Z&N Biz

Z&N Biz စျာန် စီးပွားရေး

အကယ်၍ အိုင်ဆက်နယူတန် သာမြန်မာနိုင်ငံမှာ မွေးလာခဲ့မယ်ဆိုရင်Crd. Thayellma - သရဲမ
20/02/2026

အကယ်၍ အိုင်ဆက်နယူတန် သာ
မြန်မာနိုင်ငံမှာ မွေးလာခဲ့မယ်ဆိုရင်

Crd. Thayellma - သရဲမ

26/01/2026

စာချုပ်စာတမ်းမှတ်ပုံတင်လုပ်ငန်း နှင့် မြေအမည်ပြောင်းကိစ္စ။

မူရင်း - ဦး​ကျော်​ဇေယျ
(အိမ်ခြံ​မြေ ဝယ်​ရောင်းငှား ဥပ​ဒေ)

 #အချစ် နဲ့ စခဲ့ပေမဲ့... 👱‍♀️👱‍♂️ #သည်းခံခြင်း နဲ့ အိုမင်းခဲ့ကြတယ်... 👵👴Copy from internetကျွန်မတို့ လက်ထပ်ခဲ့ကြတာ နှစ်ပ...
16/01/2026

#အချစ် နဲ့ စခဲ့ပေမဲ့... 👱‍♀️👱‍♂️
#သည်းခံခြင်း နဲ့ အိုမင်းခဲ့ကြတယ်... 👵👴
Copy from internet

ကျွန်မတို့ လက်ထပ်ခဲ့ကြတာ နှစ်ပေါင်း (၅၀) ကျော်ခဲ့ပြီ။
လူတွေက မေးကြတယ်... "ဘွားဘွားတို့ အဘိုးနဲ့ အခုထိ ဘယ်လိုများ အဆင်ပြေအောင် နေကြတာလဲ?" တဲ့။

ကျွန်မ ပြုံးပြီး ပြန်ပြောလေ့ရှိတာက "အချစ်ဆိုတာ အိမ်တစ်လုံးကို ဆောက်တဲ့ အုတ်မြစ်ဆိုရင်၊ သည်းခံခြင်းဆိုတာကတော့ အဲဒီအိမ်ကြီး မပြိုလဲအောင် ထိန်းထားပေးတဲ့ တိုင်ကြီးတွေပဲ" လို့။

အိမ်ထောင်ရေးရဲ့ အစောပိုင်းနှစ်တွေမှာ ကျွန်မတို့လည်း အများကြီး ရန်ဖြစ်ခဲ့ကြတာပေါ့။

သူက အလုပ်ကိစ္စနဲ့ စိတ်တိုရင် ကျွန်မက ပြန်အော်ခဲ့ဖူးတယ်။

ကျွန်မက အိမ်မှုကိစ္စတွေ ပင်ပန်းရင် သူက နားမလည်ပေးခဲ့ဖူးဘူး။

အဲဒီတုန်းကတော့ အချစ်ဆိုတာ "ငါ့ကို သူ ဘယ်လောက် ဂရုစိုက်သလဲ" ဆိုတဲ့ အပေါ်မှာပဲ မူတည်နေခဲ့တာလေ။

ဒါပေမဲ့ အသက်တွေ ကြီးလာတဲ့အခါ... သူ့ရဲ့ ဆံပင်တွေ ဖြူလာတယ်၊ နားကလည်း သိပ်မကြားတော့ဘူး။

ကျွန်မကလည်း အရင်လို သွက်လက်မနေတော့ဘဲ ဒူးတွေ နာလာခဲ့တယ်။

အခုဆိုရင်... သူ နားမကြားလို့ တစ်ခုခုကို (၁၀) ခါလောက် ထပ်မေးရင် ကျွန်မ စိတ်မတိုတော့ဘူး။

"အို... သူ နားမကြားရှာဘူးပဲ" ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ စိတ်ရှည်လက်ရှည် ပြန်ပြောပြတတ်လာတယ်။

ကျွန်မ နေမကောင်းလို့ ဟင်းချက်တာ ငန်သွားရင်လည်း သူက အပြစ်မတင်တော့ဘူး။

"မင်း ပင်ပန်းနေမှာပေါ့" ဆိုပြီး ငန်ငန်ကြီးကိုပဲ ပြုံးပြုံးကြီး စားပေးတတ်လာတယ်။

အိမ်ထောင်ရေးဆိုတာ အကောင်းတွေကိုပဲ စုဆောင်းတာမဟုတ်ဘူး။ တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က ဖုံးဖိပေးတာ၊ တစ်ယောက်ရဲ့ အမှားကို တစ်ယောက်က မမြင်ချင်ယောင်ဆောင်ပေးတာ... အဲဒါကို "သည်းခံခြင်း" လို့ ခေါ်ပါတယ်။

အခု ကျွန်မတို့ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး လမ်းလျှောက်ရင် အရင်လို ရင်ခုန်သံတွေ တဒိန်းဒိန်း မမြည်တော့ပေမဲ့... ရင်ထဲမှာတော့ အရမ်းကို ငြိမ်းချမ်းပါတယ်။

သူ မရှိရင် ကျွန်မ ဘဝက ခြောက်ကပ်သွားမှာဖြစ်သလို၊ ကျွန်မ မရှိရင်လည်း သူ နေတတ်မှာ မဟုတ်တော့ဘူး။

အချစ်က သင့်ကို လက်ထပ်ပေးနိုင်ပေမဲ့၊ သည်းခံခြင်းကသာ သင့်ကို အိုအောင်မင်းအောင် အတူနေစေနိုင်တာပါ။

📌 နက်ရှိုင်းတဲ့ အမှန်တရား... အလှအပဆိုတာ ခဏပါ၊ ပိုက်ဆံဆိုတာလည်း လှည့်ပတ်နေတာပါ။ ဒါပေမဲ့ သင့်ရဲ့ အဆိုးဆုံးအချိန်တွေကို စိတ်ရှည်လက်ရှည်နဲ့ အတူဖြတ်ကျော်ပေးမယ့် "သည်းခံခြင်း" ရှိတဲ့ လက်တွဲဖော်မျိုး ရထားပြီဆိုရင်တော့ သင်ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူပါပဲ။

* စာဖတ်သူတို့ရော... ကိုယ့်ရဲ့ လက်တွဲဖော်အပေါ်မှာ ဘယ်လောက်အထိ စိတ်ရှည်သည်းခံပေးနိုင်ကြပြီလဲ?

ရုပ်နာမ်သေတယ်ဆိုတာရေနံသုတ်တာပဲ ဒကာမလေး ...တန်ခူးလမှာ ကိုရင်ဝတ်ခဲ့ပေမယ့်တစ်ဦးတစ်ယောက်ရဲ့ဘဝမှာကိုယ်အရင်မဖြစ်ခဲ့ပါဘူး ...ဘ...
14/01/2026

ရုပ်နာမ်သေတယ်ဆိုတာ
ရေနံသုတ်တာပဲ ဒကာမလေး ...

တန်ခူးလမှာ ကိုရင်ဝတ်ခဲ့ပေမယ့်
တစ်ဦးတစ်ယောက်ရဲ့ဘဝမှာ
ကိုယ်အရင်မဖြစ်ခဲ့ပါဘူး ...

ဘဝမှာ ...
အဆင့်တစ်ရယ်
အချစ်စစ်ရယ်
တစ်ခါမှမရဖူးတဲ့ ...

အရှင်ဒုတိယ 😁

Credit to Myat Htut

ပိုက်ဆံကလေ ဘဏ်မှာထားရင် ၁ ကျပ်တိုးရတယ်ချေးထားရင် ၃ /၅/၁၀ ကျပ်တိုးရတယ်လုပ်ငန်းရှိလို့ ရင်းထားရင် ၁၀/၁၅ အမြတ်ရနိိုင်တယ်ရွှ...
05/01/2026

ပိုက်ဆံကလေ ဘဏ်မှာထားရင် ၁ ကျပ်တိုးရတယ်
ချေးထားရင် ၃ /၅/၁၀ ကျပ်တိုးရတယ်
လုပ်ငန်းရှိလို့ ရင်းထားရင် ၁၀/၁၅ အမြတ်ရနိိုင်တယ်
ရွှေဝယ်ထားရင် ပြန်တွက်ကြည့် ၁၂ % လောက် အမြတ်ရနိုင်တယ်။
ဘာမှ မလုပ်ဘဲ ထိုင်သုံးနေရင်တော့ ကုန်သွားမှာပဲ။

ဘဏ်တွေက စိတ်မချရရင်
၁၀ ရက်တခါ စာရင်းသေအပ်ပါ။
အတိုးကို အများကြီးမယူဘဲ
ယုံကြည်ရသူဆီ ချေးငှါးပါ။
အရောင်းအဝယ်ကတော့
တကယ်ကျွမ်းကျင်တာကိုပဲ လုပ်ပါ။
လုပ်ငန်းရှိရင် စီစစ်ပြီးရင်းပါ။
ရွှေဝယ်မယ်ဆို အခေါက်ရွှေသာ ဝယ်ပါ။

မြေရင်း ဘာညာက သူ့အလွှာနဲ့သူမို့
မပြောတော့ပါဘူး။

မီးဖိုဆောင်မှာ လွှတ်ပစ်ရတာ
ပုပ်သိုးတာတွေ မရှိအောင်
အလေအလွင့်နည်းအောင် စီမံပါ
ဥစ္စာဖြို စားဖိုကမို့ လိုအပ်တာ မလိုအပ်တာ သေချာစီစစ်ပါ။
ဖုန်းဘေ စီစစ်သုံးပါ
ဝိုင်ဖိုင်ရနေလျင် Viber က ပြောကြပါ။
မလိုအပ်တဲ့ planတွေ မသိဘဲ နှိပ်မိသလားစစ်ပါ
လောင်းကစား ရှောင်ပါ။

#အသုံးမလျှော့နိုင်လျင်_ပိုရှာပါ
#ပိုမရှာနိုင်သေးလျင်_မဖြုန်းတီးပါစေနှင့်။
#စုဖို့ဖယ်ပြီးမှ_ကျန်တာကို_ခွဲတမ်းချ_သုံးစွဲပါ။

Crd.

ဆိုင်တစ်ဆိုင် ဖွင့်တော့မည်ဆိုလျှင်Creditပြည့်စုံရာအိမ်ဆောက်ပစ္စည်းဆိုင်pageမှ ကူးယူ​ဖော်ပြသည်အပိုင်း1ဆိုင်(အိမ်ဆောက်ပစ္စ...
27/12/2025

ဆိုင်တစ်ဆိုင် ဖွင့်တော့မည်ဆိုလျှင်

Credit
ပြည့်စုံရာအိမ်ဆောက်ပစ္စည်းဆိုင်pageမှ ကူးယူ​ဖော်ပြသည်

အပိုင်း1
ဆိုင်(အိမ်ဆောက်ပစ္စည်း)တစ်ဆိုင် ဖွင့်တော့မည်ဆိုလျှင် အခြေခံအားဖြင့် သိသင့်တာလေးတွေကို ဗပာုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ နားလည်သလောက်လေး ရေးပြတာဖြစ်လို့ အမှားမျာပါပါက ခွင့်လွတ်ပေးကြပါရန်။
ဆိုင်ဖွင့်တော့မည်ဆိုလျှင် အကြမ်းအားဖြင့် အပိုင်းငါးပိုင်း ခွဲခြားနိုင်သည်။
၁။အရင်းအနှီး
၂။တည်နေရာ
၃။ပစ္စည်းမှာယူရောင်းချခြင်း
၄။ဆိုင်အနေအထားကို ပြန်လည် သုံးသပ်ခြင်း
၅။ရှေ့ဆက်ရမည့်လမ်းကြောင်းနှင့် အနာဂတ်အလားအလာ
တို့ဖြစ်သည်။
၁။အရင်းအနှီး
ဆိုင်ဖွင့်တော့မည်ဆိုလျှင် ပထမဆုံး အနေနှင့် သေချာပေါက်လိုအပ်မည်မှာ မတည်ရင်းနှီးငွေ(အရင်းအနှီး)ပင် ဖြစ်သည်။
အတန်သင့်စုံလင်ပြီး လှပစွာ ခင်းကျင်းရောင်းချနိုင်ဖို့ရန်အတွက် လိုအပ်သောအရင်းအနှီးမှာ ခန့်မှန်းချေ(၁၀၀)သိန်း ဝန်းကျင်ရှိသည်။
သူ့ထက်နည်းတော့ရော မရဘူးလားဆိုလျှင်တော့လည်း ရပါသည်။ ကိုယ့်အတိုင်းအတာနှင့်ကိုယ်။ ကိုယ်ရွေးချယ်သော့ ပတ်ဝန်းကျင် အခြေအနေကို လိုက်ပြီး ကွာခြားနိုင်ပါသည်။
ဥပမာ။ ။လူစည်ကားသော မြို့လယ် လမ်းမတန်း ဆိုင်ကြီးနားများတွင် ဖွင့်လှစ်မည်ဆိုပါက အရင်းအနှီးများပြားနိုင်ပြီး ရပ်ကွက်အတွင်း၊ နယ်မြို့လေးများတွင် ဖွင့်လှစ်ပါက အသင့်အတင့်လောက်သာ လိုအပ်နိုင်ပါသည်။
အဓိကအားဖြင့် ကိုယ်ရွေးချယ်သည့် Market အနေအထားပေါ်မူတည်ပြီး ကွဲပြားသွားနိုင်ပါသည်။
ကျွန်တော် ခန့်မှန်းခဲ့သော့ (၁၀၀)သိန်း ပမာဏသည် အလယ်အလတ် တန်းစားဆိုင်မျိုးအတွက် လုံလောက်နိုင်သော်လည်း Market ကြီးမားသော နေရာမျိုးတွင်တော့ အားနည်းနိုင်ပါသည်။
၂။တည်နေရာရွေးချယ်ခြင်း
နေရာရွေးချယ်ခြင်းနှင့်ပတ်သတ်ပြီး ကိုယ်ကဘယ်နေရာမှာ ဖွင့်မှာလဲ။
၁။ကိုယ်ပိုင်ဆိုင်ခန်း(သို့) အိမ်မှာပဲဖွင့်မှာလား။
၂၊ဆိုင်ခန်းဌားရမ်းပြီး ဖွင့်မှာလား။
နံပါတ်(၁)နှင့်ပတ်သတ်ပြီးလျှင်တော့ အထွေအထူးပြောစရာ မလို။
နံပါတ်(၂) အနေအားဖြင့် ၂ ပိုင်းရှိသည်။
Location(1)
အချက်အခြာကျပြီး စျေးကွက်ပြိုင်ဆိုင်မှုပြင်းထန်သည့် ပတ်ဝန်းကျင်ကို ရွေးချယ်ပါက အားသာချက်အနေဖြင့် စျေးကွက်ကြီးမားခြင့်၊ အချိန်တိုအတွင်း အောင်မြင်နိုင်ခြင်း၊ ငွေကြေးစီးဆင်းမှုမြန်ဆန်ခြင်း စသည်တို့ရရှိနိုင်ပြီး
အားနည်းချက်အနေဖြင့်ပြိုင်ဆိုင်မှု ပြင်းထန်ခြင်း၊ ဆိုင်ခန်းဌားရမ်းခြင်း စရိတ်စက ကြီးမားခြင်း၊ ရင်းနှီးမြုတ်နှံရသော ပမာဏ များပြားနိုင်ခြင်း၊ ဝယ်လိုအားကို ကိုယ့်ဖက်သို့ရောက်အောင် ခက်ခဲစွာ ဆွဲဆောင်ရခြင်း စသည်တို့ကြုံတွေ့ရနိုင်ပါသေးသည်။
Location(2)
ရပ်ကွက်အတွင်း တစ်နိုင်တစ်ပိုင်သဘောမျိုး ဖွင့်ပါက ဆိုင်ခန်းစရိတ်စကသက်သာခြင်း၊ သာမန်မျှကြိုးစားအားထုတ်ရုံမျှပင် သင့်တင့်လျှောက်ပတ်သော ပုံမှန်ဝင်ငွေအနေအထား ရရှိနိုင်ခြင်း စသည့် အားသာချက်များရှိသလို
စျေးကွက် ဝယ်လိုအားနည်းပါခြင်း၊ လက်ကားပြန်လည်ဖြန့်ဖြူးနိုင်မှု အခြေအနေ နည်းပါးခြင်း စသည့်အားနည်းချက်များလည်းရှိနိုင်ပါသည်။
မိမိရင်းနှီးနိုင်သည့် ငွေပမာဏပေါ်မူတည်ပြီး ဆိုင်ခန်းနေရာ ရွေးချယ်ခြင်းကို ပြုလုပ်နိုင်ပါသည်။
၃။ပစ္စည်းမှာယူရောင်းချခြင်း
ကိုင်း………..အရင်းအနှီးရှိပြီ ဆိုင်ခန်းရှိပြီဆိုတော့ စပြီးတော့ ရာင်းချဖို့လိုအပ်လာပါပြီ။
ဘာတွေရောင်းမလဲ?
ဘယ်ကမှာပြီးရောင်းမလဲ?
ဘယ်လိုရောင်းမလဲ?
အိမ်ဆောက်ပစ္စည်းချည်းပဲ သီးသန့်ရောင်းမလား၊ အပေါင်းအဖော်လေးနဲ့ ရောင်းမလား။
အဖော်အလှော်လေးနဲ့ ရောင်းမည်ဆိုလျှင် များသောအားဖြင့် တွဲဖက်ရောင်းချတက်ကြတာကတော့
-အိမ်ဆောက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်း
` -အိမ်ဆောက်ပစ္စည်းနှင့် ကုန်စုံဆိုင်
-အိမ်ဆောက်ပစ္စည်းနှင့် ပလတ်စတစ်ပစ္စည်းဆိုင်တို့ ဖွင့်လှုစ်ရောင်းချတက်ကြသည်။
အိမ်ဆောက်ပစ္စည်းနှင့် လူသုံးဆေးဝါး တွဲရောင်းတာလည်း တွေ့ဖူးသည်။ နည်းတော့ နည်းပါသည်။
Location(1) အနေနှင့်ဆိုလျှင်တော့ အိမ်ဆောက်ပစ္စည်း သီးသန့်ရောင်းတာပိုကောင်းသည်။ သူတစ်မျိုးတည်းကိုကပင် အမျိုးအစား များပြားလှသည်။
Location(2) ကတော့ နှစ်မျိုးတွဲဖွင့်တာ ပိုပြီး အဆင်ပြေမည်ပာု ယူဆသည်။ တစ်လိုင်းက မပေါက်ရင်တောင် နောက်တစ်လိုင်းကပေါက်ဆိုသည့် သဘောမျိုးဖြစ်သည်။
ဒါကတော့ ကျွန်တော့ ယူဆမှုသာဖြစ်သည်။ ကိုယ့် အားသန်ရာ အဆင်ပြေသလို ဖွင့်လှစ်နိုင်ပါသည်။
ဆိုင်ခန်းနေရာရွေးပြီး ဘာတွေရောင်းမလဲ ဆုံးဖြတ်ပြီးပြီဆိုလျှင်တော့ ပစ္စည်းမှာယူတဲ့အပိုင်းကို ရောက်လာပါပြီ။
ဘယ္လိုမွာၾကၿပီး၊ ဘယ္မွာ မွာၾကမလဲ။
သိန်ပေါင်းများစွာရင်းနှီးပြီး လုပ်ကိုင်မည့်သူများကတော့ အတွေ့အကြုံရှိတဲ့ သူများကို လခပေးပြီး မန်နေဂျာ သဘောမျိုးခန့်လိုက်လျှင် အဆင်ပြသွားပေမယ့်
တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူများကတော့ ယခုမှ လုပ်ငန်းစတင်မှာ ဖြစ်တဲ့အတွက် အပိုမသုံးနိုင်ပါ။ ဒီတော့ ကိုယ်တိုင်မှာယူရပါလိမ့်မည်။
ကိုယ်နေထိုင်တဲ့မြို့က ဆိုင်ကြီးတွေက တဆင့် ပြန်ယူရောင်းမလား။
ဒါမှမပာုတ် ရန်ကုန်၊ မန္တလေး၊ မူဆယ် စသည့်မြို့ကြီးတွေကပဲ တိုက်ရိုတ်မှာယူမှာလား။(မှတ်ချက်။ ။နယ်မြို့လေးများအတွက် ရည်ရွယ်ပါသည်။)
စစခြင်းဆိုတော့ အရင်းအနှီးလည်းရှိတယ်။ ဆိုင်ကြီးတွေ တိုက်ရိုတ်၊ စက်ရုံတွေ တိုက်ရိုတ် ဆိုတော့ စျေးသက်သက်သာသာနဲ့ရတာပေါ့ မကောင်းဘူးလား ဆိုရင်တော့….
` လုပ်ငန်းအကြောင်းလည်း နားလည်တယ်၊ လုပ်ဖူးကိုင်ဖူူးလည်းရှိတယ်ဆိုရင်တော့ ကောင်းပါတယ်။
ခုမှ လုပ်ငန်းကို လေ့လာရင်း စတင်တဲ့သူများအတွက်တော့ ကိုယ်မြို့မှာရှိတဲ့ စျေးသက်သာတဲ့ဆိုင်မှာ မျက်မြင်ရွေးချယ်တာ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဘာလို့လည်း ဆိုတော့ ဘယ်ပစ္စည်းက အရာင်းသွက်တယ်၊ ဘယ်ပစ္စည်းက အရောင်းထိုင်းတယ် ဆိုတာ မသိနိုင်ဘူး။ နေရာ တစ်ခုနဲ့တစ်ခု ရောင်းရတဲ့ ပစ္စည်းတွေ ကွာခြား သွားနိုင်ပါတယ်။
ဒီတော့ တစ်ခြားမှာဆို စစခြင်း အကုန်စုပြုံမှာလိုက်ရင် ရောင်းရတဲ့ပစ္စည်းက အရင်ကုန်သွားပြီး အရောင်းထိုင်းတဲ့ ပစ္စည်းက တစ်ပုံတစ်ပင်ကြီးကျန်ခဲ့ရော။
ပိုက်ဆံတက်နိုင်ရင်တော့ ထပ်မှာရတာ ကိစ္စမရှိပေမယ့် ငွေချိန်နေရပြီဆို ကျန်နေတဲ့ ပစ္စည်းအတွက်ငွေက အောင်းနေလို့ လိပ်ပတ်လည်အောင် ထပ်မမှာနိုင်၊ ပစ္စည်းချင်း ပြန်ချိန်းရအောင်လည်း ခက်ခဲ လုံးလည်လိုက်သွားနိုင်ပါတယ်။
ဖြစ်နိုင်ရင်တော့ ပထမဆုံး ရင်းနှီးမြုတ်နှံချိန်မှာ အကုန်မသုံးလိုက်ပဲ သုံးပုံပုံတစ်ပုံလောက်ချန်ထားနိုင်ရင် ပိုကောင်းပါတယ်။
ကျွန်တော့်တုန်းကဆိုရင် အိမ်ဆောက်ပစ္စည်းနဲ့ ပတ်သတ်လို့ နကန်းတစ်လုံးမှ မသိလို့ ဝယ်မယ့်ဆိုင်ကိုသွား ပစ္စည်းတွေကို လက်ညိုးထိုးပြ “ဒါဘာခေါ်လဲ၊ ဘယ်မှာသုံးတာလဲ၊ အသုံးနည်းလားများလား၊ နည်းတယ်ဆို ပေး ၂ ခု၊ များတယ်ဆို ပေး ၅ ခု” အဲလိုဝယ်ခဲ့ရတာပါ။
ဆိုင်မှ ဝှိုက်ဘုတ်တစ်ချက်ဝယ် ကိုယ့်မှာမရှိတဲ့ပစ္စည်းတစ်မျိုးမျိုး စျေးဝယ် ၃၊၄ ယောက်လောက်က လာမေးပြီဆို ဝှိုက်ဘုတ်မှာရေး ၁၀မျိုးလောက်ရှိလာပြီဆို ဝယ်မယ့်ဆိုင်ကိုပြေး ဒီလိုစခဲ့တာပါ။
နောက်ပိုင်း တစ်ဖြည်းဖြည်းနားလည်လာပြီဆိုတော့မှ တဆင့်ထက်တဆင့် တိုးတိုးပြီးမှာတာက ပိုအဆင်ပြေမယ်လို့ ယူဆပါတယ်။ နားလည်လာပြီ ပိုက်ဆံရှိလာပြီဆိုရင် နိုင်ငံခြားထိ မှာမှာပေါ့ ဟုတ်တယ်မဟုတ်လား။
ဒါဆို ဆိုင်နေရာလည်းရှိပြီ ပစ္စည်းတွေလည်း ရောက်လာပြီဆို ရောင်းရုံပဲ ကျန်တော့တာပေါ့။
ဘယ်လိုရောင်းမလဲ။ လှပအောင် ခင်းကျင်းပြီးရောင်းရမှာပေါ့။ မဟုတ်ဘူးလား။ ပုံပြီးတော့ ရောင်းလို့မှ မရတာ။
ဆိုင်ခင်းတဲ့နေရာမှာလည်း ကိုယ့်ဆိုင်အနေအထားအလိုက် ကိုယ်ဘာကို ဦးစားပေးပြီး ရောင်းမှာလဲ စသည်ဖြင့် ထင်ရှားပေါ်လွင်အောင် ခင်းကျင်းရောင်းချနိုင်ရပါမယ်။
ကျွန်တော်တို့ ကြုံဖူးမှာပါ ပစ္စည်းတူရောင်းတဲ့ ဆိုင်ခြင်းအတူတူ လှတပတလေး ခင်းထားတဲ့ဆိုင်နဲ့ ဖြစ်သလို ခင်းထားတဲ့ဆိုင်နဲ့ဆို ဆိုင်ခြင်းကပ်နေတာတောင်မှ ဘယ်ဆိုင်ကို ကိုယ်ဝင် ဝယ်ဖြစ်သလဲ။ ပာုတ်တယ်မပာုတ်လား။နောက်ကြံုရင် သတိထားကြည့်စေချင်ပါတယ်။ဘာလို့ ဒီဆိုင်ကို ဝယ်ဖြစ်တာလဲ။ဘာထူးခြားချက်တွေ ဒီဆိုင်မှာရှိနေလို့လဲ။ကိုယ်ဖွင့်တဲ့အခါ အထောက်အကူရတာပေါ့။ ဆိုင်ခင်းခြင်း အကြောင်းကို နောက်မှ သတ်သတ် ရေးပါဦးမယ်။

 #ဇနီးမောင်နှံ ဖြတ်သန်းရမယ့် အဆင့်(၈)ဆင့်-Crd.  #နိုင်းနိုင်းစနေ 1️⃣ စိတ်အားထက်သန်မှုကာလ... မင်္ဂလာဆောင်ပြီးစရဲ့ ချိုမြိ...
12/12/2025

#ဇနီးမောင်နှံ ဖြတ်သန်းရမယ့် အဆင့်(၈)ဆင့်-
Crd. #နိုင်းနိုင်းစနေ

1️⃣ စိတ်အားထက်သန်မှုကာလ... မင်္ဂလာဆောင်ပြီးစရဲ့ ချိုမြိန်မှုကာလ၊ တစ်နေ့ မတွေ့ရရင် တစ်ယောက်ကိုတစ်ယောက် ရူးမတတ် လွမ်းဆွတ်တယ်။

2️⃣ ချိန်ညှိမှုကာလ.... ၁ -၂ နှစ်အကြာမှာ ငြင်းခုံရန်ဖြစ်မှုနဲ့ စိတ်ပျက်မှုတွေ သိသိသာသာ မြင့်တက်လာပြီး အလွယ်တကူ လမ်းခွဲနိုင်တယ်။

3️⃣ ပုန်ကန်မှုကာလ-... ၃-၇ နှစ်အကြာမှာ အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်တယ်။ seven-year itch မို့ ဇနီးမောင်နှံတွေ ဒီကာလအတွင်း ပြတ်စဲကြတာများတယ်။

(seven-year itch --- အိမ်ထောင်ရေး ဒါမှမဟုတ် ရေရှည်ဆက်ဆံရေးတွေဟာ ၇ နှစ်လောက်မှာ စိတ်ကုန်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ မကျေနပ်တာတွေ ဖြစ်ပြီး ပြတ်စဲမှုတွေ၊ လမ်းခွဲမှုတွေက ဒီ ၇ နှစ်အကြာမှာ ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်)

4️⃣ ပူးပေါင်းဆောင်ရွက်မှုကာလ....
၇-၁၃ နှစ်အကြာ ပုန်ကန်မှုကာလကို ကျော်လွှားခဲ့တဲ့ ဇနီးမောင်နှံက မိသားစုအတွက် သင်ယူကြပြီး အတူတကွ ကြိုးစားကြတယ်။

5️⃣ ပြန်လည်တည်ဆောက်ရေးကာလ... ၁၅ နှစ်လောက် အကြာမှာ အချစ်နဲ့ အိမ်ထောင်ရေးက ဆွေမျိုးမောင်နှမချစ်ခြင်း အဖြစ် ပြောင်းလဲသွားပြီး ဘယ်သူနဲ့မှ အစားထိုးလို့ မရတော့ဘူး။

6️⃣ အကျပ်အတည်းကာလ... အိမ်ထောင်သက် နှစ်၂၀ ကြာတဲ့နောက် မမျှော်လင့်တဲ့ အပြောင်းအလဲတွေ ဖြစ်လာတယ်။ နှစ်ဖက်မိဘရဲ့ ကျန်းမာရေး၊ သားသမီးတွေရဲ့ အလုပ်အကိုင်ပြဿနာ စတာတွေကြောင့် မျှော်လင့်မထားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတယ်။ ဇနီးမောင်နှံတွေက ဒီစိန်ခေါ်မှုတွေကို အတူတကွ ကျော်လွှားပြီး နှောင်ကြိုးကို ပိုတင်းစေတယ်။

7️⃣ ပြီးပြည့်စုံတဲ့ကာလ... အိမ်ထောင်သက် နှစ်၃၀ နှစ်ကြာတဲ့နောက် ပြီးပြည့်စုံတဲ့ ဘဝလက်တွဲဖော်​ဖြစ်သွားကြတယ်။

8️⃣ လှပတဲ့ ဇာတ်သိမ်း.... ဘဝရဲ့အဆုံးအထိ လက်တွဲပြီး အတူလျှောက်လှမ်းတာဖြစ်တယ်။

သဘောတူလား... ကိုယ်ရော အခု ဘယ်အဆင့်မှာ ရှိနေလဲ...

ကျွန်မက နံပါတ် 5️⃣ အဆင့်မှာပေါ့။ အပေါ်က အဆင့်တွေ တွေ့ကြုံခဲ့၊ ကျော်လာခဲ့ပြီးပြီ။ ငြင်းခုံတာတွေ ရှိသေးပေမယ့် မကြာခဏ ဆိုသလိုမျိုး မရှိတော့ဘူး။

-- မျှဝေပါတယ်.. အချင်းချင်း ချစ်ကြရင် စိန်ခေါ်မှုတွေကို အတူတကွ ကျော်လွှားကြပါနော်။

Attention Please Credit to Chan Myae Aungကျွန်တော်ပြောပြမယ်နော် စိတ်တော့မဆိုးနဲ့ ထိုင်းမှာအိမ်ခြံမြေက နိုင်ငံခြားသားတရား...
17/11/2025

Attention Please
Credit to Chan Myae Aung

ကျွန်တော်ပြောပြမယ်နော် စိတ်တော့မဆိုးနဲ့ ထိုင်းမှာအိမ်ခြံမြေက နိုင်ငံခြားသားတရားဝင်ပိုင်ဆိုင်လို့မရဘူး ဒါငြင်းလို့မရတဲ့အမှန်တရားပဲ ဒါ်ပေမယ့် နှစ်၉၀အငှားဆိုတာမျိုးနဲ့ ထိုင်းမှာအိမ်ခြံမြေတွေကို ရောင်းဝယ်နေကြတယ်ပေါ့ အဲ့မှာရောင်းဝယ်နေတယ်ဆိုတာထက် နှစ်ရှည်ငှားတယ်ဆိုပြီးပဲပြောရပါမယ်။ ဒါဘာလို့တုန်းဆိုတော့အရောင်းအဝယ်စာချုပ်မှမဟုတ်တာ နှစ်၉၀ရတယ်ဆိုပြီးလည်း အရမ်းတော့မပျော်နေကြနဲ့ စာချုပ်သက်တမ်းက နှစ်၃၀တစ်ခါတိုးရတာ အဲ့မှာအားနည်းချက်ကလေ ဥပဒေအရမူလထိုင်းပိုင်ရှင်က ဆက်ပြီးမတိုးပေးတော့ရင် တရားလမ်းကြောင်းအရဘာမှလုပ်လို့မရဘူး ဥပဒေကြောင်းအရရင်ဆိုင်မယ်ဆိုရင် ရှုံးဖို့သေချာသလောက်ပါပဲ။ မူလထိုင််းပိုင်ရှင်နဲ့ နှစ်၉၀ငှားချင်တဲ့သူနဲ့ နားလည်မှုအရစာချုပ်ချုပ်ထားရင် တကယ့်တရားရေးရာလမ်းကြောင်းအရဆိုရင် သေချာတာကတော့ နိုင်ငံခြားသားရှုံးဖို့ပဲ ရှိပါတယ်ဆိုတာလေး စာလေးရေးပြီးသတိပေးပါရစေ
စိတ်မပူပါနဲ့ နောက်နှစ်၃၀စာချုပ်ပြည့်ရင် ပြဿနာတွေတက်ကြတယ် ပွဲတွေလာဦးမှာပါ။ အခုကြတော့ အနည်းဆုံးအိမ်လေးရောင်းရလည်းပွဲစားကပွဲခရသွားပေမယ့် နှစ်၃၀ကြာရင် ကျွန်တော်ရေးတဲ့Postက သက်သေဖြစ်သွားမှာပါ။ ဒီလိုပြဿနာတွေကြုံမယ်ဆိုတာ သေချာသလောက်ပါပဲ။

ဒီနေ့ အမျိုးသမီးနဲ့အတူ မြို့ထဲက ဆေးဆိုင်မှာဆေးဝင်ပြီးဝယ်ကြတော့..ဆေးဆိုင်က..ဆေးရောင်းတဲ့ကောင်လေးကဆိုင်ထဲကို..အရင်ဝင်လာတဲ့...
15/11/2025

ဒီနေ့ အမျိုးသမီးနဲ့အတူ မြို့ထဲက ဆေးဆိုင်မှာ
ဆေးဝင်ပြီးဝယ်ကြတော့..ဆေးဆိုင်က..
ဆေးရောင်းတဲ့ကောင်လေးက
ဆိုင်ထဲကို..အရင်ဝင်လာတဲ့ ကျနော့်ကို

"ဦးလေး..ဘာလိုလို့လဲခဗျ..
ဆိုပြီးမေးတယ်။

"အော်..အေးကွာ..နောက်က..အန်တီပြောလိမ့်မယ်နော်....

နောက်က..လိုက်ဝင်လာတဲ့..ကျနော့်အမျိုးသမီးကို
မေးငေါ့ပြပြပြီး..ကောင်လေးကို..ကျနော်က..
ပြန်ပြောလိုက်တယ်။

"မမ..ဘာလိုလို့လဲဗျ..

"ဟ..ဒီကောင်..
ငါတော့..အူးလေးတဲ့..မေစိုးကျတော့
မမ..လုပ်နေပါလား..🥴

တကယ်ဆိုဗျာ..ကျနော့်ကို..ဦးလေးဆိုရင်..
မေစိုးကိုလည်း
အန်တီ..တော့လုပ်လေဗျာ..ခုဟာကြီးက..
မကျေနပ်ပေမဲ့..အောင့်အီးပြီး..နေလိုက်ရတယ်။
ဘာမှ..လုပ်လို့မှမရတာကြီးကိုး။

မသာမကလည်း..ဟိုက..မမ..မမ..နဲ့ခေါ်တာကို
စပ်ဖြီးကြီးနဲ့..ကျေနပ်နေတာ။
ပြောလိုက်ချင်တာ...ဘာမသိညာမသိ..
မမ အခေါ်ခံရတာကို ....ဘဝင်မြင့်နေတာ..
မမ..မမ..ဆိုပြီးခေါ်နေတာက..ဟိုကောင်က..
သူ့ကို..မ ချင်လို့ခေါ်နေတာ။

ဆေးဆိုင်က..ထွက်လာပြီး..ဆိုင်ကယ်ပေါ်ရောက်တဲ့
အထိ..စိတ်ထဲမှာ..ကလိကလိကိုဖြစ်လို့....

"ဦးလေးကြီး..တစ်ခုခုစားမယ်ဆို..စားလေ..

မေစိုးက..ကျနော့်ကို..စ လိုက်တာ....
ဒါပေမဲ့..ဒီက..အဟုတ်ကို..တင်းနေတာဗျ။

တစ်ခုခု..မကျေနပ်ရင်..ဟန်ဆောင်လို့မရဘူး
မျက်နှာပေါ်တန်းပေါ်တာ..ကျနော်က။
ခုထိလည်း..အဲအကျင့်ပြင်မရဘူး။

စားစရာအစုံရတဲ့..ဆိုင်လေးရှေ့ရောက်တော့
ဆိုင်ကယ်ကယ်ကိုရပ်ပြီး..အပင်ရိပ်မှာ..ချထားတဲ့
စားပွဲခုံနဲ့ထိုင်ခုံလေးပေါ်..နှစ်ယောက်ထိုင်ဖြစ်ကြတော့
ဆိုင်က..ကောင်မလေးက..ကျနော့်ကို...

"အစ်ကို..ဘာသုံးဆောင်မလဲရှင့်...ဆိုပြီးမေးတော့
ကျနော်က..မီးနူးကဒ်လေးထဲကြည့်ပြီး..

"အစ်ကို့တွက်..အုန်းနို့ခေါက်ဆွဲ တစ်ပွဲ..ညီမလေး''.

"ဟုတ်..အစ်ကို..
အန်တီကရော..ဘာသုံးဆောင်မလဲရှင့်....

"အန်တီ..ဟုတ်လား...

"ဟုတ်ပါတယ်ရှင့်...

"ဟုတ်ရင်..ဘာမှမစားတော့ဘူး...
ရှင့်ဖာသာစားခဲ့..ဟိုဘက်ကစောင့်မယ်''

ငေါက်ကနဲ့..ထပြီး..မေစိုးက..ထွက်သွားတယ်။
ကောင်မလေးက နားမလည်သလိုကြည့်ပြီး..
ကျနော့်ကိုပြောတယ်..

"အဲအန်တီကြီးက..ဘာဖြစ်တာလဲမသိဘူးနော်..အစ်ကို''

"ရတယ်..ထားလိုက်..ညီမလေး....

မိန်လိုက်တာ...သူ့ကျ..ဟန်ကိုမဆောင်နိူင်ဘူး...
မေစိုးကိုပြောပါတယ်။

စားပြီးတော့..အုန်းနို့ခေါက်ဆွဲ တစ်ပွဲကို..၃၀၀၀တဲ့...
ကျနော်က..ငါးထောင်တန်တစ်ရွက်..ကောင်မလေးကို
ထုတ်ပေးလိုက်တော့..သူက..အကြွေပြန်းအမ်းတယ်။
ဒါနဲ့ကျနော်က..လက်ကာပြပြီး...

"နေပစေ..မအမ်းနဲ့ညီမ''.ဆိုတော့..

"ဘာလို့လဲ..အစ်ကို..တဲ့..ကောင်မလေးကမေးတယ်။

"သဘောကျလို့..😁

"အမ်..

ပြောပြီးတာနဲ့ ဆိုင်ကယ်ကိုခွပြီးထွက်လာလိုက်တယ်။
ကောင်မလေးကတော့..မျက်လုံးပြူးလေးနဲ့..
ကျန်ခဲ့လေရဲ့။

ရှေ့နားကျတော့...မိန်းမက..လမ်းဘေးက..ဗာဒံပင်
အောက်မှာ..မက်တပ်ရပ်ရင်း ကျနော့်ကိုစောင့်နေတယ်.။

"ရှင်..နောက်ဘယ်တော့မှ..အဲ့ကောင်မဆိုင်..
ဝင်မစားနဲ့..စားလို့ကတော့..အသေပဲ.. ဆိုပြီး
ကျနော့်ကို ကြိမ်းတယ်။
ပါးစပ်ကတော့..ပြန်မပြောဖြစ်ဘူး...စိတ်ထဲကတော့
ပြောလိုက်တယ်။

"ကမရီးက မတရားလိုက်တာ...🙄

မိန်းမတေ..ပြောပါတယ်...တကယ်..တကယ်...
🥴 🥴 🥴

Crd. #ပီယ_ရွှေညာမြေ

 #မျှော်လင့်ချက်ဖြင့်_အသက်ရှင်ပါမူရင်း - တင်ညွန့်--------------------------------ကျွန်တော်ဖတ်ဖူးသည့် ပုံပြင်လေးတစ်ပုဒ်အက...
05/11/2025

#မျှော်လင့်ချက်ဖြင့်_အသက်ရှင်ပါ
မူရင်း - တင်ညွန့်
--------------------------------
ကျွန်တော်ဖတ်ဖူးသည့် ပုံပြင်လေးတစ်ပုဒ်အကြောင်း ပြောချင်ပါသည်။

ဘုရင်က လူနှစ်ယောက်ကို သေဒဏ်ချလိုက်သည်။ ထိုလူက ဘုရင်မည်သည့်အရာကို နှစ်သက် သဘောကျ ကြောင်း သိထားသည်။ သူကဘုရင့်ထံစကားပါးလိုက်သည်။

သူ့ကိုသာအသက်ချမ်းသာပေးပါလျှင် ဘုရင်၏စီးတော်မြင်းကို တစ်နှစ်အတွင်း ပျံသန်းနိုင်အောင် လုပ်ပေး ပါမည်ဟူ၍ဖြစ်သည်။

ဘုရင်ကထိုစကားကိုကြားလိုက်လျှင် ဝမ်းမြောက်သွားသည်။ မြင်းပျံကြီးကိုစီးပြီး တိုင်းခမ်းလှည့်လည်နိုင်တော့ မည်ဟုစိတ်ကူးကာ အကျဉ်းသားကို လွှတ်စေဟု ပြောလိုက်သည်။ အကျဉ်းသားအနေဖြင့် တစ်နှစ်အတွင်း မြင်းကို ပျံအောင် လုပ်ပေးရမည်ဖြစ်သည်။ မလုပ်နိုင်လျှင် သတ်မည်။

ဒုတိယအကျဉ်းသားက မြင်းပျံနိုင်အောင်လုပ်ပေးမည်ဆိုသောသူကို မေးလိုက်သည်။

“မင်းဘာဖြစ်လို့ မဖြစ်နိုင်တာတွေ ပြောလိုက်ရတာလဲ”

“မင်းကွယ် မြင်းဆိုတာ ပျံနိုင်လို့လား။ မြင်းပျံဆိုတာ ဒဏ္ဍာရီထဲမှာပဲရှိတာ။ အပြင်မှာဖြစ်နိုင်လို့လား”

“အဲဒါဆိုလည်း မင်းကဘာဖြစ်လို့ ပေါကြောင်ကြောင်ကတိကို ပေးလိုက်ရတာလဲ”

“ဒီလိုရှိတယ်ကွ။ ငါပေးတဲ့ကတိကို လက်ခံလိုက်တယ်ဆိုကတည်းက ဘုရင်လည်းပေါကြောင်ကြောင်ဆိုတာ သိသာတာပဲ။ ငါဘာကြောင့် ဒီကတိကိုပေးသလဲဆိုတော့ လေးချက်ရှိတယ်ကွ”

#တစ် - အဲဒီဘုရင် တစ်နှစ်အတွင်း သေသွားနိုင်တာပဲ

#နှစ် - ငါလည်း တစ်နှစ်အတွင်း သေသွားနိုင်တာပဲ

#သုံး - တစ်နှစ်အတွင်း မြင်းလည်း သေသွားနိုင်တာပဲ

#လေး - ငါကိုယ်တိုင်က မြင်းကိုပျံအောင် လုပ်ပေးချင်လည်း လုပ်ပေးနိုင်မှာပဲ။

ထိုပုံပြင်လေးက ဘာကိုပြောသနည်း။ မည်သည့် အခြေအနေရောက်နေသည်ဖြစ်စေ မျှော်လင့်ချက်တွေ မဆုံးရှုံးရန်ဖြစ်သည်။

ကျွန်တော်တို့ မျှော်လင့်ချက်တွေ အမြဲထားနေရမည်။ ဘယ်တော့မှ အရှုံးမပေးရန်လိုသည်။ မျှော်လင့်ချက် ဆိုသည်မှာ အနာဂတ်တွင် ကောင်းတာတစ်ခုခုဖြစ်လာလိမ့်မည်ဟူ၍ ယုံကြည်ခြင်းဖြစ်သည်။ မျှော်လင့်ချက် ဆိုသည်မှာ ဦးနှောက်နှင့် ခန္ဓာကိုယ်ကို လှုပ်ရှားစေသော စွမ်းအားလည်းဖြစ်သည်။

မျှော်လင့်ချက်ရှိလျှင် အခက်အခဲများကို ကျော်လွှားရမည့် စိန်ခေါ်မှုတစ်ခုအနေဖြင့် ရှုမြင်လာမည်။ ထို့ကြောင့် “ထွက်ပေါက်မရှိ၊ လမ်းပိတ်နေပြီ” ဟု မမြင်တော့။ ထိုအချိန်တွင် စိတ်ဖိစီးမှုတွေ လျော့နည်းလာပြီး စိတ်ဓာတ် ကျခြင်းကိုလည်း အကာအကွယ်ပေးပြီးသားဖြစ်သွားသည်။

လူတစ်ယောက်သည် အရှုံးမပေးဘဲ ဆက်လက်ကြိုးစားနေသည်ဆိုခြင်းမှာ “ငါကြိုးစားရင် တစ်နေ့ အောင်မြင် ရမည်” ဆိုသည့် မျှော်လင့်ချက်ကြောင့်ဖြစ်သည်။ မျှော်လင့်ချက်သာ ပျောက်ဆုံးသွားလျှင် ငါသည် ဘုံးဘုံး လဲကျသွားလိမ့်မည်။

အခက်အခဲတွေကြုံလာသည့်အခါတွင် အမြန်ဆုံးပြန်လည်ထူထောင်နိုင်ခြင်းသည် မျှော်လင့်ချက်အပေါ်တွင် အခြေခံသည်။ အရှုံးမပေးသောစိတ်သည် “လဲကျလည်း ငါပြန်ထနိုင်တယ်” ဆိုသည့် ခံယူချက်ကို ဖြစ်ပေါ်စေ နိုင်သည်။

လူတစ်ယောက်၏တန်ဖိုးသည် အောင်မြင်မှုနှင့် ချမ်းသာမှုအပေါ်တွင်မတည်ပါ။ မည်သည့် အခက်အခဲတွင်မဆို ကြိုးစားရုန်းကန်ရဲသည့် စိတ်ဓာတ်အပေါ်တွင်သာတည်သည်။ အရှုံးမပေးဘဲ ဆက်လက်ရပ်တည်နိုင်ခြင်းက မိမိဘဝကို လေးစားတန်ဖိုးထားကြောင်း ပြသခြင်းဖြစ်သည်။

ကံကြမ္မာဆိုသည်မှာ မပြောင်းလဲနိုင်သည့် အရာမဟုတ်။ မြင်းကို ပျံနိုင်အောင်လေ့ကျင့်ပေးနိုင်မှာပဲဆိုသည့် စိတ်ဓာတ်မျိုးကလည်း ဖြစ်နိုင်ခြေရှိသော အနာဂတ်များအပေါ်တွင် အာရုံစိုက်ခြင်းဖြစ်သည်။ ယနေ့ခက်ခဲ ကျပ်တည်းနေမှုများသည် နောက်တစ်လ သို့မဟုတ် နောက်တစ်နှစ်အတွင်း မပြောင်းလဲနိုင်ဘူးဟု မည်သူမျှ အာမ, မခံနိုင်ပေ။ အရှုံးမပေးဘဲ စောင့်ဆိုင်းနေခြင်းကလည်း အပြောင်းအလဲအတွက် အခွင့်အရေးကို ဖန်တီးပေးခြင်းဖြစ်သည်။

အရှုံးမပေးလိုက်ပါနှင့်။

အရှုံးပေးလိုက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာအန္တရာယ်မဖြစ်သည့်တိုင် စိတ်ပိုင်းဆိုင်ရာတွင် ကြီးမားသော ဆုံးရှုံးမှု များကို ဖြစ်စေနိုင်သည်။

ကျွန်တော်တို့မျှော်လင့်ချက်တွေထားကာ ရပ်တည်နိုင်အောင်ကြိုးစားရမည်။

ဘယ်တော့မှ အရှုံးမပေးဘူးဆိုသည့် စိတ်ဓာတ်သည် မည်သည့်အခြေအနေကမဆို ငါ့အားထုတ်မှုကို မဖျက်ဆီး နိုင်ဘူးဆိုသည့် စိတ်ဓာတ်ကိုလည်း ဖြစ်စေသည်။

မျှော်လင့်ချက်ပျက်သွားလျှင် အားထုတ်ခဲ့သမျှ အဓိပ္ပာယ်မဲ့သွားလိမ့်မည်။

ဓါတ်ပုံ - အင်တာနက်

"  အကောင့်ဖုန်းနံပါတ်မှား ငွေမှားလွှဲမိရင်"1. Kpay call Center 3211 ကိုဆက်ပါ2. Kpay call Center ကို အဲ့နံပါတ်ကို ငွေ အသွ...
19/10/2025

" အကောင့်ဖုန်းနံပါတ်မှား ငွေမှားလွှဲမိရင်"

1. Kpay call Center 3211 ကိုဆက်ပါ
2. Kpay call Center ကို အဲ့နံပါတ်ကို ငွေ အသွင်းအထုတ် ပိတ်ခိုင်းပါ။ (3 ရက် ဘဲ အကောင့်ပိတ်ပေးပါလိမ့်မယ်။ အဲ့ 3 ရက်အတွင်း အကောင့်ပိုင်ရှင်နဲ့ညှိပါ။ 3 ရက်ကျော်ရင် ပြန်ပွင့်သွားပါလိမ့်မယ် ဟိုဘက်အကောင့်က)
3. call center ကပေးတဲ့ Ticket No ကိုသေချာ မှတ်ထားပါ

4..ပြီးရင် အဲ့ဖုန်းပိုင်ရှင်နဲ့ အဆက်အသွယ်လုပ်ပါ။ သူ့ဘက်က ပြန်ပေးရင်တော့ အောက်က အချက်အလက်တွေ ဆက်လုပ်စရာမလိုပါဘူး။ သူ့ဘက်က ပြန်မပေးရင် အောက်ပါ အတိုင်းဆက်လုပ်ပါ။

1. ရဲစခန်းမှာ Kpay က မှားလွှဲမိကြောင်း အဲ့တာကို ပြန်ရယူရန် အဆင့်များအား သက်ဆိုင်ရာဋ္ဌာနမှ အဆင်ပြေသလိုစီစဥ်ပေးရန် ဆိုတဲ့ ရဲစာ လုပ်ပါ။ (Transaction No, Ticket No နဲ့တကွ လွှဲမိတဲ့ အချိန် နေရက် ပါအပါ)
2.Kpay call Center ကို email တောင်းပါ။
3. အဲ့ Email ကို စာကို ဓာတ်ပုံ ရိုက်ပြီး ပို့ပေးပါ။ ရဲစာ email ရ ရင် အဲ့ အကောင့်က ကိုယ့်ဘက်က ဖြေရှင်း မပြီးမချင်း အကောင့်ပိတ်ထားပါလိမ့်မယ် ဟိုဘက်အကောင့်ကို
4.အလုပ်ဖွင့်ရက် 10 ရက် အတွင်း Kpay Call Center က ဖုန်းခေါ်ပါလိမ့်မယ် ။ သူတို့က အချင်းချင်း ဘဲ ညှိ ခိုင်းပါလိမ့်မယ်။
5. ညှိလို့မရ လို့ ဒီအဆင့်ထိ သွားတာ ဆိုရင်တော့ နောက်ဆုံး နီးစပ်ရာ Kpay Center ရှိတဲ့ ဘဏ် သို့သွားပါ။ဖြစ်ကြောင်းကုန်စဥ်ပြောပြထားပါ။ အဲ့ရောက်တာနဲ့ Call Center ကို ဖုန်းခေါ်ပြီး ဖြစ်စဥ်အကုန် သူတို့ ချင်း ပေးပြောလိုက်ပါ။
6. 10 ရက် အတွင်း call center က ဖုန်းခေါ်ပြီး နှစ်ဦးနှစ်ဖက်ကို ညှိနှိုင်းပါလိမ့်မယ်။
7. နောက်ဆုံး မှာ 4 ရက်အတွင်း Auto Reversal ပြန်ရောက်လာပါလိမ့်မယ် ကိုယ့် အကောင့်ထဲ
8. Reversal ရောက်ရောက်ပြီးချင်း လဲ အဲ့ ပိုက်ဆံ ထုတ်မရသေးပါဘူး ။ Kpay အလွှဲအထုတ်ကို မရတော့တာပါ။ နီးစပ်ရာ Kpay Center မှာ သူတို့ပေးတဲ့ ဖောင်ဖြည့်ရပါတယ် ပြီးမှ နောက်ရက်မှ စထုတ်လို့ရပါမယ်။

အားလုံးပေါင်း ပိုက်ဆံ ပြန်ရ နိုင်မယ့် ကြာချိန် က 3 ပတ်လောက် ဖြစ်သွားပါမယ်။ ဖြစ်စဥ်အကုန်အပြီး

Address

Thaketa Tsp
Yangon
11231

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+9595055748

Website

Alerts

Be the first to know and let us send you an email when Z&N Biz posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Z&N Biz:

Share

Category