Shwe Bon Real Estate

Shwe Bon Real Estate Money depreciates in value day by day. Just saving is not enough. Millionaires become millionaires not by saving pennies, but by investing in real estate.

Shwe Bon Real Estate is a legally registered company whose name is on the official records of DICA (The Directorate of Investment and Company Administration) and is on the official member records of MRESA (Myanmar Real Estate Services Association). DICA Registration No: 2364/2015-2016(YGN)
MRESA Member No: 4185

You can entrust your properties you wish to sell or lease such as real estate, apartme

nt, condo, industrial zone land plot, warehouse, commercial building, hotel and etc. Please let us know if you have any questions regarding detail information about Shwe Bon Company Limited. Call : +959 955037189 +959 5037189

Our smile is our logo. Our personality is our business card. How we leave others feeling after having an experience with us becomes our trademark.

LANDED PROPERTY FOR RENT in Bahan Township Rental Price - 5 million MMK per month အဌား တစ်လ သိန်း ၅၀ နှစ်ရှည်အငှားလက်ခံပ...
12/10/2025

LANDED PROPERTY FOR RENT in Bahan Township

Rental Price - 5 million MMK per month

အဌား တစ်လ သိန်း ၅၀ နှစ်ရှည်အငှားလက်ခံပါသည်။

Property Specification
Land Size - 80' x 100'
Building Size - 70' x 45' ( 35' x 45' Twin Houses with 6 bedrooms )
Storage Area - 20' x 20' Garage
Another Storage Area - Underground Storage

Location - ကန်တော်ကြီးပတ်လမ်းကနေ ဗိုလ်ချုပ်ပြတိုက်လမ်းအတိုင်း ဝင်ရုံပါ။

မီတာ ၃ လုံးနှင့် generator regulator များပါဝင်ပါသည်။

ဂရန်ကတုံး ဖြစ်သော်လည်း အမွေဆက်ခံမည့်သူ ရှာဖွေ၍ အမည်ပြောင်းနည်း::::::::::::::::::::::::::::::::::::::::::::::::::::::::::...
24/09/2025

ဂရန်ကတုံး ဖြစ်သော်လည်း အမွေဆက်ခံမည့်သူ ရှာဖွေ၍ အမည်ပြောင်းနည်း
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

မြေနှင့်အိမ်ဝယ်လျှင် ဝယ်သည့်မြေမှာ မိမိအမည်ပေါက်ဖြစ်ရန်လိုသည်။ သို့မှသာ အိမ်ဆောက်ရန် မြေပုံကူးယူခြင်း ၊ ခြံစည်းရိုးကာခြင်း ၊ ဘဏ်ငွေချေးခြင်း ပြုလုပ်ရန် အတွက် အိုးအိမ်/စည်ပင်မြေပုံကူးနိုင်သည်။ မြေကွက်မှာ မိမိဝယ်ထားသည်မှာ မှန်သော်လည်း ဥပဒေအရ မိမိအမည်ပေါက် မဟုတ်လျှင် အဆိုပါ ကိစ္စများလုပ်ဆောင်ခြင်း မပြုနိုင်ပါ။
သို့သော် မူလဂရန်ပိုင်ရှင် က မှတ်ပုံတင် General Power/ Special Power မိမိအားပေးထားလျှင်တော့ အထက်ပါ ကိစ္စရပ်များ ဆောင်ရွက်နိုင်ပါသည်။

မူလဂရန်ပိုင်ရှင် သေသွားလျင် ဝယ်သူအမည်ပြောင်းဖို့အဆင့်များ
===========================================
အကယ်၍ မိမိဝယ်ယူခဲ့သည့်၊ ဂရန်အမည်ပေါက် / မြေအမည်ပေါက်များက သေဆုံးသွား၍ ကျန်ရစ်သူ သားသမီးများထံမှ အမွေဆက်ခံသည့် မြေနှင့်အိမ်ကို ဝယ်ယူထားသော သူများမှာ ဥပဒေနှင့် အညီ မိမိအမည်ပေါက် ဂရန်မြေရရှိရေးအတွက် ဆောင်ရွက်ရသည့်အခါ အချိုအချောင် ဟု ထင်ခဲ့သော မြေနှင့်အိမ်မှာ သူများအပူကိုယ့်အပူဖြစ်တော့သည်။ သူများ ဒုက္ခကိုဝယ်ယူသူ ဖြစ်သွားသည်။

အိုးအိမ်ဂရန်လား ၊ စည်ပင်ဂရန်လား ခွဲခြားစုံစမ်းပါ
===========================================
အိမ်ကလည်း အသစ်ဆောက်ချင်သည်၊ ခြံစည်းရိုးကာဖို့လည်းလိုသည်။ သည်တော့ မိမိအမည်ပေါက် မြေငှါးဂရန် ရရန် ဘာတွေလုပ်ရမည်နည်း။ သက်ဆိုင်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေ စီမံခန့်ခွဲမှုဌါန နှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန မြို့မြေစာရင်းတွင် သွားရောက်စုံစမ်းရသည်။

အလာကောင်းမှ အနှောင်းသေချာဖို့ အကူအညီယူပါ
===========================================
ဂရန်ကတုံးဝယ်မိပါက မြေအမည်ပေါက် မိသားစုထံသွား၍ အကူအညီတောင်းရသည်။ သေဆုံးသူ၏ သေစာရင်းမူရင်းပြ၍ ကျန်ရစ်သူများက တရားသူကြီးထံတွင် မြေအမည်ပေါက် မိခင်/ ဖခင်သေဆုံး၍ မိမိတို့မှာ အမွေဆက်ခံပိုင်ဆိုင်သူများဖြစ်ကြောင်း၊ ကျမ်းကျိန်တင်ပြရသည်။ အိမ်နီးနားချင်းနှစ်ဦးကလည်း သေဆုံးသူများမှာ လျှောက်ထားသည့်မြေနှင့်အိမ်ကို ပိုင်ဆိုင်သူများဖြစ်ကြောင်း၊ ကျန်ရစ်သည့် သားသမီးများက အမွေဆက်ခံပိုင်ဆိုင်သည်မှာ မှန်ကန်ပါကြောင်း ဘေးက ဝိုင်းကူ၍ ကျမ်းကျိန်ပေးရသည်။

သားသမီးများက အမွေဆက်ခံပိုင်ဆိုင်ကြောင်း လျှောက်ရန်
===========================================
ကျမ်းကျိန်(၃) စောင် ဂရန်မူရင်း ၊ သေစာရင်း၊ သားသမီးများ၏ မှတ်ပုံတင်မူရင်း၊ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်များယူဆောင်၍ ကျန်ရစ်သူသားသမီးများ ကိုခေါ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာန (သို့) မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှာ သွားရောက်ပြီး ပိုင်ဆိုင်ကြောင်း မြေပုံကူးလျှောက်ထားရသည်။ ထို့အတူ အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် မြေပုံ/မြေရာဇဝင်ကိုပါ တပါတည်းလျှောက်ထားရသည်။ သို့မှသာ အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုပြီးသည့်နှင့် တဆက်တည်း မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ကို ချုပ်ဆိုနိုင်သည်။

ပိုင်ဆိုင်သူများဖြစ်ကြောင်း သားသမီးများက မှတ်ပုံတင်ထားရမယ်
===========================================
မြို့တော်စည်ပင်မှ တစ်လခန့်ကြာပြီး မြေပုံ မြေရာဇဝင် ရလာသည်နှင့် ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ ကျန်ရစ်သူသားသမီးများက အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ရသည်။ နှစ်ပတ်ခန့်အကြာ စာချုပ်ရုံးက ပိုင်ဆိုင်ကြောင်း စာချုပ်ရလာသည့်အခါ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်မချုပ်မီ၊ ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနသို့ သွားရသည်။

ဝင်ငွေခွန်ဥပဒေအရ တန်ဖိုးဖြတ်ပေးဖို့ အခွန်ရုံးကို တင်ပြရန်ပြန်
===========================================
မရွေ့မပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်သည့်အတွက် မိမိဝယ်ယူထားသည့် မြေနှင့်အိမ်ကိုတန်ဖိုးပြပေးဖို့ ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့သို့ တင်ပြရသည်။ ယင်း ဘုတ်အဖွဲ့ကလည်း ဆက်စပ်သက်ဆိုင်သည့် စာရွက်စာတမ်းများပြည့်စုံမှ လက်ခံသည်။ ဥပမာ- ဂရန်/ စာချုပ် ပိုင်ဆိုင်ကြောင်း စာချုပ်၊ မြေပုံမြေရာဇဝင် ၊ ဝယ်သူ၏မှတ်ပုံတင် ၊ အိမ်ထောင်စုစာရင်း၊ စသည်တို့ကို (၆)စုံစီတွဲ၍တင်ပြရသည်။ ယင်းဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်အရ မြေနှင့်အိမ်တန်ဖိုးသတ်မှတ်တန်ဖိုးကို မြေနှင့်အိမ်တည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနတွင် သွားရောက်ပေးဆောင်ရသည်။

နှစ်ထပ်ရှိမှ မှတ်မိဆိုသလို စာချုပ်ရုံးကို သွားရပြန်ပြီ
===========================================
ရန်ကုန်တိုင်း အခွန်ရုံးမှ အခွန်တံဆိပ်ခေါင်းနှင့်ငွေသွင်းပြီး ချလန်စာရွက်များရရှိပါက အထက်တွင်ဖော်ပြခဲ့သည့် စာရွက်စာတမ်းတင်ပြ၍ အမွေဆက်ခံသူတို့နှင့် မြေဝယ်ထားသူတို့ ရန်ကုန်မြို့စာချုပ်ရုံးမှာ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုရပြန်သည်။ စာချုပ်ပြီး ချက်ခြင်းမရ။ (၁၄) ရက်ခန့်အကြာမှ မှတ်ပုံတင်စာချုပ်ထုတ်ယူ၍ရသည်။

မိမိအမည်ပြောင်းဖို့ မြို့တော်ခန်းမသို့ နောက်တစ်ခါက်
===========================================
စာချုပ်စာတမ်းရုံးမှ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ရရှိသည်နှင့် ဝယ်သူအမည်ပေါက်ရရှိရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (၄၆)လမ်းရုံး ခန်းမ သို့သွား၍ အရောင်းအဝယ်စာချုပ် (မူရင်း) ဂရန် (မူရင်း) မှတ်ပုံတင် (မူရင်း) ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်တို့ကို တင်ပြ၍ မြို့နယ်အလိုက် အမည်ပြောင်းခ ပေးသွင်းရသည်။ ကန့်ကွက်ရန်ရှိမရှိ မြို့ပြ မြေစီမံခန့်ခွဲမှုဌါန မှ ကွင်းဆင်းစစ်ဆေးသည်။ ကန့်ကွက်သူမရှိမှသာ တစ်လခန့်အကြာ၌ မိမိဝယ်ယူထားသည့် ဂရန်(သို့) မြေပိုင်မြေ စာချုပ်ပေါ်တွင် မိမိအမည်ပြောင်းပေးတော့သည်။
Credit တရားလွတ်တော်ရှေ့နေ မောင်ကောင်းဖေ ဆရာကိုလေးစားလျက်

22/08/2025

🌟 အဓိဋ္ဌာန်ပါရမီ ဆိုတာ 🌟

ဗုဒ္ဓဘာသာလောကထဲမှာ အလွန်အရေးကြီးတဲ့ စိတ်ဓာတ်နဲ့ လုပ်ဆောင်ချက်တစ်ရပ်ကို ရည်ညွှန်းပါတယ်။

📖 အနက်အဓိပ္ပာယ်

အဓိဋ္ဌာန် (Determination) 💪 – ဆုံးဖြတ်ချက်ခိုင်မာပြီး ရည်မှန်းချက်အတွက် ဇွဲမလျော့ဘဲ ကြိုးစားအားထုတ်ခြင်း။

ပါရမီ (Perfection) 🌱 – ဘုရားအဖြစ်သို့ ရောက်နိုင်စေတဲ့ အတိုင်းအဆမရှိ ကြိုးစားအားထုတ်မှု၊ စေတနာ၊ စွမ်းရည်။

👉 ဒါကြောင့် အဓိဋ္ဌာန်ပါရမီ ဆိုတာ “မပျက်မမြေ့ စိတ်ဓာတ်နဲ့ မိမိရည်မှန်းချက်အတွက် ဇွဲမလျော့ဘဲ အားထုတ်ခြင်း” ဖြစ်ပါတယ်။

🏆 အဓိဋ္ဌာန်ပါရမီ၏ ဂုဏ်သတ္တိများ

1️⃣ ခိုင်မြဲသော ဆုံးဖြတ်ချက် 🧭 – အခက်အခဲတွေကြားမှာပဲ မစွန့်လွှတ်နိုင်ခြင်း။
2️⃣ မပြတ်သော ဇွဲလုံ့လ 🔥 – ပင်ပန်းမှုရှိသော်လည်း ဆက်လက်ကြိုးစားနိုင်ခြင်း။
3️⃣ စေတနာထက်သန်မှု ❤️ – ရည်မှန်းချက်အတွက် စိတ်အားထက်သန်ခြင်း။
4️⃣ ခန္တီ (သည်းခံမှု) ⏳ – အောင်မြင်မှု မြန်မြန်ဆန်ဆန်မရပေမယ့် စိတ်ရှည်လက်ရှည် ဆက်လက်ကြိုးစားနိုင်ခြင်း။

🙏 ဗုဒ္ဓမြတ်စွာဘုရား၏ သာဓက

ဗောဓိပင်အောက်မှာ မာရ်နတ်ရဲ့ အနှောင့်အယှက်ကို မကြောက်မရွံဘဲ 💪 အဓိဋ္ဌာန်သန္ဓေပြုခဲ့သည့်အခါ မာရ်နတ်တပ်တွေကို အနိုင်ရပြီး 🌟 သဗ္ဗညုတဉာဏ်တော် ရရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ အဓိဋ္ဌာန်ပါရမီ အကြီးမားဆုံး ဥပမာတစ်ခုပါ။

🌍 နေ့စဉ်ဘဝထဲမှာ အသုံးချနည်း

📚 ပညာရေး – ခက်ခဲတဲ့ ဘာသာရပ်ကို ဇွဲမလျော့ဘဲ လေ့လာခြင်း။

💼 အလုပ် – ရည်မှန်းချက်ထားပြီး အောင်မြင်အောင် ကြိုးစားခြင်း။

🕯 ဘာသာရေး – ကိုယ့်ယုံကြည်မှုအတွက် မပျက်မကွက် ဆောင်ရွက်ခြင်း။

🧠 စိတ်ဓာတ်ရေး – စိတ်ဓာတ်ကျချိန်မှာ ကိုယ့်ကိုယ်ကို ပြန်လည်ထူထောင်နိုင်ခြင်း။

✨ အဓိဋ္ဌာန်ပါရမီ ဆိုတာ ဘဝတစ်လျှောက်လုံးအောင်မြင်ဖို့ 💫၊ ကိုယ့်ကိုယ်ကို ပိုမြင့်မားအောင် တိုးတက်စေဖို့ ထောက်ပံ့ပေးတဲ့ အတွင်းစွမ်းအင်တစ်ခပါလို့ ဝေမျှရင်း ကျန်းမာချမ်းသာ လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ဓမ္မမိတ်ဆွေများ ကြိုက်နှစ်သက်တယ်ဆိုရင် မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ..🙏

💛💚❤️

fans #ဗုဒ္ဓဓမ္မ_လက်တွေ့အသုံးချမှု #အကြောင်းနဲ့အကျိုး

📲ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံးနှင့် မြို့နယ်ရုံးများ၏ရုံးတည်နေရာလိပ်စာနှင့် ဖုန်းနံပါတ်များစာရင်း📲==========...
22/08/2025

📲ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံးနှင့် မြို့နယ်ရုံးများ၏ရုံးတည်နေရာလိပ်စာနှင့် ဖုန်းနံပါတ်များစာရင်း📲
================================

၁ ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး (၁၆၃/၁၆၇)၊ပန်းဆိုးတန်းလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၅၂၅၄၃

၂ အင်းစိန်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ် (၈)၊ မင်းကြီးလမ်း၊ ရွာမအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၄၀၂၆၃

၃ လမ်းမတော်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ် (၆၂၅)၊မဟာဗန္ဓုလလမ်း၊(၅)ရပ်ကွက်၊လသာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၈၂၂၃၇

၄ တောင်ဥက္ကလာပမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အခန်း(၁၀၁/၁၀၂)၊ပထမထပ်၊သီရိရတနာအိမ်ရာ၊ဝေဇယန္တာလမ်းနှင့်ရတနာလမ်းထောင့်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၈၅၆၀၄၈၈

၅ ဒဂုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး တိုက်(၃)၊အခန်း(၅)၊ဦးဝိစာရအိမ်ရာ၊မြို့မကျောင်းလမ်း၊ဒဂုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၃၇၉၃၁၇

၆ သာကေတမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၉၅)၊မင်းနန္ဒာလမ်းမ၊မြို့သစ်ရပ်ကွက်၊ဒေါပုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၁၉၀၆၄၄

၇ ကျောက်တန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ရွှေညောင်ပင်လမ်း၊စံချိန်မီရပ်ကွက်၊ကျောက်တန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၅၆-၂၅၀၆၄

၈ သုံးခွမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ၃၂၊လေးကျွန်းမာန်အောင်ဘုရားလမ်း၊(၆)ရပ်ကွက်၊သုံးခွမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၀၅၆-၄၀၄၁၆

၉ ခရမ်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အောင်မေတ္တာလမ်း၊(၃)ရပ်ကွက်၊ခရမ်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၅၆-၃၀၀၂၂

၁၀ လှိုင်သာယာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၁)၊ရုံးရှေ့၊(၈)ရပ်ကွက်၊လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၄၅၀၃၅

၁၁ ပန်းပဲတန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၁၆၈/၁၈၈)၊(၂၇)လမ်း၊(၅)ရပ်ကွက်၊ပန်းပဲတန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၃၇၀၈၇၉

၁၂ တာမွေမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂)၊အိုးစု(၃)လမ်း၊မေတ္တာညွန့်ရပ်ကွက်၊တာမွေမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၅၄၁၆၄

၁၃ အလုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး တိုက်(၁)၊ဒုတိယထပ်၊အခန်းအမှတ်(၁၄/၁၅)၊အလုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၂၁၇၄၆

၁၄ စမ်းချောင်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၇၄)၊ဒုတိယထပ်၊ကျွန်းတောလမ်း၊ကျွန်းတောအလယ်ရပ်ကွက်၊စမ်းချောင်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၀၀၆၁၅

၁၅ တွံတေးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ဘုရင့်နောင်တပ်လမ်း၊ရွှေဆံတော်ရပ်ကွက်၊တွံတေးမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၄၅-၅၀၀၁၁

၁၆ သန်လျင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၇)၊ကျိုက်ခေါက်ဘုရားလမ်း၊အမှုထမ်းရပ်ကွက်၊သန်လျင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၅၆-၂၁၀၃၆

၁၇ လှည်းကူးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး မင်းလမ်း၊မြို့မရပ်ကွက်၊လှည်းကူးမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၂၉၀၂၆

၁၈ ဒေါပုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၉၅)၊မင်းနန္ဒာလမ်းမ၊မြို့သစ်ရပ်ကွက်၊ဒေါပုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၁၉၀၅၃၀

၁၉ လသာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၉၉)/ဒုတိယထပ်၊အနော်ရထာလမ်းနှင့် ၁၉ လမ်းထောင့်၊(၄)ရပ်ကွက်၊လသာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၅၂၃၄၆

၂၀ သင်္ဃန်းကျွန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး
(၂/၀၀၁/၀၀၂/၀၀၃/၁၀၁)၊ဝေဇယန္တာအိမ်ရာ၊ဝေဇယန္တာလမ်း၊ဇ/တောင်ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ် ၀၁-၈၅၆၀၈၁၇

၂၁ ရန်ကင်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး စုပေါင်းရုံးဝင်း၊ရန်ကင်းလမ်း(၂)ရပ်ကွက်၊ရန်ကင်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၅၆၇၅၂

၂၂ မင်္ဂလာတောင်ညွန့်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၄၃)/ဒုထပ်(ဝဲ+ယာ)၊ကျီတော်လမ်း၊ကျီတော်ရပ်ကွက် မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၀၁၀၄၂

၂၃ မင်္ဂလာဒုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ShortHouse၊(၈)ခန်းတွဲအိမ်ရာ၊ခရေပင်ရိပ်မွန်၊ချစ်တီးကုန်းရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၃၅၂၄၄

၂၄ ဆိပ်ကမ်း/ဆိပ်ကြီးခနောင်တိုမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၉၈)၊အခန်း(၂၀၁)၊ဒုတိယထပ်၊(၃၉)လမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၃၈၈၃၁၆

၂၅ ဒလမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၁၇၆)၊ဗိုလ်တထောင်ဘုရားလမ်းနှင့်မဟာဗန္ဓုလလမ်းထောင့်၊အလယ်ဘလောက်၊ပုဇွန်တောင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၀၁၉၃၁

၂၆ ကမာရွတ်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၄/၅/၁၂)၊ပြည်ရိပ်မွန်အိမ်ယာ၊(၆)ရပ်ကွက်၊ ကမာရွက်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၃၆၄၄၀

၂၇ လှိုင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၁၃)/အေးရိပ်မွန်လမ်း၊(၄)ရပ်ကွက်၊လှိုင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၈၂၂၃၇

၂၈ မရမ်းကုန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်-၉/၁၁၊ဗိုလ်ချုပ်လမ်း၊(၁)ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၈၁၈၆၂

၂၉ ကြည့်မြင်တိုင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၈၀)၊ကျောင်းကြီးလမ်း၊အိုးဘိုရပ်ကွက်၊ကြည့်မြင်တိုင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၃၁၇၂၉၂

၃၀ တိုက်ကြီးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ဆေးရုံလမ်း၊ဗောဓိကုန်းရပ်ကွက်၊တိုက်ကြီးမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၅၅-၂၀၁၁၅

၃၁ မှော်ဘီမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ရုံးပေါက်လမ်း၊တပ်ကြီးကုန်းကျေးရွာ၊မှော်ဘီမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၂၀၀၅၃

၃၂ ထန်းတပင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အသောကလမ်း၊(၂)ရပ်ကွက်၊ထန်းတပင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၁၉၂၁၂

၃၃ ရွှေပြည်သာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ၁၄/၁၆(က)၊မဲခေါင်လမ်း၊(၆)ရပ်ကွက်၊ရွှေပြည်သာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၁၁၀၆၇

၃၄ ကျောက်တံတားမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၀၀/၂၀၈)၊(၃၅)လမ်း၊အထက်ဘလောက်၊(၃)ရပ်ကွက်၊ကျောက်တံတားမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၅၄၆၁၁

၃၅ ပုဇွန်တောင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၈၁/၈၅)၊တိုက်(၁၁)၊အနော်ရထာလမ်း၊ (၂)ရပ်ကွက်၊ပုဇွန်တောင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၉၀၄၇၂

၃၆ ဗိုလ်တထောင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၈၀/၈၂)၊ဘိုကလေးစျေးလမ်း၊(၈)ရပ်ကွက်၊ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၅၆၉၉၇

၃၇ ဗဟန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၉)၊ကမ္ဘာအေးဘုရားလမ်းနှင့် ဗဟန်း(၃)လမ်းထောင့်၊ မြို့မရပ်ကွက်၊ဗဟန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၃၈၀၉၁၀

၃၈ မြောက်ဥက္ကလာပမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၁၅၄)၊မဏ္ဏိုင်လမ်း၊(ဂ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၆၉၉၄၀၆

၃၉ ကွမ်းခြံကုန်း/ကော့မှူးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်( ၃၆)၊ဗဟိုလမ်း၊စျေးပိုင်းရပ်ကွက်၊ ကွမ်းခြံကုန်း၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၆၅၃၁၆

၄၀ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၁၈/၁၅)၊စုပေါင်းရုံလမ်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၈၀၆၂၆

၄၁ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၉၆+၁၁၁)၊ပြည်ထောင်စုလမ်း၊(၆၄)ရပ်ကွက်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၄၈၀၁၈

# credit #မူရင်းရေးသားသူ

🙏တဆင့်ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်🙏

🙏Credit Video Sayar Gyi U KYI SOE IC

အိမ်ဆောက်အိမ်ပြင်တဲ့အခါ သိထားဖို့လိုတဲ့ Lighting အတွက်သုံးရမဲ့ ဝါယာ Size Power အတွက်သုံးရမဲ့ ဝါယာ Size
26/07/2025

အိမ်ဆောက်အိမ်ပြင်တဲ့အခါ သိထားဖို့လိုတဲ့

Lighting အတွက်သုံးရမဲ့ ဝါယာ Size
Power အတွက်သုံးရမဲ့ ဝါယာ Size

ရန်ကုန်မှာ ကုံးဘယ်နှစ်ကုံးရှိလဲ ။ ရန်ကုန်သူ / ရန်ကုန်သား မှန်တယ်ဆိုရင် ဖြေသွားကြည့် ၁။တောင်သူကုန်း၂။နံသာကုန်း၃။ဇီးအုံးကု...
26/07/2025

ရန်ကုန်မှာ ကုံးဘယ်နှစ်ကုံးရှိလဲ ။ ရန်ကုန်သူ / ရန်ကုန်သား မှန်တယ်ဆိုရင် ဖြေသွားကြည့်

၁။တောင်သူကုန်း
၂။နံသာကုန်း
၃။ဇီးအုံးကုန်း
၄။ဒညင်းကုန်း
၅။ပိန္နဲကုန်း
၆။ပေါက်ကုန်း(မင်္ဂလာဒုံ)
၇။ပုရွက်ဆိတ်ကုန်း(ကျောက်ရေတွင်းနဲ့ မြောက်
ဥက္ကလာဘူတာတို့ကြား)
၈။ကျောင်းကုန်း.
၉။မရမ်းကုန်း
၁၀။ပန်းပင်ကုန်း(မရမ်းကုန်းမြို့နယ်)
၁၁။မင်းဓမ္မကုန်း
၁၂။စော်ဘွားကြီးကုန်း
၁၃။ဆယ်မိုင်ကုန်း
၁၄။ကွမ်းခြံကုန်း
ကွမ်းခြံကုန်း (ယခုရန်ကုန်ဘူတာကြီး၊ ယခင်ကွမ်းခြံဘူတာ)။
၁၅။မလွှကုန်း
၁၆။မြေနီကုန်း
၁၇။ရွှေတောင်ကုန်း
၁၈။ဟာမစ်တစ်
၁၉။ဂျော်ဂျီယာကုန်း
၂၀။၇မိုင်ကုန်း
၂၂။ချော်တွင်းကုန်း
၂၃။နှင်းဆီကုန်း
၂၄။အာဇာနည်ကုန်း
၂၅။ကြို့ကုန်း
၂၆။ကျောက်ကုန်း(ရန်ကင်း)
၂၇။မြယာကုန်း(မင်္ဂလာတောင်ညွှန့်)
၂၈။တမာကုန်း
၂၉။ပေတောကုန်း
(ပုဇွန်တောင်ဘူတာနာ)
၃ဝ။သူဌေးကုန်း
၃၁။ဗန်ဒါကုန်း
၃၂။မုန့်လုပ်ဆောင်းကုန်း
၃၃။ထန်းပင်ကုန်း
၃၄။ရှမ်းကုန်း
၃၅။ငါးမျှားတံကုန်း
၃၆။ဘိုကုန်း
၃၇။ပုဏ္ဏကုန်း(တာမွေ)
၃၈။ပျားရည်ကုန်း(တာမွေ)
၃၉။အရိုးကုန်း(တာမွေ)
၄၀။မအူကုန်း(တာမွေ)
၄၁။သပြေကုန်း
၄၂။ရေတွင်းကုန်း
၄၃။ညာဏဗလကုန်း (အခုလုပ်သားဆေးရုံနေရာပါ).
၄၄။ဒေဝသာဂရ သိမ်ကုန်း
၄၅။အရင်ဂေါ်ယာကုန်းနောက်တော့
ဦးထောင်ဗိုလ်ကုန်းဆိုတာလဲရှိ
၄၆။ဘာဂျော်ဂျီ ကုန်း (ဗဟန်း)
၄၇။ပြီး ရှေး အခေါ် မမှတ်မိတဲ့
212 ကုန်း (ဗဟန်း)
၄၈။ KBZ နောက်ဘက်စာတိုက် ကုန်း(ဗဟန်း)
၄၉။Yuzana Tower နေရာ တို့ ရှိ သေး
၅၀။ဒေဝသါဂရသိမ်ကုန်း
(သိမ်ဖြူလမ်းနဲ့ ဗိုလ်မင်းရောင်လမ်းဒေါင့်)
၅၁။ဗိုလ်ချုပ်ကုန်း....
၅၂။ကုလားကုန်:..
၅၃။သိင်္ဂုတ္တရကုန်းတော်
၅၄။ဆူးလေးကုန်း
၅၅။မဟာဝိဇယကုန်း
၅၆။အလှံပြဘုရား
၅၇။ကမ္ဘာအေးဘုရား
၅၈။ဟိန္ဒူကုန်း (ဥက္ကလာဂေါက်ကွင်း အရှေ့ဖက်)
၅၉။မြွေဟောက်ကုန်း (ဒဂုံမြောက်ဘေလီတံတားအနီး)
၆၀။ဒိုဘီကုန်း (ကန်တော်လေး)

အသစ်တွေ့လာရင် ထပ်ဖြည့်ပေးပါမယ်။ ကွန်းမန့်မှာ ပြောထားခဲ့ပေးပါ ။

မီတာယူနစ် ဖတ်ချက် မှန် မမှန် ဘယ်လိုစစ်ဆေးကြမလဲ။လျှပ်စစ်ဌာနကို Complain အတက်ဆုံး နှစ်ချက်ပြောပါဆိုရင် မီးမလာတာနဲ့ မီတာခမျ...
13/07/2025

မီတာယူနစ် ဖတ်ချက် မှန် မမှန် ဘယ်လိုစစ်ဆေးကြမလဲ။

လျှပ်စစ်ဌာနကို Complain အတက်ဆုံး နှစ်ချက်ပြောပါဆိုရင် မီးမလာတာနဲ့ မီတာခများတာရယ်။ မီးကိစ္စကတော့ တတ်နိုင်သလောက် ရှင်းပြရေးပြပြီးပါပီ။ မီတာခ နည်း၊ များ ကိစ္စကတော့ ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ပါဘူး။ အကျဉ်းချုံးလေး ရေးပေးပါ့မယ်။

အိမ်သုံးမီတာမှာ Analogue မီတာနဲ့ Digital မီတာဆိုပြီး အကြမ်းဖျင်း(၂)မျိုးရှိပါတယ်။ Analogue မီတာဆိုတာက ဂဏန်းပြဒိုင်ခွက်နဲ့ အောက်မယ် အဝိုင်းပြားကြီးလည်တာမျိုးပါ။

Digital မီတာက 8 Bitကို အခြေခံပြီး ဒီဂျစ်တယ်ဂဏန်းကို ပြပေးတာမျိုးပါ။ ပုံမှန်အားဖြင့် Digital မီတာတွေကို တိုင်ပေါ်မှာ (သို့) ခြံစည်းရိုး (သို့) အိမ်မှာတပ်လေ့ရှိပြီး HHUစက်ဖြင့် ဖတ်လေ့ရှိပါတယ်။

ကိုက်သုံးရာ အကွာမှ ဖမ်းယူရရှိနိုင်တာ‌ေကြာင့် လာဖတ်တာ မတွေ့ဘူးပြောနေရေးနေကြတာ ဖြစ်ပါလိမ့်မယ်။

(၁)မီတာနံပါတ် မှန် မမှန်စစ်ဆေးပါ။
မိမိ၏ နောက်ဆုံးလ၏မီတာဘေလ်ကိုယူပါ။ မီတာအမှတ်ဆိုတာကို ကြည့်ပါ။ Analog ဆိုရင် ရှေ့မှာ အင်္ဂလိပ်အက္ခရာ တစ်လုံး သို့ နှစ်လုံး ခံပြီး နံပါတ်ရေးလေ့ရှိပါတယ်။

နံပါတ်ကြည့် သီးခြားပါတာ‌တွေလည်းရှိပါတယ်။ Digital ကတော့ ဂဏန်းတွေကြည့်ပဲများပါတယ်။ မီတာဘေလ်ပါ နံပါတ်နဲ့ မိမိတပ်ဆင်သုံးစွဲနေသော မီတာနံပါတ် မှန်မမှန် စစ်ပါ။

အရေးကြီးပါတယ်။ မှားနေတာတွေ့ရင် လွဲနေတာရှိရင် ချက်ချင်း မြို့နယ်ရုံးသို့ သွားရောက်ဖြေရှင်းဆောင်ရွက်ပါ။

(၂) တရက်စာ ပျမ်းမျှယူနစ်သုံးစွဲမှုကိုတွက်ချက်ပါ။

နောက်ဆုံးလ၏မီတာဘေလ်မှာ ကွာခြားယူနစ်ဆိုတာပါ ပါတယ်။ ယခုလအသုံးထဲက ယခင်လအသုံးကို ခြားနားလိုက်ရင် ကွာခြား ယူနစ်ဟုခေါ်သော မီတာဘေလ်ပါလ၏ အသုံးယူနစ်ကို ရပါတယ်။

၎င်းသည် လူကြီးမင်း သုံးစွဲခဲ့သော တလစာယူနစ်ဖြစ်ပါသည်။ ၎င်းကွာခြားယူနစ်သည် ရက်၃၀စာဖြစ်၍ ၃၀ဖြင့် စားပါက တရက်စာအသုံးအား ရရှိနိုင်ပါသည်။

မီတာဘေလ်ပါ ကွာခြားယူနစ်၏ လသည် ၃၁ရက်ဆုံးသော လဖြစ်ပါက ၃၁ဖြင့် စား၍ တရက်စာ ပျမ်းမျှယူနစ်ကို တွက်ချက်ပါ။

တလနဲ့တလအသုံးသည် ဓာတ်အားရရှိမှု၊ ရာသီဥတုအခြေအနေ၊ အသုံးပေါ်မူတည်၍ အနည်ငယ် ကွာဟ နိုင်ပါသည်။

(၃) မီတာယူနစ် ဖတ်ချက်အား စစ်ဆေးခြင်း

မိမိပထမဆုံး ခွဲခြား၍ သိရှိရမည်မှာ Analog မီတာလား၊ ဒီဂျစ်တယ်မီတာလား ဆိုတာပါပဲ။ ပြီးနောက် တွင် ပြသောဂဏန်းအား ဓာတ်ပုံရိုက်၍ ယူပါ။

စာရွက်ပေါ်တွင် မိမိဓာတ်ပုံရိုက်ယူခဲ့သော မီတာပြဂဏန်အား ချရေးပါ။ ဒဿမကိန်းများ ထည့်သွင်းရန် မလိုအပ်ပါ။ ၎င်းနောက် နောက်ဆုံးလ၏ မီတာဘေလ်တွင် ယခုလ ဖတ်ချက်ကို ကြည့်ပါ။

မီတာဘေလ်ပါ ဂဏန်းအား ချရေး၍ မီတာပြဂဏန်းမှ နူတ်ပါ။ မိမိစစ်ဆေးသည့်နေ့အထိ သုံးစွဲနေသော ယူနစ်ပမာဏကို ရရှိပါမည်။

Analog မှာတော့ သဘောတရားအတူတူပါပဲ။ ဒါပေမဲ့ရှေ့မှာ ပတ်ဂဏန်းတချို့ရှိတတ်ပါတယ်။ မီတာ ယူနစ်ပြဒိုင်ခွက်မှာ ၄၅၀၇ဆိုကြပါစို့။

မီတာဘေလ်မှာက ၁၄၅၀၇ဆိုရင် ရှေ့က ၁ သည် ပတ်ဂဏန်းဖြစ်ပါသည်။ ပတ်ဂဏန်းရှိပါက ထည့်သွင်းခြားနားပေးရမည်ဖြစ်ပါသည်။

ယနေ့ထိ ကွာခြားယူနစ်= မီတာပြဂဏန်း - မီတာဘေလ်ပါ ဂဏန်း

(၄) စစ်ဆေးတွက်ချက်ခြင်း
မိမိ၏ မီတာတရက်တာ မီတာအသုံးယူနစ်အား မိမိစစ်ဆေးသည့် ရက်၏အရေအတွက်နှင့် မြှောက်ပါ။

မိမိသည် ၂၀ရက်နေ့ စစ်ဆေးသည်ဆိုပါက အကြမ်းဖျင်းအားဖြင့် ၂၀ရက်စာ အသုံးဖြစ်၍ ၂၀နှင့် မြှောက်၍ ယနေ့ထိ အသုံးယူနစ်ကို ရှာပါ။ ၁၅ရက်နေ့တွင် စစ်ဆေးပါက ၁၅ဖြင့် မြှောက်ရမည်ဖြစ်ပါသည်။

(၅)သုံးသပ်ခြင်း
မီတာပြဂဏန်းအရ ယနေ့ထိ အသုံးယူနစ်နှင့် မီတာဘေလ်ပါ တလစာအသုံးမှရရှိသော ယနေ့ထိ အသုံးယူနစ်သည်။

ပျမ်းမျှအားဖြင့် ညီမျှနေမည်ဖြစ်ပါသည်။ ကွာဟချက်သည် တလစာအသုံး၏ တ‌ဝက်ကျော်ကွာဟနေခြင်း လျော့နည်းနေခြင်းများ ဖြစ်ပေါ်နေပါက မြို့နယ်ရုံးသို့ အသိပေးအကြောင်းကြားသင့်ပါသည်။

အချုပ်ပြောရရင် မီတာပုံမှန် ဖတ်သလား၊ မဖတ်ဘူးလား အကြမ်းဖျင်း စစ်ဆေးဖို့ရာ မခက်ပါဘူး။ မိမိမီတာမှန် မမှန် စစ်ဆေးပါ။

ပြီးရင် မီတာပြဂဏန်းအရ ယနေ့ထိအသုံးနဲ့ တလစာအသုံးအရ ခန့်မှန်းတွက်ချက်ထားသော ယနေ့ထိ အသုံးကို ယှဉ်ကြည့်ရင် ရပါပြီ။

ပုံမှန်အခြေအနေအရ စစ်ဆေးသည့် ပုံစံကို ရှင်းလင်းဖော်ပြထားတာပါ။

ဓာတ်အား သုံးစွဲခ စစ်ဆေးရန် - MESC https://share.google/FijvFvpw4s1V1hkA5

ဓာတ်အားခ ကျသင့်‌ငွေတွက်ချက်ရန် https://moep.gov.mm/mm/ignite/page/648

ကေအက်(ခွဲမှူး)

Credit _ Original Uploader

မီတာအမှတ် နှင့် ကွန်ပျူတာကုဒ် (သို့မဟုတ်) ကွန်ပျူတာကုဒ် ထည့်သွင်းပြီး စစ်ဆေးနိုင်ပါသည်။

အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာညွှန်ကြားချက်ပြည်ထဲရေးဝန်ကြီးဌာနငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အိမ်ခြံမြေအကျိုးဆောင...
30/06/2025

အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာညွှန်ကြားချက်

ပြည်ထဲရေးဝန်ကြီးဌာန
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့
အိမ်ခြံမြေအကျိုးဆောင်များနှင့်အဖိုးတန်သတ္တုရောင်းဝယ်သူများကြီးကြပ်ရေးအာဏာပိုင်
သတင်းပို့အဖွဲ့အစည်းဖြစ်သည့်
အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာညွှန်ကြားချက်
(ညွှန်ကြားချက်အမှတ် ၁ /၂၀၂၂)
(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်)
➖➖ 🅢🅞🅤🅡🅒🅔 > MLIS ➖➖
(MLIS Website မှ ကူးယူဖော်ပြပါသည်။)
Crd

ငလျင်ဒဏ်ခံနိုင်ရည်အတွက်... မိမိတို့ရဲ့ ‌တိုက်/ အိမ်/ အဆောက်အဦ ခိုင်ခံ့စိတ်ချရမှုအဆင့်တွေ တွက်ချက်သိရှိနိုင်ဖို့... Struc...
18/04/2025

ငလျင်ဒဏ်ခံနိုင်ရည်အတွက်... မိမိတို့ရဲ့ ‌တိုက်/ အိမ်/ အဆောက်အဦ ခိုင်ခံ့စိတ်ချရမှုအဆင့်တွေ တွက်ချက်သိရှိနိုင်ဖို့... Structure ကျွမ်းကျင်ပညာရှင် Engr တစ်ယောက်ရဲ့ "မိမိ အိမ်ကို အမှတ်‌ ပေးကြည့်ပါ" ဆိုတဲ့ ပို့စ်‌လေးကို Ref; ယူ Crd; ပေးပြီး ပြန်လည်မျှဝေပေးတာပါ။
>>>
မိမိ အိမ်ကို အမှတ်‌ ပေးကြည့်ပါ
၁-၁၆ အထိ အစိမ်းရောင်
၁၇-၂၄ အထိ အဝါရောင်
၂၅ ကျော်ရင် အနီရောင်

Crd;
Yati Chan Fb Acc
***

ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ
ကျန်းမာ ချမ်းသာကြပါစေ။

30/11/2024
လှိုင်မြို့နယ် 90’x 60’ မြေကွက်အလွတ်အရောင်း ပိုင်ဆိုင်မှု - နှစ် ၆၀ ဂရမ် တည်နေရာ : လှိုင်မြို့နယ် သီရိ ၇ လမ်း ( လှိုင်မြ...
14/10/2024

လှိုင်မြို့နယ် 90’x 60’ မြေကွက်အလွတ်အရောင်း

ပိုင်ဆိုင်မှု - နှစ် ၆၀ ဂရမ်

တည်နေရာ : လှိုင်မြို့နယ် သီရိ ၇ လမ်း ( လှိုင်မြို့နယ် နှင့် ကမာရွတ်ကြားမှာ တည်ရှိပါတယ် )

ဆိုစျေး - သိန်း ၁၈၀၀၀ ( ညှိနှိုင်း )

လူကြီးမင်းတို့ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိပြီး အမှန်တကယ်ဝယ်ယူရန် စိတ်ဝင်စားပါက ပတ်ဝန်းကျင်အနေထား၊ လမ်းအနေထား၊ မြေအနေထား၊ တိုက်အနေထား၊ အိမ်အနေထား၊ အခန်းများအနေထား ကြည့်ရှူလေ့လာရန် တစ်ရက်ကြိုချိန်းပေးပါရန်။

အသေးစိတ်အချက်အလက်များထပ်မံ
သိရှိလိုပါက

📱Call 09955037189 ( Viber / WhatsApp )

သို့အချိန်မရွေးဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

𝘔𝘰𝘯𝘦𝘺 𝘥𝘦𝘱𝘳𝘦𝘤𝘪𝘢𝘵𝘦𝘴 𝘪𝘯 𝘷𝘢𝘭𝘶𝘦 𝘥𝘢𝘺 𝘣𝘺 𝘥𝘢𝘺. 𝘑𝘶𝘴𝘵 𝘴𝘢𝘷𝘪𝘯𝘨 𝘪𝘴 𝘯𝘰𝘵 𝘦𝘯𝘰𝘶𝘨𝘩. 𝘔𝘪𝘭𝘭𝘪𝘰𝘯𝘢𝘪𝘳𝘦𝘴 𝘣𝘦𝘤𝘰𝘮𝘦 𝘣𝘪𝘭𝘭𝘪𝘰𝘯𝘢𝘪𝘳𝘦𝘴 𝘯𝘰𝘵 𝘣𝘺 𝘴𝘢𝘷𝘪𝘯𝘨 𝘱𝘦𝘯𝘯𝘪𝘦𝘴, 𝘣𝘶𝘵 𝘣𝘺 𝘪𝘯𝘷𝘦𝘴𝘵𝘪𝘯𝘨 𝘪𝘯 𝓡𝓮𝓪𝓵 𝓔𝓼𝓽𝓪𝓽𝓮.

- 𝒮𝒽𝓌𝑒 𝐵𝑜𝓃 𝑅𝑒𝒶𝓁 𝐸𝓈𝓉𝒶𝓉𝑒

ရန်ကုန်မြို့တွင်း လူကြီးမင်းတို့ ရောင်းရန်ရှိ အိမ်-ခြံ-မြေများကိုလည်း အကျိုးဆောင်လက္ခံပါသည်။

မြေဝယ်မကျဆိုသည်မှာ… (မြေကို ဝယ်ခြင်းဆိုသည်ထက် မြေ၏ပိုင်ဆိုင်မှုကို ဝယ်ယူခြင်းဖြစ်သည်)🔹 မြေဝယ်မကျဆိုသည်မှာ တွေ့တဲ့ခြံမြေက...
25/06/2024

မြေဝယ်မကျဆိုသည်မှာ… (မြေကို ဝယ်ခြင်းဆိုသည်ထက် မြေ၏ပိုင်ဆိုင်မှုကို ဝယ်ယူခြင်းဖြစ်သည်)

🔹 မြေဝယ်မကျဆိုသည်မှာ တွေ့တဲ့ခြံမြေကို ပေါချောင်ကောင်းစျေးတွေနဲ့ရတဲ့မြေတိုင်းကတော့ 100% အာမမခံနိုင်ပါဘူးဗျာ.. 😎

🔹 ရင်းနှီးမြုပ်နှံသင့်တဲ့ခြံမြေများရှိသလို လုံးဝမဝယ်သင့်တဲ့ ခြံမြေမျိုးလည်းများစွာရှိပါသည်။ မြေပိုင်ဆိုင်မှုစာချုပ်စာတမ်းအမျိုးမျိုးနှင့် အရှုပ်ရှင်းအမျိုးမျိုးရှိပါသည်။ ဝယ်ထားသောခြံသည် ပိုင်ဆိုင်မှု့ခိုင်မာ၍ နောင်တစ်ချိန်မှာ အချက်ချာကျနိုင်သော နေရာဖြစ်ရမည်။ မြေအရောင်းဝယ်မှာ မြေကိုဝယ်ခြင်းဆိုသည် ထက် မြေ၏ပိုင်ဆိုင်မှုကို ဝယ်ယူခြင်းဖြစ်ပါသည်။

🔹 ဂရံမြေ 🔹
လူတိုင်း မြေဝယ်မည်ဆုံးဖြတ်ပါက ဂရံမြေကိုသာ ပိုသဘောကျနှစ်သက်ကြသည်။ အရောင်းဝယ်လွယ်
ကူသည်။ လူတိုင်းနှစ်သက်သောမြေ (သစ်တောဂရံမြေ၊ စိုက်ပျိုးဂရံမြေ၊ စက်မှုဇုံဂရံမြေ၊ လူနေထိုင်အိမ်
ဂရံမြေ) အမျိုးမျိုးရှိသည်။

🔹 သစ်တော ဂရံမြေ 🔹
သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေဖြစ်ပြီး မိသားစု တစ်အိမ်စာဆောက်လုပ်ခွင့်မှအပ အခြားစီးပွား
ရေးပြုလုပ်ရန် (သို့) ခြံပိုင်း၍ရောင်းဝယ်ရန် မလွယ်ကူပါ။ ခွင့်ပြုချက် အဆင့်ဆင့်လျှောက်တင်ရပါမည်။

🔹 စိုက်ပျိုး ဂရံမြေ 🔹
အစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရံ (စလစ်) မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့်၊ အရောင်းဝယ်ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချခြင်း လုံးဝပြုလုပ်ရန်မသင့်။ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေးပြန်သိမ်းနိုင်သည်။

🔹 စက်မှုဇုံဂရံမြေ 🔹
က(၃၀)ဖြင့် ခွင့်ပြုချက်ကျပြီး စက်မှုလုပ်ငန်းမှအပ (3)ခ ပါရင် လူနေအိမ်ဆောက်နေထိုင်၍ ရသည်။

🔹 လူနေထိုင်အိမ်ဂရံ 🔹
ထို ဂရံ မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန် ဥပဒေအရသော်၄င်း၊ အရောင်းဝယ်ပြုရန်သော်၄င်း လုံးဝကင်းရှင်းသည် စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြင့် ဂရံမြေ ဝယ်ယူမည်ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည်၊ မခိုင်မာသော ဂရံ မြေများလည်းရှိသည့်နည်းတူ အရောင်းဝယ်ပြုလုပ်ရာ အရှုပ်ရှင်းများ
များသော ဂရံ မြေ များလည်းရှိသည်။(မှတ်ချက်-ဂရံမြေများသည် အစိုးရစီမံကိန်း နှင့် မလွတ်ကင်းပါကသိမ်းယူနိုင်ပါသည် ပြည်သူရွေးချယ်ထားတဲ့ အစိုးရဖြစ်ပါက လျော်ကြေး ပြန်ရပါသည်)

🔹 ပါမစ်မြေ🔹
ဂရံ ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီးခိုင်မာမှု့ ရှိသောမြေပါ သို့သာ် ပါမစ်မြေ ဝယ်ယူမည်ဆိုပါက အကောင်းဆုံးရှေ့နေငှားရမ်းပြီးစီစစ်ပါ စရံချပြီးသတင်းစာတွင်ကြေငြာထည့်ထားပါ ပါမစ်မြေသည်
အရင် အိုးအိမ်ရုံးမှ ထုတ်ပေးသော ပိုင်ဆိုင်မှုစာရွက်စာတမ်း အိမ်ထောင်စုစာရင်းကဲ့သို့ မိသားစုဓာတ်ပုံနှင့်တကွ မြေပိုင်ဆိုင်မှုစာချုပ် တွဲလျက်ပါရှိရပါမည်။(မှတ်ချက်-ပါမစ်မြေသည် အတုပေါများသည်)

🔹 ပြေစာ(စလစ်) 🔹
ပြေစာ စလစ်ဖြင့် ပြသနိုင်သောမြေ များသည်အများအားဖြင့် ပိုင်ဆိုင်မှုခိုင်မာပါသည် သို့သော် စည်ပင်
ဧရိယာအပြင်ဘက်မှ မြေမျိုးများဖြစ်ပြီး မြို့မြေဧရိယာအတွင်းဖြစ်နေပါက ဂရံအထိလျှောက်နိုင်ပါသည်။
▪Gပြေစာ(စလစ်) ▪R/G ပြေစာ(စလစ်) ▪L ပြေစာ (စလစ်) ▪စ/ ပြေစာ (စလစ်) ▪ပုံစံ(5) ပြေစာ (စလစ်)▪ ရွာမြေ ပြေစာ(စလစ်) ▪R4 ပြေစာ(စလစ်)တို့ဖြစ်သည်။

🔹 G ပြေစာ (စလစ်) 🔹
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟုခေါ်ဝေါ် ကြသည် အရှုပ်ရှင်း အနည်းငယ်သာရှိမည် (အမွေဆိုင်) အိမ်ဆောက်လုပ်လူနေထိုင်နိုင်သည် သို့သာ် ဥပဒေအရ ပိုမိုတရားဝင်လိုလျှင် (သ/အ)
လျှောက်လွှာတင်ပြီး အိမ်ဆောက်လုပ် လူနေထိုင်နိုင်ပါသည်။

🔹 R/G ပြေစာ(စလစ်) 🔹
လယ်မှ ပုံစုံပြောင်းထားသော မြေဖြစ်ပြီး စိုက်ပျိုးခွင့် မိသားစုနေအိမ်အတွက်(လယ်အိမ်)ပြောင်းလျှောက်ပြီး G ပြေစာ(စလစ်) သို့မဟုတ် (က.၃၀) အဖြစ်ပြောင်းလျှောက်နိုင်သော မြေ ဖြစ်သည်။

🔹 L ပြေစာ (စလစ်) 🔹
သစ်တောမှ မြေအငှား ဂရံ (သို့)ယာယီခွင့်ပြုချက် ချပေးသောမြေဖြစ်ပြီး (အခြား)ပြောင်းလျှောက်ခွင့် မှာရရင်ရ မရရင် မရပါ ဝယ်မည်ဆိုပါက ဌာနဆိုင်ရာသို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများညွန်ကြားချက် အတိုင်းလိုက်နာ၍ ပြောင်းလွဲရပါမည် အကွက်ရိုက် ရောင်းချခွင့် မရှိပါကြောင်း။

🔹 စ/ ပြေစာ (စလစ်) 🔹
အရောင်းဝယ် မပြုလုပ်လျင်ပိုကောင်းမည် အစိုးရမှတိုက်ရိုက်ချပေးသော စိုက်ပျိုးဂရံ(သို့ဟုတ်)ပြေစာ
စလစ်ဖြစ်ပြီး စိုက်ပျိုးရန်အတွက် သီးသန့်သာဖြစ်၍ တစ်မိသားစုမှအပ အခြားအိမ်များဆောက်လုပ်ခွင့်
မရှိပါ အခြားမြေသို့ ပုံစံပြောင်းလျှောက်၍မရပါ အလွန်ခက်ခဲမည် အရှုပ်ရှင်းများစွာရှင်းရမည် အကွက်
ရိုက် ရာင်းချခြင်းမရှိပါ အစိုးရမှ အလွယ်တကူ ပြန်လည်သိမ်းယူ နိုင်ပါသည်။

🔹 ပုံစံ(5) ပြေစာ 🔹
ထိုမြေသည် လယ်ပျက်ဖြစ်ပြီး အခြားမြေသို့ စီးပွားရေး စက်မှု့ဇုံ လူနေအိမ် အကွက်ရိုက်ရောင်းခြင်း စသည့် အရာများတွက် ခွင့်ပြုချက် လျှောက်၍ ပြုလုပ်နိုင်ပါသည် လယ်ပျက်ဖြစ်၍ ရွာတိုးချဲ့ခြင်း မြို့ဧရိယာတိုးချဲ့ခြင်း စသည့် အရာများပြုလုပ်နိုင်သည်။ (အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ)

🔹 ရွာမြေ ပြေစာ (စလစ်) 🔹
မြေ အမျိုးစားတွင် ခိုင်မာမှုရှိပြီး Google Map တွင်လည်း Singnal ပြသမည် Singnal မပြ
သသော်လည်း R4(သို့မဟုတ်)G မြေ ဖြစ်နေပါက ရွာမြေ ခြံမြေအမျိုးစားတွင် ထည့်သွင်းနိုင်ပါသည် အစိုးရ စီမံကိန်းရှိသော်လည်း မပယ်ဖျက်နိုင် စက်မှုဇုံလည်း ဝင်လာ၍ မရ နိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ် မှု့မျိုး အရှင်းမရှိပါ။ #အိမ်ခြံမြေဂျာနယ်

🔹 R4 ပြေစာ(စလစ်) 🔹
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာအတွင်းပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်
အစိုးရမဖျက်သိမ်းပါ လူနေခွင့်ရှိပါသည် အမည်ပေါက်ဖြင့် ပြောင်းလျှောက်၍ အခြား မြေအမျိုးစားသို့
ပြောင်းလျှောက်ရန် လွယ်ကူပါသည် လယ်ဧရိယာ အတွင်းတွင် မပါဝင်ရန်သာလိုသည်လယ်မြေပေ
မယ့် အရောင်းဝယ်ပြုလုပ်ရာတွင် လွယ်ကူပါသည် R1,R2, R3လယ်များသာ အရောင်းဝယ်မပြုလုပ်ရန်
သတိထားရပါမည် လမ်းမဘေးမျိုး ဆိုပါက R3 မြေမျိုး ဖြစ်နေလည်း R4(သို့) ပုံစံ(5)သို့ ပြောင်းလျှောက်နိုင်သည် တစ်ခုသိထားရမည်မှာ မြန်မာနိုင်ငံတွင် လယ်မြေသည်အများဆုံး ဖြစ်ပြီး မြို့နယ်
(ရပ်ကွက်) တိုးချဲ့ခြင်းလုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံးဖြစ်ပါသည်။

🔹 ဘိုးဘွားပိုင်မြေ 🔹
မျက်မြင်အထောက်ထား တွေ့ရန် အလွန်ခက်ခဲပါသည်။`Moderator´ မိမိ မမြင်ဘူး မတွေ့ဘူးတာလည်း ဖြစ်နိုင်ပါတယ်။
ဘိုးဘွားပိုင်မြေသည် ကတ္တီပါအသားဖြင့် ပိတ်ပေါ်တွင်စာလုံးများအား အပ်ချည်ဖြင့် ထွင်းထားသော
စာချုပ်စာတမ်း အမျိုးစားဖြစ်သည် ခိုင်မာမှု့က ဂရံ မြေထက် အဆများစွာသာသည် ခေတ်အဆက်ဆက် အမွှေ ဆက်ခံခွင့်ရှိပြီး အရောင်းဝယ် ပြုလုပ်ရာ၌ အမွေစား အမွေခံ အရှုပ်ရှင်းရှိသည်။

🔹 အရှုပ်ရှင်းဆိုသည်မှာ 🔹
မြေပိုင်ရှင်မှာ အမွေဆိုင် ရှိခြင်း ပေါင်နှံထားခြင်း အစိုးရစီမံကိန်းနှင့် မလွတ်ကင်းခြင်း သစ်တောမြေ
များအား ပိုင်းရောင်းခြင်း အစိုးရမှ တိုက်ရိုက်ချပေးသော စိုက်ပျိုးမြေ ဂရံများရောင်းချခြင်း ပုံစံ 7သာ ထွက်ရှိထားသော လယ်များရောင်းချခြင်းများ ဖြစ်ပါတယ် မြေဝယ်ယူမည်ဆိုပါက ထိုအရာများနှင့် မသက်ဆိုင်သော မြေများကိုမှ အရှုပ်ရှင်းကင်းသည်ဟု ဆိုရပါမည်။

🔹 မြေဝယ်ယူမည်ဆိုပါက 🔹
မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအားစုံစမ်းပါ အမွေဆိုင်များရှိပါက ထိုသူများအား
ရောင်းရန် သဘောတူကြောင်း မိမိရှေ့နေ အရှေ့တွင် ခံဝန်လက်မှတ်ရေးထိုးခိုင်းပါ ပေါင်နှံထားခြင်း ရှိမရှိ အားစစ်ဆေးပါ ဘဏ် (သို့မဟုတ်) ရပ်ကွက်အုပ်ချုပ်ရေးမှုးသို့ စစ်ဆေးနိုင်ပါသည် သစ်တောမြေ ဟုတ် မဟုတ်ကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည် သစ်တောမြေဆိုပါက မြေဦးပိုင်မှာ L စာလုံး
ပါမည်။ ( ပြင်ဦးလွင် ကဲသို့ ပြန်လည် သိမ်းယူခံရပါမည်)

စိုက်ပျိုးမြေဆိုပါက ပြေစာ(စလစ်)တွင် (စ)စာလုံးပါမည် မဝယ်ပါက ပို၍ကောင်းသည် လယ်မြေ ဝယ်
ယူမည်ဆိုပါက ပုံစံ(105)စစ်ဆေးပါ ပုံစံ(7)တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုးခွင့်သာ ရှိပါသည်။

Credit. သိမှတ်ဖွယ်ရာဥပဒေရေးရာအဖြာဖြာ

Address

U Shwe Gwun Street
Yangon
11171

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959955037189

Alerts

Be the first to know and let us send you an email when Shwe Bon Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Bon Real Estate:

Share

Category