DULSA

DULSA Dagon University Law student Association(DULSA) aims to bring law students from Myanmar together and

Myanmar Independence Dayဒီကနေ့ကတော့ မြန်မာနိုင်ငံဟာ နယ်ချဲ့များရဲ့ လက်အောက်မှ လွတ်မြောက်ခဲ့တဲ့နေ့ထူးတစ်ရပ်ဖြစ်ပါတယ်။ယနေ့...
04/01/2023

Myanmar Independence Day

ဒီကနေ့ကတော့ မြန်မာနိုင်ငံဟာ နယ်ချဲ့များရဲ့ လက်အောက်မှ လွတ်မြောက်ခဲ့တဲ့နေ့ထူးတစ်ရပ်ဖြစ်ပါတယ်။

ယနေ့ကျရောက်သော လွတ်လပ်ရေးနေ့မှစ၍ မြန်မာနိုင်ငံသူ/သားများအားလုံး ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ ဘေးရန်အပေါင်းမှ ကင်းဝေးခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆု‌မွန်ကောင်းတောင်းရင်း

စစ်မှန်သော လွတ်လပ်ခြင်းကို မျှော်လင့်လျှက် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုလိုက်ပါတယ်ခင်မျာ




See less

𝗛𝗔𝗣𝗣𝗬 𝗡𝗘𝗪 𝗬𝗘𝗔𝗥 ✨ 𝟮𝟬𝟮𝟯ပျော်ရွှင်သောနှစ်သစ်သို့ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းအပေါင်းနှင့် ပြီးပြည့်စုံသောနှစ်သစ်က...
31/12/2022

𝗛𝗔𝗣𝗣𝗬 𝗡𝗘𝗪 𝗬𝗘𝗔𝗥 ✨ 𝟮𝟬𝟮𝟯

ပျော်ရွှင်သောနှစ်သစ်သို့ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းအပေါင်းနှင့် ပြီးပြည့်စုံသောနှစ်သစ်ကို ပိုင်ဆိုင်ပါစေကြောင်း 𝐃𝐔𝐋𝐒𝐀 မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ့🙏





Happy Karen New Year ✨🎊
22/12/2022

Happy Karen New Year ✨🎊




𝙒𝙚’𝙧 𝙘𝙤𝙢𝙞𝙣𝙜 𝙗𝙖𝙘𝙠 𝙬𝙞𝙩𝙝 𝙏𝙝𝙚 2𝙣𝙙 𝙨𝙚𝙨𝙨𝙞𝙤𝙣 𝙤𝙛 𝙩𝙝𝙚 𝙇𝙚𝙜𝙖𝙡 𝘼𝙬𝙖𝙧𝙚𝙣𝙚𝙨𝙨 𝙍𝙖𝙞𝙨𝙞𝙣𝙜 𝙋𝙧𝙤𝙜𝙧𝙖𝙢🤩မြန်မာတနိုင်ငံလုံးရှိ ဥပဒေကျောင်းသား၊ကျောင်...
08/12/2022

𝙒𝙚’𝙧 𝙘𝙤𝙢𝙞𝙣𝙜 𝙗𝙖𝙘𝙠 𝙬𝙞𝙩𝙝 𝙏𝙝𝙚 2𝙣𝙙 𝙨𝙚𝙨𝙨𝙞𝙤𝙣 𝙤𝙛 𝙩𝙝𝙚 𝙇𝙚𝙜𝙖𝙡 𝘼𝙬𝙖𝙧𝙚𝙣𝙚𝙨𝙨 𝙍𝙖𝙞𝙨𝙞𝙣𝙜 𝙋𝙧𝙤𝙜𝙧𝙖𝙢🤩

မြန်မာတနိုင်ငံလုံးရှိ ဥပဒေကျောင်းသား၊ကျောင်းသူများသာမက
မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသများမှ ဥပဒေနှင့်ဆိုင်သော အသိပညာများအား စိတ်ဝင်စားသူများအတွက်
DULSA ကနေ ကျင်းပပြုလုပ်တဲ့ ❞𝗟𝗲𝗴𝗮𝗹 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝗥𝗮𝗶𝘀𝗶𝗻𝗴 𝗣𝗿𝗼𝗴𝗿𝗮𝗺❞ တစ်ဖန်ပြန်လည်ရောက်ရှိလာပါပြီ🤩🫶
ဒီတစ်ခါမှာတော့ ခေတ်ကာလအခြေအနေအရ ခိုးမှု၊ လုယက်မှု၊ ဓားပြမှု စတဲ့ အကြမ်းဖက်မှုတွေ ကြုံတွေ့လာတဲ့အခါ မိမိတို့အနေနဲ့ ဘယ်လိုကာကွယ်ခုခံနိုင်မလဲဆိုတာ သိရှိနားလည်စေဖို့အတွက်
❞𝙃𝙤𝙬 𝙩𝙤 𝙚𝙭𝙚𝙧𝙘𝙞𝙨𝙚 𝙩𝙝𝙚 𝙧𝙞𝙜𝙝𝙩 𝙩𝙤 𝙨𝙚𝙡𝙛 𝙙𝙚𝙛𝙚𝙣𝙨𝙚 𝙡𝙖𝙬𝙛𝙪𝙡𝙡𝙮❞
“ကာကွယ်ခုခံပိုင်ခွင့်ကြောင်း သိကောင်းစရာ” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲလေးကို စီစဉ်ထားပါတယ်👏

ဒီတော့ ကိုယ့်အနေနဲ့ မိမိအား ကိုယ်ထိလက်ရောက်စော်ကားသည်ဖြစ်စေ၊ နစ်နာအောင်ပြုမူလိုက်သည်ဖြစ်စေ ၊
ကိုယ်ကပြန်လည်ခုခံလိုက်တဲ့အခါ
ဘယ်လို နည်းတွေနဲ့ ခုခံကာကွယ်ရင် ဥပဒေအရ ပြစ်မှုဆိုင်ရာ တာဝန်ရှိမှုမှ ကင်းလွတ်ခွင့်ရမလဲမလဲ?

ကိုယ်ခုခံကာကွယ်လိုက်တဲ့နည်းက သာမန်ထပ် ထိခိုက်မှုဖြစ်ပေါ်တာဆို တစ်ဖက်လူကတရားစွဲရင်ကော ဥပဒေက ကိုယ့်ကို ဘယ်လိုကာကွယ်ပေးမလဲဆိုတာတွေ?

ကာကွယ်ခုခံပိုင်ခွင့်က အခွင့်အရေးလား။ ခြွင်းချက်လား။
တစ်ဖက်လူကို သေစေသည်အထိ ပြုလုပ်ခြင်းက ကာကွယ်ခုခံပိုင်ခွင့်အောက် အကျုံးဝင်နိုင်ပါသလား။

မိမိကိုယ်ကိုနှင့် မိမိပိုင်ပစ္စည်းကာကွယ်ခုခံပိုင်ခွင့်နဲ့သက်ဆိုင်တဲ့ သိထားသင့်သည့် အခြေခံအချက်အလက်များအား
သက်ဆိုင်ရာဥပဒေပုဒ်မများ၊ ဥပမာများနှင့်တကွ

တရားလွှတ်တော်ရှေ့နေဆရာကြီးဦးမြင့်သွင်မှ ဦးဆောင် ဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင့်။

𝐏𝐫𝐨𝐠𝐫𝐚𝐦 အသေးစိတ်အကြောင်းအရာများ🔺
🔰 ဥပဒေကျောင်းသား၊ကျောင်းသူများသာမက
မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသများမှ ဥပဒေနှင့်ဆိုင်သော အသိပညာများအား စိတ်ဝင်စားသည့်မည်သူမဆို တက်ရောက်နိုင်ပါသည်။
🔰𝗥𝗲𝗴𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 𝗙𝗼𝗿𝗺 မှ သင်တန်းသူ/သား (၂၅)ယောက် သာစိစစ်ရွေးချယ်သွားမည်။
🔰မိမိလျှောက်ထားချိန်မှစ၍ Commitment အပြည့်ပေးနိုင်သူများသာလျှောက်ထားပေးပါရန်။

𝗥𝗲𝗴𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 𝗙𝗼𝗿𝗺👇
https://forms.gle/EXicsJEjPdwtnGYz8

လူဦးရေကန့်သတ်ထားသည့်အတွက် 𝗥𝗲𝗴𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 အမြန်ဆုံးဝင်ရောက်လျှောက်ထားဖို့အတွက် တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ့🙋‍♂️
Title - “How to exercise the right to self defense lawfully”
“ကာကွယ်ခုခံပိုင်ခွင့်ကြောင်း သိကောင်းစရာ”
𝐃𝐚𝐭𝐞 - 17.12.2022 (Saturday)
𝐓𝐢𝐦𝐞 – 9:30 am to 3:00 pm
𝐕𝐞𝐧𝐮𝐞-𝐙𝐨𝐨𝐦 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦
🔺𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞 - 14.12.2022 (11:59 PM )

ရွေးချယ်ခံရသူ သင်တန်းသား၊သူ (၂၅) ယောက်ကိုတော့ DULSA ဘက်မှ Mail ပို့ပြီး ပြန်လည်ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်ဗျာ့💌
ဥပဒေပညာစိတ်ဝင်စားသူများ အားလုံးကို 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦 လေးမှာ အတူတကွ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ့



Study at NYCU School of Law: International Students Admission Information Session Event ဥပဒေပညာရပ်ကို ထိုင်ဝမ်နိုင်ငံတွင...
28/11/2022

Study at NYCU School of Law: International Students Admission Information Session Event

ဥပဒေပညာရပ်ကို ထိုင်ဝမ်နိုင်ငံတွင်ဆက်လက် ဆည်းပူးသင်ယူလိုပါသလား။ သင်ယူလိုတယ်ဆိုရင်တော့ ဒီအစီအစဉ်လေးက သင့်အတွက် အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။

ယနေ့ မိတ်ဆက်ပေးသွားမယ့်Webinarဟာဆိုရင် ထိုင်၀မ်နိုင်ငံရှိ အထင်ကရ တက္ကသိုလ်များထဲမှ တစ်ခုဖြစ်သော National Yang Ming Chiao Tung University (NYCU) ၏ School of Law မှ Professorများက NYCU School of Law တွင် တက်ရောက်သင်ယူနိုင်မည့် ပညာရပ်ဆိုင်ရာအစီအစဉ်များ၊ သင်တန်းများနှင့် တက်ရောက်လိုသည့်ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကျောင်းဝင်ခွင့်ရရှိရန် ပြင်ဆင်ထားဖို့လိုအပ်သည့်အချက်များ၊ ပညာသင်ဆုဆိုင်ရာအချက်အလက်များနှင့် အခြားသောအကြောင်းအရာတွေကိုလည်း ဆွေးနွေးပြောပြပေးသွားမှာ ဖြစ်ပါတယ်ရှင့်။

ဒီWebinarမှာဆိုရင်တော့ NYCUတွင် တက်ရောက်ရန် စိတ်ပါဝင်စားသည့် မြန်မာ ဥပဒေကျောင်းသား၊ ကျောင်းသူများအနေဖြင့် သိရှိလိုသည့် အချက်အလက်များကို အသေးစိတ်မေးမြန်းနိုင်မှာ ဖြစ်ကြောင်းကိုလည်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။

Webinar တစ်ခုလုံးကို အင်္ဂလိပ်ဘာသာစကားကိုသာ အသုံးပြုသွားမှာဖြစ်တာကြောင့် စိတ်ပါ၀င်စားသည့် ကျောင်းသား‌ကျောင်းသူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားနိုင်ဖို့လည်းသတင်းပါးလိုက်ရပါတယ်ရှင့်။

Webinar ကိုတော့ ဒီဇင်ဘာလ ၂၀ရက်နေ့မှာပြုလုပ်သွားမှာဖြစ်ပြီး
Platform အနေဖြင့် Webex online မှတစ်ဆင့်ကျင်းပသွားမည် ဖြစ်ကြောင်းကိုလည်း တစ်ပါတည်း အမှာစကားပြုလိုက်ပါတယ်ရှင့်။

အသေးစိတ်အစီအစဉ်
Date - December 20, 2022.
Time - 19:00 - 21:00 ( GMT +8)
[ 17:30 in Myanmar time GMT +6:30]
Venue - Webex online

စိတ်ပါ၀င်စားတဲ့ ကျောင်းသား၊ကျောင်းသူများ အနေဖြင့် အောက်ပါ Link မှ တစ်ဆင့်လျှောက်ထားနိုင်ပြီး ရွေးချယ်ခံရသူများကို Emailမှတစ်ဆင့်ပြန်လည် အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်ရှင့်။
လျှောက်လွှာများကို ဒီဇင်ဘာလ ၁၅၊၂၀၂၂၊ ည၁၂ထိသာ လက်ခံသွားမှာဖြစ်ပြီး လူဦးရေအကန့်အသတ်ရှိတာကြောင့်အမြန်ဆုံးလျှောက်ထားဖို့ကိုလည်း အကြံပြုပါတယ်ရှင့်။

https://forms.gle/VuGBPTzn663Ff9Ef9

About NYCU School of Law

Located beside “Taiwan’s Silicon Valley,” NYCU Law’s development strategies value globalization and interdisciplinary learning to respond to the high technology industry’s legal demands. The law school is one of the most sought-after resources by both public and private sectors in Taiwan. The excellence and reputation that the law school has achieved in the past decade is unsurpassed across the nation. Our full-time faculty members, who hold doctorate degrees from distinguished universities around the world, are enthusiastic about teaching and research. We also have more than 30 adjunct faculty members from Taiwan and other countries consisting of scholars, experienced judges, prosecutors, attorneys, and entrepreneurs. Together, we provide a full-spectrum of learning opportunities for our students. Every year we offer many courses taught in English. Our curriculum covers many American fundamental and advanced courses and global legal studies.
Foreign students have the opportunity to participate in joint programs or externships in Taiwan and other partner institutions. Many alumni work at high technology enterprises or law firms in the United States, Hong Kong, or other countries around the world. Our law school has six fields of expertise:
Intellectual Property Rights and Knowledge Venture, Business Law and
White-Collar Crime, Gender Equality, Labor Rights and Social Justice, Biotech and Health Law, Transnational Law and International Negotiation, Information and Communication Law.
Please kindly click the links to know about our NYCU.
https://www.youtube.com/watch?app=desktop&v=KoUIVvKuwaM

https://www.youtube.com/results?search_query=national+yang+ming+chiao+tung+university



📣📣 Hello အားလုံးကို DULSA က‌နေ ထပ်မံသတင်းကောင်းပါးလိုပါတယ်ခင်ဗျာ့။🤩🙆⏰ 𝐒𝐞𝐱𝐮𝐚𝐥 𝐕𝐢𝐨𝐥𝐞𝐧𝐜𝐞 𝐀𝐠𝐚𝐢𝐧𝐬𝐭 𝐕𝐮𝐥𝐧𝐞𝐫𝐚𝐛𝐥𝐞 𝐆𝐫𝐨𝐮𝐩𝐬 ခေါင်းစဉ...
19/11/2022

📣📣 Hello အားလုံးကို DULSA က‌နေ ထပ်မံသတင်းကောင်းပါးလိုပါတယ်ခင်ဗျာ့။🤩🙆

⏰ 𝐒𝐞𝐱𝐮𝐚𝐥 𝐕𝐢𝐨𝐥𝐞𝐧𝐜𝐞 𝐀𝐠𝐚𝐢𝐧𝐬𝐭 𝐕𝐮𝐥𝐧𝐞𝐫𝐚𝐛𝐥𝐞 𝐆𝐫𝐨𝐮𝐩𝐬 ခေါင်းစဉ်နဲ့ ပြုလုပ်သွားမှာဖြစ်တဲ့ Penal Discussion ရဲ့ 𝙍𝙚𝙜𝙞𝙨𝙩𝙧𝙖𝙩𝙞𝙤𝙣 𝘿𝙚𝙖𝙙𝙡𝙞𝙣𝙚 ကို တစ်ရက် ပိုမိုတိုးမြင့်‌ပေးလိုက်ကြောင်းကြေညာလိုက်ပါတယ်ဗျ။⏳

DULSA ကနေပြီးတော့ 22.11.2022 Tuesday မှာပြုလုပ်သွားမှာဖြစ်တဲ့ Panel Discussionကို Gender နဲ့ Sexual Violence အပေါ် စိတ်ဝင်စား‌‌လေ့လာလိုသူတွေ ပိုမိုလျှောက်ထားနိုင်ရန်အတွက် ယခင် ⏰𝙍𝙚𝙜𝙞𝙨𝙩𝙧𝙖𝙩𝙞𝙤𝙣 𝘿𝙚𝙖𝙙𝙡𝙞𝙣𝙚 19.11.2022 အား 20.11.2022 ရက်နေ့ ည 12နာရီမတိုင်ခင်အထိ လျှောက်ထားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ဗျ။🤗

For more details :

https://www.facebook.com/597840400370456/posts/2372973296190482/?mibextid=Nif5oz



ယခုလိုကာလအတွင်းမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများဟာ Vulnerable Groups ဆိုသည့်အတိုင်း အမျိုးသမီး/ ကလေးသူငယ်/ LGBT++ မျ...
15/11/2022

ယခုလိုကာလအတွင်းမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများဟာ Vulnerable Groups ဆိုသည့်အတိုင်း အမျိုးသမီး/ ကလေးသူငယ်/ LGBT++ များအပေါ် များစွာ ဖြစ်ပွားလျက်ရှိပါတယ်✅

ယခု "𝗦𝗲𝘅𝘂𝗮𝗹 𝗩𝗶𝗼𝗹𝗲𝗻𝗰𝗲 𝗔𝗴𝗮𝗶𝗻𝘀𝘁 𝗩𝘂𝗹𝗻𝗲𝗿𝗮𝗯𝗹𝗲 𝗚𝗿𝗼𝘂𝗽𝘀" Panel Discusionမှာ တရားလွှတ်တော်ရှေ့နေ ဆရာကြီးဦးမြင့်သွင်၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဆရာမတစ်ဦးနှင့် LGBT အရေးတက်ကြွလှုပ်ရှားသူ ဆရာတစ်ဦးအား ဖိတ်ခေါ်ပြီးစီစဉ်ထားပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုတာ ဘာတွေလဲ။
ဘယ်သူတွေက ဘယ်လိုပုံစံနဲ့ တွေ့ကြုံခံစားနေရသလဲ။
နိုင်ငံတကာ စံနှုန်းတွေနှင့် ပြည်တွင်းဥပဒေတွေကကော နစ်နာခံစားခဲ့ရသူများအပေါ် အမှန်တကယ် အကာအကွယ်ပေးနိုင်ရဲ့လား။
ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်သလဲ။
မိမိပတ်ဝန်းကျင်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လျော့နည်းဖို့ ဘာတွေ လုပ်ဆောင်သင့်သလဲ။
.... စသည့်အချက်များအား အဓိကထား၍ ဆွေးနွေးသွားမှာ ဖြစ်တဲ့အတွက် လက်မလွှတ်သင့်တဲ့ ပွဲလေးတစ်ပွဲဖြစ်ပါသည်။🙋‍♂️

🔰 ဥပဒေကျောင်းသား၊ကျောင်းသူများသာမက
ဥပဒေနှင့်ဆိုင်သော အသိပညာများအား စိတ်ဝင်စားသည့်မည်သူမဆို တက်ရောက်နိုင်ပါသည်။
🔰𝗥𝗲𝗴𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 𝗙𝗼𝗿𝗺 မှ သင်တန်းသူ/သား (၃၀)ယောက် သာစိစစ်ရွေးချယ်သွားမည်။
🔰မိမိလျှောက်ထားချိန်မှစ၍ Commitment အပြည့်ပေးနိုင်သူများသာလျှောက်ထားပေးပါရန်။
𝗥𝗲𝗴𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 𝗙𝗼𝗿𝗺
shorturl.at/gOT37

လူဦးရေကန့်သတ်ထားသည့်အတွက် 𝗥𝗲𝗴𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 အမြန်ဆုံးဝင်ရောက်လျှောက်ထားဖို့အတွက် တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ့🙋‍♂️
𝐃𝐚𝐭𝐞 - 22.11.2022
𝐓𝐢𝐦𝐞 – 1:00 am to 3:00 pm
𝐕𝐞𝐧𝐮𝐞-𝐙𝐨𝐨𝐦 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦
🔺𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞 - 20.11.2022 (11:59PM)

ရွေးချယ်ခံရသူ (30) ဦးကိုတော့ DULSA ဘက်မှ Mail ပို့ပြီး ပြန်လည်ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်ဗျာ့💌
ဥပဒေအသိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်အား ကာကွယ်နိုင်ဖို့ ဆွေးနွေးပွဲလေးကို လာရောက်ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ့🙋‍♂️💕



Happy Diwali Day🪔ယနေ့ကျရောက်သော ဒီပါဝလီနေ့ (ခေါ်) ဒေဝါလီနေ့ အခါသမယတွင်မြန်မာပြည်သူ ပြည်သားများအားလုံး ကိုယ်စိတ်နှစ်ပါးအေ...
24/10/2022

Happy Diwali Day🪔

ယနေ့ကျရောက်သော ဒီပါဝလီနေ့ (ခေါ်) ဒေဝါလီနေ့ အခါသမယတွင်
မြန်မာပြည်သူ ပြည်သားများအားလုံး ကိုယ်စိတ်နှစ်ပါးအေးချမ်းနိုင်ကြပါစေ။

ဘေးအန္တရာယ်အပေါင်းမှလည်း ကင်းဝေးကြပါစေလို့ DULSA မှ ဆုတောင်းမေတ္တာပို့အပ်လိုက်ပါတယ်ရှင်




"အဘိဓမ္မာအခါတော်နေ့"ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား🙏ယနေ့ကျရောက်သော် "အဘိဓမ္မာအခါတော်နေ့" တွင် (၇) သားသမီးအ...
09/10/2022

"အဘိဓမ္မာအခါတော်နေ့"

ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား🙏
ယနေ့ကျရောက်သော် "အဘိဓမ္မာအခါတော်နေ့" တွင် (၇) သားသမီးအပေါင်း၏ ငြိမ်းချမ်းမှု၊ အေးချမ်းမှုများ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်အပ်ပါသည်🌤️



𝙊𝙣𝙡𝙮 𝙏𝙬𝙤 𝘿𝙖𝙮𝙨 𝙡𝙚𝙛𝙩 𝙩𝙤 𝙖𝙥𝙥𝙡𝙮 ‼️အားလုံးပဲ မင်္ဂလာပါခင်ဗျာ့🙋‍♂️ကျွန်တော်တို့ မကြာသေးခင်က မိတ်ဆက်ပေးခဲ့တဲ့ ဥပဒေဆောင်းပါးပြို...
04/10/2022

𝙊𝙣𝙡𝙮 𝙏𝙬𝙤 𝘿𝙖𝙮𝙨 𝙡𝙚𝙛𝙩 𝙩𝙤 𝙖𝙥𝙥𝙡𝙮 ‼️

အားလုံးပဲ မင်္ဂလာပါခင်ဗျာ့🙋‍♂️

ကျွန်တော်တို့ မကြာသေးခင်က မိတ်ဆက်ပေးခဲ့တဲ့ ဥပဒေဆောင်းပါးပြိုင်ပွဲဟာဆိုရင် လျှောက်လွှာပိတ်ရက် နီးကပ်လို့လာပါပြီ⏳

ယခုပြိုင်ပွဲဟာဆိုရင် မိမိတို့ရေးသားမယ့် ဆောင်းပါးကို နည်းစနစ်ကျကျရေးစွမ်းနိုင်ရန် ပြိုင်ပွဲမတိုင်ခင်မှာ Training Series ရှိသွားမှာဖြစ်ပါတယ်ဗျာ့။

ဒါ့အပြင် Training ရက်ပြီးတဲ့အခါမှာ သင်တန်းသူ/သားများက လက်တွေ့အသုံးချပြီး ပြိုင်ပွဲအတွက်သတ်မှတ်ထားတဲ့ ဥပဒေရှူထောင့်မှ တစ်ဦးချင်းစာမူဖြင့် ဥပဒေဆောင်းပါးရေးသားခြင်းပြိုင်ပွဲဖြစ်ပါတယ်။

ဥပဒေဆောင်းပါး ရေးသားခြင်းပြိုင်ပွဲမှာ ပါဝင်ပြီးတော့ ဥပဒေ စိတ်ဝင်စားတဲ့သူမည်သူမဆို-

- ဥပဒေဆိုင်ရာ သုတေသနပြုခြင်း လုပ်ငန်းစဉ်တွေကို ရင်းနှီး ကျွမ်းဝင်လာနိုင်ခြင်း။
- စီရင်ထုံးများနှင့် ဥပဒေဆိုင်ရာအကိုးအကားများကို ရှာဖွေလေ့လာနိုင်စွမ်း ပိုမို‌ အားကောင်းလာနိုင်ခြင်း အပြင်
- ဥပဒေ အသိပညာဗဟုသုတတွေကိုပါ တိုးပွါးလာနိုင်ပါသေးတယ်🤭💜

ဒါကြောင့် ဥပဒေကို စိတ်ဝင်စားပြီး ဥပဒေနဲ့ ပတ်သက်တဲ့ ဗဟုသုတ အကြောင်းအရာများကို သိရှိလိုသူ၊ စိတ်ဝင်စားသူမဆို ပါဝင်နိုင်တဲ့ အစီစဥ်လေးဘဲဖြစ်ပါတယ်ဗျာ🤩

ပြိုင်ပွဲ၏အသေးစိတ် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ့ 👇

https://www.facebook.com/597840400370456/posts/2328780500609762/

ဒါနဲ့ သုတေသနလုပ်တာ အားကောင်းတဲ့ ဥပဒေဆိုင်ရာ ဆောင်းပါးပညာရှင်တွေ ပေါ်ပေါက်လာစေဖို့အတွက် တခြားစိတ်ဝင်စားသူတွေထံကိုလည်း မျှဝေပေးဖို့ ပြောချင်ပါတယ်ခင်ဗျာ့🙆‍♂️



The wait is over, registration is opened now‼️ဥပဒေစိတ်ဝင်စားတဲ့သူတိုင်း ပါဝင်နိုင်မယ့် အစီအစဉ်ကောင်းတစ်ခုကို 𝐷𝑈𝐿𝑆𝐴 က ဖော...
27/09/2022

The wait is over, registration is opened now‼️

ဥပဒေစိတ်ဝင်စားတဲ့သူတိုင်း ပါဝင်နိုင်မယ့် အစီအစဉ်ကောင်းတစ်ခုကို 𝐷𝑈𝐿𝑆𝐴 က ဖော်ပြထားသည့်အတိုင်း ယူဆောင်လာခဲ့ပါပြီ🎉

ဒီတစ်ခါမှာတော့ မိမိတို့ရဲ့တွေးခေါ်ဆန်းစစ်နိုင်ခြင်း၊ လေ့လာသင်ယူနိုင်ခြင်းနဲ့ မျှဝေသုံးသပ်နိုင်ခြင်း စတဲ့အရည်အသွေးတွေကိုအကောင်းမွန်ဆုံးချပြနိုင်ခွင့်၊သင်ယူလေ့လာခွင့်ရရှိစေမယ့် ပထမဦးဆုံးသော "Legal Article Writing Competition" ကြီးပဲဖြစ်ပါတယ်🏆

"Legal Article Writing Competition" ဆိုပေမယ့် မတူခြားနားတဲ့ပြိုင်ပွဲတစ်ခု၊ အကျိုးသက်ရောက်မှု အားကောင်းစေမယ့်အစီအစဉ်တစ်ခု၊ အရည်အချင်းတိုးတက်မှုအတွက် အပြည့်အဝအာမခံပေးနိုင်တဲ့အစီအစဉ်တစ်ရပ်အနေနဲ့ ပေါ်ပေါက်လာစေဖို့ အကောင်းဆုံးကြိုးစားပေးထားတာ ဖြစ်တဲ့အတွက် စိတ်ဝင်စားမိပြီဆိုတာနဲ့ အကျိုးများစေမှာ အသေအချာပါပဲ😊
"Legal Article Writing Competition"နဲ့ပက်သက်လို့ ဒီပွဲအမျိုးအစားကဘယ်လိုလဲ?၊ ဘာတွေစီစဉ်ထားတာလဲ?ဘယ်သူတွေပါဝင်လို့ရမလဲ?ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မှာလဲ?
ပုံအောက်တွင်အသေးစိတ်ဖော်ပြပေးထားပါသည်။

စိတ်ဝင်စားပြီး လျှောက်ထားလိုသူများ အနေဖြင့် အောက်ဖော်ပြပါ Registration Form ကနေ အမည်စာရင်း တင်သွင်းနိုင်ပြီ ဖြစ်ပါတယ်…
https://forms.gle/LgDW1vQztMsBmRZa9

*Participants Limited to 20 မလို့ 2 ခါပြန် မစဥ်းစားဘဲ စာရင်းသွင်းလိုက်တော့နော်*

Detail Info can be read through this link -

https://drive.google.com/file/d/1EaNCsRhjOhy25HzDRhR9tLQ8wnZ1gBcS/view?usp=drivesdk



Stay tuned‼️It's getting near. 🕛𝐷𝑈𝐿𝑆𝐴 ကနေ မကြာခင်မှာ စိတ်ဝင်စားစရာကောင်းတဲ့ အစီစဥ်သစ်တစ်ခုနဲ့ ထပ်မံမိတ်ဆက်‌ကြေငြာပေးသွား...
25/09/2022

Stay tuned‼️

It's getting near. 🕛
𝐷𝑈𝐿𝑆𝐴 ကနေ မကြာခင်မှာ စိတ်ဝင်စားစရာကောင်းတဲ့ အစီစဥ်သစ်တစ်ခုနဲ့ ထပ်မံမိတ်ဆက်‌ကြေငြာပေးသွားဖို့ရှိပါတယ်🤩

ဒါဆို ဒီပွဲက
ပြိုင်ပွဲလား? 🤔
သင်တန်းလား? 🤔
စကားဝိုင်းဆွေနွေးပွဲလား? 🤔
ဘာဖြစ်မလဲ မှန်းကြပေးပါဗျာ့❓

ကျွန်တော်တို့ဟာ အချိန်တော်တော်များများ Lost Way ဖြစ်ခဲ့ကြပြီးပါပြီ။
ဒါ‌ကြောင့် DULSAကနေ အားလုံးအတွက်အကျိုးရှိစေမယ့် အစီအစဉ်သစ်တွေကို အမြဲစဉ်းစားပြီး စီစဉ်နေပါတယ်ဗျာ 🤗
ဥပဒေကို စိတ်ပါဝင်စားတဲ့ မည်သူမဆို ပါဝင်လျှောက်ထားနိုင်မယ့် အစီစဥ်များစွာကို ထပ်မံစီစဉ်ထားပါတယ်လို့ သတင်းကောင်းပေးပါရစေ💜

ကိုယ့်ရဲ့ အားလပ်တဲ့အချိန်တွေအတွက် တကယ်ကို အကျိုးရှိစေမယ့် ပွဲလေးတစ်ခုကို ခုလာမယ့်လတွေအတွင်း ပြုလုပ်တော့မှာဖြစ်တာကြောင့် မျက်ခြေမပြတ်မိစေနဲ့နော့်😉

ဒီတော့ သင်က ဥပဒေအကြောင်းအရာများနှင့် အဆက်သွယ်မပြတ်ရှိနေချင်သူလား❓
ဒါဆို 𝐷𝑈𝐿𝑆𝐴ကနေ ကြိုဆိုပါစေ🙆‍♂️

အစီစဥ်သစ်ကို မကြာခင် ဖော်ပြပေးသွားမှာဖြစ်တာကြောင့် ကျွန်တော်တို့ 𝐷𝑈𝐿𝑆𝐴 𝑃𝑎𝑔𝑒 ကို အမြဲအပျက် စောင့်ကြည့်ပေးစေလိုကြောင်းဖို့ အသိပေးအပ်ပါတယ်ခင်ဗျာ့🙋‍♂️



Address

Yangon

Website

Alerts

Be the first to know and let us send you an email when DULSA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DULSA:

Share