08/06/2019
ဒေါသရဲ့ နိဂုံး
--------------------
ကျုပ်တို့အားလုံး လုပ်ဖူးကြပါလိမ့်မယ်။ ဒေါသကို ကျော်လွှားဖို့ ကြိုးစားကြတာ... ဒါပေမယ့် ဘယ်လောက် ကြိုးစား ကြိုးစား ဒေါသဟာ ကျော်လွှားဖို့ မလွယ်ကူလှပါဘူး။
ဒီဒေါသကို ဖြေဖျောက်ဖို့ တခြားနည်းလမ်းများ မရှိတော့ဘူးလား။
ဆိုတော့... ဒေါသစိတ် ပုန်ကန် ထကြွလာရခြင်းသည် စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ကိုယ်ပိုင်းဆိုင်ရာ အကြောင်းတစ်ခုခု ကနေ စတင်တယ်။
လူတစ်ယောက် ဒေါသထွက်ရင်... ဖြစ်နိုင်တာသည်... တားဆီးခံရလို့... ကာကွယ်သမျှ တုံ့ပြန်ချက်တွေဟာ တန်ပြန် ဖြိုခွင်းခံရလို့... ကိုယ်တိုင် တည်ဆောက်လာတဲ့ လုံခြုံရေးတစ်ခု အပေါ် အန္တရာယ် သက်ရောက်လာလို့... စသဖြင့်ပေါ့ ရှိကြပါလိမ့်မယ်။
ကျုပ်တို့တွေ အားလုံး ပြောရမယ် ဆိုရင် ဒေါသနဲ့ ရင်းနှီးကြပြီးသား။ သို့သော် ဒါကို ဘယ်လို ဖြေဖျောက်မလဲ။
အကယ်၍ ခင်ဗျားသည် ကိုယ့်ယုံကြည်မှု၊ ကိုယ့် အယူအဆ၊ ကိုယ့်အထင်အမြင် တွေဟာ အရေးအကြီးဆုံးလို့များ ထင်ခဲ့ရင်တော့... ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကိုယ့်အပေါ် မေးခွန်း ထုတ်လာတိုင်း ပေါက်ကွဲစွာ တုံ့ပြန်မိမှာပဲ။
ဒီလို ကိုယ့်ယုံကြည်မှု၊ ကိုယ့် အယူအဆတွေကို တမ်းတမ်းစွဲ ဖြစ်နေတာထက်... ခင်ဗျားကိုယ်တိုင်က စပြီး ဒါတွေကို ဒီလို မေးခွန်းထုတ်ကြည့် "ငါ့ဘဝမှာ ဒါတွေက တကယ်ရော အရေးကြီးပါရဲ့လား" လို့။
ဒီလို မေးခွန်းပြန်ထုတ်ပြီး ကိုယ့်ရပ်တည်မှုကို ကိုယ်ရှင်းရှင်းကြီး မြင်လိုက်ရင်တော့ ဒါသည်ပဲ ဒေါသ ချုပ်ဖို့ အကြောင်း ဖြစ်လာရတာပဲ။
ဘာမှ ကိုယ့်ဘဝအပေါ် အနှစ်သာရ မရှိတဲ့ ကိစ္စတွေ အပေါ်မှာ မိမိရဲ့ အလဟဿ တင်းခံနေမှု၊ တောင့်ခံထားမှု ပျော်ဆင်းသွားခြင်း၊ ပဋိပက္ခနဲ့ နာကျင်မှုတွေရဲ့ စတည်ရာ အကြောင်း ပျက်သုဉ်း သွားခြင်းပဲပေါ့။ အလွန် ရိုးသားစွာနဲ့ ပြတ်သားဖို့တော့ လိုတာပေါ့။
(ဘာသာပြန်)
မူရင်း အင်္ဂလိပ်စာဖြင့်
Cessation of anger | J. Krishnamurti
We have all, I am sure, tried to subdue anger but somehow that does not seem to dissolve it. Is there a different approach to dissipate anger?...
Anger may spring from physical or psychological causes. One is angry, perhaps, because one is thwarted, one’s defensive reactions are being broken down, or one’s security which has been carefully built up is being threatened, and so on.
We are all familiar with anger. How is one to understand and dissolve anger? If you consider that your beliefs, concepts, opinions, are of the greatest importance, then you are bound to react violently when questioned.
Instead of clinging to beliefs, opinions, if you begin to question whether they are essential to one’s comprehension of life, then through the understanding of its causes there is the cessation of anger.
Thus one begins to dissolve one’s own resistances which cause conflict and pain. This again requires earnestness.