01/08/2026
🔍လူသားတိုင်း နေ့တဓူဝ ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများသာမက လူမှု ကိစ္စများ တွင်ပါ ပဋိညာဉ် ပြုနေကြရသည်။
🕓 ညနေ ၄ နာရီ မင်းနဲ့ ( - ) ဆိုင်မှာ တွေ့မယ် 😃 ဟူသော စကားပြောဆိုမှုသည် ပင် ပဋိညာဉ် ဖြစ်သည်။
👉သမီးရည်းစား ချစ်သူများ ပဋိညာဉ် ပျက်လျင် ရာဇသတ်ကြီး ပုဒ်မ ၄၁၇ ၊ အိမ်ထောင်ရှင်များ ပဋိညာဉ် ပျက်လျင် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ တို့ဖြင့် ထောင်ကျနိုင်သည်။ ဆိုလိုတာက ပဋိညာဉ် ပျက်လျင် အလျော် အစား ရှိသည်။ ပုဒ်မ ၂၃၈ ခုရှိသော ပဋိညာဉ် ဥပဒေ ကို ရှေ့နေ များပင်လျင် တစ်ခု ချင်းစီတိုင်း သိနိုင်ရန် မလွယ်ကူသဖြင့် သာမာန် အရပ်သားတိုင်း သိရန်မှာ ပိုခက်ခဲပါသည်။ သို့သော် ဘယ်လို ကိစ္စတွေ ဆိုလျင်ဖြင့် ပဋိညာဉ် ပျက်သည် ကို သိရှိထားဖို့လိုပါမည်။
📄ပဋိညာဉ် ဟူသော စကားလုံးကို မြန်မာ နိုင်ငံမှ ကျင့်သုံးနေသော ပဋိညာဉ်အက်ဥပဒေ (Contract Act, 1872) တွင် သီးခြားဖွင့်ဆိုချက်မရှိပါ။ သို့သော် အောက်ပါ စကားလုံးများနှင့် တွဲဆက် ပေါင်းစပ်ထားပါသည်။
- Proposal (ကမ်းလှမ်းချက်)
- Promise (ကတိ)
- Promisor / Promisee
- Agreement (သဘောတူညီချက်)
- Contract (ဥပဒေအရ အတည်ပြုနိုင်သော သဘောတူညီချက် တို့ပါဝင်ကြသည်။
ပဋိညာဉ်အက်ဥပဒေအရ အောက်ပါ အချက်များသည် ပဋိညာဉ် ပျက်ယွင်း ခြင်း(Void Agreement) ဖြစ်သည်။
(၁) ပဋိညာဉ် ပြုလုပ်ပိုင်ခွင့် မရှိသော သူတို့ပြုလုပ်သည့် အချက်များ ( ပုဒ်မ-၁၁)
(၂) သဘောတူညီချက်၏ အဓိက အကြောင်း ခြင်းအရာ မှားယွင်းမှု (ပုဒ်မ -၂၀/၂၁/၂၂)
(၃) တရားဥပဒေနှင့် မညီသော အဖိုးစားနား ဖြင့် သဘောတူညီချက်(ပုဒ်မ-၂၃)
(၄) တရားဥပဒေနှင့် မညီသော အဖိုးစားနား အစိတ်အပိုင်း၊ ရည်ရွယ်ချက် အစိတ်အပိုင်း( ပုဒ်မ-၂၄)
(၅) အဖိုးစားနားမပါသော သဘောတူညီချက်( ပုဒ်မ -၂၅)
(၆) လက်ထပ်ထိမ်းမြားခြင်းကို တားမြစ်သော သဘောတူညီချက်များ( ပုဒ်မ- ၂၆)
(၇) ကူးသန်းရောင်းဝယ်မှုကို တားမြစ်သော သဘောတူညီချက်များ( ပုဒ်မ -၂၇)
(၈) တရားစွဲဆိုမှုကို တားမြစ်သော သဘောတူညီချက်များ( ပုဒ်မ -၂၈)
(၉) အဓိပ္ပါယ်မပြတ်သား(သို့) တိကျစွာ မသိနိုင်သော သဘောတူညီချက်များ(ပုဒ်မ-၂၉)
(၁၀) လောင်းကစားခြင်းနည်းဖြင့်ပြုသော သဘောတူညီချက် ( ပုဒ်မ- ၃၀)
(၁၁) မသေချာသော အနာဂတ်တွင် ပေါ်ပေါက်မည့် ဖြစ်ရပ် ကို သဘောတူညီချက်တွင် အဆိုပါ ဖြစ်ရပ် အဖြစ်နိုင်သော အခြေအနေဖြစ်ခြင်း (ပုဒ်မ- ၃၂)
တို့ဖြစ်ကြပါသည်။
🌀ဆက်လက်၍ အကျယ်ဖော်ပြပါမည်။
🔔လွပ်လပ်စွာ မျှဝေနိုင်ပါသည်။
🚫ကူးယူခြင်းမပြုရပါ။
ဦးသန်းဇော်အောင် (တရားလွတ်တော်ရှေ့နေ)
Noble Myanmar Legal Counseling Ltd,
#စာချုပ်ဖျက်သိမ်း
#ပဋိညာဉ်ပျက်
#စာချုပ်
#စီးပွားရေးဥပဒေ
Send a message to learn more