မုစ်လင်မ် ရှေ့နေများကောင်စီ

  • Home
  • Myanmar
  • Yangon
  • မုစ်လင်မ် ရှေ့နေများကောင်စီ

မုစ်လင်မ် ရှေ့နေများကောင်စီ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မုစ်လင်မ် ရှေ့နေများကောင်စီ, Lawyer & Law Firm, Yangon.

မြန်မာနိုင်ငံလုံးဆိုင်ရာ မုဖ်သီချုပ်၊ ရန်ကုန်မြို့ ဆူဖီယာကျောင်းတော်ကြီး၏ ကျောင်းအုပ်ဆရာကြီး အလ်ဟာဂျ် မော်လာနာ ရှမ်စုဒ်ဒ...
27/01/2024

မြန်မာနိုင်ငံလုံးဆိုင်ရာ မုဖ်သီချုပ်၊
ရန်ကုန်မြို့ ဆူဖီယာကျောင်းတော်ကြီး၏ ကျောင်းအုပ်ဆရာကြီး
အလ်ဟာဂျ် မော်လာနာ ရှမ်စုဒ်ဒုဟာ(မဇွာဟိရီ) အလ္လာဟ်အရှင်မြတ်၏
အမိန့်တော်ခံယူသွားခဲ့ကြောင်း ဝမ်းနည်းကြေကွဲစွာသိရှိရပါသည်။

အလ္လာဟ်အရှင် ဆရာသခင်ကြီးကို မဂ်ဖိရသ်ပေးသနားတော်မူပါစေ၊ ဂျန္နသုလ်ဖိရ်ဒေါက်စ် ချီးမြှင့်တော်မူပါစေ။

ကျန်ရှိမိသားစုဝင်များကိုလည်း ဆွဗ်ရေဂျမီးလ်ချီးမြှင့်ပေးသနားတော်မူပါစေ။

အာမီးန်...ယာရဗ္ဗလ်အာလမီးန်

ဖေဖော်ဝါရီ၂၀ရက်နေ့ထွက်ပါပြီး။စိတ်၀င်စားရင် Pre Order တင်နိုင်ပါတယ်။ခေတ်ပြိုင် စပိန် အစ္စလာမ်နိုင်ငံတော်သမိုင်း          ...
15/02/2022

ဖေဖော်ဝါရီ၂၀ရက်နေ့ထွက်ပါပြီး။
စိတ်၀င်စားရင် Pre Order တင်နိုင်ပါတယ်။

ခေတ်ပြိုင် စပိန် အစ္စလာမ်နိုင်ငံတော်သမိုင်း
(၇၁၁-၁၄၉၂)

ယနေ့ အိုက်ဘာရီယန်ကျွန်းဆွယ်လို့သိထားတဲ့ကျွန်း
ဆွယ်ကြီးကို အာရဗ်နဲ့အာဖရိကဘာဘရ်လူမျိုးတွေ
က နှစ်ပေါင်း၇၉၁နှစ်သိမ်းပိုက်အုပ်ချုပ်ခဲ့တဲ့သမိုင်း
ဖြစ်တယ်။ဥရောပတိုက်ဆိုတာကျွန်းဆွယ်တွေနဲ့ဖွဲ့
စည်းထားတဲ့တိုက်ဖြစ်လို့ ဥရောပမှာ ဘော်လကန်
ကျွန်းဆွယ် အိုက်ဘာရီယန်ကျွန်းဆွယ် စစ္စလီကျွန်း
ဆွယ်နဲ့စကင်ဒီနေဗီးယန်းကျွန်းဆွယ်ဆိုပြီးကျွန်းဆွယ်
ကြီး၄ခုရှိပါတယ်။ဒီကျွန်းဆွယ်၄ခုထဲက အိုက်ဘာရီ
ယန်ကျွန်းဆွယ်ပေါ်မှာရှိနေတဲ့ ပြင်သစ်တောင်ပိုင်း၊
အင်ဒိုရာ၊ပေါ်တူဂီနဲ့စပိန်တို့ရဲ့၇၁၁-၁၄၉၂ခုနှစ်သမိုင်း
ကိုဒီစာအုပ်မှာမှတ်တမ်းတင်ရေးသားထားတာဖြစ်ပါ
တယ်။စစ်ရေး နိုင်ငံရေး လူမှုရေးအပြင် သူတို့ချန်ထား
ရစ်တဲ့အဆောက်အဦးဗိသုကာနဲ့သူတို့ခေတ်ထွန်းကား
ခဲ့တဲ့အနုပညာ(Art)တွေကိုပါအသေးစိပ်ရေးသားထား
တဲ့စာအုပ်လေးဖြစ်ပါတယ်။

ဒီသမိုင်းဟာအလယ်ခေတ်လို့ခေါ်တဲ့ Medival Era
ကိုသိနားလည်ဖို့ကူညီပေးလိမ့်မယ်။သမိုင်းအလယ်
ခေတ်ကိုမသိဘဲ မော်ဒန်ခေတ်ကိုမြင်ကြည့်နိုင်မှာမဟုတ်
ဘူး။ဒီလိုပဲ ကမ္ဘာကြီးကိုမြေပုံထဲမှာကြည့်နေကြသလိုပဲ
စာအုပ်ကိုလည်း သက်ဆိုင်ရာ၇၁၁-၁၄၉၂အတွင်းခေတ်
ပြိုင်ဆက်စပ်သမိုင်းတွေနဲ့ယှဥ်တွဲရေးသားထားလို့ဒီစာ
အုပ်လေးဟာ ငါနဲ့ငါသာနှိုင်းပြီးရေးထားတဲ့မျိုးချစ်စာ
အုပ်မျိုးမဟုတ်ပါ။မျိုးချစ်မျက်မှန်တပ်မထားဘဲသမိုင်း
အရှိတရားကိုအခြေခံပြီး ရေးသားထားလို့ ဒီစာအုပ်လေး
ဟာ စာဖတ်သူတွေကို အသစ်မြင်ရှုထောင့်ကနေ သမိုင်း
ရသတစ်မျိုးပေးနိုင်ပါလိမ့်မယ်လို့ယုံကြည်ပါတယ်။

အလယ်ခေတ်သမိုင်းကိုနားလည်ဖို့ဆိုရင်
အစ္စလာမ်စပိန်သမိုင်းကို မသိလို့မရပါ။
အလားတူ မော်ဒန်သမိုင်းကိုအကဲဖြတ်ဖို့
ဆိုရင်လည်း အလယ်ခေတ်သမိုင်းကိုသိထား
ဖို့အရေးကြီးပါတယ်။
စာရေးသူ
နေဇင်
11.2.2022

ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ
တစ်နိုင်ငံလုံးကိုဖြန့်ချီတော့မှာဖြစ်ပါတယ်။
ကိုလတ်စာပေ၊ခေတ်သစ်စာပေတို့မှာ၀ယ်ယူရရှိ
နိုင်ပါတယ်။

12/05/2021
12/05/2021
19/09/2020

ကာမလိမ်လည်ရယူမှုဆိုင်ရာဥပဒေများအကြောင်း
◼️ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၄၁၇
◼️ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၄၉၃
------------------
📌 ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၁၇
*မည်သူမဆို လိမ်လည်မှုကျူးလွန်လျှင်ထိုသူကို ၃နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။
🔺🔺ဤပုဒ်မသည် သာမာန်လိမ်လည်မှုများအတွက်ပြစ်ဒဏ်သတ်မှတ်ထားသောပုဒ်မဖြစ်သည်။ဤပုဒ်မ ၄၁၇အရ သာမာန်လိမ်လည်မှုတွင် အတည်တကျလက်ထပ်ပါမည်ဆိုကာ ပေါင်းသင်းစက်ယှက်ပြီး လက်မထပ်သည့်အမှုများကို ယခုအခါအများဆုံး အရေးယူလျက်ရှိသည်။
🚨ဤပုဒ်မအရပြစ်ဒဏ်စီရင်နိုင်ရန် အောက်ပါအထောက်အထားများပြည့်စုံရန်လိုအပ်သည်။
🔴တရားခံက တစ်ဦးတစ်ယောက်အား လှည့်ဖြားခြင်း။
🔴လှည့်ဖြားကာထိုသူအားသွေးဆောင်ခြင်း။
🔴ထိုကဲ့သို့ ပြုစေခြင်း၊ပျက်ကွက်စေခြင်းကြောင့် ထိုသူ၏ကိုယ်၊စိတ်၊ဂုဏ်သရေ၊သို့မဟုတ် ပစ္စည်းကိုနစ်နာစေခြင်း၊အန္တရာယ်ဖြစ်စေခြင်း။
🔴သွေးဆောင်ခြင်းခံရသူအား ပြုစေခြင်း၊ပျက်ကွက်စေခြင်း။
🔴တမင်သွေးဆောင်ခြင်း။
အထက်ပါဖော်ပြချက်အတိုင်းပင် လိမ်လည်မှုမြောက်စေရန်အရေးကြီးသောအချက်မှာ သွေးဆောင်စဉ်က တရားခံတွင် လိမ်လည်လှည့်ဖြားလိုသောစိတ်၊မရိုးမဖြောင့်သောစိတ်ရှိရန်လိုအပ်ပေသည်။လိမ်လည်လှည့်ဖြားလိုသောစိတ်ရှိသည်၊မရှိသည်ကိုမူ အမှုစစ်ဆေးရာတွင်တရားခံ၏ပြုမူချက်၊ပတ်ဝန်းကျင်အထောက်အထား စသည့်ကိစ္စရပ်များအပေါ်မူတည်ဆုံးဖြတ်ရမည်ဖြစ်သည်။
📖 ကျင့်ထုံး။ ။ပုဒ်မ၄၁၇သည် ရဲအရေးမပိုင်သောအမှုဖြစ်သည်၊ကနဉီးကပင် ဝရမ်းထုတ်ဆင့်ဖမ်းဆီးနိုင်သည်၊အာမခံပေးရမည်၊တရားရုံးတော်၏ခွင့်ပြုချက်အရကြေအေးခွင့်ရှိသည်၊မည်သည့်တရားသူကြီးမဆို စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည်။
⚖️ အတည်တကျ လက်ထပ်ယူမည်ဆိုကာ လိမ်လည်၍ကာမရယူသည်ဟုတ်မဟုတ် ကိစ္စနှင့်စပ်လျဉ်း၍ မတင်အိနှင့်ဦးဝီမလ၊၁၉၇၅ မတစ ၄၄ အမှုတွင်
- `` မတင်အိနှင့်ဦးဝီမလတို့ ချိန်းတွေ့စဉ် လူမိ၍ထွက်ပြေးခဲ့သည့်သာဓကလည်းရှိသည်။၎င်းတို့ဆက်ဆံပေါင်းသင်းကြခြင်းသည် လူထွက်၍လက်ထပ်ပါမည်ဟူသောကတိမရှိပဲ သဘောတူချစ်ကြိုက် ပျော်ပါးသည့်အခြေနေမျိုးဖြစ်လျှင် ပုဒ်မ ၄၁၇အရပြစ်မှုမမြောက်ချေ။ယင်းပုဒ်မအရပြစ်မှုမမြောက်သော်လည်း နှစ်ဉီးကာမစက်ယှက်၍ရလာသောကလေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၈၈(၁)အရ ကလေးစရိတ်ပေးရမည်။´´
ဟုစီရင်ဆုံးဖြတ်ထားပါသည်။
⚖️မောင်ကျော်ဝင်းနှင့်ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၊ ၁၉၇၆ မတစ ၉ အမှုတွင်
- `` တစ်ရွာတည်းနေ ချစ်ကြိုက်သူတရားခဲက အတည်တကျလက်ထပ်ပါမည်ဟု ပြောသည်ကို မသေးသေးကယုံကြည်သဖြင့် ကာမစက်ယှက်မိရာမှကိုယ်ဝန်ရှိလာသောအခါ လက်ထပ်ခြင်းမပြုပဲရှောင်တိမ်းနေခြင်းမှာ ပုဒ်မ ၄၉၃မမြောက်ပဲ ပုဒ်မ ၄၁၇မြောက်သည်။တရားဝင်လက်မထပ်ရသေးသောမိန်းမကို တရားဝင်လက်ထပ်ကြောင်းလှည့်ဖြားယုံကြည်စေ၍ ကာမစက်ယှက်မှသာ ပုဒ်မ ၄၉၃မြောက်မည်။´´ ဟုစီရင်ဆုံးဖြတ်ထားပါသည်။
# ပုဒ်မ ၄၉၃အကြောင်းဆက်လက်တင်ပြပါမည်။
-----------------
📌ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၃
* မည်သည့်ယောက်ျားမဆို မိမိနှင့်တရားဝင်ထိမ်းမြားခြင်းမပြုသောမိန်းမကို မိမိနှင့်တရားသဖြင့်ထိမ်းမြားကြောင်း လှည့်ဖြားယုံကြည်စေ၍ ထိုသို့ယုံကြည်စေသဖြင့် မိမိနှင့်ကာမစက်ယှက်စေလျှင် ထိုသူကို ၁၀နှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်အပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်။
🔺🔺ဤပုဒ်မအရပြစ်မှုမြောက်ရန် အဓိကလိုအပ်သော အင်္ဂါရပ်များအနက် မိမိနှင့်တရားဝင်လက်ခြင်းမပြုသောအမျိုးသမီးကို တရားဝင်လက်ထပ်သည်ဟု လှည့်ဖြားယုံကြည်စေခြင်းဟူသော အချက်ပင်ဖြစ်သည်။
🚨ဤပုဒ်မအရ ပြစ်ဒဏ်စီရင်နိုင်ရန် အောက်ပါအင်္ဂါရပ်များရှိရန်လိုအပ်သည်။
🔴တရားခံသည် အမျိုးသမီးနှင့် တရားဝင်ထိမ်းမြားမှုမရှိခြင်း။
🔴တရားခံကအမျိုးသမီးအားတရားဝင်လက်ထပ်ခဲ့သည်ဟု လှည့်ဖြားယုံကြည်စေခြင်း။
🔴ယင်းသို့ယုံကြည်စေသဖြင့် အမျိုးသမီးက ကာမစက်ယှက်ခွင့်ပြုခြင်း။
🔴တရားခံကအမျိုးသမီးအား ကာမစက်ယှက်ခဲ့ခြင်း။
📖ကျင့်ထုံး။ ။ဤပုဒ်မ ၄၉၃သည် ရဲအရေးမပိုင်၊ကနဦးကပင်ဝရမ်းထုတ်ဆင့်ဖမ်းဆီးနိုင်သည်၊အာမခံမပေးနိုင်၊ကျေအေးခွင့်မရှိ၊ခရိုင်တရားရုံးကစစ်ဆေးစီရင်နိုင်သည်။
ပုဒ်မ ၄၉၃နှင့်စပ်လျဥ်း၍ နစ်နာသူ၏တိုင်တန်းချက်မဟုတ်လျှင် မည်သည့်တရားရုံးကမျှအရေးမယူရ၊၊နစ်နာသူကငယ်ရွယ်သူ၊စိတ်ပေါ့သွပ်သူ၊ဖျားနာသူ၊မသန်စွမ်းသူဖြစ်၍ကိုယ်တိုင်မတိုင်ကြားနိုင်ပါက အခြားသူတစ်ဦးဦးကတရားရုံး၏ခွင့်ပြုချက်ဖြင့် တိုင်တန်းနိုင်သည်။(ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၉၈)
⚖️နည်းလမ်းမကျသော ထိမ်းမြားခြင်းမှာ တရားမဝင်သောထိမ်းမြားခြင်းမဟုတ်သည့်ကိစ္စနှင့်စပ်လျဥ်း၍
ဦးဖိုးစိန်(ခ)ဟူဆင်ဟာမက်နှင့်ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ၂၊မခင်ဝင်း၊ ၁၉၈၃ မတစ ၁၂၈ အမှုတွင်
`` မဟာမေဒင်ဥပဒေအရ မဟာမေဒင်ယောက်ျား၂ဦး ရှေ့မှောက်တွင်ထိမ်းမြားလက်ထပ်ရမည်ဖြစ်သည်။ဤအမှုတွင်ဗလီဆရာတစ်ဦးတည်းရှေ့၌ထိမ်းမြားခဲ့ခြင်းဖြစ်၍ မခင်ဝင်းနှင့်ဦးဖိုးစိန်တို့ထိမ်းမြားမှုမှာနည်းလမ်းမကျချေ။သို့ရာတွင် မဟာမေဒင်ဥပဒေအရ နည်းလမ်းမကျသောထိမ်းမြားမှုသည် တရားမဝင်သောထိမ်းမြားမှုမဟုတ်။သို့ဖြစ်၍ ပုဒ်မ ၄၉၃အရပြစ်မှုမမြောက်။´´ ဟုစီရင်ဆုံးဖြတ်ထားပါသည်။
--------------------------------------
📚ကိုးကား📚
📙ရာဇသတ်ကြီး
📔ရာဇဝတ်ကျင့်ထုံးဥပဒေ
📓ပြစ်မှုဆိုင်ရာဥပဒေ၏သိကောင်းစရာများ
📘ရာဇသတ်ကြီးဋီကာ
---------------------------------------
ယခုကဲ့သို့ကျွန်တော့်၏ရေးသားမှုများသည် ဥပဒေနှင့်အလှမ်းဝေးကွာသောသာမာန်ပြည်သူများအခြားနယ်ပယ်မှသူများ ဥပဒေအသိပညာဗဟုသုတရရှိရန်အတွက်သာရည်ရွယ်ပါသည်။ဥပဒေပညာရှင်များ ဥပဒေပညာသင်ကြားနေသူများအနေဖြင့်ကျွန်တော်၏ရေးသားမှုများထဲတွင်အမှားတစ်စုံတစ်ရာပါရှိပါက ခွင့်လွှတ်ပေးပြီးအမှားကိုထောက်ပြပြင်ဆင်ပေးကြပါလို့မေတ္တာရပ်ခံအပ်ပါသည်။

#စီနီယာဂျူနီယာများအားအစဥ်လေးစားလျှက်
စည်သူထွန်း(fourth year LL.B)
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when မုစ်လင်မ် ရှေ့နေများကောင်စီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share