HOME SWEET HOME Real Estate

HOME SWEET HOME Real Estate Real Estate Service Welcome To Home Sweet Home Real Estate Service Group.

02/07/2024
03/06/2024
26/04/2024

ဘာပွဲလဲ .......
08/04/2024

ဘာပွဲလဲ .......

29/12/2023

မြေတစ်ခေတ်မှာ” “ရွှေဖြစ်ဖို့”
မြေအကြောင်း လေ့လာကြစို့

ယနေ့ခေတ်တွင် အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းများကို စီးပွားရေးလုပ်ငန်းကြီး တစ်ခုသဖွယ် လူအများအပြားက ဝင်ရောက်လုပ်ကိုင်ကာ ရင်းနှီးမြှုပ်နှံလာကြသည်ကိုတွေ့ရသည်။

-မြေအကြောင်း နားလည်သူများ ကောင်းစားနေသည့်ခေတ်
သို့သော် အခြေအနေအချိန်အခါပေး၍ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများကို စီးပွားဖြစ် လုပ်ကိုင်နေကြသော်လည်း “မသိသူကျော်သွား၊ သိသူဖော်စား” ဆိုသကဲ့သို့ အိမ်ခြံမြေတွင် မြေအမျိုးအစား အမျိုးမျိုးရှိသည်ကို သိသူများက တရားဝင်သာည့်မြေ၊ တရားမဝင်သည့်မြေ၊ အဖိုးတန်သည့်မြေ၊ အဖိုးနည်းသည့်မြေ စသည်ဖြင့် သိကျွမ်းနားလည်ကြသူများက အကျိုးအမြတ်များရရှိကာ ကောင်းစားနေကြသည်ကို တွေ့ရသည်။

မြေ (၁၀) မျိုးအကြောင်း ရှာဖွေတင်ပြလိုက်ပါသည်။
-မြေပိုင်မြေ
မြေပိုင်မြေဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း စနစ်တကျ မြို့ကွက်ဖော် ထုတ်ကာရောင်းချခဲ့၍ ဝယ်ယူပိုင်ဆိုင်ခဲ့ပြီးမြေပိုင်ရှင်အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုင်သည်။

-ဘိုးဘွားပိုင်မြေ
ဘိုးဘွားပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ၊ ဘိုးဘွားမိဘလက်ထက်ကပင် “ဓါးမဦးချ” ပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိကာ “မစိုက်ပျိုးသည့်မြေ” ကိုဆိုလိုသည်။

-ဂရန်ရှိမြေပိုင်မြေ
ဂရန်ရှိမြေပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုလိုသည်။

-လိုင်စင်မြေ
လိုင်စင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အပိုဒ် – ၃၀၊ ၃၄ တို့အရ၊ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့်ပေးထားသော မြေကိုဆိုလိုသည်။

-ပါမစ်မြေ
ပါမစ်မြေဆိုသည်မှာ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အ ညီ “လူနေအိမ်” သိုမဟုတ် “အဆောက်အအုံဆောက်လုပ်နေထိုင် ခွင့်” ပြုထားသော မြေကိုဆိုလိုသည်။

-မြေငှားဂရန်မြေ
မြေငှားဂရန်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီကစည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြား သတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားသည့်မြေကိုဆိုလိုသည်။

-စကွာတာမြေ
“စကွာတာမြေ” ဆိုသည်မှာ မြေငှားစာချုပ်မရယူခဲ့၍လည်းကောင်း၊ မြေငှားစာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း “မြေအဆင့်အတန်း နိမ့်ချသတ်မှတ်သော မြေကို” ဆိုလိုသည်။

-ကျူးလွန်ခြင်းမြေ
“ကျူးလွန်ခြင်းမြေ” ဆိုသည်မှာ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်၌ ကျူးလွန်ခြင်း “ပြေစာဖြင့်ကောက်ခံသည့်မြေ” မျိုးကိုဆိုလို သည်။

-ကျူးကျော်မြေ
ကျူးကျော်မြေဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေပေါ်တွင် ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိသူများ ဝင်ရောက်နေထိုင်လျှက်ရှိသော မြေကိုဆိုလိုသည်။

-မြို့ကွက်မြေပုံ
မြို့ကွက်မြေပုံဆိုသည်မှာ အခြေခံ အင်ဂျင်နီယာပိုင်းဆိုင်ရာများဖြင့် စနစ်တ ကျရေးဆွဲပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက်ဖော်ထုတ်ထားသည့် အခြေခံမြေပုံကိုဆိုလိုသည်။

-မြို့မြေစာရင်း
မြို့မြေစာရင်းဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ၊ နည်းဥပဒေများ၊ နောက်ဆက်တွဲ ၁ – အခန်း (၂) အပိုဒ် ၇ အရမြို့ကွက်မြေပုံဖြင့် ရှိပြီးသော မြေများ၏ မြေပိုင်ဆိုင်ခွင့် စာရင်းကို ဆိုလိုသည်။
ယခုဖော်ပြခဲ့သော မြေများမှာ အိမ်ခြံမြေနှင့် ပတ်သက်သော မြေများဖြစ်ပါသည် ယင်းသို့ မြေအမျိုးမျိုးအကြောင်း တင်ပြပြီးနောက် သာသနာမြေ (၄) မျိုးအကြောင်းလည်း ရှင်းပြလိုပါသေးသည်။

-အခွန်လွတ်သာသနာ့မြေ
အခွန်လွတ်သာသနာ့မြေဆိုသည်မှာ မူလကနဦး မြေပိုင်မြေ သို့မဟုတ် ဘိုးဘပိုင်မြေကို ဥပဒေနှင့်အညီရရှိသော ပုဂ္ဂိုလ်က ဘာသာ သာသနာအကျိုး သုံးစွဲနိုင်ရန်အတွက် လျှောက်ထားသဖြင့် တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြု ထုတ်ပေးသောမြေကိုဆိုသည်။

-အခွန်လွတ်သာသနာ့မြေဂရန်
အခွန်လွတ်သာသနာ့မြေဂရန်ဆိုသည်မှာ သာသနာရေး၊ သာသနာမူအလိုငှာ တည်ဆဲဥပဒေနှင့်အညီ “မြေယာပိုင်ပတ္တာစာချုပ်” ဖြင့် သတ်မှတ်ထုတ်ပေး သည့် လက်မှတ်ကိုဆိုသည်။ (၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြေနှင့် အခွန်တော်နည်းဥပဒေများ နည်းဥပဒေ ၃၂၊ ၃၃၊ ၃၆ နှင့် ၁၈၉၈ ခုနှစ်) အောက်မြန်မာနိုင်ငံမြို့နှင့် ရွာမြေနည်းဥပဒေများ၊ နည်းဥပဒေ ၅၀၊ ၅၁ နှင့် ၅၄)

-အခွန်လွတ်ဗဒ္ဓသိမ်မြေ
” အခွန်လွတ်ဗဒ္ဓသိမ်မြေ ” ဆိုသည်မှာ သာသနာမြေအတွင်း ဘာသာ၊ သာသနာမြေကိစ္စအတွက် အသုံးပြုရန်အလိုငှာ လူပုဂ္ဂိုလ်ကသာလျှောက် ထားခွင့်ရှိသည့် မြေကိုဆိုသည်။

အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်
” အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်” ဆိုသည်မှာ တည်ဆဲဥပဒေနှင့်အညီ “ဝိသုံ ဂါမသိမ်” အဖြစ်အသုံးပြုရန် အသီးအခြားမြေပေးအမိန့်ဖြင့် သတ်မှတ် ထုတ်ပေးလိုက်သည့် လက်မှတ်ကိုဆိုသည်။ (အောက်မြန်မာနိုင်ငံမြေခွန်ကောက်နည်းဥပဒေများ၊ နည်းဥပဒေ ၃၄ နှင့် အောက်မြန်မာနိုင်ငံမြို့နှင့်ရွာမြေ နည်းဥပဒေများ နည်းဥပဒေ-၅၂)
ဤသို့ဆိုလျှင် သာသနာ့မြေ (၄)မျိုးတွင် ဘာသာ၊ သာသနာအကျိုးအတွက် သုံးစွဲနိုင်သောမြေ၊ မြေယာအပိုင်ပတ္တာ စာချုပ်ဖြင့် ထုတ်ပေးသည့်လက်မှတ်၊ လူပုဂ္ဂိုလ်ကသာ လျှောက်ထားခွင့်ရှိသောမြေနှင့် “ဝိသုံဂါမသိမ်” အသုံးပြုရန် အတွက် မြေပေးအမိန့် ဖြင့် ထုတ်ပေးလိုက်သည့် လက်မှတ်တို့လည်း ပါဝင်သည်ကို သိရှိကြပြီဟုဖြစ်ပါသည်။

ရေးသားသူ – လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ

ဂရန်မြေဝယ်ယူရာတွင်မှတ်ပုံတင်စာချုပ် ချုပ်ဖို့ ကိစ္စက ဘယ်လိုဆောင်ရွက် ရပါသလဲ။ (၂)အဆင့်တွေကတော့များတယ်၁။ ဂရန်အမည်ပေါက်သူထံ...
09/12/2023

ဂရန်မြေဝယ်ယူရာတွင်
မှတ်ပုံတင်စာချုပ် ချုပ်ဖို့ ကိစ္စက ဘယ်လိုဆောင်ရွက် ရပါသလဲ။ (၂)

အဆင့်တွေကတော့များတယ်

၁။ ဂရန်အမည်ပေါက်သူထံက
တိုက်ရိုက်ဝယ်မယ်ဆိုရင်ရောင်းသူ (ဂရန်အမည်ပေါက်သူ)က မြို့တော်ခန်းမမှာသွားပြီး မြေပုံမြေရာဇဝင်ကူးပေးရပါမယ်။

၂။ မြေပုံမြေရာဇဝင်ရပြီဆိုရင် အရောင်းအဝယ်အရပ်ကတိစာချုပ်ကို ချုပ်ဆိုရပါတယ်။

၃။ အရပ်ကတိစာချုပ်ချုပ်ပြီးရင် အရောင်းအဝယ်ပြုလုပ်တဲ့ အိမ်နဲ့ မြေကို ရှေ့ဘက်၊ ဘေးဘက်ဓာတ်ပုံ နှစ်ပုံစီ၊ စုစုပေါင်း လေးပုံနဲ့အတူ အရောင်းအဝယ် က
တိစာချုပ်မိတ္တူ၊ ဝယ်သူရဲ့ နိုင်ငံသား ကတ်ပြားမိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူ ခြောက်စုံစီကို ယူသွားပြီး ရန်ကုန်တိုင်းဒေသ ကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ (အခွန်ဦးစီးဌာန)မွာ အမြတ်ခွန်ပေးဆောင်ဖို့နဲ့ အခွန် တံ ဆိပ်ခေါင်းကပ်ဖို့အတွက် တင်ပြ လျှောက်ထားရပါတယ်။

၄။ သက်ဆိုင်ရာ အခွန်ဦးစီးဌာနက လျှောက်ထားသည့် မြေကွက်ကို ကွင်းဆင်းစစ်ဆေးပါတယ်။ ပြီးတော့မှ အိမ်နှင့်မြေကာလတန်ဖိုး သတ်မှတ် ပေးပါတယ်။

၅။ အိမ်နှင့် မြေကာလတန်ဖိုး သတ်မှတ်သည့် တန်ဖိုးငွေအပေါ် ဝယ်သူ အနေဖြင့် ဝင်ငွေရလမ်းမဖော်ပြနိုင် လျှင်ဖြစ်စေ၊ ဝင်ငွေရလမ်း ဖော်ပြနိုင်သော်လည်း ဝယ်ငွေတန်ဖိုးထက် နည်းနေပါက ယင်းငွေကို နုတ်ပြီး ကျန်ငွေအပေါ်မှာ အိမ်မြေ တန်ဖိုးသတ်မှတ် ၍ အခွန်ငွေထမ်းဆောင်ရပါတယ်။

တစ်ဆက်တည်း အိမ်မြေတန်ဖိုးပေါ် မူတည်ပြီး တံဆိပ်ခေါင်းခွန်စာချုပ်စာတမ်း မှတ်ပုံတင် ချုပ်ဆိုရာမှာ ထမ်းဆောင်ဖို့အတွက် သတ်မှတ်ပေးပါတယ်။

၆။ အဲဒီသတ်မှတ်ပေးထားတဲ့ ကျသင့်သည့် အခွန်ငွေကို မိမိနေထိုင်ရာမြို့နယ် အခွန်ဦးစီးဌာနရုံးနဲ့ မြို့နယ် ဘက်တို့မှာ သွားရောက်ငွေသွင်းရပါတယ်။

မြို့နယ်အခွန်ဦးစီးဌာနက ငွေသွင်းပြီးကြောင်း တိုင်းအခွန်ဦးစီး ဌာနကို အကြောင်းကြားပါတယ်။

တိုင်းအခွန်ဦးစီးမှူးရုံးက ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုနိုင်ကြောင်း အကြောင်းကြားစာ ပေးပို့ပါတယ်။

(ဖုန်းဆက်ပြီးလည်းအကြောင်းကြားပါတယ်။ )

၇။ ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုတဲ့အခါ မြေအမည်ပေါက် ရောင်းသူကိုယ်တိုင် ရောင်းသူအဖြစ် လက်မှတ်ရေးထိုးရပါတယ်။

ဝယ်သူနဲ့ သက်သေ နှစ်ဦး၊ လက်မှတ်ရေး ထိုးရတယ်။ စာချုပ်ချုပ်ဆိုပြီးရင်တော့ မှတ်ပုံတင်ကြေးပေးသွင်းရပါတယ်။

၈။ မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီး သုံးပတ်ကြာရင်တော့ မှတ်ပုံတင်အပြီးအပိုင် အရောင်းအဝယ်စာချုပ်ကို ထုတ်ယူလို့ ရပါပြီ

”အရောင်းအဝယ် မှတ်ပုံတင် စာချုပ်နဲ့ ဝယ်သူ့ရဲ့ မှတ်ပုံတင် ကတ်ပြားကိုယူပြီး မြို့တော်ခန်းမကိုသွား လို့ အမည်ပြောင်းလျှောက်ထားရပါ တယ်။

မြေယာဌာနက
သတ်မှတ်တဲ့ အမည်ပြောင်းခ၊ သတင်းစာ ကြော် ငြာခတွေ ပေးသွင်းပြီး ကန့်ကွက်သူရှိ မရွိ တစ်ပတ်၊ ၇ ရက် စောင့်ရပါ တယ်။

ကန့်ကွက်သူမရှိရင်တော့ မိမိ ဝယ်ယူထားတဲ့ မြေဂရန်မူရင်းကို သက် ဆိုင်ရာက အမည်ပြောင်းလဲမှတ်သား ပေးသွားမှာ ဖြစ်ပါတယ်။

credit to copy.

24/11/2023

အိမ်ခြံမြေစာချုပ် ချုပ်ဆိုမည်ဆိုလျှင်... GP/SP ကိုယ်စား လှယ်ရရှိသူနှင့် ဝယ်ယူသူအတွက် ခိုင်မာမှုရှိစေရန် ဘယ်လိုချုပ်ဆိုရမလဲ။
=======================================

အိမ်ခြံမြေစာချုပ်ချုပ်ဆိုရာတွင် ရောင်းချသူနှင့် ဝယ်ယူသူအ ချင်းချင်း ချုပ်ဆိုသည်များ ရှိသကဲသို့ ရောင်းချသူ၏ ကိုယ် စားလှယ်ရရှိသူနှင့် ချုပ်ဆို သည်များလည်း ရှိပါသည်။

ကိုယ်စားလှယ်ရရှိသူနှင့် စာချုပ် ချုပ်ဆိုရာတွင်ဝယ် ယူသူအ နေဖြင့် အောက်ပါအချက်များကို စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားရန် မလွဲမသွေ လိုအပ်မည် ထင်ပါသည်။

၁။ ရောင်းချသူ (ပိုင်ရှင်) က ကိုယ်စားလှယ်အား ပေးထားသော ကိုယ်စားလှယ်လွဲစာကို ပြန်လည်ရုတ်သိမ်းခြင်း မရှိသေးကြောင်း၊

၂။ ကိုယ်စားလှယ်လွဲစာပေးသူ ကာယကံရှင်သည် ယနေ့ထက် တိုင် သက်ရှိထင်ရှား ရှိနေသေးသူဖြစ်ကြောင်း၊

၃။ ချုပ်ဆိုသော ကိစ္စရပ်အတွက်ကိုယ်စားလှယ်လွဲ စာပေးသူ ကာယကံရှင်က ဤချုပ်ဆိုသောကိစ္စကို အသိအမှတ်မပြုဟု ငြင်းဆိုပါက ယင်းငြင်းဆိုမှုကြောင့် ဝယ်ယူသူနစ်နာမှုဆုံးရူံးလျှင် ယင်းနစ်နာမှုဆုံးရူံးမှု မှန်သမျှအတွက် ကိုယ်စားလှယ်ရရှိသူက တာဝန်ယူကြောင်း၊

၄။ ဤချုပ်ဆိုသော ကိစ္စရပ်အတွက် ကိုယ်စားလှယ်လွှဲစာရရှိသူက ကိုယ်စားလှယ်လွှဲစာပေးသူကာယကံ ရှင်သို့ အသိပေးအကြောင်းကြာပြီ ဖြစ်ကြောင်း၊ ဤစာချုပ် ချုပ်ဆိုသည့်အ တွက် ခံစားခွင့်နှင့် တာဝန်များအတွက်လည်း အသိပေး အ ကြောင်းကြားပြီဖြစ်ကြောင်း စသည်တို့ကို ထည့်သွင်းချုပ်ဆိုထားသင့်သည်ဟု ယူဆပါသည်။

စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ ​ပြဿနာရှိရန်အ ကြောင်း မရှိသော်လည်း အရပ်ဘက်ချုပ်ဆိုသော စာချုပ်များတွင်မူ ပြ ဿနာအငြင်းပွားမှုများ မကြာခဏ ပေါ်ပေါက်တတ်ပေသည်။

စာချုပ်ချုပ်ဆိုရာတွင် ကိုယ်စားလှယ်သည်ကိုယ်စားလှယ်အ ဖြစ်သာ ပေါ်လွင်မှုရှိရန် လိုအပ်ပေသည်။ ဥပမာ- ရောင်းသူသည် ကာယကံရှင် ဦးမြ ဖြစ်ပါသည်။ ဦးမြက ဦးဖြူအား ကိုယ်စားလှယ်လွှဲစာ ပေးပါသည်။ စာချုပ်ချုပ်ဆိုရာတွင် ရောင်းသူနေရာ၌ ဦးဖြူဟူ၍ ဖော်ပြချုပ်ဆိုခြင်းသည် မှား ယွင်းသော ဖော်ပြမှု ဖြစ်ပါသည်။ အမှန်ဖော်ပြရမည်မှာ ရောင်းသူသည် ဦးမြသာဖြစ်ရပါမည်။

ထို့ကြောင့် ရောင်းသူ ဦးမြ၊ ဦးမြ၏ မှတ်ပုံတင်အ မှတ်၊ နေရပ်လိပ်စာတို့ကို ဖော်ပြရပါမည်။ ထိုသို့ ဖော်ပြပြီးအောက်ဘက်တွင် လက်သည်းကွင်းဖွင့်၍ (ဦးမြ၏ တရားဝင်ကိုယ်စားလှယ် ပေးအပ်ခြင်းခံရသူ ဦးဖြူ) ဟူ၍ ဖော်ပြရမည်။

စာချုပ်တွင် လက်မှတ်ရေးထိုးရာတွင်လည်း ဖော်ပြပါအတိုင်း ကိုယ်စားလှယ်လွှဲစာရရှိသူအနေဖြင့် လက်မှတ်ရေးထိုးရပါမည်။

🇲🇲ZLA
ဦးဇင်လင်းအောင်

🌟မသန်းဌေး 🌟


မေတ္တာ ဖြင့်

တစ်ဆင့် ကူးယူ ဖော်ပြပါသည်။

06/10/2023
03/10/2023

#ပုံစံ၁၀၅_ရှိရင်မြေပိုင်တယ်_ဂရံ_ရတယ်လို့ထင်နေကြသူများအတွက်

ပုံစံ ၁၀၅ ရှိရင် မြေပိုင်တယ်၊ ဂရန်ရနေတယ်လို့ထင်တတ်ကြပါတယ်။ ၁၀၅ ကိုပြဂရန်ဆိုပြီး ရောင်းဝယ်နေကြတာရှိနေပါတယ်။လူတစ်ယောက်ကမေးတယ် ဥပဒေဆရာတို့ဖြေကြားပေးပါ၊လွန်ခဲ့တဲ့ (၁၅) နှစ်ကမြေဂရမ်ရှိရက်နဲ့ ခုမြေဂရမ်အသစ်ဖောက်ပြီးရောင်းအဝယ်လုပ်နေကြတယ်ဆိုပြီးသူတင်ပြတာကပုံစံ ၁၀၅ စာရွက်ဖြစ်နေပါတယ်။ဂရန်မဟုတ်ပါဘူး၊နောက်ပြီးစာရွက်မှာရေးထားတာ ကြည့်လိုက်တော့ရွာမြေအတွင်းမှာရှိတဲ့ မညျသူကျိုမြှဂရနျအဖွဈထုတျပေးမထားတဲ့ မြေကွက်တစ်ကွက်ဖြစ်ပါတယ်။

ဒီပုံစံ ၁၀၅ ကိုကာယကံရှင်များက မိမိတို့နည်းမိမိတို့ဟန်ဖြင့် ပုံစံ ၁၀၅ ထုတ်ယူထားခြင်းသာဖြစ်ပါတယ်။အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ဂရန်မှတ်တမ်းမှာစာရင်းမဝင်နိုင်သလိုမြေစာရင်းဌာနရဲ့ မြေပိုင်ဆိုင်မှုမှတ်ပုံတင်စာရင်း 1.A (၁-က)မှာလည်းမှတ်တမ်းမ၀င်နိုင်ပါဘူး။ရွာမြေကိုအခုမှတစ်မြို့နယ်တစ်ရွာနှုန်း မြေတိုင်းတာဂရန်ပေးနေတဲ့စီမံချက်နဲ့ လုပ်ပေးနေတာပါ။ကျေးရွာတိုင်းမြေဂရန်ရဖို့မလွယ်သေးပါဘူး၊အသေးစိတ် မြေတိုင်းတာခြင်းလုပ်ငန်းတွေအချိန်ယူလုပ်ဆောင်ရပါတယ်။

ရွာမှာအိမ်တစ်ကွက်ချင်းမည်သူပိုင်တယ်လို့တိုင်းတာပုံထုတ်မှတ်တမ်းတင်တဲ့စနစ်မရှိသေးပါဘူး။ကာယကံရှင်ကမိမိအကွက်ကိုမိမိအစီအစဉ်နဲ့တိုင်းတာပုံထုတ်ထားတာ ဖြစ်နိုင်ပါတယ်။မြေပိုင်ဆိုင်မှုအတွက်ပုံစံ ၁၀၅ ဆိုတာကအထောက်အကူမပြုပါဘူး။ ပုံစံ ၁၀၅ ဆိုတာ ရေးကူးလိုသောအကြောင်းတစ်ရပ်အတွက်ရေးကူးပေးသောမြေပုံသာဖြစ်ပါတယ်။မြေပိုင်ဂရန် (Grant) သို့မဟုတ် အငှါးချထားဂရန်(Lease)သို့မဟုတ် လိုင်စင် (License) မဟုတ်ပါဘူး။

လယ် ယာမြေ ဖြစ်ရင်လယ်ယာမြေလုပ်ကိုင်ရန် ပုံစံ (၇) ကိုရပ်ကျေးမှမြို့နယ်၊မြို့နယ်မှခရိုင်အဆင့်ဆင့်လယ်စီအဖွဲ့ရဲ့သ ဘောထားအတည်ပြုချက်နဲ့ခရိုင်လယ်စီက အတည်ပြုပြီးအဖွဲ့၀င်(၇)ဦးပါတဲ့မြို့နယ်လယ်စီအဖွဲ့ကခွင့်ပြုပေးပါတယ်။မြို့မြေဂရန်ကိုကော်လိပ်တော်(ခရိုင်အုပ်ချုပ်ရေးမှူး၊ခရိုင်ထွေအုပ်)ကခွင့်ပြုပါတယ်။ မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်ကိုဧက ၃၀၀/၅၀ အောက်ဆိုရင်ပြည်နယ်တိုင်း ဝန်ကြီးချုပ်ဦးဆောင်သောမြေလွတ်မြေရိုင်းအဖွဲ့ကခွင့်ပြုပေးပြီးထိုထက်ပိုရင်ဗဟိုမြေလွတ်မြေရိုင်းအဖွဲ့ကခွင့်ပြုပေးပါတယ်။

လယ်ယာမြေအခြားနည်းအသုံးပြုမှုကိုလယ်မြေအတွက်ဗဟိုလယ်စီအဖွဲ့နဲ့ ဥယျဉ်မြေအတွက်ပြည်နယ်တိုင်းအစိုးရ + ပြည်နယ်တိုင်းလယ်စီအဖွဲ့ကခွင့်ပြုပါတယ်။မြေအမျိုးအစားအလိုက်သက်ဆိုင်ရာ ဌာန၊အဖွဲ့များကသာလုပ်ပိုင်ခွင့်ပြုခြင်းဖြစ်ပါတယ်။အခုသူပြတဲ့ ပုံစံ ၁၀၅/၁၀၆ ဆိုတာမှာ ပုံစံ ၁၀၅ ဆိုတာက မြေပုံ၊ ပုံစံ ၁၀၆ က မြေရာဇ၀င်ပါ။မြေစာရင်းဌာနက ထုတ် ပေးတဲ့မြေစာရင်းပုံစံ ၁၀၅ ကို လက်ရှိမြေပုံမှာယခုနှစ်အသုံးပြု နေသော ဦးပိုင်မြေပုံလို့ခေါ်ပါတယ်။စာတိုခေါ်ရရင် မြေပုံပေါ့။

နောက်မြို့ကြီးတွေမှာအိုးအိမ်ဦးစီးဌာနကထုတ်ပေးတဲ့ မြေပုံကိုတော့ S-22 လို့ခေါ်ပါတယ်။ နောက်တစ်ခုကရန်ကုန် မြို့တော်စည်ပင်ကထုတ်ပေးတဲ့မြေပုံမှာကတော့ပုံစံနံပါတ်မပါရှိပါဘူး။ပုံစံ ၁၀၅ မြေပုံစာရွက်မှာကြည့်လို့ရ တာတွေအများကြီးရှိပါတယ်။

သိသင့်၊ ကြည့်သင့်၊ မှတ်သင့်ပါတယ်။တိုင်း၊ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ကွင်းအမှတ်၊ကွင်းအ မည်၊ဦးပိုင်အမှတ်၊မြေကွက်အမှတ်၊ ပိုင်ရှင်အမည်၊ပိုင်ဆိုင်မှု၊မြေအမျိုးအစား၊အကျယ်အ၀န်းနဲ့ရေးကူးပေးရတဲ့ အကြောင်းအရာစသည်ဖြင့်တိကျမှန် ကန်စွာရေးသားထားကြပါတယ်။

သိထားသင့်တာက ပုံစံ ၁၀၅ ဆိုတာ မြေစာရင်းဌာန ကထုတ်ပေးတဲ့ပုံစံ တစ်ခုသာဖြစ်ပါတယ်။အဲဒီ ပုံစံက လယ်ယာမြေပဲဖြစ်ဖြစ်၊ရွာမြေ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ်၊ဂရန်မြေပဲ ဖြစ်ဖြစ် သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနအပိုင် နယ်နိမိတ်အတွင်းမှာရှိတဲ့မြေတို့ရဲ့အကျယ်အဝန်းနဲ့အမျိုးအစားကို ဖော်ပြပေးတဲ့ပုံစံစာရွက်သာဖြစ်ပါတယ်။

ဒီပုံစံ ၁၀၅ လက်ထဲရောက်တာနဲ့ ကိုယ်လုပ်ချင်တာ လုပ်လို့ရမယ်၊ မြေပိုင်မယ်လို့ မထင်လိုက်ပါနဲ့။ မြေပိုင်ဆိုင်မှု တရားဝင်အထောက်အထားနဲ့ ပုံစံ ၁၀၅ အရဝယ်ထားတဲ့ မြေက လယ်ယာမြေ ဆိုရင်လယ်လုပ်လို့ရမယ်ဆိုတာမျိုးပါ။ ပုံစံ ၁၀၅ မှာပါတဲ့မြေမျိုးနှင့်အတန်းမှာ ရေးတဲ့ သင်္ကေတများရဲ့ဆိုလိုချက်က-

(က) R = မိုးကောင်းလယ်မြေ။

(ခ) R1 = ပထမ အတန်းစား မိုးကောင်း လယ်မြေ။

(ဂ) R2 = ဒုတိယ အတန်းစား မိုးကောင်း လယ်မြေ။

(ဃ) R3 = တတိယ အတန်းစား မိုးကောင်း လယ်မြေ။
(အထွက်နှုန်းစပါး ၃၀ အောက်)

(င) R4 = စတုတ္ထ အတန်းစား မိုးကောင်း လယ်မြေ။
(အထွက်နှုန်းစပါး ၂၀ အောက်)

(စ) RG = အစိုးရ ဆည်ရေသောက် လယ်မြေ။

(ဆ) RP = ပုဂ္ဂလိက ဆည်ရေသောက် လယ်မြေ။

(ဇ) M = မူရင်း သို့မဟုတ် နွေရာသီစိုက် လယ်မြေ။

(ဈ) Y = ယာမြေ။

(ည) D = ဓနိမြေ။

(ဋ) G = ဥယျာဉ်ခြံမြေ။

(ဋ္ဌ) L = ဂရန်မြေ။

(ဍ) B = ဘိုးဘပိုင်မြေ စသည်ဖြင့် ခွဲခြားပြထားတာပါ။

ပုံစံ ၁၀၅ သည်ပိုင်ဆိုင်မှုအတွက် ထုတ် ပေးချင်းမဟုတ်ပါဘူး။၁၀၅ ကို ထုတ် ပေးခြင်းသည်-

၁။ ဂရံလျှောက်ထားရန်အတွက် တင်ပြရန်။

၂။ ဘဏ်ချေးငွေ တင်ရန်အတွက် ဂရံရှိနေသော်လည်း ဘဏ်ချေးငွေ တင်ပြရန်။

၃။ အိမ်ဆောက်လုပ်ခွင့် အမိန့်အတွက် စည်ပင်သာယာတင်ပြရန်။

၄။ Sp/Gp ကိုယ်စားလှယ်လွှဲစာတွင် တွဲရန်။

၅။ မြေတည်နေရာ ပြရန်။

၆။ လက်ဝယ်ထားရန်။

၇။ ပါမစ်မြေပေးမိန့်အရ ရေးကူးရန် စသည်ဖြင့် ရေးဆွဲပေးခြင်းသာ ဖြစ်ပါတယ်။

ဂရန်ချထားခြင်းလုပ်ငန်းအတွက်အောက် မြန်မာပြည်မြေနှင့်အခွန်တော်လက်စွဲဥပဒေ၊အထက်မြန်မာပြည်မြေနှင့်အခွန်တော်စည်းမျဉ်းဥပဒေ၊အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများဥပဒေတို့မှာပြဌာန်းထားရှိတဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ထွေအုပ်၊ မြေစာရင်းဌာန (၂) ခုပေါင်းစပ်ပြီးဥပဒေနဲ့အညီ ဆောင်ရွက်ပေးခြင်းသာဖြစ်ပါတယ်။ရန်ကုန်၊မန္တလေးလိုမြို့တော်တွေမှာ မြို့ တော်စည်ပင်ကဂရန်ထုတ်ပေးပါကြောင်း တင်ပြလိုက်ရပါတယ်။

စာ သား - စီ အာ ဒီ

#ဒေါ်နိုင်နိုင်ဝင်း

Address

Yangon

Alerts

Be the first to know and let us send you an email when HOME SWEET HOME Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HOME SWEET HOME Real Estate:

Share

Category