04/01/2024
မြို့နယ်ပြောင်းရွှေ့လာပြီး အိမ်ထောင်စုစာရင်း ပြုလုပ်လိုသူများ ပုံစံ (၁၀) မပါရှိပါက မူလမြို့နယ်သို့ ပြန်ယူရန်မလိုတော့
မြို့နယ်တစ်ခုမှ အခြားမြို့နယ်တစ်ခုသို့ ပြောင်း ရွှေ့လာသူများ အိမ်ထောင်စု လူ ဦးရေစာရင်း ပြုလုပ်ရာတွင် ပုံစံ (၁၀) မပါရှိပါက ပြောင်းရွှေ့လာ သည့် မြို့နယ်သို့ ပြန်လည်စေ လွှတ်ခြင်းမပြုတော့ဘဲ ဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်စေမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက သြဂုတ် ၃ ရက်တွင် ကျင်းပသော အမျိုးသား လွှတ်တော်၌ အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ယခင်က အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်ရာတွင် နေရပ် လိပ်စာ ပြောင်းရွှေ့ခြင်းပုံစံဖြစ် သည့် ပုံစံ(၁၀) မပါရှိပါက ပြောင်းရွှေ့လာသူများကို ပြန်လည်ယူဆောင်ခိုင်းစေခဲ့သည်။ ဝန်ကြီးဌာန၏ ဖြေလျှော့ပေးမှုအရ မူလမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းအား ပယ်ဖျက်စေပြီး လက်ရှိမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းကို ဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ပေးတော့မည်ဖြစ်သည်။
နိုင်ငံသားစိစစ်ရေးကတ် ပြား လုပ်ဆောင်ရာတွင် အိမ်ထောင်စုလူဦးရေ စာရင်းကိုဥပဒေ၊ နည်းဥပဒေများအရ အထောက်အထား တင်ပြရသည်။
ပုံစံ (၁၀) ကို ခါတိုင်းလို ကိုယ်တိုင်သွားယူစရာမလိုတော့ ဘူး။ ဒါပေမဲ့ ဌာနအချင်းချင်း မေး မြန်းကြတဲ့အချိန်လေးတော့ နည်း နည်းယူရတယ်။ သို့သော် ကိုယ် တိုင်သွားမယူရတော့ အများကြီး သက်သာသွားတာပေါ့ဟု လွှတ် တော် အစည်းအဝေးအပြီး၌ ဝန်ကြီးက ထပ်မံပြောကြားသည်။
အဆိုပါ ဖြေလျှော့မှုမရှိစဉ်က အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်ရာတွင် မူလဒေသသို့ ပုံစံ (၁ဝ)ပြန်လည် လုပ်ဆောင်ရသဖြင့်အချိန်ကြန့်ကြာမှုများ ရှိခဲ့သည်။
မြို့နယ်တစ်ခုမှ အခြားမြို့ နယ်တစ်ခုသို့ ရွှေ့လာသူများ အိမ်ထောင်စုလူဦးရေစာရင်း ပြု လုပ်ပါက ပုံစံ (၁၀)၊ ဝင်ရောက် နေထိုင်လိုသော လိပ်စာမှန်ကန် ကြောင်း သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက် ခံချက်၊ အိမ်ပိုင်ဖြစ်လျှင် ပိုင်ဆိုင် ကြောင်းအထောက်အထား၊ အိမ် ပိုင်မဟုတ်လျှင် မည်သည့်အခြေ အနေဖြင့် နေထိုင်ကြောင်း နေ ထိုင်လိုသော၊ လိပ်စာမှန်ကန် ကြောင်း သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်တို့ လိုအပ်ကြောင်း ဝန်ကြီးဌာနမှ သိရသည်။
ပုံစံ (၁၀) ဖြေလျှော့မှုကို ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်အတွင်း ထည့်သွင်းထားခဲ့ခြင်းဖြစ်သော်လည်း ရက် ၁၀၀ အလွန်တွင် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။
ဆက်သွယ်မေမြန်းနိုင်ပါသည်
ph or Viber 09 698153943