MRESA Web Portal
MRESA Web Portal မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှု အသင်းကြီး (Myanmar Real Estate Services Association - MRESA) ၏ WebPortal ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းမှ ညွှန်ကြားချက် အမှတ် (၁/၂၀၁၉) ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ ရက်စွဲဖြင့် ...
02/01/2020
မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းမှ ညွှန်ကြားချက် အမှတ် (၁/၂၀၁၉) ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ ရက်စွဲဖြင့် အောက်ပါအတိုင်း ထုတ်ပြန် ကြေငြာခဲ့ပါသည်။ (Unicode)
Myanmar Real Estate Services Association Regulation No. (1/2019)
02/01/2020
Myanmar Real Estate Services Association Regulation No. (1/2019)
20/11/2019
✅ဈေးနှုန်း - 8 သိန်းခွဲ
✅ မြို့နယ် - မရမ်းကုန်း
✅ အကျယ် - 3000 Sqft
🏠----------------------------------------------------------------🏠
🏠 မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက် ရွှေနှင်းဆီလမ်းသွယ် ခြံဝင်းတွင်း ကား(၃)စီး ခန့် ထားနိုင်သော လုံးချင်းအိမ်ရောင်းမည်။ 🏠 (Zawgyi)
✅ဈေးနှုန်း - 8 သိန်းခွဲ
✅ မြို့နယ် - မရမ်းကုန်း
✅ အကျယ် - 3000 Sqft
ℹ️အသေးစိတ်အချက်အလက်စုံစမ်းရန် - http://goo.sg/c/i/ee949400
🆓အခမဲ့ ကြော်ငြာတင်ရန် - http://goo.sg/c/i/d5cd6c2b
ℹ️See more at - www.mresa-myanmar.com
20/11/2019
✅ဈေးနှုန်း - သိန်း 330
✅ အကျယ် - 935 Sqft
🏠----------------------------------------------------------------🏠
🏠 မြောက်ဥက္ကလာပမြို့နယ် (၂)ရပ်ကွက် (ဘုန်းကြီးလမ်းမီးပွိုင့်အနီး) တတိယထပ် (၄လွှာ) ရောင်းမည်။ 🏠 (Zawgyi)
✅ဈေးနှုန်း - သိန်း 330
✅ မြို့နယ် - မြောက်ဥက္ကလာ
✅ အကျယ် - 935 Sqft
ℹ️အသေးစိတ်အချက်အလက်စုံစမ်းရန် - http://goo.sg/c/i/82ec2956
🆓အခမဲ့ ကြော်ငြာတင်ရန် - http://goo.sg/c/i/d5cd6c2b
ℹ️See more at - www.mresa-myanmar.com
20/11/2019
✅ဈေးနှုန်း - သိန်း 450
✅ အကျယ် - 972 Sqft
🏠----------------------------------------------------------------🏠
🏠 မြောက်ဥက္ကလာပမြို့နယ် ဝဇီရာလမ်းသွယ် (မှတ်တိုင်အနီး) BCC ကျပြီး ပထမထပ်ရောင်းမည်။ 🏠 (Zawgyi)
✅ဈေးနှုန်း - သိန်း 450
✅ မြို့နယ် - မြောက်ဥက္ကလာ
✅ အကျယ် - 972 Sqft
ℹ️အသေးစိတ်အချက်အလက်စုံစမ်းရန် - http://goo.sg/c/i/a3377671
🆓အခမဲ့ ကြော်ငြာတင်ရန် - http://goo.sg/c/i/d5cd6c2b
ℹ️See more at - www.mresa-myanmar.com
15/11/2019
✅ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ဆောင်ရွက်၍ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ရောင်းချရန် စီစဉ်✅(Zawgyi)
✅-----------------------------------------------------------------------✅
✅ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ဆောင်ရွက်၍ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ရောင်းချရန် စီစဉ်✅(Unicode)
✅တည်ဆောက်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ခန်းများကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအကြား အချိုးကျခွဲဝေ ရောင်းချပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဖိတ်ခေါ်ဆောင်ရွက်ကာနိုင်ငံဝန်ထမ်းအငြိမ်းစားများကို ရောင်းချရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။
✅ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုသည် ငါးနှစ်မှ ရှစ်နှစ်အတွင်းသာရှိသည့်အတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
✅“ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရေးမှာ ဖိတ်ခေါ်ဖို့ ဆန္ဒရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေက ရင်းနှီးမြှုပ်နှံမှုကို ငါးနှစ်ကနေ ရှစ်နှစ်လောက်ပဲ ပေးနိုင်တဲ့အခြေအနေ ရှိပါတယ်။ ဒီတိုက်ခန်းတွေကို ဝယ်ယူနေထိုင်မည့် ပြည်သူတွေက အရစ်ကျပေးရမယ်ဆိုရင် တန်ဖိုးပမာဏများပြားနိုင်ပါတယ်။ ဒီတန်ဖိုးပမာဏများပြားခြင်းက သူတို့ရဲ့ နေ့စဉ်ဝင်ငွေနဲ့ ယှဉ်တွက်မယ်ဆိုရင် အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒီတန်ဖိုးနည်းအိမ်ရာတွေကို အရစ်ကျပေးချေတဲ့နေရာမှာ သူတို့ လစာငွေကနေ ဘယ်လောက်ပေးချေနိုင်သလဲ ဆိုတာကို တွက်ချက်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ဆိုရင် တန်ဖိုးနည်းအိမ်ရာတွေကို ၁၅ နှစ်ကနေ အနှစ် ၂၀ လောက်လာပြီး ရင်းနှီးမြှုပ်နှံသူကို ဖိတ်ခေါ်လိုပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
✅ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုရရှိပါက အစိုးရမှ စနစ်တကျ ရောင်းချပေးနိုင်ရန်ဖြစ်ကြောင်း၊ သို့မှသာ ရန်ကုန်တွင် လာရောက်လုပ်ကိုင်နေသူများ ရွှေ့ပြောင်းလုပ်သားများ အခက်အခဲအမျိုးမျိုးကြောင့် ရန်ကုန်တွင် ရောက်ရှိနေသူများအတွက် ယင်းကဲ့သို့ အခွင့်အလမ်း ဖန်တီးပေးနိုင်ရန် ကြိုးပမ်းနေကြောင်း၊ အဆင့်တစ်ခုသို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ အမြန်ဆုံးဆောင်ရွက်နိုင်ရန် မြေပေးပြီး ဆောင်ရွက်နိုင်မည့်နည်းလမ်းကို ကြိုးပမ်းနေပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
✅“အခုမြေကို ဆိုက်ထည့်ပေးနိုင်ပြီး ဒီပေါ်မှာအိမ်ရာကို ချေးငွေစနစ်တစ်ခုနဲ့ ဆောင်ရွက်နိုင်ဖို့အတွက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
✅ရန်ကုန်တိုင်းအတွင်း တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်မည့် ကုမ္ပဏီများကို ဖိတ်ခေါ်ရန် အစီအစဉ်ရှိကြောင်း၊ တန်ဖိုးအိမ်ရာများသည် ရန်ကုန်တိုင်းအတွင်း များစွာလိုအပ်ကြောင်း၊ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မည့် ဧရိယာအတွင်း မြေတန်ဖိုးအား မယူဘဲ တည်ဆောက်နိုင်ရန် ပြင်ဆင်နေကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
😲လူနေတိုက်ခန်းများ ပြိုကျပျက်စီးလျှင် အခန်းပိုင်ရှင် အတွက် ပိုင်ဆိုင်မှု အာမခံချက်မရှိ😲 (Zawgyi)✅အထပ်မြင့်လူနေအိမ်တိုက်ခန...
15/11/2019
😲လူနေတိုက်ခန်းများ ပြိုကျပျက်စီးလျှင် အခန်းပိုင်ရှင် အတွက် ပိုင်ဆိုင်မှု အာမခံချက်မရှိ😲 (Zawgyi)
http://goo.sg/c/i/7b6d6a30
✅-----------------------------------------------------------------------✅
😲လူနေတိုက်ခန်းများ ပြိုကျပျက်စီးလျှင် အခန်းပိုင်ရှင် အတွက် ပိုင်ဆိုင်မှု အာမခံချက်မရှိ😲 (Unicode)
✅အထပ်မြင့်လူနေအိမ်တိုက်ခန်းများ မြေငလျင်၊ မီး အစရှိသည့် သဘာဝဘေး အန္တရာယ်များကြောင့် ပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့လျှင် တိုက်ခန်းပိုင်ရှင်များအတွက် ပိုင်ဆိုင်မှုအာမခံချက်မရှိဘဲ လုံးဝ ဆုံးရှုံးမည်ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်ဦးစိုင်းခွန်နောင်က ပြောကြားခဲ့သည်။
✅” ဥပဒေမှာပါတာက အခန်းကအပျောက်ဝယ်ထားတာပေါ့နော်၊ မြေနဲ့ မဆိုင်ဘူး။ မြေပိုင်ဆိုင်မှုက အချိုးကျမပါ တဲ့အခါကျတော့ တကယ်ဥပဒေအရ ပြောရရင် ငလျင်လှုပ်လို့ပြိုသွားတယ်၊ မီးဘေးကြောင့် ပြိုသွားတယ်ဆိုရင် ဒီအပျောက်ဝယ်ထားတဲ့အခန်းရဲ့ ပိုင်ဆိုင်မှုရပိုင်ခွင့်က သုညဖြစ်သွားပြီး”ဟု ၎င်းက ပြောသည်။
✅ထိုသို့သောအခြေအနေဖြစ်ပေါ်ခဲ့လျှင် တိုက်ခန်းပိုင်ရှင်များအနေဖြင့် မြေပိုင်ရှင်နှင့် ညှိနှိုင်းပြေလည်ပါက အဆောက်အဦးအသစ် ပြန်လည်ဆောက်လုပ်ရန်အတွက် ကျသင့်ငွေကို အချိုးကျထည့်ဝင်၍ အခန်းပိုင်ဆိုင်ခွင့်အတွက် ဆောင်ရွက်နိုင်ကြောင်း၊ ဥပဒေအရ အဆောက်အဦ ပြိုကျပျက်စီးသွားပါက မူလမြေရှင်ကသာ ပြန်လည်ပိုင်ဆိုင်မည်ဖြစ်ကြောင်း ဦးစိုင်းခွန်နောင်က ဆက်လက်ပြောဆိုသည်။
✅အိမ်ခြံမြေနှင့်ပတ်သက်၍ ဥပဒေအကျိုးဆောင်လုပ်ကိုင်ပေးနေသည့် အထက်တန်းရှေ့နေ တစ်ဦးကလည်း”အထပ်မြင့်အဆောက်အအုံတွေ မြေပြိုလို့ပဲဖြစ်ဖြစ်၊ တခုခုကြောင့်ပြိုကျရင် အခန်းပိုင်ရှင်တွေမှာ ဘာရပိုင်ခွင့်မှမရှိဘူး။ ဘာကြောင့်လဲဆိုတော့ မူလမြေပိုင်ရှင်က မြေကိုပိုင်တာ။ သူတို့က လေပေါ်က တိုက်ခန်းကိုပိုင်တာ။ လေပေါ်ကတိုက်ခန်းမရှိတော့ရင် သူတို့ပိုင်ဆိုင်မှုမရှိတော့ဘူး ”ဟု ဆိုသည်။
✅ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတွင် မြေအောက်ရေကို ထုတ်ယူသုံးစွဲနေသည့် အထပ်မြင့်အဆောက်အဦးများ အရေအတွက်များပြားလာပါက မြေပြိုခြင်းများ ဖြစ်လာနိုင်ကြောင်း၊ တောင်ဥက္ကလာ၊ တာမွေ၊ သင်္ဃန်းကျွန်းမြို့နယ်များတွင် အထပ်မြင့်ကန်ထရိုက်တိုက်ဆောက်လုပ်မှု အများဆုံးဖြစ်ပြီး ကန်ထရိုက်တိုက်အများစုသည် မြေအောက်ရေကိုသာ အသုံးပြုလျက်ရှိကြောင်း သိရသည်။
✅အဝီစိတွင်းတူရန် တစ်တွင်းနှင့်တစ်တွင်း အကွာအဝေးပေ ၁၅ဝ ခန့်သတ်မှတ်ထားသော်လည်း ကန်ထရိုက်တိုက် ဆောက်လုပ်သူအချို့သည့် အဆိုပါအကွာ အဝေးကိုလိုက်နာခြင်းမရှိကြောင်း၊ ရန်ကုန်မြို့တွင် ကတ္တရာ၊ ကွန်ကရစ်လမ်းများခင်းထားမှုကြောင့် မိုးရွာလျှင်မြေအောက်သို့ ရေရောက်ရန်ခက်ခဲကြောင်း၊ မြေအောက် ရေထုတ်ယူမှုများပြားလာလျှင်ကတော့ ပုံလိုဏ်ခေါင်းများဖြစ်ပြီး မြေပြိုခြင်းများဖြစ်နိုင်ကြောင်း၊ ရန်ကုန်မြို့တွင်နေ့စဉ် ရေဂါ လန် သန်း ၂၅ဝ နီးပါး ပေးဝေးနေသော်လည်း လုံလောက်မှုမရှိသည့်အပြင် ရေဆုံး ရှုံးမှုရှိနေပြီး အများစုမှာ မြေအောက်ရေကို ထုတ်ယူသုံးစွဲနေရကြောင်း သိရသည်။
http://goo.sg/c/i/7b6d6a30
✅-----------------------------------------------------------------------✅
❌ သတ်မှတ်ချက် မပြည့်မီပါက ကွန်ဒိုအဆောက်အအုံအဖြစ်မှ ပယ်ဖျက်မည် ❌✅ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံကြီးကြပ်ရေးကော်မတီမှေ...
11/11/2019
✅------------------------------------------------------------------------✅
❌ သတ်မှတ်ချက် မပြည့်မီပါက ကွန်ဒိုအဆောက်အအုံအဖြစ်မှ ပယ်ဖျက်မည် ❌
✅ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံကြီးကြပ်ရေးကော်မတီမှ ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲ ကွန်ဒိုမီနီယံ တိုက်ခန်းများကို ကွန်ဒိုမီနီယံ အဆောက်အအုံ အဆင့်ရှိ၊ မရှိယခုနှစ်မကုန်ခင် နိုင်ဝင်ဘာလအတွင်း စိစစ်ပြီး သတ်မှတ်ချက်မပြည့်မီပါက ကွန်ဒိုအဆောက်အအုံအဖြစ်မှပယ်ဖျက်မည်ဖြစ်ကြောင်း သိရသည်။စီမံကိန်း ၂၄ ခုရှိရာတွင် ၁၅ ခု လောက်ကစတင်နေပြီဖြစ်ကြောင်း၊အခန်းတွင်း တန်ဖိုးကိုတွက်ချက်ပြီး အကြမ်းဖျင်းတွဲတင်ရမှာဖြစ်ကြောင်း၊ ခံဝန်ထိုးပြီးလျှင်လိုအပ်သည်များကိုစိစစ်ပြီး ကွန်ဒိုမီနီယံကြီးကြပ်ရေး ကော်မတီ၏ ဆုံးဖြတ်ချက်နှင့် စတင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
✅ကွန်ဒိုမီနီယံဥပဒေကို အကောင်အထည်ဖော်နိုင်ရန် ကြီးကြပ်ရေးကော်မတီရှိရန်အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ဆောက်လုပ်ရေးဝန်ကြီး ဌာနမှရန်ကုန်တိုင်းဒေသကြီး၏ ကွန်ဒိုမီနီယံနှင့် ပတ်သက်သော ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
✅ကွန်ဒိုများမှာ အနည်းဆုံး ခြောက်ထပ်နှင့် အထက်ရှိရမည်ဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ၂၀ဝဝဝ စတုရန်းပေ အထက်ရှိသော မြေပေါ်တွင် တည်ဆောက်ထားရမည်ဖြစ်ကြောင်း၊ကွန်ဒိုဥပဒေသစ်အရ မြေပိုင်ရှင်တစ်ဦးတည်းအမည်ပေါက် မဟုတ်တော့ဘဲ စီမံခန့်ခွဲရေးကော်မတီထံတွင် ယင်းမြေကို အပ်နှံရမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်ပိုင်မြေ မှ အများပိုင်မြေအဖြစ်လွှဲပြောင်းရမည်ဖြစ်ကြောင်း သိရသည်။
↗↗↗အိမ်ခြံမြေများဈေးတက်လာသော်လည်း အရောင်းအဝယ်များ အေးလျှက်ရှိ ↗↗↗(Zawgyi)✅ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း ၂၀၁၅ ခုနှစ်မ...
11/11/2019
↗↗↗အိမ်ခြံမြေများဈေးတက်လာသော်လည်း အရောင်းအဝယ်များ အေးလျှက်ရှိ ↗↗↗(Zawgyi)
ℹ️Source : AkonThi
ℹ️
ℹ️
✅------------------------------------------------------------------✅
↗↗↗အိမ်ခြံမြေများဈေးတက်လာသော်လည်း အရောင်းအဝယ်များ အေးလျှက်ရှိ ↗↗↗(Unicode)
✅ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း ၂၀၁၅ ခုနှစ်မှ စတင်၍ ဈေးနှုန်းအကျဘက်သို့ ဦးတည်နေရာမှ လက်ရှိ အချိန်တွင် ဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်လာနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင် သူများထံမှ သိရသည်။ယင်းကဲ့သို့ ဈေးနှုန်းများ တက်လာသော်လည်း အရောင်းအဝယ်ပိုင်းတွင် အေးစက်နေဆဲ ဖြစ်နေသေးကြောင်းလည်း သိရသည်။
✅အိမ်ခြံမြေဈေးကွက်အတွင်း ကျပ်သိန်းတစ်ထောင်အောက် တိုက်ခန်းနှင့် မြေကွက်များသာ အရောင်းအဝယ်ဖြစ်ပေါ်နေပြီး စမ်းချောင်း၊ ကြည့်မြင်တိုင်၊ တောင်ဥက္ကလာပ၊ မရမ်းကုန်း၊ သာကေတ၊ ဒဂုံဆိပ်ကမ်းစသည့် မြို့နယ်များတွင် အရောင်းအဝယ်ဖြစ်ပေါ်နေလျှက်ရှိကြောင်းသိရသည်။
✅ဈေးကွက်အတွင်း ယခုနှစ် အစပိုင်းအထိ ဈေးနှုန်းနှင့် အရောင်းအဝယ်ပိုင်းကျဆင်းနေခဲ့ပြီး ဇူလိုင်လမှ စတင် ကာ အရောင်းအဝယ်ပြန်လည်ဖြစ်ပေါ်လာခဲ့ကြောင်း ထိုကဲ့သို့အရောင်းအဝယ် ပြန်လည်ဖြစ်ပေါ် လာရခြင်းမှာ လည်း အစိုးရပိုင်းမှ အခွန်နှုန်းထားများအား လျှော့ချပေးလိုက်သည့်အတွက် အိမ်ခြံမြေဈေးကွက်အတွင်း အ ရောင်းအဝယ်များ ပြန်လည်အသက်ဝင်လာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။
✅“ပြည်တွင်းငွေကြေး လှည့်ပတ်မှုအား နည်းပါးနေတဲ့အတွက် ပြည်သူတွေ စီးပွားရေးကျဆင်းနေတာတွေကြောင့် အိမ်ခြံမြေဈေးကွက်အတွင်းမှာ ဈေးနှုန်းအမြင့်ပိုင်းတွေအရောင်းအဝယ်နည်းပါးနေပြီးတော့ သိန်းရာ ဂဏန်းလောက်ဘဲရှိတဲ့ နေရာတွေမှာ အရောင်းအဝယ်ပြန်လိုက်နေတယ်” ဟု ဦးသန်းဦးက ပြောသည်။
✅သီတင်းကျွတ်ကာလကျော်လွန်လာပြီဖြစ်သည့်အတွက် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ပိုင်း အနည်းငယ်ပြန်လည်လှုပ်ရှားလာခြင်းဖြစ်ပြီး လက်ရှိဈေးနှုန်းပိုင်းအနေဖြင့် ပြန်လည်ကာ ကျဆင်းသွားနိုင်သည့် အရိပ်အရောင်မတွေ့ရကြောင်း သိရသည်။
✅“ဈေးနှုန်းပိုင်းကတော့ ကျသွားဖို့ သိပ်မမြင်ဘူး။ မတက်ရင်သာ မတက်မှာ ပြန်ကျဖို့တော့ မဖြစ်နိုင်ဘူး။ အခု အရောင်းအဝယ်တွေကလည်း ပြန်ပြီးတော့ ကောင်းလာနေတယ်လို့ ဆိုရမယ်။ ဘာဖြစ်လို့ ဈေးမကျနိုင် ဘူးလဲ ဆိုရင် အခွန်နှုန်းထားတွေ လျှော့ချလိုက်တဲ့အတွက် ကြောင့်ပါ။” လို့ သစ္စာအိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းမှ ကိုမင်းဇော်က ပြောသည်။
ℹ️Source : AkonThi
ℹ️
ℹ️
ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း ၂၀၁၅ ခုနှစ်မှ စတင်၍ ဈေးနှုန်းအကျဘက်သို့ ဦးတည်နေရာမှ လက်ရှိ အချိန်တွင် စေ
08/11/2019
Source : Myanmar Harp
🏠--------------------------------------------------------------------------🏠
🔔ကျူးကျော်နေထိုင်သူများအတွက် တိုင်းအစိုးရကပေးမည့် အိမ်ရာစီမံကိန်းများကို လျှပ်စစ်မီးကူညီထောက်ပံ့ပေးမည့် YESC🔔(Zawgyi)
✅ရန်ကုန်တိုင်းအစိုးရက ချထားပေးမည့် ကျူးကျော်နေထိုင်သူများအတွက် အိမ်ရာစီမံကိန်းများကို YESC က လျှပ်စစ်မီးကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့ တာဝန်ရှိတဲ့သူတွေနဲ့ ဆွေးနွေးပြီးတာနဲ့ တပြိုင်နက် လျှပ်စစ်ပံ့ပိုးပေးနိုင်ဖို့ စီစဉ်သွားမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်လျှပ်စစ်ဓါတ်အား ဖြန်ဖြူးရေးကော်ပိုရေးရှင်း အထွေထွေမန်နေဂျာ ဦးဆန်းဌေးက ပြောသည်။
🔔ပုသိမ်တံတားအမှတ်(၂) စီမံကိန်းဧရိယာတွင် ပါဝင်သော မြေယာများကို စိစစ်ပြီး လျော်ကြေးပေးမည်🔔
✅ကျူးကျော်များသာ နေရေးအခက်အခဲရှိသူအားလုံးကို တိုင်းအစိုးရက ကျပ်သိန်း ၃၀ တန် အိမ်ရာစီမံကိန်းများ ချထားပေးရာတွင် လျှပ်စစ်မီးရရှိရေးအတွက် မီးကြိုး၊မီးတိုင် ၊မီးလိုင်းများ လိုက်လံဆောင်ရွက်ပေးရန် ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ခွင့်ပြုချက်ရရှိသည် နှင့် တစ်ပြိုင်နက်ဓါတ်အားခွဲရုံများဆောက်လုပ်ကာ နှင့် ယင်းနေရာများတွင် လျှပ်စစ်မီးရရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။
✅ယင်းစီမံကိန်းကို ယခုနှစ်အတွင်း အပြီးဆောင်ရွက်သွားမည် ဖြစ်ပြီး ဒဂုံ မြို့သစ် ၄ မြို့နယ်၊လှိုင်သာယာ နှင့်ရွှေပြည်သာတို့တွင် အိမ်ခြေတစ်သိန်းခန့် ဖော်ဆောင်သွားရန် စီစဉ်နေကြောင်းသိရသည်။
Source : Myanmar Harp
08/11/2019
✅ဈေးနှုန်း - သိန်း 3500
✅ မြို့နယ် - အမရပူရ
✅ အကျယ် - 209524 Sqft
🏠----------------------------------------------------------------🏠
🏠 မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ဟံမြင့်မိုလ် ကုလရွာနှင့်သံရွာကြား ဥယျဉ်ခြံမြေ အမြန်ရောင်းမည်။ 🏠 (Unicode)
✅ဈေးနှုန်း - သိန်း 3500
✅ မြို့နယ် - အမရပူရ
✅ အကျယ် - 209524 Sqft
ℹ️အသေးစိတ်အချက်အလက်စုံစမ်းရန် - http://goo.sg/c/i/a00fc7a1
🆓အခမဲ့ ကြော်ငြာတင်ရန် - http://goo.sg/c/i/d5cd6c2b
ℹ️See more at - www.mresa-myanmar.com
07/11/2019
(Zawgyi)
🏠--------------------------------------------------------------------------🏠
😓" အခုထိ ရောင်းမထွက်သေးဘူးလား(အိမ်ခြံမြေ) "😓
(Zawgyi)
🙏ဟုတ်ကဲ့ပါ လူကြီးမင်းတို့ရဲ့ အိမ်ခြံမြေများကို မြန်မြန်နဲ့ ရောင်းထွက်/ ငှားဖြစ် စေချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ အိမ်ခြံမြေ ဝက်ဆိုဒ်မှာ(MresaWebPortal) ယုံကြည်စိတ်ချစွာ လာရောက်🔔 ကြော်ငြာတင်ဖို့ အကြံပေးပါရစေ။ 🙏
↗↗တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ တစ်နေ့ တစ်နေ့ အိမ်ဝယ်/ အိမ်ငှားဖို့ ရှာနေတဲ့ကြတဲ့ Customer တွေက အိမ်ခြံမြေများကို လွယ်လွယ်ကူကူနဲ့ စိတ်ကြိုက်ရှာလို့ရနိုင်တဲ့ နည်းလမ်းတွေကိုဘဲ ရွေးချယ်ကြပြီး ရှာဖွေကြမှာ အမှန်ပါ။ ထို့ကြောင့် လွယ်လွယ်ကူကူနဲ့ စိတ်ကြိုက်ရှာလို့ရနိုင်တဲ့ ကျွန်တော်တို့ အိမ်ခြံမြေ ကြော်ငြာဝက်ဆိုဒ်မှာ Register(အခမဲ့) လုပ်ပြီး လာရောက် ကြော်ငြာတင်ဖို့ ဖိတ်ခေါ်ပါရစေ ခင်ဗျာ။🙏
👏လူကြီးမင်းတို့ရဲ့ ရောင်းမထွက်သေးတဲ့/ အငှားမထွက်သေးတဲ့ အိမ်ခြံမြေများကို အခုဘဲ Register လုပ်ပြီး ကြော်ငြာတင်လိုက်ပါ။👏
📱ဆက်သွယ်မေးမြန်းရန် - 09681005444, 09681006444
Address
No. 53, 7th Floor , Shwe Yadanar Street
Yangon
11041
Opening Hours
Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Telephone
+959681005444
Alerts
Be the first to know and let us send you an email when MRESA Web Portal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to MRESA Web Portal:
Share
Category