19/08/2026
"ကရင်ပြည်နယ်အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း "
၏ ဘားအံမြို့ရေဘေးသင့်ညီကိုမောင်နှမများအတွက် လူမှုကူညီရေးလုပ်ဆောင်မှု
(၁၉.၈.၂၀၂၆) ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီခန့်တွင် "ကရင်ပြည်နယ်အိမ်ခြံမြေဝန်ဆောင်မှုအသင်း ၏ လူမှုကူညီရေးကော်မတီ" မှဦးဆောင်၍
ကရင်ပြည်နယ်၊ ဘားအံမြို့ ၊ ဆယ်အိမ်စု နှင့် အုတ်ဖိုရပ်ကွက်များမှ ရေဘေးသင့်အိမ်ထောင်စု ၃၀၀ ခန့်အတွက် သက်ဆိုင်ရာတာဝန်ခံပရဟိတအဖွဲ့များထံသို့
ကာလတန်ဖိုး ၃၅ သိန်းခန့်ရှိသော
ဆေးဝါး ၊ ခေါက်ဆွဲခြောက် ၊ ရေသန့် နှင့် မုန့်များအား လှူဒါန်းပေးခဲ့ကြပါသည်။