Lawyer

Lawyer Legal service

 #၂၀၂၆  #လွတ်ငြိမ်း
04/01/2026

#၂၀၂၆ #လွတ်ငြိမ်း

 #အာမခံ
20/12/2025

#အာမခံ

၂၀၂၆  #ရုံးပိတ်ရက်များ
15/12/2025

၂၀၂၆ #ရုံးပိတ်ရက်များ

 #ရာဇသတ်ကြီးပုဒ်မ  #၅၀၅က ဖြင့်လည်းကောင်း၊ ယင်းပြစ်မှုဖြင့် ထွက်ပြေး တိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင...
26/11/2025

#ရာဇသတ်ကြီးပုဒ်မ #၅၀၅က ဖြင့်လည်းကောင်း၊ ယင်းပြစ်မှုဖြင့် ထွက်ပြေး တိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲဆိုခံရသူ ၅၅၈၀ ဦး တို့၏ ကြားနာစစ်ဆေးဆဲ အမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှ လွှတ်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၇ အရ ဤအမိန့်ကို ထုတ်ပြန်လိုက်​​ကြောင်း ​အမိန့်စာတွင်ပါရှိသည်။

ပါတီစုံဒီမိုကရေစီ အထွေထွေ  #ရွေးကောက်ပွဲများကိုနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေ(နိုင်ငံတော်စီမံအုပ်ချုပ်...
01/11/2025

ပါတီစုံဒီမိုကရေစီ အထွေထွေ #ရွေးကောက်ပွဲများကိုနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေ

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၄၈/၂၀၂၅)

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက်

(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် )

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော စကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပာယ်သက်ရောက်စေရမည်-

(က) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆိုသည်မှာ လွှတ်တော်ပုံမှန်သက်တမ်းတစ်ရပ်အတွင်း ကော်မရှင်က သတ်မှတ်ကျင်းပပေးသည့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲကိုဆိုသည်။ ယင်းစကားရပ်တွင် သက်ဆိုင်ရာ ပုံမှန်လွှတ်တော်သက်တမ်းအတွင်း အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်လျက်ရှိသည့် မဲဆန္ဒနယ်များအတွက် ကော်မရှင်က အခါအားလျော်စွာ သတ်မှတ်ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲလည်း ပါဝင်သည်၊

(ခ) ကော်မရှင် ဆိုသည်မှာ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက် နိုင်ရေးအတွက်လည်းကောင်း၊ နိုင်ငံရေးပါတီများကို ကြီးကြပ်နိုင်ရေးအတွက်လည်းကောင်း တည်ဆဲ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုဆိုသည်၊

(ဂ) ကော်မရှင်အဖွဲ့ခွဲ ဆိုသည်မှာ ကော်မရှင်ကဖွဲ့စည်းထားသည့် အောက်ပါအဖွဲ့ခွဲတို့ကို ဆိုသည်-

(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊

(၂) ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊

(၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊

(၄) ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊

(၅) မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊

(၆) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ။

(ဃ) မဲဆန္ဒရှင် ဆိုသည်မှာ ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး လွှတ်တော် ရွေးကောက်ပွဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ မဲပေးခွင့်ရှိသူကိုဆိုသည်၊

(င) မဲရုံအဖွဲ့ ဆိုသည်မှာ မဲဆန္ဒနယ်အတွင်းရှိ မဲရုံတစ်ရုံ၌ ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ စုပေါင်းတာဝန်ယူ ဆောင်ရွက်ရန် သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲက တာဝန်ပေးအပ်ထားသော အဖွဲ့ကိုဆိုသည်၊

(စ) မဲရုံမှူး ဆိုသည်မှာ မဲရုံအဖွဲ့အား ကြီးကြပ်သော ပုဂ္ဂိုလ်ကိုဆိုသည်၊

(ဆ) ကိုယ်စားလှယ်လောင်း ဆိုသည်မှာ လွှတ်တော်တစ်ရပ်ရပ်တွင် ရွေးကောက်တင်မြှောက်ခံရန် အတွက် အမည်စာရင်းတင်သွင်းခြင်းခံရသည့် နိုင်ငံရေးပါတီတစ်ခုခုမှကိုယ်စားလှယ် သို့မဟုတ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ကိုဆိုသည်၊

(ဇ) လူစုလူဝေး ဆိုသည်မှာ ငါးဦး သို့မဟုတ် ငါးဦးထက်ပိုသောသူများဖြင့် စုပေါင်းဖွဲ့စည်းထားသော လူစုလူဝေးကိုဆိုသည်၊

(ဈ) လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီကို ဆိုသည်၊

(ည) ဒေသဆိုင်ရာကော်မတီ ဆိုသည်မှာ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီမှ ဖွဲ့စည်းပေးသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင် သို့မဟုတ် မြို့နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီများကို ဆိုသည်၊

(ဋ) မဲရုံ ဆိုသည်မှာ ကြိုတင်ဆန္ဒမဲပေးခြင်းအပါအဝင် ဆန္ဒမဲပေးရန်အလို့ငှာ သတ်မှတ်ပေးသည့် နေရာကိုဆိုသည်။ ယင်းစကားရပ်တွင် အဆိုပါနေရာ တည်ရှိသည့် ပရိဝုဏ်လည်းပါဝင်သည်၊

(ဌ) ရွေးကောက်ပွဲကာလ ဆိုသည်မှာ ကော်မရှင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ ကျင်းပမည့်ရက် ထုတ်ပြန်ကြေညာသည့်နေ့ရက်မှစ၍ မဲဆွယ်စည်းရုံးသည့်ကာလ၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့နှင့် ကော်မရှင်က ရွေးကောက်ပွဲရလဒ် ထုတ်ပြန်ပြီးသည့် နေ့ရက် ထိကာလကိုဆိုသည်၊

(ဍ) ရွေးကောက်ပွဲလုပ်ငန်းစဉ် ဆိုသည်မှာ မဲဆန္ဒနယ်သတ်မှတ်ခြင်းနှင့် ပြင်ဆင်ခြင်း၊ မဲစာရင်း ပြုစုခြင်းနှင့် ပြင်ဆင်ခြင်း၊ မဲဆန္ဒနယ်အလိုက် မဲရုံသတ်မှတ်ပေးခြင်းနှင့် မဲရုံတည်ဆောက်ခြင်း၊ ဆန္ဒမဲလက်မှတ် အတည်ပြုခြင်း၊ ပုံနှိပ်ခြင်းနှင့် ထုတ်ပေးခြင်း၊ ရွေးကောက်ပွဲကျင်းပခြင်း၊ မဲရေတွက်ခြင်း၊ မဲစာရင်းအတည်ပြုကြေညာခြင်း၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အတည်ပြုထုတ်ပြန်ကြေညာခြင်း စသည့်လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ခြင်းတို့ကို ဆိုသည်၊

(ဎ) ဤဥပဒေ၌ အဓိပ္ပာယ်ဖွင့်ဆိုမထားသော ပြစ်မှု၊ ပြစ်ဒဏ်ပါစကားရပ်များသည် ရာဇသတ်ကြီး၌ အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်း ဖြစ်သည်။

အခန်း(၂)

ရည်ရွယ်ချက်

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များဆောင်ရွက်ခြင်းကို တားဆီး နှောင့်ယှက်ခြင်းမှ ကာကွယ်ရန်၊

(ခ) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မကျင်းပမီ စည်းရုံးရေးကာလအတွင်း ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးမှုများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ရန်၊

(ဂ) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လုံခြုံစိတ်ချစွာဖြင့် လွတ်လပ်စွာ ဆန္ဒမဲပေးရေးကို နှောင့်ယှက်ခြင်း၊ တားဆီးခြင်းတို့မှ ကာကွယ်ရန်၊

(ဃ) မဲရုံနှင့် မဲရုံအတွင်း တာဝန်ကျသူများ လုံခြုံမှုအပြည့်အဝဖြင့် တာဝန်ထမ်းဆောင်နိုင်ရန်။

အခန်း(၆)

တားမြစ်ချက်များ

၁၆။ မည်သူမျှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကိုဖြစ်စေ သို့မဟုတ် လုပ်ငန်းစဉ်၏တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် စာရေးသားဖြန့်ချိခြင်းတို့ကို မည်သည့်နည်းနှင့်မျှမပြုရ။

၁၇။ မည်သူမျှ မဲဆန္ဒရှင်တစ်ဦးဦးကို ဆန္ဒမဲမပေးနိုင်စေရန်အတွက် အောက်ပါပြုလုပ်မှုတစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေမပြုရ-

(က) ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊

(ခ) မိမိအလိုအလျောက် နာကျင်စေခြင်း၊

(ဂ) မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်း။

၁၈။ မည်သူမျှ ရွေးကောက်ပွဲကာလအတွင်း မဲရုံမှူးကိုဖြစ်စေ၊ မဲရုံအဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ ကော်မရှင် သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ပေးအပ်ထားသူ တစ်ဦးဦးကိုဖြစ်စေ ယင်း၏ တာဝန်ဝတ္တရားများ မထမ်းဆောင်နိုင်စေရန် အောက်ပါပြုလုပ်မှုတစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေမပြုရ-

(က) ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊

(ခ) မိမိအလိုအလျောက် နာကျင်စေခြင်း၊

(ဂ) မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်း။

၁၉။ မည်သူမျှ ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးဦးကို ယင်း၏တာဝန်ဝတ္တရားများ မထမ်းဆောင်နိုင်စေရန် အောက်ပါပြုလုပ်မှုတစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေမပြုရ-

(က) ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊

(ခ) မိမိအလိုအလျောက် နာကျင်စေခြင်း၊

(ဂ) မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်း။

၂၀။ မည်သူမျှ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဦးက ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခြင်းမပြုနိုင် စေရန် အောက်ပါပြုလုပ်မှုတစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေမပြုရ-

(က) ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊

(ခ) မိမိအလိုအလျောက် နာကျင်စေခြင်း၊

(ဂ) မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်း။

၂၁။ မည်သူမျှ ဆန္ဒမဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို မည်သည့်နည်းဖြင့်မဆို မိမိအလိုအလျောက်ဖျက်ဆီးခြင်း၊ ပျက်စီးအောင်ပြုလုပ်ခြင်း သို့မဟုတ် ထိခိုက် ဆုံးရှုံးစေခြင်းကို မပြုရ။

၂၂။ မည်သူမျှ ရွေးကောက်ပွဲကော်မရှင်ရုံး သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲရုံးကိုဖြစ်စေ၊ မဲရုံ သို့မဟုတ် မဲရုံအဖြစ်အသုံးပြုသည့် အဆောက်အဦကိုဖြစ်စေ၊ မဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ထိန်းသိမ်းထားသည့် အဆောက်အဦကိုဖြစ်စေ မည်သည့်နည်းဖြင့်မဆို ဖျက်ဆီးခြင်း၊ ပျက်စီးအောင်ပြုလုပ်ခြင်း သို့မဟုတ် ထိခိုက်ဆုံးရှုံးစေခြင်းကို မပြုရ။

အခန်း(၇)

ပြစ်ဒဏ်များ

၂၃။ မည်သူမဆို-

(က) ပုဒ်မ ၁၆ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိချမှတ်ရမည့်ပြင် ငွေဒဏ် လည်းချမှတ်နိုင်သည်၊

(ခ) ယင်းပြစ်မှုကို လူစုလူဝေးဖြင့် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပြစ်မှု ကျူးလွန်သူများအား ထောင်ဒဏ် အနည်းဆုံးငါးနှစ်မှ အများဆုံးဆယ်နှစ်အထိချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

၂၄။ မည်သူမဆို-

(က) ပုဒ်မ ၁၇ ပုဒ်မခွဲ(က)၊ (ခ)၊ ပုဒ်မ ၁၈ ပုဒ်မခွဲ(က)၊ (ခ)၊ ပုဒ်မ ၁၉ ပုဒ်မခွဲ(က)၊ (ခ) သို့မဟုတ် ပုဒ်မ ၂၀ ပုဒ်မခွဲ(က)၊ (ခ) ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်၊

(ခ) ပုဒ်မခွဲ(က)ပါ ပြစ်မှုတစ်ရပ်ရပ်ကို လူစုလူဝေးဖြင့် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ပြစ်မှုကျူးလွန်သူများကို ထောင်ဒဏ်အနည်းဆုံး ငါးနှစ်မှ အများဆုံး ဆယ်နှစ်အထိ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

၂၅။ မည်သူမဆို-

(က) ပုဒ်မ ၁၇ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၁၈ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၁၉ ပုဒ်မခွဲ(ဂ) သို့မဟုတ် ပုဒ်မ ၂၀ ပုဒ်မခွဲ(ဂ) ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး ဆယ်နှစ်မှ အများဆုံးထောင်ဒဏ် နှစ် နှစ်ဆယ်အထိချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်၊

(ခ) ပုဒ်မခွဲ(က)ပါ ပြစ်မှုတစ်ရပ်ရပ်ကို လူစုလူဝေးဖြင့် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ပြစ်မှုကျူးလွန်သူများကို ထောင်ဒဏ်အနည်းဆုံး ဆယ့်ငါးနှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

၂၆။ မည်သူမဆို-

(က) ပုဒ်မ ၂၁ နှင့် ပုဒ်မ ၂၂ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး ငါးနှစ်မှ အများဆုံး ဆယ်နှစ်အထိ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်၊

(ခ) ပုဒ်မခွဲ(က)ပါ ပြစ်မှုတစ်ရပ်ရပ်ကို လူစုလူဝေးဖြင့် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ပြစ်မှုကျူးလွန်သူများကို ထောင်ဒဏ်အနည်းဆုံး ဆယ်နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

၂၇။ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာ၌ တစ်ဦးတစ်ယောက်ကို သေဆုံးမှုဖြစ်စေလျှင် ပြစ်မှု ကျူးလွန်ရာတွင် ပါဝင်သူအသီးသီးကို သေဒဏ်ချမှတ်ရမည်။

၂၈။ မည်သူမဆို ဤဥပဒေပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် အားထုတ်လျှင်ဖြစ်စေ၊ ကျူးလွန်ရာတွင် ပူးပေါင်းကြံစည်လျှင်ဖြစ်စေ၊ အားပေးကူညီလျှင်ဖြစ်စေ မူရင်းပြစ်မှုတွင် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ် ချမှတ်ရမည်။

အခန်း(၈)

အထွေထွေ

၂၉။ ပြည်ထဲရေးဝန်ကြီးဌာနသည် လိုအပ်ပါက ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်၏ လူပုဂ္ဂိုလ်လုံခြုံရေးကို စီစဉ်ဆောင်ရွက်ပေးရမည်။

၃၀။ ဤဥပဒေအရ တရားစွဲဆိုရာတွင် လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ သို့မဟုတ် ယင်းက တာဝန်လွှဲအပ်ပေးထားသော ဒေသဆိုင်ရာကော်မတီ၏ ကြိုတင်ခွင့်ပြုချက်ရယူရမည်။

၃၁။ တည်ဆဲဥပဒေတစ်ခုခုတွင် မည်သို့ပင်ပါရှိစေကာမှု ဤဥပဒေနှင့်သက်ဆိုင်သည့် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်လျှင် ဤဥပဒေဖြင့်သာအရေးယူရမည်။

၃၂။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) ပြည်ထဲရေးဝန်ကြီးဌာနသည် လိုအပ်သည့်စည်းမျဉ်းစည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်၊

(ခ) ပြည်ထဲရေးဝန်ကြီးဌာနနှင့် လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီသည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ)မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

 #ရှေ့နေများနှစ်စဉ်ဖြေဆိုရသည့်ငွေကြေးခဝါချမှုစစ်တမ်းလွှာ #ငွေကြေးခဝါချဖောင်ပုံစံ
26/10/2025

#ရှေ့နေများနှစ်စဉ်ဖြေဆိုရသည့်ငွေကြေးခဝါချမှုစစ်တမ်းလွှာ
#ငွေကြေးခဝါချဖောင်ပုံစံ

26/10/2025
 #၃၃က  #အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ
25/10/2025

#၃၃က #အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ

 #မည်သည်ဘာသာကိုးကွယ်သည်ဖြစ်စေ  #မွေးစားစာချုပ်က်ုမှတ်ပုံတင်၍  #ကလေးမွေးစားခွင့်ရှိသည်
24/10/2025

#မည်သည်ဘာသာကိုးကွယ်သည်ဖြစ်စေ #မွေးစားစာချုပ်က်ုမှတ်ပုံတင်၍ #ကလေးမွေးစားခွင့်ရှိသည်

  #ရှေ့နေ
23/10/2025

#ရှေ့နေ

 #မြေပုံမြေရာဇဝင် #၁၀၅/၁၀၆ #မြေစာရင်း
10/10/2025

#မြေပုံမြေရာဇဝင်
#၁၀၅/၁၀၆
#မြေစာရင်း

Address

Yangon

Alerts

Be the first to know and let us send you an email when Lawyer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lawyer:

Share

Category