Grand Poseidon Co.,Ltd

Grand Poseidon Co.,Ltd RealEstates Services, Legal Services, Property Sharing Classes

04/09/2023

မြေဝယ်မယ်
ဆိုရင်
အလွယ်ကူဆုံး နဲ့
နောင်တစ်ချိန်
ပြဿနာ
မဖြစ်အောင်
ဆောင်ရွက်တဲ့
နည်းလမ်းပါ။

ယာမြေ/
လယ်မြေ/
ကျေးရွာမြေ
ဘိုးဘပိုင်မြေ
ဝယ်မယ်ဆိုရင် . . . .

ပိုင်ရှင်
အမည်ပေါက်
ဟုတ်/မဟုတ်
မြို့နယ်
မြေစာရင်းမှာ
စစ်
အရှုပ်အရှင်း
ရှိ/မရှိ လေ့လာ
ပိုင်ရှင်မဟုတ်လည်း နောက်ဆုံးဝယ်သူနဲ့
သေချာ
စီစစ်လေ့လာ

ရောင်းသူရဲ့
မိဘမောင်နှမ
ဆွေမျိုးသားချင်း
ထဲကသက်သေခေါ်
ရပ်ရွာဥက္ကဌရုံးမှာ
သေချာစာချုပ်
တရားရုံးမှာ အရောင်းအဝယ်
ကျမ်းကျိန်
ရှေ့နေနဲ့
အရောင်းအဝယ်
စာချုပ်ကို
တရားဝင်
သေချာချုပ်
တံဆိပ်ခေါင်းကပ်
GP / SP ယူထား

ဖုန်းတွေရှိနေတာပဲ
အရောင်းအဝယ် လက်မှတ်ထိုးငွေချေတာ
ဓါတ်ပုံမှတ်တမ်းယူထား
လိုအပ်ရင် ဗွီဒီယိုဖိုင်ပါ ရိုက်ထားပါ။

ပြီးရင် သက်သေတွေရှေ့မှာ
မြေကွက်ကို သေချာတိုင်း ငုတ်ရိုက်
လိုအပ်ရင် ခြံခတ်ဖို့ စီစဥ်

နောင်အချိန် မြေစျေးတက်လို့
သား၊ သမီး၊ ချွေးမ၊ မိဘ မသိပါဘူး
အမွေဆိုင်မို့ သဘောမတူပါဘူး ဆိုပြီး
အငြင်းအခုန် မဖြစ်အောင်
အထောက်အထားနဲ့ ကြိုကာထားပါ။

ယာမြေ/လယ်မြေတွေဆိုရင်
ပုံစံ ၇ ကို အမည်တစ်ခါတည်းပြောင်းဖို့
လျှောက်ထားပါ။ ဒါမှ ခိုင်မာတယ်။
============================

ဂရံမြေဝယ်မယ်ဆိုရင်

မူလ ပိုင်ရှင် အဆင့်ဆင့်
စာချုပ်တွေတောင်း
သက်ဆိုင်ရာ စည်ပင်မှာ သွားစစ်
ရှေ့နေနဲ့ သေချာ စာချုပ်ချုပ်
တရားရုံးမှာ အရောင်းအဝယ် ကျမ်းကျိန်
ပြီးရင် မြေယာမှတ်ပုံတင်ရုံးမှာ
တစ်ခါတည်း မှတ်ပုံတင်
GP / SP ယူထား
စည်ပင်မှာ ဂရံမူရင်းအပ် အမည်ပြောင်း
သတင်းစာထဲမှာ ကန့်ကွက်ထည့်

===========================

စလစ်မြေဆိုရင်လည်း

မူလပိုင်ရှင်ကိုခေါ်
မြေပေးမိန့်ကို သေချာစစ်
အဆင့်ဆင့်ရောင်းထားရင်
နောက်ဆုံးဝယ်သူနဲ့ GP လွှဲယူ
တရားရုံးမှာ အရောင်းအဝယ် စာချုပ်ချုပ်
ရှေ့နေနဲ့ တရားဝင်လုပ်
မြေယာမှတ်ပုံတင်ထား
ပြီးရင် မိမိအမည်နဲ့ ဂရံလျှောက် ငွေသွင်း
၁၀၅/၁၀၆ ထုတ်
သတင်းစာမှာ ကန့်ကွက်ထည့်
==============================

အခုရှုပ်မှ နောင်ရှင်းတာ
ခိုင်ခိုင်မာမာဖြစ်အောင် စာချုပ်ချုပ်
စာရွက်စာတမ်းကြေးအပါ ကုန်ကျစရိတ်က
၂ သိန်းကျော်ပဲ ကုန်ကျတာ။
ဂရံဖိုးနဲ့ ပုံစံ ၇ ပြောင်းတာ မပါပေါ့။

အချို့က လွယ်လွယ်ပဲ လုပ်ကြတာ
စားသောက်ဆိုင်မှာ အရပ်စာချုပ်ချုပ်ဝယ်
နှစ်ဦးနှစ်ဘက် သဘောတူနေတာပဲ
ဘာမှ မလိုဘူး ထင်ပြီး လွယ်လွယ်လုပ်တာ

ပြဿနာဖြစ်လာရင်
ဘာအထောက်အထားမှ မပြနိုင်တော့
တရားရုံးမှာ ရင်ဆိုင်ရ။ အချိန်ကုန် လူပမ်း

မြေတစ်ကွက်တည်းကိုပဲ
စလစ် မိတ္တူပေါင်တာ တစ်ဦး
ဂရံစာအုပ်ပေါင်တာ တစ်ဦး
အရပ်စာချုပ်နဲ့ ရောင်းတာ တစ်ဖုံ
မိန်းမ မသိ မိဘ မသိ သားသမီး မသိလို့
သဘောမတူပါဘူး ဆိုတာက တစ်သွယ်

အဲဒီလို ပြဿနာ မဖြစ်အောင်
အပေါ်က အကြံပြုချက်အတိုင်း
လုပ်ကိုင် ဆောင်ရွက်ကြပါ။

အချိန် နဲ့ ငွေကြေး အနည်းငယ်
ပိုမို ကုန်ကျပေမယ့် စိတ်ချမ်းသာတယ်။

မြေဆိုတာ(👉 အဝီစိအထိ ပိုင်တာ
ယူဇနာပေါင်း ၂၄၀၀၀၀ ရှိတယ် 😁
မြေပေါ်က မြေကွက်လေးတင်မဟုတ်ဘူး။)

အဲဒါကြောင့် မြေဝယ်မယ်ဆိုရင်
ခိုင်မာမှု ရှိ /မရှိ သေချာစစ်
စျေးချို ပြီးရော မလုပ်ဘဲ
ရောင်းမှား ဝယ်မှား မဖြစ်ရအောင်
စနစ်တကျနဲ့ သေချာ စီစစ်ဝယ်ကြပါလို့

အဲဒီလို ခိုင်ခိုင်မာမာ
လုပ်ထားခြင်းအားဖြင့်
ပြဿနာဖြစ်လာရင်
ဗဟိုတရားရုံးချုပ် မကလို့
အာကာသအထိပဲ တက်တက်
ကိုယ့်ဘက်က အေးဆေး။

သားစဥ်မြေးဆက် စိတ်ချမ်းသာတယ်
CRD-Orginal😍

လူနေထိုင်ခွင့် ( BCC)တချို့နေရာတွေမှာ အဆောက်အဦးဆောက်ပြီးနေပေမယ့် ဘာကြောင့်လူနေထိုင်လို့မရတာလဲ???BCC ဆိုတာတိုက်ခန်းအရောင်...
26/08/2023

လူနေထိုင်ခွင့် ( BCC)

တချို့နေရာတွေမှာ
အဆောက်အဦးဆောက်ပြီးနေပေမယ့်
ဘာကြောင့်လူနေထိုင်လို့မရတာလဲ???
BCC ဆိုတာတိုက်ခန်းအရောင်း၊အဝယ်လုပ်ရင်အရေးပါသလို
၃ထပ်အောက်အထပ်နိပ်တွေမှာလည်းလိုအပ်သလိုအသုံးပြုလို့ရပါတယ်ခင်ဗျ😍😍😍

BCC
တိုက်ခန်းဝယ်သူတွေလိုအပ်တဲ့
ဘီစီစီ(BCC) စာရွက်ဆိုတာ
Building Complete Certificate
(လူနေထိုင်ခွင့်ပုံစံ) စာရွက်လို့ခေါ်ဆိုပါတယ်။😍

အဲဒီစာရွက်လေးဟာတိုက်ခန်းတစ်ခန်း
ဝယ်ယူမယ်ဆိုရင်အခြားလိုအပ်တဲ့စာရွက်စာတန်းတွေနဲ့အတူ BCC စာရွက်လေးကိုလဲအဓိကထားစစ်ဆေးသင့်ပါတယ်။ အဆိုပါစာရွက်ဟာလူနေထိုင်ခွင့်ပုံစံစာရွက်ဖြစ်သလို
နောင်တစ်ချိန်အရောင်းအဝယ်ပြန်လုပ်တဲ့အခါမှာမရှိမဖြစ်လိုအပ်တဲ့စာရွက်ဖြစ်ပြီးအဲ့ဒီစာရွက်မရှိပါကရောင်းဖို့
ဝယ်ဖို့ ကြန့်ကြာနိုင်သလိုခိုင်မာမှု့အတွက်လည်းစိုရိမ်တတ်ရပါတယ်
တစ်ချို့ကနားမလည်လို့တိုက်ခန်းလေးဝယ်ထားမိရင်ကန်ထရိုက်နှင့်အိမ်ရှင်မပြေလည်တဲ့အခါတရားဝင်ဆောက်ထားသောတိုက်(B. C. C)မရှိထားသောတိုက်ဆိုဝယ်သူမှာအများကြီးအခက်အခဲဖြစ်ရတယ်ခင်ဗျ
ဘီစီစီစာရွက်ပါလို့ပေးလိုက်ပေမယ့်
ဘီစီစီစာရွက်လို့မသိကြတဲ့သူတွေရှိနေပါတယ်။
ဘီစီစီကိုလူနေထိုင်ခွင့်လို့လူတွေအလွယ်ပြောပါတယ် ။
စာရွက်ပေါ်မှာလူနေထိုင်ခွင့်လို့တော့မရေးထားပါဘူးခင်ဗျ
အဆောက်အဦပြီးစီးကြောင်းသာပါတာကိုပြောတာပါခင်ဗျ😍😍😍 ဘီစီစီ(BCC) ဆိုတာ
Building Completion Certificate ဆိုတဲ့စည်ပင်ဌာနကထုတ်ပေးတဲ့
အဆောက်အဦးပြီးစီးကြောင်းအသိအမှတ်ပြုလွှာလို့ခေါ်တာပါ။
အထပ်မြင့်ကန်ထရိုက်တိုက်မှာဆိုဆောက်ထားတဲ့တိုက်၏အရေးပါသောဆောက်လုပ်ခွင့်ပြီးစီးသွားသောစာရွက်ပေါ့ခင်ဗျ

တစ်ချို့ကလည်း ဘီစီစီကိုလူနေခွင့်လို့အကြမ်းဖျဉ်းသိထားတဲ့သူတွေက
ဘီစီစီစာရွက်လည်းမြင်ရောလူနေခွင့်ပြုသည်ဆိုတဲ့
စာသားမပါလို့ဆိုပြီး ရောင်းတဲ့သူနဲ့အကျိူးဆောင်တွေကို
မယုံမကြည်မေးတတ်ပြန်ပါတယ် ။
ဘီစီစီစာရွက်ဆိုတာဘယ်လိုပုံစံမျိူးလဲဆိုတာဝယ်သူကသေချာမသိတာပါ😊
ဒါကြောင့်ဒီလိုပြဿနာတွေဖြစ်နေတဲ့အပေါ်ဘီစီစီဆိုတာကို နားလည်နိုင်စေဖို့ဖြစ်ပါတယ်။

ပိုပြီးဆိုးတာကဘုတ်စိမ်းလို့အလွယ်ခေါ်တဲ့(ယခုအပြာရောင်)
ဆောက်လုပ်ခွင့်ပြုမိန့်စာရွက်မှာလူနေထိုင်ရန်ဆိုတဲ့
စာလုံးကိုစာလုံးဆိုဒ်အကြီးနဲ့မင်ခုံနဲ့ထုပြီးပါတာကိုဘီစီစီ ထင်တာပါပဲ..။
လူနေထိုင်ရန်ဆိုတဲ့စာလုံးအကြီးပါတဲ့စာရွက်ကဘုတ်စိမ်းစာရွက်(ဆောက်လုပ်ခွင့်ပြုတဲ့အမိန့်)စာရွက်ပါ
လူနေရန် ဆိုတဲ့စာလုံးကြီးကြီးပါနေတာကလုပ်ငန်းလုပ်ရန်( Commercial) နဲ့ခွဲခြားသတ်မှတ်ထားတာပါ

ဘုတ်စိမ်းစာရွက်ပါရင် တရားဝင်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်တဲ့တိုက်လို့ဆိုလိုတာပါ
တရားဝင်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ဆောက်လုပ်ပြီးစီးသွားရင်ဘီစီစီလျောက်ရပါတယ်
အထပ်နိပ်ဆိုအိမ်ရှင်ကB.C.Cလျှေက်ပေးမှလက်မှတ်ထိုးတာဝန်ယူထားတဲ့အင်ဂျင်နီယာမှ
တာဝန်ယူထားသောတိုက်အတွက်ကောင်းမွန်စွာပြီးခဲ့ပြီး
ရန်ကုန်မြို့တော်စည်ပင်သာယာမှသတ်မှတ်ထားသောအလုံးအရေအတွက်အတိုင်း
လက်မှတ်ထပ်ထိုးလို့ရပါတယ်
အထပ်မြင့်တွေမှာဆိုB. C. C( လူနေထိုင်ခွင့်)ကျမှလိုင်စင်ကန်ထရိုက်တာလက်မှတ်နှင့်
သက်ဆိုင်ရာလိုင်စင်အင်ဂျင်နီယာလက်မှတ်တို့တာဝန်ယူထားသောအဆောက်အဦအလုံးရေလျော့စေမှာပါခင်ဗျ
သက်ဆိုင်ရာလိုင်စင်အင်ဂျင်နီယာနှင်လိုင်စင်ကန်ထရိုက်တို့မှာတနှစ်မှာသတ်မှတ်အလုံးအရေအတွက်ရှိပါတယ်ဗျ

အဆောက်အဦးတခုကို စဆောက်တဲ့အခါမှာ ဆောက်လုပ်ခွင့်ပါမစ်ကို လျှောက်ထားရပါတယ်။ လျှောက်ထားတဲ့အခါမှာ အထပ်နိမ့်အတွက်လျှောက်ထားခြင်းနဲ့ အထပ်မြင့်အတွက် လျှောက်ထားခြင်းဆိုပြီး ယေဘုယျအားဖြင့် ၂ပိုင်းခွဲထားပါတယ်။

အထပ်နိမ့်ပဲဖြစ်စေ၊ အထပ်မြင့်ပဲဖြစ်စေ၊ ကိုယ့်အပိုင်ဂရံမြေမှာအိမ်စဆောက်တော့မယ်ဆိုရင်အတိုင်းအတာမြေပုံကူးခြင်းဆိုတဲ့ (D Map) ကိုစတင်လျှောက်ထားရပါတယ်။

D Map အတွက်လျှောက်ထားရင်ကြာချိန်ကတော့၁လပါ။
လိုအပ်ချက်တွေကတော့

1. ဂရံမူရင်း
2. မြေရှင်မှတ်ပုံတင်မူရင်း
3. နောက်ဆုံးဆောင်ထားတဲ့ မြေခွန်ပြေစာ

Proposal လျှောက်ထားခြင်း

အထပ်န်ိမ့်အတွက် လျှောက်ထားခြင်း 😍😍😍

အထပ်နိမ့်က​တော့ ၃ထပ်အထိကိုအထပ်နိမ့်လို့သတ်မှတ်ပြီးသုံးထပ်နဲ့အထက်ကိုအထပ်မြင့်ဆိုပြီးသတ်မှတ်ပါတယ်။
D Map ကို ရရှိပြီဆိုရင် လိုအပ်ချက်တွေကတော့

ကိုယ်ဆောက်လိုတဲ့ အိမ်ပုံစံ၊ အခန်းဖွဲ့ပုံစံဖြစ်တဲ့ (Architecture Proposal Design) ကိုတင်ပြရပါတယ်။
Proposal Design ကိုတင်တဲ့အခါမှာ လိုင်စင်ရ RSE Construction လက်မှတ်ကို လိုအပ်ပါတယ်။
Proposal အောင်သွားရင်တော့ ဆောက်လုပ်မိန့်စကျပြီး အဆောက်အဦးကို စတင်ဆောက်လုပ်လို့ရပါပြီ။
D Map အတွက်ကြာချိန် - ၁ လ
Proposal လျှောက်ရန်ကြာချိန် - ၁ လ ဖြစ်တဲ့အတွက်ကြောင့် အထပ်နိမ့်အတွက်ကတော့ခန့်မှန်းခြေအချိန်၂လကနေ၂လခွဲအထိပဲကြာမြင့်တတ်ပါတယ်။အွန်လှိုင်းဖြင့်တင်ခြင်းကြောင့်လုပ်ကိုင်သူကျွမ်းကျင်မှု့အပေါ်မှုတည်ပါတယ်ခင်ဗျ
ရန််ကုန်မြို့တော်စည်ပင်သာယာမှတည်ဆောက်မည့်အဆောက်အဦအတွက်1sqftနှင့်မြောက်ပြီးငွေးသွင်းချလံလေးရပါတယ်ခင်ဗျ😍

အထပ်မြင့်တွေအတွက်ပဲလိုအပ်ပြီးလိုအပ်ချက်တွေကတော့ 😍😍😍

မီးသတ်ငှါနကိုတင်ပြဖို့ M&E Drawing နဲ့ presentation

ရေသန့်၊မိလ္လာအတွက် Proposal and permit

မြေသားမာကျောမှုကို စစ်ဆေးဖို့ soil test စာအုပ်
(Soil test ပေါ်မူတည်ပြီး Footing plan ပြောင်းလဲန်ိုင်)

proposal အောင်ထားတဲ့ Archi Drawing ကို လိုင်စင်ရ RSE Structure မှ လက်မှတ်ထိုးထားတဲ့ Drawing + တွက်ချက်မှု

ဘေးအိမ်တွေမှာ အထပ်မြင့်ရှိနေရင် Theodolite အတိုင်းအတာ

လိုင်စင်ရကန်ထရိုက်တာလက်မှတ် (LC)

ပြီးသွားရင် Deposit တစ်လွှာလျှင် ၁၀သိန်း စည်ပင်ကိုသွင်းပြီးရင်တော့အထပ်မြင့်အတွက် ဆောက်လုပ်မိန့်ကျပါပြီ။
B. C. C(လူနေထိုင်ခွင့်ကျပါကမိမိတိုငွေသွင်းအာမခံငွေ(Deposit)ပြန်ထုတ်ယူလို့ရပါတယ်ခင်ဗျ

😍😍😍တိုက်ခန်းဝယ်မယ်ဆို

ဘုတ်စိမ်းစာရွက်မိတ္တူ(အဆောက်အဦဆောက်လုပ်ခွင့်ပါမစ်)ယခုအပြာရောင်
B. C. C(လူနေထိုင်ခွင့်မိတ္တူ)
မြေရှင်လက်မှတ်
မြေရှင်နှင့်ကန်ထရိုက်စာချုပ်မိတ္တူ
မီတာစာရွက်မူရင်း
အခွန်ဆောင်ထားသောစာရွက်မိတ္တူတို့ပါမှနောက်နောင်ရောင်းခြင်းဝယ်ခြင်းအတွက်ပိုအဆင်ပြေပါတယ်ဗျ
ဘုတ်စိမ်းစာရွက်(ဆောက်လုပ်ခွင့်ပြုထားသောအဆောက်အဦ)(လူနေထိုင်ရန်လို့ပါတဲ့စာရွက်)ပဲပြနိုင်ရင်
တရားဝင်ဆောက်လုပ်ခွင့်နဲ့တော့
ဆောက်ထားတယ်..။
အဆောက်အဦးပြီးစီးကြောင်းစာရွက်ဘီစီစီတော့
တင်မထားသေးဘူးလို့နားလည်ရပါမယ်
လှိုင်နဲ့သင်္ဃန်းကျွန်းမြေအမျိုးအစားအများစုမှာအရပ်စာချုပ်များတဲ့အတွက်တရားဝင်ဆောက်တာ၃ထပ်ပဲခွင့်ပြုထားတော့ဘုတ်စိမ်း(ယခုအပြာရောင်)
(ဆောက်လုပ်ခွင့်ပြုမိန့်)
စာရွက်ပါပြီး..ဘီစီစီစာရွက်မပါတဲ့တိုက်တွေတစ်ရပ်ကွက်လုံးနီးပါးရှိတဲ့ရပ်ကွက်တစ်ချို့ရှိပါတယ်။

ဘီစီစီစာရွက်ပါရင်တော့
ဘုတ်စိမ်းစာရွက်တောင်းဖို့မလိုပါဘူး
ဘီစီစီဆိုတာဘုတ်စိမ်းအဆောက်အဦဆောက်လုပ်ခွင့်စာရွက်ရှိမှ
ရတဲ့စာရွက်မို့ပါ..။
တောင်ဥက္ကလာရဲ့ ၉၀%သောတိုက်ခန်းတွေက
ဘီစီစီပါကြပါတယ်..။
တောင်ဥက္ကလာမှာ တရားမဝင်ဆောက်တဲ့တိုက်ဘီစီစီ(B. C. C)ကန်ထရိုက်တိုက်
မတင်ပဲထားတဲ့တိုက်မရှိသလောက်နည်းပါတယ်
(တစ်လုံးတစ်လေရှိပါတယ် ။ဂရန်မြေလည်းများပြီးအထပ်မြင့်များတာကိုခင်ဗျ

၂၀၁၅ နှစ်လယ်ရှေပိုင်းလောက်ထိ
တိုက်တွေကမီတာကျပြီးအားလုံးပြီးစီးပြီဆိုမှ
ဘီစီစီစာရွက်သပ်သပ်တင်ရတာပါ..။
၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်ဆောက်တဲ့
ကန်ထရိုက်အသေးစားတွေက
ဆောက်လုပ်ခွင့်(ဘုတ်စိမ်း)တင်ပြီးဆောက်ရင်
မီတာလည်းအလွယ်တကူရတာမို့
ဘီစီစီတင်တာကိုအလုပ်ပိုလို့မြင်ပါတယ်..။
ဒါမို့လို့၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်တွေမှာ
ဘီစီစီစာရွက်မေးလိုက်ရင်
လူနေထိုင်ရန်လို့မင်အပြာနဲ့တုံးထုထားတဲ့
ဘုတ်စိမ်းစာရွက်ကိုဘီစီစီလို့
ပြောပြီးပေးတတ်တာလည်း
ကြုံဖူးကြားဖူးပါတယ်..။
(မသိ နားမလည်တာကို အခွင့်အရေးယူတာပါ..။
ဒါမို့လို့မိမိကသိအောင်လုပ်ထားရပါမယ်..။)

၂၀၁၅ နှစ်လယ်လောက်နောက်ပိုင်းကစလို့
အဆောက်အဦးတွေမှာ(၃)ထပ်ကျော်ရင်တိုက်ခန်းအခွန်ဆောင်ပြီးမှဘီစီစီရရှိပြီးမူရင်းစာရွက်ပြနိူင်မှ
မီတာချပေးတော့ပါတယ်..။
အဲဒီတော့မှဘယ်ကန်ထရိုက်တိုက်မဆို
ဘီစီစီဆိုတာမတင်မနေရ ဖြစ်ကုန်တာပါ..။
ဘီစီစီကျပြီးတာနဲ့
ဘီစီစီစာရွက်နဲ့မီတာထပ်လျောက်ရပါတယ်..။

၂၀၁၅ နှစ်လယ်နောက်ပိုင်းကတိုက်တွေတိုင်းမှာ
ဘီစီစီစာရွက်ပါပါတယ်..။
(ဘီစီစီကျပြီးမှ မီတာချပေးတော့တာမို့
ဘီစီစီမတင်ပဲချိုချိုချောင်ချောင်ဆောက်တဲ့
၃ထပ်ခွဲနဲ့ ၅ထပ်တိုက်တွေ
ဈေးမကိုက်တော့လို့မဆောက်ကြတော့ပါဘူး။
အခုနောက်ပိုင်းတိုက်ဆောက်တဲ့အခါရန်ကုန်မြို့တော်စည်ပင်သာယာမှတစ်ထပ်တိုက်မှအထပ်မြင်တွေအထိဆိုင်ရာလိုင်စင်အင်ဂျင်နီယာတွေလက်မှတ်စစ်ဆေးတာမှတ်တမ်းတွေတကယ်လုပ်တဲ့အတွက်ရေရှည်အတွက်ခိုင်ခန့်မှု့ကောင်းပါတယ်ခင်ဗျတစ်ထပ်မှသုံးထပ်အထိဆောက်ရင်အခွန်မဆောင်ရပေမယ့်လူနေခွင့်တင်ထားပြီးဆောက်တော့နောက်တချိန်မိမိအတွက်စာရွက်စာတန်းပိုမိုအားကောင်းပြီးဘဏ်တို့နိူင်ငံခြားသားတို့နှင့်ပတ်သက်တဲ့အခါပိုကောင်းပါတယ်ခင်ဗျ

အထပ်နိမ့်ဆောက်တယ်(၃ထပ်အောက်)ဘယ်သူနှင့်မှပတ်သက်စရာမလိုဘူးဆိုရင်တော့
သက်ဆိုင်ရာတာဝန်ခံနှင့်နားလည်စွာဖြင့်ဆောက်ပါကမိမိလိုချင်သောအဆောက်အဦပေ
အနီးစပ်ဆုံးရရှိပြီး​ကိုယ်နေချင်သောအိမ်မြန်မြန်ဆောက်နိူင်တာပေါ့ခင်ဗျာ😊
အထပ်အမြင့်(၃ထပ်အထက်ဆိုရင့်တော့တရားဝင်ခွင့်ပြုဆောက်လုပ်ခွင့်ရမှနှစ်ဦးနှစ်ဘက်ပိုကောင်းပါတယ်ခင်ဗျ😊
အိမ်ဆောက်ချင်သောမိတ်ဆွေညီအကို/မောင်နှမများအေးချမ်းစွာအိမ်ဆောက်နေထိုင်နိူင်ကျပါစေခင်ဗျ😍

ဘီစီစီရဲ့ အင်္ဂလိပ်အရှည်က
Building Completion Certificate မို့
ဘီစီစီဆိုတာ လူနေထိုင်ခွင့်လို့
ရေးထားတဲ့ စာရွက်မဟုတ်ပဲ
အဆောက်အဦးပြီးစီးကြောင်း
အသိအမှတ်ပြုစာရွက်သာဖြစ်ကြောင်းမိတ်ဆွေများလည်းနားလည်နိူင်ကျပါစေခင်ဗျာ

အားလုံးအဆင်ပြေအေးချမ်းကျမ်းမာပျော်ရွှင်ကျပါစေခင်ဗျာ
စီအာဒီ-original
#အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း
Co.Ltd

▶️Grand Poseidon Company မှဦးဆောင်ဖွင့်လှစ်သည့်ဆရာမ LawyerSUMON ရဲ့  #အိမ်ခြံမြေအထူးသင်တန်းဘယ်တော့ဖွင့်မှာလဲ(လက်တွေ့အသုံ...
13/08/2023

▶️Grand Poseidon Company မှဦးဆောင်ဖွင့်လှစ်သည့်ဆရာမ LawyerSUMON ရဲ့ #အိမ်ခြံမြေအထူးသင်တန်းဘယ်တော့ဖွင့်မှာလဲ
(လက်တွေ့အသုံးချအိမ်ခြံမြေပညာ )❓

📌August 19,20,21 2023📌

▪️ ကိုယ့်ရဲ့Career change ချင်လို့ပဲဖြစ်ဖြစ်
▪️အိမ်ခြံမြေနဲ့အပိုဝင်ငွေရှာချင်လို့ပဲဖြစ်ဖြစ်
▪️အိမ်ခြံမြေအကြောင်းလေ့လာထားချင်လို့ပဲဖြစ်ဖြစ်
▪️အိမ်ခြံမြေဥပဒေကိုစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်
▪️အိမ်ခြံမြေ ရောင်းမှား၊ဝယ်မှားမဖြစ်ဖို့ပဲဖြစ်ဖြစ်
▪️အိမ်ခြံမြေ အကျိုးဆောင်လုပ်ချင်လို့ပဲဖြစ်ဖြစ်
▪️အိမ်ခြံမြေ မှာရင်းနှီးမြှပ်နှံပြီး ဝင်ငွေတိုးအောင်လုပ်ချင်လို့ဘဲဖြစ်ဖြစ်
▪️အိမ်ခြံမြေနဲ့ပတ်သတ်တဲ့စာရွက်စာတမ်းတွေ ‌ အ‌ကြောင်းနားလည်ထားချင်လို့ပဲဖြစ်ဖြစ် အထူးသင့်တော်တဲ့ သင်တန်းလေးပါရှင့်။

◼️အိမ်ခြံမြေအကြောင်း အခုမှစလေ့လာမယ့်သူများ၊အိမ်ခြံမြေ လုပ်ကိုင်ဆောင်ရွက်နေပေမယ့် စနစ်မကျသေးသူများအတွက် -
▪️လက်ရှိအိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ မရွေ့ပစ္စည်းတွေအကြောင်း
▪️အိမ်ခြံမြေရောင်းသူ၊ဝယ်သူတို့ရဲ့တာဝန်ဝတ္တရားတွေကဘာတွေလဲ
▪️အိုးအိမ်/စည်ပင်/ကန်ထရိုက်တိုက်ခန်း၊
နိုင်ငံခြားပြန်တိုက်ခန်းနှင့်ကွန်ဒိုတွေရဲ့သဘောတရား
▪️အဆိုပါတိုက်ခန်း၊ကွန်ဒိုဝယ်ရင်စစ်ဆေးရမယ့်စာရွက်စာတမ်းများနှင့်ရောင်းဝယ်ပုံနည်းလမ်းများအကြောင်း
▪️ မြေအမျိုးအစားများအကြောင်း(ဂရန်မြေ/ပါမစ်မြေ/ဘိုးဘပိုင်မြေ/မြေပိုင်မြေ/ပုံစံ(၇)/(၁၀၅၊၁၀၆)
▪️အိမ်ခြံမြေနဲ့ပတ်သတ်တဲ့စာချုပ်စာတမ်း
သ‌‌ဘောတရားတွေကိုစာတွေ့လက်တွေ့ သင်ကြားပေးမှာဖြစ်ပါတယ်။

⏰သင်တန်းကာလ(၃)ရက်

🔴သင်တန်းသင်ကြားမည့်နည်းလမ်း
▪️ စာတွေ့ လက်တွေ့ သင်ကြားမှုအပြင်
▪️အမှန်တကယ်နားလည်ပြီးလက်တွေ့လုပ်နိုင်အောင်သင်တန်းသားများနဲ့အပြန်အလှန်ဆွေးနွေးသင်ကြားခြင်း
▪️ စာရွက်စာတမ်းလက်တွေ့နမူနာပြသသင်ကြားပေးခြင်း ပြုလုပ်သင်ကြားပေးမှာမို့ သင်တန်းပြီးတာနဲ့ လက်တွေ့လုပ်ငန်းခွင် တန်းဝင်နိုင်မှာဖြစ်ပါတယ်။

▪️သင်တန်းပြီးဆုံးတဲ့အခါမှာလည်း Facebook Group ဖွဲ့ပေးပြီး သင်ခန်းစာများ မရှင်းလင်းတာ၊နားမလည်တာများကိုဆွေးနွေးမေးမြန်းခြင်းများပြုလုပ်လို့ရမှာပဲဖြစ်ပါတယ်ရှင့်။

🔴ဒါအပြင် Special Chance တစ်ခုအနေနဲ့
ယခုသင်တန်းကိုတက်ရောက်ဖူးသူတိုင်း သင်တန်းရက်အတွင်းမှာ နားမလည်လိုက်တာပဲဖြစ်ဖြစ်၊အခြေအနေ တစ်ရပ်ရပ်ကြောင့် မမှီလိုက်တာပဲဖြစ်ဖြစ်၊ ပျက်ကွက်တာပဲဖြစ်ဖြစ် ရှိခဲ့ပါကနောက်ထပ်ဖွင့်မယ့်တန်းခွဲ
မှာ 🔥FREE ၁ကြိမ်🔥တက်ခွင့်ရမှာဖြစ်ပါတယ်။

◾သင်တန်းတက်ရောက်သူများအား -
(1)Note Book
(2)ဘောပင်
(3)ရေသန့်ဘူး၊ကော်ဖီ+မုန့်
(4)ဆရာမစုမွန်၏သင်တန်းမှတ်စုစာအုပ်များကို
ပေးသွားမှာဖြစ်ပါတယ်ရှင့်။

🗓️Class Date - (19,20,21.8.2023 )
⏰Time - 10:00Am to 4:00pm
🤩Break Time - 12:00PM - 1:00PM
(Coffee & Snack)
🏤Location။ - အမှတ်-၃၀၂(၁၂+၁)၊ပါရမီကွန်ဒို၊ ဦးသင်းဖေလမ်း၊(၁၆)ရပ်က လှိုင်မြို့နယ်၊ရန်ကုန်။
(ပါရမီစိန်ဂေဟာနောက်ကပ်လျက်)
🔶Class Fees နှင့် သင်တန်းအကြောင်းအသေးစိတ်ထပ်မံသိရှိလိုပါက(09781535824,09799664557)
ဖုန်းများသို့ ရုံးချိန်(9:30 AM-5:30 PM)အတွင်းဆက်သွယ်‌မေးမြန်းနိုင်ပါတယ်ရှင့်။

◾သင်တန်းစီစဥ်သူ➡️ဂရင်းပိုဆိုက်ဒွန်ကုမ္ပဏီ
(သင်တန်းပြီးဆုံးကြောင်းCertificateထုတ်ပေးပါမည်။)

21/04/2023

#စရန်ငွေပေး ကတိစာချုပ်၏ အဓိက ကျမှု

အိမ်ခြံမြေ တိုက်ခန်းအ ရောင်းအဝယ်ပြုကြရာတွင် စရန် ငွေပေးကတိစာချုပ်ကို ချုပ်ဆိုတတ်ကြသည်။
ဤတွင် သတ်မှတ် သည့်ရက် ၌ ရောင်းသူ သိုိ့မဟုတ်
ဝယ်သူတစ်ဦးဦးဘက်က ပျက်ကွက်လျှင်
ပဋိညာဉ်ဖျက်သိမ်းနိုင် ခြင်း၊ ပဋိညာဉ် ပျက်ပြယ်ခြင်းများ ဖြစ်ပြီး
စရန်ငွေဆုံးရှုံးခြင်း၊ ပစ္စည်း လက်မဲ့့ဖြစ်ရခြင်းများနှင့်
ကြုံတွေ့ တတ်ကြပေသည်။

"စရန်ငွေပေးကတိစာချုပ်"
==============

ပစ္စည်းအရောင်းအဝယ် ပြုသည်ဆိုလျှင် ရောင်းသူက
အဆိုပါ ပစ္စည်းကို အခြားသူအားမ ရောင်းရန် ဝယ်သူမှ
စရန်ငွေအ ဖြစ် ရောင်း ဖိုးငွေ၏ တစ်စိတ်တစ် ပိုင်းကို
ရောင်းသူအားပေးလေ့ရှိ သည်။
ထိုအတူပစ္စည်းရောင်းသူက လည်း အရောင်းအဝယ်မပျက်စေရန်
စရန်ငွေတစ်စိတ်တစ်ပိုင်းကို ရယူထားလေ့ရှိပေသည်။

တစ်နည်းအားဖြင့် စရန် ငွေပေးခြင်းဆိုသည်မှာ -
အာမခံငွေအဖြစ်စိတ်တစ်ပိုင်းပေးထား ခြင်းဖြစ်သည်။
ဥပဒေအရ နှစ်ဖက် သဘော တူ ပဋိညာဉ် (သဘော တူညီချက်)
ပြုလုပ်ထား ခြင်းဖြစ် သည်။

"ဥပဒေနှင့်ညီညွတ်သော ကတိ စာချုပ်များ"
=======================

- ဥပဒေအရ သဘောတူညီချက် ပဋိညာဉ်တိုင်းသည်
စာချုပ်စာတမ်းဟု မဆိုနိုင်သော်လည်း စာချုပ်စာတမ်းတိုင်းသည်
ပဋိ ညာဉ်များ သာဖြစ်သည်။
ဥပမာ - ပစ္စည်းအရောင်းအဝယ်စာချုပ်၊ လက်ထပ်စာချုပ်၊
စွန့်လွှတ်စာချုပ် စသည်တို့ဖြစ်သည်။

- ကတိစာချုပ် ချုပ်ဆိုရာတွင် တည်မြဲခိုင်မာသော ပဋိညာဉ်ဖြစ်ရန်
လိုအပ်ပေသည်။

- သို့မှသာ ဥပဒေအရ ပိုင်ခွင့်များကို မဆုံးရှုံးနိုင် မည်ဖြစ်သည်။

ပဋိညာဉ်အက်ဥပဒေ အရ တည်မြဲခိုင်မာသော ပဋိညာဉ်ဖြစ်ရန်မှာ-
==================================

(၁) နှစ်ဦးနှစ်ဖက် သဘောတူ ညီချက်ရှိရမည်။
ဆိုလိုသည်မှာ တစ်ဦးက ကမ်းလှမ်းချက် သို့မ ဟုတ်
အဆိုပြုချက်ရှိပြီး ကျန်တစ် ဦးက ယင်းအဆိုပြုချက်၊
ကမ်း လှမ်းချက်ကို လက်ခံသဘောတူညီ မှုရှိရမည်။

(၂) နှစ်ဦးနှစ်ဖက် လိမ်လည် လှည့်ဖြား မတရားသြဇာသုံး၍
သဘောတူညီချက်မျိုးမဟုတ်ဘဲ လွတ်လပ်စွာပေးသည့်
သဘော တူညီချက်ဖြစ်ရမည်။

(၃) ပဋိညာဉ်ပြုလုပ်သူများ သည် ပဋိညာဉ်ပြုလုပ်နိုင်သည့်
အရည်အချင်းရှိသူများဖြစ်ရမည်။
အရွယ်မရောက်သေးသူ၊ ရူးသွပ်သူ များ မဖြစ်စေရပေ။

(၄) ပဋိညာဉ်ပြုလုပ်သည့်အ ကြောင်းအရာတစ်ရပ်တွင်
ပဋိ ညာဉ်ပြုသူ တစ်ဦးနှင့်တစ်ဦး အ ပြန်အလှန် အကျိုးပြုချက်
သို့မ ဟုတ် ကတိနှင့် ညီညွတ်သည့် အ ဖိုးစားနား
ပါရှိရမည်ဖြစ်ပေသည်။

သို့မှသာ ဥပဒေအရအတည်ပြုနိုင်သည့် ပဋိညာဉ်
တစ်နည်းအားဖြင့် ဥပဒေနှင့် ညီညွတ်သည့် တည်မြဲခိုင်မာသော
ပဋိညာဉ် စာချုပ်ဖြစ်လာမည်ဖြစ်သည်။

*** ''တံဆိပ်ခေါင်းခွန် ဥပဒေအရ ကတိစာချုပ်များတွင်
အခွန်တံဆိပ်ခေါင်း သုံးရာကျပ်တိတိ ထမ်းဆောင်ရပေသည်။
သို့မှသာ တရားဝင် ကတိစာချုပ်များ ဖြစ် လာပေမည်။" ***

"စရန်ငွေဆုံးရှုံးရခြင်း"
===========

ဥပဒေနှင့်အညီချုပ်ဆို ထားသော ပစ္စည်း၊အိမ်ခြံမြေ
တိုက် ခန်းအရောင်းအဝယ် စရန်ငွေပေး ကတိစာချုပ်ပါ
စည်းကမ်းချက်များ ကို မလိုက်နာပျက်ကွက်ပါက
ပဋိညာဉ်ဥပဒေအရ စရန်ငွေဆုံးရှုံး တတ်ကြပေသည်။
သို့မဟုတ် စရန်ငွေပေးကတိစာချုပ်ပါအတိုင်း အရောင်းအဝယ်
ဆက်လက် ဆောင်ရွက်အတည်ပြုရန် တောင်း ဆိုခွင့်ရှိပေသည်။

စရန်ငွေပေးကတိစာချုပ် ပါအတိုင်း မလိုက်နာခဲ့သဖြင့်
စရန်ငွေဆုံးရှုံးသည် သာမက ပစ္စည်းလက်ရှိမှ လက်လွှတ်
ဆုံးရှုံး ခဲ့ရသည့် မှုခင်းတစ်ရပ်ကို ဗဟုသု တအဖြစ် ဖော်ပြလိုပါသည်။

"ဒေါ်လှနွဲ့ (၄င်း၏အခွင့် ရ ကိုယ်စားလှယ်ဦးထွန်းအောင်) နှင့်
ဦးသန်းညွန့် ၂ဝဝ၁ ခုနှစ် မြန်မာနိုငံတရားစီရင်ထုံး
စာမျက် နှာ ၄ဝ၃'' အမှုမှာ -

(ရောင်းသူ) ဒေါ်လှနွဲ့က (ဝယ်သူ) ဦးသန်းညွန့်အပေါ်
၈.၃.၉ဝ နေ့ စွဲပါ မြေရောင်းရန်
စရန်ပေးကတိ စာချုပ်ကို ဖျက်သိမ်း၍ ရောင်းရန် ကတိပြုထားသည့်
"မြေကိုလက်ရောက် ပြန်လည်ပေးအပ်စေလိုမှု" စွဲဆိုရာ၊
ရန်ကုန်တိုင်းတရားရုံးက ဦးသန်းညွန့်မှ ဒေါ်လှနွဲ့အား နစ် နာကြေးငွေ
တစ်သောင်းကျပ်ပေး စေရန် အမိန့်ချမှတ်ခဲ့သဖြင့်
ဒေါ်လှနွဲ့မှ တရားမအထူးအယူခံ ရုံး အထိ အယူခံ ဝင်လာသော အမှု
ဖြစ်သည်။

အထူးအယူခံရုံးက သုံးသပ်သည်မှာ -
(ရောင်းသူ) ဒေါ်လှနွဲ့က (ဝယ်သူ) ဦးသန်း ညွန့်သို့
အချင်းဖြစ် မြေကွက်ကို
ငွေ ၈ဝဝဝဝ (ရှစ်သောင်းကျပ်) ဖြင့် ရောင်း ချရန် သဘောတူညီကြပြီး၊
၈.၃.၉ဝ နေ့စွဲပါ မြေရောင်းရန် စရန်ပေးကတိစာချုပ်ကို
ချုပ်ဆိုခဲ့ကြောင်း အငြင်းမပွားပေ။

မြေ ရောင်း ရန်စရန်ပေး ကတိစာချုပ်တွင် ပျက်ကွက်ပါက
ပေးအပ် ထားသည့် စရန်ငွေကို ဝယ်ယူက အရှုံးခံရန်
သဘောတူပါသည်ဟုလည်းကောင်း၊
ငွေရှစ်သောင်းကျပ်တိတိထဲမှ စရန်ငွေအဖြစ် ၈.၃.၉ဝ နေ့တွင်
ငွေကျပ်တစ် သောင်းလေးထောင်တိတိ ပေးအပ် ခဲ့ သည်ဟု
လည်းကောင်း၊
ပထမအ ရစ်အဖြစ် ငွေကျပ် သုံးသောင်း သုံးထောင်ကျပ်တိတိ
၇.၉.၉ဝ နေ့တွင်အပြီး အပြတ်ပေးချေပါ မည်ဟု
နှစ်ဦး နှစ်ဖက်သဘောတူ အောက်တွင်
လက်မှတ်ရေးထိုးကြ ပါသည်ဟု လည်းကောင်း ဖော်ပြ ထားသည်။

ဦးသန်းညွန့်က အချင်းဖြစ် မြေနှင့်အိမ်ကို ဦးဘမောင်ထံမှ
အရပ်စာချုပ်ဖြင့် ဝယ်ယူလက် ရောက်နေထိုင်လျက်ရှိသည်
ဆို သော် လည်း ဒေါ်သန်းနွဲ့နှင့် မြေ ရောင်းရန်စရန်ပေး ကတိစာချုပ်
ချုပ်ဆိုခဲ့ခြင်း မရှိ်ကြောင်းငြင်းဆို ထားခြင်း မရှိပေ။

ထို့ကြောင့် မြေ ရောင်း ရန် စရန်ပေးကတိစာချုပ် တွင်
ဒေါ်လှနွဲ့နှင့် ဦးသန်းညွန့်တို့သည် စာချုပ်ပါ အချိန်ကို အဓိက ထား၍
စာချုပ်ကို အကောင်အ ထည်ဖော် ရန်
ရည်ရွယ်ခဲ့ကြ ကြောင်းထင်ရှားသည်။

ဦးသန်း ညွန့်သည် ပထမအရစ်ငွေကို သတ်မှတ်ထားသော နေ့တွင်
ပေးရန် ပျက်ကွက် သဖြင့် ပဋိညာဉ်ပါ စည်းကမ်းကို
ချိုးဖောက်ရာရောက် ပေသည်။

ကတိပြုသူသည် ပဋိညာဉ် သတ်မှတ်ထားသည့် အချိန်ကာလ အတွင်း
ဆောင်ရွက်ရန် ပျက်ကွက် သည့်အခါ ကတိရသူက
ထိုပဋိ ညာဉ်ကို ပယ်ဖျက်နိုင်ခွင့်၊ ဖျက် သိမ်းခွင့်ရှိကြောင်း
ပဋိညာဉ်အက် ဥပဒေ ပုဒ်မ ၅၅ တွင် ပြဋ္ဌာန်းထား ပေသည်။

မြေရောင်းရန် စရန်ပေးကတိစာချုပ်တွင် ဝယ်သူ ဦးသန်း ညွန့်က
ရောင်းသူ ဒေါ်လှနွဲ့သို့ စရန်ငွေ တစ်သောင်းလေးထောင် ကျပ် ကို
ပေးအပ်ရာလက်ခံရရှိ ကြောင်း ဖော်ပြထားသည်။
ထိုငွေမှာ ရောင်းငွေအတွက် တစ်စိတ်တစ်ပိုင်းပေးခဲ့ခြင်း မဟုတ်ဘဲ
အာမခံ သဘောဖြင့် ပေးခြင်းသာဖြစ်၍ ဝယ်သူက ပျက်ကွက်ပါက
ထိုငွေကို ပြန်လည်ရရှိနိုင်မည် မဟုတ်ပေ။
သို့ဖြစ်၍ ၈.၃.၉ဝ နေ့စွဲ ပါ မြေရောင်း ရန်စရန်ပေးကတိစာချုပ်ကို
ပယ်ဖျက်ကြောင်း အမိန့်ချမှတ်ခဲ့ပါသည်။

ထို့ကြောင့် အိမ်ခြံမြေ တိုက်ခန်း အရောင်းအဝယ်ပြုကြရာတွင်
အပြီးအပိုင် အရောင်းအဝယ်စာချုပ်ထက် အရောင်းအဝယ်စရန်ပေး
ကတိစာချုပ်ကို ပြီးပြည့်စုံစွာချုပ်ဆိုရန် အထူးလိုအပ်ပါသည်။

အရောင်းအဝယ် စရန်ပေး ကတိစာချုပ်ပါ
စည်းကမ်းချက် များနှင့် အညီအရောင်းအဝယ်ကို
ဆက်လက်ဆောင်ရွက်ရမည်ဖြစ် သဖြင့် စရန်ပေး ကတိစာချုပ်ပါ
အချိန်နေ့ရက် အပါအဝင် စည်းကမ်းချက် တစ်ခုခုကို
ဖောက်ဖျက်ခဲ့ပါလျှင် ဝယ်သူအနေဖြင့် စရန် ငွေ ဆုံးရှုံး သည့်အပြင်
တစ်ခါတစ်ရံ စရန်ငွေပေးပြီး လက်ရောက်ရ ယူထားမှုကိုပါ
ဆုံးရှုံးသွားတတ်သဖြင့် ဝယ်သူများအနေဖြင့်
စရန် ပေးကတိ စာချုပ်ကို အထူးဂရုပြု ချုပ်ဆိုသင့်ကြောင်း
အကြံပြုရေးသားလိုက် ပါသည်။

credit . ထီယု (ဥပဒေ အတိုင်ပင်ခံ)
#အိမ်ခြံမြေ

""လန-၃၉ ကျပြီးရင် မြေကို ခွဲစိတ်ရောင်းချခွင့်ရသွားပြီလား ၊ ရောင်းလို့ဝယ်လို့ရတယ်ဆိုရင် ဂရန်လျှောက် လို့ ရသလား" #လန ၃၉ ကျ...
15/04/2023

""လန-၃၉ ကျပြီးရင် မြေကို ခွဲစိတ်ရောင်းချခွင့်ရသွားပြီလား ၊ ရောင်းလို့ဝယ်လို့ရတယ်ဆိုရင် ဂရန်လျှောက် လို့ ရသလား"

#လန ၃၉ ကျပြီးနှင့် ပုံစံ ၁၀၅၊ ၁၀၆ ရပြီး ဆိုတာ ပိုင်ဆိုင်မှုရှိတယ်ဆိုတာ ပြချင်တာနဲ့ ရောသုံးတဲ့ စကားရပ်လို့ ထင်ပါတယ်။ အမှန်က အဓိပ္ပာယ်ချင်း မတူပါဘူး။

၁၀၅ ဆိုတာက မကြာခဏ ရှင်းပြပြီး ဖြစ်လို့ အသေးစိတ် ထပ်မရှင်းတော့ပါ ။ မြေအသုံးပြု ခွင့် လျှောက်ထားနိုင်ရန်၊ မြေနှင့် ပတ်သက်၍ ခွင့်ပြုချက် တောင်းခံရန်၊ အိမ်ဆောက်ရန်၊ စာချုပ် မှတ်ပုံ တင်ရန်၊ စသည့်ကိစ္စရပ်များတွင် တရားရုံး သို့မဟုတ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းသို့ တင်ပြရန် အတွက် အဆိုပါ မြေ တည်နေရာ အကြောင်းအရာပြ သက်သေခံ မြေပုံ မိတ္တူ ဖြစ်ပါ တယ်။

ပုံစံ ၁၀၆ ကတော့ ယင်းမြေနှင့်ပတ်သက်သည့် မြေရာဇဝင် ကောက်နှုတ်ချက် ဖြစ်ပါတယ်။ ဖေါ်ပြပါမြေ၏ အကြောင်းအရာများကို ဌာနရှိ နေ့အထိ မှန်ကန်စွာ ပြင်ဆင်ထားသော စာရင်း မြေပုံမှ မှန်ကန်စွာ ကူး ယူ ဖေါ်ပြထားခြင်း ဖြစ်ကြောင်းကိုသာ အဓိ က ဝန်ခံ လက်မှတ်ရေးထိုးေ ပးသော မိတ္တူများ ဖြစ်ပြီး မြေပုံ စာရင်း ကူးယူ လက်ကိုင်ထားသူသည် ထိုမြေအား ပိုင်ဆိုင်သူ ဟု သက်သေခံချက် မဟုတ်ပါ။

လန ၃၉ ဆိုတာကတော့ ၁၉၅၃ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ ပုဒ်မ ၃၉ အရ လယ်ယာမြေမှ အခြားနည်းသုံး ပြောင်းလဲအသုံးပြုရန် ဆင့်ဆိုသည့် ခွင့်ပြု အမိန့်ရရှိပြီးမြေ ဟု အဓိပ္ပါယ်သက် ရောက် ပါတယ်။ လယ်ယာမြေဟူသော အမျိုးအစားမှ နုတ်ပယ် လိုက်သောမြေဟု ဆိုရပါမည်။ လယ်၊ ယာ၊ ကိုင်း ကျွန်း၊ ဥယျာဉ်၊ ဓနိ ဟူသည့် လယ်ယာမြေ ဟူ သော စကားရပ်တွင် အကျုံးဝင်သော မြေ အမျိုး အစားတစ်ရပ်မှ လန ၃၉ ခွင့်ပြုမိန့်အရ အခြားနည်း အသုံးပြုခွင့် ဆင့်ဆိုလိုက်သောမြေသည် မူလ လယ်ယာမြေအမျိုးအစားမှ ဆင့်ဆို သတ်မှတ်သည့် မြေ အမျိုူအစား အဖြစ်သို့ ပြောင်းလဲ သွားပါ သည်။ လန ၃၉ အမိန့်ရသည့်အခါ မြေစာရင်း ဌာနရှိ စာရင်း မြေပုံများ၊ အခွန် စည်းကြပ်မှု လုပ်ငန်းများ တွင် လယ်ယာမြေအဖြစ်မှ ဆင့်ဆိုသော နည်းလမ်းအရ မြေအဖြစ်သို ပြောင်းလဲ မှတ် သားရပါသည်။ လယ်မြေမှ ဆန်စက်မြေ၊ ဥယျာဉ် မြေမှ ရွာမြေ၊ ယာမြေမှ သုဿန်စသည်ဖြင့် စိုက်ပျိုးလက်ရှိထား ဧရိယာမှ စိုက်ပျိုးခြင်းမပြုသည့် အခြားမြေ Other Area O.A သို့ စာရင်းပြင်ဆင်ရပါသည်။

ထိုအခါ လန ၃၉ ရသောမြေကို ဂရန်ပေး၍ ရသလားဆိုသည့် အမေးများ ပေါ်ထွက်လာပါသည်။ ယင်း မြေအမျိုးအစားသည် ဌာန ၂ ခု၊ ဥပဒေ ၂ ရပ်ဖြင့် ပတ်သက် ဆက်စပ်ပါတယ်။ လယ်ယာ မြေဥပဒေ နှင့် မြို့နှင့်ကျေးရွာမြေများ ဥပဒေ ဖြစ်ပါတယ်။ ပထမ လယ်ယာမြေဥပဒေအရဆိုက လန ၃၉ ချမှတ် သည်နှင့် ယင်းမြေသည် လယ်ယာမြေ မဟုတ်တော့ပါ။ ယင်းမြေပေါ်တွင် စိုက်ပျိုးမှု ရှိနေပါကလည်း ခွင့်ပြုနည်းလမ်းပေါ်မူ တည်၍ ဆန်စက်ကျူးကျော်၊ ရွာမြေကျူးကျော်၊ တပ်မြေ ကျူးကျော်၊ ကျောင်း မြေကျူးကျော် ဟုသာ မှတ်တမ်း ပြုရပါတယ်။။ လန ၃၉ ခွင့်ပြုပြီးသည့်အခါ ထိုမြေသည် လယ်ယာမြေ မဟုတ်တော့သည့်အတွက် Disposal Land အစိုးရမှ စီမံ ခန့်ခွဲ နိုင်သည့်မြေဖြစ်လာပြီး ယင်း ၃၉ ခွင့်ပြု အမျိုးအစားအတိုင်း ဂရန်ပေးနိုင်သည်ဟု ယခင်အခါက ဘဏ္ဍာတော် မင်းကြီးမှ ဖွင့်ဆိုထားပါသည်။

သို့သော် Disposal Land ဖြစ် မဖြစ် ဂရန်ကိစ္စအတွက် မြေစာ ရင်းဌာနသို့မှတ်ချက်တောင်းသည့်အခါ ထိုမြေသည် မြို့ရွာအတွင်း သို့မဟုတ် မြို့ရွာနှင့် တစ်ဆက်တည်း တည်ရှိ မရှိ၊ ဂရန်လျှောက်ထားသည့် မြေအား လန ၃၉ ခွင့်ပြုမိန့်ပေးစဉ်က ဆင့်ဆိုသည့်နည်လမ်းအတိုင်း ဂရန်လျှောက်ထားခြင်း ဟုတ် မဟုတ် (ဥပမာ-ဆန်စက်တည်ရန်ဟု လန ၃၉ ချမှတ်ထားမြေကိုမြေစ ာရင်းဌာနတွင် စက်ရုံမြေအဖြစ် မှတ်ထားရာ ယခု လူနေထိုင် ဂရန်လျှောက်ခြင်း၊ သာသနာအတွက် လန ၃၉ ချထားမြေကို စက်ရုံ အတွက် ဂရန်လျှောက် ခြင်း ) စသည်များအတွက် မှတ်ချက်ပြုရသည့်အတွက် လန ၃၉ ခွင့်ပြုသည့် နည်းလမ်းနှင့်အညီသာ ဂရန်အတွက် လျှောက်ထားနိုင်ပါတယ် ။

ယခု လန ၃၉ ကျပြီး မြေကိုအကွက်ရိုက်ရောင်းပြီး ဂရန်လျှောက်ထားမှုများ နိုင်ငံ အနှံ့ ဖြစ်ပေါ်နေရာ မည်သို့ စနစ်တကျ ထိန်းချုပ်မည်ဆိုသည်မှာ ပြဿနာ ဖြစ်ပါတယ်။ ယင်း မြေသည် လယ်ယာမြေ မဟုတ်တော့ သည်မှာ မှန်သော်လည်း မူလ လန ၃၉ အသုံးပြုခွင့်တွင် မည်သည့် နည်းလမ်းအတိုင်း အသုံးချရန်ဟု ဆင့်ဆိုသတ်မှတ်ခဲ့ပါသလဲ၊ အိမ်ရာမြေအတွက်လား၊ စက်ရုံ အတွက်လား၊ သာသနာ၊ ကျောင်း၊ ကန်၊ လမ်းအတွက်လား၊ ချပေးတဲ့ နည်းလမ်းနဲ့ အသုံးပြုမှု မကိုက်ညီပါက လယ်ယာမြေ ဥပဒေ အရ အရေးယူနိုင်သလို ဂရန်ချပေးမှု နည်းလမ်းလည်း မမှန်ကန်ဟု ဆိုရပါမည်။ အရေးယူလို့ ရပါသေးတယ်။ အခု လယ်ယာမြေဥပဒေ ပုဒ်မ ၃၁ တွင် သတ်မှတ်နည်းလမ်းအတိုင်း သတ်မှတ် ကာလတွင် မဆောင်ရွက်ပါ်က လုပ်ပိုင်ခွင့် ပြန်ရုပ်သိမ်းရန် ပြဋ္ဌာန်းချက် ပါရှိပါတယ်။

အချို့နေရာများတွင် လန ၃၉ ကျပြီးမြေကို ဂရန်တိုက်ရိုက်ပေးနေမှုများ တွေ့ရပြီး အချို့နေရာများ တွင်မူ ပါမစ်လျှောက်ခိုင်းပြီးမှ ဂရန်ပေးခြင်းမျိုးတွေ့ရပါသည်။ အောက်မြန်မာပြည် မြို့နှင့် ့ကျေးရွာ မြေများဥပဒေတွင် #ဂရန်မပေးမီပါမစ်ပေးရန်ဟု ပြဋ္ဌာန်းချက် မတွေ့မိပါ။ သို့သော် ဂရန်ချ ထားရန် အခွင့်အာဏာ ပေးအပ်ထားသော ဌာနအတွက် သက်ဆိုင်ရာ ဌာန ညွှန်ကြားချက် ရှိချင် ရှိနိုင်ပါတယ်။

စီအာဒီ=DVBLawLab>ဆရာ ဦးဇော်မင်း

သီတင်းကျွတ်လပြည့်နေ့တွင် မိတ်ဆွေများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် မိမိနေအိမ်တွင် ကုသိုလ်တရားများပွါးများနိုင...
31/10/2020

သီတင်းကျွတ်လပြည့်နေ့တွင်
မိတ်ဆွေများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် မိမိနေအိမ်တွင် ကုသိုလ်တရားများပွါးများနိုင်ကြပြီး Covid-19 ကူးစက်ရောဂါအန္တရာယ်မှ ကင်းဝေးကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏


RealEstates Services, Legal Services, Property Sharing Classes

ကိုဗစ်ကြောင့် အနံ့ပျောက်ခြင်း......🤔ကိုဗစ်ကြောင့် အနံ့ပျောက်ခြင်းသည် နှာခေါင်းပိတ်ခြင်းကြောင့် အနံ့မရှူနိုင်ခြင်း မဟုတ်ပ...
23/10/2020

ကိုဗစ်ကြောင့် အနံ့ပျောက်ခြင်း......🤔

ကိုဗစ်ကြောင့် အနံ့ပျောက်ခြင်း
သည် နှာခေါင်းပိတ်ခြင်းကြောင့် အနံ့မရှူနိုင်ခြင်း မဟုတ်ပါ၊ အနံ့ခံသော အာရုံခံစနစ်၏ ပြသနာတစ်ခု ဖြစ်ပါသည်။ ကိုဗစ်တွင် နှာခေါင်းပိတ်ခြင်း နှာဆေးခြင်းသည် အဖြစ်နည်းပါသည်။ ကိုဗစ်ကြောင့် အနံ့မရပါက လုံးဝအနံ့မရခြင်းဖြစ်နိုင်သလို အနံ့ခပ်ပျော့ပျော့များကိုသာ မရတော့ခြင်းလည်း ဖြစ်နိုင်ပါသည်။ လေ့လာမှုများအရ မိန်းကလေးများတွင် အနံပျောက်ခြင်း ပိုဖြစ်သည်ကိုတွေ့ရပါသည်။ အနံ့ခံမရခြင်းအပြင် အရသာခံမရခြင်းပါ တွဲဖက်ဖြစ်ပေါ်တတ်ပါသည်။

ကိုဗစ်ရောဂါကြောင့် အနံမရခြင်းသည် အများအားဖြင့် မည်သည့်ကနဦးလက္ခဏာမျှမပြဘဲ ရုတ်တရက်ဖြစ်ပေါ်လာတတ်ပါသည်။ တချို့တွင် ချောင်းခြောက်စတင်ဆိုးပြီးမှ အနံ့ပျောက်သွားတတ်ပါသည်။ အနံ့ပျောက်ခြင်းသည် ကနဦးရောဂါလက္ခဏာတစ်ခုအဖြစ် လာတတ်သကဲ့သို့ ဖျားနာနေသူများတွင်လည်း စဖျားပြီး ၄-၅ ရက်အတွင်း အနံ့ပျောက်သွားတတ်ပါသည်။

အနံ့ပျောက်မပျောက်စမ်းသပ်တဲ့အခါ နေ့စဉ်သုံးနေကျ ပစ္စည်းများဖြင့် မိမိကိုယ်ကို စမ်းကြည့်၍ရပါသည်။ နိုင်ငံခြားတွင် peanut butter, wasabi, coffee, vanilla extract စသည့်ပစ္စည်းများဖြင့် စမ်းသပ်ခိုင်းပါသည်။ မြန်မာနိုင်ငံအတွက် သနပ်ခါး၊ သံပရာသီး၊ ပင်စိမ်း၊ စံပယ်ပန်း၊ ကော်ဖီမူန့် အစရှိသော လူကိုအန္တရာယ်မပေးနိုင်တဲ့ လွယ်လင့်တကူရနိုင်သော နေ့စဉ်သုံးပစ္စည်းများဖြင့်စမ်းသပ်ရှူကြည့်နိုင်ပါသည်။ ပစ္စည်းနှင့်အနံ့အမျိုးအစားသည် အဓိကမဟုတ်ပါ၊ အနံ့ရမရကိုသာ အဓိကထားပြီး စမ်းသပ်ကြည့်ရပါမည်။ အကယ်၍ စိတ်မချပါက လူနှစ်ယောက်နိူင်းယှဉ်စမ်းသည့်အခါ ပိုးကူးစက်မူနည်းစေရန် ပစ္စည်းများ ရောမသုံးမိစေရန်လည်း သတိထားပေးပါ။

အနံ့ပျောက်ပြီး ၃-၄ ရက်ခန့်အကြာ အနံပြန်ရလာခြင်းသည် ရောဂါအရှင်းပျောက်သွားခြင််းမဟုတ်ပါ။ ရောဂါလက္ခဏာတခု မရှိတော့ခြင်းသာ ဖြစ်ပါသည်။ ရောဂါလက္ခဏာမပြခင် ၂ ရက်မှစတင်ကာ ပြသအပြီး ၁၀ ရက်အတွင်း ကိုဗစ်ပိုးများပွါးလာပြီး အပြင်ကိုထွက်လာပါသည်။ ထို့ကြောင့် အနံ့ပြန်ရသည့်တိုင် ပိုးများဆက်ထုတ်နေနိုင်ပါသည်။ ကိုဗစ်ရောဂါဖြစ်နေသူအပါအဝင်၊ ရောဂါလက္ခဏာမပြခင် ၂ ရက်က ထိတွေ့ခဲ့သူ အတူနေမိသားစုဝင် အားလုံး ၁၄ ရက် သီးသန့်နေပေးရန် လိုအပ်ပါသည်။

အနံ့ပျောက်ပါက ကိုဗစ်ပိုးစစ်ဆေးရန် တခုထဲမဟုတ်ဘဲ၊ အခြားရောဂါများရှိမရှိ အဆုတ်ကောင်းမကောင်း အောက်ဆီဂျင်ပုံမှန်ရှိမရှိ ဆေးကုသဖို့လိုမလို စသည်တို့ကို ဆရာဝန်နှင့် တိုင်ပင်ပြသကြည့်ရန် လိုအပ်ပါသည်။

အနံ့ပျောက်ခြင်းသည် ယာယီသာဖြစ်ပေါ်တတ်ပြီး၊ ကုသမှုမပေးလျှင်လည်း ပြန်ကောင်းလာတတ်ပါသည်။ ဆေးမြီးတိုများကြောင့် ပျောက်ကင်းသွားသလို ထင်တတ်ကြပါသည်၊ သတိထားပြီး သုံးစွဲကြပါ။ အများစုမှာ ၁ ပတ်ကျော်လျှင် ပြန်ကောင်းလာတတ်ပါသည်။ တချို့တွင် ချက်ချင်းမပျောက်ပါ၊ ၄ ပတ်ကျော်အထိ အများဆုံးကြာနိုင်ပါတယ်။

ကိုဗစ်အပြင် အခြားဗိုင်းရပ်စ်ပိုးများ နှာခေါင်းအတွင်းပိုင်းယောင်ယမ်းခြင်း နှာခေါင်းတွင်းအသားပိုထွက်ခြင်း ဓာတ်မတည့်ခြင်းများဖြစ်ပေါ်ပါက အနံ့ပျောက်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။ သို့သော်လည်း အခြားဗိုင်းရပ်စ်များထက် ကိုဗစ်မှာ ပိုအဖြစ်များသည်ကို တွေ့ရှိရပါသည်။

အနံ့ပျောက်ခြင်းသည် ကိုဗစ်ပိုးရှိသူ လူတိုင်းတွင် မဖြစ်ပေါ်ပါ။ အနံ့မပျောက် အရသာမပျက်ပဲ ဖျားခြင်း ချောင်းဆိုးခြင်း အစရှိသည့် အခြားလက္ခဏာများနှင့် ပြလာလျှင်လည်း ကိုဗစ်ဖြစ်နိုင်ပါသေးသည်။

MED INFO MYANMAR

ကိုဗစ်သတင်းဆောင်းပါးများဖတ်ရန်လင့်ခ်
https://www.facebook.com/MEDINFOMYANMAR

ကိုးကား

https://www.ncbi.nlm.nih.gov/pmc/articles/PMC7265845/

https://www.acpjournals.org/doi/10.7326/M20-2428

https:// www.wired.com/story/why-is-it-so-hard-to-study-covid-related-smell-loss/amp

RealEstates Services, Legal Services, Property Sharing Classes

ရယူလိုသူထက် ပေးဆပ်တတ်သူ ဖြစ်ပါစေ🌱🌱🌱🌱🌱🌱🌷🌱🌱🌱🌱🌱🌱ကိုယ့်မှာရှိနေတဲ့အရာတစ်ခုကို တစ်ခြားလူကို ကျေကျေနပ်နပ် မျှဝေပေးလိုက်တဲ့အချိ...
08/10/2020

ရယူလိုသူထက် ပေးဆပ်တတ်သူ ဖြစ်ပါစေ🌱🌱🌱🌱🌱🌱🌷🌱🌱🌱🌱🌱🌱

ကိုယ့်မှာရှိနေတဲ့အရာတစ်ခုကို တစ်ခြားလူကို ကျေကျေနပ်နပ် မျှဝေပေးလိုက်တဲ့အချိန်မှာ စိတ်ချမ်းသာမှု အစစ်အမှန် ကို နှစ်ဆထက် ပို ပြန်ရကြပါတယ်။ပျော်ရွှင်မှု၊ အသိပညာ၊ အတတ်ပညာ နဲ့ ဘဝမှာ ရရှိလာတဲ့ ကောင်းမွန်တဲ့အရာမှန်သမျှကို ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတွေကို မျှဝေပေးပါ။ “Sharing is caring” ဆိုတဲ့အတိုင်း ကိုယ်သိထားတာကိုပြန်လည်မျှဝေခြင်းက သူတို့အပေါ်ချစ်ခင်ဂရုစိုက်မှုကို ပြသတာနဲ့ အတူတူပါပဲ။

လင်းထိန်နေတဲ့ ဖယောင်းတိုင်တစ်တိုင်ကနေ တခြားတစ်တိုင်ကို မီးညှိပေးလိုက်သလိုမျိုးပေါ့၊ သူများကိုပေးလိုက်ရလို့ ကိုယ့်မှာ ဆုံးရှုံးသွားရတယ်လို့မရှိပါဘူး။ လောကကြီးမှာ ဘာမျှော်လင့်ချက်မှမထားပဲများများပေးနိုင်လေ ကိုယ့်အတွက်ကောင်းမွန်တဲ့အရာတွေ များများပြန်ရလေပါပဲ။ ဒါကြောင့် ချစ်ခင်ရတဲ့သူတွေကို တတ်နိုင်သမျှကူညီပါ။ ကိုယ့်စီကို Positive Energy တွေစီးဆင်းလာတာကို ခံစားရပါလိမ့်မယ်။ အေးချမ်းသော ဘဝဆိုတာ အရာရာကို မျှော်လင့်မှု မပါဘဲ၊ ပေးဆပ်ခြင်း ဖြစ်သည် ဆိုတာ အမြဲ သတိရှိပါစေ။

စာဖတ်သူ အားလုံးလည်း အကယ်၍ မျှဝေခဲ့ဖူးတဲ့ အမှတ်တရ အတွေ့အကြုံ လေးတွေရှိရင် အခြားသူတွေပါ ကြည်နူးရအောင် Comment အောက်မှာ ပြောပြပေးခဲ့ပါဦး။

Chance Myanmar အနေနဲ့လည်း အားလုံးအတွက် အိမ်မှာနေရတဲ့ကာလတွေ မှာ အကျိုးရှိရှိအသုံးချနိုင်မယ့် မျှဝေခြင်းဆိုင်ရာ အစီအစဉ်လေး တစ်ခုကို ရက်ပိုင်းအတွင်း ကြေညာဖို့ ရှိပါတယ်။ ဒါကြောင့် Stay Tuned လို့ ပြောရင်း ယခုပို့စ်လေးကို သူငယ်ချင်းတွေ သိရအောင်လည်း မျှဝေ ပေးခဲ့ဖို့ မမေ့ပါနဲ့။

Credit~ChanceMyanmar🌱

RealEstates Services, Legal Services, Property Sharing Classes

🇲🇲We are respect to you.💯အများပြည်သူတွေအတွက် Mask အခုရေ (၅)သန်း အခမဲ့ဖြန့်ဝေပေးသွားမယ်လို့ ဦးဇော်ဇော် ဆိုလိုအပ်ချက်ရှိသူ...
04/10/2020

🇲🇲We are respect to you.💯

အများပြည်သူတွေအတွက် Mask အခုရေ (၅)သန်း အခမဲ့ဖြန့်ဝေပေးသွားမယ်လို့ ဦးဇော်ဇော် ဆို

လိုအပ်ချက်ရှိသူတွေနဲ့ ဝင်ငွေနည်းပါးတဲ့ အများပြည်သူတွေအတွက် စုစုပေါင်း Mask အခုရေ (၅)သန်းအခမဲ့ဖြန့်ဝေပေးသွားမယ်လို့ ဧရာဝတီဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်က လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

'' Covid-19 ကပ်ရောဂါ အခြေအနေဆိုးကို ကာကွယ်ဖို့နဲ့ လက်ရှိ ကမ္ဘာ့လေထုညစ်ညမ်းမှုကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာတဲ့အတွက် Mask ထုတ်လုပ်စက်ကို လွန်ခဲ့တဲ့ (၆)လကတည်းက မှာယူထားခဲ့တာ ဖြစ်ပါတယ်။ စက်ရောက်ရှိလာပြီး တစ်ပတ်အတွင်းမှာပဲ ပြည်ပက ပညာရှင်တွေဦးစီးပြီး တပ်ဆင်လည်ပတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ စက်ရုံရဲ့ ထုတ်လုပ်နိုင်မှုဟာ တစ်နာရီ (၅) ထောင်နှုန်းနဲ့ တစ်ရက်ကို Mask အခုရေ (၅) သောင်း ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ လိုအပ်ချက်ရှိသူတွေနဲ့ ဝင်ငွေနည်းပါးတဲ့ အများပြည်သူတွေအတွက် စုစုပေါင်း Mask အခုရေ (၅)သန်းအထိ အခမဲ့ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်''လို့ ဦးဇော်ဇော်က ရေးသားထားပါတယ်။...........
Zawgyi

အများပြည်သူတွေအတွက် Mask အခုရေ (၅)သန်း အခမဲ့ဖြန့်ဝေပေးသွားမယ်လို့ ဦးဇော်ဇော် ဆို

လိုအပ်ချက်ရှိသူတွေနဲ့ ဝင်ငွေနည်းပါးတဲ့ အများပြည်သူတွေအတွက် စုစုပေါင်း Mask အခုရေ (၅)သန်းအခမဲ့ဖြန့်ဝေပေးသွားမယ်လို့ ဧရာဝတီဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်က လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

'' Covid-19 ကပ်ရောဂါ အခြေအနေဆိုးကို ကာကွယ်ဖို့နဲ့ လက်ရှိ ကမ္ဘာ့လေထုညစ်ညမ်းမှုကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာတဲ့အတွက် Mask ထုတ်လုပ်စက်ကို လွန်ခဲ့တဲ့ (၆)လကတည်းက မှာယူထားခဲ့တာ ဖြစ်ပါတယ်။ စက်ရောက်ရှိလာပြီး တစ်ပတ်အတွင်းမှာပဲ ပြည်ပက ပညာရှင်တွေဦးစီးပြီး တပ်ဆင်လည်ပတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ စက်ရုံရဲ့ ထုတ်လုပ်နိုင်မှုဟာ တစ်နာရီ (၅) ထောင်နှုန်းနဲ့ တစ်ရက်ကို Mask အခုရေ (၅) သောင်း ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ လိုအပ်ချက်ရှိသူတွေနဲ့ ဝင်ငွေနည်းပါးတဲ့ အများပြည်သူတွေအတွက် စုစုပေါင်း Mask အခုရေ (၅)သန်းအထိ အခမဲ့ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်''လို့ ဦးဇော်ဇော်က ရေးသားထားပါတယ်။

Ref and Photo Credit - U Zaw Zaw

ငွေကုန်ပေါက်တွေ အမြဲတမ်းကြုံတွေ့နေရတယ်မလား။ ဒါလေးတွေ ဖတ်ကြည့်ပါ...အသုံးစရိတ်မလောက်တာ၊ အကြွေးရှိနေတာ၊ လက်ထဲမှာ စုငွေမရှိတ...
27/09/2020

ငွေကုန်ပေါက်တွေ အမြဲတမ်းကြုံတွေ့နေရတယ်မလား။ ဒါလေးတွေ ဖတ်ကြည့်ပါ...

အသုံးစရိတ်မလောက်တာ၊ အကြွေးရှိနေတာ၊ လက်ထဲမှာ စုငွေမရှိတာတွေက ငွေကြေးစီမံခန့်ခွဲမှု အားနည်းနေလို့ပါ။ဝင်ငွေနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ လူတိုင်းမှာ ငွေကြေးနဲ့ပတ်သက်ပြီး Plan တစ်ခုရှိဖို့လိုအပ်ပါတယ်။

၁. Budget သတ်မှတ်ပါ။
ကိုယ့်မှာရှိနေတဲ့ ပိုက်ဆံကို သုံးချင်သလို ထုတ်သုံးတာတွေ မလုပ်ပါနဲ့တော့။ ရလာတဲ့ဝင်ငွေကို အပိုင်း(၄)ပိုင်းခွဲပြီး သေချာစီမံခန့်ခွဲပါ။ မဖြစ်မနေသုံးရမယ့် အိမ်သုံးစရိတ် နဲ့ ကိုယ့်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ဖို့အသုံးစရိတ်ကို ချန်ထားပြီးရင် ကျန်တာကို စုငွေ နဲ့ တစ်နေရာရာမှာ ရင်းနှီးမြုပ်နှံဖို့ငွေအဖြစ် လစဉ် သီးသန့်ဖယ်ထားပါ။

၂. အသုံးစာရင်းထားပါ။
သုံးလိုက်သမျှ ထွက်ငွေတိုင်းအတွက် နေ့စဉ်မှတ်တမ်းထားပါ။ စာအုပ်နဲ့မရေးနိုင်ရင်တောင် ဖုန်းထဲမှာ Financial App တစ်ခုခု ထည့်ထားပြီး နေ့တိုင်းဖြည့်ပါ။ ဥပမာ- Mint, Daily budget original လို app တွေကို download ဆွဲထားလို့ရပါတယ်။

၃. ရတာထက်ပိုမသုံးမိပါစေနဲ့။
ကိုယ်သုံးနိုင်တဲ့ ပမာဏထက်ကျော်ပြီး ပစ္စည်းတွေဝယ်တာ၊ အကြွေးယူတာ၊ နောက်လမှ ပေါင်းယူတာတွေ မလုပ်ပါနဲ့။ စုထားတဲ့ အထဲကလည်းထုတ်မသုံးမိပါစေနဲ့။ ဝင်ငွေများများ ရဖို့ထက် ထွက်ငွေကို လျှော့တာက ပိုလွယ်ပါတယ်။

၄. တကယ်မလိုအပ်ပဲမဝယ်ပါနဲ့။
ပစ္စည်းတစ်ခုဝယ်ခါနီးတိုင်း ကိုယ့်ကိုယ်ကို ဒီမေးခွန်း (၃)ခု ပြန်မေး ကြည့်ပါ။
- တကယ်လိုအပ်ရဲ့လား?
- တခြားအစားထိုးသုံးလို့ရနိုင်တဲ့ပစ္စည်းအိမ်မှာရှိလား? / ဆင်တူတစ်ခုရှိပြီးသားလား?
- တစ်နေ့ဘယ်နှကြိမ်လောက်သုံးဖြစ်မလဲ?
ဒါဆိုရင် အဲ့ဒီပစ္စည်းကကိုယ့်အတွက် ဝယ်သင့်၊ မဝယ်သင့်ဆိုတာကို ချင့်ချိန်နိုင်မှာပါ။

Chance က ကျောင်းသူ၊ ကျောင်းသား အားလုံးလည်း အခုကစပြီး ကိုယ့်ရဲ့ဝင်ငွေ၊ထွက်ငွေ ကို သေချာစီမံခန့်ခွဲ နိုင်ကြပါစေ။
Credit~ChanceMyanamrOnlineEducation

RealEstates Services, Legal Services, Property Sharing Classes

Address

No. (304), Bld No-888, 3rd Floor, Oakyin Station Road, 13-ward, Hlaing Township
Yangon
11051

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Grand Poseidon Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Grand Poseidon Co.,Ltd:

Share