Coé Coé

Coé Coé sharing ❣

🧡 ဂရုမစိုက်နဲ့     *************သင့်ကို ဂရုမစိုက်တဲ့သူတွေကို သင် ဂရုစိုက်စရာ မလိုပါဘူး ။ တချို့လူတွေက သူတို့ကို ဂရုစိုက်...
14/01/2024

🧡 ဂရုမစိုက်နဲ့
*************
သင့်ကို ဂရုမစိုက်တဲ့သူတွေကို သင် ဂရုစိုက်စရာ မလိုပါဘူး ။ တချို့လူတွေက သူတို့ကို ဂရုစိုက်လေလေ ၊
သင့်ကို တန်ဖိုးမထားလေလေပါပဲ ။ ဒီတော့ သူတို့ကို လိုက်ဂရုစိုက်နေမှာထက် ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်လိုက်ပါ ။

🧡 လူ့ခွစာတွေကို ဝေးဝေးက ရှောင်ပါ
***********************************
တချို့လူတွေက အခြားသူ ဘာလုပ်လုပ် အမြဲအပြစ်ပြောတတ်ကြတယ် ။ ဘုကလန့် တိုက်တတ်တယ် ။ ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိရင် ရှိသလို မဆင်မခြင် စကားတွေ ပြောတတ်ကြတယ် ။ ဒီလို အဆိုးမြင်ဝါဒီရှိသူတွေကို ရှောင်ရှားပါ ။ အဆိုးမြင်စိတ်ဓာတ်က သင့်ကိုပါ ကူးစက်လာစေနိုင်လို့ပါ ။

🧡 တစ်ခုခုကို အမြဲသင်ယူလေ့လာနေပါ
************************************
“ ပညာလို အိုသည်မရှိ ” ဆိုသလိုပဲ ဘယ်အတတ်ပညာမဆို သင်ယူဖို့ ဝန်မလေးပါနဲ့ ။ ငါ့ အသက်အရွယ်ကြီးနဲ့
မသင့်တော်ပါဘူးလေ ၊ ငါ ငယ်သေးလို့ မလိုသေးပါဘူး ဆိုပြီး မတွေးပါနဲ့ ။

🧡 အရမ်းမတွေးပါနဲ့
********************
အတိတ်က အဖြစ်အပျက်တွေ အတိတ်က အကြောင်းအရာတွေကို အရမ်းမတွေးပါနဲ့ ။ အတိတ်မှာ အမှတ်ရစရာ အများကြီး ရှိကောင်းရှိခဲ့မှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တစ်ခုမှာ ပြီးသွားခဲ့ပြီးသား အဖြစ်အပျက်တွေပါ ။ နောက်ထပ်ဖြစ်လာမယ့် အနာဂတ်တွေကို လှပနေစေဖို့သာ ကြိုးစားပါ ။

🧡 ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ
*******************************
ကိုယ်ကျင့်တရားကောင်းတဲ့သူက လောကမှာ တန်ဖိုးအရှိဆုံးပါ ။ ကိုယ့်ကိုယ်ကို အမြဲတမ်းတိုးတက်အောင် ကြိုးစားပါ ။ ကိုယ်စိတ်နှလုံး ဖြူစင်လာအောင် အမြဲကြိုးစားပါ ။ စိတ်ကောင်းကောင်းထားပါ ။

🧡 ထင်ချင်သလို ထင်ကြပါစေ
****************************
လူအမျိုးမျိုး ၊ စိတ်အထွေထွေရှိတယ်ဆိုသလိုပဲ လူတစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတာတွေ ၊ ခံယူချက်တွေနဲ့ အမြင်တွေ မတူညီကြပါဘူး ။ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတာမို့ ကိုယ် မှန်တယ်လို့ ယုံကြည်တဲ့အရာကို ရဲရဲသာလုပ်ပါ ။ အခြားလူတွေ ဘယ်လိုထင်သလဲဆိုတာ အရေးစိုက်မနေပါနဲ့ ။

#ဂရုမစိုက်ခြင်းအနုပညာ

တစ်ခုခုဆို ကံပါသလောက်ပဲ ငါတွေးထားတယ် ။ငါအသက်ရှင်နေတုန်းလေးငါပိုင်ဆိုင်ခွင့်ရတဲ့အရာတွေငါ့အနားမှာရှိနေပေးကြတဲ့လူတချို့ကိုတ...
29/12/2023

တစ်ခုခုဆို ကံပါသလောက်ပဲ ငါတွေးထားတယ် ။

ငါအသက်ရှင်နေတုန်းလေး
ငါပိုင်ဆိုင်ခွင့်ရတဲ့အရာတွေ
ငါ့အနားမှာရှိနေပေးကြတဲ့လူတချို့ကို
တန်ဖိုးထားပြီး အကောင်းမွန်ဆုံးဆက်ဆံမယ် ။

လက်လွှတ်ဆုံးရှုံးရဖို့အချိန်ရောက်လာရင်လည်း
ပြုံးပြုံးလေးနဲ့လက်လွှတ်နိုင်အောင်ကြိုးစားမယ် ။

ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ရင်လည်း
ထိုနည်းတူပဲ
ငါဘာကိုမှ ထွေထွေထူးထူးသိပ်မတွေးချင်တော့ဘူး
ကံပါသလောက်တော့ အတူရှိခွင့်ရမှာပါ ။

#ဖားစည်ရည်ကျော်
crd

အားမလျှော့နဲ့  ဘ ဝ မှာ လွယ်လွယ်နဲ့ ရတဲ့အရာက တန်ဖိုးမရှိသလိုတန်ဖိုးရှိတဲ့အရာကလဲ လွယ်လွယ်နဲ့ မရဘူး စစ်မှန်တဲ့ အောင်မြင်မှု...
29/12/2023

အားမလျှော့နဲ့

ဘ ဝ မှာ
လွယ်လွယ်နဲ့ ရတဲ့အရာက တန်ဖိုးမရှိသလို
တန်ဖိုးရှိတဲ့အရာကလဲ လွယ်လွယ်နဲ့ မရဘူး

စစ်မှန်တဲ့ အောင်မြင်မှုတိုင်းမှာ
မှန်ကန်တဲ့ ကြိုးစားအားထုက်မှုဆိုတာ ရှိကို ရှိတယ်

ဒုက္ခနဲ့ ဝေဖန်ခံရမှုကလွဲရင်
ကျန် တာ အ လ ကား မ ရ ဘူး

ရောက်ချင်ရင် လျှောက်ရမယ်
ရ ချင် ရင်ကြိုး စား ရ မယ်
ပိုတော်ချင်ရင် ပိုလေ့ကျင့်ရမယ်
သူများထက်ပိုသိချင်ရင် သူများထက်ပိုလေ့လာရမယ်
ဘယ်အရာပဲဖြစ်ဖြစ် တန်ရာတန်ရာတော့ ပေးရတာပဲ

သူကြိုးစားနေတဲ့အချိန်မှာ ကိုယ်ကအိပ်နေပြီး
ကိုယ်ကျရှုံးချိန်မှာ သူအောင်မြင်သွားမှ
မင်းက ကံကောင်းတယ်လို့ သွား မ ပြော နဲ့
ကိုယ့်ရဲ့ ကြိုစားအားထုက်မှုဟာ ကိုယ့်ဘဝဖြစ်လာမှာပဲ

လိုချင်တာတစ်ခု ရဖို့
အခက်အခဲ များစွာကျော်ဖြတ်ရသလို

ပန်းတိုင်းကိူ ရောက်ဖို့ဆိုတာလဲ
အတားအဆီးတွေကို ရင်ဆိုင်ဖြေရှင်းပြီး
ကြိုးကြိုးစားစား ဇွဲလုံလနဲ့ သွားနိုင်မှ ရတာပါ

ကိုယ့်ကိုယ်ကို ပြန်မေးပါ
ဒီအရာကို ငါ တကယ်လိုချင်တာဟုတ်ရဲ့လားလို့

တ ကယ် လို ချင် တယ် ဆို ရင်
တကယ်ကြိုးစားပါ ဘယ်တော့မှ အားမလျှော့နဲ့
ဝိရီယထားပြီး လိုချင်စိတ်နဲ့ လုပ်တဲ့သူအတွက်
ထိုက် တန် တဲ့ နေ ရာ တစ် ခု တော့ . ရှိ စ မြဲ ပါ ပဲ

အ ရေး ကြီး တာ က
မင်း အား မ လျှော့ လိုက် ဖို့ ဘဲ လို တယ် ။

အဓိပ္ပာယ်ရှိဖို့ကြိုးစားနေတဲ့ အချိန်မှာအဓိပ္ပာယ်မဲ့တဲ့သူတွေရဲ့အဓိပ္ပာယ်မရှိတဲ့ စကားတွေကို အလေးမထားမိပါစေနဲ့ ။အသိဥာဏ်ရှိဖ...
27/12/2023

အဓိပ္ပာယ်ရှိဖို့ကြိုးစားနေတဲ့ အချိန်မှာ
အဓိပ္ပာယ်မဲ့တဲ့သူတွေရဲ့
အဓိပ္ပာယ်မရှိတဲ့ စကားတွေကို
အလေးမထားမိပါစေနဲ့ ။

အသိဥာဏ်ရှိဖို့ကြိုးစားနေတဲ့ အချိန်မှာ
အသိဥာဏ်မဲ့တဲ့သူတွေရဲ့
အသိဥာဏ်နည်းတဲ့ အပြုအမူတွေကို
ဂရုမစိုက်မိပါစေနဲ့ ။

သင်ခန်းစာယူဖို့ကြိုးစားနေတဲ့ အချိန်မှာ
သင်ခန်းစာမရတဲ့သူတွေရဲ့
သင်ခန်းစာမပေးတဲ့ အလုပ်တွေကို
အထင်မကြီးမိပါစေနဲ့ ။ ။


ကိုယ့်ကို တန်ဖိုးမထားတဲ့လူဆီမှာ ကပ်တွယ်မနေပါနဲ့ ။°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°ချစ်တယ်ဆိုတဲ့စကားလေးပဲရှိပြီး ကိုယ...
27/12/2023

ကိုယ့်ကို တန်ဖိုးမထားတဲ့လူဆီမှာ ကပ်တွယ်မနေပါနဲ့ ။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ချစ်တယ်ဆိုတဲ့စကားလေးပဲရှိပြီး ကိုယ့်စကားတွေကိုအလေးမထားတဲ့၊ ကိုယ့်ကို သူ့ဘဝမှာအရာတစ်ခုတောင်မပေးတဲ့ လူဆီမှာ တွယ်ကပ်မနေပါနဲ့..။

သူ့ဘဝရဲ့အနာဂတ်တွေမှာ ကိုယ်မပါတဲ့လူတွေကိုမချစ်ပါနဲ့..။

လူရှေ့မှာချစ်ပြစရာမလိုပါဘူး။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုရောက်ရင်တော့ လူရှေ့ထုတ်ပြဖို့လိုပါတယ်။ ကိုယ့်ကိုလူရှေ့ချမပြရဲတဲ့လူတွေကို မချစ်ပါနဲ့။

မချစ်ပါနဲ့...

ကိုယ်တစ်ယောက်တည်းအတွက် သီးသန့်မဟုတ်တဲ့ မေတ္တာမျိုးတွေကိုဝေးဝေးရှောင်ပါ။

မပြတ်သားနိုင်လို့ပါ ၊ မပြတ်သားရဲလို့ပါဆိုတဲ့ လူတွေကိုရှောင်ပါ..။

ကိုယ့်အတွက် ဆုံးဖြတ်ချက်လေးတစ်ခုတောင်
သေချာမပေးနိုင်တဲ့ လူတွေကိုမချစ်ပါနဲ့..။

ခဏခဏ အမှားတွေလုပ်ပြီးမှ ခဏခဏတောင်းပန်တတ်တဲ့လူကို ထပ်ခါထပ်ခါအခွင့်အရေးတွေပေးပြီး မယုံကြည်မိပါစေနဲ့..။

ရှောင်နိုင်အောင်ကြိုးစားပါ..။

စိတ်ကြည်တဲ့အချိန်မှပဲ စိတ်လိုလက်ရ လာပေးတဲ့
ချစ်ခြင်းမေတ္တာမျိုးတွေကိုလည်း ရှောင်ရှားတတ်ပါစေ..။


#ဒီနေ့အတွက်ရှင်သန်ခြင်း

ငါဘယ်သူနဲ့မှ မပြိုင်နေဘူး ။အခြားသူတွေထက် သာအောင်ပြိုင်ဆိုင်ရတဲ့ ကစားပွဲထဲမှာ ပါဖို့လည်း စိတ်ကူးမရှိဘူး ။မနေ့က ငါထက် ဒီနေ...
27/12/2023

ငါဘယ်သူနဲ့မှ မပြိုင်နေဘူး ။
အခြားသူတွေထက် သာအောင်ပြိုင်ဆိုင်ရတဲ့
ကစားပွဲထဲမှာ ပါဖို့လည်း စိတ်ကူးမရှိဘူး ။
မနေ့က ငါထက် ဒီနေ့ ငါက ပိုသာအောင်
ရိုးရိုးလေးပဲ ကြိုးစားနေတာ ။

* Selena Gomez *

တကယ်လို့ မင်းဟာ လက်ရှိအချိန်မှာစိတ်ပင်ပန်းခက်ခဲနေရတယ်...ဘဝမှာ နာကျင်ခံစားနေရတယ်ဆိုရင်ဂုဏ်ယူပါတယ်။ဘာလို့လဲဆိုရင်မင်းမှာ အ...
27/12/2023

တကယ်လို့ မင်းဟာ လက်ရှိအချိန်မှာ
စိတ်ပင်ပန်းခက်ခဲနေရတယ်...
ဘဝမှာ နာကျင်ခံစားနေရတယ်ဆိုရင်
ဂုဏ်ယူပါတယ်။

ဘာလို့လဲဆိုရင်
မင်းမှာ အခွင့်အရေးတစ်ခု
ရှိနေပြီမလို့ပါ။

ဘာအခွင့်အရေးလဲဆိုရင်
နာကျင်မှုတွေထဲက
ကိုယ့်ကိုယ်ကိုယ် ပြန်ရှာနိုင်မယ့် အခွင့်အရေးပါ။

ငါတို့ တော်တော်များများဟာ
ကိုယ်မဟုတ်တဲ့ ပြင်ပအရာတွေကို
ရှာဖွေရင်းနဲ့ပဲ ဘဝကိုဖြတ်သန်းနေကြတယ်။

ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးလာရင်း
အချိန်တစ်ခုရောက်တဲ့အခါ
စိတ်ရဲ့ နာကျင်ခြင်းကို ခံစားလာရတယ်။

ဒါဟာ ငါတို့ကိုယ်ငါတို့
ပြန်ရှာဖွေဖို့သင့်ပြီလို့
အချက်ပြတဲ့ အခိုက်အတန့်ပဲ။

ဒီတော့ မင်းအနေနဲ့
ဘဝမှာ နာကျင်ခံစားနေရတယ်...
စိတ်ပင်ပန်းနေရတယ်ဆိုရင် စိတ်မညစ်ပါနဲ့။

ဒါကို အခွင့်အရေးလို့ သတ်မှတ်ပြီး
နာကျင်မှုတွေထဲကနေ
ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေပါ။
ဒီအခါ မင်း ပျော်ရွှင်ခြင်းကို
ရှာတွေ့လာပါလိမ့်မယ်

Dr. Pyae Sone Ko Ko
Your Mindset Advisor

 #လူတချို့က -----တစ်သက်လုံး မဆင်းရဲတော့ဘူးအမှတ်နဲ့ ၊ဘဝင်တွေ မြင့်နေကြတယ် !! #လူတချို့က -----တစ်သက်လုံး မမွဲတော့ဘူး အမှတ်...
25/12/2023

#လူတချို့က -----
တစ်သက်လုံး မဆင်းရဲတော့ဘူး
အမှတ်နဲ့ ၊
ဘဝင်တွေ မြင့်နေကြတယ် !!

#လူတချို့က -----
တစ်သက်လုံး မမွဲတော့ဘူး
အမှတ်နဲ့ ၊
မောက်မာနေကြတယ် !!

#လူတချို့က -----
တစ်သက်လုံး အသာစံရမယ်
အမှတ်နဲ့ ၊ အထက်စီးဆန်
ဆက်ဆံနေကြတယ် !!

#လူတချို့က -----
တစ်သက်လုံး အောက်ခြေခံဘဝ
မဖြစ်တော့ဘူး အမှတ်နဲ့ ၊
နိုင့်ထက်စီးနင်း ပြုမူနေကြတယ် !!

#လူတချို့က -----
တစ်သက်လုံး မငတ်တော့ဘူး
အမှတ်နဲ့ ၊
အောက်ခြေလွတ်နေကြတယ် !!

#လူတချို့က -----
တစ်သက်လုံး ပြီးပြည့်စုံမယ်
အမှတ်နဲ့ ၊
သွေးနားထင် ရောက်နေကြတယ် !!

#လူတချို့က -----
တစ်သက်လုံး ချစ်ခင်နေမယ်
အမှတ်နဲ့ ၊
ယုံကြည်မှုတွေ အလွဲသုံးစား
လုပ်ပြလာနေကြတယ် !!

#လူတချို့က -----
တစ်သက်လုံး အကြည်ညို
မပျက်ဘူး အထင်နဲ့ ၊
အရှက်မဲ့ပြ လာနေကြတယ် !!

#လူတချို့က -----
တစ်သက်လုံး ကိုးကွယ်နေမယ်
အမှတ်နဲ့ ၊
ချယ်လှယ်ချင်တိုင်း ချယ်လှယ်
လာနေကြတယ် !!

#လူတချို့က -----
တစ်သက်လုံး ငတုံးတွေအတိုင်း
ရှင်သန်မယ် အမှတ်နဲ့ ၊
လှည့်စားလာကြတယ် !!

#လူတချို့က -----
တစ်သက်လုံး အမှန်တွေချည်းပဲ -
ရွေးလုပ်ခဲ့တယ် အမှတ်နဲ့ ၊
စကားကြီးစကားကျယ်
ပြောထွက်လာကြတယ် !!

#လူတချို့က------
တစ်သက်လုံး မသေတော့ဘူး
အမှတ်နဲ့ !
ကျိန်ဆဲနေကြတယ်!!

အဲ့ဒီလူမျိုးတွေထဲ ---
သင်ကိုယ်တိုင် မပါမိစေနဲ့
မိတ်ဆွေ။

လေးစားလျှက်
မေတ္တာဖြင့်



စိတ်ဓာတ်တွေ ကျနေတဲ့အခါအရင်ကထက် ပိုပြုံးပါမိတ်ဆွေ...စိတ်ညစ်နေလို့ မပြုံးနိူင်ဘူးမပြောပါနဲ့ငွေမကုန်ပဲ စိတ်ညစ်ပျောက်စေတာကသင...
25/12/2023

စိတ်ဓာတ်တွေ ကျနေတဲ့အခါ
အရင်ကထက် ပိုပြုံးပါမိတ်ဆွေ...

စိတ်ညစ်နေလို့ မပြုံးနိူင်ဘူးမပြောပါနဲ့
ငွေမကုန်ပဲ စိတ်ညစ်ပျောက်စေတာက
သင့်အပြုံးပဲ ရှိပါတယ်။

သင်ဖန်တီးယူလို့ မရသေးတဲ့အရာတွေအပေါ်
တွေးနေတဲ့ အတွေးတွေကို
ဖျောက်ပစ်ဖို့လဲ မမေ့လိုက်ပါနဲ့နော် ။
တစ်ခါတစ်ရံမှာ ကျွန်တော်တို့က
ဘယ်ကလာမှန်းမသိတဲ့အမှိုက်ထုပ်တွေကို
စိတ်ထဲမှာ သယ်ထားမိတတ်လို့ပါ။

ဖြစ်ပြီးခဲ့တဲ့ အတိတ်တွေကို
ပစ္စုပ္ပန်အထိ သယ်လာတာမျိုး
မဖြစ်သေးတဲ့အနာဂတ်တွေကို
ပစ္စပ္ပန်မှာ ကြိုးတွေးပူနေတတ်တာမျိုးပေါ့။

ဒဏ်ရာတွေများလို့ မပြုံးနိူင်ဘူးမပြောပါနဲ့
နာကျင်မှုကို ဖန်တီးထားတဲ့သူက သင်ကိုယ်တိုင်ပါ
သင်လွှတ်ချလိုက်တာနဲ့ နာကျင်မှုက သက်သာနေပါပြီ ဘယ်အချိန်မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့
နေ့သစ်တိုင်းကို စိတ်သစ်လူသစ်နဲ့စတင်ပါ။

ဘဝက သူများဖန်တီးထားတာမဟုတ်ဘူး
သင်ကိုယ်တိုင် ဖန်တီးယူရမှာပါ
သင့်စိတ်ပျော်တဲ့အခါ
အလုပ်လုပ်ရတာလဲပျော်လာမယ်
အလုပ်ထဲမှာပျော်တဲ့အခါ မိသားစု၊မိတ်ဆွေအပေါင်းအသင်းတွေနဲ့လဲ အဆင်ပြေလာပါလိမ့်မယ်
သင့်ရဲ့စိတ်ကသာ သင့်ဘဝအတွက် အရာရာပါ။

နံနက်ခင်းတိုင်းကို အပြုံးနဲ့နိုးထပါ
လမ်းမှာတွေ့သူတိုင်းကို အပြုံးနဲ့နှုတ်ဆက်ပါ
ဘယ်သူဘယ်လိုမုန်းမုန်း သင်ပြုံးနေတာကိုက
သူတို့ရှုံးနေတာပါ။

ကိုယ့်ကို မလိုလို့မုန်းနေသူကို
အမုန်းနဲ့ တုံ့ပြန်စရာမလိုဘူး
အဆင့်အတန်းရှိရှိအနိူင်ယူချင်ရင်
သင်ပြုံးဖို့မမေ့ပါနဲ့။

လူ့ဘဝက သိပ်တိုတယ်
ဒါပေမယ့် ဘယ်တော့မှ စိတ်ညစ်ရာတွေနဲ့ မရှင်သန်ပါနဲ့ အနည်းဆုံး အဆင်မပြေရင်တောင် အလာကားရတဲ့အပြုံးလေးနဲ့ သင့်ကိုယ်သင်
စိတ်ချမ်းသာအောင်ထားနိူင်သေးတာပဲဆိုတဲ့စိတ်နဲ့
ပျော်နိူင်ပါစေ...ကွယ်။

🌿ဘဝကိုလေတိုက်တိုင်း လွှင့်နေတဲ့သစ်ရွက်ခြောက် မဖြစ်စေနဲ့ ဘဝကိုသူတစ်ပါးအလိုကျ နေပေးရတဲ့ဘဝ မဖြစ်စေနဲ့ဘဝကိုမျှော်လင့်ချက်မရှ...
25/12/2023

🌿ဘဝကို
လေတိုက်တိုင်း လွှင့်နေတဲ့
သစ်ရွက်ခြောက် မဖြစ်စေနဲ့

ဘဝကို
သူတစ်ပါးအလိုကျ
နေပေးရတဲ့ဘဝ မဖြစ်စေနဲ့

ဘဝကို
မျှော်လင့်ချက်မရှိဘဲ
ရှင်သန်နေတဲ့သူ မဖြစ်စေနဲ့

ဘဝကို
ရည်ရွယ်ချက်မရှိဘဲ
လျှောက်လှမ်းနေတဲ့သူ မဖြစ်စေနဲ့

ဘဝကို
သူတစ်ပါးအားကိုးနဲ့
ရပ်တည်နေရတဲ့သူ မဖြစ်စေနဲ့

ဘဝကို
အသက်ရှင်လျှက်နဲ့
ဘဝသေနေတဲ့သူ မဖြစ်စေနဲ့

အဲလိုဖြစ်နေမယ်ဆိုရင်
မနက်ဖြန်တိုင်းဟာ
ပျော်ရွှင်စရာ ဖြစ်လာမှာမဟုတ်ဘူး။

မနက်ဖြန်တိုင်းဟာ
စိတ်ညစ်စရာတွေ ဖြစ်လာလိမ့်မယ်

ဘဝကို
အောင်မြင်မှုတွေနဲ့ ဖြတ်သန်းချင်တယ်
တစ်ပါးသူတွေရဲ့
တန်ဖိုးထားချင်းကို ခံချင်တယ်ဆိုရင်

ဘဝကို
ဖြစ်သလို မနေလိုက်ပါနဲ့

ဘဝကို
ဖြစ်သလို နေလိုက်မယ်ဆိုရင်

အောင်မြင်မှုတွေ မရနိုင်သလို
တန်ဖိုးထားချင်လည်း ခံရမှာမဟုတ်ဘူး။

ဒါကြောင့်
ဘဝကို
အချိန်ရှိတုန်းလေးမှာ
လေ့လာသင့်တာ လေ့လာပါ
သင်ယူသင့်တာ သင်ယူပါ

ဘဝကို
လွတ်လွတ်လပ်လပ်
ရှင်သန်နိုင်အောင် ကြိုးစားပါ🪴🪴

✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️

#အရှင်ဇဝန
#ကိုယ့်ကိုယ်ကိုယ်ချစ်တတ်လာတဲ့အခါ

ဘယ်လို အဆင်မပြေတာတွေနဲ့ပဲ ကြုံနေကြုံနေ...ဒါတွေကို ပြန်ပြန် ငုံ့ငုံ့ကြည့်မနေပဲ ကိုယ်မျှော်လင့်ထားတဲ့၊ မြင့်မြင့်မားမား ချ...
25/12/2023

ဘယ်လို အဆင်မပြေတာတွေနဲ့ပဲ
ကြုံနေကြုံနေ...ဒါတွေကို ပြန်ပြန် ငုံ့ငုံ့ကြည့်မနေပဲ ကိုယ်မျှော်လင့်ထားတဲ့၊ မြင့်မြင့်မားမား
ချမှတ်ထားတဲ့ ပန်းတိုင်ဆီကိုပဲ မော်ကြည့်ပြီး
ပြောချင်တာကတော့...အပေါ်ကိုပဲ ကြည့်ပြီး
သတိဝီရိယတွေနဲ့ လုပ်သင့်တာတွေကို
ဆက်လုပ်ဖို့လိုမှာပါပဲ။
------------

ဟောဒီ လောကကြီးမှာ ဒုက္ခအန္တရာယ်တွေကို ကြောက်တတ်သူအတွက် အမြဲပဲ
အန္တရာယ်ဟာ ရှိနေမှာပဲ

#ဘားနစ်ရှော
------------
( ပါးစပ်ကနေ... ရချင်လိုက်တာ ) လို့
တောင့်တနေကာမျှနဲ့တော့ မရနိုင်ဘူး။
စိတ်ကနေ.... “ ငါရရင်ကောင်းမှာပဲ ” လို့
တောင့်တကာမျှနဲ့လဲ မရနိုင်ဘူး။ ဒီလိုနှုတ်နဲ့ စိတ်နဲ့ တောင့်တနေရုံမျှနဲ့ ရမယ်ဆိုရင်တော့
လောကမှာ ပြည့်စုံသူတွေချည်း ဖြစ်နေမှာပဲ။
---------
“ ဒုက္ခအန္တရာယ်တွေ၊ အခက်အခဲတွေဆိုတာ
ပူပြင်းတဲ့ ရာသီဥတုနဲ့တူတယ်၊
ပူပြင်းတဲ့ ရာသီဥတုဟာ
နွားနို့ကိုတော့ ချဉ်သိုးသွားစေတယ်၊
ဒါပေမယ့် တချို့သော သစ်သီး‌တွေကိုတော့
ချိုမြိန်စေတဲ့ သစ်သီး‌တွေအဖြစ် ရောက်အောင်
ရင့်မှည့်စေနိုင်တယ်။ ”

#ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း

Photo Crd
---------------

"ယောက်ျားဆိုတာ မချမ်းသာ‌ရင်တောင်အရည်အချင်းတစ်ခုခုရှိရမှာ။ဘာအရည်အချင်းမှမရှိရင်ဘယ်နေရာမှာသွားသုံးရမလဲ" မှတ်သားစရာစကားတစ်ခ...
25/12/2023

"ယောက်ျားဆိုတာ မချမ်းသာ‌ရင်တောင်အရည်အချင်းတစ်ခုခုရှိရမှာ။ဘာအရည်အချင်းမှမရှိရင်ဘယ်နေရာမှာသွားသုံးရမလဲ"

မှတ်သားစရာစကားတစ်ခွန်းပဲ။ဒီစာအုပ်ကို အမျိုးသမီးတွေသာမက အမျိုးသားတွေကိုပါ ဖတ်ဖို့ ပြောပါရစေ။
-------------------
ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား📖

"အို မဟုတ်ပါဘူး ကြီးကြီးမေရယ်၊
သူဒီလောက်တော့မဆိုးပါဘူး၊သူဒီလောက်
မပျက်စီးသေးပါဘူး ကြီးကြီးမေ၊ ပြီးတော့ ဘာပဲဖြစ်ဖြစ် သူ့ကို စုပြုပြင်နိုင်ပါတယ်၊စုစကားကို
သူနားထောင်မှာပါ" တဲ့။

ရင်နှင့်ရင်းပြီးချစ်ခဲ့ရတဲ့ အမျိုးသားအပေါ်ယုံကြည်ချက်ပြင်းထန်လွန်းခဲ့တဲ့အမျိုးသမီးငယ်။
ချစ်ရတဲ့အမျိုးသားကို ပြုပြင်ပြောင်းလဲပေးဖို့
သိပ်စိတ်အားထက်သန်ခဲ့တဲ့အမျိုးသမီးငယ်။
အင်း...ပြောရရင် ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ပေါ့...၊

စိတ်ကူးယဉ်တတ်သလို သိပ်ကိုလည်းကဗျာဆန်တတ်တဲ့စု...
စိတ်ကူးယဉ်ဆန်ဆန် အချစ်တစ်ခုကိုဘဝထင်ပြီး
အိမ်ထောင်ဆိုတဲ့ အိမ်ထောင်ရေးနွံထဲ လွယ်လွယ်ခုန်ဆင်းသွားတဲ့စုဟာလေ သိပ်ကိုရူးမို က်ခဲ့တာပါလားကွယ်။

လူကြီးသူမ အတန်တန်တားတဲ့ကြားက
စုကတော့ လင်မယားဖြစ်သွားခဲ့ပြီးပြီ ဆိုတဲ့အကြောင်းပြချက်နဲ့ ဘာမဆို ရင်ဆိုင်ဖို့သတ္တိတွေရှိနေခဲ့လေရဲ့..၊

မိဘအိမ်မှာ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေလာခဲ့တဲ့သူမက ဒီလိုအသိုင်းအဝိုင်းထဲမှာနေနိုင်မှာတဲ့လား။
ဒါပေမယ့် စုမှာသတ္တိတွေရှိခဲ့တယ်။အားအင်တွေရှိခဲ့တယ်။
ချစ်ရသူလက်ကိုဆွဲပြီး အရာရာရင်ဆိုင်မယ်။
တူနှစ်ကိုယ်တဲပျက်ထဲမှာ ထမင်းရေသောက်ရလည်း နေနိုင်ပါတယ်ဆိုတဲ့ ကဗျာဆန်ဆန်အတွေးတွေလည်းရှိနေခဲ့လေရဲ့။

တစ်နေ့ထက်တစ်နေ့ပျက်စီးသထက်ပျ,က်စီးလာတဲ့ချစ်ရသူကြောင့်ဗျာ များရတာလည်း
အိမ်ထောင်စကျပါပြီဆိုကတည်းက။
ဒါပေမယ့် သူမ အပြစ်မယူရက်ခဲ့ပြန်ဘူး။

တစ်နေ့တော့ပြောင်းလဲသွားမှာပါလေ။
‌ငါ့ကိုချစ်ရင် ပြောင်းလဲသွားမှာပါလေဆိုတဲ့အတွေးတွေဝင်နေခဲ့တော့ သိပ်ကိုခက်ပါရောလားကွယ်။

လူတစ်ယောက်ရဲ့ဗီဇဆိုတာ ကိုယ်အမှားလုပ်မှန်းသိနေလည်း ကိုယ်ကိုယ်တိုင်ပြုပြင်ချင်တဲ့စိတ်မရှိရင် သိကြားမင်းတောင်ဆင်းပြင်ပေးလို့မရဘူးလေ။

ကိုယ့်ကိုချစ်လို့ သူ့ရဲ့အကျင့်ဆိုးဗီဇဆိုးတွေကို
ကိုယ့်အတွက်ဆိုပြီးကြိုးစားပြီးပြုပြင်ပြောင်းလဲလာတဲ့ လူကိုရခဲ့ရင်တော့ ကိုယ်တို့တွေဟာ သိပ်ကိုကံကောင်းကြတာပါပဲ။

နေမင်း က စုကိုချစ်ပါရဲ့။ခက်တာက သူ့မှာပြောင်းလဲချင်စိတ်ပါမလာခဲ့ဘူး။တိုးတက်ချင်စိတ်ပါမလာခဲ့ဘူး။

"ဒီလိုစကားမျိုးနဲ့တော့ မင်း...မောင့်ကိုမစော်ကားပါနဲ့စု။ကိုယ်ပြောခဲ့ပြီကော။အစတည်းကမှားခဲ့တဲ့ကိစ္စလို့။အေး.. အဲ့အမှားဒဏ်ကိုနှစ်ယောက်လုံးခံစတမ်း ဆိုရင်တော့ မင်း..မောင်နဲ့နေကိုနေနိုင်ရမယ် စု ၊
မောင် ဒါပဲပြောမယ်"

ဆိုပြီး ပစ်ပစ်ခါခါ ပြောသွားတဲ့ ယောက်ျားဖြစ်သူကိုလည်းအပြစ်မတင်ရက်။
အစကတည်းက အရာရာကို ပန်းခင်းလမ်းအမှတ်နဲ့လျှောက်လှမ်းခဲတဲ့သူမရဲ့အပြစ်တွေသာ။
နေမင်းဟာ ဒီလိုလူမှန်းသိရက်နဲ့တောင် ရွေးချယ်ခဲ့တဲ့သူမရဲ့အမှားတွေသာ။

အိုင်းရင်းပြောသလိုပေါ့

"ယောက်ျားဆိုတာ မချမ်းသာ‌ရင်တောင်အရည်အချင်းတစ်ခုခုရှိရမှာ။ဘာအရည်အချင်းမှမရှိရင်ဘယ်နေရာမှာသွားသုံးရမလဲ"တဲ့

အဲ့စကားကိုသိပ်ကြိုက်တယ်။
အိုင်းရင်းရဲ့အတွေးကိုကြိုက်သလို သူ့ရဲ့စိတ်ဓာတ်တွေကိုလည်းသဘောကျတယ်။

အရည်အချင်းရှိတဲ့လူကိုပဲရွေးချယ်မယ်။
ကိုယ်တိုင်ကလည်းအရည်အချင်းရှိအောင်ကြိုးစားမယ်။
သူ့ဝင်ငွေ၊သူ့လုပ်စာကိုမှီခိုနေရင် သူ့မျက်နှာကိုကြည့်နေရအုံးမယ်လေ။

တကယ်တော့ ယောက်ျား၊မိန်းမ မှမဟုတ်ဘူး။
လူတစ်ယောက်က မချမ်းသာရင်တောင် အရည်အချင်းတစ်ခုခုရှိသင့်တယ်။

ဘာအရည်အချင်းမှလည်းမရှိ၊ဘာမှတိုးတက်ချင်စိတ်မရှိတဲ့လူတစ်ယောက်ကို သူဘယ်လိုလူမှန်းသိရဲ့သားနဲ့ ရူးမိုက်စွာတော့ကိုယ်တို့မရွေးချယ်သင့်ဘူးလေ။

"မချစ်သေးလို့ပါ"
"ချစ်ရတဲ့သူရှိလာရင် စုလိုပဲ မိုက်ရူးရဲဆန်လာလိမ့်မယ်"
ပြောလာခဲ့သည်ရှိသော်
ချစ်တာနဲ့ မိုက်ရူးရဲဆန်တာမတူဘူးလို့ပြောချင်တယ်။
ဘဝကို ဝတ္ထုတွေထဲကအတိုင်းစိတ်ကူးယဉ်ပြီး
လွယ်လွယ်လေးတွေးရင် ကိုယ်ကတော့ ကိုယ်တိုင်ကဦးနှောက်မရှိဘူးလို့ပဲထင်တယ်။

ဘဝဆိုတာ စိတ်ကူးယဉ်လို့သာ သိပ်ကောင်းတာ။
တကယ်ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ
နဖူးတွေ့ဒူးတွေ့ကြုံလာရတဲ့အခါ
ဖြတ်ကျော်ရမှာက ကိုယ်တိုင်ပဲ။
အဲ့ပင်ပန်းဆင်းရဲဒဏ်တွေကို ခံရမှာက ကိုယ်ကိုတိုင်ပဲ။

ရွေးချယ်ခဲ့တဲ့လူက ကိုယ်နဲ့အတူ အေးအတူ၊ပူအမျှ
ကြိုးကြိုးစားစားဖြတ်သန်းတဲ့လူဆိုရင် ဒီလမ်းကမှန်ကန်ပေမယ့် နေမင်းလိုလူနဲ့တွေ့ခဲ့ရင်ရော...
ဒါတောင်နေမင်းက မရိုက်မနှက်တဲ့ယောက်ျားနော်။

"လင်ကုန်ရှုံးရင် တစ်သက်လုံးမှောက်တတ်တယ်"တဲ့

ငယ်ရွယ်တဲ့အချိန်၊ဘဝအတွက်အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ ရူးရူးမိုက်မိုက်ပစ်ဝင်ခဲ့တဲ့အိမ်ထောင်ရေးခရီးလမ်းက တကယ်ရောဖြောင့်ဖြူးနိုင်ခဲ့လို့လား။

ပြောင်းလဲလာပါလိမ့်မယ်ဆိုတဲ့အတွေးနဲ့ အားတင်းပြီးနေခဲ့တာ နောက်ဆုံးကိုယ့်ဘဝပဲ ရေတိမ်နစ်သွားခဲ့တယ်။အဲ့လူကတော့ ပြောင်းလဲမလာခဲ့ဘူး။

စုအရွယ်က သိပ်ကိုငယ်‌သေးတာ။
အဲ့လိုဒဏ်တွေကိုခါးစီးခံပြီးကြွေလွင့်ခဲ့ရမယ့်အစား
ဘဝတက်လမ်းတွေကိုရှာဖွေနေသင့်တာ။
လူငယ်ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေသင့်တာ။

တကယ်တော့ လောကကြီးမှာ
စုလို အချစ်ကိုဘဝထင်ပြီး ကိုးကွယ်တဲ့မိန်းကလေးရှိ‌သလို
အချစ်ကို ဦးစားမပေးတဲ့အိုင်းရင်းလိုမိန်းကလေးတွေကလည်းဒုနဲ့ဒေးပါ။

‌အချစ်က ဘဝမှာအရေးပါပေမယ့်
ဘဝတစ်ခုလုံးပုံအပ်ပြီး ကိုးကွယ်ရလောက်တဲ့အထိတော့ ကိုယ်‌တို့တွေမရူးမို,က်သင့်ဘူးလို့ ထင်ပါရဲ့။

#မိုးမိုး(အင်းလျား)
#ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား

Review by
(လေးစားစွာcrdပေးပါသည်)🙏❤

Address

Yangon

Telephone

+959425166592

Website

Alerts

Be the first to know and let us send you an email when Coé Coé posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category