Mahar San Legal

Mahar San Legal Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mahar San Legal, Lawyer & Law Firm, Mingaladon, Yangon.

27/07/2024

02/07/2024

အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း
=========================
၁။ အမွေဆိုင် သားသမီးများ သို့မဟုတ် အမွေဆိုင် ညီအစ်ကိုမောင်နှမများက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်း လျှောက်ထားရရှိပြီး ဖြစ်လျှင်ဖြစ်စေ၊ စီရင်ပိုင်ခွင့်ရှိသော တရားရုံး တော်သို့ အမွေထိန်းလက်မှတ် လျှောက်ထားရပြီးလျှင် ဖြစ်စေ၊ ကွယ်လွန်သူပိုင် အိမ်၊ မြေ သို့မဟုတ် မြေကွက် ကို လွှဲပြောင်းရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်းတို့ကို ဥပဒေနှင့်အညီပြုလုပ်နိုင်ခွင့်ရှိပါသည်။
၂။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမွေဆိုင်အားလုံးပါဝင်၍ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ စာတမ်း ပြုလုပ်ပါက ကနေဦးမြေပုံ မြေရာဇဝင်ကူးယူရပါမည်။ အမည်ပေါက်ပိုင်ဆိုင်သူ အမှန်တကယ်သေဆုံးကြောင်း သက်ဆိုင်ရာက တရားဝင်ထုတ်ပေးသော သေစာရင်း တင်ပြနိုင်ရပါမည်။
၃။ မြေပုံမြေရာဇဝင်ကူးယူရာတွင် အမွေဆိုင်အားလုံးက တရားရုံးတော်၌ အမွေဆိုင်များ ဖြစ်ကြောင်း၊ အခြား အမွေဆိုင်များ မကျန်ရှိတော့ကြောင်း၊ ကွယ်လွန်သူ၏ အမွေဆိုင်များ မှန်ကန်ကြောင်း ဖော်ပြ၍ ကျမ်းကျိန် လွှာပြုလုပ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနသို့ အမည်ပြောင်းရန် အတွက်နှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် ( ၂ )စုံ ကူးယူခွင့် လျှောက်ထားရပါမည်။ မြေပုံကူးရာတွင် မြေပုံမြေရာဇဝင်ဌာန၏ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားခြင်းနှင့် ကျသင့်သော ကူးခများ ပေးသွင်း ရခြင်း ပြုလုပ်ရပါမည်။
၄။ ကန့်ကွက်နိုင်ကြောင်း သတင်းစာတွင် ကြော်ငြာ ထည့်သွင်းပြီး ကန့်ကွက်သူ မရှိသည့်အခါကျမှ အမည်ပြောင်းနှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင်ထုတ် ပေးမည်ဖြစ်ပါသည်။ ကန့်ကွက်မှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကန့်ကွက်သူဘက်မှ အထောက်အထား ခိုင်ခိုင်လုံလုံ မတင်ပြနိုင်ပါက ကန့်ကွက်ချက်ကို မြေပုံမြေရာဇဝင်ဌာနက စဉ်းစားပေးမည် မဟုတ်ပါ။ ( မှတ်ချက် ၊ အမည်ပေါက်ကိုယ်ပိုင် မြေပုံကူးယူပါက သတင်းစာတွင် ကြော်ငြာရန် မလိုအပ်ဟု သိရှိရပါသည်။
၅။ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်းနှင့် အရောင်းစာချုပ်ကို တစ်ကြိမ်တည်း မှတ်ပုံတင်ရန် ဆောင် ရွက်နိုင်ခွင့်ရှိပါသည်။ အဓိကလိုအပ်ချက်မှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရပါမည်။
၆။ အကယ်၍ အမွေဆိုင်တစ်ဦးတစ်ယောက်မှာ ခရီးလွန်နေပါက အထူးကိုယ်စားလှယ်ပေးအပ်၍ ခရီးလွန် နေသော အမွေဆိုင်အတွက် ဆောင်ရွက်နိုင်ခွင့်ရှိပါသည်။
( မှတ်ချက် ) ။ အမွေဆိုင်တစ်ဦးတစ်ယောက်ကို ထိန်ချန်ပါက မှတ်ပုံတင်စာချုပ်မှာ တရားဝင်မည် မဟုတ်ပါ။ သေဆုံးသွားသော အမွေဆိုင်၏ဇနီး သို့မဟုတ် သားသမီးများကိုပါ ထည့်သွင်းဆောင်ရွက်ပါမှ စာချုပ်မှာ တရားဝင်မည်ဖြစ်ပါသည်။
၇။ အထူးသတိပြုသင့်သောအချက်မှာ အမွေဆိုင်များကို ချန်လှန်၍ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်စာ တမ်းပြုလုပ်ပါက ဥပဒေနှင့်ဆန့်ကျင်သဖြင့် ယင်းစာချုပ်မှာ ကနေဦးကပင် ပျက်ပြယ်နေပါသည်။
၈။ အမွေထိန်းစာဖြင့် ရောင်းချခြင်းဖြစ်ပါက ရောင်းချခွင့်ပြုရန် တရားရုံး၏ခွင့်ပြုမိန့် ပါရှိရပါမည်။
[ဦးဗကြိုင်(ဘီအေ၊ အီအယ်လ်)၊ မရွှေ့မပြာင်းနိုင်သည့် အိမ် ခြံ မြေ တိုက်ခန်း စသည်များရောင်းချခြင်း၊ ဝယ်ယူခြင်း ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ၊ စာ ၈ ) ] ။

01/07/2024

လင်မယားကွာရှင်းခွင့်တောင်းဖို့လိုတဲ့အချက်အလက်များ
(အကျဉ်းချူပ်)

(အရပ်ထဲက စကားတွေနားမယောင်ပါနဲ့)

အရပ်ထဲမှာပြောပြောနေတဲ့လင်မယား ၆လ/၁နှစ်/၃နှစ်
မပေါင်းပဲနေရင်လင်ခန်းမယားခန်းပြတ်တယ်ဆိုတာယုံပြီး
တရားဝင်မပြတ်သေးပဲ
နောက်အိမ်ထောင်မပြု ကြပါနဲ့
တလင်တမယားဥပဒေနဲ့ အာမခံတောင် မရပါဘူး

နောက်တချက်ကတချိူ့တရားဝင်တော့ပြတ်စဲတယ်
ဒါပေမဲ့ လူသိရှင်ကြားပြန်ပေါင်းတယ်နောက်လင်မယားပြန်ကွဲ
တယ်ဒါကိုတရားဝင်ထပ်ကွာရှင်းရမှာမသိပဲအရင်စာချူ ပ်
ရှိနေတာ မလိုပါဘူးလို့နေပြီး လင်(သို့)မယားကနောက်အိမ်
ထောင်ပြု ရင်တလင်တမယားဥပဒေနဲ့ငြိပြန်ပါတယ်
(ကွာရှင်းပြီး အထင်အရှားပြန်ပေါင်းသင်းရင် စာချူ ပ်အလိုလို
ပျက်ပြယ်လို့ပါ)
(ဘယ်လိုအခြေအနေဆိုရင် ကွာရှင်းခွင့်တောင်းနိူင်လဲ)

(အကျဉ်းချူပ်ပါ)

လုံလောက်သောအကြောင်းပြချက်မရှိပဲ လင်ဖြစ်သူက နေအိမ်
မှထွက်ခွာပြီး(၃)နှစ်တိုင် ငွေကြေးမထောက်ပံ့/ပြန်ပေါင်းဖို့
အဆက်အသွယ်မလုပ်/မကြိုးစားခြင်းဒဏ်ရာရစေလောက်
အောင် ရက်စက်မှု့ကျူးလွန်ခြင်း(ဒါကမယားဖြစ်သူမှ ကွာရှင်းခွင့်တောင်းနိူင်တဲ့အချက်တွေပါ)

မယားလုပ်သူမှ လုံလောက်သောအကြောင်းပြချက်မရှိပဲနေ
အိမ်မှထွက်ခွာခြင်း/ထွက်ခွာပြီးတနှစ်အတွင်း လင်နဲ့ပြန်ပေါင်း
ရန်မဆက်သွယ်ခြင်း/မကြိုးစားခြင်း(ယောက်က္ခမနဲ့စိတ်ဆိုးလို့
ယောင်းမနဲ့ရန်ဖြစ်လို့ )စတာတွေက လုံလောက်တဲ့အကြောင်း
ပြချက်မဟုတ်တာသတိထားပါ(ဒါကလင်ဖြစ်သူမှ ကွာရှင်းခွင့်
တောင်းနိူင်တဲ့အချက်တွေပါ)

အိမ်ထောင်သည်အမျိူးသမီးတွေသတိထားပေါ့(ထစ်ခနဲရှိ အိမ်
ကဆင်းမယ်ကလေးသံယောဇဉ်နဲ့ ငါ့ပြန်လာခေါ်မှာပါလို့မ
ထင်ပါနဲ့လာမခေါ်ပဲ တနှစ်ပြည့်ရင်သူကကွာရှင်းခွင့်တောင်း
ရင် အလကားနေတခုလပ်ဘဝရောက်ရမှာပါ)

# # # # # # # # # # # # # # # # # # # # # # # # # # # # #

တလင်တမယားစနစ်ကျင့်သုံးရေးဥပဒေအကျဉ်း

မြန်မာနိူင်ငံအတွင်း/ပြင်ပတွင်နေထိုင်သောမြန်မာနိူင်ငံသား
(ဧည့်/ပြု နိူင်ငံသားအပါအဝင်) များသည်ကိုကွယ်ရာဘာသာ
အရသော်၎င်း ဓလေ့ထုံးတမ်းအရသော်၎င်းလက်ရှိအိမ်ထောင်
တည်မြဲနေစဉ်အခြားသူတစ်ဦးနှင့် ထျိမျမွားခွငျး/တရားမဝင်
လင်မယားကဲ့သို့ပေါင်းသင်းနေထိုင်ခြင်း မပြု ရ
(အရင်လိုကိုးကွယ်ရာဘာသာအရဓလေ့ထုံးတမ်းအရခွင့်
ပြု ထားလို့ယူတာပါလို့ မရဘူးနော်)

(ဒါကြောင့်)

မုဆိုးဖို/မုဆိုးမ/တခုလပ်/တလင်ကွာ/လူပျိူ /အပျိူ မှလွဲ၍လက်ရှိအိမ်ထောင်ရှိသူမှန်သမျှဆန့်ကျင်ဖက်လိင်နှင့် တရား
မဝင်ပေါင်းသင်းနေထိုင်ပါကဤဥပဒေပုဒ်မ(၁၃)အရ ထောင်
ဒဏ်(၇)နှစ်အထိ

အိမ်ထောင်ရှိလျက်နဲ့ လူလွတ်ဟုလိမ်ညာပြောဆို လက်ထပ်ပါက ဤဥပဒေ ပုဒ်မ(၁၇)အရ ထောင်ဒဏ်(၁၀)နှစ်ထိကျခံစေ
နစ်နာသူမှ နစ်နာကြေးတောင်းခံစေ(ထောင်ကျခံရမဲ့အပြင်
လျော်ကြေးပါပေးရမှာနော်)

ဤဥပဒေပါ ပုဒ်မ(၁၄)(၁၅)တို့အရအပြစ်မရှိသူမှ အပြစ်ရှိ
သူအား တရားဝင်ကွာရှင်းခွင့်တောင်းခံစေလက်ထပ်ပွားနှစ်
ဦးပိုင်ပစ္စည်းများအား အပြစ်မရှိသူက အကုန်ယူစေ(သေပြီလေ
ထောင်ကလဲထွက်ရော လူလဲလမ်းဘေးရောက်ရော)

သညျယောကျကြာငျ်း သာလျင်ပြစ်ဒဏ်ကျခံစေ

အိမ်ထောင်သည်မိန်းမနှင့်လူပျိူ ဆိုပါကအိမ်ထောင်သည်မိန်း
မသည် ပုဒ်မ(၁၃)အရကျခံစေအိမ်ထောင်သည်မိန်းမ၏လင်
မကျေနပ်ပါက လူပျိူ အား ရာဇသတ်ဥပဒေပုဒ်မ(၄၉၇)အရ
အရေးယူစေ

နှစ်ယောက်လုံးအိမ်ထောင်သည်ဖြစ်ပါကနှစ်ယောက်စလုံး
ပြစ်ဒဏ်ခံစေ(လွတ်လာမှ အတိအလင်းယူပေတော့)

ဤဥပဒေသည်(၃၁-၈-၂၀၁၅)မှစ၍ အာဏာတည်စေမည်သူ
မဆို ဤဥပဒေချိူ းဖောက်သူများအား တိုင်တန်းခွင့်ရှိစေ
(ကိုယ့်ကိုမလိုတဲ့သူက သွားတိုင်လို့ရတာသတိထားပါ
မာဆတ်သွားရင် ကြည့်သွားပေါ့)

ဤဥပဒေအရကျေအေး/ရုပ်သိမ်းခွင့်မရှိစေရ(ကျမလင်
ထောင်ကျရင် ကလေးတွေနဲ့ကျမဒုက္ခရောက်မှာမို့အမှု့ကို
ပြန်ရုပ်သိမ်းချင်ပါတယ်ရှင်လို့ တောင်းပန်လို့မရဘူးနော်
မတိုင်ခင် စဉ်းစား) စဖမ်းထဲက အာမခံပေးမှာမဟုတ်ဘူး

# # # # # # # # # # # # # # # # # # # # # # # # # # # # #

အပေါ်ကအချက်အလက်တွေကတော့မိမိလေ့လာမှတ်သား
ထားသမျှတွေကိုဥပဒေ အကိုးအကား/စကားရပ်တွေမပါ
ပဲ သာမာန်ပြည်သူတွေရှင်းလင်းလွယ်ကူစွာသိအောင်လို့
တင်ပြထားတာပါ
နားလည်သဘောပေါက်လွယ်ကြပါစေ။
(မေတ္တာဖြင့်)

ူရင်းPostပိုင်ရှင်အားလေးစားစွာဖြင့်🙏🙏🙏

18/06/2024

🏠 စည်ပင်နယ်နိမိတ်အတွင်း
အဆောက်အဦး ဆောက်တော့မယ်ဆိုရင်

ပထမဆုံး ဆောက်လုပ်ခွင့်
တင်ပြရပါတယ်။

မြေယာဌာနမှာ
---------------------
- ပုံစံ ၁၀၅ / ၁၀၆ အရင်လျှောက်
- အဲဒါလျှောက်ဖို့ က
- မြေကွက်ပိုင်ဆိုင်မှု အထောက်အထား
(ဂရံ ၊ မြေပေးမိန့်)
- ဂရံရပြီးရင် မြေခွန် ၁ နှစ်စာ
ဆောင်ပြီးကြောင်း ပြေစာ
( အဲဒါမပါရင် မရဘူး)
သက်ဆိုင်ရာ မြို့နယ်စည်ပင်မှာ သွားဆောင်
- တစ်ဆင့် ပြန်ဝယ်ထားတယ်ဆိုရင်
GP ၊ SP ကိုယ်စားလှယ်လွှဲစာ၊ ဂရံ၊
အရောင်းအဝယ်စာချုပ်တွေ ပြ၊ မိတ္တူပေး
- လျှောက်မယ့်သူရဲ့ မှတ်ပုံတင်မိတ္တူ
- သန်းခေါင်စာရင်း၊ လိပ်စာ၊ ဖုန်းနံပါတ်
- စာရွက်စာတမ်း ပြည့်စုံရင် တင်ခဲ့
- ဌာနက M/S တင်
- တစ်ပတ်လောက်ရှိရင် ကွင်းဆင်း
- ၁၀၅ /၁၀၆ အတွက် ငွေသွင်း
(ဧက ကွက်မဟုတ်ရင် သောင်းဂဏန်းပါပဲ)
- အဲဒါပြီးရင် တစ်ပတ်စောင့် ၁၀၅/၁၀၆ ရ၏

----------------------------------------------------------

- ၁၀၅ / ၁၀၆ ရရင်
ဆောက်လုပ်ခွင့်အတွက်

အဆောက်အဦးဌာနမှာ
-------------------------------
- လျှောက်လွှာထုတ်
- မိမိမြေကွက် တည်နေရာ ဓါတ်ပုံ ၄ ပုံ
- လျှောက်ထားသူရဲ့ လိုင်စင်ပုံ (၂)ပုံ
- မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မိတ္တူတွဲ
- မြေကွက်ပိုင်ဆိုင်ကြောင်း အထောက်အထား
ထပ်တွဲ တင် (အပေါ်က ပြောခဲ့သလို)
- အနားလေးရပ် ထောက်ခံချက်ယူ
- အုပ်ချုပ်ရေးမှူးထောက်ခံချက် (၃)နေရာထိုး
- အဆောက်အဦ Drawing (၃)စုံ
- Drawing မှာ စည်ပင်က လိုင်စင်ရ
အင်/ယာ လက်မှတ်ထိုးရတယ်။
လက်မှတ်ထိုးခက Sqft အတိုင်းပေးရတယ်။
(အခြား အင်/ယာ ထိုးလို့မရ)
- ၁၀၅/၁၀၆ မူရင်းပါ တွဲတင်
- မြိုနယ်စည်ပင် EO က လက်မှတ်ထိုး
ရုံးအပေါ်စာနဲ့ တင်
- အမှုတွဲစုံလို့ တင်ပြီးရင် တစ်ပတ်စောင့်
(Design က လိုအပ်တာရှိရင် ပြန်ပြင်ပေး)
- မြေကွက်နေရာကို ကွင်းလာဆင်းကြည့်
- ဌာနက M/S ရေး EC တင်
- EC က ပြန်ကျရင်
ဆောက်လုပ်ခွင့်အတွက် ငွေသွင်း
(သောင်းဂဏန်းပါပဲ)
- Green Board ထုတ် မြေကွက်မှာကပ်
- ဆောက်လုပ်ခွင့်ပြု အမိန့် စည်ပင်က
အကြောင်းကြားရင် သွားထုတ်
- တင်ပြထားတဲ့ Design အတိုင်း ဆောက်

----------------------------------------------------

၆ လ လောက်အကြာ
အဆောက်အဦး ဆောက်ပြီးရင်
ဆောက်လုပ်ပြီးစီးကြောင်း ထပ်တင်

- မူလက တင်ပြတဲ့ ဒီဇိုင်းမိတ္တူ
- ဆောက်လုပ်ခွင့်ပြုကြောင်းစာ မိတ္တူ
- ယခင်က ငွေသွင်းချလံမိတ္တူ
- လျှောက်လွှာပုံစံမှာ ဖြည့် ပြန်တင်
- ပြီးစီးကြောင်း အတွက် ငွေသွင်း
( မပြီးသေးရင် Ex ထပ်တိုးတင်)
- တစ်ပတ်စောင့် ကွင်းလာဆင်း
- EC မှာ ပြန်တင်
- ဆောက်လုပ်ပြီးစီးကြောင်း စာရွက်ထွက်
- ဌာနကို သွားယူ

အဲဒါမှ စည်ပင်နယ်နိမိတ်အတွင်း
မိမိ အဆောက်အဦ ဆောက်လုပ်မှူကိစ္စ
အဝဝ ပြီးမြောက်၏။

28/05/2024

#ပါမစ်ဖြင့်ဂရန်လျှောက်တိုင်းဂရန်မရနိုင်

ဂရန်လျှောက်ခွင့်ရလိုကတော့ လျှောက် ကြတာချည်းပါပဲ။ သို.သော် စည်းကမ်းနဲ.မညီညွတ်လျှင်တော့ လျှောက်တိုင်းလဲ မကျနိုင်ပါ။

အရှုတ်အရှင်းရှိနေတဲ့ပါမစ်၊ စလစ်တွေနဲ.
ဂရန်လျှောက်တာတို့ဘေးဘယ်ညာ မြေကွက်တွေနဲ. အငြင်းပွားနေတာတို.မြေပိုတွေထည့်ပြီး ဂရန် လျှောက် တာမျိုးတွေကစလို.တစ်ခုခုအမှားအယွင်းနဲ. ဂရန်လျှောက် မယ်ဆိုရင်တော့ လွယ်လွယ်နဲ. ဂရန်ကျလာမှာ မဟုတ်ပါဘူး။

ပါမစ်ဝယ်ယူထားသည့် ဆက်စပ်စာချုပ်များမမှန်ကန်ခြင်း၊ထိုအဆက်အစပ်တွင်ပိုင်ရှင်အမည်လွဲ
မှားနေခြင်းများ ဖြစ်နေလျှင်သော်လည်းကောင်း
ဖန်တီးထားသောစာချုပ်တို.ဖြင့် တင်ခြင်း(သို.)မတင်ပြနိုင်ခြင်းဖြစ်နေလျှင်သော်လည်းကောင်း

ပါမစ်ရှိသော်လည်း၊ မြေခွန်ဆောင်ခွင့်မရှိဖြစ်နေသော မြေကွက်တို.နှင့် ပါမစ်အဝယ်စာချုပ်တွင် (၂)ဦးအမည်ပေါက်ပြီး ဂရန်လျှောက် ထားရာတွင်တစ်ဦးတည်းအမည်ဖြင့်လျှောက်ထားလျှင်သော်လည်းကောင်း

ပါမစ်မှ ရရှိသောမြေအတိုင်းအတာနှင့် ဂရန်လျှောက်ထားသောမြေအတိုင်းအတာတို. ကွဲလွဲနေလျှင် သော်လည်းကောင်း

နိုင်ငံပိုင်မြေပေါ်တွင်ကျူးကျော်နေခြင်းနှင့် အမှုအခင်းဖြစ်ပွားနေသော မြေကွက်များကိုသော်လည်းကောင်း ဂရန်လျှောက်ထားခဲ့ပါလျှင် အလွယ်တကူဂရန်ကျလာမည် မဟုတ်ကြောင်း မြို.တော်စည်ပင်မှ ပညာပေးထုတ်ပြန်ကြေညာခဲ့ဖူးသည်ကို မျှဝေပါသည် ။

crd.လေးစားစွာဖြင့်
🙏🙏🙏

24/05/2024

အိမ်ခြံမြေ ဂရန် မိတ္တူခြမ်း ဝယ်ယူထားပြီးသည့်နောက် ဖြေရှင်းရမည့် အခက်အခဲ

အိမ်ခြံမြေ အရောင်းအဝယ်တွေ ကောင်းနေတဲ့ ကာလတွေမှာတောင် ဝယ်ရသူတွေဟာ ရော့ပတ္တမြား၊ ရော့နဂါး ဆိုသလို လွယ်လွယ်နဲ့ ပိုင်ဆိုင်လက်ခံရရှိသူ နည်းပါးလှပါတယ်။ ခက်ခက်ခဲခဲနဲ့ ကြိုးစားယူကြရလိမ့်မယ်လို့ "မောင်ကောင်းဖေ" ထင်ပါတယ်။

လက်ရှိအနေအထားမှာတော့ မြေချပါမစ်မြေကွက်ဝယ်ရင်လည်း ပေါ့ပေါ့ဆဆဝယ်လို့မရ၊ ဂရန်မြေဝယ်ပြန်ရင်လည်း စာချုပ်အဆက်အစပ်တွေက ခပ်များများနဲ့မို့ မြေနဲ့အိမ် ဝယ်လိုသူတွေအဖို့ ပိုင်ဆိုင်မှုခိုင်ခိုင်မာမာနဲ့ စိတ်အေးလက်အေးနေထိုင်နိုင်ဖို့ အတော်ကြိုးစားယူရတာကို" မောင်ကောင်းဖေ"တွေ့ရပြန်ပါတယ်။

ဂရန်မြေဆိုရင်လည်း မြေအမည်ပေါက်မှန်ကန်ရင် ဝယ်ရတာ အလိမ်မခံရဘူးဆိုပေမယ့် အချို့သောသူများက ဂရန်မြေနဲ့ အိမ်ကို ဝယ်ထားသော်လည်း ကိုယ်အမည်မဖောက်ဘဲ မူလအမည်ပေါက်ထံက (General Power)ဖြစ်စေ၊ (Special Power) ဖြစ်စေ ယူထားပြီး သိမ်းထားတတ်ကြတယ်။

အချို့ဝယ်သူတွေကျပြန်တော့ လမ်းမကြီးတန်းက (40'60') မြေကွက်ကြီးတစ်ခုလုံး မဝယ်နိုင်လို့ (20'60')ပဲ ခွဲပြီး ဝယ်ထားတာကို တွေ့ရပြန်တယ်။ (20'60') ဝယ်ထားပေမယ့် တရားဝင်ခွဲစိပ်ပြီး အမည်မပြောင်းဘဲ (20'60') တစ်ခြမ်းဝယ် အရောင်းအဝယ်စာချုပ်ကို အခွန်ဆောင်ပြီး မှတ်ပုံတင်ထားတတ်ကြတယ်။ ဒါပေမဲ့ တချို့သောသူများက အမည်မပြောင်းဘဲ တစ်ခြမ်း (20'60') အရောင်းအဝယ်မှတ်ပုံတင်စာချုပ်နဲ့ ဂရန်မူရင်းကြီးကို ကိုင်ထားတတ်ကြပြန်တယ်။

ဘာကြောင့် အဲဒီလို ပထမဝယ်သူက ဂရန်မူရင်းကြီးလည်း ကိုင်ထားပြီး (20'60' ) တစ်ခြမ်းဝယ် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကြီးကိုလည်း အမည်မပြောင်းသေးဘဲ ထားရသလည်းဆိုရင် အမည်ပြောင်းခ ကုန်ကျစရိတ်နဲ့ ဂရန်ခွဲကုန်ကျစရိတ်တွေ အကုန်အကျမခံချင်ကြလို့ပဲပေါ့။အမည်မပြောင်းသေးသရွေ့ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့မြေစာရင်းမှာတော့ မူလဂရန်အမည်ပေါက်သူရဲ့နာမည်နဲ့ပဲ ရှိနေမှာပဲဖြစ်ပါတယ်။

မူလဂရန်အမည်ပေါက်သူတွေကတော့ ဘာဖြစ်လို့ ဂရန်မူရင်းကြီးကို ပေးလိုက်ရသလဲဆိုရင် ဂရန်မူရင်းပေးလိုက်ရင် ဈေးပိုရလို့ပါပဲ။ ဥပမာ~~မြေနဲ့ အိမ်တန်ဖိုးက သိန်း (၁၅၀၀)တန်တယ်ဆိုပါတော့ ရောင်းသူက ဂရန်မူရင်းလိုချင်ရင် (20'60')တစ်ခြမ်းမြေကွက်ကို သိန်း (၈ဝဝ) သတ်မှတ်ပြီး ရောင်းတယ်။ ကျန်တဲ့မြေကွက်ကို ဝယ်သူ အနေနဲ့ကျတော့ ဂရန်မိတ္တူပဲရတယ်။ မြေဈေးနှုန်းကျတော့ သိန်း(၇ဝဝ) နဲ့ရောင်းလိုက်တယ်။ အဲဒီ မြေကွက်ထဲမှာရှိတဲ့ အိမ်ကိုတော့ ဂရန်အမည်ပေါက်သူတွေက ဖျက်ယူသွားတတ်ကြတယ်။

အဲဒီတော့ တစ်ဦးက ဂရန်မူရင်းကြီးကိုင်ထားပြီး ကျန်တစ်ဦးကျတော့ ဂရန်မိတ္တူပဲ ကိုင်ထားရတာလေ။ ပြန်ရောင်းတဲ့အခါမှာ မျက်နှာငယ်ရတာပေါ့။ ဂရန်မူရင်းကိုင်ထားသူကတော့ ခေါင်းရင်းခြမ်း(20'60')ဝယ်ထားတဲ့ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ပြပြီး ဝယ်သူလာရင် အပေါ်စီးကနေ ဈေးတင်ရောင်းတာကို တွေ့ရတယ်။

ခြေရင်းဘက်ခြမ်း (20'60')ဝယ်ထားသူကတော့ သူ့လက်ထဲရှိတာ အမည်ပေါက်ရဲ့မိတ္တူနဲ့ အရပ်ကတိအရောင်းအဝယ်စာချုပ်ပဲရှိတာလေ။ ပိုင်ဆိုင်မှုဆိုလို့ မြေကွက်ကိုပဲ လက်ညှိုးထိုးပြလို့ရတယ်။ ဂရန်မူရင်းနဲ့ ပိုင်ဆိုင်မှုတွေအားလုံးက ခေါင်းရင်းဘက်ခြမ်းက လူဆီမှာရှိနေတော့ စီးပွားရေးအဆင်မပြေလို့ ပြန်ရောင်းမယ်လို့ ပြင်ဆင်လိုက်တာနဲ့ ဂရန်မူရင်းရှိတဲ့သူကို မျက်နှာချိုသွေးရပြီပေါ့။

ဂရန်မူရင်းကိုင်ထားသူဆီကလည်း ဒီအတိုင်းတော့ အလွယ်တကူနဲ့ မငှားဘူး။ တန်ဖိုးတစ်ခုပေးမှ ဂရန်ကိုငှားတာလေ။ တန်ဖိုးတစ်ခုဆိုတာကလည်း တစ်သိန်း၊ နှစ်သိန်းအောက်မဟုတ်ဘူး၊ ဂရန်ငှားပြီး တစ်ခြမ်းအရောင်းအဝယ်လုပ်ဖို့ စည်ပင်မှာ အရောင်းမြေပုံကူးလိုက်ပေးရလို့၊ စာချုပ်ရုံးမှာ လိုက်ပေးရလို့၊ အခွန်ရုံးမှာလိုက်ပေးရလို့ဆိုပြီး (၁၅) သိန်းတောင် တောင်းတဲ့သူ "မောင်ကောင်းဖေ" ကြုံခဲ့ဖူးတယ်ဗျာ။အင်း..ဒါလည်း မှတ်သားစရာပါပဲ။

ဒါကြောင့် ဂရန်မိတ္တူနဲ့ မြေကွက်တစ်ခြမ်းဝယ်ထားမိသူတွေရဲ့ ဒုက္ခကလည်း မသက်သာလှပါဘူး။ ဒါကြောင့် ပြောတာ မြေဝယ်ရင် မိတ္တူနဲ့ဝယ်ရတာ သူများနှာခေါင်းပေါက်နဲ့အသက်ရှူရသလို ခံစားရတယ်ဆိုတာပေါ့။ 'ရွှေအကြောင်းဖယောင်းမှသိ၊ လူအကြောင်း ပေါင်းမှသိ ဆိုတာ ဒီလိုလူမျိုးတွေပြောတာထင်ပါရဲ့။ အချို့ဂရန်မူရင်းခေတ္တအငှားလိုက်သူများဆိုရင် သူတို့ရဲ့ ဂုဏ်သိက္ခာကိုကြည့်ပြီး (၁၀)သိန်းတောင်းလိမ့်မယ်လို့ ထင်တောင်ထင်ရက်စရာမရှိပါဘူး။ ဒါပေ့မယ်လည်း ငွေနဲ့ပတ်သက်လာရင် ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ရှိတတ်ကြတယ် မဟုတ်ပေဘူးလား။

အချို့သော ဂရန်မူရင်းကိုင်ထားသူများဟာဆိုရင် "ပြောတော့ဖြင့် တရားသဘောတွေပြောလိုက်ကြတာ၊ ကြားရသူအပေါင်း တရားကျလောက်ပါရဲ့။ သို့ပေမယ့် မထင်နဲ့ဗျို့။ တကယ်ဆက်ဆံကြည့်တော့မှ ငွေမျက်နှာတစ်ခုပဲ'ကြည့်တာကိုတွေ့ခဲ့ရတယ်။" ဘုရားမှတ်လို့ ကိုးကွယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ' ဆိုတာ ဒီလိုလူမျိုးကို ပြောတာထင်ပါရဲ့လို့ မောင်ကောင်းဖေ တွေးမိတယ်ဗျာ။

ဒီတော့ မောင်ကောင်းဖေ အနေနဲ့ အိမ်ခြံမြေဝယ်ကြတဲ့ သူများကို အသိပေးပါရစေမြေကွက် တစ်ကွက်လုံးဝယ်နိုင်ရင် ဝယ်ပါ။ မဝယ်နိုင်လို့၊ ဂရန်မိတ္တူပဲ ဝယ်ရတော့မယ်ဆိုရင်တော့ တစ်ခြမ်းဝယ် အထူးကိုယ်စားလှယ်လွှဲစာလုပ်ပါ။ ဒါအပြင် အရောင်းမြေပုံကူးနဲ့၊ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဖို့ ဂရန်မူရင်းကိုင်ထားသူက လိုက်ပါဆောင်ရွက်ပေးအောင်လည်း တာဝန်ယူပေးပါရန် တောင်းဆိုသင့်ပါကြောင်း အကြံပေး တင်ပြလိုက်ရပါတယ်။

Credit-လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

17/04/2024

ဂရန် သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တစ်ခုကို
မိမိ နာမည်ဂရန်အမည်ပေါက်ဖြစ်အောင်
ဆောင်ရွက်ချင်သော်လည်း
အမည်ပေါက်ပိုင်ရှင် မရှိတော့ရင် ဘယ်လိုဆက်လက်လုပ်ဆောင်ရမလဲ.--------/

နစ်(၃၀) ဂရန်မြေကွက် တစ်ကွက် ဝယ်ထားတာ
(၁၀) နစ်ကျော်ပါပြီ./အခုချိန်မှာ ဂရန်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်လို့ မူရင်းအမည်ပေါက်ကနေ မိမိအမည်ပေါက်ဖြစ်အောင် ပြောင်းလိုပါတယ်./မူရင်းအမည်ပေါက်တဲ့သူ အိမ်ပြောင်းသွားတဲ့အတွက်ရှာရခက်နေပါတယ်./အကယ်၍ ရှာမတွေ့တော့ရင် ဘယ်လိုလုပ်ရမလဲ။

ကိုယ်ဝယ်ယူထားတဲ့စာချုပ်က သာမာန်အရပ်စာချုပ်နဲ့ဝယ်ထားတာလား./မှတ်ပုံတင်စာချုပ်နဲ့ဝယ်ထားတာလားဆိုတာ ကြည့်ရပါမယ်.

မှတ်ပုံတင်စာချုပ်နဲ့ဝယ်ထားတယ်ဆိုရင်တော့ အမည်ပေါက်ပိုင်ရှင် မလိုတော့ပါဘူး. မှတ်ပုံတင်စာချုပ်နဲ့တွဲပြီးတော့ သက်ဆိုင်ရာသို့ မိမိ မှတ်ပုံတင်စာချုပ့်ဖြင့်ဝယ်ထားကြောင်းတင်ပြ၍ ဂရန်သက်တမ်းတိုးပေးရန်နှင့် အမည်ပြောင်းလဲပေးရန် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်.

သက်ဆိုင်ရာမှ ဂရန်သက်တမ်းပြတ်တောက် ကာလ များအတွက် သတ်မှတ်ထားသောဒဏ်ကြေးများပေးဆောင်စေ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ
ဂရန်သက်တမ်းတိုးပေးကာ အမည်ပေါက်ပြောင်းလဲပေးမှာဖြစ်ပါတယ်.

အရပ်စာချုပ်နဲ့ဝယ်ထားတာဆိုရင်တော့

အရပ်စာချုပ်သည် မရွှေ့မပြောင်းနိုင်သောပစွည်းနှင့်ပတ်သတ်ရင် သက်ဆိုင်ရာတရားရုံးများမှာသက်သေခံတင်သွင်းလို့မရပါဘူး.
ဂရန်သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တွေအတွက်တော့
ဂရန်လုပ်ထုံးလုပ်နည်းများအရ သက်ဆိုင်ရာဂရန်သက်တမ်းမကုန်ဆုံးမီ (၃) လကြိုတင်၍ ဂရန်သက်တမ်းတိုး လျှောက်ထားခြင်းမရှိလျှင် လုပ်ထုံးလုပ်နည်းများအရ ဂရန် ပျက် သွားပြီဟု ယူဆရပါမယ်.

ထို့ကြောင့် အဆိုပါမြေသည် နိုင်ငံတော်မှ စီမံခန့်ခွဲပြီး ပြန်လည်ချထားပေးနိုင်သောမြေအဖြစ်သို့ အလိုလို ပြန်လည်ရောက်ရှိသွားပါတယ်.

ဒါကြောင့်အဆိုပါ မြေသည် ဂရန်ရမြေ မဟုတ်တော့ပါဘူးအရင်က ဂရန်ရထားပြီးသား
မြေဟုသာသတ်မှတ်ပါတယ်..

အဲ့တော့ သူသည် အရပ်စာချုပ်နဲ့ ဒီမြေပေါ်မှာ လက်ရှိထား ရယူသုံးစွဲကြောင်း အထောက်အထားတင်ပြ၍ သက်ဆိုင်ရာသို့ဂရန်အသစ်တစ်ခု ထုတ်ပေးရန်လျှောက်ထားရမှာဖြစ်ပါတယ်
DVBlawlab ကူးယူဖော်ပြပါသည်။
#မူရင်းရေးသားသူအားလေးစွာဖော်ပြအပ်ပါသည်

12/04/2024

#မြေအမျိုးအစား အလိုက်စာရွက်စာတမ်း စစ်ဆေးရမည့် ပုံစံများ
==========

အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝမတူညီနိုင်ပါဘူး။

ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကိုတိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်

ဂရန်မြေ

- ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက်"မှန် မမှန်၊ စစ် မစစ်" ကိုသက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ - ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းကနည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

ပါမစ်မြေ

ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေအမျိုးအစား ဖြစ်ပါတယ်။ - ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊အဆို ပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကိုပြန်လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။

အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။အင် ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေး ကွက်အတွင်းမှာဈေးနှုန်းကွဲလွဲမှုရှိတယ် ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာ တန်အကွက်တွေမှာဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ပွဲပျက် တာတွေတောင် ရှိတယ်- ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီးအင်ထရီလည်း ဝင်ထား မယ်ဆိုရင်အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံ တင် မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

လယ်မြေ

လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက်

- အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊လယ်ယာမြေမှတ်ပုံတင် စာအုပ်၊စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထား တဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။ - လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာ တမ်းဆိုတာ "လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း" ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ်အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ သည်သာ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။- အမှန် တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီးအခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင်လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂ ါရပ်ညီညွတ်ပြီလို့ ဆိုနိုင်ပါ တယ်။လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနကအခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာမှတ်သားထား လေ့ရှိပါတယ်။
- တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင်မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။ - မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနကမှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာန က ပုံစံတူရေးကူးပေးတဲ့ပုံစံ တစ်ခု ဖြစ်ပါတယ်။

မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရမြေကွက်တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေရှိတယ်၊ အဲ ဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူးလ- ယခုအချိန်မှာ လယ်ယာမြေကို အရပ် သဘောရောင်းဝယ်နေကြပြီးစာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေ သစ်အရမှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။

လန ၃၉ မြေ

- လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ်ပြောင်းလဲ အ သုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါ တယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ - ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခုပြောင်း လဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့ စာရွက်ရှိမှအဆင်ပြေမှာ ဖြစ်ပါ တယ်။

တိုက်ခန်းဝယ်မယ်ဆိုရင်

တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာဆက်စပ်စာချုပ်တစ်ခုရှိရုံ နဲ့ ပိုင် ဆိုင်မှု အထောက်အထားပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်း အဝယ်ပြုလုပ်တဲ့နေရာ မှာ မရှိမဖြစ်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့

- ဆက်စပ် စာချုပ်၊

- BCC (လူနေထိုင်ခွင့်)

- မြေ ရှင်လက်မှတ်

- ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လို အပ်ပါတယ်။အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာပါတယ်။

ဘိုးဘွားပိုင်မြေ

ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ်မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ် ပါတယ်။

05/04/2024

ဘာသာမတူပဲလက်ထပ်ထိမ်းမြားခြင်း ဆောင်ရွက်ရန်နည်းလမ်းများ
&&&&&&&&&&&&&&&&&&&&&&&&

မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံသားခရစ်ယာန်ဖြစ်ပါကတိုင်းတရားရုံး(သို့)မြို့နယ်တရားရုံး (သို့) ရှေ့နေ ရှေ့တွင် လတ်မှတ်ထိုးလို့မရပါ။ church ကျောင်းတွင်ထိုးမည်ဆိုပါကလည်းခရစ်ယာန်နှစ်ချင်းခံပြီးသူဖြစ်ရမည်ဟူသောကန့်သတ်ချက်များရှိပါတယ်။

တရား၀င်လက်မှတ်ထိုးရမည့် နည်းလမ်း
၁။ မိန်းကလေးနေထိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးသို့သတို့သားနှင့်တကွအတူတူသွားပါ။ သတို့သား၊ သတို့သမီးမှတ်ပုံတင်မိတ္တူ နှင့် အိမ်ထောင်စုစာရင်းမိတ္တူများယူဆောင်သွားပါ။ ထို့အတူ သက်ဆိုင်ရာမြို့နယ်တရားရုံးတွင်ကျမ်းကြိမ်စာ (မိန်းကလေးအတွက်) ကတိသစ္စာပြုလွှာ(ယောက်ကျားလေးအတွက်)များပါတွဲတင်ရန်လိုအပ်ပါသည်။ထိုကျမ်းကြိမ်လွှာများရရန်အတွက် သက်သေနှစ်ဦးလိုအပ်ပါတယ်။ သက်သေနှစ်ဦးရဲ့မှတ်ပုံတင် (သို့)မှတ်ပုံတင်နံပါတ်ပါ၀င်သောယာဉ်မောင်းလိုင်စင်များလိုအပ်ပါသည်။
၂။ မြို့နယ်ထွေအုပ်ရုံးမှ ဘာသာမတူလက်ထပ်ထိမ်းမြားခြင်းလျှောက်လွှာပုံစံ ၄စုံထုတ်ပေးပါလိမ့်မည်။ထိုလျှောက်လွှာတွင် ယောက်ကျားလေးအချက်အလက်များ၊မိန်းကလေးအချက်အလက်များကို အသေးစိတ်ဖြည့်ပေးပြီးကာယကံရှင်များရဲ့လက်မှတ်များထိုးပေးဖို့လိုအပ်ပါတယ်။
၃။ ထွေအုပ်ရုံးသို့လျှေက်လွှာတင်မည်ဆိုပါက သက်ဆိုင်ရာမြို့နယ်တရားရုံးမှ မိန်းကလေးကျမ်းကြိမ်စာ နှင့်ယောက်ကျားလေး ကတိသစ္စာပြုစာများလိုအပ်ပါသောကြောင့် မြို့နယ်တရားရုံးသို့သွားပါ။
၄။တရားရုံးသို့ရောက်ပါက ထွေအုပ်ရုံးမှဘာသာမတူထိမ်းမြားခြင်းအတွက် ကျမ်းကြိမ်လွှာလိုချင်ပါတယ်ဟုပြောလိုက်ပါက စာရေးမှ လိုအပ်သော စာရွက်စာတမ်းများပြုလုပ်ပေးပြီး ကျမ်းကြိမ်လွှာနှင့်ကတိသစ္စာပြုလွှာများတွင် တရားသူကြီးမှတံဆိပ်တုံးနှင့်ကျမ်းကြိမ်လွှာအမှတ်စဉ်ထုနှိပ်ပေးပြီးထိုစာချုပ်နှစ်စောင်အားပြန်ပေးပါလိမ့်မည်။ ထိုစာချုပ်ပေါ်တွင် သတို့သား သတို့သမီး သက်သေနှစ်ယောက်ရဲ့လတ်မှတ်များပါပါ၀င်ပါသည်။ ထိုစာချုပ်ရရန်အတွက် နံပါတ်၁တွင်ပြောပြထားသောစာရွက်စာတမ်းများလိုအပ်ပါသည်။
၅။ ကျမ်းကြိမ်လွှာ၊ကတိသစ္စာပြုလွှာနှင်တကွ အသေးစိတ်အချက်အလက်များဖြည့်ထားသောလျှောက်လွှာကိုထွေအုပ်ရုံးတွင်လျောက်ထားရပါမည်။
၆။လျောက်လွှာတင်သည့်နေတွင်ပင် ထွေအုပ်ရုံးတွင် တစ်စောင် မိန်းကလေးနေထိုင်ရာရပ်ကွပ်ရုံးတွင်တစ်စောင် ယောက်ကျားလေးနေထိုင်ရာရပ်ကွက်ရုံးတွင်တစ်စောင် အသီးသီးကြေငြာများကို၃ပတ်တိတိကပ်ပါသည်။
ရ။ ၃ပတ်အတွင်းကန့်ကွက်သူမရှိခဲ့ပါက ၃ပတ်ပြီးသည်နှင့် သတို့သား သတို့သမီးနှင့် အတူ ကျမ်းကြိမ်လွှာများတွင်လတ်မှတ်ထိုးပေးခဲ့သောသက်သေနှစ်ယောက်လိုက်ပါပြီးထွေအုပ်ရုံးမှတ်ပုံတင်အရာရှိအရှေ့တွင် တရား၀င်လတ်မှတ်ရေးထိုးနိုင်ပါပြီ။

နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင် အတွက် လိုအပ်တာတွေက
၁။ နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ တရားဝင်လာရောက်သည့် ပြည်ဝင်တုံးထုထားသည့် ပတ်စပိုစ့်စာအုပ်မူရင်း
၂။ နိုင်ငံခြားသား၏ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် သန်းခေါင်စာရင်း မူရင်းနှင့် မြန်မာဘာသာပြန်ထားသည့် နိုတြီတံဆိပ်တုံးပါသည့် စာရွက်မူရင်း
၃။ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြောင်း၊ လူပျိုလူလွတ်ဖြစ်ပြီး သတို့သမီး သို့မဟုတ် သတို့သား ကို ချစ်ခင်စုံမက် တရားဝင်လက်ထက်မည်ဖြစ်ကြောင်း ကျမ်းကျိန်လွှာ
၄။ ဘုရားရှိခိုးနေသည့် (သို့မဟုတ်) ဆွမ်းကပ်နေသည့် ဓါတ်ပုံ(၃) တို့လိုအပ်ပါသည်။

မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်အတွက်
၁။ နိုင်ငံသားစိစစ်ရေးကတ်ပြားသာလိုအပ်သည်။
အမျိုးသမီးဆိုလျှင်အသက်(၂၀)ပြည့်ပြီးသူဖြစ်ရမည်။ အမျိုးသားဆိုလျှင် အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။

ထပ်မံလိုအပ်တာတွေကတော့
၁။ လက်ထပ်စာချုပ်
၂။ သက်သေနှစ်ဦး၏ နိုင်ငံရေးစိစစ်ရေးကတ်ပြားတွေသာဖြစ်ပါတယ်။

အားလုံးစုံရင် မိတ္တူ (၄)စုံဆွဲသွားပါ။ ခရိုင်တရားသူကြီးထံမှာ လျှောက်လွှာတင်ပြီး တရားဝင်လက်ထပ်မှတ်ပုံတင်နိုင်ပါသည်။

Credit
#မူရင်းရေးသားသူအားလေးစွာဖော်ပြအပ်ပါသည်
🙏🙏🙏

03/04/2024

သေတမ်းစာ ။🙏🙏🙏🙏🙏
*************

သေတမ်းစာဆိုသည်မှာ သေတမ်းစာရေးသားသူက မိမိသေဆုံးပြီးနောက်၄င်း၏ ပစ္စည်း များကို မည်သို့မည်ပုံခန့်ခွဲစီရင်စေရန် ၄င်း၏ဆန္ဒကိုဖော်ထုတ်ညွှန်ကြားခဲ့သောတရားဝင်ကြေငြာချက် စာတမ်းအမှတ်အသား ကိုဆိုလိုသည်။ထို စီမံခန့်ခွဲမှုမှာ ၄င်း ကွယ်လွန်သည့်အခါမှသာ အကျိုးသက်ရောက်မှုရှိပါသည်။(အမွေဆက်ခံခြင်း ဥပဒေပုဒ်မ-၂-ဇ)

သေတမ်းစာနှစ်မျိုးရှိသည်။သာမာန်သေတမ်းစာ(unprivileged will)နှင့် အထူးသေတမ်းစာ(privileged will)တို့ဖြစ်ပါသည်။

(က)သာမာန်သေတမ်းစာ။
*************************
သာမာန်သေတမ်းစာကို စာဖြင့်ရေးသား၍သေတမ်းစာရေးသူက လက်မှတ်ထိုးရမည်။ သို့မဟုတ် တစုံတယောက်သောသူအား မိမိရှေ့တွင်မိမိညွှန်ကြားသည့်အတိုင်းရေးသား၍ လက်မှတ်ရေးထိုးစေရမည်။ထိုရေးသားချက်မှာ ပေးကမ်းသူ ပစ္စည်း ပိုင်ရှင်အသက်ထင်ရှား
ရှိစဉ် ရေးသား၍ ၎င်းပေးကမ်းသူသေဆုံးမှပစ္စည်းနှင့်ပါတ်သက်၍ စီမံခန့်ခွဲရန် ရေးသားခြင်းမျိုးဖြစ်ရမည်။ တနည်းအားဖြင့် သေတမ်းစာဖြစ်စေရန် ရည်ရွယ် ချက်ဖြင့် ရေးသားခြင်း ဖြစ်ရမည်။ သေတမ်းစာ တွင် မှန်ကန်ကြောင်း အသိသက်သေအနည်းဆုံး နှစ်ယောက်လက်မှတ်ရေးထိုးရမည်။အဆိုပါ အသိသက်သေများသည်သေတမ်းစာရေးသူ လက်မှတ်ထိုးသည်ကို လည်းကောင်း အမှတ်အသား ပြုသည်ကိုလည်းကောင်း ကိုယ်တိုင် သိမြင်၍ ရေးသားသော စာချုပ် နှင့် စာသားများမှာသေတမ်းစာဖြစ်ကြောင်းသိရမည်။
သေတမ်းစာတွင် လက်မှတ်ရေးထိုးသောအသိ သက်သေများသည် သေတမ်းစာရေးသူ မျက်မှောက်တွင်လက်မှတ်ရေးထိုးရမည်။ သို့ရာတွင် အသိသက်သေများသည်
အားလုံးတချိန်တည်းတွင်ရှိရန်မလိုပေ။(အမွေဆက်ခံခြင်းဥပဒေပုဒ်မ-၆၃)

★★★★★★★★★★★★★★★★★★★★★★★

(ခ)အထူး သေတမ်းစာ ။
*********************
အထူးသေတမ်းစာဆိုသည်မှာ စစ်မက်တိုက်ခိုက်ချိန်တွင် အမှုတာဝန် ထမ်းဆောင်နေရသော တပ်မတော် သားများ သို့မဟုတ်
လေတပ်မတော်သားများနှင့် ပင်လယ် ခရီးသွားလာနေရသော သင်္ဘောသားတစ်ဦးဦးက မိမိ ပစ္စည်း ကို မိမိကွယ်လွန်ပြီးနောက် စီမံခန့်ခွဲရန်ရေးသားထားသောစာချုပ်ကိုခေါ်သည်။ သို့ရာတွင် သေတမ်းစာ‎ရေး သားသူသည် ပဋိညာဉ် ပြုနိုင်သူဖြစ်ရမည်။

အထူးသေတမ်းစာ ကိုနှုတ်ဖြင့်ဖြစ်စေ စာဖြင့်ဖြစ်စေပြုလုပ်နိုင်သည်။သေတမ်းစာ ကိုရေးသားသူသည် သေတမ်းစာ တခုလုံးကို မိမိကိုယ်တိုင်ရေးသားနိုင်သည်။ ထိုသို့
ရေးစားပြီးနောက် စာချုပ် တွင် ကိုယ်တိုင် လက်မှတ်ရေးထိုးရန် သို့မဟုတ် အသိသက်သေလက်မှတ်ရေးထိုးရန်မလိုပဲအတည်ဖြစ်သည်။ ခိုင်မာသည်။ သေတမ်းစာ တခုလုံးကို ဖြစ်စေ အချို့အဝက်ကိုဖြစ်စေ အခြားသူတဦးအား
ရေးသားစေလျှင် အသိသက်သေ သို့မဟုတ် ရေးသားသူ လက်မှတ်ရေးထိုးရန်မလိုပဲသေတမ်းစာ ရေးသားသူက မိမိညွှန်ကြားသည့်အတိုင်းရေးသားကြောင်းယင်းသေတမ်းစာမှာ မိမိ သေတမ်းစာ ဖြစ်သည်ဟု ထင်ရှားပြသနိုင်လျှင် မိမိပင်
လက်မှတ် ရေးထိုးရန်မလိုပဲ သေတမ်းစာ မှာ အတည်ဖြစ်ခိုင်မာသည်။ တပ်မတော်သား သို့မဟုတ် သင်္ဘောသား တဦးတယောက် သည် သေတမ်းစာ ရေးသားရန်မှာကြားချက်များကို ရေးသားစေပြီးနောက်
အဆိုပါ မှာထားချက်များနှင့်ပါတ်သက်၍ သေတမ်းစာကို မရေးသားမီ သို့မဟုတ် လက်မှတ် မထိုးမီ သေဆုံးသွားလျှင် ထိုမှာ
ထားချက်မှာ ၎င်း၏သေတမ်းစာဖြစ်သည်ဟု မှတ်ယူရမည်။
တပ်မတော်သား သို့မဟုတ် သင်္ဘောသား တယောက်သည် အသိသက်သေနှစ်ဦးရှေ့
တွင်မိမိ၏သေတမ်းစာ ကို စီစဉ်ရေးသားရန် နှုတ်ဖြင့်မှာကြားထားသည့်အတိုင်း ရေးသားမှတ်ယူထားပြီးဖြစ်သော်လည်း အ
ဆိုပါသေတမ်းစာကို မရေးသားမီ သို့မဟုတ် လက်မှတ် မထိုးမီသေဆုံးသွားလျှင် ၎င်း၏မှာထားချက်များကို ၎င်း၏ရှေ့တွင်‎ရေးသားသည်မဟုတ်သော်လည်း သို့မဟုတ် ၎င်းအားမဖတ်ပြရ
သေးသော်လည်း ၎င်း ဿေူ၏သေတမ်းစာ
ဖြစ်သည်ဟုမှတ်ယူရမည်။ အထူးသေတမ်းစာ ကို သက်သေနှစ်ယောက်ရှေ့တွင် နှုတ်ဖြင့် မိမိ၏ အကြံအစည် များကို
ထုတ်ဖော်ပြောဆိုခြင်းဖြင့်သေတမ်းစာကို
ရေးသားနိုင်သည်။(အမွေဆက်ခံခြင်းဥပဒေပုဒ်မ-၆၆)

သေတမ်းစာ ရေးသားပြုလုပ်နိုင်သူများ။
**************************************
ရူးသွပ်သူ အရွယ်မရောက်သေးသူမဟုတ်လျှက် မိမိပိုင် ပစ္စည်းကို သေတမ်းစာ ရေးသား၍စီမံခန့်ခွဲနိုင်သည်။ နား၊မျက်စိ၊ နှုတ်ချို့တဲ့၊ဆွံ့အသူဖြစ်သော်လည်း မိမိပြုလုပ်သည့် လုပ်ဆောင်ချက်ကို သိရှိနားလည်လျှင် သေတမ်းစာ ကိုရေးသားနိုင်သည်။ ရူးသွပ်သူတဦးသည် ရူးသွပ် သောဝေဒနာပျောက်ကင်း၍ စိတ်ကောင်းနေသည့်အချိန်တွင် သေတမ်းစာ ရေးသား
နိုင်သည်။ အရက်သေစာ သောက်စားမူးယစ်ခြင်းကြောင့်ဖြစ်စေ အခြားတစုံတရာကြောင့်ဖြစ်စေ မိမိရေးသားပြုလုပ်သော ကိစ္စများကိုနားမလည်နိုင်သည့် အခြေအနေ ရှိနေသမျှ ကာလပါတ်လုံး သေတမ်းစာ ကိုမရေးသားနိုင်။ အကယ်၍
ဤကဲ့သို့သော အခြေအနေ မျိုးကို သေတမ်းစာ ရေးစားချုပ်ဆိုခဲ့လျှင်လည်း
ယင်း သေတမ်းစာ မှာအတည်မဖြစ်ပေ။ အိမ်ထောင်ပြုပြီးသော မိန်းကလေး တယောက်သည် မိမိအသက်ထင်ရှားရှိနေစဉ်
ကိုယ်တိုင် လွှဲအပ်နိုင်သော မည်သည့် ပစ္စည်း ကို မဆို သေတမ်းစာ ရေးသား၍စီမံခန့်ခွဲနိုင်သည်။ သေတမ်းစာ ရေးသားသူသည် စိတ် အခြေအနေ ကောင်းမွန်ပြီး အရွယ်ရောက်လျှင် အထက်
ဖော်ပြပါ ချို့ယွင်းချက်များမရှိပါက ပစ္စည်း ကို စီမံခန့်ခွဲနိုင်သော အခြေအနေ ရှိသည်။ တနည်းအားဖြင့် သေတမ်းစာ ရေးသားသူသည် ပစ္စည်း ကိုစီမံခန့်ခွဲနိုင်သော အခြေအနေ ရှိရန်လိုသည်။( အမွေဆက်ခံခြင်းဥပဒေပုဒ်မ-၅၉)။

သေတမ်းစာ ကိုဖျက်သိမ်းန်ိုင်ပါသလား။
**************************************

သေတမ်းစာ တစုံတရာကို သေတမ်းစာ ရေးသားသူသည် သေတမ်းစာ ဖြင့် စီမံခန့်ခွဲနိုင်သည့် အခြေအနေ ရှိသည့်မည်သည့်အချိန်တွင်မဆို ဖျက်သိမ်းနိုင်ခွင့်၊ပြင်
ဆင်နိုင်ခွင့်ရှိသည်။ (အမွေဆက်ခံခြင်းဥပဒေပုဒ်မ-၆၂)

အမွေဆက်ခံခြင်းကိုဖျက်သိမ်းနိုင်သည့်
*************************************
အခြေအနေ များ။
*****************
၁။ သေတမ်းစာ ရေးသားသူလက်ထပ်ခြင်း၊
၂။ အခြား သေတမ်းစာ ဖြစ်စေ၊ နောက်ဆက်တွဲ သေတမ်းစာ တခုပြုလုပ်ခြင်းဖြင့်ဖြစ်စေ၊
၃။ သေတမ်းစာ ကိုဖျက်သိမ်းရန်ကြံရွယ်ချက်ဖြင့်နောက်ထပ် သေတမ်းစာ တခုရေးသားလျှက်၊
၄။ သေတမ်းစာကို ဖျက်သိမ်းရန် ရည်ရွယ်ချက် ဖြင့် ရေးစားသူ ကိုယ်တိုင် ကသော်လည်းကောင်း သေတမ်းစာ ရေးသားသူ၏ရှေ့မှောက်တွင် ၄င်း၏
ညွှန်ကြားချက်အရ အခြား သူတဦးကသော်လည်းကောင်း မီးရှို့ခြင်း၊ဆုတ်ဖြဲခြင်း
ဖြင့်ဖြစ်စေ အခြား နည်းဖြင့်ဖြစ်စေဖျက်သိမ်းနိုင်သည်။(အမွေဆက်ခံခြင်းဥပဒေပုဒ်မ-၇၀)

အထူးသေတမ်းစာကို ဖျက်သိမ်းနိုင်သည့်
***************************************
အခြေအနေ များ။
****************
၁။ သေတမ်းစာ ရေးသားသူလက်ထက်ခြင်း၊
၂။ သေတမ်းစာ ကိုဖျက်သိမ်းရန် ရည်ရွယ်ချက် ဖြင့် အထူးသေတမ်းစာ တစုံ
တရာကို တရားဥပဒေနှင့် အညီ အခိုင်အမာ ဖြစ်ရန်လုံလောက်မည့် နည်းလမ်းအတိုင်း
ဆောင်ရွက် ပြီးဖြစ်သည့် ပြုလုပ်မှုတစုံတရာဖြင့် ဖြစ်စေ၊
၃။ သာမာန် သေတမ်းစာ သို့မဟုတ် နောက်ဆက်တွဲ သေတမ်းစာ တခုပြုလုပ်လျှင်၊
၄။ သေတမ်းစာ ကို ဖျက်သိမ်းရန်ရည်ရွယ်ချက်ဖြင့် ရေးသားသူကိုယ်တိုင်က
သော်လည်းကောင်း သေတမ်းစာ ရေးသူ၏ရှေ့မှောက်တွင် ၄င်း၏ညွှန်ကြားချက်
အရ အခြားသူတဦးကသော်လည်းကောင်း
မီးရှို့ခြင်း၊ဆုတ်ဖဲ့ခြင်းဖြင့်ဖြစ်စေ၊ အခြားန
ည်းဖြင့်ဖြစ်စေ၊ ဖျက်သိမ်းနိုင်သည်။

********************************************************************************
သေတမ်းစာတွင်လိုအပ်သည့်
***************************
အချက်အလက်များ။
*********************

၁။ သေတမ်းစာကို ပုဒ်မ ၆၃ ပါပြဌာန်းချက်များနှင့်အညီ သေတမ်းစာ ပြုလုပ်နိုင်သူက ပြုလုပ်၍ အနည်းဆုံး သက်သေနှစ်ဦးကလက်မှတ်ရေးထိုးရမည်။
၂။ သေတမ်းစာ တွင် မည်သည့် ပစ္စည်း ကို။မည်သို့မည်ပုံခွဲဝေလိုကြောင်းဖော်ပြရမည်၊
၃။ သေတမ်းစာတွင် ပစ္စည်း နှင့် ပါတ်သက်၍ သေဆုံးပြီးနောက်မည်သို့မည်ပုံခွဲ
ဝေရမည် မည်သို့မည်ပုံအတည်ပြုရမည့်အ
ကြောင်း မပါရှိပါက ထိမ်းသိမ်းရန်အတွက်
အုပ်ထိမ်းသူတဦးခန့်ထားခြင်း သို့မဟုတ် မိမိ၏မယား မုဆိုးမ အား ပေးအပ်ထားခြင်းမှာ သေတမ်းစာ မမည်ပေ၊
၄။ သေတမ်းစာကို မိမိ အသင်ထင်ရှားရှိနေ
စဉ် မည်သည့်အချိန်တွင်မဆိုရေးသားချုပ်
ဆိုနိုင်သကဲ့သို့ မည်သည့်အချိန်တွင်မဆိုရုပ်သိမ်းခွင့်ရှိသည်၊
၅။ သေတမ်းစာ မှာ ပြုလုပ်ရေးသားသူသေဆုံးသည့်နေ့မှစ၍ အကျိုးသက်ရောက်ပေသည်။ သေတမ်းစာ ကိုအ
တည်ပြုသောနေ့မဟုတ်ချေ၊

မှတ်ပုံတင်ဥပဒေနှင့်သက်ဆိုင်ခြင်း။
**********************************

သေတမ်းစာ ကို၂၀၁၈ခုနှစ်စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေပုဒ်မ-၁၇(င)အရ မှတ်ပုံတင်လိုလျှင်တင်နိုင်သည်။ မတင်ပဲလည်းနေနိုင်သည်။သေတမ်းစာ နှင့်
ပါတ်သက်၍ မှတ်ပုံတင်ရန် ကာလစည်းကမ်းသတ်မရှိပဲ မည်သည့် အချိန်တွင်မဆို မှတ်ပုံတင်နိုင်သည်။

ထမ်းဆောင်ရမည့်အခငွေများ။
******************************

(က)သေတမ်းစာ တွင်ပါရှိသော ချိတ်တံဆိပ်ပိတ်စာအိပ်တခုခုကို
ပေးအပ်သည့်အခါပေးဆောင်ရမည့်အခငွေမှာ ၆ ကျပ်ဖြစ်သည်။ မှတ်ပုံတင်ဥပဒေ
အခငွေစာရင်း အပိုဒ်-၃(က)
(ခ) အဆိုပါစာအိပ်ကို ဖွင့်ဖောင်ရန်အတွက်
ပေးဆောင်ရမည့်အခငွေမှာလည်း ၆ကျပ်ဖြစ်ရမည်။ ထိုအခါငွေကို မိတ္တူမှန်များထုတ်ပေးရန်ဤစာရင်းတွင် သတ်မှတ်ထားသည့်နှုံးထားအတိုင်း ထို သေတမ်းစာ ကူးယူရာတွင် ကုန်ကျသည့်စရိတ်အပြင် နောက်ထပ်ပေးဆောင်ရမည်။ အပိုဒ်-၃(ခ)
(ဂ) စာအ်ိပ်တွင်မထည့်ပဲ အလွတ်တင်သွင်းသည့် သေတမ်းစာ တခုခုကို မှတ်ပုံတင်ရန်အတွက် ပေးဆောင်ရမည့် အခငွေမှာ ၁၂ ကျပ်ဖြစ်ရမည်။ အပိုဒ်-၃(ဂ)

မှတ်ချက် ။ ဤနှုံးထားများမှာယခင်ပြဌာန်ချက်နှုံးထားများဖြစ်ပါသည်။ ၂၀၁၈ခုနှစ် စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေအရ
ပြဌာန်းချက်အသစ်ကိုသတိမထားမိသေးပါ။ သိရှိသူများပြင်ဆင်ဖြည့်စွက်ပေးပါခင်ဗျ။

ဟိန္ဒူဘာသာနှင့်သေတမ်းစာ။
****************************
ဟိန္ဒူဘာသာဝင်တဦးသည် မိမိ၏သီခြား
သို့မဟုတ် ကိုယ်တိုင် ရရှိသည့် ပစ္စည်းကို သေတမ်းစာ ဖြင့် စီမံခန့်ခွဲနိုင်သည် ။

ဒါယျဘာဂ ဥပဒေ အရ အဖေဖြစ်သူသည်ရိုးရာပစ္စည်းကိုဖြစ်စေ ကိုယ်တိုင် ရရှိသည့် ပစ္စည်းကိုဖြစ်စေ သေတမ်းစာ အရစီမံခန့်ခွဲ
နိုင်သည်။ အလားတူပင် ပစ္စည်းမခွဲဝေရသေးသည့် အိမ်ထောင်စုသားဝင် တဦးတ
ဟောက်သည် မိသားစုပိုင် ပစ္စည်း တွင်၄င်း
၏လအကျိုးသက်ဆိုင်ခွင့်ကိုသေတမ်းစာအရ စီမံခန့်ခွဲနိုင်သည် ။ မိတက္ကရှာရ ဥပဒေ
အရမူ ပစ္စည်း မခွဲဝေရသေးသည့် အိမ်ထောင်သားစုဝင်(Coparceners )များအနက် မည်သူကမျှ မိသားစု ပိုင် ပစ္စည်းတွင် မိမိ၏အကျိုး သက်ဆိုင်ခွင့်ကို သေတမ်းစာ အရစီမံခန့်ခွဲခွင့်မရှိ။ သို့ရာတွင် တဦးတည်းသော အိမ်ထောင်သားစုဝင်သည် မိမိပိုင် ပစ္စည်းကို မိမိ၏သီးခြား ပစ္စည်း ဖြစ်ဘိကဲ့သို့ သေတမ်းစာ ပေးနိုင်သည်။သေတမ်းစာသည်သေတမ်းစာ‎ရေးသူ ကွယ်လွန်သည့်နေ့တွင် စတင်အတည်ဖြစ်သည်ဖြစ်၍ သေတမ်းစာ ရေးသူကွယ်လွန်ပြီးမှ မွေးစား
သောသား၊မွေးစားသောသမီး အစရှိသည်ပစ္စည်းမခွဲဝေရသေးသည့် အိမ်ထောင်သားစုဝင်တဦးဦးပေါ်ပေါက်လာလျှင် မိသားစုပိုင် ပစ္စည်း နှင့် သက်ဆိုင်သမျှသေတမ်းစာသည် အတည်မဖြစ်ပဲ ပစ္စည်းသည် ထိုသူထံသို့ အသက်ထင်ရှားကျန်ရစ်သူအဖြစ်ဖြင့်ရောက်ရှိသည်။ သို့ရာတွင် သားသည်
သေတမ်းစာ ရေးသူအရင်ကွယ်လွန်သွား
လျှင် သေတမ်းစာ သည်အတည်ဖြစ်သည်။
ဖခင်သည် ရွှေ့ပြောင်းနိုင်သည့် ရိုးရာပစ္စည်းကိုသေတမ်းစာအရ စီမံခန့်ခွဲခွင့်မရှိ။

ဟိန္ဒူမိန်းမတဦးသည် မိမိ၏သီးခြား ပစ္စည်း ကို သေတမ်းစာ အရစီမံခန့်ခွဲခွင့်ရှိသည်။ သို့ရာတွင် အချို့အချက်များတွင် လင်ဖြစ်သူက သဘောတူရန်လိုသည်။

အစ္စလာမ်ဘာသာနှင့်သေတမ်းစာ။
********************************
အောက်တွင် ဖော်ပြပါကန်သတ်ချက်များနှင့် မဆန့်ကျင်စေပဲစိတ့ပေါ့သွပ်သူမဟုတ်သော မရွယ်မ‎‎ရောက် သေးသူမဟုတ်သော
မဟာမေဒင်ဘာသာဝင်တိုင်းသည် မိမိ၏ ပစ္စည်းကို သေတမ်းစာ ဖြင့် စီမံခန့်ခွဲနိုင်သည် ။

၁။ သေတမ်းစာ ကို နှုတ်ဖြင့် ဖြစ်စေ စာဖြင့်ဖြစ်စေပြုလုပ်နိုင်သည်။
၂။ အမွေစားအမွေခံတဦးအား သေတမ်းစာအရပေးခြင်းကို သေတမ်းစာ ရေးသူကွယ်လွန်ပြီးနောက် အခြား အမွေစားအမွေခံတ်ို့က သဘောမတူလျှင်ထိုသို့ ပေးကမ်းခြင်းသည် တရားမဝင်၊အမွေစားအမွေခံတဦးကထိုသို့ပေးခြင်းကို
သဘောတူလျှင် သူ ရရန်ရှိသောအမွေစုအပေါ် အတည်ဖြစ်သည်။
တဦးတယောက် သောသူသည် အမွေစားအမွေခံ ဟုတ်မဟုတ်ဆိုသောပြဿနာကို သေတမ်းစာ ပြုလုပ်သည့် အချိန်အရမဟုတ်ပဲ သေတမ်းစာ ပြုလုပ်ပြီးနောက် ကွယ်လွန်ချိန်အရ ဆုံးဖြတ်ရသည်။
၃။ မဟာမေဒင်ဘာသာဝင်တဦးသည် အသုဘစရိတ်များနှင့်ကြွေးမြီများပေးပြီး
နောက်ပိုလျှံသည့်အမွေ၏ သုံးပုံတပုံထက်ပို၍ သေတမ်းစာ ဖြင့်စီမံခန့်ခွဲပိုင်ခွင့်မရှိ။ ပို
၍စီမံခန့်ခွဲပါက သေတမ်းစာ ‎ရေးသူကွယ်လွန်ပြီးနောက် အမွေစားအမွေခံ တို့က သဘောမတူလျှင်အတည်မဖြစ်။
၄။ သေတမ်းစာ အရပေးခြင်းမှာ တရားဥပဒေအရခွင့်ပြုသည်ထက်ပိုလျှင် အမွေစားအမွေခံ တို့ကသဘောမတူညီလျှင် အချိုးကျပျက်ပြယ်သည်။

မြန်မာဓလေ့ထုံးတန်းဥပဒေနှင့် သေတမ်းစာ ။
******************************************

*************
မြန်မာဗုဒ္ဓဘာသာဝင်များအနေဖြင့်သေတမ်းစာရေးခွင့်မရှိဟူသော ဥပဒေမှာ
ယနေ့တိုင်အတည်ဖြစ်လျှက်ရှိပါသည်။
မြန်မာနိုင်ငံဥပဒေများဆိုင်ရာ အက်ဥပဒေ
ပုဒ်မ-၁၃-တွင် မြန်မာနိုင်ငံ တရားရုံးများတွင်-
(၁) ထိမ်းမြား လက်ထပ်ရေး သို့မဟုတ် ဇာတ်အယူဝါဒ၊
(၂) အမွေဆက်ခံ‎ရေး၊
(၃) အမွေခွဲဝေရေး၊
(၄) ဘာသာရေး နှင့် သက်ဆိုင်သည့် အသုံးအနှုန်း သို့မဟုတ် အဆောက်အအုံ တို့နှင့် ပါတ်သက်သော မည်သည့် ပြဿနာ ကိုမဆိုဆုံးဖြတ်ရန်ရှိလျှင် သက်ဆိုင်ရာ အမှုသည်များသည် ဗုဒ္ဓဘာသာ ဖြစ်လျှင်
ဗုဒ္ဓဘာသာဥပဒေ၊ မဟာမေဒင် ဖြစ်လျှင် မဟာမေဒင်ဥပဒေ၊ ဟိန္ဒူဖြစ်လျှင် ဟိန္ဒူဥပဒေအရ အဆုံးအဖြတ်ပေးရမည်။သို့ရာ
တွင် အက်ဥပဒေပြုလုပ်၍ ပြင်ဆင်ဖျက်သိ
မ်းထားသည့် ဥပဒေ များနှင့် ဥပဒေ ကဲ့သို့ အတည်ဖြစ်နေသော ဓလေ့ထုံးတန်းများကို
မဆန့်ကျင်စေရ။ -- ဟုပြဌာန်းထားရာ ဗုဒ္ဓဘာသာဥပဒေ သည် ခရစ်ယာန်ဘာသာ၊ မဟာမေဒင်ဘာသာ၊ ဟိန္ဒူဘာသာကိုးကွယ်သူများနှင့်မသက်ဆိုင်သကြောင်းထင်ရှားပါသည်။ အထက်ဖော်ပြပါဗုဒ္ဓဘာသာဥပဒေ ဆိုသည်မှာ မြန်မာဓလေ့ထုံးတန်းဥပဒေပင်ဖြစ်ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံ တွင်နေကြသည့် ဗုဒ္ဓဘာသာက်ိုးကွယ်သူများသည် မြန်မာဓလေ့ထုံးတမ်းဥပဒေကို လိုက်နာကြရမည်ဖြစ်ပါသည်။. မြန်မာဗုဒ္ဓဘာသာဝင်တွေ အနေနဲ့သေတမ်းစာရေးခွင့်မရှိဘူးဆိုလျှင်မြန်မာနိုင်ငံတွင်နေထိုင်သည့်တရုပ်ဗုဒ္ဓဘာသာဝင်များအနေနှင့်လည်းသေတမ်းစာ‎ရေးခွင့်ရှိရဲ့လားဟု
မေးစရာရှိပါသည်။ မူလ စီရင်ထုံးအချို့တွင် တရုပ်ဗုဒ္ဓဘာသာဝင်များသည် သေတမ်းစာရေးခွင့်ရှိသည်ဟုဆုံးဖြတ်ခဲ့ကြပြီး ၁၉၄၉ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည့် စီရောင်လင်းနှင့်ဒေါ်သိုက်(၁၉၄၉ခုနှစ် ၊မတစ၊စာ-၁၆၈,လွှတ်တော်၊ဒေါ်သိုက်နှင့်စီရောင်အလင်း၊၁၉၅၁ခုနှစ် ၊မတစ၊စာ-၁၃၃) စီရင်ထုံးမှစ၍ တရုပ်မြန်မာကပြား ဗုဒ္ဓဘာသာဝင်များသည်မြန်မာဗုဒ္ဓဘာသာဝင်များကဲ့သို့ပင် သေတမ်းစာ ရေးခွင့်မရှိကြောင်းနိုင်ငံတော်တရားလွှတ်တော်ချုပ်ကဆုံးဖြတ်ခဲ့ပါသည်။ မြန်မာဓလေ့ထုံးတန်းဥပဒေအရ မြန်မာ ဗုဒ္ဓဘာသာဝင်များသည် သေတမ်းစာ‎ရေးပြီး ပစ္စည်းများ
ခွဲဝေပိုင်းခြားသည့် ဓလေ့ထုံးစံ ရှိမရှိဆိုသည့် ပြဿနာ နှင့် ပါတ်သက်၍ ၁၈၈၁ခုနှစ်တွင် အောက် မြန်မာနိုင်ငံ၌ အင်္ဂလိပ်အစိုးရက စတင်လေ့လာခဲ့သည်။ ထိုစဉ်က
အစိုးရရှေ့နေကြီး မစ္စတာ အီဂါတွန်အလင်န်က အမွေခန်းဥပဒေ နှင့် ဆန့်ကျင်မည်စိုး၍ ဝေဖန်ပိုင်းခြားခွင့်ကို မြန်မာ ဗုဒ္ဓဘာသာများအားမပေးသင့်ကြောင်း တင်ပြခဲ့သည်။ ၁၉၃၈ ခုနှစ်ခန့်တွင် ခန့်အပ်သည့် ဗုဒ္ဓဘာသာများ သေတမ်းစာ ရေးခွင့်
ပေးသင့်မပေးသင့် စုံစမ်းရေးကော်မတီကလည်း မပေးသင့်ကြောင်းတင်ပြခဲ့ပါသည်။

မြန်မာ ဗုဒ္ဓဘာသာဝင်များတွင် သေတမ်းစာ ရေးခွင့်မရှိပါ။ သေတမ်းစာ ‎ရေးခွင့်မရှိပဲ အမွေဆက်ခံခြင်းမှာ မြန်မာဓ
လေ့ထုံးတန်း အမွေခန်း ဥပဒေ၏ အခြေခံမူတရပ်ဖြစ်ပါသည်။

သမိုင်းဆိုင်ရာ မှတ်တမ်းများတွင်-

၁- ရေကြည်တော်ဝန်ကတော်သေတမ်းစာ
၂- မိုးနဲတပ်စစ်ကဲကြီးသေတမ်းစာ
၃- ပုဂံမြို့ဆိုင်ရာ ကိုးခရိုင်အုပ်ဝန်ထောက်တော်မင်း မင်းကြီး မင်းမဟာ ရာဇသင်္ကြန်
က သားမယားတို့ကိုပေးဝယ်ခဲ့သည့် သေတမ်းစာ
၄- အနောက်နန်းတော်ထိပ်ခေါင်ဘုရား သေတမ်းစာ
၅- နောက်နန်းတော်ထိပ်ခေါင်တင်ဘုရား သေတမ်းစာ တို့ရှိခဲ့ကြောင်းသိရပါသည်။

၁၈၆၆ခုနှစ် ၌ မြန်မာနိုင်ငံတော် ကော်မရှင်နာမင်းကြီးချုပ်က "" အမွေစားအမွေခံ ရှိသည့် မြန်မာ ဗုဒ္ဓဘာသာများသည် မြန်မာ
ဗုဒ္ဓဘာသာအမွေခန်းတရားဥပဒေနှင့် ဆန့်ကျင်၍ သေတမ်းစာ ဖြင့် ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများကို ဝေဖန်ချထားလျှင် ၄င်း သေတမ်းစာ များကို တည်မြဲခိုင်မာသည့်စာ
တမ်းအဖြစ် ရုံးမှလက်မခံသင့်ပေ။"" ဟု ထုတ်ပြန်ကြေငြာခဲ့ရပါသည်။
မြန်မာ ဗုဒ္ဓဘာသာများ သေတမ်းစာရေးခွင့်
ရှိမရှိဆိုသော ပြဿနာ မှာ အထက် မြန်မာနိုင်ငံ အား အင်္ဂလိပ်နို့ မသိမ်းပိုက်မီ
အောက် မြန်မာနိုင်ငံ၌ ၁၈၇၃ခုနှစ်တွင် ဆုံး
ဖြတ်ခဲ့သည့် လဦး နှင့် မဆောင်းမ(SJ,p-429)စီရင်ထုံး မှစတင်ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၄င်း စီရင်ထုံး ၌ သေတမ်းစာ သဘောသက်ရောက်သည့် စာချုပ်စာတမ်းများသည် မြန်မာ ဗုဒ္ဓဘာ
သာများ၏ အမွေဆက်ခံခွင့်ကို တစုံတရာ မထိခိုက်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။ ယင်း
စီရင်ထုံး မှာတိကျပြတ်သားမှာမရှိပဲ ၁၈၈၀
ခုနှစ်တွင်ထွက်ပေါ်လာသည့် မဘွင့်နှင့်မရင်
စီရင်ထုံး(SJ-95) တွင်အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်။

""ဆုံးဖြတ်ချက် ။ ။ပစ္စည်းကိုပိုင်ဆိုင်သူသည် အသက်ရှိစဉ်အခါက ၄င်း၏ပစ္စည်း ကို ဝေဖန်ချထားနိုင်ကြောင်း သေသည်နှင့်
တပြိုင်နက် ပိုင်ဆိုင်ခြင်း နှင့်ဝေဖန်ချထား
နိုင်ခွင့်များ ဆုံးခန်းတိုင်ကြောင်း သေတမ်းစာ ဖြင့် ပစ္စည်းဝေဖန်ချထားပိုင်
ခွင့်သည် ပိုင်ရှင်တို့မူလကရရှိသည့် အခွင့်
အရေးမဟုတ်။ တရားဥပဒေက မူလပိုင်ရှင်
တို့အား မပေးအပ်လျှင် ၄င်းပိုင်ရှင်တို့သည်
ထို အခွင့်အရေး ကိုအသုံးမပြုနိုင်ကြောင်း
ဗုဒ္ဓဘာသာ တရားဥပဒေ၌ ပစ္စည်း လွှဲပေး
ပိုင်ခွင့်သည် အတည်ဖြစ်သော ဓလေ့ထုံးတ
န်းတခုဖြစ်လာအောင် ကြာရှည်စွာအသုံးပြု
လာကြောင်း ထင်ရှားအောင်မပြနိုင်လျှင်မြန်မာ ဗုဒ္ဓဘာသာ လူမျိုးများပြုလုပ်သည့်
သေတမ်းစာ ကို လက်မခံနိုင်ကြောင်း သို့ဖြစ်၍ မြန်မာ ဗုဒ္ဓဘာသာများ သေတမ်းစာ
မရေးနိုင်။ ""

အထက်ပါ စီရင်ထုံး ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးနောက်လေးနှစ်အကြာတွင် မောင်မဲနှင့်စစ်ကင်ငါး( SJ-429)စီရင်ထုံး ထွက်ပေါ်လာပါသည်။

ယင်း စီရင်ထုံးတွင် မြန်မာ ဗုဒ္ဓဘာသာများ
သေတမ်းစာ ရေးခွင့်ရှိမရှိ ပြဿနာ နှင့်ပါတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းမေး
မြန်းပြီးနောက် ပြည့်ပြည့်စုံစုံဝေဖန်ဆုံးဖြတ်ထားသည်ကိုတွေ့ရပါသည်။ ယင်း
အမှုအားဆုံဖြတ်သည့် တရားသူကြီးသည်
အမှုကိုမဆုံးဖြတ်မီ မန္တလေး ရှိ ကင်းဝန်မင်းကြီး အပါအဝင် လွှတ်တော်ဝန်ကြီးဟောင်း နှင့် မူးမတ်ဟောင်းတို့ကို အရေးကြီး သည့် မေးခွန်း နှစ်ရပ်မေးမြန်းခဲ့ပါသည်။

ပထမမေးခွန်းမှာ မြန်မာဗုဒ္ဓဘာ
သာ များသည် ကိုယ်ပိုင်ပစ္စည်း ဥစ္စာများကို
မသေမီ သေတမ်းစာ နှင့် ခွဲဝေပေးမှုများကို
ကြုံတွေဘူးပါက ၄င်းသေတမ်းစာ ၏ အကြောင်းအရာ သက္ကရာဇ်၊နေ့စွဲနှင့်တကွအဆိုပါ သေတမ်းစာကို ခုခံငြင်းပယ်ချက်ရှိမရှိ၊

ဒုတိယမေးခွန်းမှာ သေတမ်းစာ ပြုလုပ်ခြင်း နှင့် သေတမ်းစာ ပြုလုပ်နိုင်သော အခွင့်များသည် တရားသဖြင့်ဖြစ်သည်ဟု
ထင်မြင်ပါသလား၊ ကျမ်းဂန်တို့တွင် တစုံတရာကန့်ကွက်ချက်ရှိမရှိကျမ်းကိုးနှင့်တကွ ဖြေဆိုရန်ဖုစ်ပါသည်။
အထက်ပါမေးခွန်းနှစ်ပါတ်သက်၍ ကင်းဝန်မင်းကြီးဦးကောင်း၏၁၂၅၀ခုနှစ် နယုန်လဆန်း ၅ ရက်နေ့စွဲပါ ပြန်ကြားစာတွင် မြန်မာ ဗုဒ္ဓဘာသာများသည် ကိုယ့် ပစ္စည်းများကို မသေမီ သေတမ်းစာနှင့် ပေးဝေဖူးသော ဓလေ့ထုံးတန်းများရှိကြောင်း အချို့အမှုတွင်ခုခံချေပချက်ရှိဖူးကြောင်း ဖြေဆိုပြ်ီး သေတမ်းစာ မိတ္တူခြောက်
စောင်ပေးပို့ခဲပါသည်။

ဒုတိယ မေးခွန်းနှင့်ပါတ်သက်၍ သေတမ်းစာ ပြုလုပ်နိုင်ခွင့်များသည် တရားသဖြင့် ဖြစ်သည်ဟု ယုံကြည်ကြောင်း ဘာသာရေးကျမ်းဂန်များလည်းကောင်း ၊ ဓမ္မသတ်ကျမ်းများ၌ လည်းကောင်း တစုံတရာတားမြစ်ခြင်းမရှိကြောင်း၊ အချို့ ဓမ္မသတ် တို့တွင်အမွေရှင်သည်
"သေရာညောင်စောင်းသို့ရောက်မှ" မှာကြားခဲ့သောသေတမ်းစာများလည်းရှိကြောင်းပြန်ကြားခဲ့သည်။

သို့သော်လည်း ယင်းအမှုကိုစီရင်ဆုံးဖြတ်ခဲ့သည့် တရားသူကြီး သည် ကင်းဝန်မင်းကြီးဦးကောင်းထံမှရခဲ့သည့် သေတမ်းစာများကို စီစစ်ပြီး အဆိုပါ သေတမ်းစာ
များသည် ပစ္စည်းရှင်ကမသေမီ ပစ္စည်းများကို ၄င်း၏ဆန္ဒ အလျောက် အပြီးအပြတ်ခွဲဝေပေးခဲ့သည့်စာ
တမ်းများဖြစ်သည်။ အင်္ဂလိပ် ဘာသာအခေါ် Will ဆိုသော သေတမ်းစာမှာမူ ပစ္စည်းရှင်သည် မိမိသေဆုံးသောအခါ မိမိ၏ ပစ္စည်းများကို မည်သို့မည်ပုံဝေဖန်ချက်ထားလိုကြောင်း ရေးသားထားပြီး အဆိုပါ စီရင်ချက်မှာ ပစ္စည်းရှင်ကွယ်လွန်သည့်အခါမှသာ အကျိုးသက်ရောက်ရန်ဖြစ်ကြောင်း သို့ဖြစ်၍ မြန်မာ ဗုဒ္ဓဘာသာတို့ ရေးသည့် သေတမ်းစာ နှင့် အင်္ဂလိပ်ဘာသာ Will ဟုခေါ်တွင်သော သေတမ်းစာ တ်ို့မှာ တခုနှင့်တခု အခြေခံ သဘောခြင်းမတူညီကြောင်း မြန်မာ ဗုဒ္ဓဘာသာ တို့တွင် Will ဟုခေါ်တွင်သော သေတမ်းစာ
ရေးသည့် ဓလေ့ထုံးတန်းမရှိ၍ Will ဟုခေါ်တွင်သော သေတမ်းစာ ရေးသားခွင့်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါသည်။
ယင်းနောက်ပိုင်း မသင်းမြိုင်နှင့်မောင်ကြီး( အတွဲ-၁၃၅၊ရန်ကုန် ၊စာ-၁)စီရင်ထုံး တွင်လည်း မိခင်သည် သားသမီး
ငါးယောက်အနက် သုံးယောက်အတွက် အရောင်းအဝယ်စာချုပ်ချုပ်ဆို၍ မြေကိုဝယ်ပေးခဲ့သည်။ စာချုပ်တွင် မိခင်ဖြစ်သူသေဆုံးချိန်တွင်မှ အရောင်းအဝယ် အထမြောက်မည်ဟု စည်းကမ်းချက်ထားခဲ့သည်။ ထိုစီရင်ထုံးတွင် မြန်မာ ဗုဒ္ဓဘာသာများသည် သေပြီးနောက် ပစ္စည်းများကို ဝေဖန်ချထားရန် သေတမ်းစာ မပြုလုပ်နိုင်ကြောင်း ၊ အပေးစာချုပ်ဟန်ဆောင်၍ သေတမ်းစာ ပြုလုပ်ခွင့်ကို မည်သည့် ဗုဒ္ဓဘာသာ လူမျိုး ကိုမျှ ခွင့်မပြုနိုင်ကြောင်း မိမိလူမ်ျုး၏ တရားဥပဒေများကို အသုံး
မဝင်နိုင်အောင်မပြုလုပ်န်ိုင်ကြောင်း ဆုံးဖြတ် ခဲ့ပါသည်။

ဦးသုခနှင့်ဦးသုနန္ဒ စီရင်ထုံး (အတွဲ-၅၊ရန်ကုန်ဦစာ-၃၇၁)
တွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်း တခုအား အပေးစာ
ချုပ်ပြုလုပ်၍ ဘုန်းကြီး တပါးအားလှူဒါန်းခဲ့သည်။ သို့သော်လည်း စည်းကမ်းချက်မှာ ပေးသူကွယ်လွန်ပြီးနောက် ထို ပစ္စည်း ကို ဘုန်းကြီးကရောင်းချရန် ၄င်း ရောင်းချရငွေကို အပေးစာချုပ်၌ပါရှိသည့်အတိုင်း ဆောင်ရွက်ရန် အစရှိသဖြင့်ပါရှိသည်။ ထိုစာချုပ်မှာလဲ
သေတမ်းစာ သဘောသက်ရောက်၍ ရုံးကအတည်မပြုပေ။

ဦးကျော်နှင့်ဒေါ်ဗ်ီရာကျော်(၁၉၈၅ခုနှစ်၊မတစ၊စာ-၇၇)
စီရင်ထုံး တွင် ခရစ်ယာန် ဘာသာဝင်တဦးကွယ်လွန်သော
အခါ သေတမ်းစာ မကျန်ရစ်လျှင် ဗုဒ္ဓဘာသာ သားသမီး
တဦးသည် ခရစ်ယာန် ဘာသာဝင်၏အမွေကို ဆက်ခံခွင့်မရှိဟု အမွေဆက်ခံခြင်းဥပဒေတွင် တားမြစ်ခြင်းမရှိဟု ဆုံးဖြတ်ခဲ့သည်။

မြန်မာဓလေ့ထုံးတန်းဥပဒေအရ မြန်မာလူမျိုးသည် သေတမ်းစာ ပြုလုပ်၍ မြေနှင့် တိုက်အိမ်ကို ပစ္စည်း လွှဲ
ပြောင်းပေးခြင်းမပြုနိုင်ပေ။(ဒေါ်မာသင်ခေါ်ဒေါ်မယ်သင်နှင့် ဦးငွေထိန်၊၁၉၇၆ခုနှစ် ၊အတစ၊စာ-၅၃)

တရားလို ဦးသန်းစိန်အနေဖြင့် ၄င်းကွယ်လွန်သည့်အခါ
သားသမီးများ၏အမွေဆက်ခံခွင့်ကို ပိတ်ပင်နိုင်စေရန်အတွက် သေတမ်းစာ သဘောသက်ရောက်သည့် တောင်း
ဆိုချက်နှင့် အစီအမံတို့ကို ပြုလုပ်ခွင့်မရှိပေ။(ဒေါ်စိန်ကြည်နှင့်ဦးသန်းစိန်၊၁၉၉၄ခုနှစ် ။မတစ၊စာ-၃၄)

ထို့ကြောင့် ယခုအခါတွင် မြန်မာ ဗုဒ္ဓဘာသာကိုးကွယ်သူ
များ ၊ တရုပ်လူမျိုး ဗုဒ္ဓဘာသာ များအနေဖြင့် သေတမ်းစာ ရေးသားခွင့်မရှိကြောင်းရေးသားလိုက်ရပါ
သည်။

****************************************************

ဤ ပိုစ့်အား ဥပဒေစကားဝိုင်းဖွဲ့စည်းတည်ထောင်ခြင်း ငါးနှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဆရာကြီး ဦးမြစိန်၏ မြန်မာဓလေ့ထုံးတန်း
ဥပဒေ စာအုပ်နှင့် ဆရာဦးကျော်ဇေယျ၏ သေတမ်းစာ ( will)စာအုပ်များကို မှီငြမ်းပြု ရေးသားပါသည်။ လေ့လာလိုသူများအနေဖြင့် ပဋိညာဉ် ဥပဒေ ကိုလည်းထပ်မံလေ့လာဖတ်ရှုစေလိုပါသည်။

လေးစားစွာဖြင့်-🙏🙏🙏🙏🙏

Credit ဆရာကြီး ဦးသက်ဆွေ(ပဲခူး)
တရားလွှတ်တော်ရှေ့နေ

Address

Mingaladon
Yangon

Telephone

+959786331557

Website

Alerts

Be the first to know and let us send you an email when Mahar San Legal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share