22/08/2026
အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မရသေးသော တိုက်ခန်းကို ဝယ်ယူနေထိုင်ခြင်း၏ အားနည်းချက်
အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) ရရှိမှသာ တိုက်ခန်းများတွင် တရားဝင်လူနေထိုင်ခွင့်ရရှိ မှာဖြစ်ပါသည်။
ကန်ထရိုက်တာများသည် အဆောက်အဦဆောက်လုပ်ခြင်းအတွက် အခွန်ဆောင်ရန်ကို ရှောင်ရှားရန် အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မလျှောက်ထားဘဲ နေထိုင်နေကျတာကို တွေ့ရပါ တယ်။
အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မရသေးသည့် အဆောက်အဦးသည် ကိုယ်ပိုင် မီတာလျှောက်ထားလို့ မရသေးပါဘူး။ တစ်တိုက်လုံးအတွက် စုပေါင်းအသုံးပြုသည့်မီတာ တစ်လုံးထဲကို နေထိုင်သည့်အခန်းများ အချိုးကျထည့်ဝင် ကျခံရပါတယ်။
ထိုသို့ အချိုးကျထည့်ဝင်ကျခံခြင်းသည် ကုန်ကျစရိတ်များပြားခြင်း၊ မီအားလုံလောက်စွာအသုံး မပြုနိုင်ခြင်း စသည့်ဒုက္ခတွေရှိပါသည်။
အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) လျှောက်ထားဖို့ မည်သူ့တွင် တာဝန်ရှိသလဲဆိုလျှင် ကန်ထရိုက်တာနှင့် မြေရှင် ချုပ်ဆိုသောစာချုပ်ပေါ်မူတည်ပြီး နှစ်ဦးအချိုးကျထည့်ဝင်ကျခံရန် (သို့မဟုတ်) ကန်ထရိုက်တာတစ်ဦးတည်းကျခံရန် ဆုံးဖြတ်ရမှာဖြစ်ပါသည်။
တိုက်ခန်းဝယ်ယူသူများက စုပေါင်း အခွန်ဆောင်ရန် တာဝန်မရှိပါ။
တိုက်ခန်းဝယ်ယူသူများကို ရောင်းချသည့်အခါ လူနေထိုင်ခွင့်ရရှိရန်အတွက် အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) ရရှိအောင် ဆောင်ရွက်ပေးရမည့်တာဝန်သည် ရောင်းသူနှင့်သာ သက်ဆိုင်ပါသည်။
အဆောက်အဦပြီးစီးကြောင့်လက်မှတ် (BCC) ခွင့်ပြုချက်မကျမီ လူနေထိုင်သည့်ကိစ္စအတွက် သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီမှ စစ်ဆေးတွေ့ရှိ၍ ဒဏ်ငွေကောက်ခံခြင်းများရှိလာပါကလည်း ဒဏ်ငွေကျခံရန် တာဝန်သည်လည်း ကန်ထရိုက်တာ (သို့မဟုတ်) မြေရှင်ကသာ တာဝန်ယူကျခံရမှာဖြစ်ပါ သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥပဒေပုဒ်မ-၃၁၂(င)အရ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက် နေထိုင်ခြင်း၊ အသုံးပြုခြင်းအတွက် နေ့စဉ် ငွေဒဏ် ပြစ်ဒဏ်ချ မှတ်နိုင်သည်အထိ အရေးယူခံရနိုင်ပါတယ်။
အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မကျသေးသည့်တိုက်ဖြစ်သည့်အတွက် ကိုယ်ပိုင် လျှပ်စစ်မီတာတပ်ဆင်ရန်ကိစ္စကိုလည်း ထည့်သွင်းစဉ်စားရပေမည်။
ကိုယ်ပိုင်လျှပ်စစ်မီတာတပ်ဆင်ရန် အတွက် ကုန်ကျစရိတ်ကို မည်သူကျခံမလဲဆိုတာလည်း အရေးကြီးကိစ္စအဖြစ်ပါဝင်လာပြန်သည်။ လျှပ်စစ် မီတာတစ်လုံးကိုသိန်းချီကုန်ကျနေသည့် ခေတ်ကာလတွင် အရောင်းအဝယ်စာချုပ်တွင် ကြိုတင်ညှိနှိုင်း ချုပ်ဆိုထားခြင်းမရှိပါက ရောင်းသူများဖြစ်သော ကန်ထရိုက်တာနှင့် မြေရှင်တို့သည် တိုက်ခန်းဝယ်ယူသူထံမှ ကုန်ကျစရိတ်ထပ်မံ ကောက်ခံခြင်းများရှိနေပါသည်။
ထို့ကြောင့် အထက်ပါကိစ္စများကို စတင်ဝယ်ယူသည့်အချိန်က စာချုပ်ချုပ်ရာတွင် ထည့်သွင်းချုပ်ဆို ထားမှသာ အခန်းဝယ်ယူသူများအနေဖြင့် ပိုမိုစိတ်ချရမှာဖြစ်ပြီး စာချုပ်တွင် မပါဝင်ပါက ကန်ထရိုက်တာနှင့် မြေရှင်သည် တိုက်ခန်းဝယ်ယူသူများကို အချိုးကျထည့်ဝင်ခိုင်းခြင်း၊ ကုန်ကျစရိတ်ကောက်ခံခြင်းများ ရှိနိုင်ပါတယ်။ ထို့အတွက် တိုက်ခန်းဝယ်ယူမည်ဆိုလျှင် အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) ခွင့်ပြုချက် မရရှိသေး သည့် တိုက်ခန်းများကို မဝယ်ယူသင့်ကြောင်း အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) ရရှိပြီး လူနေထိုင် ခွင့်ရပြီးသား တိုက်ခန်းကိုရွေးချယ်ဝယ်ယူခြင်းဖြင့် အထက်ကဖော်ပြထားသည့် ကိစ္စများကို ရှောင်ရှားနိုင်မှာ ဖြစ်ပါသည်။
စာချုပ်စာတမ်းပိုင်းလည်းသေချာစွာစစ်ဆေး
စာချုပ်ရေးသားချုပ်ဆိုထားဖို့လိုပါတယ်။နှုတ်တစ်ရာ စာတစ်လုံး ဆိုသည့်အတိုင်း ပြဿနာတစ်စုံတစ်ရာဖြစ်လာလျှင် နှုတ်ဖြင့် ပြောထားတာထက်စာဖြင့်ရေးသားချုပ်ဆိုထားသောစာချုပ်ဖြင့်သာဆုံးဖြတ်ကြသည်ဖြစ်ရာ မိတ်ဆွေတို့လည်း မြေကွက်/တိုက်ခန်းဝယ်ယူမည်ဆိုပါက နားလည်တတ်ကျွမ်းသောသူများနှင့်တိုင်ပင်ခြင်း၊ သက်ဆိုင်ရာ ရုံးဌာနများတွင် စစ်ဆေးခြင်း ဖြင့်ရောင်းမှား၊ ဝယ်မှား မဖြစ်ရလေအောင်သတိပြုရန်လိုပါသည်။
ရောင်းသူ၊ ဝယ်သူတွေလည်း စီးပွားတိုးပြီး ပိုင်ဆိုင်မှု များ ပွားများပါစေ။
ဥပဒေရေးရာ
#ဒေါျထူးသဉ်ဇာဦး
#တရားလွှတ်တော်ရှေ့နေ
#အောင်ဇမ္ဗူဟိန်းဥပဒေရေးရာ
09404410070(Viber)
☎
09404410070
09787080337
ရုံးဖွင့်ချိန်နံနက် ၉:၃၀ - ညနေ ၅:၃၀
ရုံးဖွင့်ရက်Monday - Sat day
[Sunday&Public Holiday Off]
Office
အမှတ်(၃၂၀)၊ဘုရင့်နောင်လမ်း၊ (၃၁)ရပ်ကွက်၊ဒဂုံမြို့သစ်
မြောက်ပိုင်း မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး ။
#အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေ
#အိမ်ခြံမြေ_စာချုပ်စာတမ်း_ဥပဒေ_ဂရန်မြေ
#ရန်ကုန်အိမ်ခြံမြေ
#စည်ပင်ကိစ္စရပ်များဆောင်ရွက်
#အမှုလိုက်ပါဆောင်ရွက်ခြင်း
#ဥပဒေရေးရာဗဟုသုတများ
#တိုက်ခန်းစာချုပ်
#ဥပဒေအထွေထွေအကြံပေးရှေ့နေ
#နှစ်ဦးသဘောတူကတိစာချုပ်
# ဥပဒေရေးရာဗဟုသုတများ