Bhawani Legal Services

Bhawani Legal Services ဥပဒေဆိုင်ရာနှင့် အာမခံလုပ်ငန်းတို့

03/04/2023
Myanmaaalin
30/08/2022

Myanmaaalin

12/05/2022

👉 မြေအမျိုးအစား အလိုက်စာရွက်စာတမ်း စစ်ဆေးရမည့် ပုံစံများ
******************************************

အိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက်စစ်ဆေးရမယ့် စာရွက် စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝမတူညီနိုင်ပါဘူး။
ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကိုတိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

🔺 ဂရန်မြေ

- ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက်"မှန် မမှန်၊ စစ် မစစ်" ကိုသက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ - ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းကနည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

🔺 ပါမစ်မြေ

ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေအမျိုးအစား ဖြစ်ပါတယ်။ - ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊အဆို ပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကိုပြန်လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။

အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။အင် ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေး ကွက်အတွင်းမှာဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။“ ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာ တန်အကွက်တွေမှာဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ပွဲပျက် တာတွေတောင် ရှိတယ်”လို့မြန်မာ့ရတနာ မြေ အိမ်ခြံမြေအကျိုးဆောင်မှအမ်ဒီ ကို ဝင်းနိုင်ဦးက ဆိုပါတယ်။ - ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီးအင်ထရီလည်း ဝင်ထား မယ်ဆိုရင်အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံ တင် မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

🔺 လယ်မြေ

လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက်
- အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊လယ်ယာမြေမှတ်ပုံတင် စာအုပ်၊စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထား တဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။ - လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာ တမ်းဆိုတာ "လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း" ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ်အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ သည်သာ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။- အမှန် တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီးအခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင်လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂ ါရပ်ညီညွတ်ပြီလို့ ဆိုနိုင်ပါ တယ်။လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနကအခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာမှတ်သားထား လေ့ရှိပါတယ်။

- တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင်မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။ - မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနကမှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာန က ပုံစံတူရေးကူးပေးတဲ့ပုံစံ တစ်ခု ဖြစ်ပါတယ်။
မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရမြေကွက်တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ “လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေရှိတယ်၊ အဲ ဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့ကိုဝင်းနိုင်ဦးက ဆိုပါတယ်။ - ယခုအချိန်မှာ လယ်ယာမြေကို အရပ် သဘောရောင်းဝယ်နေကြပြီးစာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေ သစ်အရမှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။

🔺 လန ၃၉ မြေ

- လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ်ပြောင်းလဲ အ သုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါ တယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ - ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခုပြောင်း လဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့ စာရွက်ရှိမှအဆင်ပြေမှာ ဖြစ်ပါ တယ်။

🔺 တိုက်ခန်းဝယ်မယ်ဆိုရင်

တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာဆက်စပ်စာချုပ်တစ်ခုရှိရုံ နဲ့ ပိုင် ဆိုင်မှု အထောက်အထားပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်း အဝယ်ပြုလုပ်တဲ့နေရာ မှာ မရှိမဖြစ်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့
- ဆက်စပ် စာချုပ်၊
- BCC (လူနေထိုင်ခွင့်)
- မြေ ရှင်လက်မှတ်
- ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လို အပ်ပါတယ်။အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့သိရပါတယ်။
ဘိုးဘွားပိုင်မြေ
ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ်မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ် ပါတယ်။

Credit: The kumudra journal

 /Import_Company
06/05/2022

/Import_Company

အခွန်ထမ်းမှတ်ပုံတင်ရန်
06/05/2022

အခွန်ထမ်းမှတ်ပုံတင်ရန်

သတိထားကြဖို့ရာ
04/05/2022

သတိထားကြဖို့ရာ

E-commerce Law (မူကြမ်း) ရေးဆွဲရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း
19/04/2022

E-commerce Law (မူကြမ်း) ရေးဆွဲရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း

အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၁၅၇၇ ယောက်နဲ့ နိုင်ငံခြားသား ၄၂ ယောက်တို့ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း စစ်ကောင်...
17/04/2022

အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၁၅၇၇ ယောက်နဲ့ နိုင်ငံခြားသား ၄၂ ယောက်တို့ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း စစ်ကောင်စီက နှစ်ဆန်းတရက်မနက်မှာ ကြေညာ။

 #အခွန်ထမ်းသစ်အဖြစ်မှတ်ပုံတင်မည့်ကုမ္ပဏီလုပ်ငန်းရှင်များခင်ဗျားDICA မှာမှတ်ပုံတင်ထားပြီးမည်သည့်အခွန်ရုံးနှင့်မျှမဆက်သွယ်...
07/04/2022

#အခွန်ထမ်းသစ်အဖြစ်မှတ်ပုံတင်မည့်ကုမ္ပဏီလုပ်ငန်းရှင်များခင်ဗျား

DICA မှာမှတ်ပုံတင်ထားပြီးမည်သည့်အခွန်ရုံးနှင့်မျှမဆက်သွယ်ရသေးသဖြင့်အခွန်ထမ်းအသစ်မှတ်ပုံတင်မည့်ကုမ္ပဏီးများအသုံးပြုဖြည့်စွက်ရမည့်ပုံစံများအားတင်ပြပေးလိုက်ပါတယ်။

ပုံစံများကိုwww.ird.gov.mm၏Home Page>>Media >>Form for SAS officesတွင်download ရယူနိုင်ပါသည်။

ဖြည့်စွက်ရမည့်လမ်းညွှန်ချက်များအားဆက်လက်တင်ပြပေးသွားမည်ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်ခင်ဗျား။

Credit to #အဖွဲ့ခေါင်းဆောင်CTPSU

😍အလုပ်အကိုင်အခွင့်အလမ်း😍- Life Insurance Business ကို စိတ်ဝင်စားပါသလား?- ဝန်ထမ်းခေါ်ယူခြင်းမဟုတ်ပါ၊Business Partners    အ...
04/04/2022

😍အလုပ်အကိုင်အခွင့်အလမ်း😍

- Life Insurance Business ကို စိတ်ဝင်စားပါသလား?

- ဝန်ထမ်းခေါ်ယူခြင်းမဟုတ်ပါ၊Business Partners အဖြစ် ခေါ်ယူခြင်းဖြစ်ပါသည်။

- ဝင်ငွေအားဖြင့် မိမိကြိုးစားလျှင် ကြိုးစားသလောက်
ရရှိမှာ ဖြစ်ပါတယ်။ 😍😍😍

- အချိန်အားဖြင့် Flexible ဖြစ်တာကိုလည်း ရှာနေတယ်ဆိုရင် အခုပဲ စာရင်းပေးသွင်းလိုက်ပါ။

မှတ်ချက်။ ။လူဦးရေအကန့်အသတ်ရှိပါသည်။

To Contact: Ko Nandar Linn
Senior Agency Manager
Chubb Life Insurance Myanmar
09 420059884,09 965059884
[email protected]

 ွင်မှတ်ပုံတင်ပြီးကုမ္ပဏီအဖြစ်ဖွဲ့စည်းထားပြီး #အခွန်ထမ်းမဖြစ်သေးသောလုပ်ငန်းရှင်ကုမ္ပဏီများခင်ဗျားစီမံကိန်းနှင့်ဘဏ္ဍာရေးဝ...
04/04/2022

ွင်မှတ်ပုံတင်ပြီးကုမ္ပဏီအဖြစ်ဖွဲ့စည်းထားပြီး
#အခွန်ထမ်းမဖြစ်သေးသောလုပ်ငန်းရှင်ကုမ္ပဏီများခင်ဗျား

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှထုတ်ပြန်သည့်အမိန့်ကြော်ငြာစာအမှတ်၂၀/၂၀၂၂အားသိရှိနိုင်ပါရန်နှင့်အခွန်ထမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အားတင်ပြအပ်ပါတယ်ခင်ဗျား။

DICA တွင်မှတ်ပုံတင်ထားသည့်ကုမ္ပဏီ၊အဖွဲ့အစည်းများအနေဖြင့်အခွန်ထမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အားမဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပါသည်၊

ထိုသို့အခွန်ထမ်းမှတ်ပုံတင်ခြင်းအားအခွန်ထမ်းဝန်ဆောင်မှုဗဟိုရုံးမှဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်၊

#ဘယ်ရုံးတွေကိုလျှောက်ထားနိုင်သလဲ?

ရန်ကုန်တိုင်းလိပ်စာကုမ္ပဏီအဖွဲ့အစည်းများ-အခွန်ထမ်းဝန်ဆောင်မှုဗဟိုရုံးသို့တိုက်ရိုက်လျှောက်ထားနိုင်၊

နေပြည်တော်၊မန္တလေးနှင့်စစ်ကိုင်းတိုင်းလိပ်စာကုမ္ပဏီအဖွဲ့အစည်းများ-အလယ်အလတ်အခွန်ထမိးများဆိုင်ရာအခွန်ရုံးမှတဆင့်လျှောက်ထားနိုင်၊

(ရန်ကုန်၊နေပြည်တော်၊မန္တလေးနှင့်စစ်ကိုင်းတိုင်း)မှအပကျန်လိပ်စာဖြင့်တည်ထောင်ထားသောကုမ္ပဏီများ-သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှတဆင့်လျှောက်ထားနိုင်၊

#လျှောက်ထားနိုင်သည့်နည်းလမ်း

၁။လူကိုယ်တိုင်
၂။စာတိုက်မှပေးပို့လျှောက်ထားခြင်း
၃။အီးမေးလ်(e-mail)ဖြင့်ပေးပို့လျှောက်ထားခြင်း

#အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံးလိပ်စာ #

အမှတ်၁၂၈/၁၃၂ဒုတိယထပ်နှင့်တတိယထပ်၊ပန်းဆိုးတန်းလမ်း(အလယ်ဘလောက်)ကျောက်တံတားမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး။
e-mailလိပ်စာ[email protected]

#လျှောက်ထားရာတွင်အသုံးပြုရမည့်ပုံစံ

အခွန်ထမ်းမှတ်ပုံတင်လျှောက်လွှာပုံစံနှင့်သတင်းအချက်အလက်တောင်းခံလွှာပုံစံ(www.ird.gov.mm၏Home page>>Media >>Form for SAS officesတွင်Download ရယူနိုင်ပါသည်။

#ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ

၁။ကိုယ်စားလှယ်ဖြင့်လျှောက်ထားပါကထိုက်သင့်ရာတံဆိပ်ခေါင်းခွန်ကပ်နှိပ်ထားသည့်ကိုယ်စားလှယ်လွှဲစာ
၂။ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့်Extract Formမိတ္တူ
၃။MIC/SEZ၏ခွင့်ပြုမိန့်ဖြင့်ဆောင်ရွက်ခြင်းဖြစ်ပါကMIC/SEZခွင့်ပြုမိန့်အထောက်အထားမိတ္တူ

#မှတ်ပုံတင်ခြင်းဆောင်ရွက်ရမည့်အချိန်ကာလ-

၁-၄-၂၀၂၂ရှေ့ပိုင်းDICA တွင်မှတ်ပုံတင်ထားသောကုမ္ပဏီများသည်၁-၄-၂၀၂၂ရက်မှ၃၀-၆-၂၀၂၂ထိ
၁-၄-၂၀၂၂ရက်နောက်ပိုင်းDICA တွင်မှတ်ပုံတင်သည့်ကုမ္ပဏီများသည်ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ရပြီးရက်ပေါင်း၉၀အတွင်း၊

#သတ်မှတ်ကာလအတွင်းမှတ်ပုံတင်ရန်ပျက်ကွက်ပါကပေးဆောင်ရမည့်ဒဏ်ကြေး
အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ၆၅ပုဒ်မခွဲ(က)အရပေးဆောင်ရမည့်အခွန်၏၁၀%

Credit to #အဖွဲ့ခေါင်းဆောင်CTPSU

ခေတ်ပညာ စာပေဖြန့်ချိရေး မှ သင်ရိုးသစ်နှင့်ပက်သက်သော workbook စာအုပ်များ၊ သင်ထောက်ကူ videos များ ထုတ်ဝေဖြန့််ချိခြင်းကို ...
06/03/2022

ခေတ်ပညာ စာပေဖြန့်ချိရေး မှ
သင်ရိုးသစ်နှင့်ပက်သက်သော workbook စာအုပ်များ၊ သင်ထောက်ကူ videos များ ထုတ်ဝေဖြန့််ချိခြင်းကို (23.9.2020)မှစတင်၍ ယခု page တစ်ခုတည်းဖြင့် လုပ်ဆောင်လျက်ရှိပါသည်...

ယခု page မှ စာအုပ်ထုတ်ဝေဖြန့်ချိခြင်းမှလွဲ၍ တခြားသော ပညာရေးဆိုင်ရာလုပ်ငန်းများ ၊ online teaching သင်ကြားခြင်းများကို ယခုအချိန်ထိလုပ်ဆောင်ခြင်းမရှိသေးပါ...

ဆက်လက်လုပ်ဆောင်မည့် ပညာရေးဆိုင်ရာလုပ်ငန်းများရှိလာပါက ယခု Khit Pyin Nyar-ခေတ်ပညာ page မှ ကြေငြာပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်...

https://www.facebook.com/ခေတ်ပညာ-Khit-Pyin-Nyar-105025188028242/

ခေတ်ပညာကို အစဥ်တစိုက်အားပေးကြသော ချစ်ရတဲ့ customer များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်....

ခေတ်ပညာ မိသားစု

ခေတ်ပညာ စာပေဖြန့်ချိရေး မှ
သင်ရိုးသစ်နှင့်ပတ်သက်သော workbook စာအုပ်များ၊ သင်ထောက်ကူ videos များ ထုတ်ဝေဖြန့်ချိခြင်းကို (23.9.2020)မှစတင်၍ ယခု page တစ်ခုတည်းဖြင့် လုပ်ဆောင်လျက်ရှိပါသည်...

ယခု page မှ စာအုပ်ထုတ်ဝေဖြန့်ချိခြင်းမှလွဲ၍ တခြားသော ပညာရေးဆိုင်ရာလုပ်ငန်းများ ၊ online teaching သင်ကြားခြင်းများကို ယခုအချိန်ထိလုပ်ဆောင်ခြင်းမရှိသေးပါ...

ဆက်လက်လုပ်ဆောင်မည့် ပညာရေးဆိုင်ရာလုပ်ငန်းများရှိလာပါက ယခု Khit Pyin Nyar-ခေတ်ပညာ page မှ ကြေငြာပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်...

https://www.facebook.com/ခေတ်ပညာ-Khit-Pyin-Nyar-105025188028242/

ခေတ်ပညာကို အစဥ်တစိုက်အားပေးကြသော ချစ်ရတဲ့ customer များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်....

ခေတ်ပညာ မိသားစု

Address

Aungthapyay 1st Street
Yangon
11071

Website

Alerts

Be the first to know and let us send you an email when Bhawani Legal Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category