Protect Yourself - TLP

Protect Yourself - TLP Legal Advice means Peace of Mind. Everyone Deserves Legal Protection. Protect yourself and your family with our easy and affordable Legal Services (Thailand).

ဘတ်ရိုက်ခြင်း (ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်ခွင့်)----------------------------------------------Thailand ရောက် ရွှေမြန...
24/06/2024

ဘတ်ရိုက်ခြင်း (ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်ခွင့်)
----------------------------------------------

Thailand ရောက် ရွှေမြန်မာ 🇲🇲 များအတွက် ယခု ဆိုရင် ထိုင်း အစိုးရ ကနေ ပြီး ဘတ်ဖွင့် ပေးတော့ မယ်ဆိုတာလေးနဲ့ပက်သက်ပြီး Service အပ်ချင်သူများ အတွက်။

💯💯ယုံကြည်စိတ်ချ ရပြီး ထိုင်းနိုင်ငံ တွင် လက်ရှိ Legal Services တွေ ပေးနေတဲ့ Company (Thai Legal Protection Co., Ltd) မှ လုပ်ဆောင်ပေးမှာ ဖြစ်သည့် အတွက် ကျနော်တို့ ရွှေ မြန်မာများအနေဖြင့် အခြား မလိုအပ်သည့် လိမ်လည်မှု ပြဿနာများ အတွက် ခေါင်းရှုပ်ခံစရာ မလို အပ်တော့ပါဘူး ခဗျ။ 💯💯

ဘတ်ရိုက်ခြင်း လုပ်ငန်းစဉ် နှင့်ပက်သက် သည့် အချက် များကို Step by Step Sharing လေး လုပ်ပေးချင်ပါတယ်ခဗျ။

ဘတ်ရိုက်ခြင်းရဲ့ လုပ်ငန်းစဉ်များ
———————————————-

✅1. အစိုးရကဘတ်ဖွင့်ချိန်က ဘတ်ဖွင့်ပြီး ၁၅ ရက်အတွင်း စာရင်းတင်ရတာမျိုးမို့ ခုတည်းက နာမည်စာရင်းယူထားရခြင်းဖြစ်ပါတယ်။
ဘတ်ဖွင့်ရက်မှ ပေးမယ်ဆိုမမီတော့တာမို့ အမြန်စာရင်းပေးဖို့လိုပါမယ်။
‼️ (အစိုးရအတွင်းသတင်းများအရ ၇ လပိုင်း နောက်လထဲ ဖွင့်ဖို့များပါတယ်လို့ သိထားပါတယ်)

✅2. ဘတ်ဖွင့်တာနဲ့ အမည်စာရင်းသွင်းပြီးထားရင်‌ တော့ တစ်လအတွင်း အမည်စာရင်းကျလာပါတယ်၊ ( name list) အမည်စာရင်းမှာ မိမိစာရင်းတင်ထားတဲ့ ဓါတ်ပုံ၊ မွေးသက္ကရာဇ်၊ အသက်နှင့်အတူ permit code ရယ်၊ QR Code ရယ်၊ ကျလာပါတယ်။ မိမိရဲ့ အချက်လက်မှန်ကန်မှုရှိမရှိစစ်ပါ။

✅3. Name list ကျပြီး ၄၅ ရက်အတွင်း သွေးစစ်ရပါမယ်။

▶️Name list မှာ ကိုယ့်အချက်အလက်ပါပြီးရင် ၂၀% တရားဝင်နေထိုင်နေပြီလို့ ယူဆလို့ရပါပြီ။
နောက်တစ်ဆင့်က အလုပ်လုပ်ခွင့်ပါ။

✅4. သွေးစစ်ပြီး အာမခံလည်းရပြီးပြီဆို အလုပ်လုပ်ခွင့် အတွက် ဆက်လုပ်ရပါတယ်။ သူဌေးရှိပြီးသား (အလုပ်ရပြီးသား) ဆို တစ်နှစ်စာ 11000 ဘတ်လောက် နဲ့ သူဌေးအငှါးဆို13000 ဘတ်လောက် အပြီးစီးကျပါတယ်။

✳️Thai legal protection တစ်နှစ်စာ ဝန်ဆောင်မှု့ တစ်ခါတည်းရရှိပါမယ်။ ဒါကြောင့် တစ်နှစ်အတွင်း စိတ်ချမ်းချမ်းသာသာ ကိုယ်ကြိုက်တဲ့ သဌေးဆီမှာ သို့ ကိုယ်ပိုင်အလုပ်တွေ လုပ်နေယုံပါဘဲ။ နောက် သူများကိုယ့်ကို အနိုင်ကျင့်မှာ၊ လစာမရမှာ၊ ငွေညစ်တာ၊ legal ဆိုင်ရာပြဿနာ ၊ visa ဆိုင်ရာပြဿနာများ၊ ဘာကိစ္စဘဲဖြစ်ဖြစ် Legal professional advisors တွေက မိသားစုလိုကူညီပေးသွားမှာပါ။)✳️

✅5. နောက်ဆုံးအဆင့်ကတော့ လူကိုယ်တိုင်လာကိုလာရမယ့်အဆင့်ပါ။ လူစုပြီး အေးဂျင့်နဲ့အတူ သတ်မှတ်ပေးထားတဲ့နယ်မြေလဝကရုံးမှာ မျက်လုံး scan ဖတ်၊ လက်ဆယ်ချောင်း လက်ဗွေနှိပ်ပြီး immigration stamp နဲ့အတူ WP ရလာပါပြီ။ ဒါဆို သင်ဟာ ထိုင်းမှာ ၅၀% တရားဝင်နေထိုင်နိုင်ပါပြီ။ အလုပ်တချို့ကလည်း ဒီအချက်အလက်ရရင် လက်ခံပါပြီ။

✅ဒီအထိကို ၆ လလောက်အထိကြာပါတယ်။

အထက်ဖော်ပြပါ Service နဲ့ ပက်သက်ပြီး စိတ်ဝင်စားပါက ဆက်သွယ်လိုပါက Page Messanger မှ ဆက်သွယ်လို့ ရပါတယ်ခဗျ။

ဆက်သွယ်ရန်ဖုန်း-
+959763492512
+66957482142


#ဘတ်ရိုက်ခြင်း

Address

Yangon
11011

Alerts

Be the first to know and let us send you an email when Protect Yourself - TLP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share