Htet Aung Zaw

Htet Aung Zaw Lawyer

16/03/2024

ဒီနေ့ လူသွားလူလာမဲ့နေတဲ့ တနေရာမှာ
I phone 13 (၁) လုံးရယ် 11 လေး (၁) လုံးရယ်
ရေဘူးတစ်ဘူးရယ် အမှတ်မထင်တွေ့မိခဲ့တယ်။

ဘေးနားပတ်ကြည့်တော့ ဘယ်သူဘယ်ရယ်မှလည်းမရှိ

ကိုယ့်မှာ ကြောင်အမ်းအမ်းနဲ့ ဘာလဲဟ ပေါ့။
တစ်လုံး ကျန်ခဲ့တယ်ဆိုလည်း တော်သေး
နှစ်လုံးတောင် ဆိုတော့
ဘယ်လိုစဉ်းစားရမှန်းတောင်မသိ
ဒီကြားထဲ ရေဘူးက အစစ်ပါသေး..။

တွေးမိတာ တခုကတော့ သူတို့ဒီနားမှာပဲရှိမယ်
ရှာနေလောက်ပြီ ပြန်လာလောက်မယ်ဆိုပြီး

ကိုလဲ အဲ့ဒီနားပတ်လည်
မတ်တပ်ရပ်စောင့်ပေးနေခဲ့တာ
မိနစ် ၂၀ ကျော်လောက် ကြာသွားတယ်
ဘယ်သူမှပေါ်မလာခဲ့။

နာရီဝက်လောက်ကြာတော့
အစောင့်ဦးလေးနှစ်ယောက် ရောက်လာတော့
ဟ ဘောစိ အစောင့်တွေပဲဟ လို့ တွေးပြီး
"လာဗျာ ဦးလေး တို့ကလည်း ဖုန်းလေးဘာလေးလဲ ဂရုစိုက်ဦး”ဆိုပြီး ကိုက ဟောက်လိုက်သေးတယ်။

အဲ့ အခါ သူတို့လည်း ကြောင်အမ်းအမ်းနဲ့
သူတို့ဟာ မဟုတ်ကြောင်း ရှင်းပြရှာတယ်။
ဆက်ပြီးတော့
သူတို့ reception မှာ သွားအပ်မယ်ပြောတယ်။

ကျနော်လည်း မဖြစ်သေးပါဘူး ခဏစောင့်ဦးဗျာ
နေဦးလို့ပြောကာ
ဖုန်းပိုင်ရှင်တွေက ဘယ်လိုလူတွေဟ ဆိုပြီး
phone screen လေး တောက်ကြည့်တော့
အိန္ဒိယ စုံတွဲ ပုံလေးတစ်ပုံ..

သေချာပါပြီ ပိုင်ရှင်တော့သိပြီ

ဒီလူတွေ အခုလောက်ဆို အသည်းအသန် ရှာနေလောက်ပြီလို့ တွေးရင်း ဆက်စောင့်နေခဲ့မိတယ်

တနာရီ နီးပါးလောက်ကြာတော့ ပိုက်ဆံရှိပုံရတဲ့မိသားစု အုပ်စုတစ်စုလုံး ရုန်းစုရုန်းစု ရောက်လာကြတယ်

အဲ့ထဲက အတွဲတစ်တွဲကမှ သူတို့ဖုန်းဖြစ်ကြောင်း
Lock တွေ ဘာတွေ ဖွင့်ပြ တဲ့အခါ

ကျနော်လည်း ဟုတ်ပြီ ဟုတ်ပြီ
ခင်ဗျားတို့ဗျာ ပေါနေရင်လည်း ဂရုလေးတော့ စိုက်ဦး သတိလေးတော့ထားပါဦးလို့ပြောတော့

ဟီးဟီးဆိုပြီး ခေါင်းလေးညိမ့်ပြတယ်

ပြီးတော့ ချက်ချင်း လှည့်ထွက်သွားကြလေရဲ့ဗျာ

အဲ
ကိုယ့်ကို ကျေးဇူးတင်ပါတယ်လို့တောင်
တခွန်းလေးမျှ မပြောသွားဘူး..။

တော်တော်လေး ဝေးမှ လှမ်းအော်ပြောရှာတယ်
ကျေးဇူးနော် ညီလေးရေတဲ့

ဘေးနားက အစောင့်ဦးလေးနှစ်ဦးက တော့ မျက်နှာမကောင်း မုန့်ဖ်ိုးဘာညာမပေးသွားလို့ထင်ပါတယ်

ကိုယ်လဲ “ကဲ ဦးလေး တို့ရေ
စိတ်ထဲ ထားမနေနဲ့

ဒီနေ့ လူမှုရေးကျင့်ဝတ်တစ်ခုကို
ကောင်းကောင်းကူညီခဲ့တာ”လို့ ပြောပြီး
ပြုံးစိစိနဲ့ လှည့်ထွက်ခဲ့ပါတယ်…။

ဒီလို ပီတိမျိုးကလည်း ကြည်နူးဖို့အကောင်းသားဗျ😊☺️

အရာအားလုံးဟာ ခဏတာပါပဲ .. အစွဲတွေကသာ မကျွတ်လွတ်ပဲ ကျန်နေခဲ့တာ 😌
27/02/2024

အရာအားလုံးဟာ ခဏတာပါပဲ ..

အစွဲတွေကသာ မကျွတ်လွတ်ပဲ ကျန်နေခဲ့တာ 😌

26/02/2024

ဘာမျှမသိခြင်း၊ ဘာမျှ မတွေးခြင်း၊
ဘာနဲ့မျှ မနှိုင်းယှဉ်ခြင်းတွေဟာ
ငြိမ်းချမ်းခြင်းရဲ့ နိဒါန်းပါလို့ ဆိုလေရမလား…

တစ်ခါ တစ်ခါ ဒီကမ္ဘာ ဒီလောက ရဲ့
သိခြင်း၊ တွေးခြင်း ၊ နှိုင်းယှဉ်ခြင်းတွေဟာ
အရာရာကို အားငယ်စွာ
ဘာကိုမျှ လုပ်ချင်တဲ့စိတ်မရှိတော့လောက်အောင်
ပင်ပန်းလွန်းရပါတယ်…။🚶🏻

မ ဖြစ် နိုင် တာ တွေ အများ ကြီး နဲ့မ ဖြစ် သေး တဲ့ အ ရာ တွေ  များ စွာ ရယ် ပေါ့ .. 😌
04/10/2023

မ ဖြစ် နိုင် တာ တွေ အများ ကြီး နဲ့

မ ဖြစ် သေး တဲ့ အ ရာ တွေ များ စွာ ရယ် ပေါ့ .. 😌

အနီးဆုံး လူတွေကပဲ ကိုယ့်ကို ဒုက္ခပေးနိင်တာ…
17/09/2023

အနီးဆုံး လူတွေကပဲ ကိုယ့်ကို ဒုက္ခပေးနိင်တာ…

😊
16/04/2018

😊

🙏
15/04/2018

🙏

အရာရာဟာ သူ့ဘဝ နဲ့သူ ချည်းရယ်ပါ❤️
17/03/2018

အရာရာဟာ သူ့ဘဝ နဲ့သူ ချည်းရယ်ပါ❤️

တစ်ပါးသူဆီက ပျော်ရွှင်မှုကိုမရှာပါနဲ့ပျော်ရွှင်မှုဆိုတာ ကိုယ့်ဆီမှာပဲရှိတာ…ကိုယ်က တစ်ပါးသူကိုပျော်ရွှင်စေတဲ့အခါအဲ့အပျော်...
12/02/2018

တစ်ပါးသူဆီက ပျော်ရွှင်မှုကိုမရှာပါနဲ့
ပျော်ရွှင်မှုဆိုတာ ကိုယ့်ဆီမှာပဲရှိတာ…

ကိုယ်က တစ်ပါးသူကိုပျော်ရွှင်စေတဲ့အခါ
အဲ့အပျော်တွေကကိုယ့်စီလည်းကူးစက်တတ်လို့လေ❤

သူငယ်ချင်းကောင်းဆိုတာ…ကိုယ်ဘာပြောပြောဂရုတစိုက်နားထောင်ပေးတတ်တာမျိုး…☺
07/02/2018

သူငယ်ချင်းကောင်းဆိုတာ…ကိုယ်ဘာပြောပြော

ဂရုတစိုက်နားထောင်ပေးတတ်တာမျိုး…☺

ကိုယ့်ရဲ့အချစ်တွေက သူ့အတွက်အနှောက်အယှက်လို့မြင်လာတဲ့အခါလက်လွှတ်ပေးလိုက်ခြင်းကသူ့ကိုအကောင်းဆုံးချစ်ပေးခြင်းတစ်မျိုးပဲ…😌
25/01/2018

ကိုယ့်ရဲ့အချစ်တွေက သူ့အတွက်
အနှောက်အယှက်လို့မြင်လာတဲ့အခါ

လက်လွှတ်ပေးလိုက်ခြင်းက
သူ့ကိုအကောင်းဆုံးချစ်ပေးခြင်းတစ်မျိုးပဲ…😌

သူငယ်ချင်းနဲ့ချစ်သူ ဘယ်ဟာရွေးမလဲတဲ့?ကျနော် ခပ်သွက်သွက်လေးပဲပြန်ဖြေလိုက်တယ်သူငယ်ချင်းဆိုတာ…ထာဝရအတွက်ဖြစ်တည်မှုချစ်သူဆိုတာ...
21/01/2018

သူငယ်ချင်းနဲ့ချစ်သူ ဘယ်ဟာရွေးမလဲတဲ့?

ကျနော် ခပ်သွက်သွက်လေးပဲပြန်ဖြေလိုက်တယ်

သူငယ်ချင်းဆိုတာ…ထာဝရအတွက်ဖြစ်တည်မှု
ချစ်သူဆိုတာ တဒင်္ဂအတွက်ဖြစ်တည်မှု

Address

Mya Thu Kha Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 10:00 - 15:00

Telephone

09429118575

Website

Alerts

Be the first to know and let us send you an email when Htet Aung Zaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htet Aung Zaw:

Share