Myanmar Visa

Myanmar Visa Covid-19 Visa Related Information. Ask your Visa related question via Messenger which we monitor 24 hrs per day, 7 days a week.

Get Myanmar Visa online without going to any Embassy.Tourist Visa & Business Visa within 1 day. https://www.myanmarvisa.com/ for more information. Verified and Secured by Godaddy 128 bit encryption.

တရားဝင် ရခိုင်မြေပုံ
18/03/2024

တရားဝင် ရခိုင်မြေပုံ

21/05/2023

“Organization Design for Growth” ဆွေးနွေးပွဲအား မေလ ၁၇ ရက်နေ့သို့ ပြောင်းရွှေ့လိုက်ကြောင်း အသိပေးကြေညာချက်

ကျွန်ုပ်တို့ CCI France Myanmar မှ Organisation Design for Growth အကြောင်းဆွေးနွေးပွဲကို မေလ ၁၇ရက်နေ့၊ နံနက် ၈နာရီ၊ Novotel Yangon Max တွင်ပြုလုပ်သွားရန် ပြန်လည်စီစဉ်ထားကြောင်းအသိပေးကြေညာအပ်ပါသည်။

စီးပွားရေးလုပ်ငန်းများ တိုးတက်မှုဆိုင်ရာ ကျွမ်းကျင်သူ Dr. Giuseppe Sardone မှ ယခု ဆွေးနွေးပွဲတွင်
၁။ သင့်လုပ်ငန်း၏ စီးပွားရေးအလားအလာကိုဖော်ထုတ်ခြင်း - Organisation Design အကြောင်းနှင့် Organisation Design သည် သင်ထင်ထားသည်ထက် ပို၍ အရေးပါကြောင်း။
၂။ မြန်မာနိုင်ငံ၏ လုပ်ထုံးလုပ်နည်း မတူညီကွဲပြားမှုများ - Cultural Context ၏ အရေးပါမှုနှင့် ငွေကုန်ကြေးကျများနိုင်သည့် ယူဆချက်များကို မည်သို့ကိုင်တွယ် ရှောင်ရှားနိုင်ကြောင်း။
၃။ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရာတွင် ရှောင်ကြဉ်သင့်သော အလေ့အကျင့် ၅ ရပ်
၄။ Organisation Design လုပ်ဆောင်သည့်အခါ မေးလေ့ရှိသောမေးခွန်းများ၊ သဘောထားများ နှင့် နောက်ဆက်တွဲလုပ်ဆောင်ချက်များ စသည့် အဓိက သော့ချက်များကို ဦးဆောင်ပြောကြားပေးသွားမည် ဖြစ်ပါသဖြင့် သင့်လုပ်ငန်း၏ အလားအလာရှိသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ဤအခွင့်အရေးအား လက်လွတ်မခံဘဲ ဆွေးနွေးပွဲတက်ရောက်ရန် ယခုပဲ စာရင်းသွင်းလိုက်ပါ။

စာရင်းပေးသွင်းရန် နှင့် ပွဲအကြောင်းပိုမိုသိရှိလိုပါက - https://bit.ly/Organization_for_Growth

ပိုမိုသိရှိလိုပါက [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

New Date Announcement!!

FMCCI is hosting an event on "Organization Design for Growth" on May 17th!

Join us at Novotel Yangon Max at 8 AM to learn about the importance of organization design, the cultural context of Myanmar, and common myths about organization design. Dr. Giuseppe Sardone will be sharing valuable insights to help businesses unlock their potential and achieve sustainable growth.

In this session, Dr. Giuseppe Sardone will cover key topics including:
1. Unlocking your business potential: what is Organisation Design and why it matters more than you think
2. How is Myanmar different: why the cultural context is important and how to avoid costly mistakes
3. Designing your organisation: 5 Myths to dispel
4. Questions, Insights, and Next Steps: let's get the conversation started

Don't miss out on this opportunity to stay ahead of the competition and create long-term value for your stakeholders.

Contact us at [email protected] for more details or to register your attendance, please visit https://bit.ly/Organization_for_Growth.

Sign up to get information on our upcoming events: https://lnkd.in/g_jKAgZy

22/03/2023

Buddha Gaya သွားမည့်သူများ Passport နေပြည်တော်တွင် ပြုလုပ်ပုံအဆင့်ဆင့်

နေပြည်တော်အဝင်စစ်ဆေးပါမယ်
ကုမ္ပဏီနာမည်နဲ့ Name list ဘုရားဖူးတွေရဲ့ မှတ်ပုံတင်တောင်းပါတယ်
Name list ပေးခဲ့ရပါတယ်
အဲ့ဒါပြီး တောက်လျှောက်မောင်း
ပထမအဝိုင်းက ကံကော်အဝိုင်း တည့်တည့်မောင်း T ပုံသဏ္ဍန်လမ်းတွေမည် ဘယ်ဘက်ကွေ့တောက်လျှောက်မောင်း (ပြန်ကပြေး) ရပ်ကွက်မှ
ဒုတိယအဝိုင်းက (ဇီဇဝါ) အဝိုင်း တောက်လျှေက်တည့်တည့်မောင်း နေပြည်တော်ကောင်စီလမ်းမကြီးဘေး ညာဘက်အခြမ်း နေပြည်တော် pp ရုံးရှိပါသည်ခင်ဗျာ
Pp နဲ့မျက်နှာချင်းဆိုင် ဆောက်လုပ်ရေးဝန်ကြီးဌါနရုံးရှိပါသည်ဗျို့

အသေးစိတ်ကို အောက်က website link တွင် ကြည့်ရှုနိုင်ပါသည်
https://myanmarvisa.com/latestnews/

02/03/2023

ကနေဒါဗီဇာ

တိုးစရာမလိုပါ
27/02/2023

တိုးစရာမလိုပါ

Passport Online booking လိုင်းတွေအရမ်းကြပ်ကြူအာကုတ်ကျလာပြီးရင် ငွေသွင်းရမယ်ကုတ်ကျလာပြီးလိုင်းကျသွားရင် Reference Number,...
24/02/2023

Passport Online booking
လိုင်းတွေအရမ်းကြပ်
ကြူအာကုတ်ကျလာပြီးရင် ငွေသွင်းရမယ်
ကုတ်ကျလာပြီးလိုင်းကျသွားရင် Reference Number, နဲ့ပြန်ရှာ ဖြည့်ထားတာတွေပြန်ကျလာမယ် စစ် ၊ စိတ်ရှည်ရှည်နဲ့ကြိုးစား မရရင်ပြော

24/02/2023

Online Passport တင်နည်း
24 February 2023 - မှ စတင်၍ Passport ရုံးတွင်
ဖြည့်ရမည့် Online booking တင်ရန်နည်းစနစ်လေးပါ
------------------------------------------
Passport PJ/PV အသစ်လျှောက် / သက်တမ်းတိုးများအတွက်
( YANGON တစ်ခုတည်းအတွက်သာ )
* Passport စလုပ်ဖို့အတွက် ရုံးထဲကိုဝင်ခွင့် Online Booking လျှောက်ထားရန်လိုအပ်ပါတယ်
* Online Booking တင်ပုံတင်နည်းအကြောင်း Post အောက်ဆုံးမှာ Link ပေးထားပါတယ်
* Booking Appointments QR Code ရပီဆိုရင် QR Code မှာပါတဲ့ Date & Time မှာသွားပီ Passport စာအုပ်စလုပ်လို့ရပါပီ ကိုယ်ရထားတဲ့အချိန်ထက်နာရီဝက်ကြိုရောက်အောင်သွားပါ
* Booking QR Code ပုံကို Print (or) ဖုန်းထဲသိမ်းထားပြီးပြလို့ရပါတယ်
* Passport လုပ်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်း တွေက
အိမ်ထောင်စုစာရင်း မူရင်း + မိတ္တူ ၂ စောင်
မှတ်ပုံတင် မူရင်း + မိတ္တူ ၂ စောင်
၁၀ နှစ်အောက်ကလေးများ မွေးစာရင်း မူရင်း + မိတ္တူ ၂ စောင် သက်တမ်းတိုးသမားတွေက စာအုပ်အဟောင်း + PP မှာ မိမိဓါတ်ပုံပါတဲ့စာမျက်နှာ မိတ္တူ ၂ စောင်
* PJ သမားတွေဆို Labour Card လိုပါယ၊ Labour Card ကနီးစပ်ရာမြို့နယ် အလုပ်သမားဦးစီးဌာနမှာ လျှောက်ထားလို့ရပါတယ် ၅၀၀ (သို့) ၁၀၀၀ ကျပ်
* ရုံးထဲဝင်ဖို့အတွက်ဝင်ပေါက် ၃ နေရာ ( ပန်းခြံဘေး, ရန်ကင်း centerရှေ့, စက်မှု ၁ ) ဝင်လို့ရပါတယ်၊
(ဝင်ပေါက်မရောက်ခင်အပြင်မှာရှိတဲ့ပွဲစားတွေဘာပြောပြောနားမထောင်ပါနဲ့သူတို့ရိုက်စားခွင်လုပ်လို့ရအောင်တမင်ပြောနေတာမလို့ ဝင်ပေါက်နားမှာရှိတဲ့ ရဲတွေကိုမေးမြန်းပါ ကိုယ့်မှာပါတဲ့ Booking QR Code ကိုသူတို့ကိုပြလိုက်ရင် စစ်ပီးပေးဝင်ပါတယ်)
* ပထမဆုံးစစ်တဲ့ဂိတ်မှာ ဖုန်းထဲမှာအသင့် Save ထားတဲ့ ဓါတ်ပုံ (သို့) Print ထုတ်လာတဲ့ Booking Qr Code ထဲက ကိုယ်ရေးအချက်လက်နဲ့ မှတ်ပုံတင်ထဲကကိုယ်ရေးအချက်လက် စစ်ဆေးပီးရင်အထဲကိုဝင်လို့ရပါပီ
* ဒုတိယဂိတ်မှာ ပါလာတဲ့ QR Code မှတ်ပုံတင် မျက်နှာ Scan ဖတ် စစ်ဆေးပီးရင်ရုံးထဲကို ဝင်လို့ရပါပီ အထဲကို ဖုန်း စာရွက်စာတမ်းပါတဲ့ ဖိုင် နဲ့ ပိုက်ဆံအိတ်အသေးကလွှဲရင် ကျန်တာဘာမှပေးမယူပါဘူး ထီး ရေဘူး tissue ထုပ်ကအစအကုန်အပြင်မှာထားခဲ့ရတာ
* ရုံးထဲစဝင်တာနဲ့ အဝင်ဝလေးမှာရဲနှစ်ယောက်ထိုင်နေပီ အထဲမှာဖြည့်ရမယ် Form ပေးပါတယ် Form ခ ၁၀၀၀ ကျပ် တစ်ခါတစ်လေ Free
* Form ရပီဆိုရင် မဖြည့်ပါနဲ့အုံး လဝက ကောင်တာတွေမှာ အရင်ဆုံးယူလာတဲ့စာရွက်စာတမ်းတွေစစ်ဖို့တန်းစီပါ လူအရှင်းဆုံးအတန်းမှာစီပါမသေချာရင်အဲ့မှာရှိနေတဲ့ ဝန်ထမ်းတွေ ရဲတွေ ကိုမေးပါ သက်တန်းတိုးသမားတွေက Counter 1 မှာတန်းစီရပါတယ်
မှတ်ပုံတင်မှာ ကရင်+ဗမာ / ဗမာရှေ့မှာ (+) ဆိုရင်သွေးနှော လို့ဆိုပီ တစ်ခြားကောင်တာတစ်ခုမှာသီးသန့်စီရပါတယ် လဝက form စစ် ၂၀၀၀ ကျပ်ပါ သွေးနှောသမားတွေက ၂၀၀၀+ ၅၀၀၀ အားလုံးစစ်ပီးသွားရင် ခုနပေးထားတဲ့ မူရင်း+ စာရွက်စာတမ်းတစ်စုံရယ် ဘဏ်သွင်းဖို့ စာရွက်ပေးပါတယ်
* လဝကပေးတဲ့ ဘဏ်ငွေသွင်းဖို့စာရွက်နဲ့ အထဲမှာရှိတဲ့ ဘဏ်မှာ ၂၅၀၀၀ ပေးသွင်းပါ ဘဏ်ဘယ်နားရှိလဲမသိရင် အထဲကဝန်ထမ်းတွေ ရဲတွေကိုမေးပါ မကြောက်ပါနဲ့သူတို့ပြောပြတယ် ဘဏ်ငွေသွင်းပီရင် ငွေသွင်းပီးကြောင်း စာရွက်ပြန်ပေးပါတယ် အချိန်နည်းနည်းကြာတတ်လို့ ဝင်ဝင်ခြင်းမှာယူလာတဲ့ Form ကိုဖြည့်ပါ Form ဖြည့်နေတုန်း ဘဏ်ကကိုယ့်နာမည်ခေါ်တာကိုလဲ နားစွင့်ထားပါ ကိုယ့်နာမည်ခေါ်ပီဆို ဘဏ်ကပေးတဲ့ Slip စာရွက်ယူ ကိုယ့်နာမည် မှတ်ပုံတင်အမှတ် မှန်မမှန်ပြန်စစ်ပါ စစ်လို့မှန်ရင် ဓါတ်ပုံရိုက်ဖို့သွားပါ
* နောက်ဆုံးအဆင့် ဓါတ်ပုံရိုက်ဖို့တန်းစီပါ Counter 16 ကလွဲရင်ကျန်တဲ့ Counter လူအနည်းဆုံး Counter မှာတန်းစီပါ မိတ္တူတစ်စုံ ဖြည့်ထားတဲ့ Form ဘဏ်ငွေသွင်းပီးကြောင်း Slip သူတို့ကိုပေးပါ ဓါတ်ပုံရိုက် လက်ဗွေနှိပ် မျက်စိ Scan ဖတ် Tablet ပြားပေါ်မှာလက်မှတ်ထိုး အထဲမှာသူတို့မေးတာပြန်ဖြေ ပီးရင် ၅၀၀၀ သွင်း
* ဓါတ်ပုံရိုက်တဲ့အခန်းမှာ အရေးကြီးဆုံးက PJ သမားတွေပါ PV (သို့) PJ လို့မေးပါမယ် အလည်ပတ် PV သမားတွေက PV ဘဲပြောပါ အလုပ်နဲ့သွားမယ့်သူတွေက PJ လို့ပြောပါ Labour Card မလုပ်ရသေးဘူးဆိုရင် အဲ့ဒီနေရာမှာ Labour Card လုပ်ချင်ကြောင်းပြောလိုက်ပါ အပြင်ထက်ဈေးပိုများပါတယ် ၅၀၀၀ ပေးရမှာ အားလုံးပီးသွားရင် Passport စာအုပ်ထုတ်ဖို့ Slip ရပါပီ
* Slip ရရင် သေချာပြန်စစ်ပါ ကိုယ်ပေးထားတဲ့ ကိုယ်ရေးအချက်လက်တွေအားလုံး မှန်လား မှားလား နာမည် English စာလုံးပေါင်း မွေးသက္ကရာဇ် PV /PJ တွေကအရေးကြီးဆုံးပါ မှားနေရင်ပြန်ပြောပီ ပြင်ခိုင်းပါ အားလုံးမှန်တယ်ဆိုရင် Slip လေးယူပီအိမ်ပြန်လို့ရပါပီ
* နောက် ၁၀ ရက် ကြာရင် ရုံးသွားပီကိုယ့်ရဲ့ Passport စာအုပ်ထုတ်လို့ရပါပီ ထုတ်ရမယ့်နေ့က စနေ တနင်္ဂနွေ အစိုးရ ရုံးပိတ်များဆိုရင် ထုတ်မရပါဘူး ရုံးပိတ်ရက်ပီးနောက်နေ့ကစ ရက်ပေါင်း ၉၀ အတွင်း ထုတ်လို့ရပါတယ် စာအုပ်ထုတ်ရင်ပေးထားတဲ့ Slip နဲ့ ပြပီဝင်လို့ရပါတယ် တန်းစီစရာမလို Online Booking ထပ်ယူစရာမလိုပါဘူး သွား ထုတ်တဲ့အခါ Slip ရယ် မှတ်ပုံတင်မူရင်းရယ် ယူသွားပါ ၃၀၀၀ ကျပ်ပေးရ Passport စာအုပ်ရပါပီ ၊၊
ကုန်ကျငွေ
Form - ၁၀၀၀ ကျပ် လဝက စစ် - ၂၀၀၀ ကျပ် ဘဏ်သွင်း - ၂၅၀၀၀ ကျပ် ဓါတ်ပုံရိုက် - ၅၀၀၀ ကျပ် စုစုပေါင်း = ၃၃၀၀၀ ကျပ်

Online booking service
Credit : Nat Pen Gyi

Myanmarvisa.com has applied Alex (from the UK) Business Visa. 2nd since Covid19.
22/09/2022

Myanmarvisa.com has applied Alex (from the UK) Business Visa. 2nd since Covid19.

22/09/2022

16 Sep 2022 Our Young and Energetic Web Master (SMA) has updated MyanmarVisa.com

30/03/2022

News : Business Visa (လုပ်ငန်း
ဗီဇာ) အား (၁-၄-၂၀၂၂)တွင်စတင်ခွင့်ပြုမည်

 ◾ နေပြည်တော်ရှိ ကြယ်ငါးပွင့်အဆင့်မီ Kempinski Hotel ဟိုတယ်အပြီးပိတ်သိမ်းအမေရိကန်သမ္မတ ဘားရတ်အိုဘားမား ၂၀၁၂ ခုနှစ်တွင် မ...
16/10/2021



◾ နေပြည်တော်ရှိ ကြယ်ငါးပွင့်အဆင့်မီ Kempinski Hotel ဟိုတယ်အပြီးပိတ်သိမ်း

အမေရိကန်သမ္မတ ဘားရတ်အိုဘားမား ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်စဉ် တည်းခိုခဲ့သည့် နေပြည်တော်ရှိ ကြယ်ငါးပွင့်အဆင့်မီ Kempinski Hotel ဟိုတယ်ကို အောက်တိုဘာ ၁၃ ရက်မှစတင်ကာ အပြီးပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း အဆိုပါဟိုတယ်က သတင်းထုတ်ပြန်ထားသည်။

လက်ရှိ ဖြစ်ပေါ်နေသည့်နိုင်ငံရေးအခြေအနေများကြောင့် ဟိုတယ်၏ လုပ်ငန်းဆောင်တာများကိုရပ်ဆိုင်းရန် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရကြောင်း၊ လာရောက်တည်းခိုကြသည့် ဧည့်သည်များကို အကောင်းဆုံးဝန်ဆောင်မှုပေးရန်ကြိုးစားခဲ့သည့်တိုင် လက်ရှိအနေအထားတွင် အခွင့်မသာတော့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အတွက် အောက်တိုဘာ ၁၃ ရက်မှစတင်ကာ ဟိုတယ်နှင့်ပတ်သက်သည့် မည်သည့်ဝန်ဆောင်မှုကိုမှ ပေးတော့မည် မဟုတ်ဘဲ ၎င်းတို့နှင့်အတူ လက်တွဲဆောင်ရွက်ခဲ့ကြသူများအားလုံကို ကျေးဇူးတင်ရှိကြောင်းနှင့် ပိတ်သိမ်းခဲ့ရသည့်အတွက် တောင်းပန်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထာသည်။

ကြယ်ငါးပွင့်အဆင့်မီ Kempinski Hotel သည် ကမ္ဘာ့အဆင့်မီ ဇိမ်ခံအခန်းများပါဝင်ပြီး ဥရောပကိုယ်ပိုင် အမှတ်အသားများနှင့် မြန်မာ့ယာဉ်ကျေးမှုအမွေအနှစ်များ ပေါင်းစပ်ထားသည့်ဟိုတယ်တစ်ခုဖြစ်ပြီး အခန်းပေါင်း ၁၀၆ ခန်းနှင့် ဧည့်ခန်း ၃၅ ခန်း၊ လူဦးရေ ၄၀၀ ခန့်တက်ရောက်နိုင်သော ခန်းမကျယ်များပါဝင်ပြီး အနာဂတ်ကာလတွင် သီးသန့်မြန်မာ့ယဉ်ကျေးမှုများနှင့် အနုလက်ရာများ စုဝေးတည်ရှိရာ နေရာအဖြစ် ရည်မှန်းထားသည့်ဟိုတယ်တစ်ခုဖြစ်ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

၂၀၁၅ ခုနှစ်တွင် Myanmar Property Awards မှ ချီးမြင့်သည့် အကောင်းဆုံးဟိုတယ်ဒီဇိုင်းဆု၊ အကောင်းဆုံးဟိုတယ်လုပ်ငန်းဖွံ့ဖြိုးမှုဆု၊ အကောင်းဆုံး ဗိသုကာ ဒီဇိုင်းဆု၊ အကောင်းဆုံး ကြယ်ငါးပွင့်ဟိုတယ်ဆု၊ အကောင်းဆုံးဟိုတယ်လုပ်ငန်းစွမ်းဆောင်ရည်ဆု တို့ကို ရရှိခဲ့သည်။

အဆိုပါဟိုတယ်အပါဝင် ဖေဖော်ဝါရီလနောက်ပိုင်းတွင် ရပ်နား၊ ပိတ်သိမ်းခဲ့သည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းပေါင်း ၁၇ ခုရှိလာပြီဖြစ်သည်။

သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
Photo - Kempinski Hotel Nay Pyi Taw

စံတော်ချိန်ဝက်ဘ်ဆိုက် - http://sdtimedaily.com/

စံတော်ချိန်ယူကျူ့ - https://youtube.com/c/TheStandardTimeTVFreeToAir

စံတော်ချိန်ဗိုက်ဗာ - https://tinyurl.com/y5vtkrh7

စံတော်ချိန်တယ်လီဂရမ် - https://t.me/sdtimedaily

Address

Room 306, 3rd Floor, Yaykyaw Condo
Yangon
11181

Alerts

Be the first to know and let us send you an email when Myanmar Visa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Visa:

Share