Lawyered&Life

Lawyered&Life Before you do somethings, consult first with competent Lawyer. This Lawfirm founded with number of Lawyers and associate Lawyers around the country.

We expert in different Legal topics and always ready to response your question. Warm Regards,

25/01/2026

တရားရုံးတော်နှင့်ပတ်သက်လျှင် အမှုအမျိုးအစားပေါ်မူတည်ပြီး ရည်ညွှန်းပါ အမှုသည် (Parties)များနှင့် ၄င်းတို့ကို ကိုယ်စားပြုသူများအပြင် အသုံးနှုန်းကွာခြားပါသည်။

ရာဇ၀တ်မှုတွင် နှစ်ဖက်အမှုသည်များကို တရားလို၊ တရားခံ ဟု သုံးနှုန်းသော်လည်း၊ တရားမ မှုများတွင် တရားလို၊ တရားပြိုင်၊ လျှောက်ထားသူ၊ လျှောက်ထားခံရသူ အစရှိသည်ဖြင့် သုံးနှုန်းကြရပါသည်။

ထို့အပြင် အမှုစစ်မေး၊ စစ်ဆေးသည့် လုပ်ထုံးလုပ်နည်းနှင့် စပ်လျဥ်း၍လည်း သုံးနှုန်းခေါ်ဝေါ်မှု ကွဲပြားပါသေးသည်။ ဥပမာ - ရာဇ၀တ်မှုသည်၊ ကြားနာမှု၊ စစ်မေးမှု အစရှိသည်တို့ကို အပိုင်း ၃ ပိုင်းဖြင့် (Pre, At, After Trial) အထူးသဖြင့် ၀ရမ်းမှုစစ်ဆေးနည်းများတွင် ဆောင်ရွက်ကြသည်၊ တရားမ မှုတွင်တော့ အဆို၊ အချေ၊ ဆိုလွှာ၊ ချေလွှာ၊ ငြင်းချက် ဖြင့် အမှုအား စစ်ဆေးကြားနာ ကြသည်။

ထိုစစ်မေးရာတွင်လည်း အဓိကစစ်မေးခြင်း၊ ပြန်လှန်စစ်မေးခြင်း၊ ပြန်ရှင်းစစ်မေးခြင်း အစရှိသဖြင့် စစ်မေးရာ၊ အချို့သောအခြေအနေများတွင် ရုံးမေး အနေဖြင့် တရားရုံးတော်မှ မေးမြန်းသည့် အခါလည်း ရှိပါသည်။

နိုင်ငံအတွင်း အမှုတစ်ခုဖြစ်ပေါ်လာလျှင် ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ (အထူးအယူခံ) ထိ တရားရုံးအဆင့်ဆင့်ရှိသည့်အပြင်၊ ဒေသဆိုင်ရာနှင့်အပြည်ပြည်ဆိုင်ရာ (နိုင်ငံတကာ) သို့လည်း အမှုတင်သွင်း တောင်းဆိုနိုင်သည်။

ထို့သို့အမှုတင်သွင်းရာတွင် စီရင်ပိုင်ခွင့်ပိုင်ခွင့်အာဏာ အဖြစ်၊ ဒေသအလိုက်စီရင်ပိုင်ခွင့်၊ အမှုတန်ဖိုးစီရင်ပိုင်ခွင့်၊ အမှုသဘောသဘာ၀နှင့် လူပုဂ္ဂိုလ်အလိုက်စီရင်ပိုင်ခွင့် ဟူသည့်အချက်များအလိုက် အမှုများကို တင်သွင်းရသည်။

အပြည်ပြည်ဆိုင်ရာနှင့်ဒေသဆိုင်ရာ (တိုက် အလိုက်) သို့လည်း အမှုများကို တင်သွင်းရာတွင်လည်း စီရင်ပိုင်ခွင့်အာဏာနှင့် အခြားဆက်စပ်ကိစ္စရပ်များ၊ ဆုံးဖြတ်ချက်များဖြင့် တင်သွင်းရကြောင်း အကျဥ်းချုံးအားဖြင့် မျှ၀ေလိုက်ပါသည်။

သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ဆိုင်ရာ ၀ေါဟာရ အသုံးအနှုန်း ရှိသည့်အပြင်၊ အဆိုပါအသုံးအနှုန်းပေါ်မူတည်၍ ဆုံးဖြတ်ချက်၊ award (ဒဏ်) (Arbitrationအမှုများတွင် သုံးနှုန်းခြင်း)၊ ထောင်ဒဏ် (ရာဇ၀တ်မှု) သို့ ဦးတည်ကြောင်းမှန်းဆနိုင်သည်၊ လူအများလွယ်ကူစွာနားလည်သဘောပေါက်နိုင်ရန် သုံးနှုန်းခြင်းဖြစ်နိုင်သော်လည်း၊ အသုံးနှုန်းအမှန်နှင့်အမှုအမျိုးအစား၊ ရုံးသဘောသဘာ၀ အား အနည်းအကျဥ်းတင်ပြလိုသည့် သဘောရိုးဖြင့်သာ -----

Address

Sanchaung
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959250747056

Website

Alerts

Be the first to know and let us send you an email when Lawyered&Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lawyered&Life:

Shortcuts

Share