Golden Triangle Car Rental & Sales Group

Golden Triangle Car Rental & Sales Group Golden Triangle Car Knowledge & Lesson Page

[ " ကီလို-၁၀၀-အေးဆေးပါ------ဒါပေမယ့်--၁-စက္ကန့်မှာ-၈၈--ပေ--သွားနေတာတော့-သင်သိပါလား-" ]၁-စက္ကန့်မှာ-၈၈-ပေ-သွားနေတာကိုအချိ...
17/04/2024

[ " ကီလို-၁၀၀-အေးဆေးပါ------ဒါပေမယ့်--၁-စက္ကန့်မှာ-၈၈--ပေ--သွားနေတာတော့-သင်သိပါလား-" ]

၁-စက္ကန့်မှာ-၈၈-ပေ-သွားနေတာကိုအချိန်မီထိန်းချုပ်နိုင်မှ-ကားတစ်စီးဟာ-ဘေးကင်းစွာရပ်တန့်သွားမှာပါ-
ကားရဲ့လားရာအမှန်ကို-လက်ကိုင်ဂွေကို-ထိန်းချုပ်လို့တစ်မျိုး--ကားမြန်နှုန်းကို-ဂီယာ-ဘရိတ်-များနဲ့စနစ်တကျလည်းထိန်းချုပ်တတ်ရပါသေးတယ်-

အဓိက-ပြောပြချင်တာကတော့-ခုခေတ်ပေါ်လူစီး-ကားအားလုံးနီးပါးမှာ-AT/CVT-စနစ်များနဲ့လာတဲ့-အော်တိုဂီယာ-ဖြစ်လို့သွားပါပြီ-

--ယခင်မော်ဒယ်များမှာ-ပါနေကျ--ဂီယာဘုတံကြီးဘေးနားက--အသီးလေးဖြစ်တဲ့--OverDrive- On/Off--ဆိုတဲ့ဖန်ရှင်လေးကို--
အရှိန်-90/100km--လောက်နဲ့မောင်းနေရင်း--လမ်းရဲ့-curve--တွေ-band ---တွေကိုရောက်လာတဲ့အခါ--ဘရိတ်ကိုအရင်မဖမ်းပဲ--
-O/D --On-Off--ဖန်ရှင်ဘုလေးကို-ဖွင့်လိုက်ပိတ်လိုက်ကစားပြီးမောင်းတတ်ဘို့-ကိုလည်းလက်တွေ့ပြောပြလိုက်ပါတယ်--
-P-နဲ့-R--ကိုထိုးဘို့နှိပ်လိုက်ရတဲ့ဘုအကြီးမဟုတ်ပါ---ဒါနဲ့မမှားပါနဲ့--

အဆိုးဆုံးက-ဒီဘုလေးအလုပ်လုပ်ပုံကိုဘာမှန်းမသိ-ညာမှန်းမသိပဲ--ကိုင်လို့ကောင်း-ကြည့်လို့ကောင်းအောင်--အလှအပအစွပ်တွေစွပ်လိုက်တာဟာလည်း-
စနစ်တကျမောင်းဘို့ကိုသင်ပေးလို့မရတော့ပါဘူး--တတ်နိုင်ရင်လက်ကိုင်ဂီယာတံကိုဘာမှမစွပ်ပါနဲ့--ဟုတ်တယ်ဟုတ်-
ဒီ-ဘုလေး-အဖွင့်အပိတ်ကို--ကီလိုမနဲမများအရှိန်လောက်ရောက်မှ-စမ်းကြည့်ရင်-

သူ့ရဲ့အလုပ်လုပ်ပုံကသိသာစွာတွေ့ရပါတယ်--မြို့ထဲနှေးနှေးမောင်းနေတဲ့အချိန်မျိုးမှာတော့--ထူးခြားတာတွေ့ရမှာမဟုတ်ပါ---

ဟိုက်ဝေးလမ်းကြောင်းပေါ်မှာ--ကီလို-မနဲမများနဲ့----၉၀-၁၀၀-ကျော်ကျော်လောက်မောင်းနေရင်း--စောစောကပြောပြတဲ့-ဂီယာတံလက်ကိုင်ကြီးအောက်နားက-ဘေးဘက်မှာရှိတဲ့-ဒီဘုသီးလေးကိုနှိပ်လိုက်ရင်--ဒိုင်ခွက်ထဲမှာ--O/D --On-Off --ဆိုတဲ့လိမ္မော်ရောင်-မီးလေးလင်းလာပါလိမ့်မယ်-

-ဒီအချိန်မှာ--ဒီဖန်ရှင်ကစတင်အလုပ်လုပ်ပါပြီ--

-ကားရဲ့တက်လာတဲ့-Speed--ကို-ကွန်ထရိုးလေးလုပ်လိုက်ပါပြီ--ကား--အရှိန်နှုန်းမြန်လာမှုကို-သတိပေးချုပ်ချယ်လိုက်ပါပြီ-ဂီယာဘောက်ခေါ်တဲ့ထရန်စမစ်ရှင်းအားကိုးနဲ့အရှိန်အမျိုးမျိုးပြောင်းကာမောင်းနေတဲ့-ကား-အမြန်နှုန်းဟာ-ရုတ်တရက်---စည်း--ကနဲဖြစ်သွားပါပြီ-လွတ်လွတ်လပ်လပ်ပေါ့ရွှတ်ရွှတ်ကြီး-နဲ့ပြေးချင်တိုင်းပြေးမနေတော့ပါဘူး--

-ဒီတော့--Over Drive --မဖြစ်အောင်ထိန်းထားပေးတဲ့သဘောလည်းသက်ရောက်သွားပါတယ်--ဒီအချိန်မှာဘရိတ်ကိုလိုအပ်လို့မှေးမယ်-နင်းမယ်ဆိုပါတော့-
အင်ဂျင်ကွန်ထရိုးတစ်ခုက-လိုအပ်သလိုပံ့ပိုးထားလို့--ဘရိတ်အတွက်လည်းအထောက်အကူပြုပါတယ်--

အမြဲတန်း-ဒီဘုလေးကို-နှိပ်ထားပြီးမောင်းရင်လည်းရပါတယ်----ဒိုင်ခွက်ထဲမှာ-လိမ္မော်ရောင်မီးလေးလင်းလာတာကိုမြင်ရပါမယ်---

-ဒီမှာက--ဒါမျိုးကိုလုပ်ဘို့အသာထား--ဆီစားသက်သာအောင်-ဘာဂီယာဖြစ်ဖြစ်-
ဖရီးရိုက်နေတာကိုတွေ့နေရပါတယ်----ဂီယာကွန်ထရိုးမပါပဲလွတ်လွတ်လပ်လပ်ကြီးသွားနေတဲ့ကားဟာအလွန်အန္တရာယ်များပါတယ်--
ကားရပ်ဘို့အတွက်-ဘရိတ်တစ်ခုထဲပဲအားကိုးပြုရတော့မယ်--ဒါဟာမကောင်းပါဘူး--

အိုဗါဒရိုက်ကွန်ထရိုးနဲ့သုံးပြီးကားကိုအရှိန်နဲ့မောင်းနေတဲ့အခါ-
-စည်းစည်းလုံးလုံးနဲ့မောင်းနေတာကိုသိရမယ်---ဒါပေမယ့်--ဆီတော့နဲနဲပိုစားပါမယ်----

လမ်းကွေ့တွေ-အစောင်းတွေရောက်တဲ့အခါ--မှာ--ရုတ်တရက်--အရှိန်များသွားတာကိုမခံရပါ--OverDrive--ဖြစ်လာမှာကိုတားဆီးပေးထားတာပါ--

နင်းလိုက်ရင်လည်း--စည်းစည်းလုံးလုံးနဲ့ကားကပြေးမယ်-လီဗါကိုလွှတ်လိုက်ရင်လည်း--ကားက--ဂီယာအောက်တစ်ချက်ကိုဆင်းသွားသလို--ငြိမ့်ကနဲ-
ကွန်ထရိုးအငယ်စားလေး-တစ်ခု၀င်သွားကာ-ထိန်းလို့သိမ်းလို့ကောင်းမယ်ပေါ့ဗျာ--ဘရိတ်အားကိုးနဲ့ထင်တိုင်းမမောင်းရပါဘူး--

ကိုယ်မောင်းနိုင်တဲ့အခြေအနေ-လမ်းအခြေအနေများကိုတွက်ဆကာ--ကိုယ်နိုင်တဲ့ကွန်ထရိုးနဲ့ကားကိုမောင်းရပါတယ်ခင်ဗျာ--
[ ဂီယာတံလက်ကိုင်ဘုပေါ်လက်ကလေးတင်--အော်တိုဂီယာလို့-သဘောမထားပဲ--ဒီ-ဘုသီးလေးကို-လိုအပ်တဲ့အခါ-ဖွင့်လိုက်ပိတ်လိုက်နဲ့မောင်းတတ်ရင်တော့-
အကောင်းဆုံးပေါ့ဗျာ-]
-ကားမောင်းရင်းအပျင်းလည်းပြေတာကိုတွေ့ရမှာပါ--လုပ်စရာအလုပ်တစ်ခုကိုလည်းအမြဲလုပ်ပြီးသားဖြစ်နေတော့--အိပ်ငိုက်လာတဲ့-စိတ်လည်း-
မရှိတော့ဘူးပေါ့--
မောင်းချင်သလိုမောင်း--ကွေ့တွေ-အစောင်းတွေတွေ့တာနဲ့ဘရိတ်ကိုရုတ်တရက်ဖမ်းရင်--ဗဟိုခွါအားတို့--အီနားရှားတို့ဆိုတဲ့သဘောနဲ့ကားကမှောက်တတ်ပါတယ်-

လမ်းကြောင်းလွဲထွက်တတ်ပါတယ်----
မော်တော်ကားရဲ့-ဘရိတ်ဆိုတာ---****ဘီး-၄-ဘီးကိုသာရပ်တန့်စေတဲ့ကိရိယာပါ--****
***ကားတစ်စီးလုံးကိုရပ်တန့်စေတဲ့--အရာ--မဟုတ်ပါ--ဆိုတာကိုလည်း--သိသူအလွန်နည်းပြီး--ဘရိတ်အားကိုးနဲ့မောင်းနေကြသူများနေလို့ပါ--
စောစောကပြောခဲ့တဲ့--အိုဗာဒရိုက်ကွန်ထရိုးဘုအသေးလေးက--နောက်ပေါ်ဇစ်-ဇက်-ဂီယာတံနဲ့လာတဲ့-ကားအချို့မှာတော့သီးခြားပါမလာတော့ပါဘူး--
(3- AT--ပဲရှိတဲ့မီနီထရပ်ခွေးဘီလူးအုပ်စုကားများမှာမပါပါ-)

ဇစ်-ဇက်-ဂီယာတံနဲ့လာတဲ့-ဒီကားမျိုးမှာတော့---D-နဲ့-ကပ်လျက်နေရာမှာ--S--ဆိုပြီးရေးထားပါတယ်--အရှိန်များလာရင်--စောစောကပြောထားတဲ့-ဘုသီးလေးကိုနှိပ်သကဲ့သို့---သဘောထားပြီး-
ဂီယာတံကို-D--နေရာမှ--S--နေရာကို-ရဲရဲတင်းတင်းပြောင်းလိုက်ပါ---ကားအရှိန်က-စနစ်တကျလျော့ကျသွားတာကိုတွေ့ရပါမယ်--ရိုးရိုး-AT-ဂီယာတံက-2-ကိုပြောင်းလိုက်သလိုပါပဲ-

ဒါလည်း--အိုဗါဒရိုက်ကွန်ထရိုးပါပဲ--မိမိထိန်းသိမ်းနိုင်တဲ့အရှိန်ကိုပြန်ရတော့မှ-D-ကိုပြန်ထားလိုက်ပါ--မြေပြန့်လိုခရီးဝေးသွားရင်-

ဒီလောက်တော့-ကွန်ထရိုးအသီးသီးလုပ်နိုင်ရပါမယ်---ကျန်တဲ့-ဂီယာ-နေရာပြ-2-တို့--L--တို့အကြောင်းကတော့--သာမာန်မောင်းမယ့်သူများအတွက်-နေပြည်တော်လိုမြေပြန့်လမ်းအတွက်-သုံးစရာမလိုပါ---တောင်ပေါ်/မြေပြန့်-တက်လိုက်ဆင်းလိုက်လုပ်တဲ့အခါမှသုံးရမှာမို့-ခုတော့ရှင်းမပြသေးပါဘူး--ခုပြောနေတဲ့ခေါင်းစဉ်နဲ့မဆိုင်လို့ပါ-
ခုလိုအခါမျိုးခရီးသွားရာသီရောက်လာတာနဲ့အမျှ-အမြန်လမ်းအသီးသီးမှာ-ကားမျိုးစုံ-က-မိုင်နာ-ရော-မေဂျာရော-အက်ဆီးဒင့်ခဏ-ခဏဖြစ်နေကြတာကိုလည်း-တွေ့နေ-မြင်နေရတော့-ဖြေဖျောက်ဘို့လည်းမလွယ်-မျက်စိထဲတဝဲ၀ဲလည်လည်-မြင်ရအားကြီးလို့--မျက်စိနောက်-နားငြီးအောင်သတိပေးစကားပြောကြားနေရတာပါ-

ထပ်မံပြီး-ခု-ဆက်တိုက်ရောက်ရှိလာတဲ့ခေတ်မီကားများအကြောင်းထဲက--ခေတ်မီကိရိယာကွန်ထရိုးများအကြောင်းလည်းပြောပြချင်ပါတယ်-
ဘရိတ်စနစ်များကလည်း--ABS--ဆိုတဲ့--Anti Locked Braking System---များပါလာကြပါတယ်----
ဘရိတ်စနစ်ကိုစပြောပါ့မယ်----ဘရိတ်ဖမ်းလိုက်တဲ့ပုံစံကို-ဘီးကို-လော့ချလိုက်တယ်ပေါ့--ဘရိတ်ကို-လွှတ်လိုက်တယ်ဆိုပါတော့--လော့မချလိုက်တော့ဘူးပေါ့-
ကဲ--အန်တီလော့ဘရိတ်စနစ်ဆိုတာ-ဘာကိုလဲဆိုတော့--ဘရိတ်ကိုရုတ်တရက်-လော့ချလိုက်တာကနေ-ခဏပြန်လွှတ်---ပြီးမှ-တစ်ဘီးချင်းစီကို-လည်ပတ်နှုန်းမြန်အရ--ဖိအားကိုစနစ်တကျတွက်ချက်လွှတ်ပေးလို့-ဘရိတ်အမိညင်သာသွားပါတယ်-အင်မတန်မြန်တဲ့အချိန်လေးအတွင်းမှာ-ကွန်ပြူတာအာရုံခံ
စနစ်များက-ဘရိတ်ဘူစတာ-ကိရိယာကတစ်ဆင့့်-ဘီးတစ်ဘီးချင်းစီရဲ့-ဟိုက်ဒရောလစ်ပိုက်-အသီးသီးကိုသက်ဆိုင်ရာရှိသင့်တဲ့ဖိအားအလိုက်တွက်ချက်လွှတ်လိုက်ပါပြီ-

ကားတစ်စီးတည့်တည့်မတ်မတ်သွားနေတဲ့ဖြစ်စဉ်တစ်ခုအတွင်းမှာသာ-ဘီး-လေးဘီးကအညီအမျှလည်ပေးပါတယ်--ဒီအချိန်မျိုးမှာ-ဘီး-၄-ဘီးရဲ့-ဘရိတ်ကိုတော့-
အညီအမျှဖမ်းပေးပါလိမ့်မယ်--ဒီအခြေအနေနဲ့-ဒက်စတော့-ဆိုတဲ့-တစ်ချက်ကောင်းအမြန်ဖမ်းခဲ့ရင်-ယခင်ကားဟောင်းများအတွက်စနစ်ဟောင်းနဲ့ဆိုပါက-ကျွိ-အိ-အိ-ဗျိ---ဆိုတဲ့--လမ်းနဲ့တာယာပွတ်သံကျိမ်းသေထွက်မှာပါ---

လမ်းမှာလည်းမြင်မကောင်း--အောင်--တာယာပွတ်သွားတဲ့လမ်းကြောင်းဟာလည်း-မြွေလိမ်-မြွေကောက်-သဏ္တန်ကျန်ခဲ့မှာပါ--
ကားရပ်သွားပေမယ့်-အိနြေ္ဒပျက်ပါတယ်----ဘရိတ်မိပြီးချိန်-တာယာအားလုံးရပ်ပြီးချိန်ရောက်မှ-ဘရိတ်ဒရွတ်ဆွဲလိုက်တဲ့-အရှိန်နဲ့-ရှေ့က -Object-တစ်ခုခုကို
သွားတိုက်ပါလိမ့်မယ်---ဒီအချိန်မှာကားဟာ-ဘီးတတ်ထားတယ်ဆိုသောငြားလည်း--ဘီးတွေအားလုံးရပ်လျက်အနေထားနဲ့ဖြစ်ကုန်လို့-

-အရာ၀တ္တုတုံးကြီးတစ်ခုလိုဖြစ်သွားပြီး--အီနားရှားသဘောနဲ့ရွေ့မြဲရွေ့နေလိုတဲ့သဘောရှိနေလို့----လမ်းနဲ့-ဘီးရပ်လျက်အနေထားတို့ရဲ့-ပွတ်မှုအနေထားဖြစ်စဉ်များအရ-

တစ်နည်းအားဖြင့်--ဘရိတ်ဖမ်းလိုက်တော့မှ-လမ်းဘေးကိုထိုးကျသွားတာတို့--ရှေ့ကားကိုလွဲသွားပေမယ့်--ဘေးကကျော်တက်လာတဲ့ကားနဲ့-တွေ့သွားကြတာတို့ဖြစ်ကြရပါတယ်--တစ်နည်းအားဖြင့်-ဘရိတ်အမိကြမ်းခဲ့လို့--ဒရွတ်ဆွဲသွားတဲ့ပြသနာဆိုးကျိုးတစ်ခုပေါ့ဗျာ--ဘီးမလည်တော့-ကားရဲ့လားရာကိုကွန်ထရိုးမလုပ်နိုင်တော့ပါဘူး-

ကွန်ထရိုးမလုပ်နိုင်တဲ့သဘောတရားများကိုပြောပြရရင်--ရှင်းလေရှုပ်လေတော့နဲနဲဖြစ်ပါမယ်-ခုပြောမယ့်သဘောတရားများကို-ဂရုတစ်စိုက်-တော့ရှိလိုက်ပါ-

ကားများမှာရှိတဲ့တာယာပန်းအားလုံးဟာတစ်ပြေးတည်းအထူအပါး-ပုံစံဒီဇိုင်းမရှိနိုင်ပါ--ဘီးတစ်ဘီးချင်းစီရဲ့ထိတွေ့နေတဲ့-လမ်းမျက်နှာပြင်-အနုအကြမ်းလည်း--မတူနိုင်ပါ--

ဒီတော့-ပွတ်မှုသဘောတရားအရ-
-တာယာမျက်နှာပြင်ကြမ်းနဲ့-လမ်းမျက်နှာပြင်ကြမ်း---ထိတွေ့ပုံကတစ်မျိုး---တာယာနုနဲ့-လမ်းမျက်နှာပြင်ကြမ်း-ထိတွေ့ပုံကတစ်မျိုး-
တာယာနုနဲ့လမ်းချောချောက-ထိတွေ့ပုံကတစ်မျိုး- တာယာကြမ်းနဲ့-လမ်းမျက်နှာပြင်နုနုထိတွေ့ပုံကတစ်မျိုး---ဆိုတဲ့အခြေအနေအမျိုးမျိုးအလိုက်-ဘီးတဘီးချင်းစီရဲ့ဘရိတ်မိပုံမတူနိုင်ပါ--

ဒါကြောင့်လမ်းမှာ--ဘရိတ်ဒရွတ်ဆွဲကြောင်းများက--ရထားသံလမ်းလိုမျဉ်းပြိုင်အနေအထားဘယ်တော့မှမရှိနိုင်တော့ပဲ--မြွေလိမ်မြွေကောက်သဏ္တန်ကျန်ခဲ့တာပေါ့ဗျာ-

ယခင်ကားများက--ပါစကယ်ရဲ့-ဖိအားဆပွားနိယာမကိုအခြေခံထားတဲ့-ဟိုက်ဒရောလစ်ဘရိတ်ပါ--ကောင်းသထက်ကောင်းအောင်-ဘရိတ်ကိုမိသထက်မိအောင်-

ပတ်၀န်းကျင်လေထုအက်တမောစဖီးယားကိုထပ်မံစေခိုင်းဘို့--ဒူရိုဆာဗိုဘရိတ်ဆိုတဲ့စနစ်ကိုလည်းထွင်ခဲ့ကြပြန်တယ်---ဆာဗိုဆိုတဲ့အတိုကောက်ခေါ်တဲ့စနစ်ကိုမှတ်မိကြမှာပါ--နာမည်ကြီး--တိုယိုတာဟိုင်းလပ်--ဒိုင်နာတို့ဆိုတာ--ဘရိတ်အားကိုးနဲ့မောင်းလာကြတဲ့လိုင်းကားများပါ---

ဒါပေမယ့်သူတို့ကားများမှာဘရိတ်ဒရွတ်ဆွဲသွားတယ်ပဲထား--ဘေ့စစ်အခြေခံဆိုတဲ့ကားမောင်းတဲ့နည်းပညာကိုညက်ညက်ညောညောနောကျေနေတဲ့-
ကားမောင်းသူများဆိုတော့---ဘရိတ်ကိုဒီအတိုင်းမဖမ်း--တစ်ဆင့်နိမ့်-ဂီယာဒေါင်းပြီးမှဖမ်းတတ်တဲ့ကောင်းမွန်တဲ့အမူအကျင့်လေးများကိုလည်း-

မူလလက်ဟောင်းဒရိုင်ဗာကြီးများက-အလေ့အကျင့်လုပ်ထားကြပါတယ်---ဒီတော့--ရောက်ရှိဂီယာမှတစ်ဆင့်နိမ့်ဂီယာကိုဒေါင်းလိုက်တဲ့အခြေအနေကိုကြည့်လိုက်တော့--
အင်တီလော့ပါပဲ---အတားအဆီးတွေ့ရင်ရုတ်တရက်ဘရိတ်နဲ့ခဏမှေးလိုက်တယ်-ပြီးရင်အမြန်ဆုံးဂီယာကို-အောက်တစ်ဆင့်ဂီယာသို့-
လီဗါပုတ်ဒေါင်း-ပြီးမှ-ဘရိတ်ကိုအပိုင်ဖမ်းကြပါတယ်-

တစ်ချို့လူများသတိထားမိကြမှာပါ--ကားက-ရုတ်တရက်စက်သံဆူတက်လာပြီး--မြန်နှုန်းက-စည်းစည်းလုံးလုံးကျသွားပါတယ်---တစ်နည်းအားဖြင့်-အတိုင်းအတာတစ်ခုညင်သာပါတယ်-
ဘီးလေးဘီးကိုဘရိတ်ရှုးနဲ့မဖမ်းပဲ-ကားအင်ဂျင်ကွန်ပရက်ရှင်းနဲ့ပြန်လည်ဖမ်းပေးလိုက်တဲ့သဘောပါ--ဒါမှကားတစ်စီးလုံးကိုဘီးအရင်မရပ်စေပဲ-တဖြေးဖြေးချင်းရပ်ပေးမှာပါ-

ခုခေတ်ပေါ်ကားများရဲ့အင်န်တီလော့ဘရိတ်စနစ်ကဘီးအားလုံးကိုအညီအမျှအပိုင်ချက်ချင်းဖမ်းမပေးပါဘူး-
-ဖိလိုက်ပြီးမှနဲနဲချင်းပြန်လွှတ်လိုက်-လိုသလောက်ပြန်ဖမ်းပေးလိုက်-
ဆိုတဲ့အလုပ်ကို--ကွန်ပြူတာအာရုံခံနဲ့ချိန်ညှိလွှတ်နေပါတယ်--ကားအောက်ပိုင်းလုပ်တဲ့အခါဘီးများကိုသေချာစွာလေ့လာလိုက်ပါ-

ဘီးများလည်တဲ့နေရာများမှာအင်န်တီလော့ဘရိတ်အတွက်ဘီးလည်ပတ်မှုအရေအတွက်ကိုတွက်ပေးတဲ့-ပွိုင့်လေးများ--ဆင်ဆာများ-ဆော့ကက်များ-ကိုတွေ့ကြရမှာပါ-

ဒီသဘောတရားကိုမသိတဲ့-အောက်ပိုင်းဆရာများ-အောက်ပိုင်းလုပ်လိုက်တဲ့ကားများကို-ပြန်တတ်ပေးဘို့-ဟိုဆော့ကက်ကျန်-ဟို-ဝါယာကျန်ခဲ့လို့-
အောက်ပိုင်းပြင်လိုက်ခါမှဘရိတ်စနစ်မကောင်းဖြစ်သွားရတဲ့ကားများနဲ့လည်းကြုံခဲ့ဘူးပါတယ်--အနဲဆုံး-ဒိုင်ခွက်ထဲမှာ--ABS--ဆိုတဲ့မီးနီလင်းပြလာလိမ့်မယ်-ဒါကိုလည်း--AirBag--နဲ့ထပ်ပြီးအမှတ်မမှားနဲ့---

ABS-ကွန်ထရိုးက-နဲနဲလည်တဲ့ဘီးကို-နဲနဲပဲညှစ်--များများလည်တဲ့ဘီးကိုများများညှစ်-မနဲမများလည်တဲ့ဘီးကိုမနဲမများညှစ်--တတ်နိုင်သလောက်-ဘရိတ်အမိကြမ်းလို့ဘီးတွေဒရွတ်ဆွဲမသွားအောင်သေချာချိန်ညှိဖမ်းကြကွာ-
ဆိုပြီးအမိန့်ပေးနေလို့-မိတော့မိတယ်-အမိမကြမ်းတော့ဘူး---ဒီတော့-ဘရိတ်-ဒရွတ်ဆွဲသံတွေလည်းမကြားရသလောက်ပါပဲ--

ဒါကိုမီးပွိုင့်မှာမီးဝါမိလို့မလွတ်တလွတ်ဖြစ်သွားတဲ့ကားများရပ်သွားတဲ့ပုံကိုကြည့်လိုက်ရင်---ကားတော့ရပ်သွားတယ်--ဘရိတ်ဒရွတ်ကြောင်းလည်းမရှိ-အသံလည်း
မကြားရသလောက်ပါပဲ--မီးပွိုင့်မှာငြိမ့်ခနဲတော့ထိုးထိုးရပ်သွားပါတယ်--

ဒါပေမယ့်--နဲနဲလေးမမိတမိနဲ့-ဒက်စတော့ဆိုတာမဖြစ်လို့--ရှေ့ကားနောက်ပိုင်းလေးများကို-Kiss me quick--သွားလုပ်ကြတော့-ခဏ-ခဏမြင်မိပါတယ်--
တက်စီလုပ်ဆွဲစားနေကြတဲ့--ပရိုဘောက်-၁၀-စီးမှာ-၈-စီးလောက်--နောက်ဖက်အဖုံးလေးတွေပိန်ချိုင့်နေကြကိုမြင်ကြရမှာပါ-ဒါဟာလည်းသက်သေတစ်မျိုးပါပဲ-

ဒီတော့အပြင်မှာအတွေ့အကြုံအရလူပြောများနေတဲ့အပြောကိုနားထောင်ကြည့်ပါအုံး--

အော်တိုဂီယာတွေရဲ့ဘရိတ်က--ရိုးရိုးဂီယာလောက်အမိမကောင်းဘူးတဲ့--
ဒါကြောင့်အော်တိုဂီယာတွေက-အက်ဆီးဒင့်ပိုအဖြစ်များတာတဲ့----

ဒါဟာအမှားမှတ်-အမှတ်မှားနေကြတာပါ---ရိုးရိုးဂီယာနဲ့လာလာ-အော်တိုဂီယာနဲ့လာလာ-ဘရိတ်စနစ်ကတော့အများအားဖြင့်-ABS--ဆိုတဲ့ဘရိတ်စနစ်ဖြစ်လို့သွားပါပြီ-

ဘယ်သူကပိုကောင်းတယ်မရှိတော့ပါဘူး--ဒါပေမယ့်-အော်တိုဂီယာမှာ--AT ---CVT--ဆိုပြီးထပ်ကွန့်ထားပါတယ်--AT-ဂီယာနဲ့ကားများက-ဂီယာတစ်ခုနဲ့တစ်ခုအကူး

အပြောင်းမှာကြန့်ကြာချိန်လေးမဆိုသလောက်ရှိပါတယ်---ယခင်-မတ်တူးလိုကားမျိုးမှာစထွက်ထွက်ချင်း--ကလပ်ချော်နေသလို--ဖြစ်နေတတ်ပါတယ်-
ဂီယာချိန်းရင်လည်း--စက်သံပြောင်းနေတဲ့အသံကိုသိသာစွာကြားရတတ်ပါတယ်---

CVT--တတ်ထားတဲ့--ဘယ်လ်တာ--ဗစ်ဇ်လိုကားလေးတွေမှတော့--Continuously Variable Transmission--ဆိုတဲ့အဓိပါယ်အတိုင်း--စထွက်ကထဲက-ကားက
ငေါက်ကနဲစထွက်ပေးပါတယ်--ဂီယာချိန်းသွားရင်လည်း-ဆက်တိုက်မသိမသာချိန်းသွားလို့--ဆီစားသက်သာတာ--အထကောင်းတာ-ကိုလက်တွေ့မြင်ရပါတယ်-

ယခင်က-ရိုးရိုးဂီယာ-တတ်ကားများက-အထနှေးပါတယ်---အရှိန်ရလာလို့နောက်ဆုံးဂီယာနဲ့မောင်းတယ်ထား--လီဗါကိုလွှတ်လိုက်ရင်-ဂီယာကွန်ထရိုးနဲ့မို့-
ကားက-စည်းကနဲရှိနေပေးပါတယ်---ကျွမ်းကျင်မှုအရ-အောက်တဆင့်ဂီယာကိုပြန်ဒေါင်းနိုင်ပါက--ကားက-အရှိန်ထပ်သေသွားပါတယ်-
ယခုအော်တိုဂီယာတွေကတော့-ရိုးရိုးဂီယာကားများထက်အထမြန်သွားပါပြီ--ဒါကလည်းအက်ဆီးဒင့်ပိုဖြစ်စေနိုင်ပါတယ်-

အော်တိုဂီယာကတော့--လီဗါလျှော့လိုက်ရင်အော်တိုကလပ်အလုပ်ကိုလည်းလုပ်ပေးနေပါတယ်--လိုအပ်တဲ့ဂီယာကိုအလိုအလျောက်ချိန်းပေးဘို့အတွက်ပါ-
ဒီတော့-လီဗါလျှော့လိုက်တဲ့အခါ-ခေတ္တဖရီးသဘောမျိုးတော့ဖြစ်သွားပါတယ်--ဒီတော့ဘရိတ်ဖမ်းတဲ့အချိန်မှာရိုးရိုးဂီယာလောက်အမိမပိုင်ဘူးထင်ရလို့ပါ--
ဒါကတော့အထင်ပါ--ဘရိတ်က-ဘရိတ်အလုပ်ကိုပိုင်နိုင်စွာလုပ်ပေးပါတယ်--စိတ်ထင်လို့ပါ---

ဒီတော့ရိုးရိုးဂီယာလိုဘရိတ်ပိုမိအောင်ဖမ်းချင်ရင်--ရိုးရိုးAT--ဆို-D-မှာမောင်းနေရင်း- 2-ကို-ရဲရဲတင်းတင်းပြောင်းပြီးမှဘရိတ်ဖမ်းကြည့်ပါ-

ဂီယာဒေါင်းပြီးဘရိတ်ဖမ်းလိုက်တဲ့သဘောကိုတွေ့ပါလိမ့်မယ်-
ဇစ်ဇက်ဂီယာဆိုရင်တော့--D-မှ-S--ကိုပြောင်းပြီးမှဘရိတ်ဖမ်းလိုက်ပါ----စိတ်ချလက်ချပြန်မောင်းတော့မှ-D--ကိုပြန်ပို့ပြီးမောင်းလိုက်ပေါ့---
ခေတ်ပေါ်ကားများနဲ့ပတ်သက်လို့-မြန်နှုန်းမြင့်မောင်းကြတဲ့အခါမျိုးမှာ--အော်တိုဂီယာ-ဆိုပြီး--အမြဲတန်း--D-နဲ့တောက်လျှောက်မမောင်းသင့်ပါဘူး-
အိုဗာစပိဖြစ်လာလို့-အချိန်မီပြန်ထိမ်းသိမ်းချင်ရင်---OD/OnOff---တို့---D-မှ-2--နေရာသို့-----D-မှ-S-နေရာသို့ခေတ္တပြောင်းပြီးမောင်းသင့်ပါကြောင်း--
ဒီလိုနည်းစနစ်များကိုလည်း---ကြိုတင်ခါ-ဇာတ်တိုက်လေ့ကျင့်ထားကြရင်ဖြင့်-----

၁-စက္ကန့်မှာ--၈၈-ပေ-သွားနေတဲ့ကားအလျင်ကို--အန္တရာယ်အတွင်းမှအချိန်မီထိမ်းချုပ်နိုင်မှာဖြစ်တဲ့အကြောင်း---
မိတ်ဆွေတို့ကို-ယာဉ်အန္တရာယ်--လမ်းအန္တရာယ်ကင်းရှင်းစေဘို့----နည်းလမ်းကောင်းလေးညွှန်ပြလိုက်ပါတယ်---

ကားမိတ်ဆွေများကိုခင်မင်လျက်--

--------------------------------------------------

အတာ သင်ကြန် အချိန်အခါ ကုန်ဆုံး လို့ နှစ်သစ်မင်ဂါလာ အခါကို ရောက်လာပါဘီ ခင်မျာ၊အားလုံး  မင်ဂါလာအပေါင်းနဲ့ ပြည်စုံကျပါစေလို...
16/04/2024

အတာ သင်ကြန် အချိန်အခါ ကုန်ဆုံး လို့
နှစ်သစ်မင်ဂါလာ အခါကို
ရောက်လာပါဘီ ခင်မျာ၊
အားလုံး မင်ဂါလာ
အပေါင်းနဲ့ ပြည်စုံကျပါစေလို့
ဆုမွန်ကောင်း တောင်းလိုက်ပါဒယ်



16/04/2024

အတာ သင်ကြန် အချိန်အခါ ကုန်ဆုံး လို့
နှစ်သစ်မင်ဂါလာ အခါကို
ရောက်လာပါဘီ ခင်မျာ၊
အားလုံး မင်ဂါလာ
အပေါင်းနဲ့ ပြည်စုံကျပါစေလို့
ဆုမွန်ကောင်း တောင်းလိုက်ပါဒယ်



**** Toyota Crown အကြောင်း **** တိုယိုတာရဲ့ Crown အကြောင်း လေး ဖောက်သည်ချချင်ပါတယ်။ Crown လို့ ဆိုလိုက်တာတဲ့ မြန်မာတွေ ရ...
31/03/2024

**** Toyota Crown အကြောင်း ****

တိုယိုတာရဲ့ Crown အကြောင်း လေး ဖောက်သည်ချချင်ပါတယ်။ Crown လို့ ဆိုလိုက်တာတဲ့ မြန်မာတွေ ရင်ထဲမှာတော့ ဂျပန် မာစီးဒီးလို့ တောင် ပြေးမြင်မိမယ်ထင်မိပါတယ်။ 1955 ခုနှစ်ကတည်းက စတင် ထုတ်လုပ်ခဲ့တဲ့ ဒီမော်ဒယ်ဟာ နှစ်ပေါင်း ၆၀ တိုင်ရှိခဲ့ပါပြီ။ စတင်ထုတ်လုပ်စဉ် ကတော့ Mid size luxury မော်ဒယ်အဖြစ် အသုံးပြုဖို့ ရည်ရွယ် ထုတ်လုပ်ခဲ့ပေမဲ့ 1995 ရဲ့နောက်ပိုင်းမှာတော့ ပိုမို ကောင်းမွန် ပြီးသက်တောင့်သက်သာ ရှိတဲ့ Luxury ကားလိုမျိုး ဖန်တီးလာပါတယ်။
Crown ဆိုတဲ့ မျိုးရိုးနာမည်ဟာ စတင်ထုတ်လုပ်စဉ်ကတည်းက ပြောင်းလဲခဲ့ခြင်း လုံးဝ မရှိသေးတဲ့ နာမည်ရင်း ဖြစ်ပါတယ်။ တိုယိုတာမှာ မျိုးဆက်တစ်ခု နာမည် တစ်လုံးတည်း ကမ္ဘာအနှံ ဖြန့်ချိတာ ဆိုလို့ ဒီ Crown လေးပဲရှိပါတော့တယ်။

1955 မှာ Toyopet Master ဆိုတဲ့ concept ကားကို ထုတ်ပြခဲ့အပြီး လေးလ အကြာမှာ ဒီဇိုင်း အနည်းငယ်သာ ပြောင်းလဲထားတဲ့ Crown ကို စတင်ရောင်းချခဲ့ပါတယ်။ RS series Toyopet Crown ရဲ့ first generation ပါပဲ။

First Generation S30(1955-1962)
1.5 L R I4 အင်ဂျင်တပ်ဆင်ထားတဲ့ Crown ကို စျေးကွက်တင်ရောင်းချ ခဲ့ပေမဲ့ ဝယ်ယူစီးနင်းသူ သိပ်မများလှပါဘူး။ နောက်ထပ် ၅ လ အကြာမှာတော့ 1.8 L 3R I4 အင်ဂျင်တပ် Crown အမျိုးအစားကိုတော့ တက္ကစီ အဖြစ် ထုတ်လုပ်ရောင်းချ ရင်းစတင်လူကြိုက်များလာပါတယ်။ ထူးထူး ခြ ားခြ ား Suspension ပြောင်းလဲလိုက်တဲ့ အတွက် ပိုမိုငြိမ့်ညောင်းမှု ရှိလာလို့ဖြစ်ပါတယ်။ ထိုစဉ်က Toyopet Crown ကို 4 door sedan, 4 door Station Wagon နဲ့ 2 door Station wagon ဆိုပြီးခွဲခြားထုတ်ပေမယ့် sedan အမျိုးအစားသာ popular ဖြစ်ခဲ့ပါတယ်။

Second Generation S40(1962-1967)
လက်ရှိ ချိန်မှာ တော့ ဒီ second generation crown တွေကို classic car အဖြစ်သတ်မှတ် ပြီး အမြတ်တနိုး သိမ်းဆည်း နေကြပါပြီ။ ဒီ S40 မျိုးဆက်မှာတော့ ကား ဆိုဒ်ဟာ တော်တော်ကြီးလာပြီး ပိုပြီး ငြိမ့်ညောင်းမှု ရှိလာပါတယ်။ Sedan , Station wagon , Coupe ဆိုပြီး ၃ ပုံစံ ထုတ်ခဲ့ပြီး 1.8L 3R I4 အင်ဂျင်နဲ့ 2.0L M I6 တို့ကို စိတ်တိုင်းကျ တပ်ဆင်ခွင့် ပြုထားသလို Deluxe နဲ့ Super Deluxe ဆိုပြီး မော်ဒယ် ကွဲဂရိတ် ကွဲ တွေနဲ့ စတင်ရောင်းချတာပါ။
ဂီယာ အနေနဲ့ မန်နူရယ် ၃ ချက် အပြင် အော်တို ၂ ချက်ပါ ရွေးချယ်လို့ရပါသေးတယ်။ 1964 မှာတော့ Crown eight လို့ ခေါ်တဲ့ V8 အင်ဂျင်တပ် sedan အမျိုးအစားကို အရေအတွက် ကန့်သတ်ပြီးထုတ်ခဲ့ပါသေးတယ်။ ထိုအချိန်က အရမ်းကြီးမားတဲ့ အင်ဂျင် အဖြစ် အမွန်းတင်ခံခဲ့ရတဲ့ 2.6L V V8 အင်ဂျင် ဟာ လက်ရှိ Crown Majesta ရဲ့ ဘိုးအေ ကြီး လို့ သတ်မှတ်နိုင်ပါတယ်။

Third Generation S50(1967-1971)
ဒီမျိုးဆက်မှာတော့ ရှေ့မျိုးဆက်နဲ့ ကွာခြားတာက ရုပ်ထွက် အနည်းငယ် သာရှိပါတယ်။ ထူးခြားမှု အနေနဲ့ကတော့ အရွယ်အစား ကြီးမားတဲ့ 2.0L နဲ့ 2.3L အင်ဂျက်များသာ တပ်ဆင်ထားတဲ့ အတွက်လည်း အင်ဂျင်ပါဝါ အသေး လိုအပ်သူများ အတွက် Mid-Size luxury မျိုးဆက်မှာ Mark II အမျိုးအစား ကို ထပ်ပေါင်း ပြီး Crown ကိုတော့ Full-Size Luxury series ဖြစ်ဖို့ အတွက် ဆွဲတင်ထားခဲ့ပါတယ်။ O/D over drive ဆိုတဲ့ စနစ်တပ်ဆင်ခဲ့သလို transmission ပိုင်းမှာ 3/4 speed Manual, 2/3 speed auto ဆိုပြီး ရွေးချယ်စရာများလှပါတယ်။
Super saloon ဆိုတဲ့ဂရိတ်တစ်မျိုးလည်း ရောင်းချခဲ့သလို , အတွင်းခန်း ပစ္စည်း အားလုံး နီးပါး လည်သာ နဲ့ တပ်ဆင်ထုတ်လုပ်ပေးတဲ့ ဂရိတ်ပါ။

Fourth Generation S60&70(1971-1974)
ဒီမျိုးဆက်မှာတော့ Super saloon မော်ဒယ်တွေထဲက Deluxe နဲ့ Super Deluxe ဂရိတ် တွေအပြင် Super Limousine ဆိုတဲ့ ဇိမ်ခံကား အမျိုးအစား ကိုပါ စတင်ထုတ်လုပ်ပါတယ်။ အင်ဂျင်ပါဝါအနေနဲ့ ယခင် 2.0L , 2.3L တွေ အပြင် 2.6L 4M I6 အင်ဂျင် ထိပါ တပ်ဆင်ထုတ်လုပ်လာတာ တွေ့ရပါတယ်။
Hardtop coupe လို့ ခေါ်တဲ့ တံခါး ၂ ပေါက် ကို ပွဲထုတ်လာပြီး in-line six cylinder အမျိုးအစား 2.0L MI6 ကို chassis MS70, 2.6L 4M I6 ကို MS75 ဆိုပြီး ခွဲထုတ်ပေးပေမယ့် ရုပ်ကတော့ အတူတူပဲဖြစ်ပါတယ်။
Rectangular halogen light လို့ ခေါ်တဲ့ မီးခွက် လေးထောင့် နဲ့ တပ်ဆင်ထုတ်လုပ်တဲ့ အမျိုးအစား လည်း ထွက်ပါတယ်( ရှေ့မော်ဒယ်တွေမှာ မီးခွက် အဝိုင်းသာ ပါပါတယ်)။

Fifth Generation S80,90&100(1974-1979)
Sedan နဲ့ Wagon မော်ဒယ်တွေကို S80 chassis, 2door နဲ့ 4 door hardtop coupe တွေကိုတော့ S90 ပေးခဲ့ပေမယ့် ဂျပန် ပြည်တွင်း သုံး Crown မော်ဒယ်အားလုံး ကတော့ S100 ဆိုတဲ့ Chassis သာ ရိုက်နှိပ်ပါတယ်။ TTC-C လို့ခေါ်တဲ့ catalytic converter စနစ်စတင်တပ်ဆင်ပေးခဲ့ပါသေးတယ်။ အင်ဂျင်အနေနဲ့ အရင် မော်ဒယ်တွေ အတိုင်းသာရှိပေမယ့် ဂရိတ်ခွဲ ၄ မျိုး ဖြစ်လာပါတယ်။ Standard, Deluxe, Super Saloon နဲ့ Royal Saloon တို့ဖြစ်ပြီး Royal Saloon က အမြင့်ဆုံး ဂရိတ် အင်ဂျင်ပါဝါ 2.6L နဲ့ အပြင် အခြား ဂရိတ်တွေထက် ကားအရှည်နဲ့ အကျယ် ပိုပါတယ်။

Sixth Generation S110 (1979-1983)
ထောင့်စပ်စပ် ရုပ်ကို ဆင့်ကဲပြောင်းလဲလာတဲ့ Crown ဟာ ဒီမျိုးဆက်မှာတော့ တိကျတဲ့ ထောင့်ဖောင်းလိုင်းတွေနဲ့ luxury ကား အမျိုးအစားထဲ တိတိပပ ဝင်ရောက်သွားပါပြီ။ ရှေ့မီးလုံးဟာ လေ့ထောင့် မီးကြီး တစ်လုံး တည်း ဖြစ်လာသလို တာဘို အင်ဂျင်တပ် မော်ဒယ်တွေပါ စျေးကွက်ဝင်လာပါတယ်။ ဂျပန် အစိုးရရဲ့ မူဝါဒ အရ အင်ဂျင်ပါဝါ အကြီးစားတွေ ထုတ်ဖို့ မဖြစ်နိုင်တာကြောင့် မူလ အင်ဂျင်ပါဝါ ကိုပဲ ထပ်တိုးထုတ်ပေးမယ် တာဘို အင်ဂျင်တွေ တပ်ဆင်လာရတာပါ။ ဒီမော်ဒယ်မှာတော့ Luxury ဆိုတဲ့ အတိုင်း Sunroof, Electronic compass, driver power seat, Cruise control, Stereo tuner, Auto climate control, fridge, rear seat air con စသဖြင့် မြောက်များစွာသော optional တွေ ကိုရွေးချယ်ခွင့်ပေးထား ပါတယ်။

Seventh Generation S120(1983-1987)
မြန်မာပြည်နဲ့ များစွာ မစိမ်းတဲ့ ဒီမျိုးဆက်မှာတော့ Base version super saloon မှာ 2.0L 1G-GE I6 ကို သုံးစွဲပေးထားပါတယ်။ အဓိက ဒီဇယ် အင်ဂျင်ခေတ်စားနေချိန် ဖြစ်တဲ့အတွက် 2.4L 2L I4 diesel အင်ဂျင်တပ် Crown တွေ အများအပြား ရောင်းချခဲ့ရသလို့ အင်ဂျင်ပိုင်းမှားများစွာ အပြောင်းအလဲ ရှိခဲ့ပါတယ်။ T-VIS လို့ခေါ်တဲ့ intake စနစ်တွေ တပ်ဆင်ခဲ့သလို TEMS လို့ခေါ်တဲ့ Electronic suspension စနစ်တွေ အပြင် ETC transmission တွေပါပါဝင်လာတဲ့ မော်ဒယ် မို့လို့ တခေတ်တခါက မြန်မာပြည်မှာ အရမ်း ခက်ခက်ခဲခဲ ပြုပြင်ထိန်းသိမ်းခဲ့ရတာ ကြားဖူးပါတယ်။ Cassette player, CD player တို့ အတူတွဲပါဝင်လာသလို အခြားသော ဇိမ်ခံပစ္စည်းပေါင်းမျယးစွာ ဖြည့်စွက်ပါဝင်ပါသေးတယ်။
သာမာန် Crown မော်ဒယ်မှာ Super selected model ဂရိတ် ဟာ သင့်တေည်သလို high luxury series မှာတော့ Royal saloon ဟာ အမြင့်ဆုံး ဇိမ်ခံကား အမျိုးအစားအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။

Eighth Generation S130(1987-1991)
ဒီမျိုးဆက်မှာတော့ ထူးခြားမှု အထွေအထူး မရှိလှပါဘူး။ 4.0L 1UZ-FE V8 အင်ဂျင် တပ် Royal Saloon G အမျိုးအစား ထပ်မံ ထွက်ပေါ်လာခဲ့ သလို 2.4L 2L-TE turbo diesel နဲ့လည်း ရနိုင်ပါသေးတယ်။ CD-ROM base navigation system ဟာ အထူးအဆန်း ဖြစ်ခဲ့သလို့ TRC လို့ ခေါ်တဲ့ traction control ကလည်း အံ့မခန်း စွမ်းဆောင်ရည် ကိုပေးပါတယ်။

Ninth Generation S140(1991-1995)
Crown Majesta ဆိုတဲ့ မျိုးကွဲ luxurious တစ်ခု ကွဲထွက်လာသလို ယနေ့အချိန်ထိ လူကြိုက်များလှတဲ့ 1JZ-GE, 2JZ-GE အင်ဂျင်တွေ စတင် အသက်ဝင်လာတဲ့ မျိုးဆက်ပါပဲ။ ရုပ်ထွက်ကတော့ လုံးရာကနေ လေးထောင့် , ဒါကနေ တစ်ခါ ပြန်လုံးလာတဲ့ မျိုးဆက်မှာ sedan ကိုသာ အဓိက ထား ထုတ်ပါတော့တယ်။ Standard , Deluxe , Super Deluxe , Super Saloon, Royal Saloon, Royal Saloon G နဲ့ Majesta ဆိုပြီး ကွဲပြားပေမယ့် Royal Saloon G နဲ့ Majesta မှာသာ 4.0L အင်ဂျင်တပ် အမျိုးအစားနဲ့ အတွင်းဂရိတ် အမြင့်ဆုံး ရနိုင်ပါတယ်။

Tenth Generation S150(1995-1999)
ဒီမျိုးဆက်မှာတော့ Royal Touring ဆိုတဲ့ 4WD မော်ဒယ်တိုးလာတာကလွဲလို့ အပြောင်းအလဲ အများကြီး မရှိပါဘူး။ Crown comfort လို့ ခေါ်တဲ့ တက္ကစီအများအပြားကိုတော့ တရုတ်, ဂျပန်, စင်ကာပူ, ဟောင်ကောင် နဲ့ အာရှ ဒေသ နေရာတော်တော်များများမှာ လုပ်ငန်းသုံးအဖြစ်ရောင်းချခဲ့ပါတယ်။

11th Generation S170(1999-2003)
အနည်းငယ် ကြွားထွက်လာတဲ့ ရုပ်ထွက်နဲ့ လက်ရှိ မြန်မာပြည်မှာ အတွေ့ရများတဲ့ Crown မော်ဒယ် ဖြစ်ပါတယ်။ ပုံစံ ကွဲ လေးမျိုး နဲ့ ပွဲထုတ်လာတဲ့ ဒီမော်ဒယ်မှာ Royal , Athlete , Majesta , Estate ဆိုပြီး ကွဲပြားပါတယ်။ ဒီအထဲက Royal Estate ကတော့ Wagon type ဖြစ်ပြီး ကျန် သုံးမျိုး ကတော့ luxury sedan တွေပါ ။ Majesta ကတော့ ရုပ်ထွက်တူပေမယ့် ပိုကြီး ပြီး ပိုရှည်သလို 3.0L အင်ဂျင်နဲ့သာ လာပါတယ်။ 2.0L 1G-FE ကိုတော့ Royal Saloon လို ဂရိတ်နိမ့်တွေမှာ သာ တပ်ဆင်ပေးပြီး ကြားဂရိတ်ဖြစ်တဲ့ Athlete V မှာတော့ 2.5 L 1JZ-FE အင်ဂျင်မှာ တာဘို ပါဝင်ပါတယ်။ ထူးခြားမှု အနေနဲ့ကတော့ 2.5L နဲ့ 3.0L အင်ဂျင်တပ် မည့်သည့် ဂရိတ် မှာမဆို Mild Hybrid လို့ခေါ်တဲ့ HSD ( Hybrid synergy drive) စနစ်တပ်ဆင်နိုင်ပါတယ်။

12th Generation S180( 2003-2008)
1JZ/ 2JZ တို့လို ရုန်းအား အရမ်းကောင်းတဲ့ in-line 6 cylinder အင်ဂျင်တွေ ကို ဖယ်ထုတ်လိုက်ပြီး V6 အင်ဂျင်တွေသာ နေရာယူလာတဲ့ ဒီမျိုးဆက်မှာတော့ ထူးထူးခြားခြား ရုပ်ထွက်ပါပြောင်းလဲသွားပါတော့တယ်။ Full-Size luxury ကားလို့ ကြွေးကြော်ခဲ့ စဉ်ကတည်းက အပြောင်းအလဲညင်သာခဲ့တဲ့ ရုပ်ထွက်ဟာ ဒီမျိုးဆက် အရောက်မှာတော့ လုံးဝ ကွဲပြားထွက်လာခဲ့ပေမယ့် နာမည်ကတော့ မပြောင်းလဲခဲ့ပါဘူး။
Crown Majesta ကိုတော့ ထူးထူးခြားခြားခွဲထုတ် ခဲ့ပြီး 4.3L V8 အင်ဂျင်နဲ့ သာထုတ်ပေးခဲ့ပြီး 4WD ကိုတော့ optional အဖြစ်ထားခဲ့ပါတယ်။
Royal Saloon နဲ့ Athlete ဂရိတ်တွေမှာတော့ V6 အင်ဂျင် Hybrid စနစ်နဲ့ သုံးမျိုး ရွေးချယ်နိုင်ပါတယ်။
2.5L 4GR-FSE V6, 3.0L 3GR-FSE V6 နဲ့ 3.5L 2GR-FSE V6 အမျိုးအစား ၃ မျိုးမှာ G-book ဆိုတဲ့ Navigation system, push start, ကျွန်းကွက် အညို/အမည်း, Radar, Pre-collision system, High speed level control, e-CVT စသဖြင့် မြောက်များလှသော စနစ်တွေပါဝင်ပါတယ်။

13th Generation S200(2008-2012)
High end luxury အဖြစ်ပွဲခံလာတဲ့ Crown မှာတော့ ယခင် မျိုးဆက်ကနေ ဆက်ခံလာတဲ့ မျိုးရိုးအမည်အတိုင်း ပါပဲ။ Majesta မှာတော့ 4.3L အင်ဂျင်အစား 4.6L 1UR-FSE V8 ဖြစ်သွားပြီး , ကျန် Royal နဲ့ Athlete တွေမှာတော့ ယခင် အမျိုးအစားတွေ သာသုံးပါတယ်။ 3.5L အင်ဂျင်တပ် hybrid အမျိုအစား ကို မည်သည့် ဂရိတ်မှာမဆို ရနိုင်ပြီးတော့ 8 speed transmission နဲ့ တွဲသုံးပါတယ်။
ရနိုင်တဲ့ optional package တွေကတော့ NAVI/AI-AVS, 3D SNS, ANC noise control, PCS, GPS Navi, CCD camera , PDS pedestrian detection, DMS Driver Monitoring, Center airbag စသဖြင့် နောက်ဆုံးပေါ် ယာဉ်အကူ စနစ်တွေကို တပ်ဆင်ထားတဲ့ ယာဉ်တစ်စီးဖြစ်လာပါပြီ။

14th Generation (2012-present)
လက်ရှိ ထုတ်လုပ်နေတဲ့ နောက်ဆုံး အမျိုးအစား မှာတော့ ရုပ်ထွက်ထူးခြားစွာ ပြောင်းလဲခဲ့ ပြန်ပါပြီ။ Crown အနေနဲ့ အာရှမှာ သာရောင်းချ တော့သလို world wide မှာတော့ Lexus GS စီးရီးအနေနဲ့သာ ရောင်းချပါတော့တယ်။

ဒီလောက်ဆိုရင်တော့ Crown ရဲ့ မျိုးရိုးစဉ်ဆက် အကြောင်း လုံလောက်ပြီလို့ ထင်မိပါတယ်။


ဒီနေ့ ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ နောက်ပိုင်းကားမော်ဒယ်တွေနဲ့ luxury car မော်ဒယ်တွေမှာ ပါတဲ့ လေအိတ်ရှော့ဘားအကြောင်...
28/03/2024

ဒီနေ့ ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ နောက်ပိုင်းကားမော်ဒယ်တွေနဲ့ luxury car မော်ဒယ်တွေမှာ ပါတဲ့ လေအိတ်ရှော့ဘားအကြောင်းပဲ ဖြစ်ပါတယ်။ 💨💨💨

ကားဟောင်းအများစုနဲ့ eco ကားတွေမှာတော့ လေအိတ် suspension ဆိုတာ မပါသလောက်ရှားပေမဲ့မြန်မာတွေ အကြိုက်များတဲ့ lexus series တွေမှာက လေအိတ်ရှော့ဘား (air suspension) ကို အသုံးပြုကြတာ များပါတယ်။
ရှင်းပြပေးရရင်တော့ လေအိတ်ရှော့ဘားဆိုတာ သာမန်ကားတွေမှာ မြင်နေတာ ကားတာယာနောက်က စပရိန်အကြီးစားတွေအစား လေဖိအားကို တင်းနေအောင်ဖြည့်ထားတဲ့ လေအိတ်တုံးကြီးတွေနဲ့ အစားထိုးလိုက်တာပဲ ဖြစ်ပါတယ်။ အဲ့လို အစားထိုးလိုက်တဲ့အခါမှာ ကောင်းကျိုးတွေရှိသလို drawback အနည်းငယ်လည်း ရှိတတ်ပါတယ်။ အောက်မှာ အသေးစိတ်ပြောပြပေးသွားမှာပါ။

ကောင်းတဲ့အချက်တွေကတော့
၁− ကားအနိမ့်အမြင့်ကို လိုသလို ချိန်လို့ရသွားမှာဖြစ်ပါတယ်။ လမ်းကြမ်းတွေသွားလို့ အောက်ပိုင်းမြင့်ချင်လား။ အမြန်မောင်းချင်လို့ ကားကိုဝပ်အောင် နိမ့်ချင်လား လိုအပ်သလို ချိန်ညှိလို့ရမှာပဲ ဖြစ်ပါတယ်။
၂− စီးရတာ ဇိမ်ပိုရှိလာမယ်။ အထူးသဖြင့် မြန်မာနိုင်ငံလိုမျိုး လမ်းကြမ်းတွေ ရှိသေးတဲ့နိုင်ငံမှာဆို လမ်းရဲ့မညီမညာဖြစ်မှုတွေကို လေအိတ်ရှော့ဘားတွေက ပိုမိုပြီး စုပ်ယူပေးနိုင်ပြီး စီးတဲ့ခရီးသည်အပေါ် သက်ရောက်မှု နည်းစေမှာပဲ ဖြစ်ပါတယ်။
၃ − ကားကို ထိန်းချုပ်ရတာ ပိုလွယ်ကူစေတယ်။ အနိမ့်အမြင့်ကို ချိန်လို့ရခြင့်အားဖြင့် ကိုယ်ကြိုက်တဲ့ driving style ကို လိုက်ညှိလို့ရတာဖြစ်လို့ အကွေ့တွေ ရုတ်တရက်လုပ်ကိုင်ရတာတွေကို သက်ရောက်မှု ရှိစေမှာပဲ ဖြစ်ပါတယ်။
၄− ဝန်အားမျှစေမှု − လေအိတ်ရှော့ဘားတွေက ကားရဲ့အလေးချိန်၊ပုံစံတွေပေါ်မူတည်ပြီး ကားကို အလိုအလျောက်ထိန်းညှိပေးပါတယ်။ ဒါကြောင့် ကားကို နောက်အိစေတာတွေ ဖင်ထောင်နေတာတွေ မဖြစ်စေပါဘူး။

မကောင်းတဲ့အချက်က ပြောရမယ်ဆိုရင် တစ်ခုခုပျက်လို့ အပိုပစ္စည်းရှားပါးတာ စျေးကြီးတာတွေ ဝယ်မရတာတွေ ဖြစ််တတ်ပါတယ်။ နည်းပညာကလည်း ပိုမြင့်ပြီး အစိတ်အပိုင်းတွေကလည်း ပိုများတာမို့ ပြင်တတ်တဲ့သူဆီမှာ မပြင်ဘူးဆိုရင် ကားကို ပိုထိခိုက်စေတတ်ပါတယ်။

ဒါတွေကြောင့်မို့ မြန်မာနိုင်ငံကို airbag suspension စရောက်ကတည်းက အာမခံနဲ့ ပြုပြင်လာခဲ့တဲ့ ယခင် အလုံသမဝင်းမှာ ဖွင့်လှစ်ခဲ့ပြီး ယခု စမ်းချောင်းမှာပြောင်းရွေ့ဖွင့်လစ်ခဲ့တဲ့ ဦးမြင့်ဦးနှင့်ညီအစ်ကိုများ (ယခု Alpha Auto Workshop) ကို လာရောက်ပြီး လိုအပ်တဲ့ စစ်ဆေးမှု ပြုပြင်မှုတွေကို စိတ်ချလက်ချ အာမခံရယူပြီး ပြုပြင်နိုင်ပါတယ်လို့ အသိပေးပါရစေခင်ဗျား

ပြန်ဆေး တို့ အင်ဂျင်ချိန်းထားတာတို့က ကြောက်စရာမလိုဘူး…▪️အင်ဂျင်ချိန်းကားဟာ ကြောက်စရာလုံးဝ မဟုတ်ပါ ။    အမှန်တော့ကြိုက်စရ...
23/02/2024

ပြန်ဆေး တို့ အင်ဂျင်ချိန်းထားတာတို့က ကြောက်စရာမလိုဘူး…

▪️အင်ဂျင်ချိန်းကားဟာ ကြောက်စရာလုံးဝ မဟုတ်ပါ ။ အမှန်တော့ကြိုက်စရာပါ

အင်ဂျင်ချိန်းကားကို_အများစု_ဘာလို့_စိုးရိမ်ကြောင့်ကြ_ပါသလဲ ဆွေးနွေးကြည့်ရအောင်
============================

◾ နည်းပညာအရ လက်တွေ့ကျကျပြောရရင် အင်ဂျင်ချိန်းကားဟာ ကြောက်စရာလုံးဝ မဟုတ်ပါ ။ အမှန်တော့ကြိုက်စရာပါ ။
◾ သေသေချာချာ ထဲထဲဝင်ဝင် မသိကြလို့ပါ ။
◾ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ လူအများစု လက်လှမ်းမှီနိုင်တဲ့ ကားအများစုဟာ 2010 အောက်ကားတွေပါ ။ ဆယ်စုနှစ်တစ်ခု‌ကျော် အသုံးပြုပြီးသားအင်ဂျင်အဟောင်းတွေအများစုဟာ ဘာမှပြန်လည်ပြုပြင်မှု မလုပ်ထားဘဲ ကောင်းမွန်တဲ့‌အနေအထားမှာ လုံးဝမရှိနိုင်ပါဘူး။
◾အင်ဂျင်တစ်လုံးမှာ ပျက်စီးတဲ့အထိ သုံးလို့ရတဲ့ အစိတ်အပိုင်းတွေပါရှိသလို မပျက်ပေမယ့် အသုံးပြုနိုင်တဲ့ သက်တမ်းပြည့်သွားပြီဆိုတာနဲ့ လဲလှယ်ပေးရမယ့်အစိတ်အပိုင်းတွေ အများကြီးပါဝင်ပါတယ် ( ဥပမာ။ ။ Connecting Bearing, Main Bearing, Piston Ring, Timing Chain Kit, Valve seat, Valve , နောက်ထပ်လဲ အများကြီးရှိပါတယ် ) အစရှိသဖြင့်ပေါ့။

▪️ ဒါပေမယ့် ဒီမှာကတော့ ဘယ်အရာဘဲ ဖြစ်ဖြစ် မပျက်မခြင်းသုံးကြပါတယ် ၊ ဘယ်တော့မှ သတ်မှတ်ချက်အတိုင်း မလဲလှယ်ကြပါဘူး။ အဆိုးဆုံးက အရည်အသွေးမပြည့်မီတဲ့ စက်ဆီ ချောဆီတွေကြောင့် အင်ဂျင်အများစု ပျက်စီးကြရပါတယ်။ ဒါကြောင့် ပျက်စီးပြီဆိုရင် ပြင်လို့ရတဲ့ အနေအထားထက် အသစ်ဝယ်တင်ကြရတဲ့ အနေအထားတွေက များပါတယ်။
▪️ ဒါကြောင့် ဆယ်စုနှစ်တစ်ခုကျော် ဖြစ်သလိုအသုံးပြုထားတဲ့ Original အင်ဂျင်နဲ့ကားထက် အင်ဂျင်အသစ်ပြောင်းတင်ပြီးသားကားက ပိုသာပိုကောင်းပါတယ်။
▪️ ကဲဟုတ်ပြီ အသစ်ဝယ်တင်ကြပြီဆိုပါစို့ ။ ဒီမှာပြဿနာက စပါပြီ။ ကားအမျိုးအစားတူ မော်ဒယ်တူ အင်ဂျင်ပါဝါတူ တစ်ပုံစံထဲ ရခဲ့ရင်တော့ဘာပြဿနာမှမရှိနိုင်ပေမယ့် အမျိုးအမည်တူ_ပါဝါတူ ပေမယ့် ကားအမျိုးအစားခြင်းမတူခဲ့ရင်( ဥပမာ။ ။ 1kz ဟာ prado KZJ-95 မှာလဲလာသလို Hiace အပြင် Hilux-Surf မှာလဲလာပါတယ်။) အနည်းအကျဉ်း guideတော့ ပြဿနာလေးတွေရှိတတ်ကြပါတယ် ။
▪️စာရှည်သွားမှာစိုးလို့ အသေးစိတ်မပြောတော့ဘဲ တွေ့ရအများဆုံးနဲ့ အများစု ဒွိဟ သံသယ ဖြစ်နေကြ ကြောက်နေကြတဲ့ ကားနှစ်မျိုးကို ဥပမာ ထားပြီး ပြောပြပေးပါမယ်။

▪️No.1 Toyota Probox
1.3 to 1.5 ( 2nz to 1nz )

▪️ ဒီကိစ္စကတော့အများစုသိကြတဲ့ကိစ္စပါ ။ Probox မှာ 1.3 ကို 1.5 ချိန်းရင် အများစုကြောက်ကြတယ်၊ ဘာလို့ကြောက်တာလဲမေးရင် ဝါးတားတားနဲ့ သေချာ မဖြေနိုင်ကြဘူး။
▪️1. တစ်ချို့က ဂီယာဆောင့်လို့ ဂီယာချိန်းမမှန်လို့ ပြောတဲ့သူကပြောတယ်
▪️2. တစ်ချို့က အင်ဂျင်တုန်လွန်းလို့ အင်ဂျင်သံမမှန်လို့ ပြောတဲ့သူကပြောကြတယ်
▪️3. တစ်ချို့က အဲကွန်းပျောက်ပြီးဖွင့်မရဘဲ ဖြစ်ဖြစ်သွားတတ်လို့ ဆိုပြီးပြောကြတယ်
▪️4. တစ်ချို့ကလဲ ကားမခံနိုင်ဘူး ပြိုသွားလိမ့်မယ် 1.3 ကားကသံသားပါးတယ်ဆိုပြီး ဘောင်မဝင်တန်းမဝင်တဲ့ ပညာမဲ့ စကားတွေတောင်ကြားရတတ်သေးတယ်။ အဲ့လိုလူတွေ တစ်ခါတည်း မှတ်ထားပါ NCP-50 , 51, 55, 58 ကားအားလုံးရဲ့ Curb weight ဟာ 1030 kg တစ်သမတ်ထဲပါ၊ ဟိုကားက ပါးလို့ 1000 ဘဲရှိတယ် ဒီကားက ထူလို့ 1050 ရှိတယ်ဆိုပြီး လုံးဝမကွဲပါ။ ဟုတ်ပြီ ဘာတွေဘဲ ပြောပြော မသိလို့ပြောကြတာဘဲ ရှိစေတော့။
▪️ အဓိက အကြောင်းစပြောပါမယ် ။ 1.3 ကို 1.5 ချိန်းရင် ( 2nz to 1nz ) ပြဿနာ တစ်ကယ်ဘဲ ရှိသလား ?
▪️ ဟုတ်ကဲ့ပါ ။ နည်းစနစ်မမှန်တဲ့ချိန်းပုံမျိုးက ပြဿနာ တစ်ကယ်ရှိပါတယ်။ ဒါဆို နည်းစနစ်မမှန်တဲ့ချိန်းပုံကဘာလဲ ? ဘယ်လိုပြဿနာတွေ ရှိလဲ ?
▪️ နည်းစနစ်မမှန်တဲ့ချိန်းပုံဆိုတာ အင်ဂျင်ပျက်စီးတယ် ဆိုပါစို့၊ အင်ဂျင်ဘဲ ချိန်းလိုက်တယ် ကျန်တာဘာမှ မလုပ်ဘူး ဂီယာဘောက်မချိန်းဘူး ECU မချိန်းဘူး ဝါယာရိန်းမစစ်ဘူး ကုန်ကျစရိတ်သက်သာအောင်လို့
ကဲစပြီလေ ပြဿနာက 1nz နဲ့ 2nz က အင်ဂျင်ခြင်းမှမတူတာ ( တပ်ဆင်လို့ရပုံခြင်းတူတာပါ )
ဂီယာဆောင့်မယ် ဂီယာချိန်းနောက်ကျမယ် အဲကွန်းပျောက်မယ် ဆီပိုစားမယ် ရံဖန်ရံခါ chack မီးလင်းမယ် ဖြစ်မှာပေါ့ ကားတစ်စီးလုံးရဲ့စနစ်ကို ထိန်းချုပ်ထားတဲ့ ECU က 2nz အတွက်ထုတ်လုပ်ထားတဲ့ ECU လေ 2nz ECU နဲ့ 1nz အင်ဂျင်ကို ထိန်းချုပ်ခိုင်းမှတော့ မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေရနိုင်ပါဦးမလား ? Input sensors တွေက လာတဲ့ signal အတိုင်း output ကို ပြန်ထုတ်ပေးရမှာ input တွေမှားနေမှတော့ output ကဘယ်လိုမှန်ပါဦးမလဲ ၊ စာရှည်တဲ့အတွက် အသေးစိတ်မပြောတော့ဘူး ၊ ဖြေရှင်းနည်းဘဲ ပြောမယ်
▪️ အင်ဂျင်ချိန်းချင်တယ်မလား နည်းစနစ်မှန်အောင်ချိန်းပါ ငါးတစ်ပိုင်း မလုပ်နဲ့ 2nz ကနေ 1nz အင်ဂျင်ချိန်းမယ်ဆို 1nz gearbox, 1nz ECU , 1nz ကြိုးထုပ် အစုံလိုက်ချိန်းပါ ၊ ဘာပြဿနာမှ မရှိဘူး၊ ဖားတစ်ပိုင်းငါးတစ်ပိုင်းလုပ်မယ်ဆိုရင်တော့ Professional Skill လိုပါတယ် ဒါပေမယ့် အချိန်အတိုင်းအတာ တစ်ခုထိဘဲရမယ် အဲ့အချိန်ကျော်လွန်လာရင် ပြဿနာတွေ စလာမယ်။ ဖားတစ်ပိုင်းငါးတစ်ပိုင်း ဖားတစ်ပိုင်းနည်းစနစ်မမှန်အောင်လုပ်ထားပြီး ရလဒ်ကို အမှန်လိုချင်လို့တော့မဖြစ်နိုင်ပါဘူး။
▪️ ထပ်ပြောပါမယ် နည်းစနစ်မှန်အောင်ချိန်းပါ ၊ ဘာပြဿနာမှ မရှိဘူး။ ကြောက်စရာလဲ မလိုဘူး။ ကြောက်ရမယ့်အကြောင်းလဲ မဟုတ်ဘူး ၊ ၊ ဖြစ်နေတာက အင်ဂျင်ချိန်းခြင်းပြဿနာမဟုတ်ပါဘူး ။ မသိကြတဲ့ နားမလည်ကြတဲ့ ပြဿနာပါ၊ ယောင်ဝါးဝါးတွေက တွေ့ကရာတွေ လျှောက်ပြော ယုံတဲ့သူကလဲ ယုံ ဆိုတော့ အဲ့ဒါကမှ ပြဿနာအစစ်ပါ။
▪️ လေ့လာကြပါ ၊ ကိုယ်တိုင်မသိရင် တစ်ကယ်သိတဲ့ကြိုက်ရမယ့်အကြောင်းနားလည်တဲ့ သူကို စစ်ဆေးခိုင်းပါ၊ တိုင်ပင်ပါ ။ ငကန်းပြောတဲ့ တစ္ဆေကြီးအကြောင်း ယုံနေသမျှတော့ ယုံနေသူတိုင်း

▪️စာရှည်နေပြီ နောက်ထပ်အသုံးများကြတဲ့ ကားတစ်စီးရဲ့ ဥပမာနဲ့ အဆုံးသတ်ပါမယ်။မြင်လျှက်နဲ့ကန်းနေသူတွေပါဘဲ။

▪️ No.2 Nissan AD Van▪️


AD Van မှာလဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားတစ်ခုရှိပါတယ် အဲ့ဒါကတော့ gearbox အမှားချိန်းတဲ့ပြဿနာပါ
▪️ နွားကြီး 1.3 လို့အသိများကြတဲ့ AD Van မှာတော့ -12DE engine နဲ့ လာပြီး 1.5 ကတော့ HR-15 DE ဖြစ်သွားပြီး 1.8 ဆိုရင်တော့ MR-18 DE ဖြစ်သွားတဲ့အတွက် Probox လို ဖားတစ်ပိုင်းငါးတစ်ပိုင်း လုပ်လို့မရပါ။
▪️ သို့သော် AD Van ခြင်းအင်ဂျင်ဂီယာမမှားနိုင်ပေမယ့် ကားခြင်းမတူရင် ဂီယာဘောက်မှာ မှားပါမယ် ။ Nissan March မှာလဲ CR-12DE အင်ဂျင်ပါ။ဒါဆိုတော့ AD Van 1.3 ကို ဂီယာဘောက်လဲမယ်ဆိုပါစို့ ၊ ဆိုင်မှာဂီယာဘောက်သွားဝယ်ပြီ၊ CR-12DE အင်ဂျင်ဘဲ ဒါပေမယ့် Nissan March ကဖြုတ်တဲ့အင်ဂျင်လား AD Van ကCRဖြုတ်တဲ့အင်ဂျင်လား ခွဲသိမှ ဂီယာဘောက်အမှန်ကိုရပါမယ် ( ရောင်းတဲ့သူအများစု မခွဲတတ်ကြပါဘူး ) ဘာကြောင့်လဲဆိုတော့ မတူတာတစ်ခုဘဲရှိပါတယ် ကျန်တာအားလုံးအတူတူပါ ။
▪️ အဲ့ဒီမတူတာက Nissan March ကဖြုတ်တဲ့ အင်ဂျင်ဂီယာဆိုရင် revolution sensor ပါပြီးတော့ AD Van ကဖြုတ်တဲ့ အတွဲမှာ Revolution sensor မပါပါဘူး။ ဒါကိုကြည့်ပြီး ခွဲရပါတယ်။ ဒီလိုဆိုတော့ Ad van မှာ March ကဖြုတ်တဲ့ CR-12DE ကိုတင်ရင် ဂီယာဘောက်မှာ sensor တစ်ခုပိုပါနေပြီး ကားရဲ့ ကြိုးထုပ်မှာ တပ်စရာ ဆော့ကဒ်မရှိဖြစ်နေပါလိမ့်မယ်။ AD Vanမှာ ပြဿနာသိပ်မရှိပေမယ့် March မှာ ad ကဖြုတ်ထားတဲ့ အတွဲကိုတင်မိရင်တော့ဂီယာဘောက်မှာ revolution sensor မပါတဲ့အတွက် ဒိုင်ခွက်မှာ RPM တက်မှာမဟုတ်ပါဘူး။
▪️ ဒါကြောင့် အင်ဂျင်ဘဲ ချိန်းချိန်း ဂီယာဘောက်ဘဲ ချိန်းချိန်း နည်းစနစ်တစ်ကျ မှန်ကန်စွာ ချိန်းကြပါလို့ ပြောချင်ပါတယ်။

▪️ စနစ်တကျ မှန်ကန်စွာ ချိန်းထားတဲ့ ကားတစ်စီးမှာ ဘာပြဿနာ မှ မရှိပါ ခင်ဗျာ။

▪️ အင်ဂျင်ချိန်း ဂီယာဘောက်ချိန်း ကားတစ်စီးဟာ ကြောက်စရာ လုံးဝမဟုတ်ပါ။ ကြိုက်စရာသာ ဖြစ်ပါတယ် ခင်ဗျာ။

▪️ အမှန်တစ်ကယ် ကြောက်စရာကတော့ တတ်ယောင်ကား စမ်းတဝါးဝါး တွေကို ဆရာတင်ပြီး ယုံလွယ်အားကိုး မိခြင်းသာ ဖြစ်ပါကြောင်း ......
ကားအသုံးပြုသူ ယာဉ်ပိုင်ရှင်များ အတွက် မေတ္တာ ရှေ့ထားပြီး အမုန်းခံ ပြောပြလိုက်ပါရစေဗျာ

▪️အင်ဂျင်ချိန်းကားကို_အများစု_ဘာလို့_စိုးရိမ်ကြောင့်ကြ_ပါသလဲ ▪️
============================
◾ အပေါ်က မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ အဖြေက တစ်ခုထဲပါ အဲဒါကတော့......
◾ သေသေချာချာ ထဲထဲဝင်ဝင် မသိကြလို့ပါ ။

◾ နည်းပညာအရ လက်တွေ့ကျကျပြောရရင် အင်ဂျင်ချိန်းကားဟာ ကြောက်စရာလုံးဝ မဟုတ်ပါ ။ အမှန်တော့ကြိုက်စရာပါ ။
◾ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ လူအများစု လက်လှမ်းမှီနိုင်တဲ့ ကားအများစုဟာ 2010 အောက်ကားတွေပါ ။ ဆယ်စုနှစ်တစ်ခု‌ကျော် အသုံးပြုပြီးသားအင်ဂျင်အဟောင်းတွေအများစုဟာ ဘာမှပြန်လည်ပြုပြင်မှု မလုပ်ထားဘဲ ကောင်းမွန်တဲ့‌အနေအထားမှာ လုံးဝမရှိနိုင်ပါဘူး။
◾အင်ဂျင်တစ်လုံးမှာ ပျက်စီးတဲ့အထိ သုံးလို့ရတဲ့ အစိတ်အပိုင်းတွေပါရှိသလို မပျက်ပေမယ့် အသုံးပြုနိုင်တဲ့ သက်တမ်းပြည့်သွားပြီဆိုတာနဲ့ လဲလှယ်ပေးရမယ့်အစိတ်အပိုင်းတွေ အများကြီးပါဝင်ပါတယ် ( ဥပမာ။ ။ Connecting Bearing, Main Bearing, Piston Ring, Timing Chain Kit, Valve seat, Valve guide, နောက်ထပ်လဲ အများကြီးရှိပါတယ် ) အစရှိသဖြင့်ပေါ့။

▪️ ဒါပေမယ့် ဒီမှာကတော့ ဘယ်အရာဘဲ ဖြစ်ဖြစ် မပျက်မခြင်းသုံးကြပါတယ် ၊ ဘယ်တော့မှ သတ်မှတ်ချက်အတိုင်း မလဲလှယ်ကြပါဘူး။ အဆိုးဆုံးက အရည်အသွေးမပြည့်မီတဲ့ စက်ဆီ ချောဆီတွေကြောင့် အင်ဂျင်အများစု ပျက်စီးကြရပါတယ်။ ဒါကြောင့် ပျက်စီးပြီဆိုရင် ပြင်လို့ရတဲ့ အနေအထားထက် အသစ်ဝယ်တင်ကြရတဲ့ အနေအထားတွေက များပါတယ်။
▪️ ဒါကြောင့် ဆယ်စုနှစ်တစ်ခုကျော် ဖြစ်သလိုအသုံးပြုထားတဲ့ Original အင်ဂျင်နဲ့ကားထက် အင်ဂျင်အသစ်ပြောင်းတင်ပြီးသားကားက ပိုသာပိုကောင်းပါတယ်။
▪️ ကဲဟုတ်ပြီ အသစ်ဝယ်တင်ကြပြီဆိုပါစို့ ။ ဒီမှာပြဿနာက စပါပြီ။ ကားအမျိုးအစားတူ မော်ဒယ်တူ အင်ဂျင်ပါဝါတူ တစ်ပုံစံထဲ ရခဲ့ရင်တော့ဘာပြဿနာမှမရှိနိုင်ပေမယ့် အမျိုးအမည်တူ_ပါဝါတူ ပေမယ့် ကားအမျိုးအစားခြင်းမတူခဲ့ရင်( ဥပမာ။ ။ 1kz ဟာ prado KZJ-95 မှာလဲလာသလို Hiace အပြင် Hilux-Surf မှာလဲလာပါတယ်။) အနည်းအကျဉ်း တော့ ပြဿနာလေးတွေရှိတတ်ကြပါတယ် ။
▪️စာရှည်သွားမှာစိုးလို့ အသေးစိတ်မပြောတော့ဘဲ တွေ့ရအများဆုံးနဲ့ အများစု ဒွိဟ သံသယ ဖြစ်နေကြ ကြောက်နေကြတဲ့ ကားနှစ်မျိုးကို ဥပမာ ထားပြီး ပြောပြပေးပါမယ်။

▪️No.1 Toyota Probox
1.3 to 1.5 ( 2nz to 1nz )

▪️ ဒီကိစ္စကတော့အများစုသိကြတဲ့ကိစ္စပါ ။ Probox မှာ 1.3 ကို 1.5 ချိန်းရင် အများစုကြောက်ကြတယ်၊ ဘာလို့ကြောက်တာလဲမေးရင် ဝါးတားတားနဲ့ သေချာ မဖြေနိုင်ကြဘူး။
▪️1. တစ်ချို့က ဂီယာဆောင့်လို့ ဂီယာချိန်းမမှန်လို့ ပြောတဲ့သူကပြောတယ်
▪️2. တစ်ချို့က အင်ဂျင်တုန်လွန်းလို့ အင်ဂျင်သံမမှန်လို့ ပြောတဲ့သူကပြောကြတယ်
▪️3. တစ်ချို့က အဲကွန်းပျောက်ပြီးဖွင့်မရဘဲ ဖြစ်ဖြစ်သွားတတ်လို့ ဆိုပြီးပြောကြတယ်
▪️4. တစ်ချို့ကလဲ ကားမခံနိုင်ဘူး ပြိုသွားလိမ့်မယ် 1.3 ကားကသံသားပါးတယ်ဆိုပြီး ဘောင်မဝင်တန်းမဝင်တဲ့ ပညာမဲ့ စကားတွေတောင်ကြားရတတ်သေးတယ်။ အဲ့လိုလူတွေ တစ်ခါတည်း မှတ်ထားပါ NCP-50 , 51, 55, 58 ကားအားလုံးရဲ့ Curb weight ဟာ 1030 kg တစ်သမတ်ထဲပါ၊ ဟိုကားက ပါးလို့ 1000 ဘဲရှိတယ် ဒီကားက ထူလို့ 1050 ရှိတယ်ဆိုပြီး လုံးဝမကွဲပါ။ ဟုတ်ပြီ ဘာတွေဘဲ ပြောပြော မသိလို့ပြောကြတာဘဲ ရှိစေတော့။
▪️ အဓိက အကြောင်းစပြောပါမယ် ။ 1.3 ကို 1.5 ချိန်းရင် ( 2nz to 1nz ) ပြဿနာ တစ်ကယ်ဘဲ ရှိသလား ?
▪️ ဟုတ်ကဲ့ပါ ။ နည်းစနစ်မမှန်တဲ့ချိန်းပုံမျိုးက ပြဿနာ တစ်ကယ်ရှိပါတယ်။ ဒါဆို နည်းစနစ်မမှန်တဲ့ချိန်းပုံကဘာလဲ ? ဘယ်လိုပြဿနာတွေ ရှိလဲ ?
▪️ နည်းစနစ်မမှန်တဲ့ချိန်းပုံဆိုတာ အင်ဂျင်ပျက်စီးတယ် ဆိုပါစို့၊ အင်ဂျင်ဘဲ ချိန်းလိုက်တယ် ကျန်တာဘာမှ မလုပ်ဘူး ဂီယာဘောက်မချိန်းဘူး ECU မချိန်းဘူး ဝါယာရိန်းမစစ်ဘူး ကုန်ကျစရိတ်သက်သာအောင်လို့
ကဲစပြီလေ ပြဿနာက 1nz နဲ့ 2nz က အင်ဂျင်ခြင်းမှမတူတာ ( တပ်ဆင်လို့ရပုံခြင်းတူတာပါ )
ဂီယာဆောင့်မယ် ဂီယာချိန်းနောက်ကျမယ် အဲကွန်းပျောက်မယ် ဆီပိုစားမယ် ရံဖန်ရံခါ chack မီးလင်းမယ် ဖြစ်မှာပေါ့ ကားတစ်စီးလုံးရဲ့စနစ်ကို ထိန်းချုပ်ထားတဲ့ ECU က 2nz အတွက်ထုတ်လုပ်ထားတဲ့ ECU လေ 2nz ECU နဲ့ 1nz အင်ဂျင်ကို ထိန်းချုပ်ခိုင်းမှတော့ မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေရနိုင်ပါဦးမလား ? Input sensors တွေက လာတဲ့ signal အတိုင်း output ကို ပြန်ထုတ်ပေးရမှာ input တွေမှားနေမှတော့ output ကဘယ်လိုမှန်ပါဦးမလဲ ၊ စာရှည်တဲ့အတွက် အသေးစိတ်မပြောတော့ဘူး ၊ ဖြေရှင်းနည်းဘဲ ပြောမယ်
▪️ အင်ဂျင်ချိန်းချင်တယ်မလား နည်းစနစ်မှန်အောင်ချိန်းပါ ဖားတစ်ပိုင်း ငါးတစ်ပိုင်း မလုပ်နဲ့ 2nz ကနေ 1nz အင်ဂျင်ချိန်းမယ်ဆို 1nz gearbox, 1nz ECU , 1nz ကြိုးထုပ် အစုံလိုက်ချိန်းပါ ၊ ဘာပြဿနာမှ မရှိဘူး၊ ဖားတစ်ပိုင်းငါးတစ်ပိုင်းလုပ်မယ်ဆိုရင်တော့ Professional Skill လိုပါတယ် ဒါပေမယ့် အချိန်အတိုင်းအတာ တစ်ခုထိဘဲရမယ် အဲ့အချိန်ကျော်လွန်လာရင် ပြဿနာတွေ စလာမယ်။ ဖားတစ်ပိုင်းငါးတစ်ပိုင်း နည်းစနစ်မမှန်အောင်လုပ်ထားပြီး ရလဒ်ကို အမှန်လိုချင်လို့တော့မဖြစ်နိုင်ပါဘူး။
▪️ ထပ်ပြောပါမယ် နည်းစနစ်မှန်အောင်ချိန်းပါ ၊ ဘာပြဿနာမှ မရှိဘူး။ ကြောက်စရာလဲ မလိုဘူး။ ကြောက်ရမယ့်အကြောင်းလဲ မဟုတ်ဘူး ၊ ကြိုက်ရမယ့်အကြောင်း ၊ ဖြစ်နေတာက အင်ဂျင်ချိန်းခြင်းပြဿနာမဟုတ်ပါဘူး ။ မသိကြတဲ့ နားမလည်ကြတဲ့ ပြဿနာပါ၊ ယောင်ဝါးဝါးတွေက တွေ့ကရာတွေ လျှောက်ပြော ယုံတဲ့သူကလဲ ယုံ ဆိုတော့ အဲ့ဒါကမှ ပြဿနာအစစ်ပါ။
▪️ လေ့လာကြပါ ၊ ကိုယ်တိုင်မသိရင် တစ်ကယ်သိတဲ့နားလည်တဲ့ သူကို စစ်ဆေးခိုင်းပါ၊ တိုင်ပင်ပါ ။ ငကန်းပြောတဲ့ တစ္ဆေကြီးအကြောင်း ယုံနေသမျှတော့ ယုံနေသူတိုင်း မြင်လျှက်နဲ့ကန်းနေသူတွေပါဘဲ။

▪️စာရှည်နေပြီ နောက်ထပ်အသုံးများကြတဲ့ ကားတစ်စီးရဲ့ ဥပမာနဲ့ အဆုံးသတ်ပါမယ်။

▪️ No.2 Nissan AD Van▪️


AD Van မှာလဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားတစ်ခုရှိပါတယ် အဲ့ဒါကတော့ gearbox အမှားချိန်းတဲ့ပြဿနာပါ
▪️ နွားကြီး 1.3 လို့အသိများကြတဲ့ AD Van မှာတော့ CR-12DE engine နဲ့ လာပြီး 1.5 ကတော့ HR-15 DE ဖြစ်သွားပြီး 1.8 ဆိုရင်တော့ MR-18 DE ဖြစ်သွားတဲ့အတွက် Probox လို ဖားတစ်ပိုင်းငါးတစ်ပိုင်း လုပ်လို့မရပါ။
▪️ သို့သော် AD Van ခြင်းအင်ဂျင်ဂီယာမမှားနိုင်ပေမယ့် ကားခြင်းမတူရင် ဂီယာဘောက်မှာ မှားပါမယ် ။ Nissan March မှာလဲ CR-12DE အင်ဂျင်ပါ။ဒါဆိုတော့ AD Van 1.3 ကို ဂီယာဘောက်လဲမယ်ဆိုပါစို့ ၊ ဆိုင်မှာဂီယာဘောက်သွားဝယ်ပြီ၊ CR-12DE အင်ဂျင်ဘဲ ဒါပေမယ့် Nissan March ကဖြုတ်တဲ့အင်ဂျင်လား AD Van ကဖြုတ်တဲ့အင်ဂျင်လား ခွဲသိမှ ဂီယာဘောက်အမှန်ကိုရပါမယ် ( ရောင်းတဲ့သူအများစု မခွဲတတ်ကြပါဘူး ) ဘာကြောင့်လဲဆိုတော့ မတူတာတစ်ခုဘဲရှိပါတယ် ကျန်တာအားလုံးအတူတူပါ ။
▪️ အဲ့ဒီမတူတာက Nissan March ကဖြုတ်တဲ့ အင်ဂျင်ဂီယာဆိုရင် revolution sensor ပါပြီးတော့ AD Van ကဖြုတ်တဲ့ အတွဲမှာ Revolution sensor မပါပါဘူး။ ဒါကိုကြည့်ပြီး ခွဲရပါတယ်။ ဒီလိုဆိုတော့ Ad van မှာ March ကဖြုတ်တဲ့ CR-12DE ကိုတင်ရင် ဂီယာဘောက်မှာ sensor တစ်ခုပိုပါနေပြီး ကားရဲ့ ကြိုးထုပ်မှာ တပ်စရာ ဆော့ကဒ်မရှိဖြစ်နေပါလိမ့်မယ်။ AD Vanမှာ ပြဿနာသိပ်မရှိပေမယ့် March မှာ ad ကဖြုတ်ထားတဲ့ အတွဲကိုတင်မိရင်တော့ဂီယာဘောက်မှာ revolution sensor မပါတဲ့အတွက် ဒိုင်ခွက်မှာ RPM တက်မှာမဟုတ်ပါဘူး။
▪️ ဒါကြောင့် အင်ဂျင်ဘဲ ချိန်းချိန်း ဂီယာဘောက်ဘဲ ချိန်းချိန်း နည်းစနစ်တစ်ကျ မှန်ကန်စွာ ချိန်းကြပါလို့ ပြောချင်ပါတယ်။

▪️ စနစ်တကျ မှန်ကန်စွာ ချိန်းထားတဲ့ ကားတစ်စီးမှာ ဘာပြဿနာ မှ မရှိပါ ခင်ဗျာ။

▪️ အင်ဂျင်ချိန်း ဂီယာဘောက်ချိန်း ကားတစ်စီးဟာ ကြောက်စရာ လုံးဝမဟုတ်ပါ။ ကြိုက်စရာသာ ဖြစ်ပါတယ် ခင်ဗျာ။

▪️ အမှန်တစ်ကယ် ကြောက်စရာကတော့ တတ်ယောင်ကား စမ်းတဝါးဝါး တွေကို ဆရာတင်ပြီး ယုံလွယ်အားကိုး မိခြင်းသာ ဖြစ်ပါကြောင်း ......

#မူရင်းရေးသားသူအား လေးစားစွားဖြင့် Credit ပေးပါသည်

Address

Shwe Hlaing Street. Kyimyindine
Yangon
095

Telephone

+9595043936

Website

Alerts

Be the first to know and let us send you an email when Golden Triangle Car Rental & Sales Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category