဖို့ အောက်ပါ အရေးကြီးတဲ့ အချက် (၃) ချက်ကို အမြဲသတိထားပါနော်။

၁။ ဗီဇာနဲ့ ဝေါ့ပါမစ် သက်တမ်းတိုးဖို့ မမေ့ပါနဲ့**
သက်တမ်းမကုန်ခင် (၂) လလောက် ကြိုပြီး စာရွက်စာတမ်းတွေကို မိမိသူဌေးနဲ့ တိုင်ပင်ပြီး ကြိုလုပ်ထားပါ။ သက်တမ်းကျော်သွားရင် ဒဏ်ငွေဆောင်ရတာ၊ အဖမ်းခံရတာတွေ ဖြစ်နိုင်ပါတယ်။

၂။ အိမ်ပြောင်းရင် လိပ်စာ (TM30) တိုင်ဖို့ လိုပါတယ်**
အဆောင်ဖြစ်ဖြစ်၊ အိမ်ဖြစ်ဖြစ် အသစ်ပြောင်းနေတဲ့အခါ အိမ်ရှင်ကို လဝကရုံးမှာ TM30 (လိပ်စာ) သွားတင်ပေးဖို့ ပြောရပါမယ်။ နောက်ပိုင်း ဗီဇာတိုးတဲ့အခါ ဒါက မရှိမဖြစ် လိုအပ်လို့ပါ။

၃။ ရက် (၉၀) ပြည့်တိုင်း သတင်းပို့ပါ**
ထိုင်းနိုင်ငံမှာ ဆက်တိုက်နေတာ ရက် (၉၀) ပြည့်တိုင်း လဝကရုံးမှာဖြစ်ဖြစ်၊ အွန်လိုင်းကနေဖြစ်ဖြစ် သတင်းပို့ရပါမယ်။ ရက်မကျော်အောင် အမြဲဂရုစိုက်မှတ်ထားပါ။

ပတ်စ်ပို့၊ ဗီဇာ၊ ဝေါ့ပါမစ်၊ ရက်(၉၀)တုံး၊ ဘတ်ရိုက်၊ MOU၊ သူဌေးပြောင်း နဲ့ အခြားအထွေထွေကိစ္စများအတွက် ကျွန်တော်တို့ TMW ထိုင်း-မြန်မာ အလုပ်သမားရုံးမှ ကိုယ်စားလှယ်များရဲ့ ပေ့ချ် ချက်ဘောက်စ် များမှာ အသေးစိတ်သွားရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်နော်။

#ထိုင်း #အလုပ်သမား #ထိုင်းရောက်မြန်မာ #အလုပ်အကိုင်

👑 🇹🇭 ထိုင်းနိုင်ငံတွင် ဩဂုတ်လ (၁၂) ရက်နေ့ကို "မိခင်များနေ့" အဖြစ် ဆက်လက်သတ်မှတ်ထားသည့်အပြင် "အမျိုးသားအထိမ်းအမှတ်နေ့" အဖ...
12/08/2026

👑 🇹🇭 ထိုင်းနိုင်ငံတွင် ဩဂုတ်လ (၁၂) ရက်နေ့ကို "မိခင်များနေ့" အဖြစ် ဆက်လက်သတ်မှတ်ထားသည့်အပြင် "အမျိုးသားအထိမ်းအမှတ်နေ့" အဖြစ်ပါ အစိုးရက တရားဝင် ပြဋ္ဌာန်း

ဘန်ကောက် — (၁၂၊ ဩဂုတ်၊ ၂၀၂၆) : ထိုင်းနိုင်ငံ၏ အမျိုးသား မိခင်များနေ့ဖြစ်သော ဩဂုတ်လ ၁၂ ရက်နေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် ဆက်လက်ထားရှိမည်ဖြစ်သည်။

ထို့အပြင် နတ်ရွာစံလွန်ပါးသွားပြီဖြစ်သော မိဖုရားခေါင်ကြီး သီရိခေတ် (Queen Sirikit) ကို ကျေးဇူးဆပ်ဂုဏ်ပြုရန်အတွက် ထိုနေ့ကို "အမျိုးသားအထိမ်းအမှတ်နေ့" (National Commemorative Day) အဖြစ်ပါ ထပ်ဆင့်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ထိုင်းအစိုးရက တရားဝင် ကြေညာလိုက်သည်။

ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့တွင် နတ်ရွာစံခဲ့သည့် မိဖုရားကြီး သီရိခေတ်သည် သက်တော်ထင်ရှားရှိစဉ်တစ်လျှောက်လုံး နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကိုယ်ကျိုးစွန့် အနစ်နာခံကာ ဆောင်ရွက်ခဲ့သော တော်ဝင်ကုသိုလ်တော်လုပ်ငန်းများကို အစဉ်အမြဲ အောက်မေ့ဂုဏ်ပြုနိုင်ရန် ရည်ရွယ်ပြီး အစိုးရအဖွဲ့က ယခုလို ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်ပါ၍ ဩဂုတ်လ (၁၂) ရက်နေ့သည် ထိုင်းနိုင်ငံအတွက် —
* ထိုင်းအမျိုးသား မိခင်များနေ့ (National Mother’s Day)
* တရားဝင် အစိုးရရုံးပိတ်ရက် (Public Holiday)
* မိဖုရားကြီးအား ဂုဏ်ပြုသည့် အမျိုးသားအထိမ်းအမှတ်နေ့ (National Commemorative Day)
ဟူ၍ တစ်ပြိုင်နက်တည်း အရေးပါလှသော သမိုင်းဝင်နေ့တစ်နေ့အဖြစ် တည်ရှိသွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံ၌ နှစ်စဉ် ဩဂုတ်လ (၁၂) ရက်နေ့သို့ ရောက်ရှိတိုင်း မိဖုရားကြီး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အဆင့် အခမ်းအနားများနှင့် ဘာသာရေးအလှူဒါနများကို ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိပါသည်။ ယခုကဲ့သို့ အစိုးရ၏ ဆုံးဖြတ်ချက်အသစ်ကြောင့် ယင်းနေ့ရက်၏ အမျိုးသားရေး အနှစ်သာရနှင့် ဂုဏ်ကျက်သရေကို ပိုမိုထင်ရှားပေါ်လွင်လာစေမည် ဖြစ်ပါသည်။

#ထိုင်းသတင်း #အစိုးရထုတ်ပြန်ချက် #မိခင်များနေ့ #နိုင်ငံတကာသတင်း #သတင်းအနှစ်ချုပ်

🔹မနက်ဖြန် (12.8.2026) ဗုဒ္ဓဟူးနေ့၊ ထိုင်းနိုင်ငံ၏ မိခင်များနေ့ဖြစ်၍ မြန်မာသံရုံးနှင့် ထိုင်း Immigration ရုံးများ ပိတ်ပါ...
11/08/2026

🔹မနက်ဖြန် (12.8.2026) ဗုဒ္ဓဟူးနေ့၊ ထိုင်းနိုင်ငံ၏ မိခင်များနေ့ဖြစ်၍ မြန်မာသံရုံးနှင့် ထိုင်း Immigration ရုံးများ ပိတ်ပါသည်။🔹

​ကွယ်လွန်သွားပြီ ဖြစ်သော ယခုထိုင်းဘုရင်၏ မယ်တော်ကြီး သီရိခေတ်၏ မွေးနေ့ကို ထိုင်းနိုင်ငံ၏ မိခင်များနေ့အဖြစ်ယခင်က သတ်မှတ်ထားသည့်အတိုင်း ဆက်လက်ထားရှိကာ ပိတ်ရက်အဖြစ်ဆက်လက်ထားရှိခြင်းဖြစ်သည်။
_______________________________________

ကျွန်တော်တို့ဆီမှာ ပတ််စ်ပို့၊ ဗီဇာ၊ ဘတ်ရိုက်၊ ဝေါ့ပါမစ်၊ သူဌေးပြောင်း(ကျန့်အော်၊ ကျန့်ခေါက်)၊ သံရုံးထောက်ခံစာ စတဲ့ ဝန်ဆောင်မှုများစွာကို အသက်သာဆုံး စျေးနှုန်းများနဲ့ လျင်မြန်၊ မှန်ကန်စွာ ဆောင်ရွက်ပေးနေပါတယ်နော်။😊

အောက်ပါဖုန်းနံပါတ်များကို အသေးစိတ်ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
TMW Office (080-574-8473)
BKK Ko Shai (098-635-6215)
BKK Ko Phyo (092-463-2124)
Grace in Bangkok (092-463-2134)

ရုံးလိပ်စာ🏢- စမူပကန်၊ ဘန်ပူဆွယ်(၅၂)လမ်းထိပ်၊ ရထားအစိမ်းလိုင်းအဆုံး BTS Kheha (ဂေဟာ ဘူတာ) အနီး။
Google map - 62 13 Thetsaban Bang Pu 52 Alley, Thai Ban Mai, Mueang Samut Prakan District, Samut Prakan 10280.

#ပတ်စပို့သက်တမ်းတိုး #ဘတ်ရိုက် #ထိုင်းရောက်ရွှေမြန်မာ

11/08/2026

‼လူလိမ် FB Page နှင့် Line စိမ်း အကောင့်များအား ထပ်မံသတိပေးခြင်း‼

အခုတလော ကျွန်တော်တို့ မိဘပြည်သူတွေ လူလိမ်အကောင့်တွေကို ကျွန်တော်တို့ရုံးလို့ထင်ပြီး အလိမ်ခံရတာ ခပ်စိပ်စိပ်တွေ့လာရပါတယ်။

ကျွန်တော်တို့အနေနဲ့ ထပ်မံသတိပေးချင်တာကတော့ ကျွန်တော်တို့ TMW (Thai-Myanmar Worker Company) မှာ ပတ်စ်ပို့ သက်တမ်းတိုးမယ်ဆိုရင် ငွေကြိုလွှဲစရာ လုံးဝ(လုံးဝ) မလိုပါဘူးနော်။

ဘာလို့လဲဆိုတော့ ပတ်စ်ပို့သက်တမ်းတိုး မယ်ဆိုရင် ​ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကို ဓာတ်ပုံရိုက်ဖို့နှင့် လက်ဗွေနှိပ်ရန်အတွက် မဖြစ်မနေလူကိုယ်တိုင်သွားရပါတယ်။ ပတ်စ်ပို့သက်တမ်းတိုးတာကို ငွေကြိုလွှဲခိုင်းရင် လူလိမ်ဖြစ်ဖို့ရာခိုင်နှုန်းများပါတယ်။

သို့သော် ကျွန်တော်တို့ TMW ရုံးမှာ ပတ်စ်ပို့ သက်တမ်းတိုး ဝန်ဆောင်မှုမှအပ အခြားသောလူလာစရာမလိုသော အချို့ဝန်ဆောင်မှုများကတော့ ရုံးရဲ့တရားဝင်ဘဏ်အကောင့်ထဲကို ငွေအနည်းငယ်လွှဲပေးရတာမျိုးရှိတတ်ပါတယ်။ အဲ့လိုအခါမျိုးကျရင်လဲ ကျွန်တော်တို့ TMW ရုံးရဲ့ တရားဝင်ဘဏ်အကောင့်ဖြစ်တဲ့ ကာစီကွန်းဘဏ်အကောင့်ကိုသာလွှဲပေးရတာဖြစ်ပါတယ်။ အခြားလူနာမည်နှင့် ဘဏ်ဖြစ်ပါက လူလိမ်ဟုသာ သတ်မှတ်နိုင်ပါသည်။

ထိုင်းရောက်ရွှေမြန်မာများအားလုံး ဘေးအန္တရာယ်အပေါင်းက ကင်းဝေးပြီး ပျော်ရွှင်ချမ်းသာတဲ့ မိသားစုဘဝများကို အမြန်ဆုံးဖြတ်သန်းနိုင်ကြပါစေ ခင်ဗျာ။🙏

ထိုလူလိမ် Page နဲ့ Line စိမ်း အကောင့်များကိုလဲ ကော့မန့်မှာဖော်ပြပေးထားပါတယ်။

ที่อยู่

เอเชีย
Amphoe Thong Pha Phum
71180

เบอร์โทรศัพท์

+66889699719

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ BKK Ko Shai - ဘန်ကောက် ကိုရှိုင်းผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์