03/09/2026
Disclaim လုပ်တယ်ဆိုတာ ဘာလဲ?
သင်က Coffee Brand တစ်ခု ဖန်တီးထားတယ်ဆိုပါစို့။
Trademark က—
ZORA PREMIUM COFFEE
ဖြစ်တယ်။
Trademark Registration လည်း ရသွားတယ်။
ဒါနဲ့ သင်က—
“ကောင်းပြီ။ အခု COFFEE ဆိုတဲ့စကားလုံးကို တခြားသူတွေ မသုံးရတော့ဘူး။ ငါ Register လုပ်ထားပြီးပြီလေ”
လို့ ပြောလို့ရမလား?
မရပါဘူး။
ဘာကြောင့်လဲ?
“COFFEE” ဆိုတာ ကော်ဖီလုပ်ငန်းထဲမှာ လူတိုင်း အသုံးပြုဖို့လိုတဲ့ ကုန်ပစ္စည်းအမည်တစ်ခု ဖြစ်လို့ပါ။
ဒါပေမယ့်—
ZORA PREMIUM COFFEE
တစ်ခုလုံးကို Trademark တစ်ခုအနေနဲ့ Register လုပ်ထားနိုင်ပါတယ်။
“Mark တစ်ခုလုံးကို မင်းကာကွယ်နိုင်တယ်။ ဒါပေမယ့် Mark ထဲက လူတိုင်းသုံးခွင့်ရှိသင့်တဲ့ စကားလုံးတစ်လုံးကိုတော့ သီးသန့်မင်းတစ်ယောက်တည်းပိုင်တယ်လို့ မပြောနဲ့။”
အဲဒီသဘောတရားနဲ့ ဆက်စပ်တာကို—
Disclaim
လို့ ခေါ်ပါတယ်။
Disclaim ဆိုတာ ဘာလဲ?
Trademark ထဲမှာ ပါဝင်နေတဲ့ စကားလုံး၊ အစိတ်အပိုင်း သို့မဟုတ် Element တစ်ခုအပေါ် “ဒီအပိုင်းကို သီးသန့် Exclusive Right တောင်းဆိုတာ မဟုတ်ပါဘူး” လို့ အလွယ်နားလည်နိုင်ပါတယ်။
Disclaim လုပ်တယ်ဆိုတာ Trademark တစ်ခုလုံးကို စွန့်လွှတ်တာ မဟုတ်ဘူး။
Mark ထဲက အချို့ Element ကိုသာ—
“ဒီဟာကို သီးသန့်တစ်ဦးတည်းပိုင်ခွင့် မတောင်းပါဘူး”
လို့ ပြောတာပါ။
အလွယ်ဆုံး ဥပမာတစ်ခု
Trademark —
ZORA COFFEE
Coffee products အတွက် Register လုပ်တယ်ဆိုပါစို့။
ဒီမှာ—
ZORA
က Distinctive Brand Element ဖြစ်နိုင်တယ်။
COFFEE
ကတော့ Product Name ဖြစ်တယ်။
Coffee Seller အားလုံးက “coffee” ဆိုတဲ့စကားလုံးကို အသုံးပြုဖို့လိုပါတယ်။
ဒါကြောင့် Applicant က—
“No exclusive right is claimed to the word ‘COFFEE’ apart from the mark as shown.”
ဆိုတဲ့သဘောမျိုး Disclaim လုပ်နိုင်ပါတယ်။
အဓိပ္ပာယ်က—
ZORA COFFEE တစ်ခုလုံးကို Trademark အနေနဲ့ ကာကွယ်ချင်တယ်။
ဒါပေမယ့်—
COFFEE တစ်လုံးတည်းကို ငါတစ်ယောက်တည်းပိုင်တယ်လို့ မပြောဘူး။
ဖြစ်ပါတယ်။
Disclaim ကို ဘာကြောင့်လိုတာလဲ?
Trademark Registration ရဲ့ ရည်ရွယ်ချက်က—
Brand ကို ကာကွယ်ပေးတာ
ဖြစ်ပါတယ်။
လူတိုင်း အသုံးပြုဖို့လိုတဲ့ စကားလုံးတွေကို လူတစ်ယောက်တည်းလက်ထဲ ပေးဖို့ မဟုတ်ပါဘူး။
ဥပမာ—
“COFFEE”
“HOTEL”
“SCHOOL”
“RESTAURANT”
“RICE”
“TEA”
“PREMIUM”
“FRESH”
စတဲ့ စကားလုံးတွေဟာ Goods/Services နဲ့ သက်ဆိုင်တဲ့အခြေအနေပေါ်မူတည်ပြီး Generic, Descriptive သို့မဟုတ် Non-distinctive Element ဖြစ်နိုင်ပါတယ်။
ဒီတော့ Disclaime က—
Public သုံးခွင့်ရှိသင့်တဲ့ စကားလုံးကို Trademark Registration ကြောင့် တစ်ဦးတည်းပိုင်သွားသလို မဖြစ်စေဖို့ပါ။
Disclaim = “ဒီစကားလုံးကို မသုံးတော့ဘူး” လို့ ဆိုတာလား?
မဟုတ်ပါဘူး။
Trademark —
GOLDEN STAR HOTEL
ဆိုပါစို့။
“H0TEL” ကို Disclaim လုပ်ထားတယ်ဆိုရင်—
Owner က သူ့ Trademark ထဲမှာ HOTEL ဆိုတဲ့စကားလုံးကို ဆက်သုံးလို့ရပါတယ်။
Signboard ပေါ်မှာ—
GOLDEN STAR HOTEL
လို့ ဆက်ရေးလို့ရတယ်။
Advertisement မှာလည်း ဆက်သုံးလို့ရတယ်။
Disclaim က—
“HOTEL ဆိုတဲ့စကားလုံးကို မသုံးရဘူး”
လို့ ပြောတာမဟုတ်ပါဘူး။
ပြောတာက—
“HOTEL ဆိုတဲ့စကားလုံးကို တစ်လုံးတည်း သီးသန့် Exclusive Trademark Right အဖြစ် မတောင်းဆိုဘူး”
ဆိုတာပါ။
Trademark တစ်ခုလုံးတော့ ကာကွယ်နေသေးလား?
ဟုတ်ပါတယ်။
ဥပမာ—
Trademark = ZORA COFFEE
“COFFEE” ကို Disclaim လုပ်ထားတယ်။
နောက်တစ်ယောက်က—
MILA COFFEE
လို့ သုံးတယ်။
သူ့ကို—
“COFFEE ပါလို့ ငါ့ Trademark ချိုးဖောက်တယ်”
လို့ COFFEE တစ်လုံးတည်းအပေါ် မူတည်ပြီး တားဖို့ မလွယ်ပါဘူး။
ဘာကြောင့်လဲ?
COFFEE ကို Disclaim လုပ်ထားပြီး Common/Product Term ဖြစ်နေလို့ပါ။
ဒါပေမယ့် နောက်တစ်ယောက်က—
ZORA COFFEE
ဒါမှမဟုတ် confusion ဖြစ်နိုင်လောက်အောင် ဆင်တူတဲ့ Mark ကို Coffee Products အတွက် သုံးလာတယ်ဆိုရင်—
public confusion ဖြစ်နိုင်တဲ့အခြေအနေမှာ တားဆီးနိုင်တဲ့ exclusive right ရှိပါတယ်။
Disclaim လုပ်ရတတ်တဲ့ Elements တွေက ဘာတွေလဲ?
အခြေအနေပေါ်မူတည်ပြီး အများဆုံးတွေ့ရနိုင်တာက—
Generic Terms
Product/Service ရဲ့ သာမန်အမည်။
ဥပမာ—
COFFEE — coffee အတွက်
RICE — rice အတွက်
SCHOOL — educational services အတွက်
HOTEL — hotel services အတွက်
Descriptive Terms
Goods/Services ရဲ့ quality, characteristic, purpose စတာတွေကို ဖော်ပြတဲ့ စကားလုံး။
ဥပမာ—
PREMIUM
FRESH
FAST DELIVERY
PURE
SWEET
Geographic Terms
အခြေအနေပေါ်မူတည်ပြီး product/service ရဲ့ geographic origin/location ကို ဖော်ပြတဲ့အခါ။
ဥပမာ—
YANGON
MANDALAY
MYANMAR
စတာတွေ။
Common Business Expressions
လုပ်ငန်းကဏ္ဍထဲမှာ အများသုံးနေတဲ့ wording။
ဥပမာ—
INTERNATIONAL SCHOOL
TRADING COMPANY
RESTAURANT
HOTEL
CONSULTANCY
အဲဒီလိုစကားလုံးတွေပါ။
စကားလုံးတစ်လုံးမြင်တာနဲ့ အလိုအလျောက် Disclaim လုပ်ရမလား?
အဲလို မဟုတ်ပါဘူး။
ဘာ Goods/Services အတွက်သုံးတာလဲ?
Mark တစ်ခုလုံးထဲမှာ ဘယ်လိုအသုံးပြုထားလဲ?
Distinctive Meaning ရှိသလား?
ဆိုတာကို ကြည့်ရပါတယ်။
ဥပမာ—
“APPLE” ဆိုတဲ့စကားလုံးဟာ Fruit အတွက်ဆို Generic/Common product name နဲ့ အလွန်နီးပါတယ်။
Computer အတွက်ဆိုရင်တော့ Meaning က Product ကို တိုက်ရိုက်ဖော်ပြနေတာ မဟုတ်ပါဘူး။
ဒါကြောင့်—
Disclaim လို/မလိုဆိုတာ Dictionary Meaning တစ်ခုတည်းနဲ့ မဆုံးဖြတ်ဘူး။ Goods/Services နဲ့ Relationship ကို ကြည့်ရပါတယ်။
Disclaim နဲ့ Descriptive Mark Refusal တူသလား?
မတူပါဘူး။
Mark တစ်ခုလုံးက—
PREMIUM COFFEE
သာ ဖြစ်တယ်ဆိုပါစို့။
Coffee Products အတွက် Register လုပ်ချင်တယ်။
“PREMIUM” က quality ကို ဖော်ပြနိုင်တယ်။
“COFFEE” က product name ဖြစ်တယ်။
Mark တစ်ခုလုံးမှာ distinctive element မရှိဘူးဆိုရင်—
“COFFEE ကို Disclaim လုပ်လိုက်ရင် Registration ရပြီ”
လို့ မဖြစ်မနေ မဆိုနိုင်ပါဘူး။
ဘာကြောင့်လဲ?
mark တစ်ခုလုံးက distinctive character မရှိတာ သို့မဟုတ် goods/services characteristics ကို ဖော်ပြရုံသာဖြစ်တာဆိုရင် registration refusal ဖြစ်နိုင်ပါတယ်။
Disclaim နဲ့ “Delete” မတူပါဘူး
တချို့ Applicant တွေက—
“Disclaim လုပ်တယ်ဆိုရင် Logo ထဲက စာလုံးကို ဖျက်ပစ်ရတာလား?”
လို့ မေးတတ်ပါတယ်။
မဟုတ်ပါဘူး။
Trademark Image ထဲမှာ—
ZORA COFFEE
လို့ ဆက်ပါနေနိုင်ပါတယ်။
Disclaim က—
COFFEE ဆိုတဲ့စာလုံးကို Mark ကနေ Delete လုပ်တာ မဟုတ်ဘူး။
COFFEE တစ်လုံးတည်းအပေါ် Exclusive Claim မလုပ်တာပါ။
Delete = Mark ထဲက ဖယ်တာ။
Disclaim = Mark ထဲမှာထားပေမယ့် သီးသန့်ပိုင်ခွင့် မတောင်းတာ။
Disclaim နဲ့ Limitation က တူသလား?
မတူပါဘူး။
Disclaim က Mark ရဲ့ Element တစ်ခုအပေါ် Exclusive Right မတောင်းတာနဲ့ အဓိကဆက်စပ်ပါတယ်။
Limitation က Registration ရဲ့ scope ကို အချို့အခြေအနေ၊ goods/services သို့မဟုတ် အခြားနယ်ပယ်အရ ကန့်သတ်ထားတာမျိုး ဖြစ်နိုင်ပါတယ်။
Disclaim လုပ်ထားတဲ့ စကားလုံးကို တခြားသူ သုံးလို့ရလား?
Disclaim လုပ်ထားတဲ့ common/descriptive word တစ်လုံးတည်းအပေါ် Applicant က registration ကြောင့် exclusive monopoly တောင်းထားခြင်းမရှိတာဖြစ်ပါတယ်။
ဥပမာ—
A = ZORA COFFEE
B = MELA COFFEE
“COFFEE” ပါတာတစ်ခုတည်းကြောင့် A က B ကို အလိုအလျောက်တားလို့မရပါဘူး။
ဒါပေမယ့်—
B က ZORA ရဲ့—
Logo၊
Distinctive font၊
Overall presentation၊
Brand name
တွေကိုပါ လိုက်တုပြီး consumer confusion ဖြစ်အောင် သုံးလာတယ်ဆိုရင်—
အခြေအနေတစ်ခုလုံးကို သီးခြားစစ်ရပါတယ်။
ဒါကြောင့်—
Disclaim ရှိတာက “ဘယ်သူမဆို Mark တစ်ခုလုံးကို ကူးသုံးလို့ရပြီ” ဆိုတဲ့ Permission မဟုတ်ပါဘူး။
Disclaim ရှိတဲ့ Mark နဲ့ Infringement ဘယ်လိုစစ်မလဲ?
ဥပမာ Registered Mark က—
BLUE MOON HOTEL
“H0TEL” ကို Disclaim လုပ်ထားတယ်ဆိုပါစို့။
New Mark က—
RED SUN HOTEL
HOTEL တူတယ်။
ဒါပေမယ့် HOTEL က common service term ဖြစ်တယ်။
ဒါကြောင့် HOTEL တူတာတစ်ခုတည်းကို အဓိကမထားသင့်ပါဘူး။
BLUE MOON နဲ့ RED SUN ကိုကြည့်ရမယ်။
Overall Impression ကြည့်ရမယ်။
Visual, phonetic, conceptual similarity ကြည့်ရမယ်။
Relevant services ကြည့်ရမယ်။
Likelihood of confusion ကြည့်ရမယ်။
တစ်ဖက်က—
BLUE MOONN HOTEL
လို့ သုံးလာရင်?
ဒီအခါ HOTEL ထက်—
BLUE MOON / BLUE MOONN
က ပိုအရေးကြီးလာနိုင်ပါတယ်။
ဒါကြောင့်—
Disclaim က Similarity Analysis မှာ ဘယ် Element ကို ဘယ်လောက်အလေးထားသင့်သလဲဆိုတာ နားလည်ဖို့လည်း အထောက်အကူပြုပါတယ်။
Applicant က ကိုယ်တိုင် Disclaim လုပ်နိုင်လား?
Trademark systems တွေမှာ Applicant က voluntary Disclaim ပေးနိုင်တာတွေ့ရသလို Registrar/Examiner ဘက်က rights scope ရှင်းဖို့ လိုအပ်တဲ့ element အပေါ် Disclaim ပြင်ဆင်ဖို့ တောင်းဆိုနိုင်တဲ့စနစ်တွေလည်း ရှိပါတယ်။
Disclaim မလုပ်ဘဲ Registration ရသွားရင် Common Word ကိုပိုင်သွားပြီလား?
ဒီလိုလည်း မယူဆသင့်ပါဘူး။
Trademark Registration ရဲ့ rights ဟာ Mark နဲ့ registered goods/services scope အတွင်း အလုပ်လုပ်တာဖြစ်ပြီး distinctiveness, descriptiveness နဲ့ generic/customary signs အတွက် ကန့်သတ်ချက်တွေ ထားရှိပါတယ်။
ဒါကြောင့် Certificate တစ်ခုထဲမှာ common word ပါလာတာနဲ့—
“ဒီစကားလုံးကို ဘယ်သူမှမသုံးရ”
ဆိုတဲ့ unlimited monopoly ရသွားတာ မဟုတ်ပါဘူး။
ဒီအချက်ကို Business Owner တွေ အထူးသတိထားသင့်ပါတယ်။
“Trademark က စကားလုံးတိုင်းကို ပိုင်ခွင့်ပေးတာ မဟုတ်ဘူး။ Brand အဖြစ် ခွဲခြားသိစေနိုင်တဲ့ အမှတ်အသားကို ကာကွယ်ပေးတာပါ။ Disclaim ကတော့ ‘ဒီအပိုင်းက ငါ့ Brand ထဲမှာ ပါတယ်၊ ဒါပေမယ့် လူတိုင်းသုံးဖို့လိုတဲ့ ဒီစကားလုံးကို ငါတစ်ယောက်တည်းပိတ်ပိုင်မထားဘူး’ လို့ အခွင့်အရေးရဲ့ နယ်နိမိတ်ကို ရှင်းပေးတဲ့ စည်းမျဉ်းတစ်ခု ဖြစ်ပါတယ်။”
Bonjour Myanmar IP Law Firm
#မူပိုင်ခွင့်အကြံပေး