Chit Law Firm Group

Chit Law Firm Group long time no see

ဥပဒေ post တွေ မကြာခင်တင်ပေးပါမယ်
06/03/2023

ဥပဒေ post တွေ မကြာခင်တင်ပေးပါမယ်

18/02/2022

ကျင့်ထုံးအတိုချုပ်

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မများ
******************
သမန်မှုစစ်ဆေးနည်း ၆ လ အောက်(ပြစ်ဒဏ်)
ကျင့် ၂၄၁ မှ ကျင့် ၂၄၉
ဝရမ်းမှုစစ်ဆေးနည်း ၆ လ အထက်(ပြစ်ဒဏ်)
ကျင့် ၂၅၁ မှ ကျင့် ၂၅၉

အများဆုံးစစ်ဆေးနည်း
*****************
ကျင့် ၂၅၁ လိုက်နာ
ကျင့် ၂၅၂ (၁)လိုစစ်
ကျင့် ၂၅၂(၂)နောက်တိုးလိုပြထပ်ထည့်
ကျင့် ၂၅၃ (၁) (၂) တရားရှင်လွှတ်/ရှေ့လွှတ်
Charge argument စွဲချက်လျှောက်လဲချက်
ကျင့် ၂၅၄ စွဲချက်
ကျင့် ၂၅၅ (ခံ)ပြစ်(ဝင်ခံရင်အပြစ်ပေး)
ကျင့် ၂၅၆ ပြန်ခေါ်စစ်
ကျင့် ၂၅၇ ခံပြစစ်
Final Argument အပြီးသတ်လျှောက်လဲချက်
ကျင့် ၂၅၈ အပြစ်မရှိရင်လွှတ်/ရှိရင် အပြစ်ပေး
ကျင့် ၂၅၉ တရာလို မလာ အမှုပိတ်(စွဲချက်မတင်မှီ)

တရားရုံးကိုအမှုရောက်နည်း
*******************
၁။ရဲမှတဆင့် ကျင့် ၁၉၀ (၁)(ခ)
၂။ဦးတိုက်လျှောက် ကျင့် ၁၉၀(၁)(က)
၃။တရားသူကြီးတရားလို လုပ် ကျင့် ၁၉၀(၁)(ဂ)

ဦးတိုက်လျှောက်လွှာ ကျင့် ၂၀၀
လက်ခံရင် ကျင့် ၂၀၄
ပယ် ကျင့် ၂၀၃
တရားရုံးက ရဲကိုပြန်စစ်ခိုင်း ကျင့်၂၀၂
စီရင်ပိုင်ခွင့်ရှိတဲ့တရားရုံးကိုလွှဲ ကျင့် ၂၀၁
ရှာဖွေပုံစံ(ပစ္စည်း) ကျင့် ၉၆

ရဲမှတဆင့် FIR ကျင့် ၁၅၄
ကျင့် ၁၅၅ ရဲကနေပြီး ပုံစံ က/ခ နဲ့ပို့
ကျင့် ၁၆၄ (၁)တရားစီရင်မှုမစတင်မှီမည်သည့်အချိန်မဆို တရားသူကြီကဖြောင့်ချက်ကိုရေးမှတ်နိုင်တယ်
ကျင့် ၁၆၂ ရဲက သိသူမေး၊စာဖြင့်ရေး၊သွေး၊ချိန်း၊ထိ၊ထိုးမလို
ရီမာန်တောင်း ကျင့် ၁၆၇
(၇နစ်အောက်၁၅ရက် အထက်ရက် ၃၀)
ရဲက၂၄ နာရီထက်ပိုမချုပ်ရ ကျင့် ၆၁
ရှာဖွေပုံစံ ကျင့် ၁၀၃
အာမခံရတဲ့အမှုလျှောက် ကျင့် ၄၉၆
အာမခံမရတဲ့အမှုလျှောက် ကျင့် ၄၉၇(၁)
(အမျိုးသမီး၊၁၆နှစ်အောက်၊နာမကျန်း)ရ
အာမခံမရတဆင့်မြင့်ရုံးကိုတက် ကျင့် ၄၉၈
အမှု့အတွင်းသက်သေခံပစ္စည်းပြန်ထုက် ကျင့် ၅၁၆
အမှုပြီးမှပြန်ထုတ် ကျင့် ၅၁၇
တရာခံတရားရုံးလာရောက်ခြင်းမှကင်းလွှတ်ခွင့်ပြုရန် လျှောက် ကျင့်၂၀၅ (၁)/ ၅၄၀ (က)
တစ်နှစ်အတွင်းကျူးလွန်တဲ့ပြစ်မှု တပေါင်းတည်းစွဲပေးပါရန်လျှောက် ကျင့် ၂၃၄(၁)
နောက်တိုးတရားခံ ထပ်ထည့် ကျင့် ၃၅၁
ကွင်းဆင်းစစ်မယ်ဆိုရင်တရားသူကြီးကိုပါခေါ် ကျင့် ၅၃၉(ခ)
သက်သေအားကော်မရှင်ဖြင့်စစ်ဆေးပေးပါရန် လျှောက် ကျင့် ၅၀၃
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့အထူးအယူခံမှုလျှောက် (ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၁၉၊၂ဝ)

တရားသူကြီးကတရားလို လုပ်တဲ့အမှု
**************************
မမှန်သက်သေထွက်ဆိုမှု
တရားရုံးမလေးမစားဆက်ဆံမှု

အမှုကျေးအေ/ရုပ်သိမ်း
*****************
ကျေအေးခွင့်ရှိ ကျင့် ၃၄၅(၁)
ကျေအေးခွင့်မရှိ ကျင့် ၃၄၅ (၂)
ရုပ်သိမ်းခြင်းစွဲချက်မတင်မှီ ကျင့် ၄၉၄(က)
စွဲချက်တင်ပြီး ကျင့် ၄၉၄(ခ)

ပြည်နယ်/တိုင်းဒေသကြီးအမှုတွဲချေဖျက်ပေးရန်လျှောက် ကျင့် ၅၆၁ (က)
ရုံးပြောင်းလျှောက် တိုင်း/ပြည်နယ် ကျင့် ၅၂၆(၁)
ခရိုင်လျှောက် ကျင့် ၅၂၈(၁)
ပြစ်ဒဏ်ကိုမကျေနပ်ရင်(တရားခံ)တဆင့်မြင့်ရုံးတက် ကျင့် ၄၀၈(ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ၅၄)
ပြစ်ဒဏ်ပေးတာနည်းလို့(တရားလို)
အယူခံဝင် ကျင့် ၄၁၇

ဥပမာ - ကောင်လေးက ရန်ကုန် ကောင်မလေးကမြစ်ကြီးနား ပြစ်မှုကျုးလွန်တာ ပုသိမ် ဘယ်နေရာမှာတရားစွဲမလဲ ကျင့် ၁၇၇ မှ ကျင့် ၁၉၉(က) ထိ

တရာခံပြေးအမှု ကျင့် ၅၁၂
လူဖမ်းဝရမ် ကျင့် ၈၇ (မိတဲ့နေရာဖမ်း)
ပစ္စည်းဝရမ်းကပ် ကျင့် ၈၈

အာမခံ ရုံးပြောင်း အမှုတွဲချေဖျတ် အထူးအယူခံ အစရှိသည့်အမှုများကို အထွေထွေမှုဖွင့်ရသည်
(အာ၊ပြောင်း၊ချေ၊ထူး)=ထွေ
ကျင့်ထုံးစာအုပ်ဖြင့်တွဲဖက်ပါ။

တရားမကျင့်ထုံးဥပဒေ
****************
တရားမကျင့်ထုံး ဥပဒေ အမိန့်များကို လွယ်လင့်တကူ မှတ်မိစေရန် အတွက် ကဗျာပုံစံ ရေးထားခြင်းကို တင်ပေးလိုက်ပါတယ်။ကဗျာရဲ့အမိန့် အချို့ကို ကော်မာခံထားပါတယ် ဖတ်လို့ကောင်းရန် ကော်မာ ခံထားခြင်းဖြစ်ပါတယ်။
ဥပမာ= တရားဝင်ကိုယ်စားလှယ် ၂;၂ ကွယ်
၂ ၂ လို့မဖတ်ဘဲ နှစ် နှစ် လို့ဖတ်ပါ။

အမှုသည်ပူးခွဲ ၁ နဲ့ဘဲ
အမှုစွဲပုံ ၂ နဲ့ခြုံ
ရှေ့နေကိုယ်စားလှယ် ၃ နဲ့ကွယ်
တရားမမှုစွဲ ၄ နဲ့ဘဲ
သမ္မာန်စာဆင့်ခေါ် ၅ နဲ့နော်
အဆိုအချေ ၆ နဲ့လေ
ဆိုလွှာကိစ္စ ၇ လို့မှတ်
ချေလွှာရေးရင် ၈ နဲ့ပင်
အမှုသည် လာ/မလာ ၉ နဲ့သာ
ရုံးကစစ်ဆေး ၁၀ တဲ့လေး
တွေ့ရှိစစ်ဆေး ၁၁ နဲ့မေး
ဝန်ခံခဲ့သော် ၁၂ နော်
စာရွက်တင်ပြ ၁၃ က
ငြင်းချက်ထုတ်တာ ၁၄ ပါ
ပ;ကြိမ်ပြီးအောင် ၁၅ ဆောင်
သက်သေဆိုရင် ၁၆ ပင်
အမှု့ရွှေ့ဆိုင်း ၁၇ ပိုင်း
သက်သေစစ်တာ ၁၈ ပါ
ကျမ်းကျိမ်လွှာဟာ ၁၉ ပါ
စီရင်ချက် ဒီကရီ ၂၀ နဲ့အညီ
ဇာရီဖွင့်လှစ် ၂၁
တရားဝင်ကိုယ်စားလှယ် ၂၂ ကွယ်
အမှုရုပ်တာ ၂၃ ပါ
ချေးငွေပြန်ပေး ၂၄
စရိတ်အာမခံ ၂;၅ မှန်
ကော်မရှင်နာ ၂၆ ပါ
အစိုးရစွဲ ၂;၇ ဘဲ
စစ်သားစွဲတာ ၂;၈ ပါ
ကော်ပိုရေးရှင်းဆို ၂၉ ဗျို
အစုစပ်စွဲ ၃၀ ဘဲ
ယုံ;သေ;အမွေ ၃;၁ လေ
အရွယ်ပေါသွပ် ၃၂
လူမွဲအမှု ၃;၃ ပြု
ပစ္စည်းအပေါင် ၃;၄ မောင်
ကြားလူကစွဲ ၃;၅ ဘဲ
အထူးအမှု ၃;၆ ပြု
စာချုပ်လိုက်နာ ၃;၇ ပါ
အမိန့်မချ မီဖမ်း ၃;၈ ဝရမ်း
တားဝရမ်းလျှောက်သော် ၃;၉ နော်
ပစ္စည်းထိမ်းခန့်ရင် ၄၀ ပင်
အယူခံကိစ္စ ၄;၁ မှတ်
အယူခံဒီကရီ ၄;၂ ညီ
အယူခံတာ ၄;၃ ပါ
လူမွဲအယူခံ ၄;၄ မှန်
အမိန့် ၄၅ က ပယ်ဖျက်ပြီး
အမှုလွှဲအပ် ၄;၆ မှတ်
ပြန်လည်သုံးသပ် ၄;၇မှတ်
စရိတ်ဆင့်စာ ၄;၈ ပါ
တရားလွှတ်တော် ၄;၉ နော်
----------------------------------------------------------------
တရားမမှု
*******
-တရားမမှု အစ ကျင့်ထုံးပုဒ်မ ၂၆
တရားမမှုကို သက်ဆိုင်ရာတရားရုံးမှာ ဆိုလွှာတင်ခြင်း
-အဆို အချေ = အမိန့် ၆ နည်း(၁မှ၁၈) လိုက်နာ
-ဆိုလွှာ = အမိန့် ၇ နည်း (၁မှ၁၈) လိုက်နာ
-ချေလွှာ = အမိန့် ၈ နည်း (၁မှ၁၀) လိုက်နာ
-ဆိုလွှာရေးနည်း = အမိန့် ၇ နည်း ၁
-တရားလို၏လိပ်စာ = အမိန့် ၅ နည်း ၂၀-က (၁)
ဆိုလွှာတင် (တရားမမှုစ)
တရားပြိုင် သမ္မန်စာထုတ်
-ဆင့်စာအတည်ဖြစ် =အမိန့် ၅ နည်း ၁ အရ
(၁) တရားပြိုင်ကိုယ်တိုင်ဖြစ်စေ
(၂) တရားပြိုင်၏ရှေ့နေဖြစ်စေ
(၃) အခွင့်ရကိုယ်စားလှယ်နှင့်ရှေ့နေဖြစ်စေ
ထို (၃)မျိုးအနက် တစ်မျိုးမျိုးလာရောက်နိုင်ပါသည်။
အခွင့်ရကိုယ်စားလှယ်(၃)မျိုးရှိ
(၁) Special Power
(၂) General Power
(၃) Court Power
အခွင့်ရကိုယ်စားလှယ်ဆိုလျှင် တရားရုံးကိုယ်စားလှယ်လွှဲစာ အမိန့် ၃ နည်း ၁ နှင့်အတူ ကျမ်းကျိန်လွှာ နှင့်လျှောက်ရ
ရှေ့နေ Power တင် အမိန့် ၅ နည်း ၂၀-က (၂)
ဆိုလွှာမှာပါတဲ့ တရားပြိုင်၏ လိပ်စာမှန်မမှန်
ဆိုလွှာမှာပါတဲ့ တရားပြိုင် ဟုတ်မဟုတ်
လိပ်စာတင်သွင်းပြီးနောက် တရားပြိုင်သည် အမိန့် ၁၁ နည်း ၁၅ အရ ဆိုလွှာမှာပါတဲ့ စာရွက်စာတမ်းများ ကြည့်ရှု့ စစ်ဆေး ကူးယူနိုင်ရန် တစ်ဖက်အမှုသည်ကို အကြောင်းကြားစာပေးပို့ရမည်။ အကြောင်းကြားစာပေးပို့သော်လည်း တရားလိုကမပြလျှင် အမိန့် ၁၁ နည်း ၁၈ အရ ထုတ်ဖော်ပြသပေးစေရန် တရားရုံးလျှောက် တရားရုံးက ပြသစေဟု အမိန့်ချပါလျက် မလိုက်နာဘဲနေလျှင် အမိန့် ၁၁ နည်း ၂၁ အရ တရားလိုဖြစ်ပါက အဆိုလွှာကို ပလပ်ရမည်။
တရားပြိုင်ဖြစ်ပါက ချေပလွှာကို ပယ်ဖျက်သည်ထိအရေးယူနိုင်သည်။ ထိုကဲ့သိုမပြသခြင်းသည် သက်သေခံဥပဒေပုဒ်မ ၁၆၄ အရ နောင်တစ်ချိန်တွင် တရားရုံးကခွင့်မပြုလျှင် တစ်ဖက်အမှုသည်က မကျေနပ်လျှင် သက်သေခံဖြစ် တင်ပြခွင့်မရှိချေ။

အမိန့် ၁၁ နည်း ၁ အရ ကျမ်းကျိန်လွှာနှင့် မေးခွန်းမေးမြန်း
အမိန့် ၁၁ နည်း ၆ အရ ကျမ်းကျိန်လွှာနှင့် ကန့်ကွက်
အမိန့် ၁၁ နည်း ၈ အရ ကျမ်းကျိန်လွှာနှင့် ဖြေဆို

အမိန့် ၆ နည်း ၅ အရ အဆိုလွှာတွင် ဖော်ပြချက်များသည် အချက်အလက်များရောထွေးနေခြင်း ချေပလွှာ တင်သွင်းရန် တိတိကျကျဖော်ပြမထားလျှင် ပိုမိုကောင်းမွန်သော အချက်အလက်များတင်ပြရန် လျှောက်ထားနိုင်သည်။

အမိန့် ၆ နည်း ၁၆ အဆိုလွှာပေါ်တွင် အသရေပျက်စေမည့်အချက်များ မလိုအပ်တဲ့စာသားများ တစ်ဖက်အမှုသည်၏ဂုဏ်သိက္ခာကို ထိခိုက်စေသော အချက်များကို အဆိုလွှာမှ ထုတ်ပယ်ပေးရန် လျှောက်ထားနိုင်သည်။

အမိန့် ၆ နည်း ၁၇ အရ အဆိုလွှာ နှင့် ချေလွှာ ပြင်ဆင်ခြင်း
အဆို အချေ ပြင် (၃)မျိုး
(၁) မိမိသဘောအရပြင်ဆင်
(၂) တရားရုံးက ညွှန်ကြားလို့ပြင်ဆင်
(၃) တစ်ဖက် လျှောက်ထားလို့ပြင်ဆင်

အမိန့် ၆ နည်း ၁၈ အရ
အဆို အချေကို ပြင်ဆင်ရန် ခွင့်ပြုမိန့်ရသည့် အမှုသည်တစ်ဦးဦးသည် ယင်းကိစ္စအတွက် အမိန့်တွင် သတ်မှတ်ထားသည့် အချိန်အတွင်းဖြစ်စေ အမိန့်တွင် အချိန်သတ်မှတ်ထားခြင်းမရှိသောအခါ အမိန့်ချမှတ်ထားသည့် ရက်မှ ၁၄ရက်အတွင်းဖြစ်စေ အမိန့်နှင့်အညီ ပြင်ဆင်ခြင်း မပြုလျှင် တရားရုံးကလည်း အချိန်တိုးမပေးပါက အဆိုပါ သတ်မှတ်ချိန် သို့မဟုတ် ၁၄ရက် ကုန်လွန်ပြီး နောက်တွင် ထိုသူအားပြင်ဆင်ခွင့်မပြုရ။

ချေပလွှာ အမိန့် ၈ နည်း ၁ ချေလွှာရေး
အမိန့် ၈ နည်း ၃ အရ တိတိကျကျငြင်း
အမိန့် ၈ နည်း ၄ အရ ဝေ့လည်ကြောင်ပတ်မငြင်းရ ဆင်ဝှေ့ရန်ရှောင်မငြင်းရ
အမိန့် ၈ နည်း ၅ အရ တိတိကျကျမငြင်းရင် ဝန်ခံတယ်လို့မှတ်ယူရမည်
အမိန့် ၁၂ နည်း ၆ အရ ချေလွှာတွင်တိတိကျကျ တိုက်ရိုက်ဝန်ခံလျှင် ဝန်ခံဒီကရီလျှောက်ထားနိုင်သည်။
ဝန်ခံဒီကရီလျှောက်ထားရာ၌ ဝန်ခံသည့်အပိုင်းကို ဒီကရီချမှတ်၍ ငြင်းသည့်အပိုင်းကို ဆက်လက်စစ်ဆေးရမည်။
ချေလွှာတင်ပြီးရင် တစ်ဖက်အမှုသည်က အမိန့် ၁၁ နည်း ၁၅ အကြောင်းကြားစားပေးပို့
ငြင်းချက်မထုတ်မီ အကြံပြုငြင်းချက်တင်လိုက တင်နိုင်
ငြင်းချက်ဆိုသည်မှာ အဆို အချေ တင်သွင်းပြီးလျှင် အကြောင်းခြင်းရာနှင့်စပ်လျဉ်း၍ ဖြစ်စေ ဥပဒေနှင့်စပ်လျဉ်း၍ဖြစ်စေ အရေးပါသောတင်ပြချက်တစ်ရပ်ရပ်ကို အမှုသည်တစ်ဦးဦးက အခိုင်အမာအဆိုပြု၍ ကျန်တစ်ဖက်အမှုသည်က ငြင်းကွယ်လျှင် ငြင်းချက်များပေါ်ပေါက်လာသည်။
အငြင်းပွားသည့်အချက်တိုင်း ငြင်းချက်ထုတ်ရန်မလို အမှုတစ်ခုလုံးအပြီးအသတ်အဆုံးဖြတ်ပေးနိုင်သည့်အချက်ကို ငြင်းချက်ဟုခေါ်သည်။

ငြင်းချက် (၂)မျိုးရှိသည်။
အမိန့် ၁၄ နည်း ၁ အရ အကြောင်းချင်းရာငြင်းချက်နှင့်
အမိန့် ၁၄ နည်း ၂ အရ ဥပဒေငြင်းချက်ဟူ၍ဖြစ်သည်။
ဥပဒေငြင်းချက်ကို အရင်ဦးဆုံးကြားနာရသည်။
ဥပဒေငြင်းချက်မှာ
ကာလစည်းကမ်းသတ်ကျော်မကျော်
အမှုပုံစံမှန်မမှန်
တရားစွဲဆိုရန်အကြောင်းပေါ်မပေါ်
အမိန့် ၇ နည်း ၁၁ (က)အရ တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်ပါက ဆိုလွှာကိုပယ်နိုင်သည်။
အမိန့် ၇ နည်း ၁၁ (ခ) အရ
တောင်းဆိုသောသက်သာခွင့်ကို တန်ဖိုးလျှော့ထားသဖြင့် ယင်းတန်ဖိုးကိုပြင်ဆင်စေရန် တရားရုံးက ဆင့်ဆိုသော်လည်း သတ်မှတ်သည့် အချိန်ကာလအတွင်း တရားလိုက ပြင်ဆင်ရန်ပျက်ကွက်ဆိုလွှာကိုပယ်နိုင်သည်။
အမိန့် ၇ နည်း ၁၁ (ဂ) အရ
တံဆိပ်ခေါင်းလုံလောက်စွာမထမ်းဆောင်ထားလျှင်ဆိုလွှာကိုပယ်နိုင်သည်။
အမိန့် ၇ နည်း ၁၁ (ဃ) အရ
အဆိုလွှာပါ ဖော်ပြချက်များအရ တရားမမှုကို ဥပဒေတစ်ရပ်ရပ်က ပိတ်ပင်ထားသည်ဟုယူဆလျှင် ဆိုလွှာကိုပယ်နိုင်သည်။
အမိန့် ၁၄ နည်း ၅(၁)အရ လိုအပ်လျှင် ငြင်းချက် ပြင်ဆင်ခြင်း သို့မဟုတ် နောက်ထပ်ငြင်းချက်ထုတ်ခြင်း (၂)အရ မှားယွင်းစွာထည့်သွင်းထားလျှင် ငြင်းချက်များထုတ်ပယ်ခြင်း တို့ပြုနိုင်သည်။
သက်သေပြရန်တာဝန်
***************
အမိန့် ၁၈ နည်း ၁ အဆိုလွှာမှာ အဆိုပြုချက်ကို တရားပြိုင်က အားလုံးကိုငြင်းရင် သက်သာခွင့်ရထိုက်သူ တရားလိုက စတင်သက်သေပြ/ဆိုလွှာမှာ အဆိုပြုချက်ကို တရားပြိုင်က အချို့တစ်ဝက်ဝန်ခံရင် တရားပြိုင်က စတင်ဆောင်ရွက်ခွင့်ရှိသည်။ အမိန့် ၁၈ နည်း ၂

credit// Law pot

happy new year ပါ....၂၀၂၂မှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေပျော်ရွှင်ချမ်းမြေ့ကြပါစေလို့....Chit Law firmမိသားစုမှ ဆုမွန်...
03/01/2022

happy new year ပါ....

၂၀၂၂မှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေပျော်ရွှင်ချမ်းမြေ့ကြပါစေလို့....

Chit Law firmမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ....

တရားဥပဒေလည်း ငြိမ်ဝပ်ပိပြားစိုးမိုးနိုင်ပါစေ.....

မြန်မာတနိုင်ငံလုံးရှိ ခရစ်ယာန်ဘာသာဝင်များအားလုံး Merry X Mas ပါခင်ဗျာ....
25/12/2021

မြန်မာတနိုင်ငံလုံးရှိ ခရစ်ယာန်ဘာသာဝင်များအားလုံး Merry X Mas ပါခင်ဗျာ....

ရှေ့နေ ဒေါ်လှလွန်းသူ ရဲ့ သီတင်းကျွတ်ဂါရဝ ပန်းခြင်း......ဆရာ့ တပည့်မလေးအဖက်ဖက်က ကျန်းမာခြင်း.. ချမ်းသာခြင်း...စီးပွားရေးတ...
23/10/2021

ရှေ့နေ ဒေါ်လှလွန်းသူ ရဲ့ သီတင်းကျွတ်ဂါရဝ
ပန်းခြင်း......
ဆရာ့ တပည့်မလေးအဖက်ဖက်က ကျန်း
မာခြင်း.. ချမ်းသာခြင်း...စီးပွားရေးတွေ
ဒီရေအလားတိုးတက်အောင်မြင်ခြင်းတွေ
ထာဝရပိုင်ဆိုင်နိုင်ပါစေ...
မိဘဆရာသမားများအပေါ်သိတတ်တဲ့ လိမ္မာတဲ့
တပည့်အဖြစ် အသိအမှတ်ပြုပါတယ်...
လက်ဆောင်မပါလည်း လာကန်တော့လို့ရပါတယ်...ချစ်တပည့်တို့ရေ....

Thiha Lwinmoe....

22/10/2021
07/10/2021

CHIT LAW FIRM pageကနေပြီး
၁၁လိုင်း ၂၀၂၁ကစပြီးအပါတ်စဥ်
တနဂ်နွေနေ့ နေ့လည် ၂နာရီ
မှာ ဥပဒေပညာအကြောင်းသိကောင်း
စရာလေးတွေကို အတွေ့အကြုံရင့်
ရှေ့နေကြီးများက အလှည့်ကျ ပါဝင်
ဆွေးနွေးသွားမယ့် ဥပဒေစကားဝိုင်း
အစီအစဥ်လေးတွေရှိပါတယ်ခင်ဗျာ..
ပါဝင်ဆွေးနွေးပေးမယ့်ဆရာသမားများ
ကိုလည်း ကြိုတင်ကြေငြာပေးသွားဖို့
ရှိပါတယ်ခင်ဗျာ....

Chit Law Firm မိသားစု...

Send a message to learn more

Chit Law firmရဲ့ အားကိုးရတဲ့ ရှေ့နေကြီး ဦးဥာဏမျိုး....ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ အမိန့်တွေကူးဖို့ပြင်နေတာလေးအ...
05/10/2021

Chit Law firmရဲ့ အားကိုးရတဲ့ ရှေ့နေကြီး ဦးဥာဏမျိုး....
ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ အမိန့်တွေကူးဖို့ပြင်နေတာလေးအမှတ်တရပါ..

ကျွန်တော့်Chit Law firmရဲ့ သက်တမ်းရင့်ဆရာမကြီး ဒေါ်နီနီစန်း ရှေ့နေလုပ်သက်(၁၂)နှစ်ကျော်မှAdvocateလျှောက်တယ်အခုတော့Advocat...
04/10/2021

ကျွန်တော့်Chit Law firmရဲ့ သက်တမ်း
ရင့်ဆရာမကြီး ဒေါ်နီနီစန်း ရှေ့နေလုပ်သက်(၁၂)နှစ်ကျော်မှAdvocateလျှောက်တယ်
အခုတော့Advocateဖြစ်ပြီပေါ့..
ဝမ်းသာတယ်...ဂုဏ်ယူပါတယ်
ညီမလေးရေဆရာ့ထက်တပြည့် လက်စွမ်းထက်ပါစေကွယ်...ရှေ့ဆက်ပြီး Chit Law firm အတွက် အကူအညီတွေပေးနိုင်ပါစေ...
ညီမလေး အေးကြည်ဖြူအတွက်လည်းဂုဏ်ယူပါတယ်...

Chit Law firm

"ရဲအရေးပိုင်သော.ရာဇဝတ်မူ့များတွင် တရားလိုဘက်၌ ရှေ့နေငှားရန်လို/မလို.."...ကျွန်တော်က..ကျွန်တော့်ထံက ငွေလိမ်သွားသူကို.လိမ်...
25/09/2021

"ရဲအရေးပိုင်သော.ရာဇဝတ်မူ့များတွင် တရားလိုဘက်၌ ရှေ့နေငှားရန်လို/မလို.."
...ကျွန်တော်က..ကျွန်တော့်ထံက ငွေလိမ်သွားသူကို.လိမ်လည်မူ့နဲ့.ရဲစခန်း
မှာ.အမူ့ဖွင့်ထားပါတယ်ဆရာ..
.လောလောဆယ် တရားလိုဖြစ်တဲ့ကျွန်
တော်ကို စစ်ဆေးခြင်း..တရားလိုပြသက်
သေများကို စစ်ဆေးခြင်းနဲ့..သက်သေ
ခံပစ္စည်းများကို ရှာဖွေပုံစံနှင့်တကွ အပ်
ပေးခြင်းတို့ ပြီးပါပြီဆရာ...
.တရားခံကို ရဲမှ ဖမ်းဆီးပြီး စစ်ဆေး
ခြင်း...အာမခံပေးနိုင်တဲ့အမူ့ဖြစ်လို့
အာမခံပေးခြင်းတို့လည်း ဆောင်ရွက်
ပြီးပါပြီဆရာ....ဥပဒေအကြံပြုချက်
မတင်မှီ သက်သေခံဥပဒေပုဒ်မ ၄၅အရ
နေပြည်တော် မူခင်းတပ်ဖွဲ့ရုံးသို့
လက်ရေးလက်မှတ်များ နှင့်ပါတ်သတ်
သည့် ထင်မြင်ချက်များ လည်းတောင်း
ခံထားပြီးဖြစ်လို့ အဲ့ဒီအဆင့်ပြီးရင်
ဥပဒေအကြံပြုချက် တောင်းခံပြီးတရား
ခံအပေါ် တရားစွဲဆို ရန်သက်ဆိုင်ရာ
တရားရုံးတော်မှာ အမူ့ကို ရဲမှတဆင့်
တင်သွင်းစွဲဆိုပါမယ်ဆရာ...
...အဲ့ဒီအခါကျရင်...ကျွန်တော့်ဘက်က
ဆရာ့ကို အကျိုးဆောင်အဖြစ် ငှားရမ်း
လိုပါတယ်ဆရာ...
မိတ်ဆွေရင်းလည်းဖြစ်...အကိုလိုလည်း
ခင်မင်နေသော လုပ်ငန်းရှင်တဦးက ..
ကျွန်တော့် ရုံးသို့လာရောက်၍...အမူ့
အပ်ခြင်းဖြစ်ပါသည်....
....ရေးလက်စ လျှောက်လဲချက်တခုကို
ရပ်တန့်ပြီး...ကျွန်တော့်မိတ်ဆွေကို လှမ်း
ကြည့်လိုက်ပြီး....
အကိုကြီးက ..ငွေဘယ်လောက် အလိမ်
ခံရရတာလည်း...ခင်ဗျာ..
..သိန်း ၁၃၀၀ပါ...
.အားပါးပါး..မနည်းပါလား..ဘာကိစ္စ
လို့ပြောပြီးရယူသွားတာလည်း...
သင်္ဘောတစီးဝယ်ဖို့ ငွေလို လို့ဆိုပြီးယူ
သွားတာပါ....အတိုးရောပါလား..
ငွေချေးတဲ့သဘောလား...

မဟုတ်ပါဘူး...မိတ်ဆွေရင်းမို့လို့ ခဏပဲ
ပြောလို့....ယုံကြည်အောင်ပြောလို့
ပေးလိုက်တာပါ....
..ဟုတ်ကဲ့...သင်္ဘောရော ဝယ်သလား
ကျွန်တော်က ပြန်မေးလိုက်သည် ...
မဝယ်ပါဘူးဆရာ...သူက ပြန်ဖြေသည်..
..သူက ဘယ်လောက်ကြာရင်ပြန်ပေး
မယ်လို့ ရေးသားချူပ်ဆိုပေးသလည်း
စာချုပ်မှာ....
.၃လပဲလို့ပြောပါတယ်ဆရာ.....ရဲမှာ
ရော အဲ့ဒီအတိုင်းထွက်ဆိုပါသလား...
..ထွက်ပါတယ်ဆရာ...

ပေးတုန်းက ဘယ်သူတွေ သက်သေပါသလည်း...ကျွန်တော့်ဆီကို
သူလာတော့ ..သူ့အဖော်နှစ်ယောက်ပါ
တယ်..အိမ်မှာက လည်း...ကလေးတွေ
ကျောင်းသွား အလုပ်သွားနဲ့ ကျွန်တေိာ့
ဇနီးတယောက်ပဲရှိတယ်ဆရာ....
ပိုက်ဆံကိုတော့ ဘဏ်မှာပဲ လိုက်ထုတ်
ပးလိုက်တာ....စာချုပ်သက်သေက ကျွန်
တော့်အမျိုးသမီးရယ်...ငွေချေးတဲ့သူ
ဘက်က လူတယောက်ရယ်...လိပ်စာ
ကတော့ စာချုပ်ထဲမှာပါတယ်ဆရာ..

ကိုယ်နဲ့မသိတဲ့သူကို သက်သေအဖြစ်
ထည့်တာ အန္တရာယ်များတယ်အကိုကြီး
တကယ်လည်း ပြဿနာတက်ရော...
ဘယ်မှာရှာရမှန်းမသိဖြစ်တတ်တယ်.
ကျွန်တော်က စကားဖြတ်ပြောပြီး..ဝင်
ပြောလိုက်သည်....
.ဒါနဲ့..အဲ့သက်သေ တွေရော စစ်ပြီးပြီလား..ခင်ဗျားဘက်က သူတို့က
ထွက်ပေးရမှာလေ......
ဟုတ်ကဲ့ ထွက်ပေးကြပါတယ်...ဒါတောင်
မလုပ်ချင်ဘူး...စခန်းကို....မလိုက်ဖူး
ဆိုရင်..ဒီအမူ့နဲ့ ပါတ်သတ်ပြီး သကိသေ
အဖြစ်ထိုးထားတဲ့ကိစ္စရှိတယ့်အတွက်
ရဲကတဆင့် ဆင့်ေ ခ်ါမယ်ဆိုမှ လာထွက်ပေးတာ...ဆရာ....

အင်း...အမူ့ကတော့ ဒီလောက်ဆို တည်
ဆောက်မူ့ပုံစံမှန်ကန်ပါတယ်..
မရိုးဖြောင့်သော သဘောနဲ့ ငွေချေးတာ
လည်း ပေါ်ပါတယ်...ကဲ ခင်ဗျားက
အမူ့အတွက် ရှေ့နေလိုက်ပေးဖို့ ကျွန်
တော့်ကို လာငှားတာလား...

ဟုတ်ပါတယ်ဆရာ....
ရှေ့နေငှားတော့ ရှေ့နေခ ခင်ဗျား ကုန်
မှာပေါ့...ကျုပ်ကလည်း...နဲနဲပါးပါး
ဆို မလိုက်တတ်တာ ခင်ဗျား အသိပဲ...
ဟာ...ဆရာ တောင်းသလောက်ပေး
ပါ့မယ်ဆရာ...လိုက်သာ လိုက်ပေးပါ..

ကျွန်တော့်အပြောကို ထိုလူက ပြန်ပြီး
လေးလေးနက်နက်ဖြေသည်....

ကျွန်တော့ပိုကိဆံပြန်ရဖို့သာအရေးကြီး
တယ် ဆရာလိုက်ရင် ပြန်ရမှာ ယုံကြည်
ပါတယ်ဆရာ.....

No..no....အကိုကြီး..ဒါက ရာဇဝတ်မူ့
ငွေတောင်းတဲ့အမူ့မဟုတ်ဖူး..
ခင်ဗျား သူ့ကို ဘာလို့ တရားစွဲတာလည်း
..".ငွေမပေးလို့.....".
ထိုသူက ကျွန်တော့အမေးကို ပြန်ဖြေသည်....
မဟုတ်ဖူး....အကိုကြီး...ခင်ဗျားကို လိမ်
လို့ ခင်ဗျားတရားစွဲတာပါ......
ငွေပြန်ပေးမယ်လို့ယုံအောင်ပြောပြီး
လိမ်သွားလို့ ခင်ဗျားတရားစွဲတာပါ..

တရားခွင်ရောက်ရင်..ခင်ဗျားကို တဖက်ကရှေ့နေက မေးလို့ ခင်ဗျားဒီလို
ဖြေမိရင်...မှားမယ်....

ဒါပေ့ါဆရာရယ်....ဒါကြောင့်ဆရာ့ကို
လာငှားတာပေါ့ဆရာ....
ကဲပါ....ရှည်ရှည်ဝေးဝေးတွေပြောမနေတော့ဘူး...ဆရာ ဘယ်လောက်ယူမလည်း

ဟာ......ဒီလူကေတာ့.....
ကျွန်တော့် ကျွန်တော့်မိတ်ဆွေကို ပြန်ကြည့့်လိုက်သည်.....မြန်မာနိုင်ငံသား
ဖြစ်တဲ့ ခင်ဗျား မှာ ခင်ဗျားနစ်နာရင်..
ခင်ဗျား နစ်နာမူ့အတွက် ဆောင်ရွက်ပေး
မယ့် နိုငိငံဝန်ထမ်းဥပဒေအရာရှိတွေရှိပါ
တယ်.....
ရှေ့နေငှားဖို့မလိုပါဘူး.....နစ်လည်း
နစ်နာတယ်...ပိုက်ဆံလည်း.ထပ်ကုန်ရ
မယ်ဆိုတော့ မဟုတ်သေးဘူးလေ....
ကျွန်တော်တို့က ခင်ဗျားဘက်က လိုက်လံ
ဆောင်ရွက်ခွင့်ရှိပါတယ်..သို့သော်
အမူ့လိုက်ဥပဒေအရာရှိရဲ့..undercon
trol ယူရမယ်...ပြီးရင်လည်း...သူ့ရဲ့ စီမံ
ကွပ်ကဲမူ့အောက်မှာ အမူ့ကို စစ်ဆေး
ရမယ်....မထူးတော့ပါဘူး ငှားမနေနဲ့တော့
လေ....ခုချိန်မှာ ဥပဒေနဲ့အညီ အားလုံးက
ဆောင်ရွက်ပေးနေကြတာပဲ အရင်ကလို
မယုံမကြည် ဖြစ်မနေပါနဲ့တော့...ရဲရဲသာ
ဥပဒေအရာရှိရဲ့ အကုအညီကိုယူပါ...
..နိုင်ငံ့ဝန်ထမ်း ဥပဒေအရာရှိများကို
ယုံယုံကြည်ကြည်နဲ့သာ...ဆက်လက်အား
ကိုးလိုက္ပါ.....
..okပါ...ဆရာ....ဆရာပြောတာ လက်ခံ
ပါတယ်..ဒါပေမယ့်.....
ငှားမယ်ဆရာ....ဆရာလိုက်ပေးပါ........ကဲ...ခင်ဗျားသဘော.......စရန်သိန်း၃၀ ချက် လက်မှတ်သာရေး သွားပေတော့...........................ထိုအခါမှ ..ကျွန်တော့်
မိတ်ဆွေကြီးလည်း...သက်ပြင်းရှည်ကြီး
ကို ဟင်းကနဲချကာ...ချက်ရေးပြီး..
အမူအပ်ခါပြန်သွားလေတော့၏.... ...
.........................Thiha lwinmoe..

အင်းစိန် သို့ မိတ္တူကူး....ခဏရောက်...
21/09/2021

အင်းစိန် သို့ မိတ္တူကူး....ခဏရောက်...

Address

Yangon
55555

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

959403793955

Website

Alerts

Be the first to know and let us send you an email when Chit Law Firm Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category