Legal Clinic Myanmar

Legal Clinic Myanmar Let's promote and protect basic legal rights in Myanmar.

With a far-reaching goal of intervening in the situation in locality, legal and policy framework, Legal Clinic Myanmar strives to maintain its status as a rights and justice-based organization which builds on legal capacity and understanding of the community and bridging the community with the regional, national and international legal understandings and international norms. With the dire need to

inject democratic principles and human rights norms into the local community and decision makers, the first step towards realizing the goal is to mobilize civilians, equip them with necessary legal knowledge tools and make them help their own community to stop violations. In order to do so, Legal Clinic Myanmar is going to mobilize the community people and upgrade their legal knowledge to the extent that they can utilize their knowledge to educate their fellow citizens, help them build social capital and activate their social networks. LEGAL CLINIC MYANMAR is playing a unique role not only in promoting and strengthening the rule of law, democracy and human rights in Myanmar by providing legal awareness trainings and paralegal trainings but standing for violated and unjustly treated people, especially for women and girls in the court and providing free legal aid services such as Legal Counseling & Consultation, Legal Mediation and Negotiation and Legal Representation and social support for them by strengthening the cooperation with other legal organizations or law firms since 2011 are also as the unique of LCM. As Myanmar is in her transition towards democratization, its constitution grants the rights of citizenship, but most citizens are unaware of their rights and how to protect their rights using legal mechanisms. Thus, Legal Clinic Myanmar decided to promote citizens' awareness regarding their legally protected rights and to provide legal aid services and break the silence of citizens whose rights have been violated and treated unjustly in the sector of land, women, child, labor and internal displaced persons with the vision that " every citizen's legal rights will be secured through the enforcement of the rule of law".

ကလေးတွေ အလုပ် လုပ်ခွင့်ရှိလား??၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေ အရ Child Labour နဲ့ ပတ်သက်ပြီး မျှဝေပေးချင်ပ...
21/08/2026

ကလေးတွေ အလုပ် လုပ်ခွင့်ရှိလား??

၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေ အရ Child Labour နဲ့ ပတ်သက်ပြီး မျှဝေပေးချင်ပါတယ်…

ဆိုင်များနှင့် အလုပ်ဌာနများတွင် ကလေးသူငယ်များကို အလုပ်ခိုင်းစေခြင်းနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေတွင် အသက်အုပ်စုအလိုက် တိကျသည့် ပြဋ္ဌာန်းချက်များ ချမှတ်ထားရှိပါသည်။ အလုပ်ရှင်များအနေဖြင့် ဥပဒေပါ စည်းကမ်းချက်များကို တိကျစွာ လိုက်နာရန် လိုအပ်ပြီး ဖောက်ဖျက်ပါက ပြစ်ဒဏ်များ ချမျတ် ခံရနိုင်ပါသည်။

📌အသက် ၁၄ နှစ်အောက် ကလေးများ

ဆိုင် သို့မဟုတ် အလုပ်ဌာနမည်သည့်နေရာတွင်မဆို အလုပ်လုပ်ခွင့် အလုံးစုံ တားမြစ်ထားပြီး မည်သူ့ကိုမျှ အလုပ်ခိုင်းစေခြင်း လုံးဝ မပြုလုပ်ရပါ။

📌အသက် ၁၄ နှစ်ပြည့်ပြီး ၁၆ နှစ်မပြည့်သေးသူများ

❗️ကျန်းမာရေးစစ်ဆေးချက်အရ အလုပ်လုပ်ရန် သင့်တော်ကြောင်း ဆရာဝန်၏ ထောက်ခံချက် ရှိရပါမည်။
❗️တစ်ရက်လျှင် ၄ နာရီထက် ပို၍ အလုပ်မလုပ်ရပါ။
❗️အချိန်ပို (Overtime) ဆင်းခွင့် လုံးဝမရှိပါ။
❗️ညဉ့် ၆ နာရီမှ နံနက် ၆ နာရီအတွင်း အလုပ်ခိုင်းစေခြင်း မပြုရပါ။
❗️ဆိုင် သို့မဟုတ် အလုပ်ဌာနတစ်ခုတွင် အလုပ်လုပ်ပြီးပါက အခြားနေရာ၌ ထပ်မံခိုင်းစေခွင့် မရှိပါ။

📌အသက် ၁၆ နှစ်ပြည့်ပြီး ၁၈ နှစ်မပြည့်သေးသူများ

သက်ဆိုင်ရာလုပ်ငန်းအလိုက် အသက်မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက်အောင်မြင်ပြီးသူဖြစ်ခြင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များကို နားလည်သိရှိလိုက်နာနိုင်သူဖြစ်ခြင်း၊ ကျန်းမာ ကြံ့ခိုင်သူဖြစ်ခြင်းတို့နှင့်ပြည့်စုံသူများအား ဘေးအန္တရာယ်ကင်းရှင်းပြီး ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် စိတ်ဓာတ်ကို မထိခိုက် စေနိုင်သည့်လုပ်ငန်းများတွင် အလုပ်လုပ်ရန်သင့်လျော်ကြောင်း တာဝန်ခံလက်မှတ်ထုတ်ပေးသည့် ဆရာဝန်၏ ထောက်ခံ ချက်ဖြင့် လုပ်ကိုင်ခွင့်ပြုနိုင်ပါတယ်။

📌အသက် ၁၈ နှစ်မပြည့်သေးသူများကို -
အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသောလုပ်ငန်း (သို့) လုပ်ငန်းခွင်တွင် အလုပ် လုပ်ခွင့်မပြုရပါဘူး။

⚠️အထက်ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက အလုပ်ရှင်အား အောက်ပါအတိုင်း အရေးယူဆောင်ရွက်နိုင်သည်-

ပြစ်ဒဏ်များ⚖️
👉🏻ခြောက်လထက်မပိုသော ထောင်ဒဏ် (သို့မဟုတ်)
👉🏻အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ အထိ ငွေဒဏ် (သို့မဟုတ်)
👉🏻ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ပါသည်။

ကလေးသူငယ်များ၏ အနာဂတ်နှင့် ဘေးကင်းလုံခြုံရေးကို ကာကွယ်ရန်အတွက် အလုပ်ရှင်များအနေဖြင့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အထူးဂရုပြု လိုက်နာကြရန် လိုအပ်ပါသည်။

#ဥပဒေအကူအညီ ရယူလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ကျွန်ုပ်တို့ထံမှ အခမဲ့ အကူအညီရယူနိုင်ပါသည်။

#ဖုန်းနံပါတ် ၀၉၂၆၆၆၈၄၄၄၈, ၀၉၂၆၆၆၈၄၄၄၉

(Strategic Litigation) ၏ အခန်းကဏ္ဍမဟာဗျူဟာမြောက် တရားစွဲဆိုခြင်း ဆိုင်ရာ အကြောင်းအရာများကို ယမန်နေ့က ဖော်ပြခဲ့ပြီး ဖြစ်၍...
20/08/2026

(Strategic Litigation) ၏ အခန်းကဏ္ဍ

မဟာဗျူဟာမြောက် တရားစွဲဆိုခြင်း ဆိုင်ရာ အကြောင်းအရာများကို ယမန်နေ့က ဖော်ပြခဲ့ပြီး ဖြစ်၍ ယခုအခါ မဟာဗျူဟာမြောက် တရားစွဲဆိုခြင်းများက လူ့အခွင့်အရေး နယ်ပယ်တွင်အဘယ်ကြောင့် အရေးပါလာရသည်ကို အဓိက အချက် (၄) ချက်ဖြင့် အောက်ပါအတိုင်း လေ့လာနိုင်ပါသည် -

၁။ ဥပဒေစနစ်ကို ပြုပြင်ပြောင်းလဲခြင်း (Legal Reform)
တရားရုံး၏ ဆုံးဖြတ်ချက် သို့မဟုတ် အထက်တရားရုံးများ၏ စီရင်ချက်များသည် နိုင်ငံတစ်နိုင်ငံ၏ ဥပဒေ မူဘောင်များကိုပါ ပြောင်းလဲသွားစေနိုင်စွမ်းရှိသည်။
လက်ရှိ ဥပဒေတစ်ရပ်သည် ခေတ်နှင့်မကိုက်ညီတော့ခြင်း၊ သို့မဟုတ် လူ့အခွင့်အရေး စံချိန်စံညွှန်းများကို ဆန့်ကျင်နေခြင်းရှိပါက ဤကဲ့သို့ တရားစွဲဆိုမှုများက ဥပဒေကို ပြင်ဆင်ရန် သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရန် သက်ဆိုင်ရာ အာဏာပိုင်များကို တရားဝင် ဖိအားပေးနိုင်ပါသည်။

၂။ အများပြည်သူ၏ သတိပြုမိမှုကို မြှင့်တင်ခြင်း (Public Awareness)
တရားရင်ဆိုင်မှုများနှင့် အမှုဖြစ်ပွားစဉ် ကာလအတွင်း မီဒီယာများနှင့် ပြည်သူ့ကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ၊ ဝေဖန်သုံးသပ်မှုများ ဖြစ်ပေါ်လာတတ်သည်။
ဤသို့သော လူထုပါဝင်ဆွေးနွေးမှုများက လူအများကြားတွင် မိမိတို့၏ အခွင့်အရေးများနှင့် ပတ်သက်သော ဗဟုသုတများကို အလိုအလျောက် မြှင့်တင်ပေးပြီး လူ့အဖွဲ့အစည်းအတွင်း အသိတရား ပိုမိုနိုးကြားလာစေပါသည်။

၃။ မူဝါဒနှင့် အဖွဲ့အစည်းဆိုင်ရာ အလေ့အထများ ပြောင်းလဲစေခြင်း (Policy & Institutional Change)
တရားစွဲဆိုမှုများသည် ဥပဒေတစ်ရပ်တည်းကိုသာမက အစိုးရဌာနဆိုင်ရာများ၊ အဖွဲ့အစည်းအသီးသီး၏ လက်တွေ့ကျင့်သုံးနေသော လုပ်ထုံးလုပ်နည်းများကိုပါ ပစ်မှတ်ထား ပြုပြင်နိုင်စွမ်းရှိသည်။
အထူးသဖြင့် လူမျိုးရေး၊ ကျား, မ ရေးရာ သို့မဟုတ် အခြားသော ခွဲခြားဆက်ဆံတတ်သည့် အလေ့အထများနှင့် အဖွဲ့အစည်းဆိုင်ရာ မူဝါဒများကို တရားရုံးမှတစ်ဆင့် တားဆီးပြင်ဆင်စေနိုင်ပါသည်။

၄။ ထိခိုက်ခံစားရသူများအတွက် စုပေါင်းအသံဖော်ဆောင်ပေးခြင်း
တစ်ဦးတည်းသော ရပ်တည်ချက် သို့မဟုတ် ငွေကြေးနှင့် အင်အား အကန့်အသတ်များကြောင့် တရားရင်ဆိုင်ရန် မဖြစ်နိုင်သော အခြေအနေမျိုးတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးရှေ့နေများက ကျောထောက်နောက်ခံပြုပေးကြသည်။

ဤနည်းဖြင့် တစ်ဦးတစ်ယောက်တည်း ခံစားနေရသော မတရားမှုများကို စုပေါင်းအားဖြင့် တွန်းလှန်ကာ တရားမျှတမှုကို ရှာဖွေဖော်ထုတ်ပေးနိုင်ကြပါသည်။

နိဂုံးချုပ်အားဖြင့် မဟာဗျူဟာမြောက် တရားစွဲဆိုခြင်းသည် တရားခွင်အတွင်း အနိုင်အရှုံး ရရှိရေးသက်သက်ထက် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ အနာဂတ်အတွက် တရားမျှတမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အုတ်မြစ်ချပေးနိုင်သည့် အဓိက မောင်းနှင်အားတစ်ခုပင် ဖြစ်ပေသည်။

ဤဆောင်းပါးနှင့် ပတ်သက်၍ ထပ်မံသိရှိလိုသည်များ ရှိပါက comment တွင်မေးမြန်း နိုင်ပါသည်။

#ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)

📚မဟာဗျူဟာမြောက် တရားစွဲဆိုခြင်း 🖌️တရားဥပဒေဆိုသည်မှာ လူ့အဖွဲ့အစည်းအတွင်း တရားမျှတမှုကို ဖော်ဆောင်ရန်အတွက် အဓိကကျသော မဏ္ဍိ...
19/08/2026

📚မဟာဗျူဟာမြောက် တရားစွဲဆိုခြင်း 🖌️

တရားဥပဒေဆိုသည်မှာ လူ့အဖွဲ့အစည်းအတွင်း တရားမျှတမှုကို ဖော်ဆောင်ရန်အတွက် အဓိကကျသော မဏ္ဍိုင်တစ်ခု ဖြစ်သည်။

သို့သော်လည်း တရားစွဲဆိုမှုတိုင်းသည် သက်ဆိုင်သူများအချင်းချင်း အငြင်းပွားမှုကို ဖြေရှင်းရန်အတွက် သက်သက် သာ ဖြစ်နေပါသလား⁉️

📌ဤနေရာတွင် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ အပြောင်းအလဲကို ဦးတည်သည့် မဟာဗျူဟာမြောက် တရားစွဲဆိုခြင်း အကြောင်းကို ဆွေးနွေးတင်ပြလိုပါသည်။

Strategic Litigation ဆိုသည်မှာ တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် သီးသန့်အမှုတစ်ခုတည်းကိုသာ အနိုင်ယူရန်အတွက် ရည်ရွယ်တရားစွဲဆိုခြင်း မဟုတ်ပါ။ ယင်းအစား လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် သက်ရောက်မှုရှိမည့် ဥပဒေမူဘောင်များ၊ မူဝါဒများနှင့် ခေတ်မမီတော့သော လူမှုရေးအလေ့အထများကိုပါ အပြုသဘောဆောင် ပြောင်းလဲစေရန် ရည်ရွယ်၍ အထူးရွေးချယ် ဆောင်ရွက်သော တရားစွဲဆိုမှုပုံစံ တစ်ရပ် ဖြစ်ပါသည်။ ဤနည်းလမ်းသည် တစ်ဖက်တွင် တရားခွင်အတွင်း အနိုင်ရရှိရေးကို ရှေးရှုသကဲ့သို့၊ တစ်ဖက်တွင်လည်း ကျယ်ပြန့်သော လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်ရန် တွန်းအားတစ်ခုအဖြစ် လုပ်ဆောင်ပါသည်။

⁉️သာမန်တရားစွဲဆိုမှုများနှင့် မဟာဗျူဟာမြောက် တရားစွဲဆိုမှုတို့ ဘယ်လိုကွာခြားလဲ🤔

သာမန်တရားစွဲဆိုမှုများနှင့် မဟာဗျူဟာမြောက် တရားစွဲဆိုမှုတို့သည် လုပ်ဆောင်သည့် နယ်ပယ်နှင့် ရည်မှန်းချက်ချင်း အလွန်ကွာခြားကြသည်။ သာမန်အမှုများသည် တရားလိုနှင့် တရားပြိုင်ကြားရှိ ပုဂ္ဂိုလ်ရေးနစ်နာမှု၊ စာချုပ်ဖောက်ဖျက်မှု၊ ငွေကြေး သို့မဟုတ် ပိုင်ဆိုင်မှုအငြင်းပွားမှုကို ဖြေရှင်းရန် အဓိကထားကြပြီး အကျိုးသက်ရောက်မှုမှာလည်း သက်ဆိုင်သူ အစုအဖွဲ့ သို့မဟုတ် တစ်ဦးချင်းအပေါ်တွင်သာ တိုက်ရိုက်တည်ရှိသည်။

မဟာဗျူဟာမြောက်အမှုများမှာမူ တစ်ဦးချင်းအကျိုးထက် အများပြည်သူအကျိုးကို ဦးတည်ကြပြီး ဥပဒေအသစ်ပေါ်ထွက်လာစေရန်၊ မှားယွင်းနေသော ဥပဒေများကို ပြင်ဆင်စေရန် သို့မဟုတ် ပယ်ဖျက်စေရန် ရည်ရွယ်ကာ တစ်ဦးတည်းသော နစ်နာသူ၏ ပြဿနာထက် အလားတူ ခံစားနေရသူ သန်းပေါင်းများစွာအတွက် စံနမူနာပြ ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာစေရန် ရည်မှန်းကြသည်။

မဟာဗျူဟာမြောက် တရားစွဲဆိုမှုများတွင် အဓိကရည်မှန်းချက်များကို အကောင်အထည်ဖော်ကြရာ၌ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးမှုကို မြှင့်တင်ရန်အတွက် ဥပဒေအောက်တွင် အားလုံးတန်းတူညီမျှရှိရေးနှင့် အခြေခံအခွင့်အရေးများကို အပြည့်အဝ အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်ကြသည်။ ထို့အပြင် လူ့အဖွဲ့အစည်းအတွင်း အားနည်းသူများ၊ ဘက်ပေါင်းစုံမှ ဖိနှိပ်ခံနေရသူများနှင့် ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းမရှိသူများ၏ အခွင့်အရေးများကို တရားခွင်မှတစ်ဆင့် တောင်းဆိုပေးခြင်းဖြင့် အသံထွက်ပေးကြသည်။

ထို့ကြောင့် Strategic Litigation ဆိုသည်မှာ တရားခွင်ကို ရုပ်ဝတ္ထုပစ္စည်း သို့မဟုတ် ငွေကြေးအကျိုးအမြတ်အတွက် အသုံးချခြင်းမဟုတ်ဘဲ လူ့အဖွဲ့အစည်းကို ပိုမိုကောင်းမွန်သော၊ တရားမျှတသော နေရာတစ်ခုဖြစ်လာစေရန် ငြိမ်းချမ်းစွာပြုပြင်ပြောင်းလဲရေး ဖော်ဆောင်သည့် အစွမ်းထက်သော နည်းလမ်း တစ်ခုဖြစ်ကြောင်း သတိပြုမိစေရန် မျှဝေလိုက်ပါသည်။

#ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)

ဒီနေ့မှာတော့ ရာဇဝတ်မှု နဲ့ တရားမမှုကြား မတူကွဲပြားမှုများကို နှိုင်းယှဉ် လေ့လာနိုင်စေရန် အတွက် မျှဝေ ဖော်ပြပေးလိုက်ပါတယ်...
18/08/2026

ဒီနေ့မှာတော့ ရာဇဝတ်မှု နဲ့ တရားမမှုကြား မတူကွဲပြားမှုများကို နှိုင်းယှဉ် လေ့လာနိုင်စေရန် အတွက် မျှဝေ ဖော်ပြပေးလိုက်ပါတယ်…။

#ဥပဒေအကူအညီ ရယူလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ကျွန်ုပ်တို့ထံမှ အခမဲ့ အကူအညီရယူနိုင်ပါသည်။

#ဖုန်းနံပါတ် ၀၉၂၆၆၆၈၄၄၄၈, ၀၉၂၆၆၆၈၄၄၄၉

✒️ဒီနေ့လေးမှာတော့ ရာဇဝတ်မှု တွေနဲ့ ဆက်လျဉ်းပြီး သိသင့်သိထိုက်သော ဥပဒေဝေါဟာရ အချို့ကို မျှဝေပေးလိုက်ပါတယ်..📌ရာဇဝတ်မှု ယေဘ...
17/08/2026

✒️ဒီနေ့လေးမှာတော့ ရာဇဝတ်မှု တွေနဲ့ ဆက်လျဉ်းပြီး သိသင့်သိထိုက်သော ဥပဒေဝေါဟာရ အချို့ကို မျှဝေပေးလိုက်ပါတယ်..

📌ရာဇဝတ်မှု
ယေဘုယျအားဖြင့် လူတစ်ဦးတစ်ယောက်၏အသက်အိုးအိမ်၊ စည်းစိမ်၊ ပစ္စည်းသာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံးကိုပါ ထိခိုက်စေပြီး၊ နိုင်ငံတော်နှင့် အစိုးရအားထိခိုက်စေ သောအမှုဖြစ်သည်။

📌ဝရမ်း
ဝရမ်းဆိုသည်မှာ အင်္ဂလိပ်လို Warrant ကို မြန်မာအသံနှင့် ခေါ်ခြင်းဖြစ်သည်။ တစ်ဦးတစ်ယောက်အား ဖမ်းဆီးခွင့်အမိန့်ပေးနိုင်သည့် တရားသူကြီး၊ ရဲအရာရှိက ထုတ်ပေးခြင်း ဖြစ်သည်။ မြန်မာလိုဆိုလျှင် ဝရမ်းပါမှ ဖမ်းလို့ရမည်ဆိုခြင်းသည် ဖမ်းမိန့်ပါမှ ဖမ်း၍ ရမည်ကိုဆို လိုခြင်းဖြစ်သည်။

📌ရဲအရေးပိုင်သော အမှု
ရဲက ဝရမ်းမပါဘဲဖမ်း၍ရသော အမှု ကို ရဲအရေးပိုင်သည့် အမှုဟု သတ်မှတ်သည်။ ရဲအရေးပိုင်သော အမှုအား ရဲစခန်းသွားတိုင်လျှင် ချက်ချင်းအမှုရေးဖွင့်ရမည့်အမှု ဖြစ်သည်။

📌ရဲအရေးမပိုင် သော အမှု
ရဲက ဝရမ်းပါမှ ဖမ်း၍ရသော အမှု ကို ရဲအရေးမပိုင်သော အမှုဟု သတ်မှတ်သည်။ ရဲအရေး မပိုင်သော အမှုများတွင် ရဲစခန်းမှ (က) (ခ) ပုံစံဖြင့် ရေးဖွင့်ပြီးသက်ဆိုင်ရာတရားရုံးသို့ဦးတိုက်လျှောက်ထား စွဲဆိုရသည့် အမှုဖြစ်သည်။

📌အာမခံပေးခြင်း
ယေဘုယျအားဖြင့် အာမခံဆိုသည်မှာ အချုပ်လွတ်ထုချေခြင်းဖြစ်သည်။ ရာဇဝတ်မှုများတွင် အာမခံ ပေးနိုင်သော အမှုနှင့် အာမခံမပေးနိုင်သော အမှု (၂) မျိုးရှိသည်။ သာမန်အာဖြင့် ပြစ်ဒဏ် (၃) နှစ်အောက်အမှုများကိုသာ အာမခံပေးနိုင်သည်။ သို့ရာတွင် အာမခံမပေးနိုင်သော အမှုများတွင် ထူးခြားသော အခြေအနေရှိပါက အာမခံပေးနိုင်သည်။ ထူးခြားသော အခြေမနေဆိုသည်မှာ အမျိုးသမီး၊ ကလေးသူငယ်၊ ဖျားနာနေသူ၊ ချည်နဲ့ရောဂါဝေဒနာခံစားနေရသူတို့ ပါဝင်သည်။ အာမခံရရှိနိုင်ရန် ယေဘုယျအားဖြင့် သင့်တင့်သော ဝင်ငွေပိုင်ဆိုင်မှုရှိသော အာမခံမည်သူနှစ်ဦး၊ ဆေးစာများလိုအပ်ပါသည်။

📌ကိုယ်တိုင်ခံဝန်
ကိုယ်တိုင်ခံဝန်ချုပ်ဆိုသည်မှာ မိမိကိုယ်တိုင်ခံဝန်ထိုးပြီး အာမခံခြင်းကိုဆိုလိုသည်။ အာမခံ တောင်းရာတွင် လုံလောက်သော ငွေကြေးတန်းဖိုးပိုင်ဆိုင်မှုရှိသော သူများအာမခံရန် မရှိနေသော အနေအထားတွင် ကိုယ်တိုင်ခံဝန်ချုပ်ဖြင့်လွှတ်ပေးရန် လျှောက်ထားနိုင်သည်။

📌ပထမသတင်းပေးတိုင်ချက်
ရဲအရေးယူပိုင်ခွင့်ရှိသည် ပြစ်မှု ကျူးလွန်ခြင်းနှင့် ပတ်သက်၍ သတင်းပေးချက် တနည်းပြောရလျှင် တိုင်တန်းချက်ကို နူတ်ဖြင့်ပေးခဲ့လျှင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းမှူး ကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏ ညွန်ကြားချက်အရ ဖြစ်စေ၊ စာဖြင့်ရေးမှတ်ယူရသည်။ သတင်းပေးသူကိုလည်း ပြန်လည်ဖတ်ပြရပြီး အဆိုပါသတင်းပေးချက်တွင် သတင်းပေးသူက လက်မှတ် ရေးထိုးရသည်။ စာဖြင့် တိုင်ကြားသည်ဆိုလျှင်လည်း တိုင်ကြားသည့် အတိုင်းရေးကူးပြီး သတင်းပေးချက်တွင် သတင်းပေးသူ က လက်မှတ်ရေးထိုးရသည်။ ထိုပြင် သတ်မှတ်ထားသည့် ပုံစံအတိုင်းထားရှိသည် ရဲမှတ်တမ်းစာအုပ် တွင် ၎င်းရဲအရာရှိက သတင်း၏ အကျဉ်းချုပ်ကို ထည့်သွင်း ရေးမှတ်ထားရသည်။

📌ချုပ်ရမန်
ချုပ်ရမန်ဆိုသည်မှာ ဆက်လက်ချုပ်နှောင်ခွင့်တောင်းခြင်းဖြစ်သည်။ ဖမ်းဆီးလာသူတစ်ဦးအား ၂၄ နာရီထက် ပို၍ ယေဘုယျအားဖြင့် ချုပ်ခွင့်မရှိပေ။ ဖမ်းဆီးပြီး ၂၄ နာရီ အတွင်း အနီးဆုံး တရားသူကြီးထံတင်ပို.ပြီး ဆက်လက်ချုပ်နှောင်ရန် အတွက် ချုပ်ရမန်တောင်းရသည်။ တောင်ဒဏ် (၇) နှစ်အောက်ပြစ်မှုအား (၁၅) ရက်နှင့် ထောင်ဒဏ် (၇) နှစ်အထက်ပြစ်မှုအား ရက် (၃၀) ထိ ချုပ်ရမန် ပေးနိုင်သည်။

📌ဦးတိုက်လျှောက် ထားခြင်း
ပြစ်မှုကျူးလွန်သူကို သိ၍ဖြစ်စေ၊ မသိဘဲဖြစ်စေ၊ ရာဇဝတ်တရားသူကြီးထံ ရာဇဝတ်ကျင့်ထုံး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် နူတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ရာဇဝတ်မှု ကျူးလွန် သည့်အကြောင်းအား တိုင်တန်းချက်ကို ဆိုလိုသည်။ ရဲအရေးမပိုင်သော အမှုများတွက် တရားရုံး သို့ တိုက်ရိုက် စွဲဆိုလျှောက်ထားသော အမှုကိုဆိုလိုသည်။ ရဲမှ (က)၊ (ခ) ပုံစံဖြင့် တရားရုံးသို့ ဦးတိုက်တိုင်တန်းသောအမှုလည်းပါဝင်သည်။

📌ဖြောင့်ချက်
စွပ်စွဲခံထားရသူသည် ပြစ်မှု ကျုးလွန်ကြောင်းဝန်ခံခြင်းဖြစ်သည်။စွပ်စွဲ ခံရသူ အလိုအလျောက် ပေးသော ဖြောင့်ချက်သည် တရားဝင်သည်။

📌စီရင်ပိုင်ခွင့်
သာမန်အားဖြင့် ရာဇဝတ်မှုများတွင် ရာဇဝတ်မှု ကျုးလွန်ရာ နယ်မြေရှိ တရားရုံးက ကြားနာစစ် ဆေးရပါသည်။

#ဥပဒေအကူအညီ ရယူလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ကျွန်ုပ်တို့ထံမှ အခမဲ့ အကူအညီရယူနိုင်ပါသည်။
#ဖုန်းနံပါတ် ၀၉၂၆၆၆၈၄၄၄၈,၀၉၂၆၆၆၈၄၄၄၉

ဒီနေ့မှာတော့ ဗုဒ္ဓဘာသာဝင် အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးအားဖြားယောင်းသွေးဆောင်ပြီး ကျူးကျူး လွန်လွန်ဖြစ်၍ ပဋိသန္ဓေရရှိသ...
14/08/2026

ဒီနေ့မှာတော့ ဗုဒ္ဓဘာသာဝင် အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးအားဖြားယောင်းသွေးဆောင်ပြီး ကျူးကျူး လွန်လွန်ဖြစ်၍ ပဋိသန္ဓေရရှိသည့်ကိစ္စတွင် ထိမ်းမြားလက်ထပ်ရန် ကတိမရှိသဖြင့် အမျိုးသမီးသည် လျော် ကြေးတောင်းဆိုခွင့် ရှိ / မရှိ ကိစ္စနှင့်ပတ်သက်၍ ဥပဒေဗဟုသုတအား မျှဝေပေးသွားမှာဖြစ်ပါတယ်။

လက်ရှိလူ့အသိုင်းအဝန်းတွင် အများဆံုး ကြုံတွေ့နေရသော အမှုများထဲတွင် ကာမလိမ်လည်မှုသည် တစ်ခုအပါအဝင် ဖြစ်ပါသည်။

ကာမလိမ်လည်မှုဆိုတာ သမီးရည်းစားနှစ်ဦးကြားတွင် အဖြစ်များတဲ့ အမှုတစ်ခုဖြစ်ပြီး ချစ်သူသက် တမ်း ကြာလာတာနှင့်အမျှ ယောင်္ကျားလေးဖြစ်သူက မိန်းကလေးအား ဖြားယောင်းသွေးဆောင်ကာ လက်ထပ်မည် ဟုကတိပေး၍ မိန်းကလေး၏ ကာမကိုရယူခဲ့ပြီးနောက် လက်ထပ်ရန်ငြင်းဆန်ခဲ့လျှင် အမျိုး သမီးဖြစ်သူမှ ၎င်း၏ချစ်သူအား ကတိပျက်ကွက်သည့်အတွက် ရာဇသတ်ကြီးပုဒ်မ- ၄၁၇ အရ တရားရုံးတွင် တရားစွဲဆိုလေ့ရှိပါတယ်။

၁၉၇၃ ခုနှစ် မတိုင်မီ မြန်မာနိုင်ငံစီရင်ထုံးများအရဆိုလျှင် လက်ထပ်ပေါင်းသင်းမည်ဟု ကတိမရှိဘဲ အမျိုးသမီး၏ သဘောတူညီမှုဖြင့် အမျိုးသားက ပေါင်းသင်းစပ်ယှက်လျှင် အမျိုးသမီးတွင် ပဋိသန္ဓေရရှိသည့် ကိစ္စ၌ အမျိုးသမီးသည် လျော်ကြေးတောင်းဆိုပိုင်ခွင့်မရှိဟု တရားရုံးများက ဆုံးဖြတ်ထားသော်လည်း ယခု အခါ ဗုဒ္ဓဘာသာဝင် အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးအားဖြားယောင်းသွေးဆောင်ပြီး ကျူးကျူး လွန်လွန်ဖြစ်၍ ကိုယ်ဝန် ရရှိသည့်ကိစ္စတွင် ထိမ်းမြားလက်ထပ်ရန် ကတိမရှိသော်လည်း အမျိုးသမီးက တရားရုံးတွင် လျော်ကြေးတောင်းဆိုခွင့်ရှိကြောင်း ဥပဒေဗဟုသုတအား မျှဝေလိုက်ပါတယ်။

ယခုတင်သည့် Post နှင့်ပတ်သက်၍ ထပ်မံသိရှိလိုသည်များ ရှိပါက Comment တွင် မေးမြန်း ထားနိုင်ပါတယ်…

#ဥပဒေအကူအညီ ရယူလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ကျွန်ုပ်တို့ထံမှ အခမဲ့ အကူအညီရယူနိုင်ပါသည်။
#ဖုန်းနံပါတ် ၀၉၂၆၆၆၈၄၄၄၈, ၀၉၂၆၆၆၈၄၄၄၉

📌ဒီနေ့မှာတော့ တရားမမှုတွေ ဖြစ်တဲ့အခါ အမှုက ဘယ်အဆင့်ရောက်နေတာလဲ…အမှုက ဘယ်လို အဆင့်ဆင့်သွားတယ် ဆိုတာလေး သိရှိစေဖို့ အတွက် ...
13/08/2026

📌ဒီနေ့မှာတော့ တရားမမှုတွေ ဖြစ်တဲ့အခါ အမှုက ဘယ်အဆင့်ရောက်နေတာလဲ…အမှုက ဘယ်လို အဆင့်ဆင့်သွားတယ် ဆိုတာလေး သိရှိစေဖို့ အတွက် တရားမမှုအဆင့်ဆင့် စစ်ဆေးပံုကို မျှဝေပေးလိုက်ပါတယ်..

ဥပဒေနှင့်ပတ်သက်၍ မိမိသိရှိလိုသည့် အကြောင်းအရာများကိုလည်း ဤ Post အောက်တွင် Comment လေး ရေးထားခဲ့လို့ရပါတယ်နော်။

#ဥပဒေအကူအညီ ရယူလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ကျွန်ုပ်တို့ထံမှ အခမဲ့ အကူအညီရယူနိုင်ပါသည်။
#ဖုန်းနံပါတ် ၀၉၂၆၆၆၈၄၄၄၈,၀၉၂၆၆၆၈၄၄၄၉

❗️ရာဇဝတ်မှုတွေ ဖြစ်တဲ့အခါ ကိုယ့်အမှုက ဘယ်အဆင့်ရောက်နေတာလဲ⁉️❗️အမှုက ဘယ်လို အဆင့်ဆင့်သွားတယ် ဆိုတာလေး သိရှိစေဖို့ အတွက် ရာ...
12/08/2026

❗️ရာဇဝတ်မှုတွေ ဖြစ်တဲ့အခါ ကိုယ့်အမှုက ဘယ်အဆင့်ရောက်နေတာလဲ⁉️
❗️အမှုက ဘယ်လို အဆင့်ဆင့်သွားတယ် ဆိုတာလေး သိရှိစေဖို့ အတွက် ရာဇဝတ်မှုအဆင့်ဆင့် စစ်ဆေးပံုကို မျှဝေပေးလိုက်ပါတယ်..

ဥပဒေနှင့်ပတ်သက်၍ မိမိသိရှိလိုသည့် အကြောင်းအရာများကိုလည်း ဤ Post အောက်တွင် Comment လေး ရေးထားခဲ့လို့ရပါတယ်နော်။

#ဥပဒေအကူအညီ ရယူလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ကျွန်ုပ်တို့ထံမှ အခမဲ့ အကူအညီရယူနိုင်ပါသည်။
#ဖုန်းနံပါတ် ၀၉၂၆၆၆၈၄၄၄၈,၀၉၂၆၆၆၈၄၄၄၉

ဒီနေ့မှာတော့ အမှုသည်တစ်ဦးမေးလာတဲ့ မေးခွန်းလေးတစ်ခုကို ဥပဒေအကိုးအကားနဲ့ ဖြေဆို မျှဝေပေးလိုက်ပါတယ်။ ❗️တရားမမှုတွေမှာ အဆိုလ...
11/08/2026

ဒီနေ့မှာတော့ အမှုသည်တစ်ဦးမေးလာတဲ့ မေးခွန်းလေးတစ်ခုကို ဥပဒေအကိုးအကားနဲ့ ဖြေဆို မျှဝေပေးလိုက်ပါတယ်။

❗️တရားမမှုတွေမှာ အဆိုလွှာကို ပယ်ခြင်းနဲ့ အမှုပလပ်လိုက်တာတူလားး⁉️

ဒီမေးခွန်းက တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ အမှုသည်တွေအတွက် အလွန်အရေးကြီးတဲ့ မေးခွန်းတစ်ခုလည်းဖြစ်ပါတယ်။

အဆိုလွှာကို ပယ်ခြင်း နဲ့ အမှုကို ပလပ်ခြင်းက မတူပါဘူး..🤗
အဆိုလွှာကိုပယ်ခြင်းနှင့် အဆိုလွှာကိုပလပ်ခြင်းသည်သဘောသဘာဝချင်း မတူညီသလို အကျိုးသက်ရောက် မှုလည်း ကွဲပြားခြားနားပါတယ်..

📌အဆိုလွှာကိုပယ်ခြင်းသည် အမှုရဲ့ အခြေခံကို ရုပ်သိမ်းလိုက်တဲ့ သဘောဖြစ်တဲ့အတွက် အမှုသစ်ထပ်မံစွဲဆိုလို့ရပါတယ်။
📌အဆိုလွှာပလပ်ခြင်းသည် တရားစွဲဆိုရန် အကြောင်းတစ်ရပ်တည်းနှင့် စပ်လျဉ်း၍ အမှုသစ်ထပ်မံ စွဲဆိုခွင်ကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

ဒါဆို အဆိုလွှာကို တရားရုံးက ဘယ်အချိန် ပယ်ခွင့်ရှိသလဲ⁉️
၁။ အမှုစွဲဆိုရန် အကြောင်းမပေါ်ပေါက်ခြင်း၊
၂။ အမှုတန်ဖိုးကို လျော့ပြထားခြင်း၊
၃။ ရုံးခွန်တံဆိပ်ခေါင်းမလုံလောက်ခြင်း၊
၄။ ဥပဒေတစ်ရပ်ရပ်အရ တားမြစ်ထားခြင်း
စတဲ့ အချက်(၄)ချက်ကို တရားရုံးက အဓိကထားစဉ်းစားပါတယ်..အထက်ပါ(၄)ချက်ထဲတွင်ပါဝင်နေသည့် အချက်တစ်ချက်နှင့် အကျုံးဝင်နေပါက တရားရုံးသည် တရားလို လျှောက်ထားစွဲဆိုသည့် အဆိုလွှာအား တရားမကျင့်ထုံးဥပဒေအမိန့်- ၇ ၊ နည်းဥပဒေ- ၁၁(က)အရ ပယ်ရမှာ ဖြစ်ပါတယ်။

တရားရုံးက တရားလိုစွဲဆိုထားသည့်အမှုအား ပလပ်ခဲ့ရင်တရားစွဲဆိုနိုင်ရန် အကြောင်းတစ်ရပ်တည်းအပေါ် အမှုသစ်စွဲဆိုခြင်းကို ပိတ်ပင်ခံရမှာပါ။
(မန်နေဂျာ နှင့် ဦးဟန်မြင့်ပါ(၂) ၁၉၉၉ ခုနှစ်၊ မြန်မာနိုင်ငံစီရင် ထုံး၊ စာမျက်နှာ- ၁၆၃ အမှုတွင် လမ်းညွှန်ထားပါသည်။)

မေးမြန်းထားတဲ့အမှုသည်အနေနဲ့လည်း သိရှိ၊ နားလည်၊ သဘောပေါက်မည်ဖြစ်ကြောင်း ဆုမွန်ကောင်းတောင်း လျှက်---------🤗

ဥပဒေနှင့်ပတ်သက်၍ မိမိသိရှိလိုသည့် အကြောင်းအရာများကိုလည်း ဤ Post အောက်တွင် Comment လေး ရေးထားခဲ့လို့ရပါတယ်နော်။

#ဥပဒေအကူအညီ ရယူလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ကျွန်ုပ်တို့ထံမှ အခမဲ့ အကူအညီရယူနိုင်ပါသည်။
#ဖုန်းနံပါတ် ၀၉၂၆၆၆၈၄၄၄၈,၀၉၂၆၆၆

ဒီနေ့မှာတော့ မကြာသေးမီက ပြည်ထောင်စုလွှတ်တော်က ပြဌာန်းလိုက်တဲ့ “ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဆိုင်ရာ ဥပဒေ”တွင်ပါရှိသ...
10/08/2026

ဒီနေ့မှာတော့ မကြာသေးမီက ပြည်ထောင်စုလွှတ်တော်က ပြဌာန်းလိုက်တဲ့ “ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဆိုင်ရာ ဥပဒေ”တွင်ပါရှိသည့် -

“အခြားသူတစ်ဦး၏ ပုံရိပ်၊ ဓာတ်ပုံ၊ အကောင့်များကိုရယူ၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေး(သို့မဟုတ်) ပစ္စည်းကိုတောင်းခံရယူသည့်ကိစ္စ”နှင့် ပတ်သက်၍ ဥပဒေဗဟုသုတကို မျှဝေပေးလိုက်ပါ တယ်။
ဒီဥပဒေဟာ ပြည်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ဥပဒေတစ်ခုလည်းဖြစ်ပါတယ်။

ဒီဥပဒေကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့တွင် ပြဌာန်းခဲ့ပြီး ဤဥပဒေ၏ ပုဒ်မ- ၃၂ တွင် “ မည်သူမျှ သူတစ်ဦး၏ ကိုယ်ရေးအချက်အလက်၊ ပုံရိပ်၊ ဓာတ်ပုံ (သို့မဟုတ်) အကောက်များကိုရယူ၍ ထိုသူအဖြစ် အယောင်ဆောင်ကာ ငွေကြေး(သို့မဟုတ်) ပစ္စည်းကို တောင်းခံခြင်းမပြုရ” လို့ တားမြစ်ထားပါတယ်။

ပုဒ်မ- ၃၂ တွင်ပါရှိသည့် တားမြစ်ချက်အား ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ- ၅၂ အရ ပြစ်မှုကျူးလွန်သူအား အနည်းဆုံး(၃)နှစ်မှ အများဆုံး(၇)နှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး အနည်းဆုံးကျပ်သိန်း( ၅၀၀ )မှ အများဆုံး ကျပ်သိန်း(၁၀၀၀)ထိ ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း သတိချပ်ဖို့ မျှဝေလိုက်ပါတယ်။

#ဥပဒေအကူအညီ ရယူလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ကျွန်ုပ်တို့ထံမှ အခမဲ့ အကူအညီရယူနိုင်ပါသည်။

#ဖုန်းနံပါတ် ၀၉၂၆၆၆၈၄၄၄၈, ၀၉၂၆၆၆၈၄၄၄၉

Address

No. 24, Grand Thuka Condo , 2nd Floor (B), Mae Zi Gone Street, 7th Quarter, Hlaing Township
Yangon
11052

Alerts

Be the first to know and let us send you an email when Legal Clinic Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Legal Clinic Myanmar:

Shortcuts

Share

Category