Kyaw Legal Consultant and Service

Kyaw Legal Consultant and Service Legal

27/05/2024

စာချုပ်ချုပ်ချင်လို့ပါ
စာချုပ်ဘယ်လိုရေးရမလဲဆရာ
ဘယ်အချက်တွေပါမှ ပြည့်စုံတာလဲ
ဖြေကြားပေးပါ။

အိမ်ခြံမြေအရောင်းအဝယ် စာချုပ်ချုပ်ဆိုရာတွင် ပါဝင်သင့်သည့် အဓိကအချက် (၁၀)ချက်

(၁) ပြည့်စုံတိကျသော စာချုပ်ခေါင်းစဉ် ရေးသားရန်

(၂) စာချုပ် ချုပ်ဆိုသည့် နေ့ရက်၊ လ၊ ခုနှစ်သက္ကရာဇ်တို့ကို မှန်ကန်စွာရေးသားရန်

(၃) စာချုပ်ပြုလုပ်ချုပ်ဆိုသည့်နေရာကို ရေးသားရန်

(၄) စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးသူများအားလုံး (သက်သေများအပါအဝင်) ၏ အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ တို့ကိုပြည့်စုံမှန်ကန်စေရန် သက်ဆိုင်သူများအားလုံးကို ပြသစိစစ်အတည်ပြုပြီးမှ ရေးသားရန်

(၅) ရောင်းချသည့်တန်ဖိုးငွေ၊ စရန်ငွေ၊ ကျန်ငွေ စသည့်ငွေကြေးပမာဏများ ရေးသားရာတွင် ကိန်းဂဏန်းဖြင့်ရေးသားရမည့်အပြင်၊ (ကွင်းစ၊ ကွင်းပိတ်အတွင်း) စာသားဖြင့်ပါ ရေးသားဖေါ်ပြရန်

(၆) ငွေချေရန်နေ့ရက် စသည့် နေ့ရက်အချိန်ရွေးချယ်မှုကို လုပ်ငန်းဆောင်ရွက်ရန်နှင့် နှစ်ဦးနှစ်ဖက် အမှန်တကယ် အဆင်ပြေမည့်နေ့ရက်အချိန်ကာလကို သေချာစွာဆွေးနွေးရွေးချယ်သတ်မှတ်ပြီး တိကျစွာဖော်ပြရန်

(၇) စာချုပ်တွင်ပါဝင်ထည့်သွင်းချုပ်ဆိုမည့် ကမ်းလှမ်းချက်နှင့် သဘောတူညီချက်များ၊ လိုက်နာရန်ကတိဝန်ခံချက်များ၊ အပြန်အလှန်သဘောတူညီချက်များ၊ ဆောင်ရွက်ရန်တာဝန်များ၊ ပျက်ကွက်မှုများရှိပါက ပျက်ကွက်မှုအတွက်နစ်နာသူသို့ ဆောင်ရွက်ပေးရန်များ၊ ပျက်ကွက်မှုအတွက်နစ်နာသူသို့ ပေးရန်အကျိုးခံစားခွင့်များ စသည့်အချက်များကို ပြည့်စုံ တိကျ ခိုင်မာစွာ ရေးသားရန်

(၈) အရောင်းအဝယ်ပြုလုပ်သည့်ပစ္စည်းစာရင်း (အိမ်ခြံမြေ) နှင့် သက်ဆိုင်သည့်အချက်အလက်အပြည့်အစုံ (အလားလေးရပ်အပါအဝင်)တို့ကို ပြည့်စုံမှန်ကန်စွာရေးသားရန်

(၉) စာချုပ်ပါ အချက်များသည် ချုပ်ဆိုသည့်စာချုပ်ကိုပျက်ပြယ်စေသည့် အချက်များမပါစေရန်

(၁၀) စရန်ပေးသူ၊ စရန်လက်ခံသူ၊ ရောင်းသူ၊ ဝယ်သူ၊ သက်သေများ စသည့်စာချုပ်တွင်ပါဝင်လက်မှတ်ရေးထိုးမည့်သူများသည် စာချုပ်ပါ အကြောင်းအရာများအားလုံးကို
အသေးစိတ်စစ်ဆေးဖတ်ရှုကာ နားလည်လက်ခံသဘောတူမှသာလျှင် မိမိလက်မှတ်ရေးထိုးရမည့်နေရာတွင် စာချုပ် ချုပ်ဆို လက်မှတ်ရေးထိုး ၍ လက်ဝဲဘက်လက်မဖြင့်လက်ဗွေနှိပ်ရန်

12/10/2022

ကလေးစရိတ် ထောက်ပံ့ဘို့ လုံးဝ မစဉ်းစားတဲ့ ကလေးအဖေ ကို ဘယ်လိုတရားစွဲမလဲ ။ ကလေးစရိတ် ပေးဖို့ ဝင်ငွေမရှာနိုင်တို့ ကလေးအဖေကို ဘယ်လို အရေးယူလို့ ရနိုင်ပါမလဲ ဆိုတာကို ဥပဒေဗဟုသုတအဖြစ် သိပါရစေရှင် ။
=========================

အမျိုးသမီးတွေရဲ့ဘဝလုံခြုံမှု ကာကွယ်စောင့်ရှောက်ဖို့ အစိုးရမှာ လူမှုရေးအရ တာဝန်ရှိတယ်။ ဘယ်ဘာ သာဘယ်လူမျိုး ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ်၊ ထိမ်းမြားရေး၊ ကလေးစရိတ်၊ မယားစရိတ်ရလိုမှု ဆိုတာက အင်မတန်မှ သိမ်မွေ့တဲ့ လူမှုရေးဆိုင်ရာပြဿနာတွေ ဖောက်ဖျက်တာတွေ ပျက်ကွက်တာ တွေဖြစ်တယ် ။ အဲ့တော့ ညှိနုှိုင်းတောင်းဆိုကြတယ်။ ပထမ တောင်းတယ် first step ။ မရဘူးဆိုရင် ဥပဒေ အာဏာ စက်နဲ့တောင်းဆိုဖို့အတွက် ပြဋ္ဌာန်းချက်တွေရှိတယ်။ တရားစွဲပြီးတောင်းမယ်။ ရာဇဝတ်ကြောင်းအရ တရားစွဲပြီးတောင်းမယ်ဆိုရင်တော့ စရိတ် စက ကုန်ကျသက်သာတဲ့ အချိန်တိုအတွင်းမှာ လိုရင်းရောက်မယ်။

ဒါပေမဲ့ စရိတ်ကျတော့ အကန့်အသတ်ရှိတယ်။ ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၈၈ ပြင်ဆင်ချက်အရ ရာဇဝတ်ရုံး တွေနဲ့ ကျပ်ငါးသောင်းထက် မပိုတဲ့စရိတ်ပေးနိုင်တယ်။ အဲ့ဒါကို အမိန့်ချမှတ်ပါလျက် မဆောင်ရင်ဘာလုပ်မလဲ ထွက်ပြေးရင်ဘာလုပ်မလဲ ရှောင်တိမ်းရင်ဘာလုပ်မလဲဆိုတဲ့ပြဋ္ဌာန်းချက်တွေလဲသူ့မှာရှိပါတယ်။ အဲ့တော့ ပုဒ်မ ၄၄၈ မှာ ပြောထားတာက child ဆိုတဲ့က စကားက သားသမီးကို ဆိုလိုခြင်းဖြစ်တယ်။ အရွယ် ရောက်ခြင်း ဆိုင်ရာ ဥပဒေနဲ့လဲ မဆိုင်ဘူး။ သားသမီးကို ထောက်ပံ့တဲ့နေရာမှာ အသက်အရွယ်အကန့်အသတ်မရှိဘူး။ သား သမီးက မိမိကိုယ့်ကို မိမိမထောက်ပံ့နိုင်သမျှ ဖခင်မှာတာဝန်ရှိတယ် ။ အသက်အရွယ်ကို ကန့်သတ်ထား ခြင်း ၊ ပြဋ္ဌာန်းထားခြင်းမရှိကိုက ဥပဒေက ရည်ရွယ်ချက်ရှိတယ်။ သားသမီးတွေရဲ့စိတ်မှာဖြစ်စေ၊ ကိုယ်မှာဖြစ်စေ၊ မိမိကိုယ့်ကိုမိမိ မထောက်ပံ့နိုင်လို့ရှိရင် ဖခင်က ဆက်လုပ်ပြီးတော့ ထောက်ပံ့ရမယ်။

တက္ကသိုလ်သွား မယ် ဆိုရင် တက္ကသိုလ်အထိ .. သင်ကြားထားတဲ့သူက အသက်၂၀ ပင် ရှိစေကာမူ တက္ကသိုလ်ပညာသင်တဲ့သူကို ထောက်ပံ့ရမယ်ဆိုပြီးတော့ ဦးဟန်တင်နဲ့ ဒေါ်ခင်မိမိ ၁၉၇၀ ခုနှစ် စီရင်ထုံးမှာ ထုံးဖွဲ့ထားတာကို တွေ့ရတယ်။ ယဉ်ကျေးတဲ့နိုင်ငံတွေမှာ လူသားကလေးတစ်ဦးအား အဝတ်အစား ထောက်ပံ့ရုံဖြင့်မပြီး ကလေး၏ တိုးတက်နေ သောစိတ်တို့ကိုလည်း ထောက်ပံ့ရန်လိုသည် ။ ပုဒ်မ ၄၄၈ ပါထောက်ပံ့မှုတွင် တိုင်းပြည်က လက်ခံထားသော အနည်းဆုံးပညာရေးလဲ ပါဝင်တယ်ဆိုပြီးတော့ ၁၉၃၈ ခုနှစ်ကတည်းက ထုံးဖွဲ့ထားတဲ့စီရင်ထုံးတွေရှိပါတယ်။

အဲ့တော့ သားငယ်တွေက မိမိနဲ့အတူတူမနေလို့ မထောက်ပံ့နိုင်ဘူးဆိုတာလဲ ဒါပျက်ကွက်ခြင်း ၊ ထောက်ပံ့ရန် ငြင်းဆန်ခြင်းက ဥပဒေအရ ဖခင်ရဲ့တာဝန်ပျက်ကွက်ခြင်းဖြစ်တယ်လို့ ဆိုပြီးတော့ ၁၉၆၆ခုနှစ် စီရင်ထုံးက လည်း ဆိုထားပါတယ်။ အဲ့တော့ ဒီထက်ပိုမိုကာမိစေတဲ့ ထောက်ပံ့ခြင်းကို လိုချင်တယ်၊ ၅၀၀၀၀ ကတော့ နည်း တယ်ဆိုလို့ရှိရင်လည်း တရားမနစ်နာမှုဥပဒေအရ တရားစွဲလို့ရပါတယ်။ အဲ့မှာလည်း တောင်းဆိုတဲ့ပမာဏ ထက် လင်မယားနှစ်ယောက်ပေါင်းတုန်းက သူတို့ရဲ့ လူနေမှု အဆင့်အတန်းက ဘယ်လို ၊ ကလေးတွေကို ကျွေးမွေး စောင့်ရှောက်ပညာသင်တဲ့ အဆင့်အတန်းက ဘယ်လို ၊ ဖခင်ရဲ့အလုပ်အကိုင်ဝင်ငွေကကော ဘယ် လောက်ရှိသလဲ ၊ အဲ့ဒီအချက်တွေကို အခြေပြုပြီးတော့ ပေးဆောင်ရမယ်စရိတ်ပမာဏကို သတ်မှတ်ပြီးတော့ ဆုံးဖြတ်သတ်မှတ်ပေးတယ်။ မေးခွန်းရှင်အနေနဲ့ ဒီအချက် ၂ချက်ရှိတယ်။ ချင့်ချိန်စဉ်စားပြီးတော့ တရားစွဲဆို တောင်းခံပါ။ သေချာပေါက်ရမယ်လို့ပဲ ကျွန်မအနေနဲ့ အကြံပြုချင်ပါတယ်။

DVBlawlab DVBtvnews ကလေးစရိတ်

အလုပ်ရှင်မှ အလုပ်ရပ်စဲစေခြင်း•••••••••••••••••••••••••••••••ကိုယ့်ရဲ့ သဘောဆန္ဒအလျောက်မဟုတ်ဘဲ အလုပ်ကနေ ရပ်စဲခံရမယ်ဆိုရင်တ...
30/06/2021

အလုပ်ရှင်မှ အလုပ်ရပ်စဲစေခြင်း
•••••••••••••••••••••••••••••••
ကိုယ့်ရဲ့ သဘောဆန္ဒအလျောက်မဟုတ်ဘဲ အလုပ်ကနေ ရပ်စဲခံရမယ်ဆိုရင်တော့ အလုပ်ရပ်စဲခံရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး နစ်နာကြေးက အလုပ်ရှင်ဘက်က အလုပ်သမားကို ပေးရမှာဖြစ်ပါတယ်။အလုပ်ကနေ ရပ်စဲခံရတဲ့ အကြောင်းရင်း (၄) ချက်ရှိပါတယ်။

* (၁) အစမ်းခန့်ကာလမှ ရပ်နားခံရခြင်း
* (၂) ပြစ်ချက်ကြောင့် အလုပ်မှ ရပ်နားခံရခြင်း
* (၃) ပြစ်ချက်မရှိဘဲ အလုပ်မှ ရပ်နားခံရခြင်း
* (၄) လုပ်ငန်းရပ်စဲခြင်း‌ကြောင့် အလုပ်မှ ရပ်နားခံရခြင်း တို့ပဲဖြစ်ပါတယ်။

(၁) အစမ်းခန့်ကာလမှ ရပ်နားခံရခြင်း
အလုပ်ရှင်အနေနဲ့ အလုပ်မှာ ယခုမှ စတင်ဝင်ရောက်လာတဲ့ ဝန်ထမ်းသစ်ကို အစမ်းခန့်ကာလမှာ အလုပ်ကနေ ရပ်စဲလိုတယ်ဆိုရင် တိကျတဲ့ အကြောင်းပြချက်နဲ့ တစ်ပတ်ကြိုတင် အကြောင်းကြားရမှာဖြစ်ပါတယ်။ ဒီလိုပါပဲ အစမ်းခန့် အလုပ်သမားဘက်ကလည်း ဒီအလုပ်မှာ ဆက်လက် မလုပ်လိုတော့ဘူးဆိုရင် အလုပ်ရှင်ကို ကြိုတင်အကြောင်းကြားပြီး အလုပ်ဆက်လက်မလုပ်လိုကြောင်း အကြောင်းပြချက်ပေးပြီး ရပ်နားရပါမယ်။
စည်းကမ်းဖောက်ဖျက်မှုအတွက် ဝန်ခံကတိထိုးပြီးနောက် ၁၂ လအတွင်း စည်းကမ်းတွေ ဆက်လက်ချိုးဖောက်နေတဲ့ ဝန်ထမ်းကိုတော့ နစ်နာကြေးမပေးရဘဲ အလုပ်ကနေ ရပ်နားခိုင်းလို့ ရပါတယ်။

(၂) ပြစ်ချက်ကြောင့် အလုပ်မှ ရပ်နားခံရခြင်း
အစမ်းခန့်ဝန်ထမ်းမဟုတ်ဘဲ အမြဲတမ်းဝန်ထမ်းတစ်ယောက်ကို ရုံး/အလုပ် စည်းကမ်းတွေကို ဖောက်ဖျက်လို့ အလုပ်ကနေ ထုတ်ပယ်ချင်တယ်ဆိုရင်လည်း ကြိုတင်သတိပေးအကြောင်းကြားရမှာဖြစ်ပါတယ်။ စာနဲ့ နှစ်ကြိမ်တိတိ သတိပေးပြီးနောက် ဆက်လက်ချိုးဖောက်နေပြီဆိုရင် ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး သတိပေးရပါမယ်။ ဝန်ခံကတိထိုးပြီးနောက် ၁၂ လအတွင်း စည်းကမ်းတွေ ဆက်လက်ချိုးဖောက်နေတဲ့ ဝန်ထမ်းကိုတော့ နစ်နာကြေးမပေးရဘဲ အလုပ်ကနေ ရပ်နားခိုင်းလို့ ရပါတယ်။ ၁၂ လအတွင်း ဆက်လက်ချိုးဖောက်ခြင်းမရှိတဲ့ ဝန်ထမ်းကိုတော့ အလုပ်ထုတ်ပယ်ခွင့်မရှိပါဘူး။

(၃) ပြစ်ချက်မရှိဘဲ အလုပ်မှ ရပ်နားခံရခြင်း နဲ့ (၄) လုပ်ငန်းရပ်စဲခြင်း‌ကြောင့် အလုပ်မှ ရပ်နားခံရခြင်း
ဒီ အကြောင်းခြင်းရာ နှစ်ခုကြောင့် အလုပ်ရှင်ဘက်က အလုပ်သမားကို အလုပ်ရပ်နားချင်တယ်ဆိုရင်တော့ နစ်နာကြေးပေးပြီး အလုပ်ကနေရပ်နားစေရမှာဖြစ်ပါတယ်။ နစ်နာကြေးပေးရာမှာလည်း အလုပ်သမားဉပဒေအရ သတ်မှတ်ထားတဲ့ နစ်နာကြေးကို လုပ်သက်အတွေ့အကြုံအလိုက် ပေးရမှာ ဖြစ်ပါတယ်။

လုပ်သက် ၆ လပြည့်ဝန်ထမ်းများကို အလုပ်ထုတ်လိုပါက နစ်နာကြေး လဝက်လစာ
- လုပ်သက် ၁ နှစ်ပြည့် ဝန်ထမ်းများကို အလုပ်ထုတ်လိုပါက နစ်နာကြေး ၁ လစာ
- လုပ်သက် ၂ နှစ်ပြည့် ဝန်ထမ်းများကို အလုပ်ထုတ်လိုပါက နစ်နာကြေး ၁ လခွဲ လစာ
-လုပ်သက် ၃ နှစ်ပြည့် ဝန်ထမ်းများကို အလုပ်ထုတ်လိုပါက နစ်နာကြေး ၃ လစာ
-လုပ်သက် ၄ နှစ် နဲ့ ၆နှစ်အတွင်း ဝန်ထမ်းများကို အလုပ်ထုတ်လိုပါက နစ်နာကြေး ၄ လစာ
-လုပ်သက် ၆ နှစ်နဲ့ ၈နှစ်အတွင်း ဝန်ထမ်းများကို အလုပ်ထုတ်လိုပါက နစ်နာကြေး ၅ လစာ
-လုပ်သက် ၈ နှစ်နဲ့ ၁၀နှစ်အတွင်း ဝန်ထမ်းများကို အလုပ်ထုတ်လိုပါက နစ်နာကြေး ၆ လစာ
-လုပ်သက် ၁၀ နှစ်နဲ့ အနှစ် ၂၀အတွင်း ဝန်ထမ်းများကို အလုပ်ထုတ်လိုပါက နစ်နာကြေး ၈ လစာ
-လုပ်သက် ၂၀ နှစ်နဲ့ ၂၅ နှစ်အတွင်းဝန်ထမ်းများကို အလုပ်ထုတ်လိုပါက နစ်နာကြေး ၁၀ လစာ
-လုပ်သက် ၂၅ နှစ်နဲ့အထက် ဝန်ထမ်းများကို အလုပ်ထုတ်လိုပါက နစ်နာကြေး ၁၃ လစာ
ပေးပြီး အလုပ်ကနေ ရပ်နားစေရမယ်လို့ အလုပ်သမားဉပဒေမှာ ပြဌာန်းထားပါတယ်။ ဒီနစ်နာကြေးတွေကိုလည်း အလုပ်ကနေ ရပ်စဲခံရပြီးချိန်ကနေ ရက် ၃၀ အတွင်း အလုပ်သမားကို ပေးရမှာဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ နစ်နာကြေးမရရှိတဲ့ ဝန်ထမ်းတွေအနေနဲ့ ကိုယ့်ရဲ့ နစ်နာကြေးကို ရရှိဖို့အတွက် တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ ကိုယ့်ရဲ့ သက်ဆိုင်ရာ မြို့နယ်အလိုက်ရှိတဲ့ မြို့နယ်အလုပ်သမားရုံး ၊အလုပ်သမားညွန်ကြားရေးဦးစီးဌာနကို သွားရောက်ပြီး အလုပ်ထုတ်ပယ်ခြင်းအတွက် တိုင်ကြားချက်တွေကို သွားရောက် တိုင်ကြားတောင်းဆိုနိုင်ပါတယ်။
အခုပြောပြခဲ့တာကတော့ အလုပ်သမားတွေအနေနဲ့ အခန့်မသင့်လို့ အလုပ်ကနေ ပြစ်ချက်မရှိဘဲ ထုတ်ပယ်ခံရတဲ့အခါ ရရှိရမယ့် အကျိုးခံစားခွင့်တွေနဲ့ ဒီ အကျိုးခံစားခွင့်တွေ မရရှိခဲ့ဘူးဆိုရင်လည်း ဆက်လက် လုပ်ဆောင်ရမယ့် အရာတွေပဲ ဖြစ်ပါတယ်။

သင် ဥပဒေအကြောင်းဘယ်လောက်သိလဲ ?မသိသေးရင် ဒီစာအုပ်တွေကိုလေ့လာပါ ။_________________________________________၁၉၄၇-ဖွဲ့စည်းပုံ...
31/08/2020

သင် ဥပဒေအကြောင်းဘယ်လောက်သိလဲ ?

မသိသေးရင် ဒီစာအုပ်တွေကိုလေ့လာပါ ။
_________________________________________

၁၉၄၇-ဖွဲ့စည်းပုံအခြေခံဥပဒေ.pdf
https://yadi.sk/i/tSwInQXNfrdRY
၂၀၀၈ အခြေခံဥပဒေမူကြမ်း.pdf
https://yadi.sk/i/C5OulozpfrdRc
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ.pdf
https://yadi.sk/i/NoT4CwaefrdRg
မြန်မာနိုင်ငံ-ရာဇသတ်ကြီး.pdf
https://yadi.sk/i/kAwa6q7-frdRn
ပြည်ထောင်စုမြန်မာနိုင်ငံ တရားရုံးချုပ် - သက်သေခံဥပဒေ.pdf
https://yadi.sk/i/hhfc-aIdfrdRt
ရန်ကုန်ရဲအက်.pdf
https://yadi.sk/i/TIP1x2lGfrdRx
ရဲလက်စွဲ ၁.pdf
https://yadi.sk/i/T1kG3urafrdRz
ရဲလက်စွဲ ၂.pdf
https://yadi.sk/i/5aaEecyHfrdS3
လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှု သိကောင်းစရာများ.pdf
https://yadi.sk/i/TXm8I0fdfrdS9
လူ့အခွင့်အရေးကြေငြာစာတမ်း.pdf
https://yadi.sk/i/yTUaERt7frdSD
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ.pdf
https://yadi.sk/i/Aer1XhdMfrdSK
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ.pdf
https://yadi.sk/i/7Do09RyefrdSM
ဥပဒေ - ၂၀၁၂ လူမှုဖူလုံရေး ဥပဒေ.pdf
https://yadi.sk/i/FZdU10SNfrdSR
ဥပဒေ - ပတ်၀န်းကျင်ထိန်းသိမ်းရေးဥပဒေ အမှတ်(၉)(၂၀၁၂ မတ်လ ၃၀).pdf
https://yadi.sk/i/DMGTNm60frdSV
ဥပဒေ - ဗဟိုဘဏ်ဥပဒေ.pdf
https://yadi.sk/i/6JWJKTZ5frdSZ
ဥပဒေ - ရပ်ကွက် သို့ ကျေးရွာ အုပ်ချုပ်ရေး ဥပဒေကိုပြင်ဆင်သည့်ဥပဒေ.pdf
https://yadi.sk/i/nhhewoBlfrdSh
ဥပဒေ - ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ.pdf
https://yadi.sk/i/ccjggJuUfrdSu
ဥပဒေ - အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ.pdf
https://yadi.sk/i/ZA0Dfm5mfrdSy
ဥပဒေ - နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေ.pdf
https://yadi.sk/i/hboPJgABfrdT2
ဥပဒေ ပို့ကုန်သွင်းကုန်(၂၀၁၂).pdf
https://yadi.sk/i/TCjL-kyBfrdT6
ဥပဒေ(၁၀၀)ပုဒ်မ(၁၀၀၀)ရှောင်ဖိုသိဖို့.pdf
https://yadi.sk/i/KMK0WZ5HfrdTA
ဦးကျော်ဇေယျ - မကြားရာသည်ရှေ့နေ ရှေ့ရပ်.pdf
https://yadi.sk/i/kr5rDCNzfrdTC
ဦးကျော်ဇေယျ - မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ.pdf
https://yadi.sk/i/8tUsDxcrfrdTG
ဦးကျော်ဇေယျ - အမှုသည်များလက်စွဲ.pdf
https://yadi.sk/i/8rQP4uTFfrdTL
ဦးကျော်ဇေယျ - ဥပဒေသမားလက်စွဲစကား.pdf
https://yadi.sk/i/usi8H_wCfrdTN
ဦးကျော်ဇေယျ..ပြစ်မှုဆိုင်ရာ(ရာဇသတ်ကြီး) အဘိဓာန်.pdf
https://yadi.sk/i/odTLYoKvfrdTS
ဦးကျော်ဇေယျ..အတိုင်ပင်ခံရှေ့နေ ၂.pdf
https://yadi.sk/i/_y1l7bkqfrdTW
ဦးမောင်မောင်လှသောင်း(မန္တလေး) တရားစွဲဆိုခွင့်ပြုမိန့်(Sanction).pdf
https://yadi.sk/i/XLX555ivfrdTe
ဒေါက်တာတင်အောင်အေး..သုတဥပဒေမိတ်လင်စုံ.pdf
https://yadi.sk/i/mACrtZpLfrdTi
မောင်ကိုနီ..တရားခွင်မှ တိုက်ပွဲများ.pdf
https://yadi.sk/i/DVxGMoYsfrdTk
မောင်ကိုနီ..မဲဘယ်လိုပေးရမလဲ.pdf
https://yadi.sk/i/PgpnMLZJfrdTn
မော်တော်ယာဉ်ဥပဒေ.pdf
https://yadi.sk/i/275D9BTcfrdTr


#မူရင်းဖန်တီးသူများအားလုံးကိုလေးစားစ‌ွာဖြင့်Creditပေးပါတယ်ခင်ဗျ

#မိတ်ဆွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျ

View and download from Yandex.Disk

19/08/2020
10/10/2017
01/10/2017

ကုမၸဏီ ဆိုတာဘာလဲ။

Company ဆိုသော စကားရပ်သည် လက်တင်
ဝေါဟာရ ဖြစ်သော cm နှင့် panis ဆိုသော
စကားရပ်မှ ဆင်းသက်လာသည်။ cm ဆိုသည့်
စကားရပ်သည် with or together (နှင့် အတူ)
ဟုဆိုလိုပြီး panis ဆိုသော စကားရပ်မှာမူ bread
(ပေါင်မုန့်)ဟု အဓိပ္ပာယ်ရသည်။ ဆိုလိုရင်းမှာ
a group of person sharing bread
(ပေါင်မုန့်ကို မျှဝေစားကြသော လူအစုအဖွဲ့တစ်ခု)
ဟု ဆိုလိုခြင်းဖြစ်သည်။
(ref: corporation and compensation
laws (2012) - Nishwan Bhatia Jyotsna Senthi)

ယေဘူယျဖွင့်ဆိုချက်

ကုမ္ပဏီ ဆိုသည်မှာ ဥပဒေ နှင့်ညီသော စီးပွားရေး လုပ်ငန်း လုပ်ကိုင်နိုင်ရန် နှင့် အမြတ်အစွန်းရရှိ
နိုင်ရန် ရည်ရွယ်ချက်ဖြင့်လူတစ်ဦးချင်းပေါင်းစပ်
ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ဆိုလိုသည်။
(ref: popular Law Series -Guide to Study
Company law)

ဥပဒေအရဖွင့်ဆိုချက်

မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေအရ company
ဆိုသည်မှာ ယခုကုမ္ပဏီများအက်ဥပဒေအရ
ဖွဲ့စည်းတည်ထောင် ၍ မှတ်ပုံတင်ထားသော
အဖွဲ့အစည်းကို ဆိုလိုသည်။
Ref : Burma Companies Acts Sec. 2 (2)

အစုစပ်လုပ်ငန်း နှင့် ကုမ္ပဏီ

ယေဘူယျဖွင့်ဆိုချက်အရဆိုပါလျှင် အစုစပ်
လုပ်ငန်း (partnership) နှင့် ကုမ္ပဏီ (company)
တို့တူဟန်ရှိနေပါသည်။

သို့ရာတွင် ကုမ္ပဏီ နှင့် အစုစပ်မှာ မတူခြားနား
ပါသည်။ ခြားနာချက်များမှာအောက်ပါ
အတိုင်းဖြစ်သည်-

ကုမ္ပဏီ

(က) ကုမ္ပဏီ၏ အစုဝင်များ၊အုပ်ချုပ်မှုဒါရိုက်တာများ၊
အမှုထမ်းအရာရှိ များသည် ဥပဒေအရ ကုမ္ပဏီ နှင့်
သီးခြား ရပ်တည်မှု (separate legal entity) ရှိသည်။

ဥပဒေမျက်စိတွင် ကုမ္ပဏီသည်သက်ရှိ ပုဂ္ဂိုလ် တစ်ဦး(Juristic person)ဖြစ်သည်။ ကုမ္ပဏီသည် ဥပဒေအရ သီးခြားရပ်တည်မှုရှိသည့် အတွက်
ကိုယ်ပိုင် အမှတ်အသားတံဆိပ်၊ ကိုယ်ပိုင်
အမည်နာမရှိသည်။

ကုမ္ပဏီ၏ အစုရှယ်ယာအားလုံးကို ပိုင်ဆိုင်သူ အစုဝင်တစ်ဦး၏ပြုလုပ်မှုသည် ကုမ္ပဏီ၏
ပြုလုပ်မှုဟု ဆို၍ မရပါ။ အကြောင်းမှု အစုဝင်နှင့် ကုမ္ပဏီသည် သီးခြားရပ်တည်မှုရှိနေခြင်းကြောင့်
ဖြစ်သည်။

ထို့အတူ ကုမ္ပဏီပိုင် ငွေ နှင့် ပစ္စည်းများသည်
အစုဝင်များ၊ ၊အုပ်ချုပ်မှု ဒါရိုက်တာများအမှုထမ်း
အရာရှိ များပိုင် ပစ္စည်းများမဟုတ်ပါ။ကုမ္ပဏီပိုင်
သာဖြစ်သည်။ ကုမ္ပဏီသည် ဥပဒေရ သီးခြား
ရပ်တည်မှု (separate legal entity)ရှိသဖြင့် ပြင်ပပုဂ္ဂိုလ်များနှင့် သာမက ကုမ္ပဏီ၏
အစုဝင်များနှင့်ပါ ပဋိညာဉ်ပြုနိုင်သည်။

ကုမ္ပဏီက တရားစွဲဆိုသည်ဖြစ်စေ၊ တရားစွဲဆိုခံ ရသည်ဖြစ်စေ ကုမ္ပဏီ၏ အမည်နာမကိုဖော်ပြ
တရားစွဲဆိုရသည်။ ဥပဒေအရ ရင်ဆိုင်ဖြေရှင်း
သော အမှုသည်ကုမ္ပဏီအတွက် ၄င်း၏
ဒါရိုက်တာ၊ အတွင်းရေးမှူး အစရှိသော
ပုဂ္ဂိုလ်များက အဆိုအချေ၊တို့တွင် လက်မှတ်ရေး
နိုင်သည်။ ၀န်ခံချက်ပြုလုပ်နိုင်သည်။

ကုမ္ပဏီတွင်မူ ကုမ္ပဏီပိုင် ရှယ်ယာများကို
လွတ်လပ်စွာ လွဲပြောင်းရောင်းချနိုင်သည်။
သို့ရာတွင် အဆိုပါ ရှယ်ယာလွဲပြောင်း
ရောင်းချမှု ၌ အများနှင့် မသက်ဆိုင်သော
ကုမ္ပဏီ (private company)နှင့် အများနှင့်
ဆိုင်သည့် ကုမ္ပဏီ(public company)ဟူ၍
ကွဲပြားမှုရှိသည်။

private company တွင် ရှယ်ယာ ရောင်းချမှုကို ကန့်သတ်မှုရှိပြီးရှယ်ယာကို အများပြည်သူသို့
ဖြန်ဝေရောင်းချခွင့်မရှိပါ။ public company
တွင်ရှယ်ယာရောင်းချမှုကို ကန့်သတ်ထားခြင်း
မရှိသလိုအများပြည်သူထံသို့ ရောင်းချနိုင်သည်။

ကုမ္ပဏီတွင် အစုဝင်တစ်ဦး၏ တာဝန်ရှိမှုသည် ၄င်းထည့်ဝင်ထားသည် ရှယ်ယာပမာဏ အရသာ တာဝန်ရှိမည်ဖြစ်သည်။

အစုစပ်

အစုစပ်လုပ်ငန်းတွင် အစုဝင်များသည်အစုစပ်
လုပ်ငန်းနှင့် သီးခြားရပ်တည်မှုမရှိပါ။အစုစပ်ဝင်
တစ်ဦးသည် ၄င်း၏ အစုစပ်လုပ်ငန်းနှင့်ပဋိညာဉ်
မပြုနိုင်ပါ။ အစုစပ်လုပ်ငန်း၏ အစုဝင်တစ်ဦးသည်
၎င်း၏ ရှယ်ယာဝေစုကို ကျန် အစုဝင်များ၏သဘော
တူညီချက်မရဘဲ အခြားပြင်ပ ပုဂ္ဂိုလ်များကို
လွဲပြောင်း၍ မရပါ။

အစုစပ်ဝင်များသည် အစုစပ်လုပ်ငန်းပိုင်ပစ္စည်း
များကို အစုစပ်လုပ်ငန်းနှင့် အစုစပ်ဝင်များ အားလုံး
စုပေါင်းစပ်ပေါင်း ပိုင်ဆိုင်သည်။ အစုစပ်စာချုပ်ပါ
စည်းကမ်းချက်​များကိုဆန်ကျင့်ဆောင်ရွက်လျှင်
အစုစပ်လုပ်ငန်းဖျက်သိမ်းနိုင်သလို အစုစပ်တစ်ဦး
သေဆုံးပါက အစုစပ်လုပ်ငန်းပျက်ပြယ်သည်။
အစုစပ်လုပ်ငန်းတွင် အစုစပ်ဝင်များ၏ တာဝန်ရှိခြင်း
ကို ကန့်သတ်ထားခြင်းမရှိပါ။

ကုမ္ပဏီသည်သက်ရှိပုဂ္ဂိုလ်ဖြစ်ခြင်း၊

ကုမ္ပဏီ၏ အနေအထားကို ဦးစောဝင်းနှင့် အထူးတရားသူကြီး (၁) ပါ၂ ၁၉၆၆ မတစ ၅၀၈
တွင် အောက်ပါအတိုင်းလမ်းညွှန် ထုံးဖွဲ့ထားသည်-

ကုမ္ပဏီများ၏ အက်ဥပဒေအရဖွဲ့စည်းတည်ထောင်
ထားသော ကုမ္ပဏီတစ်ခုသည် ဥပဒေမျက်စိတွင်
သက်ရှိ ပုဂ္ဂိုလ် တစ်ဦးကဲ့သို့သီးခြားရပ်တည်ခြင်း
ရှိသည်။

ထိုရပ်တည်သော ပုဂ္ဂိုလ်သည် ကုမ္ပဏီတွင်အစုပါဝင်
ကြသူများ၊ကုမ္ပဏီအုပ်ချုပ် ကွက်ကဲကြသော
ဒါရိုက်တာလူကြီးများ၊ ကုမ္ပဏီတွင်အမှုထမ်း
ကြသော အရာရှိများနှင့် တသီးတခြားဖြစ်သည့် သက်မဲ့ဖြစ်သောကုမ္ပဏီသည် သက်ရှိ ပုဂ္ဂိုလ်တစ်ဦး ကဲ့သို့သီးခြားရပ်တည်ခြင်းမှာဥပဒေကပြဌာန်းခြင်း
ကြောင့် ဖြစ်သည်။

သို့ရာတွင် ကုမ္ပဏီဆိုသည်မှာ လူပုဂ္ဂိုလ်များက ပါဝင်ဆောင်ရွက်ခြင်းအုပ်ချုပ်ကွက်ကဲခြင်းမပြုဘဲ
လှုပ်ရှားဆောက်ရွက်နိုင်သည်မဟုတ်။ ထို့ကြောင့်
လက်တွေ့အားဖြင့် ကုမ္ပဏီနှင့် လူ ပုဂ္ဂိုလ်များ
အတူယှဉ်တွဲ၍ လုပ်ကိုင်ကြရသည်။

ဥပဒေ၏ မျက်စိတွင်ကား ကုမ္ပဏီလုပ်ကိုင်ချက်
အခွင့်အရေး၊တာဝန်စသည်တို့နှင့် လူပုဂ္ဂိုလ်တို့၏
လုပ်ကိုင်ချက် အခွင့်အရေးတာဝန် စသည့်တို့ကို
ခွဲခြား၍ မြင်နိုင်သည်။ ကုမ္ပဏီ တစ်ခုသည် သက်ရှိ
ပုဂ္ဂိုလ်တစ်ဦး ဖြစ်သကဲ့သို့ သီးခြားရပ်တည်သည့်
အားလျော်စွာ အခွင့်အရေးများလည်း သီးခြားရှိသည်။
တာဝန်များလည်းသီးခြားရှိသည်။တာဝန်ပျက်ကွက်
လျှင်တရားမကြောင်း၊ ရာဇ၀တ်ကြောင်း စသည့်
တို့ဖြင့် ဥပဒေပြဌာန်းထားသလို ကုမ္ပဏီသည်လည်း သီးခြားတရားစွဲဆိုခြင်း ခံနိုင်သည်။

(အများပြည်သူ အကျိုးငှာ လေ့လာမိသမျှ
တင်ပြအပ်ပါသည်၊ လိုအပ်ချက်ရှိနိုင်သဖြင့် သိတတ်သူများ ထပ်မံဖြည့်သွင်း လမ်းညွှန်
ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

Ref: (1)corporation and compensation
laws (2012) - Nishwan Bhatia Jyotsna Senthi.
(2) popular Law Series -Guide to Study
Company law)
(3) Burma Companies Acts Sec. 2 (2)
(4)1966 B.L.R 508.

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Kyaw Legal Consultant and Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share