DV lottery

DV lottery SEIN NOTARY AND ONLINE SERVICES

DV_2026 အတွက်လိုအပ်ချက်များ
************************************
(2-OCT-2024 to 5-NOV-2024)
# 2"x2" ပတ်လည် ၆လအတွင်းရိုက်ထားသော မျက်မှန်မတပ်သည့် ကာလာဓါတ်ပုံ (အရွယ်အစားမမှန်ပါက အရွယ်အစားများကိုပြင်ပေးရပါမည်)
# ဆက်သွယ်ရန်လိပ်စာ - ဖုန်း - (emailလိပ်စာ -မရှိလဲရပါတယ်)
# ပညာအရည်အချင်း (အမြင့်ဆုံးပညာရေး)
# လူပျို - အပျို / အိမ်ထောင်သည် / အိမ်ထောင်ကွဲ / US Green Card or Citizen နှင့် အိမ်ထောင်ပြုထားသ

ူ / မုဆိုးဖို(မ)
# လက်ရှိနေထိုင်သော နိုင်ငံ
# အိမ်ထောင်သည်ဖြစ်ပြီး၂၁နှစ်အောက် ကလေးများရှိပါက-

တစ်ယောက်စီ၏
-အမည်(English Spelling)
-မွေးနေ့
-မွေးဖွားရာဇာတိ(မြို့)
-ဓါတ်ပုံ (‌၃/၆လအတွင်းရိုက်ထားသည့်ဓာတ်ပုံကို တစ်ယောက်ခြင်းစီရိုက်ပို့ရပါမည်)
(မိသားစု တွဲရိုက် ထားသောပုံမဖြစ်ရပါ)
Viber/Telegram/WhatsApp/email/Messenger မှ ဆက်သွယ်ပြီး အချက်အလက်များ နှင့် ဓါတ်ပုံများပေးပို့ရပါမည်။

" ဆိုင်ကို လာမစာမလိုဘဲလဲ online services လည်းလုပ်ပေးပါတယ်"

Phone No. 09254053340 (Viber, WhatsApp, Telegram, Messenger)

*ငွေလွှဲပေးပိုမည်ဆိုပါက*
KBZpay/CBpay/AYApay/Wave money/A+pay/Mytel pay Phone No. 09 254053340 Name as AUNG AUNG TUN (အကောင့်ထဲထည့်ပေးပါ)(ငွေမလွှဲပါနှင့် အကောင့်ထဲပဲထည့်ပေးပါ )
(ငွေမှားယွင်း၍လွှဲမိပါက ငွေလွှဲ‌ ပေးပို့သူ၏ တာဝန်သာဖြစ်ပြီး ငွေပြန်၍လွှဲမပေးပါ။ ကျေးဇူးပြု၍ ငွေလွှဲရာတွင် မိမိဖုန်းနံပါတ်နာမည်ထဲ့ပေးပါရန်နှင့် Service fee ထည့်ပေးပြီးပါက Transaction Scan Shot ပို့ပေးပြီးအကြောင်းကြားပေးပါရန်)
Thanks!
Notary and Online Services
(Establish since 1989) #

06/01/2026

official express service

07/11/2025

သာစည်- ရွှေညောင် ရထားများ ပြန်လည်ပြေးဆွဲမှုနဲ့အတူ ၁၅ ယောက်စီး အောင်ပန်း-ကလော၊ ကလော-မြင်းဒိုက် Tour Train (RGC)ရထားများပါ ပြေးဆွဲပေးနေ
------------------------------------------------------------------------------------

MFN
ရန်ကုန်။ ၂၀၂၅ ၊ ဇန်နဝါရီ ၂၇ ရက်

မြန်မာ့မီးရထားအနေဖြင့် သာစည်- ရွှေညောင် ရထားခရီးစဉ် ပြန်လည်ပြေးဆွဲမှုနဲ့အတူ အောင်ပန်း-ကလော၊ ကလော-မြင်းဒိုက် Tour Train (RGC) ရထားများပါ ပြေးဆွဲပေးနေတယ်လို့သိရပါတယ်။

ကုန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ ရာဂိစူပါတိုင်ဖွန်းမုန်တိုင်း သဘာဝဘေးဒဏ်ရေကြီးရေလျှံ မှုကြောင့် လမ်းပိုင်းပျက်စီးမှုများဖြစ်ပွားကာ ရပ်နားခဲ့ရတဲ့ သာစည်- ရွှေညောင် ရထားခရီးစဉ်ကို လာမယ့် ဇန်နဝါရီ ၃၁ ရက်မှစတင်ကာ ပြန်လည် ပြေးဆွဲဝန်ဆောင်မှုပေးသွားမှာ ဖြစ်တယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။

အဆိုပါလမ်းပိုင်းတွင် အမှတ်(၁၄၁)အဆန် သာစည်-ရွှေညောင်လူစီးရထားကို ဇန်နဝါရီလ ၃၁ ရက်မှစ၍ အပတ်စဉ် သောကြာနေ့တွင်လည်းကောင်း၊ အမှတ်(၁၄၂) အစုန် ရွှေညောင်-သာစည်လူစီးရထားကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စ၍ အပတ်စဉ် တနင်္လာနေ့တွင်လည်းကောင်း ပုံမှန်အတိုင်းပြန်လည် ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အမှတ်(၁၄၁)အဆန် ရထားမှာ သာစည်မှ နံနက် ၆ နာရီ ထွက်ခွာ၍ ရွှေညောင်သို့ ညနေ ၅ နာရီတွင်လည်းကောင်း၊ အမှတ်(၁၄၂) အစုန်ရထားသည် ရွှေညောင်မှ နံနက် ၇ နာရီ ထွက်ခွာ၍ သာစည်သို့ ည ၆ နာရီတွင်လည်းကောင်း ရောက်ရှိမည်ဖြစ်ပြီး ခရီးစဉ်အစအဆုံးအတွက် လက်မှတ်ခမှာ ရိုးရိုးတန်းအတွက် ငွေကျပ် ၉,၀၀၀ နှုန်းနှင့် အထက်တန်း လက်မှတ်ခမှာ ငွေကျပ် ၁၂,၀၀၀ နှုန်းဖြစ်တယ်လို့ သိရပါတယ်။

ထို့အပြင် ပြည်တွင်းမှ ခရီးသွားလာမည့် ပြည်သူများ၊ နိုင်ငံခြားသားခရီးသွားလာသူများအား ရှမ်းပြည်နယ် တောင်ပိုင်းအတွင်းရှိ ရေမြေတောတောင်သဘာဝရှုခင်းများ၊ ဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ဒေသန္တရဗဟုသုတများ ရရှိစေရန်ရည်ရွယ်ကာ ဇန်နဝါရီလ ၂၄ ရက်မှစတင်၍ အောင်ပန်း-ကလော (အသွား-အပြန်)ခရီးစဉ်နှင့် ကလော-မြင်းဒိုက်(အသွား-အပြန်)ခရီးစဉ်များကို ခရီးသည် ၁၅ ဦး လိုက်ပါစီးနင်းနိုင်သည့် Tour Train (RGC)ရထားစင်းလုံးငှားခရီးစဉ်အဖြစ် ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။

အဆိုပါ Tour Train (RGC) ရထားစင်းလုံးငှားခရီးစဉ်ကို ပုဂ္ဂလိက ခရီးသွားလာရေးအဖွဲ့များ၊ မိသားစုများ၊ လေ့လာရေးအဖွဲ့များအနေဖြင့် ခရီးစဉ်တစ်ခုအတွက်(အသွား-အပြန်) ငွေကျပ် ၁၂၀,၀၀၀ နှုန်းဖြင့် ငှားရမ်းစီးနင်းနိုင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ မြန်မာ့မီးရထားအနေနဲ့ အဓိက ရထားလမ်းပိုင်းများဖြစ်သည့် ရန်ကုန်-မန္တလေးလမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများတွင် သာမက အခြားလမ်းပိုင်းများဖြစ်သော ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်း၊ ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်း၊ ရန်ကုန်-ပြည်-ပုဂံလမ်းပိုင်း၊ မြစ်ကြီးနား- မိုးကောင်းလမ်းပိုင်း၊ လက်ပံတန်း-သာရဝေါလမ်းပိုင်းစသည့် လမ်းပိုင်းများတွင် လူစီးရထားခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးနေတယ်လို့လည်း သိရပါတယ်။

#မြန်မာ့မီးရထား #သာစည်_ရွှေညောင် # အောင်ပန်း_ကလော #ကလော_မြင်းဒိုက်

Photo - MOI

07/11/2025

ဒီတစ်ပတ်ရဲ့ "မေးလိုရာမေး Friday" အစီအစဉ်မှာ ပြန်လည်ဖြေကြားပေးမဲ့ မေးခွန်းကတော့ "ဖုန်းလဲလိုက်ရင် ဖုန်းအသစ်မှာ CB Pay Account ကို ကိုယ်တိုင် Register ပြန်လုပ်ဖို့လိုလား။"

Register ပြန်လုပ်စရာ မလိုပါဘူးနော်။

CB Pay Account ကို လက်ရှိသုံးနေတဲ့ မိုဘိုင်းလ်ဖုန်း (Old Device) ကနေ ဖုန်းအသစ် ဒါမှမဟုတ် အခြားဖုန်းတစ်လုံး (New Device) ထဲကို ဖုန်းနံပါတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် စတာတွေ ရိုက်ထည့်စရာ မလိုဘဲ အလွယ်တကူ ပြောင်းရွှေ့နိုင်ပါတယ်။

👉 ပထမဆုံးအနေနဲ့ လက်ရှိဖုန်းထဲက CB Pay App ထဲကို Login ဝင်ပါ။
👉 ပြီးတဲ့အခါ Setting ထဲက Switch Device ကို နှိပ်ပါ။
👉 ပေါ်လာတဲ့ QR Code ကို ဖုန်းအသစ်ထဲက CB Pay App မှာ Scan ဖတ်ပြီး PIN Code ကို ရိုက်ထည့်လိုက်တာနဲ့ CB Pay Account ကို ပုံမှန်အတိုင်း ဆက်လက်အသုံးပြုနိုင်ပါပြီ။

🔴 Switch Device နှိပ်ပြီး ပေါ်လာတဲ့ QR Code ကို ဘယ်သူနဲ့မှ မျှဝေခြင်း မပြုဖို့တော့ အမြဲတမ်း သတိရှိပါနော်။

ဘဏ်လုပ်ငန်းများနဲ့ ပတ်သက်ပြီး နောက်ထပ်သိလိုတဲ့အကြောင်းအရာတွေကို Comment ရေးသားမေးမြန်းနိုင်ပါတယ်။ သိလိုတာတွေအတွက် CB Bank Contact Center (09 2 5555 7777) ကိုလဲ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

ဘဏ်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဝန်ဆောင်မှုများအတွက် CB Bank က အမြဲတမ်း အသင့် ရှိနေပါတယ်။




#မေးလိုရာမေးFriday

07/11/2025

ဘဏ်ကတ်ထဲကနေ ကိုယ်တိုင် အသုံးမပြုမိဘဲ ငွေပေးချေမှုလုပ်ငန်းစဉ်များ (Transcation Message) တက်လာတာမျိုး ကြုံဖူးပါသလား။

ဒါဆိုရင်တော့ သက်ဆိုင်ရာဘဏ်‌ရဲ့ တရားဝင် Contact Center ကို ချက်ချင်းဖုန်းဆက်ပြီး မဖြစ်မနေ အကြောင်းကြားရပါမယ်။

ဘဏ်ကတ်ပြားပေါ်မှာ ရိုက်နှိပ်ထားတဲ့
💠 ဘဏ်ကတ်နံပါတ်၊
💠 သက်တမ်းကုန်ဆုံးရက်၊
💠 CVV (Card Verification Value) နံပါတ် စတာတွေကိုလဲ ကိုယ်တိုင်ကလွဲပြီး တခြားဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ပေးမသိဖို့ အရေးကြီးပါတယ်။

ဒီအချက်အလက်တွေ ရရှိရုံနဲ့ OTP မလို‌အပ်တဲ့ ဝက်ဘ်ဆိုက်တွေမှာ အလွယ်တကူ ငွေပေးချေပြီး မသမာမှုတွေ ပြုလုပ်နိုင်တဲ့အတွက် ကိုယ်ပိုင်ဘဏ်ကတ်နဲ့ ဘဏ်ကတ်ပါအချက်အလက်တွေကို လုံခြုံစွာ သိမ်းဆည်းသင့်ပါတယ်။

🔴 မတော်တဆ ဘဏ်ကတ် ပျောက်ဆုံးခဲ့ရင် သက်ဆိုင်ရာဘဏ်ကို အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပြီး ကတ်ကို ယာယီပိတ်ပေးထားဖို့ တောင်းဆိုရပါမယ်။

CB ဘဏ်ကတ်များနဲ့ ပတ်သက်ပြီး သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 - 2 5555 7777 ) ကို အချိန်မရွေး ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

CB Bank ရဲ့ ဘဏ်ဝန်ဆောင်မှုများအကြောင်း ဖတ်ရှုလိုပါက
🌟 CB Bank Official Facebook စာမျက်နှာ - https://bit.ly/3UHZGYA
🌟 CB Bank Official TikTok အကောင့် - https://bit.ly/41nefoe
🌟 CB Bank Official Viber Channel - https://bit.ly/4mD6jrC
🌟 CB Bank Official Telegram Channel - https://bit.ly/4n1wRCB
🌟 CB Bank Official YouTube Channel - https://bit.ly/3HpYar9




#အယုံမလွယ်နဲ့

07/11/2025

📢လိမ်လည်သူများသည် သင့်ထံမှ OTP (One-Time Password) လျှို့ဝှက်ကုဒ်ကို ရယူနိုင်ရန်အတွက် အကြောင်းပြချက်မျိုးစုံနဲ့ ဆက်သွယ်လာတတ်ပါတယ်။

ဒီလိုဆက်သွယ်လာတဲ့အခါ အဓိက သတိပြုရမယ့် အချက်တွေကတော့

🔹သင့်မိုဘိုင်းလ်ဖုန်းသို့ ရောက်ရှိလာသော OTP သည် သင်လက်ရှိပြုလုပ်နေသော ငွေပေးချေမှုတစ်ခုတည်းအတွက်သာ ဖြစ်ပါတယ်။

🔹OTP လျှို့ဝှက်ကုဒ်ကို တောင်းခံလာသော မည်သည့်အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကိုမဆို လိမ်လည်သူများအဖြစ် သတ်မှတ်နိုင်ပါတယ်။

🔹OTP ကို မျှဝေလိုက်ခြင်းသည် သင့်ပိုင်ဆိုင်မှုများကို လိမ်လည်သူများလက်သို့ လွှဲပြောင်းပေးလိုက်ခြင်းနှင့် အတူတူပင်ဖြစ်တာကြောင့် သတိထားသင့်ပါတယ်။

🔹OTP ကို မည်သူ့ကိုမျှ မမျှဝေခြင်းဖြင့် သင့် Mobile Banking, Wallet နဲ့ Debit ကတ်များရဲ့ လုံခြုံရေးကို ကိုယ်တိုင်ကာကွယ်လိုက်ပါ။

MCB ဘဏ်ဝန်ဆောင်မှုများနဲ့ ပတ်သက်တဲ့ အ‌သေးစိတ်အချက်အလက်များကို မေးမြန်းလိုပါက MCB Call Center 09 - 940051234 သို့လည်း အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

www.mcb.com.mm



05/11/2025

မြို့ထဲ ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်းမှာလဲ စုံတွဲ အဆောင်/အမျိုးသမီးသီးသန့် အဆောင် တစ်ယောက်ခန်းများနဲ့ ဟောခန်းများရှိတယ်-ဆက်သွယ်ရန် 09-262596825 / 09-885088346

03/10/2025

Maybe DV submit fee 1$ for DV2027

2 days (extension) only for DV 2026 available!{Last date on 07 NOV2024}
05/11/2024

2 days (extension) only for DV 2026 available!

{Last date on 07 NOV2024}

Address

No. 91, Seikkanthar Street, Kyauktada Township
Yangon
11182

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

09 254053340

Website

Alerts

Be the first to know and let us send you an email when DV lottery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DV lottery:

Share