HTWE Travel & Tour

HTWE Travel & Tour Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HTWE Travel & Tour, Passport and visa service, No. 60, 4th Floor, Daw Thein Tin Road, Mingalar Taung Nyunt Township, Yangon.

Tour Guide, Travel Agency, Visa service , Ticketing Service,
🌟 Crafting Unforgettable Travel Experiences
🌎 Curated Itineraries | Group Tours | Tailored Adventures
📸 Tag us:

🌧️မိုးရာသီ မှာ ခရီး သွားရမယ့် မိတ်ဆွေတို့အတွက် သိထားသင့်တဲ့ အချက်များ 🌧️➡️မိုးရာသီ မှာ ခရီး သွားခြင်းသည်လည်း စိတ်ခံစားချ...
21/07/2024

🌧️မိုးရာသီ မှာ ခရီး သွားရမယ့် မိတ်ဆွေတို့အတွက် သိထားသင့်တဲ့ အချက်များ 🌧️

➡️

မိုးရာသီ မှာ ခရီး သွားခြင်းသည်လည်း စိတ်ခံစားချက်ရသတစ်မျိုး ပေးစွမ်းပြီး မိုးရာသီရဲ့ သဘာဝအလှအပကို ရှုမြင်ခံစားနိုင်ပါတယ်။
ယခုလို မိုးရာသီ အချိန်မှာ သူငယ်ချင်း၊ မိသားစုများနှင့် စိတ်ပြေလက်ပျောက် ခရီး ထွက်ချင်လို့ပဲဖြစ်ဖြစ်၊ အလုပ်ကြောင့် ခရီးသွားရတာမျိုးပဲဖြစ်ဖြစ် ကြုံလာတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်တချို့ကို ဖော်ပြပေးချင်ပါတယ်။

ဒီအချက်လေးကို သိထားမှ ကိုယ့်ရဲ့ မိုးရာသီ ခရီး စဉ်က ပျော်ရွှင်ဖွယ်အတိနဲ့ ပြီးပြည့်စုံတဲ့ ခရီးတစ်ခုဖြစ်မှာပါ။

မိုးစိုခံပစ္စည်းများ ယူသွားပါ

မိုးရာသီမှာ မိုးစိုမှာကိုတော့ ရှောင်လွဲလို့မရပါဘူး။ သင့်ရဲ့ပစ္စည်းများသည်လည်း မိုးစိုနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ပစ္စည်းတွေ ထည့်ကာ ထုပ်ပိုးထားမယ့်အိတ်တွေ၊ ကျောပိုးအိတ်၊ ခရီးဆောင်အိတ်များကို မိုးစိုခံပစ္စည်းများ အသုံးပြုဖို့လိုအပ်ပါလိမ့်မယ်။

ဂျက်ကတ်တွေဆိုရင်လည်း ပေါ့ပေါ့ပါးပါးနဲ့ အခြောက်မြန်တဲ့ ဂျက်ကတ်များ၊ အခြောက်မြန်စေမယ့် ဘောင်းဘီ၊ အင်္ကျီအဝတ်အစားများ၊ မိုးတွင်းစီးဖိနပ်များ စသည်တို့ ထည့်ထားဖို့လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် ရွံ့ပေတာမျိုးလည်း ကြုံတွေ့ရနိုင်တာကြောင့် အဝတ်အစားအရောင်ဖျော့တာမျိုးကို ရှောင်ကြဉ်ပြီး အရောင်မှိုင်းမှိုင်းအဝတ်အစားများကိုသာ ထည့်သွားသင့်ပါတယ်။
မိုးရာသီ ခရီး စဉ် Package များကို စုံစမ်းကြည့်ပါ

မိုးရာသီသည် ခရီးအသွား နည်းကြပါတယ်။ ဒါ့ကြောင့် ဟိုတယ်များ၊ Tour Package များသည် ပရိုမိုးရှင်းချနေတဲ့အချိန်ဖြစ်ပါတယ်။ ထိုအချိန်မျိုးမှာ ဘယ်ပရိုမိုးရှင်းက ဈေးအသက်သာဆုံးဖြစ်မလဲဆိုတာကို သေချာစုံစမ်းပြီးမှ ကိုယ်သွားမယ့်နေရာကို ရွေးချယ်သင့်ပါတယ်။ တချို့သွားရောက်လည်ပတ်ရမယ့်နေရာတွေသည် ရာသီဥတု အခြေအနေကြောင့် ဖျက်ပစ်ရတာမျိုးလည်း ရှိနိုင်တာကြောင့် ထိုအခြေအနေမျိုးအတွက်လည်း စိတ်ကို အသင့်ပြင်ထားဖို့လိုအပ်ပါလိမ့်မယ်။

မိုးစိုမှာ မကြောက်ပါနဲ့

မိုးရာသီဖြစ်တဲ့အတွက်ကြောင့် မိုးစိုမှာကတော့ အသေအချာပါပဲ။ မိုးစိုမှာ ကြောက်ရင်တော့ မိုးရာသီမှာ ခရီးမထွက်တာအကောင်းဆုံးပါပဲ။
ခရီးထွက်နေစဉ်အချိန်အတွင်း မိုးရာသီရဲ့ အနှစ်သာရကို အပြည့်အဝခံစားပါ။ အပြင်ထွက်ပြီး လည်ပတ်နေချိန်မှာ မိုးရွာချရင်လည်း ကော်ဖီဆိုင်လေး တစ်ဆိုင်မှာ ဝင်နားရင်း မြို့ရဲ့အလှအပကို ခံစားကြည့်လိုက်ပါ။ တည်းခိုတဲ့နေရာ ပြန်ရောက်တဲ့အခါ ရေမိုးချိုးပြီး နွေးနွေးထွေးထွေးလေး ပြန်လည်အနားယူနိုင်တာပဲမဟုတ်လား။

ခရီးစဉ် ကြန့်ကြာနိုင်ချေကိုလည်း ထည့်တွက်ပါ

ရာသီဥတုကြောင့် ခရီးစဉ် ကြန့်ကြာမှုသည် ကမ္ဘာနှင့်တစ်ဝှမ်းဖြစ်ပေါ်နေတာဖြစ်ပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်နှောင့်နှေးသွားရတဲ့အခါ စိတ်မညစ်လိုက်ပါနဲ့။ ခရီးသွားရမှာမို့ ပျော်နေတဲ့အပျော်ကို ထိုအခြေအနေကြောင့် အပျက်စီး မခံလိုက်ပါနဲ့။ ပျော်ပျော်ရွှင်ရွှင်သာ ခရီးသွားပါ။ လေယာဉ်ချိန် နောက်ကျတာမျိုး၊ ကားထွက်မယ့်အချိန် နောက်ကျတဲ့အခါမျိုးတွေမှာလည်း စိတ်မညစ်ညူးသွားဘဲနဲ့ ဘာမှမဖြစ်သလို ပျော်ပျော်ပါးပါးသာ ခရီးထွက်လိုက်ပါ။

&Tour

🌧️ မိုးရာသီတွင် အသွားသင့်ဆုံး နေရာများ 🌧️မင်္ဂလာပါ ခရီးသွားမိတ်ဆွေတို့ရေ!မိုးရာသီမှာ မြန်မာနိုင်ငံရဲ့ သဘာဝအလှတရားနဲ့ ရှေ...
09/07/2024

🌧️ မိုးရာသီတွင် အသွားသင့်ဆုံး နေရာများ 🌧️
မင်္ဂလာပါ ခရီးသွားမိတ်ဆွေတို့ရေ!

မိုးရာသီမှာ မြန်မာနိုင်ငံရဲ့ သဘာဝအလှတရားနဲ့ ရှေးဟောင်းလက်ရာတွေကို ခံစားနိုင်ဖို့ အလွန်ကောင်းတဲ့ အခါဖြစ်ပါတယ်။ အောက်ပါနေရာများဟာ မိုးရာသီအတွင်း သွားရောက်ဖို့ အထူးကောင်းမွန်တဲ့ နေရာများ ဖြစ်ပါတယ်။

🏞️ အင်းလေးကန်
မိုးရာသီအတွင်း အင်းလေးကန်မှာ သစ်ပင်များစိမ်းလန်းပြီး ရေထဲက ရေပြင်များဟာ အလွန် လှပနေပါတယ်။ ရှုခင်းအလှများ၊ ရေထဲက ပန်းချီလက်ရာများကို ခံစားနိုင်ပြီး ရေထဲမှာ လှေစီးကြတဲ့ ပျော်ရွှင်မှုကို တစ်စိတ်တစ်ပိုင်း ခံစားစေနိုင်ပါတယ်။

🕍 ပုဂံ
ပုဂံတဝိုက်ရှိ ဘုရားပေါင်းများစွာဟာ မိုးရာသီရဲ့ ရွာတလှည့် တိတ်တလှည့်မိုးနဲ့ လွမ်းမောစရာ ဖြစ်စေပါတယ်။ မိုးရေစိုစွတ်တဲ့ မြေပြင်ပေါ်မှာ ဘုရားများကို ဖူးမြော်ရင်း အထူးလှပသော ရှုခင်းများကို ခံစားကြည့်ပါ။

🏞️ ဘားအံ
ဘားအံမှာ မိုးရာသီရဲ့ အလှတရားနဲ့အတူ ရေတိမ်တိမ်မှာငှက်ဖမ်းလှည့်လည်မှုတွေ၊ ရေထဲက သစ်ပင်တောတွေနဲ့ တောင်တန်းအလှအပတွေကို ခံစားနိုင်ပါတယ်။



08/07/2024

GET READY!

အသဲကွဲ ပြည်သူ ပြည်သားများရှင့် ex ကိုမေ့ပျောက်စေမယ့် နည်းတခုထဲမှာ တကိုယ်တော် ခရီးထွက်ခြင်းနည်း ဖြင့်ကုစားလို့ရနေပါပြီနော...
01/06/2024

အသဲကွဲ ပြည်သူ ပြည်သားများရှင့် ex ကိုမေ့ပျောက်စေမယ့် နည်းတခုထဲမှာ တကိုယ်တော် ခရီးထွက်ခြင်းနည်း ဖြင့်ကုစားလို့ရနေပါပြီနော် …

ပြည်တွင်း ပြည်ပ အသဲကွဲခရီးစဉ်များကို မကြာခင် မိတ်ဆက်ပေးတော့မှာဖြစ်လို့ like & follow ပေးထားပါနော်…

ခရီးများများ ထွက်ရဖို့ ရည်းစားများများရပြီး အသဲများများ ကွဲနိုင်ကြပါစေလို့ ဆုတောင်းလျှက်…

ပုံ/
ထွေး

အနာဂါတ် မှာ လေကြောင်းလိုင်းတွေဟာ ပုံမှန် အိတ်တွေကိုသာ မက စီးနှင်းသူ ခရီးသည်တွေကို ပါ အလေးချိန် ပြီး over weight ရင် ပိုက...
29/05/2024

အနာဂါတ် မှာ လေကြောင်းလိုင်းတွေဟာ ပုံမှန် အိတ်တွေကိုသာ မက စီးနှင်းသူ ခရီးသည်တွေကို ပါ အလေးချိန် ပြီး over weight ရင် ပိုက်ပိုက် ပိုကောက်တော့မယ် တဲ့ ….

16/05/2024

မိုးရာသီ မရောက်ခင်လေး ဘယ်ခရီးသွားချင်လဲ သူငယ်ချင်းတို့ရေ ??

မိုးရာသီမှာ သွားသင့်သည့် အညာဒေသရဲ့ ပုဂံမြို့ပုဂံဟာ အညာဒေသဖြစ်သည့်အလျောက် မိုးတွင်းမှာဆိုရင် မြေပြန့်ဒေသတွေလို မိုးရွာသွန...
05/05/2024

မိုးရာသီမှာ သွားသင့်သည့် အညာဒေသရဲ့ ပုဂံမြို့

ပုဂံဟာ အညာဒေသဖြစ်သည့်အလျောက် မိုးတွင်းမှာဆိုရင် မြေပြန့်ဒေသတွေလို မိုးရွာသွန်းခြင်းမရှိပဲ မိုးနည်းတဲ့ဒေသဖြစ်ပါတယ်။ ပုဂံမှာ မိုးတွင်းဆို မိုးဖွဲဖွဲလေးသာ ရွာတတ်ပြီး မိုးရွာရင်လည်း ခဏသာ ရွာတတ်တာမို့ ဖုန်လေးတွေသိပ်နေတတ်ပီး မြေနံ့ သင်းသင်းလေးနဲ့ မပူမအေး လည်ပတ်လို့ကောင်းတဲ့နေရာတခုအဖြစ်မျှဝေပေးချင်ပါတယ်။ မကြာခင် မိုးရာသီရောက်ရှိတော့မှာဖြစ်ပါတယ်။

၀ဿန်ချိန်ခါမရောက်ခင် သွားရောက်လည်ပတ်သင့်သည့် မြိတ်ကျွန်းစု
04/05/2024

၀ဿန်ချိန်ခါမရောက်ခင် သွားရောက်လည်ပတ်သင့်သည့် မြိတ်ကျွန်းစု

ဒီလိုပူပြင်းတဲ့ ရာသီဥတုအတွက် အေးချမ်းစေမဲ့ အကြောင်းလေး ပြောပြမယ်ဒီမြို့လေးဟာဘယ်နှစ်ခါရောက်ရောက် အေးစက်နေတာမျိုးမဟုတ်ပဲ အ...
03/05/2024

ဒီလိုပူပြင်းတဲ့ ရာသီဥတုအတွက် အေးချမ်းစေမဲ့ အကြောင်းလေး ပြောပြမယ်
ဒီမြို့လေးဟာဘယ်နှစ်ခါရောက်ရောက် အေးစက်နေတာမျိုးမဟုတ်ပဲ အမြဲ အေးစိမ့်နေပါတယ်
Kalaw ကလောမြို့ကိုအလည်သွားမယ်ဆိုရင်
အိုးစည်တောင်
City View Point
ကလောဘူတာ
Kalaw View Point
ရှန်ဘဲလာ View
Kalaw Heritage
​ရေ​ယောင်းမ View
Pinewood နားက ရထားလမ်း
ကလောနာရီစဥ်
ထင်းရူးတော(ပန်းခြံ)
နှစ်တရာ church ကျောင်း
ရွှေဥမင်သဘာဝလှိုင်ဂူ
ကလောနှီးဘုရား
မြင်းမထိဂူ
ဗျိုက်တောင်
သဲကျင်းဂှု
တောင်နှလုံးကြား ရထားသံလမ်း
ကလောစျေး တို့ပဲဖြစ်ပါတယ်၊ နောက်ထပ်သွားလို့ရတဲ့နေရာလေးတွေရှိရင်လည်း comment မှာ မှတ်ချက်ပေးခဲ့ပါအုန်းနော် .....

Address

No. 60, 4th Floor, Daw Thein Tin Road, Mingalar Taung Nyunt Township
Yangon

Telephone

+959441994060

Website

Alerts

Be the first to know and let us send you an email when HTWE Travel & Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HTWE Travel & Tour:

Share