Wai Phyo - Property Analyst

Wai Phyo - Property Analyst Your trusted property must be in yours. ယုံကြည်မှုမှသည် အောင်မြင်မှုဆီသို့

21/11/2024
20/08/2022
05/09/2021

𝗟𝘂𝘅𝘂𝗿𝘆 𝗖𝗼𝗻𝗱𝗼𝗺𝗶𝗻𝗶𝘂𝗺 บนผืนที่ดินหายากแปลงหัวมุม แยกอโศก-พระราม 9

05/11/2020

Facilities ပြည့်စုံပြီး Privacy ကျကျနဲ့ အဆင့်မြင့်မြင့် နေလိုတဲ့ မိတ်ဆွေတွေအတွက်

Star City ရှိ Condo တိုက်ခန်းအငှါးနှင့် မိတ်ဆက်ပေးပါရစေ

800 US$ Per Month (Nego)

#ငှါးမည်
- - - - -

City Condominium
- - - - - - - - - - - - - - - --

🔹အမျိုးအစား - အဆင့်မြင့် ဇိမ်ခံ Condo တိုက်ခန်း

🔹နေရာ - Star City (Thanlyin) 9th Flloor

🔹အကျယ်အဝန်း - 900 SqFt

▪️Indoor Facilities - 1 Living Room, 1 Master Bedroom, 1 Single Bedroom, 1 Kitchen

- Fully Furnished and Fully Decorated ( 65 inch 3D TV set, 3 Aircon, Refrigerator, Washing Machine, Kitchen Equipments, Hot & Cold Bath Tab etc)

✅ Indoor Facilities ထားရှိမှုမှာ အားလုံးပြည့်စုံလျက်ရှိပါသည်။

🛄 အဆင်သင့်တက်နေရုံ

▪️ Outdoor Facilities- Swimming Pool, Gym, Golf Club, Supermarket, Garden, Car Park , Restaurants etc

Price - 800 US $ per month ( Negotiable )

📞 ဆက်သွယ်ရန် - 09450057659

အကျိုးဆောင်များလည်း ဆက်သွယ်နိုင်ပါသည်။

အရည်အသွေးရှိသော နေထိုင်မှု ဘဝသစ်ဆီသို့

အိမ်ခြံမြေသမားများသိနိုင်ရန်
14/10/2020

အိမ်ခြံမြေသမားများသိနိုင်ရန်

ဒဂုံမြို့သစ်အရှေ့ပိုင်းနဲ့ တောင်ပိုင်းအကြားမှာ ထွက်ပေါ်လာမယ့် စီမံကိန်းအသစ်============================================ဆ...
25/08/2020

ဒဂုံမြို့သစ်အရှေ့ပိုင်းနဲ့ တောင်ပိုင်းအကြားမှာ ထွက်ပေါ်လာမယ့် စီမံကိန်းအသစ်
============================================

ဆွေဦးဝေ

ရန်ကုန်မြို့ရဲ့ အနာဂတ်ကို လှမ်းမျှော်တွေးဆကြည့်ရင် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ တည်ဆောက်ရေးစီမံကိန်းတွေက အစီအရီရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေရှိနေသလို ပြင်ဆင်နေဆဲစီမံကိန်းတွေလည်း ရှိနေပါတယ်။ စီမံကိန်းအသစ်တွေ တင်ပြ ထားတာရှိသလို ခွင့်ပြုချက်ရရှိထားတဲ့ စီမံကိန်းတွေလည်း ရှိနေပါတယ်။ အဲဒီစီမံကိန်းတွေအနက် ဒဂုံမြို့သစ်အရှေ့ပိုင်းနဲ့ တောင်ပိုင်းမြို့နယ် ဧရိယာအတွင်းမှာ ဖော်ဆောင်တော့မယ့် Smart and Eco City စီမံကိန်းကတော့လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ မြေပြင်ကိစ္စ ရှင်းလင်း ရေးလုပ်ငန်းတွေ စတင်တော့မယ်လို့ ဆိုပါတယ်။
မြေဧက ၂၀၀၀ မှာ တည်ဆောက်အဲဒီစီမံကိန်းဟာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)နဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွေ ဆက်စပ်နေတဲ့ လေးထောင့်ကန်ရွာရှိ မြေဧက ၂၀၀၀ မှာ တည်ဆောက်သွားဖို့ စီစဉ်ထားတာဖြစ်ပါ တယ်။ ဒီစီမံကိန်းရဲ့အပြည့်အစုံက Yangon Amata Smart & Eco City ဖြစ်ပြီး ထိုင်းနိုင်ငံ အခြေစိုက် Amata ကော်ပို‌ရေးရှင်းက ရင်းနှီး မြှုပ်နှံ တည်‌ဆောက်အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးမြို့နယ်တွေနဲ့ မြို့ပြင်မြို့နယ်တွေမှာ မြို့ပြစီမံကိန်းတွေ၊ စက်မှုဇုန်အသစ်တွေ အကောင်အထည်ဖော်ဖို့ အစီအစဉ်တွေရှိနေတဲ့အချိန်မှာ တစ်ကမ္ဘာလုံး ရိုက်ခတ်ခံနေရတဲ့ ကိုဗစ်-၁၉ ကြောင့် လုပ်ငန်း ဆောင်ရွက်မှု အစီအစဉ်တွေ နှောင့်နှေးနေရ တာ ဖြစ်ပါတယ်။ မကြာခင် ကိုဗစ်အလွန် ကာလမှာတော့ ဒီစီမံကိန်းတွေအားလုံး အစီအစဉ်တကျ လုပ်ငန်းစဉ်တွေ ဆောင်ရွက် လာကြမှာ ဖြစ်ပါတယ်။
မြေယာလျော်ကြေးတွေ ပေးအပ်
အခုလည်း လေးထောင့်ကန်ကျေးရွာရဲ့ အနီးဝန်းကျင်အပါအဝင် စီမံကိန်းဧရိယာထဲမှာ ပါဝင်နေတဲ့ မြေယာတွေကို ဒီစီမံကိန်းက မြေယာလျော်ကြေးတွေ စတင်ပေးအပ်တော့ မှာ ဖြစ်ပါတယ်။ ဒီလို မြေယာလျော်ကြေးတွေ ပေးအပ်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကို Amata ကုမ္ပဏီက တာဝန်ရှိသူတွေ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၃ ရက်က သွားရောက် တွေ့ဆုံပြီး ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရ ပါတယ်။
ဒီစီမံကိန်းဧရိယာအတွင်းမှာ ပါဝင်နေတဲ့ လယ်ယာမြေတွေကို လျော်ကြေးပေးချေရေးနဲ့ မြေပြင်ရှင်းလင်းရေး ကော်မတီကနေပြီး ဆောင်ရွက်သွားဖို့ လုပ်ငန်းစဉ်တွေကိုလည်း အဲဒီနေ့က ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။ ဒေသခံတွေရဲ့ မြေယာ တွေကို လျော်ကြေးပေးတဲ့အခါ ထိခိုက်နစ်နာမှု မရှိစေဖို့၊ ပွင့်လင်းမြင်သာစွာ ‌ဆောင်ရွက် သွားဖို့လည်း အစီအစဉ်တွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒီစီမံကိန်းကို ထိုင်းအခြေစိုက် Amata ကော်ပိုရေးရှင်းအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ အကုန်အကျခံကာ ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်သွားဖို့အတွက် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၁ ရက်က ခွင့်ပြုခဲ့တယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေမှာ ‌ဖော်ပြထားပါတယ်။
အကျိုးတူ ပူးပေါင်းဆောင်ရွက်
တကယ်တော့ Smart and Eco City စီမံကိန်းကို မြန်မာနိုင်ငံ‌ ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ Amata ကော်ပိုရေးရှင်းတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်‌ရေး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
မူဘောင်သဘောတူ လက်မှတ်ရေးထိုး
ဒီစီမံကိန်း‌မှာတော့ ထိုင်းအခြေစိုက် Amata ကော်ပိုရေးရှင်းက ရှယ်ယာ ၈၀ ရာခိုင် နှုန်း ပိုင်ဆိုင်ပြီး ကျန်ရှယ်ယာ ၂၀ ရာခိုင်နှုန်း ကိုတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ ဒီလို အကျိုးတူပူးပေါင်း ဆောင်ရွက်ဖို့အတွက် ၂၀၁၉ ခုနှစ် ဩဂုတ် ၂၂ ရက်မှာ နှစ်ဦးနှစ်ဖက် မူဘောင်သဘောတူ လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရပါတယ်။
ဒီစီမံကိန်းဟာ ရန်ကုန်မြို့ပြင် မြို့နယ် တွေမှာ တည်ဆောက်ဖို့ရှိနေတဲ့ စီမံကိန်းတွေ အနက် ကြီးမားတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခု လည်း ဖြစ်ပါတယ်။ စီမံကိန်းတစ်ခုလုံးအနေနဲ့ အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့် ကုန်ကျ မှာဖြစ်ပြီး စီမံကိန်းပထမအဆင့်အဖြစ် မြေဧက ၂၀၀၀ ပေါ်မှာ လူနေအိမ်ရာတွေ၊ ရုံးခန်းတွေနဲ့ စက်မှုဇုန်မြေယာတွေ ပါဝင်မှာဖြစ်တယ်လို့ အဲဒီကုမ္ပဏီက ဆိုပါတယ်။
စက်မှုဇုန်အဖြစ်ပေါ်ထွန်း
“ရန်ကုန်မြို့မှာ လာရောက်ရင်းနှီးမြှုပ်နှံလိုသူတွေ၊ ပြည်တွင်း၊ ပြည်ပ စီးပွား‌ရေး လုပ်ငန်းရှင်တွေအတွက် အခွင့်အရေးကောင်း ပေးနိုင်တဲ့ စက်မှုဇုန်အဖြစ်လည်း ပေါ်ထွန်း လာစေနိုင်ပါတယ်လို့” တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ဒီလို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှသာ ရန်ကုန် မြို့ပြင် မြို့နယ်တွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေ လျင်မြန်စွာ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။
ဒီလိုစီမံကိန်းတွေမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု များစွာ လာရောက်ခဲ့ရင် အလုပ်အကိုင်အခွင့် အလမ်းတွေလည်း အများကြီးရရှိနိုင်မှာ ဖြစ်ပါတယ်။ အခု ဒီစီမံကိန်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၃၀၀၀ ခန့် ပေါ်ထွက်လာဖို့ရှိတာကြောင့် ဒေသဖွံ့ဖြိုးရေး အတွက်သာမက လူငယ် လူရွယ်တွေအတွက် အလုပ်အကိုင်တွေရရှိစေမှာ ဖြစ်ပါတယ်။
ဒီစီမံကိန်းမှာ ပြည်ပကနေပြီး သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ဆက်သွယ်ရေးနဲ့ သတင်း နည်းပညာလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ ဆက်စပ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ ပြည်ပပို့ကုန်လုပ်ငန်း တွေအပြင် နိုင်ငံတကာက ပညာရေးသိပ္ပံတွေ လည်း လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့ အစီအစဉ်တွေရှိနေတယ်လို့လည်း သိရ ပါတယ်။
အထောက်အကူပြုပေး
ဒဂုံမြို့သစ်အရှေ့ပိုင်းနဲ့ တောင်ပိုင်းမြို့နယ် အကြား လေးထောင့်ကန်ရွာအနီး မြေဧရိယာ မှာ အကောင်အထည်ဖော်တော့မယ့် ဒီစီမံကိန်း ပြီးစီးခဲ့ရင်တော့ ဒေသဖွံ့ဖြိုးရေးကို အရှိန် အဟုန်နဲ့ ဖြစ်ထွန်းစေမှာဖြစ်ပြီး လူနေမှုဘဝ တွေလည်း ယခုထက် ပိုမိုမြင့်တက်လာစေဖို့ အထောက်အကူပြုပေးနိုင်တော့မှာ ဖြစ်ပါ တယ်။ ကိုဗစ်-၁၉ ကာလမှာ ဖြည်းဖြည်းချင်း စတင်ဆောင်ရွက်နိုင်နေပြီဖြစ်တဲ့ စီမံကိန်း လုပ်ငန်းတွေဟာ ကိုဗစ်-၁၉ အလွန်ကာလ မှာတော့ ပိုမိုလျင်မြန်စွာ လုပ်ကိုင်နိုင်တော့မှာ ဖြစ်ပါတယ်။
Amata Smart & Eco City စီမံကိန်း အောင်မြင်စွာ ပြီးစီးသွားရင်တော့ ရန်ကုန် မြို့ပြရဲ့ ဧရိယာ တဖြည်းဖြည်းကျယ်ဝန်းလာ မှုနဲ့အတူ တိုးတက်ဖွံ့ဖြိုးမှုတွေကလည်း ဒွန်တွဲဖြစ်ထွန်းလာမှာဖြစ်တာမို့ ရန်ကုန်မြို့ရဲ့ နေရာစုံမှာ ဖွံ့ဖြိုးမှုအဖုံဖုံကို‌ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ ။
မြန်မာ့အလင်း ( ယနေ့ရန်ကုန် )

14/08/2020

Type - Luxury Condo
Area - 900 SqFt
Facilities - Living Room, 2MB, 1SB, Kitchen, 1 Common Toilet, Fully Furnished in Higher Quality.
- Swimming Pool, Gym, Garden, Community Area, Carparking, Minimarket etc.
Location - The GEMS Garden, Insein Road, Kamaywet Township.
Price - 1000 $ per month (Nego)
Contact -09450057659

01/08/2020

Address

Yangon
11111

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 06:00 - 23:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Telephone

+959450057659

Website

Alerts

Be the first to know and let us send you an email when Wai Phyo - Property Analyst posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wai Phyo - Property Analyst:

Share

Category