Property Conyet

Property Conyet Your trusted partner for buying, selling, and investing.

🚨 အိမ်ခြံမြေ စျေးကစားမှုကို ထိန်းဖို့ အိမ်ခြံမြေအခွန်ဥပဒေ လာမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြော📈 လက်ရှိ မြန်မာန...
04/08/2026

🚨 အိမ်ခြံမြေ စျေးကစားမှုကို ထိန်းဖို့ အိမ်ခြံမြေအခွန်ဥပဒေ လာမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြော

📈 လက်ရှိ မြန်မာနိုင်ငံမှာ အိမ်ခြံမြေဈေးနှုန်းတွေ အဆမတန် မြင့်တက်နေပါတယ်။ ဒီအခြေအနေကြောင့် သာမန်ပြည်သူတွေအတွက် ကိုယ်ပိုင်အိမ်ဝယ်ယူဖို့ဆိုတာ တော်တော်လေး ခက်ခဲလာပါတယ်။ ဒါကို ထိန်းကျောင်းနိုင်ဖို့အတွက် အိမ်ခြံမြေအခွန်ဥပဒေ (Property Tax Law) တစ်ရပ် ပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းသွားမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားလိုက်ပါတယ်။

🎙️ ဈေးကစားမှုတွေကို ဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို သူက အခုလို ဖြေဆိုခဲ့တာပါ။ လတ်တလောမှာ သီးသန့်ပြဋ္ဌာန်းထားတဲ့ အိမ်ခြံမြေအခွန်ဥပဒေ မရှိသေးတဲ့အတွက် အမျိုးသားအဆင့် ဥပဒေတစ်ရပ် ပေါ်ပေါက်လာရေး မူကြမ်းတွေကို လေ့လာပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။

⚖️ ဒီဥပဒေသာ အသက်ဝင်လာရင် ငွေကြေးဖောင်းပွမှုကို လျှော့ချနိုင်မယ့်အပြင် အဂတိလိုက်စားမှုတွေကိုပါ ထိန်းချုပ်လာနိုင်မယ်လို့ ဦးခင်ရီက သုံးသပ်ပါတယ်။ နိုင်ငံတော်အတွက်လည်း အခွန်ဝင်ငွေ ပိုမိုရရှိလာမှာပါ။

💡 အခွန်ကောက်ခံမယ့် ပုံစံနဲ့ပတ်သက်ပြီးတော့လည်း စိတ်ဝင်စားစရာ အချက်တွေ ပါဝင်ပါတယ်။ ဥပမာ - အိမ်တစ်လုံးတည်း ပိုင်ဆိုင်သူတွေနဲ့ မသန်စွမ်းသူတွေအတွက် အခွန်ကင်းလွတ်ခွင့်ပေးဖို့ စဉ်းစားထားပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အိမ်ခြံမြေ အများအပြား ပိုင်ဆိုင်ပြီး ဈေးကစားသူတွေကိုတော့ အခွန်နှုန်းထား တိုးမြှင့်ကောက်ခံတဲ့စနစ်မျိုး ကျင့်သုံးလာနိုင်ဖွယ်ရှိပါတယ်။

📝 ဥပဒေပိုင်းဆိုင်ရာ အသေးစိတ်ကိုတော့ သူကိုယ်တိုင်က ဥပဒေရေးဆွဲသူ မဟုတ်တဲ့အတွက် အတိအကျ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ဒီအကြံပြုချက်တွေကိုတော့ ရှေ့နေချုပ်ရုံးဆီ ဆက်လက်တင်ပြသွားမယ်လို့ ရှင်းပြပါတယ်။

🏢 ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အိမ်ခြံမြေဈေးကစားနေမှုတွေကို အစိုးရအနေနဲ့ စောင့်ကြည့်သတိပြုမိကြောင်း နိုင်ငံတော်အကြီးအကဲက ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါကြောင့် မကြာခင် ပေါ်ပေါက်လာနိုင်တဲ့ ဒီအခွန်ဥပဒေဟာ ဈေးကွက်အပေါ် ဘယ်လောက်အထိ ရိုက်ခတ်မှုရှိလာမလဲ ဆိုတာကို စီးပွားရေးနဲ့ အိမ်ခြံမြေလုပ်ငန်းရှင်တွေကြားမှာ ဆက်တိုက်ဆိုသလို စိတ်ဝင်တစား ဆွေးနွေးသုံးသပ်နေကြပြီ ဖြစ်ပါတယ်။

#အိမ်ခြံမြေအခွန်ဥပဒေ #အိမ်ခြံမြေဈေးကွက်

🛑 ဝယ်ပြီးမှ အရှုံးခံပြန်ရောင်းရတဲ့ အဖြစ်မျိုး မကြုံရအောင် ဘာတွေ ကြိုတင်ပြင်ဆင်ထားမလဲ?💸 ငွေတန်ဖိုးကျမှာကို စိုးရိမ်ပြီး က...
28/07/2026

🛑 ဝယ်ပြီးမှ အရှုံးခံပြန်ရောင်းရတဲ့ အဖြစ်မျိုး မကြုံရအောင် ဘာတွေ ကြိုတင်ပြင်ဆင်ထားမလဲ?

💸 ငွေတန်ဖိုးကျမှာကို စိုးရိမ်ပြီး ကြုံရာ Asset တွေထဲ ငွေပြောင်းထည့်လိုက်တာမျိုး မလုပ်ခင် သေချာစဉ်းစားစေချင်ပါတယ်။

⏳ ကိုယ်ပြောင်းထားလိုက်တဲ့ ပိုင်ဆိုင်မှုက ပြန်ရောင်းဖို့ ခက်ခဲပြီး အချိန်တွေကြာနေမယ်ဆိုရင်၊ ကိုယ့်ရဲ့ မူလရင်းနှီးငွေဟာ ရှိရင်းစွဲထက်တောင် ပိုပြီး နစ်နာသွားနိုင်ပါတယ်။

အခုလက်ရှိ ဈေးကွက်ထဲမှာ ဒီလိုအဖြစ်အပျက်တွေ အများကြီး မြင်နေရတယ်။ အလောတကြီး ဝယ်ထားပြီးမှ အရှုံးခံကာ ပြန်ထုတ်ရောင်းနေရသူတွေကို မြင်ရတာ တကယ်ကို စိတ်မကောင်းစရာပါ။

🏠 အိမ်ခြံမြေလို Asset မျိုးတွေမှာ ငွေဖြစ်လွယ်မှု (Liquidity) အားနည်းတဲ့အတွက် ရင်းနှီးမြှုပ်နှံတဲ့အခါ အောက်ပါဆိုးကျိုးတွေကို သတိထားဖို့ လိုအပ်ပါတယ်-

⚠️ ငွေချက်ချင်း ပြန်ဖော်မရခြင်း: လိုအပ်တဲ့အချိန် ချက်ချင်း ငွေပြန်ထုတ်လို့မရဘဲ အချိန်ကြာတတ်ပါတယ်။ ဈေးကွက်ထဲမှာ အချိန်ပိုကြာလေ၊ ကိုယ့်အတွက် ပိုနစ်နာလေပါပဲ။

🔍 ဝယ်လက်ရှားပါးခြင်း: ကိုယ်က ရောင်းချင်ပေမဲ့ ဈေးကွက်အခြေအနေအရ ဝယ်မယ့်သူရှာရ ခက်ခဲတတ်ပါတယ်။

📉 ဈေးနှိမ်ခံရခြင်း: အရေးပေါ် ငွေလိုလို့ ရောင်းရပြီဆိုတာနဲ့ ပုံမှန်ပေါက်ဈေးအောက် အများကြီး လျှော့ပြီး အရှုံးခံ ရောင်းရလေ့ရှိပါတယ်။

💡 ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတိုင်း သိထားသင့်တဲ့ အဓိက အကြံပြုချက်ကတော့-

⚖️ Portfolio ဟန်ချက်ညီပါစေ: ကိုယ့်ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ငွေပြန်ဖော်ရခက်တဲ့ နေရာတစ်ခုတည်းမှာ ပုံအောပြီး မရင်းနှီးလိုက်ပါနဲ့။

💵 အရန်ငွေ ထားရှိပါ: အရေးပေါ် ကိစ္စတွေအတွက် ငွေသား (သို့မဟုတ်) ချက်ချင်း ငွေပြန်ဖော်လို့ရတဲ့ လွယ်ကူတဲ့ ပိုင်ဆိုင်မှုအချို့ကို အမြဲတမ်း အရန်ဖယ်ချန်ထားသင့်ပါတယ်။

🗣️ လူကြီးသူမတွေ ပြောလေ့ရှိတဲ့ "စားလို့မကုန်၊ မှားလို့ကုန်" ဆိုတဲ့စကားလိုပါပဲ။

🛡️ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝန်ထုပ်ဝန်ပိုး ပြန်ဖြစ်စေမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးကို သတိကြီးကြီးထားပြီး ရှောင်ရှားနိုင်ကြပါစေ။

အိမ်ခြံမြေဈေး ပူဖောင်းကွဲဖို့ စိုးရိမ်အမှတ်ရောက်နေပြီလား 🏠လက်ရှိ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက်အတွင်း ဈေးနှုန်း အဆမ...
27/07/2026

အိမ်ခြံမြေဈေး ပူဖောင်းကွဲဖို့ စိုးရိမ်အမှတ်ရောက်နေပြီလား 🏠

လက်ရှိ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက်အတွင်း ဈေးနှုန်း အဆမတန် မြင့်တက်မှုတွေ ဖြစ်ပေါ်နေပြီး ရန်ကုန်နဲ့ မန္တလေးတို့လို နေရာကောင်းတဲ့ မြို့ကြီးတွေမှာ အိမ်ခြံမြေဈေးတွေက ၁ စတုရန်းပေကို ကျပ်သိန်း ၁၀၀ နီးပါးအထိ ဖြစ်နေကာ အိမ်နီးချင်း ဘန်ကောက်မြို့ထက်တောင် စျေးပိုမြင့်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။ 📈

၂၀၂၁ ခုနှစ်နောက်ပိုင်း တရိပ်ရိပ်တက်လာတဲ့ ဒေါ်လာဈေး၊ ရွှေဈေးနဲ့အတူ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေ ဈေးကွက်ဟာလည်း နှစ်အလိုက် မြင့်တက်လာခဲ့တာကို တွေ့ရပြီး အခုလို မြင့်တက်လာစေတဲ့ အကြောင်းရင်းတွေထဲမှာ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ရွှေနဲ့ ဒေါ်လာဈေး မြင့်တက်မှုကြောင့် ငွေကြေး စုဆောင်းသူတွေဟာ အိမ်ခြံမြေဘက်ကို ပြောင်းလဲ ရင်းနှီးမြှုပ်နှံလာခြင်းနဲ့ ရောင်းသူတွေက ဈေးကွက်အခြေအနေကို အသုံးချကာ ကြိုက်ဈေးတင် ရောင်းချခြင်းတို့ကြောင့် ဖြစ်တယ်လို့ အိမ်ခြံမြေဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ 💰

ဒါအပြင် တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာသူတွေ ပိုမို များပြားလာပြီး၊ အများစုက မြို့ပြတွေဘက်ကို ပြောင်းရွှေ့ နေထိုင်လာကြတဲ့အတွက် မြေ၊ အိမ်နဲ့ တိုက်ခန်းတွေ အဝယ်လိုက်လာသလို အိမ်ငှားရမ်းနေထိုင်သူတွေလည်း အရင်ကထက် ပိုများလာခဲ့တယ်လို့ သိရပါတယ်။ 🏃‍♂️

“စျေးတွေကကြီးနေတာတော့ ဟုတ်တယ်။ ခေါ်စျေးတွေကသာ စျေးကြီးနေတာ။ ဝယ်သူကမှ မရှိတာ။ စျေးခေါ်နေတာလည်း သူတို့ပဲ။ ဝယ်ကြတယ်ဆိုတာကလည်း သူတို့ပဲ’’ လို့ မြေပြင်အခြေအနေ သိရှိထားသူ တယောက်က ပြောပါတယ်။ 👀

လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေလည်း နည်းပါးနေသလို အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရှားပါးနေတာ ဖြစ်ပေမယ့် အိမ်ခြံမြေဈေးကွက် အတွင်းမှာတော့ အမြင့်ဈေးနဲ့ အရောင်းအဝယ်တွေ ဖြစ်နေပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဗဟန်းမြို့နယ်နဲ့ ကမာရွတ်မြို့နယ်တို့လို နေရာတွေ ဆိုပါက ပေ ၄၀ × ပေ ၆၀ မြေကွက်တကွက်ကို သိန်းတသောင်းခွဲကနေ နှစ်သောင်းကျော်အထိ ခေါ်ဈေး ရှိနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။ 📍

“ဒဂုံ လေးမြို့နယ်မှာဆိုရင် အိမ်ခြေမြေက ဈေးကွက် ပိုဖြစ်နေတယ်။ အဲဒီ လေးမြို့နယ်ထဲမှာမှ မြောက်ဒဂုံဘက်မှာ ပိုပြီး ခေါ်ဈေးများတယ်။ အိမ်ထက် မြေသီးသန့် ဝယ်တာလည်း ပိုများတယ်။ မြောက်ဒဂုံမှာ ပေ ၂၀ × ၆၀ မြေတကွက်ကို ပျမ်းမျှ ကျပ် သိန်း ၄,၅၀၀ ကနေ သိန်း ၁၂,၀၀၀ အထိ ခေါ်ဈေးရှိတယ်။ ပေ ၄၀ × ၆၀ တကွက်ဆိုရင် ပျမ်းမျှ ကျပ်သိန်း ၇,၈၀၀ ကနေ သိန်း ၁၃,၄၀၇ ဝန်းကျင်အထိ ရှိတယ်” လို့ အိမ်ခြံမြေ အကျိုးဆောင်တယောက်က ပြောပါတယ်။ 🧱

အလားတူ တိုက်ခန်းအရောင်းအဝယ် ဈေးနှုန်းမှာလည်း နေရာဒေသ၊ အထပ်အမြင့်နဲ့ အခန်းအကျယ်အဝန်း အမျိုးအစားပေါ် မူတည်ကာ ပျမ်းမျှ ကျပ် သိန်း ၂၇၀၊ ၄၀၀၊ ၆၅၀ ကနေ ကျပ်သိန်း ၁၇၅၇၊ ၂,၀၀၀၊ ၃၅,၀၀၀ ကနေ ၄၀,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။ 🏢

လက်ရှိ ဈေးနှုန်းတွေက နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ နှိုင်းယှဉ်ပါက မဖြစ်သင့်တဲ့ အနေအထားကို ရောက်ရှိနေပြီး လက်ရှိမြန်မာနိုင်ငံရဲ့အိမ်ခြံမြေဈေးကွက် အခြေအနေဟာ ပူဖောင်းပေါက်သလို ပေါက်လာနိုင်တယ်ဆိုတဲ့ မှန်းဆချက်တွေလည်း ရှိနေပါတယ်။ 🎈

“မြန်မာ့အိမ်ခြံမြေဈေးကွက်က ပူဖောင်းပေါက်သလို ပေါက်တော့မှာလား ဆိုတာက နိုင်ငံတကာအခြေအနေနဲ့ နှိုင်းယှဉ်မယ်ဆို မြန်မာပြည်မှာ ဖြစ်လာနိုင်ခြေ မရှိသေးဘူးလို့ဘဲ ပြောရမယ်။ အလားအလာ အင်မတန် နည်းပါတယ်။ ဘာလို့လဲဆို မြန်မာ့ အိမ်ခြံမြေဈေးကွက်က နိုင်ငံတကာ အိမ်ခြံမြေ ဈေးကွက်လို Bank Loans (ဘဏ်ချေးငွေ) နဲ့ အလွန်အကျွံ ရင်းနှီးမြှုပ်နှံထားတာမျိုး မဟုတ်ဘူး။ Cash-in-hand (လက်ငင်းငွေသား) နဲ့ ခိုင်ခိုင်မာမာ ရင်းနှီးမြှုပ်နှံထားကြတာဖြစ်တယ်။ Bank Loans နဲ့ ဝယ်တဲ့သူဆိုတာ မြန်မာပြည်မှာ မရှိသလောက် ရှားတယ်။ အဲဒီတော့ ဘဏ်မပြိုလဲဘူးဆိုတဲ့ ပုံစံနဲ့ သွားနေတာ ဖြစ်တဲ့အတွက် မြန်မာပြည် အိမ်ခြံမြေဈေးကွက်က ပူဖောင်းပေါက်သလို ပေါက်ဖို့ မလွယ်ဘူး” လို့ အိမ်ခြံမြေ လုပ်ငန်းရှင်တယောက်က သုံးသပ်ထားပါတယ်။ 🏦

ဒါအပြင် လက်ရှိကာလမှာ အိမ်ခြံမြေဈေးတွေ အဆမတန် မြင့်တက်နေပေမယ့် ရောင်းလိုအားသာရှိပြီး ဝယ်လိုအား အလွန်အမင်း နည်းပါးနေတာကြောင့် မြေကိုင်ထားတဲ့ ငွေရှင်တွေ၊ ပွဲစားတွေနဲ့ ဈေးကစားသူတွေအတွက် ငွေသားဖော်ဖို့ ခက်ခဲလာနေတယ်လို့လည်း သိရပါတယ်။ 📉

ဒါကြောင့် ကားဈေးကွက်ဘက်ကို ကူးပြောင်းလာကြသူတချို့ ရှိလာနေပြီး အိမ်ခြံမြေလို ပမာဏကြီးကြီးမားမား မလိုဘဲ ငွေသားကို အလွယ်တကူ လက်ပြောင်းလက်လွှဲ လုပ်လို့ရတာ၊ ချက်ချင်း ငွေဖော်လို့ အဆင်ပြေတာတွေကြောင့် ငွေကိုင်ထားသူတွေက ကားဈေးကွက်ထဲကို ငွေတွေ စတင် သွင်းလာကြတဲ့အတွက် အရင်က အေးစက်နေခဲ့တဲ့ ကားဈေးကွက်ဟာ လက်ရှိမှာ တရှိန်ထိုး လှုပ်ခတ်လာပြီး အဝယ်တွေ စတင် ကြမ်းလာနေပြီဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူ တယောက်က ပြောပါတယ်။ 🚗

“တနည်းအားဖြင့် ပြောရရင် အိမ်ခြံမြေမှာ ပိတ်မိနေတဲ့ ငွေကြေးတွေဟာ ရေစီးကြောင်းတခုလိုပဲ နောက်ထပ် လှည့်ကွက်တခုဖြစ်တဲ့ ကားဈေးကွက်ဆီကို အရှိန်အဟုန်နဲ့ စီးဆင်း ရောက်ရှိလာခဲ့ပါပြီ။ ဒီလိုမျိုး တနေရာမှာ ဈေးကွက် ပိတ်မိသွားတိုင်း နောက်တနေရာကို ဈေးကစားတဲ့ငွေတွေ ပြောင်းရွှေ့ရိုက်ခတ်နေတာဟာ စီးပွားရေးလည်ပတ်မှုကိုပါ အကြီးအကျယ် ရိုက်ခတ်လာစေပါတယ်” လို့ သူက ပြောပါတယ်။ 🌊

ဒါအပြင် ဈေးကွက်အတွင်း အမှန်တကယ် နေထိုင်မယ့်သူတွေထက် ငွေကစားသူတွေနဲ့ ငွေဖောင်းပွမှုဒဏ်မှ ကာကွယ်ဖို့ ဝယ်ယူကြတဲ့ ဝယ်လိုအား အတုအယောင်တွေ များပြားလာပြီး အရောင်းအဝယ်ဈေးနှုန်းနဲ့ အိမ်ငှားခတွေ မြင့်တက်လာတာကြောင့် သာမန်ပြည်သူတွေ အိမ်ရာပိုင်ဆိုင်ခွင့် လျော့နည်းလာနိုင်တယ်လို့ သူက ပြောပါတယ်။ 🏡

Ref : SS (VOM)

🏢 Condo နဲ့ 🏡 လုံးချင်းအိမ် - ရေရှည်အတွက် ဘယ်ဟာက ပိုကောင်းမလဲ? 🤔အိမ်တစ်လုံး ဝယ်တော့မယ်လို့ စဉ်းစားလိုက်တာနဲ့ လူတိုင်းနီး...
23/07/2026

🏢 Condo နဲ့ 🏡 လုံးချင်းအိမ် - ရေရှည်အတွက် ဘယ်ဟာက ပိုကောင်းမလဲ? 🤔

အိမ်တစ်လုံး ဝယ်တော့မယ်လို့ စဉ်းစားလိုက်တာနဲ့ လူတိုင်းနီးပါး ခေါင်းစားတတ်တဲ့ ကိစ္စလေးတစ်ခု ရှိပါတယ်။

"ပိုက်ဆံလေး တစ်စုတစ်စည်းတည်း ရှိနေပြီ... လုံခြုံရေးအပြည့်နဲ့ အေးအေးဆေးဆေး နေလို့ရတဲ့ Condo ကိုပဲ ရွေးမလား? ဒါမှမဟုတ် မြေပါပိုင်တဲ့ လုံးချင်းအိမ်လေးကိုပဲ ဝယ်မလား?" ဆိုတာပါပဲ။ အထူးသဖြင့် ရန်ကုန်လို လူနေထူထပ်တဲ့ မြို့ကြီးတွေမှာဆိုရင် ဒီလိုရွေးချယ်ရတာက တော်တော်လေး အရေးပါပါတယ်။

ဆုံးဖြတ်ရ ပိုလွယ်သွားအောင် သူတို့နှစ်ခုရဲ့ အားသာချက်လေးတွေကို ယှဉ်ကြည့်လိုက်ရအောင်နော်။

🏢 Condo ကို ရွေးမယ်ဆိုရင်...

လုံခြုံရေး: Security နဲ့ ကားပါကင်ကိစ္စတွေ အဆင်သင့်ပါပြီးသားမို့ ပိုပြီး စိတ်ချရတယ်။

အထွေထွေစရိတ်: လုံးချင်းအိမ်ကြီးတွေလို နေရာအကျယ်ကြီး ပြုပြင်ထိန်းသိမ်းရတာမျိုး မရှိလို့ အိမ်စရိတ် (Maintenance) သက်သာတယ်။

နေရာထိုင်ခင်း: မြို့ထဲပိုင်း သွားလာရလွယ်တဲ့ နေရာကောင်းတွေမှာ အလွယ်တကူ ရှာဝယ်လို့ရတယ်။

ဝင်ငွေ: အလွယ်တကူ အငှားချထားလို့ရတော့ လစဉ်ပုံမှန် ဝင်ငွေ (Passive Income) ရဖို့ ပိုလွယ်တယ်။

🏡 လုံးချင်းအိမ်ကို ရွေးမယ်ဆိုရင်တော့...

ပိုင်ဆိုင်မှု: မြေရော အဆောက်အအုံပါ အပြည့်အဝ ကိုယ်ပိုင်တယ်။

လွတ်လပ်မှု: ဘေးအိမ်တွေနဲ့ သိပ်မရောဘဲ မိသားစု သီးသန့် လွတ်လွတ်လပ်လပ် နေလို့ရတယ် (Privacy ပိုရတာပေါ့)။

ရေရှည်တန်ဖိုး: အချိန်ကြာလာတာနဲ့အမျှ အိမ်နဲ့မြေဈေး (Capital Appreciation) က ပိုပြီး ခုန်တက်နိုင်ခြေများတယ်။

စိတ်ကြိုက်ပြင်ဆင်ခွင့်: ကိုယ်ကြိုက်သလို အိမ်ဒီဇိုင်းပြောင်းမလား၊ အထပ်ပဲ တိုးဆောက်မလား... လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်။

👇 ဒီတော့ မိတ်ဆွေတို့ဆိုရင်ကော... 👇

ကိုယ်တိုင်ပဲ နေမလား၊ ရေရှည်အတွက်ပဲ ရင်းနှီးမြှုပ်နှံမလား... ဘယ်ဟာကို ပိုသဘောကျလဲဗျ?

🅰️ ပြုပြင်ရလွယ်ပြီး လုံခြုံတဲ့ Condo
🅱️ မြေပိုင်ဆိုင်မှုသေချာပြီး လွတ်လပ်တဲ့ လုံးချင်းအိမ်

Comment မှာ 🅰️ လား 🅱️ လား ဆိုတာလေး ရွေးပေးခဲ့ပါဦး။ ဘာလို့ရွေးတာလဲဆိုတဲ့ အကြောင်းပြချက်လေးတွေလည်း ဝင်ဆွေးနွေးပေးသွားပါဦးနော်။ အားလုံးရဲ့ အမြင်လေးတွေကို စောင့်ဖတ်နေပါမယ်! 🤩

🚨 အိမ်ခြံမြေ ဝယ်တော့မယ်ဆိုရင် ဒီ (၃) ချက်ကို အရင်ဆုံး သိထားဖို့ လိုပါမယ်။အိမ်ခြံမြေက ရေရှည်အတွက် အခိုင်မာဆုံး ရင်းနှီးမြ...
07/07/2026

🚨 အိမ်ခြံမြေ ဝယ်တော့မယ်ဆိုရင် ဒီ (၃) ချက်ကို အရင်ဆုံး သိထားဖို့ လိုပါမယ်။

အိမ်ခြံမြေက ရေရှည်အတွက် အခိုင်မာဆုံး ရင်းနှီးမြှုပ်နှံမှုဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ သေချာတဲ့ ဗျူဟာမပါဘဲ ရမ်းဝယ်လိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ငွေတွေ အကြာကြီး ပိတ်မိသွားနိုင်ပါတယ်။

ဒါကြောင့် ကိုယ်မြှုပ်နှံလိုက်တဲ့ ငွေတိုင်းအတွက် အကျိုးအမြတ် သေချာစေဖို့ ဒီအချက် (၃) ချက်ကို လက်ဆောင်ပါးချင်ပါတယ်။

📍 ၁။ အခုလက်ရှိ နေရာထက် "အနာဂတ်မှာ ဘာဖြစ်လာမလဲ" ကို ပိုကြည့်ပါ။
အိမ်ခြံမြေမှာ နေရာ (Location) က အရေးကြီးဆုံးဆိုပေမဲ့ အခုချက်ချင်း စည်ကားနေတဲ့ နေရာတွေက ဈေးအရမ်းမြင့်နေပါပြီ။ တကယ့်ကို ပါးနပ်တဲ့ ရင်းနှီးမြှုပ်နှံသူတွေက အခုထက်စာရင် နောက်ပိုင်းမှာ လမ်းပန်းဆက်သွယ်ရေး ပိုကောင်းလာမယ့်နေရာတွေ၊ စီးပွားရေးဇုန် ဒါမှမဟုတ် မြို့ပြစီမံကိန်း အသစ်တွေ လာမယ့်နေရာတွေကို ကြိုလေ့လာပြီး ဝယ်လေ့ရှိကြပါတယ်။ အနာဂတ်မှာ ဖွံ့ဖြိုးလာမယ့် အလားအလာက သင့်ရဲ့ ရင်းနှီးမြှုပ်နှံမှု အမြတ်အစွန်း (ROI) ကို သိသိသာသာ ခုန်တက်သွားစေမှာပါ။

💼 ၂။ "ဘယ်အချိန် ပြန်ရောင်းမလဲ" ဆိုတဲ့ အစီအစဉ် ကြိုဆွဲထားပါ။
အိမ်ခြံမြေက ရွှေလိုမျိုး ချက်ချင်း ငွေပြန်ဖော်လို့ရတဲ့အရာ မဟုတ်ပါဘူး။ ဒါကြောင့် မဝယ်ခင်ကတည်းက "ဒီအိမ် (ဒါမှမဟုတ်) မြေကို ဘယ်နှနှစ်လောက် ထားမလဲ? ဈေးဘယ်လောက်ရရင် ပြန်ထုတ်ရောင်းမလဲ? ဒါမှမဟုတ် အငှားချပြီးပဲ အကျိုးအမြတ် (Passive Income) ယူမလား" ဆိုတဲ့ တိကျတဲ့ ပန်းတိုင်တစ်ခုကို ကြိုတင်သတ်မှတ်ထားသင့်ပါတယ်။

⚖️ ၃။ စာရွက်စာတမ်းနဲ့ ဥပဒေပိုင်းကို စေ့စပ်သေချာပါစေ။
ဈေးဘယ်လောက်ပဲတန်တန်၊ နေရာဘယ်လောက်ပဲကောင်းကောင်း ပိုင်ဆိုင်မှု အထောက်အထား ခိုင်မာမှုမရှိရင် အဲဒီအလုပ်က အန္တရာယ်အများဆုံးပါပဲ။ ဂရန်အမည်ပေါက် ဟုတ်မဟုတ်၊ မြေအမျိုးအစား မှန်မမှန်၊ အရှုပ်အရှင်း ကင်းမကင်း ဆိုတာတွေကို ကျွမ်းကျင်တဲ့ ရှေ့နေ (သို့မဟုတ်) ယုံကြည်စိတ်ချရတဲ့ အိမ်ခြံမြေ အကျိုးဆောင်တွေနဲ့ သေချာစစ်ဆေးပြီးမှသာ အရောင်းအဝယ် လုပ်သင့်ပါတယ်။

💡 မိတ်ဆွေတို့ကော အိမ်ခြံမြေဝယ်တဲ့အခါ ဒီသုံးချက်ထဲက ဘယ်အချက်ကို အများဆုံး ဂရုစိုက်ဖြစ်လဲ? အခြား သတိထားသင့်တဲ့ အချက်တွေရှိရင်လည်း Comment မှာ မျှဝေပေးသွားပါဦး။ 👇

အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ အကြံဉာဏ်တွေ လိုအပ်လာရင်တော့ PropertyConyet က အမြဲတမ်း အသင့်ရှိနေပါတယ်။

💁Air Cooler အသုံးပြုသူများ အဓိက သိထားရမည့် အချက်များ💦💦✅ ဘယ် Air Cooler အမျိုးအစားမဆို ဒီအချက်တွေကို လိုက်နာလို့ရနိုင်ပါက...
04/05/2026

💁Air Cooler အသုံးပြုသူများ အဓိက သိထားရမည့် အချက်များ💦💦

✅ ဘယ် Air Cooler အမျိုးအစားမဆို ဒီအချက်တွေကို လိုက်နာလို့ရနိုင်ပါကြောင်း သတင်းစကားပါးရင်း

✅ Air Coolerမှာ ပါတဲ့ Water Tank (ရေကန်)ကို ရေဖြည့်ခြင်း

✅ Air Coolerမှာ ပါတဲ့ Water Tank (ရေကန်)တိုင်းမှာ Full၊. Max, Min စသဖြင့် အတိုကောက်နဲ့ ရေကန်ရဲ့ ရှေ့မှာ ဖြစ်စေ၊ နောက်မှာ ဖြစ်စေ၊ အောက်မှာဖြစ်စေ၊ ဘေးမှာဖြစ်စေ ရေးထားတတ်ပါတယ်။

✅ ဒါက ဘာကို ပြောချင်တာလဲ ဆိုရင် ရေထည့်ရမဲ့ level အတိုင်းအတာကို ပြောတာပါ။ Max(Maximum), Full ဆိုရင် အဲဒီ့အထိ အမြင့်ဆုံးထည့်ရမှာဖြစ်ပြီး ကျော်လို့မရပါဘူး။ Mim(Minimum) ဆိုရင် အနည်းဆုံး ရှိကိုရှိရမယ့် ရေlevel ဖြစ်ပြီး လေအေးရချင်ရင် အနည်းဆုံး အဲဒီ့လောက်တော့ ရှိကိုရှိရပါမယ်။

ရေခဲခြောက်ထည့်ခြင်း

✅ Air Cooler တော်တော်များများမှာ ပိုအေးအောင် ရေခဲခြောက်တုံးလေးတွေ ပါကြပါတယ်။ တချို့က အထဲမှာ ရေခဲကို တာရှည်ထိန်းပေးတဲ့ အမှုန့် ပါပြီး ကိုယ်က ရေထည့် ရေခဲသေတ္တာ အပေါ်ထပ်ထဲထည့် ခဲပေးရတယ်။ တချို့ က Gel type ပါပြီးသားနဲ့ တချို့ကျ ရေခဲဖို့အတွက် ဗူးကြီး သက်သက်ပါတတ်ပါတယ်။

✅ အဲဒါကို အပေါ်ကပြောခဲ့တဲ့ water tankထဲ ထည့်မယ်ဆို အရေးကြီးတာက အပေါ်မှာ ပြောခဲ့တဲ့ အမှတ် Level (Max, Min) လေးတွေပါ။

✅ ရေကိုတော့ ဟုတ်ပြီ အပေါ်က ပြောတဲ့ အတိုင်း ထည့်ပြီးပြီဆိုပြီး နောက်မှ ရေခဲခြောက်ဗူးကို ရေကန်ထဲထည့်လိုက်ရင် ရေရဲ့ ရှိရမယ့် (Full,Max) levelကို ကျော်သွားမှာ ဖြစ်ပါတယ်။

✅ ဒီတော့ ရေခဲခြောက်ထည့်မယ်ဆိုရင် ရေကို တ၀က်လောက်ပဲအရင်ထည့်ပြီးမှ ရေခဲခြောက်ထည့်ပါ။ Full,Max level ချိန်ပြီး လိုသလို ရေထပ်ထည့်လည်းရနိုင်ပါတယ်။

အမှတ်ကျော်သွားရင် ဘာဖြစ်တတ်လဲ?

ရေယိုတတ်ပါတယ်။ ဒါကတော့ များသောအားဖြင့် Air Cooler က ရေယိုတယ်လို့ ပြန်ကြားရတဲ့ Complaint တခု ပါပဲ။
ဒါပေမဲ့ တခါတလေ Factory Errorလည်း ရှိတတ်ပါတယ်။

ဒါက အဓိက အချက်ပါ ... ရေမရှိပဲနဲ့ လုံး၀ Cool, Cold, Cooling စသည်ဖြင့် ရေးထားတဲ့ ခလုတ်ကို မနှိပ်ပါနဲ့

✅ ဘာကြောင့်ဆို ရေကို စုပ်ပေးတဲ့ ပန့်မော်တာလေးက ရေမရှိပဲ ရုန်းရသလို ဖြစ်လို့ အပျက် မြန်ပါလိမ့်မယ်။

✅တစ်ချို့ ဈေးများသွားပြီး Functionအစုံပါတဲ့ Brand တွေဆို ရေမရှိတာနဲ့ ပန့်မော်တာက အလုပ်မလုပ်တော့တဲ့ စနစ်မျိုးပါတတ်ပါတယ်။

✅ Air Cooler သန့်ရှင်းရေး

✅ Air Cooler သုံးတဲ့ အကိုတွေ အစ်မတွေတိုင်း ကျေးဇူးပြုပြီး အနည်းဆုံး နှစ်ပတ်တခါလောက် အနောက်မှာ ပါတဲ့ ဇကာလေး ကို ဖြုတ်ဆေး၊ ခါ၊ နေလှမ်းပြီး ပြန်တပ်ပေးဖို့ ပြောပေးပါရစေ။

✅ ဘာကြောင့်ဆို ဒီဇကာကပဲ လေတွေကိုစစ် ရေကိုဖြတ်ပြီး လေအေးထုတ်ပေးလို့ပါ။ ဖုန်တက်မြန်သလို ဖုန်တွေကြောင့် လေထွက်အားလည်း လျော့လာနိုင်ပြီး ကျန်းမာရေးအတွက်ပါ အဆင်ပြေဖို့အတွက်ပါ။

✅ ဇကာဖြုတ်ရတာ တကယ် မခက်ပါဘူး။ တချို့က ကလစ်ကလေးတွေနဲ့ တစ်ချို့က screw driver နဲ့ လှည့်ဖြုတ်ရုံပါပဲ။

Credit to original up-loader

🚩 အပူချိန်မြင့်ချိန်  အဲကွန်းတွေမအေးရင်♦️ပုံမှန်အခြေအနေမှာအေးနေတဲ့အဲကွန်းတွေ နွေရောက်ရင်နေ့လည်ချိန်မအေးတာက ပြင်ပအပူချိန်...
22/04/2026

🚩 အပူချိန်မြင့်ချိန် အဲကွန်းတွေမအေးရင်

♦️ပုံမှန်အခြေအနေမှာအေးနေတဲ့အဲကွန်းတွေ နွေရောက်ရင်နေ့လည်ချိန်မအေးတာက ပြင်ပအပူချိန်ကအဲကွန်းစက်အများစုရဲ့ ဒီဇိုင်းအပူချိန်ကိုကျော်နေလို့ဖြစ်တတ်ပါတယ်။

(မြန်မာပြည်အိမ်သုံးအဲကွန်းစက်အများစုရဲ့ပြင်‌ပဒီဇိုင်းအပူချိန်က 35'C to 42'Cကြားပါ၊ အဲဒါမှ စက်စွမ်းအားအပြည့်အလုပ်လုပ်နိုင်ဖို့သတ်မှတ်ထုတ်လုပ်ထားကြပါတယ်)

🌞 အဲကွန်းအောက်ဒိုးက အရိပ်ထဲရှိမနေတဲ့စက်အများစုကစက်ဖွင့်ထားပေမယ့် ပတ်၀န်းကျင်အပူချိန်က နေ့လည်၁၂နာရီကနေ ညနေ၄နာရီလောက်ကြား ဒီဇိုင်းအပူချိန်ထက်မြင့်နေလို့ မအေးတတ်ပါ။

🌞 အဲဒီအချိန်မှာဆိုရင် ပြင်ပအပူချိန်ကမြင့်လို့ အဲကွန်းအောက်ဒိုးယူနစ်ရဲ့အပူထုတ်အားက ပုံမှန်အောက် အရမ်းကျနေရတဲ့ကြားထဲ အဲကွန်းတပ်ထားတဲ့အခန်းကလည်းအပူချိန်မြင့်ပြန်ဆိုတော့ ဒယ်ဘလယ်ဖြစ်ပြီးဂျာအေးသူ့အမေရိုက်နေချိန်မလို့ပါ။

🌞 ပတ်၀န်းကျင်အပူချိန်က 40'C အပေါ်ဆိုရင် မြန်မာပြည်သွင်းတဲ့အိမ်သုံးအဲကွန်းတော်တော်များများက မအေးတတ်(အခန်းထဲကအပူထုတ်အားနည်းသွားတတ်လို့ပါ)

ဒီဇိုင်းအပူချိန် T1 , T3 နဲ့စက်တွေကတော့အဆင်ပြေပါတယ်။
ဒီလိုပူတဲ့ရာသီမှာအဲကွန်းအောက်ဒိုးယူနစ်ကို နေတည့်တည့်ထိုးတဲ့စက်ဆိုရင် ပိုဆိုးပါတယ်။

အဲဒီလိုမျိုးစက်တွေက ညပိုင်းကြရင် ပြန်အေးပါလိမ့်မယ်။

(ညပိုင်းထိပြန်မအေးရင်တော့ ကျွမ်းကျင်သူသာခေါ်ပါတော့)

⛔ မီးအားနိမ့်တဲ့နေရာတွေဆိုရင် အပူချိန်အရမ်းမြင့်ချိန်မှာဖွင့်ရင် လျှပ်စီးကပုံမှန်ထက်ပိုဆွဲလို့ အဲကွန်းကွန်ပရက်ဆာနဲ့ ပန်ကာမော်တာတွေပျက်စီးတာမျိုးပါဖြစ်နိုင်ပါတယ်။

⛔ တချို့ကလဲ ရာသီဥတုပူချိန် အဲကွန်းက အပူချိန်များလွန်းလို့ စက်မအေးရင် ပိုအေးအောင်ဆိုပြီး.ရီမုတ်ကို 16'C ထိ လွဲမှားစွာထားတတ်ကြပါတယ်။
ရီမုတ်ကို အပူချိန်နိမ့်ထားလို့လည်း စက်ကပိုအေးတာမဟုတ်ပါ။

⛔ ရီမုတ်ကအပူချိန်က အခန်းရဲ့အပူချိန်ကို ကိုယ်လိုချင်တဲ့အနေအထား အပူချိန်ကိုချိန်ပေးတာပါ။ စက်ကိုပိုအေးအောင် မလုပ်ပေးနိုင်ပါ။
အခန်းအပြင်မှာ အရမ်းပူပြင်းချိန် အခန်းကို အရမ်းအေးနေအောင်အပူချိန်ကိုချိန်ထားခြင်းဟာ အဲဒီအခန်းမှာနေသူ အပြင်ကိုရုတ်တရက်ထွက်ရင် အခန်းနဲ့အခန်းပြင်ပအပူချိန်ကွာဟချက်ကြောင့်ကိုယ်ခန္ဓာမှာ ရုတ်တရက် အပူချိန်ပြောင်းလဲမှုဒဏ်ရပြီး အန္တရာယ်ဖြစ်နိုင်ပါတယ်။အထူးသတိထားပါ။

ရီမုတ်က အပူချိန်ကို နှိမ့်ထားလေလေ မလိုအပ်ပဲ မီတာခပိုကုန်တာပဲအဖတ်တင်မှာပါ။

အကောင်းဆုံးထားသင့်တဲ့အပူချိန်ကဘယ်ရာသီဖြစ်ဖြစ် 22'C နဲ့ 25'C ကြားပါ။ စက်ကောင်းနေရင်အေးပါတယ်။

တကယ်လို့ ဒီရာသီမှာစက်ကကောင်းကောင်းမွန်မွန်အလုပ်လုပ်လို့
အခန်းအပူချိန်နိမ့်ထားမိရင် မတော်တဆ အပြင်ကပြန်လာချိန် အဲဒီအခန်းထဲဝင်မိရင် အပူချိန်ကွာဟချက်က... 40'C ..ကနေ 20'C အောက်အခန်းထဲရောက်သွားလို့ ခန္ဓာကိုယ်အတွက် အပူချိန်အပြောင်းအလဲများလွန်းလို့
မလိုလားအပ်တဲ့ပြဿနာဖြစ်ပြီး ဖျားတာနာတာဖြစ်နိုင်ပါတယ်။

အခုအချိန်မှာ စက်ကပူလွန်းလို့အလုပ်မလုပ်နိုင်ရင်

♦️ခဏတနာရီလောက် အနားပေးပြီးမှပြန်ဖွင့်ပါ။

♦️အပူချိန်မြင့်လို့စက်လည်လိုက်ရပ်လိုက်ဖြစ်ချိန်အတင်းဖွင့်ထားရင် စက်ပျက်စီးနိုင်ပါတယ်။

♦️ဒါမှမဟုတ် Fan Mode ပဲ High ထားပြီးဖွင့်ထားပါ။

♦️ညပိုင်းထိပြန်မအေးတော့ရင်တောဖြစ်စေ၊အဲကွန်းအောက်ဒိုးကကျနေဘက်မှာမရှိပဲအရိပ်ထဲမှာရှိနေလျှက်နဲ့ မအေးတော့ရင်ဖြစ်စေအဲကွန်းကိုဆားဗစ်လုပ်ပါ။

♦️တတ်ကျွမ်းသူနဲ့စစ်ဆေးပြီးလိုအပ်တာကိုပြုပြင်ပါ။

♦️အဲကွန်းဆားဗစ်မလုပ်လို့ ညစ်ပတ်နေပြီး အပူထုတ်အားကျလို့
အခန်းထဲမှာအပူချိန်မကျပဲ စက်ကမအေးတာလဲဖြစ်နိုင်သလိုဂက်စ်နည်းလို့ စက်ချွတ်ယွင်းနေလို့လည်းဖြစ်နိုင်လို့ပါ။

Credit : Ko Nanda Moe

ကားနံပါတ်အလိုက်ဘဲ နေ့စဉ်ဆီရောင်းပေးတော့မယ် ကိုယ့်နံပါတ်ကဘယ်စာရင်းထဲပါနေလဲ အောက်မှာကြည့်သွားကဲ... ကားသမားတွေ၊ အိမ်စီးကားပ...
24/03/2026

ကားနံပါတ်အလိုက်ဘဲ နေ့စဉ်ဆီရောင်းပေးတော့မယ် ကိုယ့်နံပါတ်ကဘယ်စာရင်းထဲပါနေလဲ အောက်မှာကြည့်သွား

ကဲ... ကားသမားတွေ၊ အိမ်စီးကားပိုင်ရှင်တွေ အားလုံးအတွက် ဧပြီလ (၁) ရက်နေ့ ကစပြီး စက်သုံးဆီဝယ်ယူရမယ့် စနစ်သစ်တဲ့ရွှေပြည်ကြီးကတော့ စနစ်အမျိုးမျိုးပါ

****တရားဝင်ထုတ်ပြန်လာတာမဟုတ်တဲ့အတွကိ ဒီဇယားကမှန်မမှန်တော့ မင်မင်တို့မသိပါဘူး ဒါပေမယ်ဒီဇယား ကကားgroupတွေမှာပျံနှံနေလို့ပြန်တင်ပေးတာဖြစ်ပါတယ်

✅ သိထားရမယ့် အချက်အလက်များ -

စတင်မည့်ရက်: ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့။
ပထမဆုံးရက် (ဧပြီ ၁): အက္ခရာ A, F, K, Q ပါသော ကားများသာ ဆီဆိုင်သို့ လာရောက်ရပါမည်။
ဝယ်ယူခွင့်အကြိမ်ရေ: ကားတစ်စီးလျှင် တစ်လကို (၆) ရက် သာ သတ်မှတ်ရက်အတိုင်း ဝယ်ယူခွင့်ရရှိမှာပါ။
စနစ်အပြောင်းအလဲ: ယခင်ကျင့်သုံးခဲ့သော စုံ/မ စနစ်ကို ရပ်တန့်တော့မယ်လို့တော့ ထင်ရ
တာပါဘဲ
မိမိကားရဲ့ အက္ခရာအလိုက် ဘယ်ရက်တွေမှာ ဆီထွက်ဝယ်ရမလဲဆိုတာကို ဇယားမှာ သေချာလေး ပြန်စစ်ဆေးသွားကြပါဦး။ အချိန်မကုန်ရအောင် အချင်းချင်းလည်း မျှဝေပေးလိုက်ကြပါဦးဗျို့!ဒီဇယားကအစစ်အမှန်ဟုတ်မဟုတ်တော့ နိုင်ငံတော်မထုတ်ပြန်သေးတော့ မင်မင်တို့လည်း ဟုတ်မဟုတ် အာမ မခံရဲပါဘူး ဒါပေမယ့်ဒီဇယားဟာ ကားဂရုတွေထဲမှာတော့အတော်ပျံ့နှံ့နေပါပြီ
နေ့စွဲ အကွက် ၁ အကွက် ၂ အကွက် ၃ အကွက် ၄
1,Apr 1-9/A---- 1-9/F---- 1-9/K---- 1-9/Q----
2,Apr 1-9/B---- 1-9/G---- 1-9/L---- 1-9/R----
3,Apr 1-9/C---- 1-9/H---- 1-9/M---- 1-9/S----
4,Apr 1-9/D---- 1-9/I---- 1-9/N---- 1-9/T----
5,Apr 1-9/E---- 1-9/J---- 1-9/P----
6,Apr 1-9/A---- 1-9/F---- 1-9/K---- 1-9/Q----
7,Apr 1-9/B---- 1-9/G---- 1-9/L---- 1-9/R----
8,Apr 1-9/C---- 1-9/H---- 1-9/M---- 1-9/S----
9,Apr 1-9/D---- 1-9/I---- 1-9/N---- 1-9/T----
10,Apr 1-9/E---- 1-9/J---- 1-9/P----
11,Apr 1-9/A---- 1-9/F---- 1-9/K---- 1-9/Q----
12,Apr 1-9/B---- 1-9/G---- 1-9/L---- 1-9/R----
13,Apr 1-9/C---- 1-9/H---- 1-9/M---- 1-9/S----
14,Apr 1-9/D---- 1-9/I---- 1-9/N---- 1-9/T----
15,Apr 1-9/E---- 1-9/J---- 1-9/P----
16,Apr 1-9/A---- 1-9/F---- 1-9/K---- 1-9/Q----
17,Apr 1-9/B---- 1-9/G---- 1-9/L---- 1-9/R----
18,Apr 1-9/C---- 1-9/H---- 1-9/M---- 1-9/S----
19,Apr 1-9/D---- 1-9/I---- 1-9/N---- 1-9/T----
20,Apr 1-9/E---- 1-9/J---- 1-9/P----
21,Apr 1-9/A---- 1-9/F---- 1-9/K---- 1-9/Q----
22,Apr 1-9/B---- 1-9/G---- 1-9/L---- 1-9/R----
23,Apr 1-9/C---- 1-9/H---- 1-9/M---- 1-9/S----
24,Apr 1-9/D---- 1-9/I---- 1-9/N---- 1-9/T----
25,Apr 1-9/E---- 1-9/J---- 1-9/P----
26,Apr 1-9/A---- 1-9/F---- 1-9/K---- 1-9/Q----
27,Apr 1-9/B---- 1-9/G---- 1-9/L---- 1-9/R----
28,Apr 1-9/C---- 1-9/H---- 1-9/M---- 1-9/S----
29,Apr 1-9/D---- 1-9/I---- 1-9/N---- 1-9/T----
30,Apr 1-9/E---- 1-9/J---- 1-9/P----
📌 Tags:
#စက်သုံးဆီ #ကားသမားများအတွက် #ဆီဆိုင်ဇယား

အိမ် / ခြံ / မြေ ဝင်ငွေခွန် ဆောင်ပြီး စာချုပ်ကြီးချုပ်မယ်ဆိုရင် ဒီနည်းလမ်းအတိုင်း သွားရပါမယ်  ကျွမ်းကျင်သော အိမ်ခြံမြေရှ...
12/03/2026

အိမ် / ခြံ / မြေ ဝင်ငွေခွန် ဆောင်ပြီး စာချုပ်ကြီးချုပ်မယ်ဆိုရင် ဒီနည်းလမ်းအတိုင်း သွားရပါမယ် ကျွမ်းကျင်သော အိမ်ခြံမြေရှေ့နေနဲ့ မှသာ အဆင်ပြေနိုင်ပါသည်။

၁ ကျပ် - ၃၀၀၀ သိန်း (၃%) ၉၀ သိန်း

တံဆိပ်ခေါင်းခွန် (၄%) ၁၂၀ သိန်း၊ ပေါင်း ၂၁၀ သိန်း

၃၀၀၁ သိန်း - ၆၀၀၀ သိန်း (၅ %) ၁၅၀ သိန်းတံဆိပ်ခေါင်းခွန် (၄%) ၁၂၀ သိန်း၊ ပေါင်း ၂၇၀ သိန်း

၆၀၀၀ သိန်း - ၁၀၀၀၀ သိန်း (၁၀ %) ၄၀၀ သိန်း၊ တံဆိပ်ခေါင်းခွန် (၄%) ၁၆၀ သိန်း၊ ပေါင်း ၁၀၄၀ သိန်း

၁၀၀၀၁ သိန်း - ၃၀၀၀၀ သိန်း (၁၅ %) ၃၀၀၀ သိန်း၊ တံဆိပ်ခေါင်းခွန် (၄ %) ၈၀၀ သိန်း၊ ၄၈၄၀ သိန်း

အဆောက်အဦးပါရင်

ပထမတန်းစားအာစီ 1 Sqft 40000 ကျပ်

ဒုတိယတန်းစားအာစီ 1 Sqft 25000 ကျပ်

Steel Structure ၃ ထပ်မှ ၇ ထပ်အထိ 40000

သစ်သားအုတ်ညှပ် 1 Sqft 20000 ကျပ်

သစ်သားအိမ် 1 Sqft 10000 ကျပ်

ပထမတန်းစား ၁၂ ထပ်အထက် 1 Sqft 60000

ပထမတန်းစား ၁၂ ထပ်အထိ 1 Sqft 50000

ပထမတန်းစား ၇ ထပ်အထိ 1 Sqft 45000

အရောင်းသမားက ၁၀% ဆောင်ရမယ် စာချုပ်စာတမ်းရုံးမှာ ၁၀၀၀၀ နဲ့ ဝယ်အဝယ်စာချုပ်ပြီး ပြန်ရောင်းတော့ ၁၅၀၀၀ အမြတ်ငွေ ၅ ထောင်ပေါ် မူတည်ပြီး ၁၀ % ဆောင်ရပါမယ်

အိမ် ခြံ မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်မယ်ဆို အောက်ပါအတိုင်း လုပ်ဆောင်ရပါမယ်

ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ တစ်စုံ

(၄)လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့် မိတ္တူ)

(၁) နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆) မူရင်း

အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ
ရှေ့ / နောက် / ညာ မြေကွက်ဓာတ်ပုံ(၁)စုံစီ

ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက် (အရပ်အရောင်းအဝယ်စာချုပ်)

တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်။

အထက်ပါ အချက်များဖြင့် ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြ လျှောက်ထားရမှာ ဖြစ်ပါတယ်။

ငွေဖြူ ရှိရင် အခွန် သက်သာပါမည်။ ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့မဟုတ်) အခွန်စည်းကြပ်ပြီးဖြစ်သော ငွေကို ငွေဖြူ ဟု ခေါ်ပါသည်။
ငွေဖြူနဲ့အခွန်ဆောင်ရင် အချိန်အနည်းငယ် ပိုကြာနိုင်ပါသည်။

ငွေဖြူမရှိရင် အထက်မှာ ဖော်ပြထားတဲ့ နည်းအတိုင်း ဆောင်ရပါမည်။
ဘဏ္ဍာနှစ်အတွင်း သန်းခေါင်စာရင်း တစ်ခုတည်းမှ နှစ်ကွက်စာဆောင်ရင် ရာဖြတ်ကို ပေါင်းဖြတ်လျှင် (၃၀%) ဖြင့် ဆောင်ရပါမည်။

နှစ်ကွက်ဆိုရင် နှစ်ခြားဆောင်မှ တစ်ကွက်နှုန်း ရာဖြတ်ပေးပါသည်။
ဝယ်ခွန်ဆောင်ပြီးလျှင် ကာလတန်ဖိုး စိစစ်ရေးအဖွဲ့ (ရာဖြတ်က) သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး တံဆိပ်ခေါင်းတွေ ကပ်ရပါတယ်တံဆိပ်ခေါင်း ဝယ်ရပါမည်

တရားဝင် အရောင်းအဝယ်စာချုပ်အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင် ရပါတယ်။ အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါမည်။
မှတ်ပုံတင်ကြေး (0.5 %)

Credit to Original Writer

✨ ဟိုးရှေးယခင် ကတည်းက မှန်( ကြေးမုံ) တွေကို အလှအပအတွက် သာမက ဂမ္ဘီရ နယ်ပယ်တွေ၊ မှော်နဲ့ မမြင်ရတဲ့ အတားအဆီးတွေ၊ ကံအညံ့တွေက...
11/03/2026

✨ ဟိုးရှေးယခင် ကတည်းက မှန်( ကြေးမုံ) တွေကို အလှအပအတွက် သာမက ဂမ္ဘီရ နယ်ပယ်တွေ၊ မှော်နဲ့ မမြင်ရတဲ့ အတားအဆီးတွေ၊ ကံအညံ့တွေကို ဖယ်ရှားရန်အတွက်လည်း တပ်ဆင် အသုံးပြုကြလေ့ ရှိပါတယ်။ မှန်တွေဟာ ကောင်းတဲ့ ဖုန်းရွှေစွမ်းအင်ကို ပံ့ပိုး ပေးနိုင်သလို သုံးစွဲတာ မမှန်ကန်ဘူးဆိုရင်လည်း အိမ်ရဲ့ စီးပွားရေး၊ အိမ်မှာနေထိုင်သူတို့ရဲ့ စိတ်စွမ်းအင်၊ စဉ်းစားဆင်ခြင်တွေးတောမှု ပုံစံတွေမှာ မကောင်းတဲ့ အကျိုးဆက်တွေ သက်ရောက်စေနိုင်ပါတယ်။ 🪞🏡

📌 ယနေ့ခေတ်မှာတော့ မှန်တွေကို ပုံသဏ္ဌာန် အရွယ်အစား မျိုးစုံနဲ့ အလွယ်တကူဝယ်ယူလို့ ရနေပြီ ဖြစ်ပေမယ့် မှန်တွေကို တလွဲမသုံးမိစေဖို့နဲ့ အိမ်မှာလိုတာထက်ပို မထားမိစေဖို့ ဂရုစိုက်သင့်ပါတယ်။

🏠 တစ်ချို့အိမ်တွေမှာဆိုရင် အိမ်ရှေ့မှာ မှန်ချိတ်ထားတာတို့၊ ထုတ်တန်းမှာ မှန်ချိတ်ထားတာတို့ မြင်တွေ့ရလေ့ ရှိပါတယ်။ ဒါဆိုရင် ကြည့်မှန်လေးတစ်ချပ် ချိတ်ဆွဲထားရုံနဲ့ ဘယ်လိုကိစ္စတွေမှာ အဆင်ပြေ ချောမွေ့စေလဲ? အိမ်တွေဆိုင်တွေ အနေနဲ့ ဘယ်လိုနေရာတွေမှာ ချိတ်ဆွဲထားသင့်လဲ? စတဲ့ မှန်တစ်ချပ်ရဲ့ အသုံးဝင်ပုံတွေကို အောက်မှာ ဆက်ဖတ်ကြည့်လိုက်ကြစို့။ 👇

🔮 ဆန်းဗေဒင်မှာ မိမိအိမ်ထက် ခြေရင်းခေါင်းရင်းအိမ်က မြင့်နေရင် အိမ်မှာအညံ့ ရှိတတ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေး၊ စီးပွားရေး ညံ့တတ်တာမျိုး ရှိတတ်ပါတယ်။ နောက်ပြီး အိမ်ရှေ့အိမ်က အရမ်းမြင့်ပြီး ခေါင်မိုးအရိပ်က မိမိအိမ်ကို ထိုးကျနေရင်လည်း ကံညံ့တတ်တယ်လို့ ဆိုပါတယ်။

🪞 အဲဒီလို နေအိမ်တွေဆိုရင် ပြတင်းပေါက်မှာ ကြည့်မှန်တစ်ချပ် တပ်ထားလိုက်ခြင်းဖြင့် ကံအညံ့တွေပြယ်စေပြီး လုပ်ကိုင်သမျှ အကြံအစည်များ အားလုံးအောင်မြင်စေနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့ကြည့်မှန်မှာ အစင်းကြောင်းရာ၊ အက်ကွဲကြောင်းရာ စတဲ့ ပြစ်ချက်လေးတွေ ထင်မနေဖို့တော့ လိုပါတယ်။ တကယ်လို့ အစင်းကြောင်းရာတွေ ထင်လာပြီဆိုရင်တော့ မှန်အသစ်တစ်ချပ်သာ လဲတပ်သင့်ပါတယ်နော်။

🏠 မျက်နှာကျက် မရှိတဲ့ နေအိမ်တွေမှာဆိုရင် ထုတ်တန်းတွေကို အရှင်းသားမြင်ရတာကြောင့် အိပ်တဲ့အခါ ဘီလူးစီးသလို အသက်ရှုကြပ်တာမျိုး၊ ထုတ်တန်းအောက် တည့်တည့်မှာ အလုပ်လုပ်ရင်လည်း အလုပ်ဝန်ပိသလို၊ မနိုင်ဝန် ထမ်းရသလို စတဲ့ မအီမသာ ပြဿနာတွေ ခံစားရနိုင်ပါတယ်။ အဲ့ဒီ့လို ခံစားရလေ့ ရှိရင်တော့ ထုတ်တန်းမှာ မှန်တစ်ချက် ချိတ်ဆွဲထားလိုက်ခြင်းဖြင့် မကောင်းတဲ့ အငွေ့အသက်တွေကို ပျောက်ကွယ်စေပါတယ်။

🍽 အိမ်မှာ အိမ်အကူ မမြဲခြင်း၊ အိမ်အကူမှ ငွေလိမ်ပြေးခြင်း စတဲ့ ကိစ္စတွေ ကြုံလာရပြီဆိုရင်လည်း မီးဖိုချောင်မှာ မှန်ကြီးကြီးတစ်ချပ် ချထားလိုက်ခြင်းဖြင့် အိမ်အကူမြဲခြင်း၊ အစားအသောက်ပေါများခြင်းဆိုတဲ့ ကောင်းတဲ့ကံတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထို့အတူပဲ ဝန်ထမ်းမမြဲတဲ့ ရုံးတွေ၊ ကုမ္ပဏီတွေမှာဆိုရင် ဝန်ထမ်းတွေ ထမင်းစားခန်းမှာ မှန်ချိတ်ထားမယ်ဆိုရင် ဝန်ထမ်းမြဲစေတယ်၊ အလုပ်တွင်စေတယ်လို့ မှတ်သားရပါတယ်။

🏪 စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ လက်ဖက်ရည်ဆိုင် ငွေသိမ်းကောင်တာတွေမှာလည်း မှန်ကြီးကြီးတစ်ချပ် ချိတ်ထားမယ်ဆိုရင် စီးပွားတက်ခြင်း၊ ဈေးရောင်းကောင်းခြင်း ဝင်ငွေ ၂ ဆ တိုးခြင်းတို့ ဖြစ်ပေါ်လာစေပါတယ်။ 💰📈

🚩 နောက်ပြီး မိမိနေအိမ်ဟာ လှေဦးတိုက်၊ လှည်းဦးတိုက် နေရာမှာ တည်ရှိရင်လည်း ကံအညံ့တွေ ဝင်လာတတ်တာကြောင့် မှန်တစ်ချပ် အိမ်ရှေ့မှာ ချိတ်ထားမယ်ဆိုရင် ဆိုးကံတွေ ရှောင်ဖယ်တိမ်းစေတယ်လို့ မှတ်သားရပါတယ်။

✨ ကဲ.....ဒါဆိုရင် အိမ်မှာ ကံဆိုးခြင်းတွေ ရှောင်ဖယ်စေပြီး ကံကောင်းခြင်းတွေ ရောက်ရှိလာစေဖို့ ကြည့်မှန်လေးတွေကို နေရာမှန်မှန် ချိတ်ဆွဲထားရအောင်နော်။ 🪞🍀🏡

Address

Har Khar Road, East Dagon
Yangon

Telephone

+959970630547

Website

Alerts

Be the first to know and let us send you an email when Property Conyet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Property Conyet:

Shortcuts

Share

Category