Shwe Myanmar San Law Firm

Shwe Myanmar San Law Firm Local Law Firm provide services for Corporate Sectors, Litigation, Tax, Labor & Real Estate.

ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့တွင် ထုတ်ပြန်သော -“ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များနှင့် ဥ...
31/07/2026

ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့တွင် ထုတ်ပြန်သော -

“ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များနှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ လိုက်နာဆောင်ရွက်ရမည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးအတွက် ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်” အား သက်ဆိုင်သူများ သိရှိနိုင်စေရန် တင်ပြအပ်ပါသည်။

Source - www.unionsupremecourt.gov.mm


Page အသေးလေးပဲမို့ Online Sale Registration လုပ်ဖို့မလိုဘူးလို့ ထင်နေပါသလား?လက်ရှိခေတ်မှာ Facebook, TikTok, Instagram စတ...
01/07/2026

Page အသေးလေးပဲမို့ Online Sale Registration လုပ်ဖို့မလိုဘူးလို့ ထင်နေပါသလား?

လက်ရှိခေတ်မှာ Facebook, TikTok, Instagram စတဲ့ Social Media Platform များမှတစ်ဆင့် ပစ္စည်းများ ရောင်းချနေသူများ တိုးပွားလာသကဲ့သို့ Online Business များအတွက် လိုက်နာရမည့် ဥပဒေစည်းမျဉ်းများကိုလည်း သိရှိထားရန် လိုအပ်လာပါသည်။

Online Sale Registration ဆိုတာ ဘာလဲ❓

Online Sale Registration ဆိုသည်မှာ Online Platform များကို အသုံးပြုပြီး စီးပွားဖြစ် အရောင်းအဝယ်ပြုလုပ်နေသော လုပ်ငန်းများအတွက် သက်ဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ခြင်း ဖြစ်ပါသည်။

၁။ ဘယ်သူတွေ Registration လုပ်ရန် လိုအပ်ပါသလဲ❓

အခြေခံအားဖြင့် Online မှတစ်ဆင့် စီးပွားဖြစ် ရောင်းချနေသော လုပ်ငန်းများသည် Registration လျှောက်ထားရန် လိုအပ်ပါသည်။

ဥပမာ -

✅ page, TikTok, Instagram စသည့် Social Media များမှတစ်ဆင့် ပစ္စည်းရောင်းချသူများ

✅ ကိုယ်ပိုင် Website သို့မဟုတ် Application အသုံးပြု၍ ရောင်းချသူများ

✅ E-commerce Platform များပေါ်တွင် Online Store ဖွင့်လှစ်ရောင်းချသူများ

“Page အသေးလေးပဲရှိတာပါ” ဟု ထင်နေသော်လည်း Online မှတစ်ဆင့် စီးပွားဖြစ် ရောင်းချနေပါက သက်ဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာရန် လိုအပ်ပါသည်။

၂။ ဘာကြောင့် Registration လုပ်ရန် လိုအပ်တာလဲ❓

Online Sale Registration ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်များမှာ -

✅ ဝယ်ယူသူများ၏ အခွင့်အရေးနှင့် ယုံကြည်မှုကို ကာကွယ်ပေးရန်

✅ အွန်လိုင်းမှတစ်ဆင့် ဖြစ်ပေါ်နိုင်သော လိမ်လည်မှုများနှင့် မသမာသော အရောင်းအဝယ်များကို လျှော့ချရန်

✅ Online Business များကို တရားဝင် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် စနစ်တကျ လည်ပတ်နိုင်ရန်

ရည်ရွယ်ခြင်း ဖြစ်ပါသည်။

၃။ Registration လျှောက်ထားရန် ဘာတွေ လိုအပ်ပါသလဲ❓

လက်ရှိတွင် သက်ဆိုင်ရာ Online System မှတစ်ဆင့် လျှောက်ထားနိုင်ပြီး အဓိကလိုအပ်နိုင်သော အချက်အလက်များမှာ -

📌 လုပ်ငန်းရှင်၏ မှတ်ပုံတင် (NRC)

📌 အိမ်ထောင်စုစာရင်း

📌 လုပ်ငန်းတည်နေရာ အထောက်အထား
(အိမ်ငှားစာချုပ် / ပိုင်ဆိုင်မှုအထောက်အထား)

📌 ရောင်းချသည့် ကုန်ပစ္စည်းအမျိုးအစားများ

📌 Online Sale Page Link များ

📌 ကုမ္ပဏီဖြင့် လုပ်ကိုင်ပါက ကုမ္ပဏီမှတ်ပုံတင်စာရွက်စာတမ်းများ

စသည်တို့ လိုအပ်နိုင်ပါသည်။

၄။ Registration မလုပ်ဘဲ Online မှ ဆက်လက်ရောင်းချပါက ဘာဖြစ်နိုင်ပါသလဲ❓

သတ်မှတ်ထားသော Registration လုပ်ငန်းစဉ်များကို မလိုက်နာဘဲ Online Business လုပ်ကိုင်နေပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီ စစ်ဆေးအရေးယူခြင်းများ ကြုံတွေ့နိုင်ပါသည်။

ထို့ကြောင့် မိမိ၏ Online Business ကို ရေရှည်တည်တံ့စွာ လည်ပတ်နိုင်ရန် လိုအပ်သော ဥပဒေကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကြိုတင်ပြင်ဆင်ထားရန် အရေးကြီးပါသည်။

🤝 မိမိတို့ရဲ့ အွန်လိုင်းလုပ်ငန်းကို စိတ်အေးချမ်းသာစွာနဲ့ ရေရှည်လည်ပတ်နိုင်ဖို့အတွက် Online Sales Registration လျှောက်ထားခြင်း ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက Shwe Myanmar San Law Firm သို့ ယုံကြည်စိတ်ချစွာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
လူကြီးမင်းတို့အတွက် အကောင်းဆုံးနှင့် အထိရောက်ဆုံး ဝန်ဆောင်မှုများ ပေးရန် အသင့်ရှိနေပါတယ်ခင်ဗျာ။ 😊
💬 ဆက်သွယ်စုံစမ်းရန် -
လူကိုယ်တိုင် လာရောက်၍ဖြစ်စေ၊
Page Chatbox မှတစ်ဆင့် ဖြစ်စေ၊ ✉️
ဖုန်းနံပါတ် - 09421115345📲 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။


ယနေ့ကျရောက်သည့် ကဆုန်လပြည့်နေ အခါသမယတွင် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း Shwe Myanmar San Law Firm မှ ...
30/04/2026

ယနေ့ကျရောက်သည့် ကဆုန်လပြည့်နေ အခါသမယတွင် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း Shwe Myanmar San Law Firm မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🪷

☸️ ရုံးပိတ်ရက် အသိပေးကြေညာခြင်း 👷၂၀၂၆ ခုနှစ်၊ ဧပြီလ (၃၀) ရက် (ကြာသပတေးနေ့) မှ မေလ (၃) ရက် (တနင်္ဂနွေနေ့) အထိသည် အများပြည...
30/04/2026

☸️ ရုံးပိတ်ရက် အသိပေးကြေညာခြင်း 👷

၂၀၂၆ ခုနှစ်၊ ဧပြီလ (၃၀) ရက် (ကြာသပတေးနေ့) မှ မေလ (၃) ရက် (တနင်္ဂနွေနေ့) အထိသည် အများပြည်သူတို့၏ အလုပ်ပိတ်ရက်များဖြစ်ပါသဖြင့် Shwe Myanmar San Law Firm ၏ ရုံးအား ပိတ်ထားမည်ဖြစ်ပြီး၊ ဆွေးနွေးမှုများကို ဖုန်းဖြင့်ဖြစ်စေ၊ page ၏ Chat Box မှဖြစ်စေ၊ မေးမြန်းစုံစမ်းဆွေးနွေးနိုင်မည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ 📣


25/04/2026

“လူတစ်ယောက်ကွယ်လွန်သွားတဲ့အခါ ကျန်ရစ်တဲ့အမွေပစ္စည်းတွေကို ဘယ်သူတွေက ဆက်ခံခွင့်ရှိသလဲ?” 🤔

ဒီအကြောင်းအရာလေးကို Shwe Myanmar San Law Firm ရဲ့ “၁ မိနစစာ ဥပဒေ” ဆိုတဲ့အစီအစဉ်လေးမှာဝင်ရောက်ကြည့်ရှုနိုင်ပါပြီ ⚖️

⚠️ Disclaimer : ယခု ဗီဒီယိုအား ဥပဒေဆိုင်ရာ ဗဟုသုတနှင့် သတင်းအချက်အလက် ဖြန့်ဝေရန်အတွက်သာ ရည်ရွယ်ပြီး တရားရုံးနှင့် ဥပဒေရေးရာ ကိစ္စရပ်များအတွက် Shwe Myanmar San Law Firm မှ လိုင်စင်ရ ဝါရင့်ရှေ့နေများကသာ ကိုင်တွယ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

မူပိုင်ခွင့် (Copyright) ဆိုတာ ဘာလဲ?🔸မူပိုင်ခွင့်ဆိုသည်မှာ မိမိကိုယ်တိုင် တီထွင်ဖန်တီးထားသော အနုပညာလက်ရာများ၊ စာပေနှင့် ...
22/04/2026

မူပိုင်ခွင့် (Copyright) ဆိုတာ ဘာလဲ?
🔸မူပိုင်ခွင့်ဆိုသည်မှာ မိမိကိုယ်တိုင် တီထွင်ဖန်တီးထားသော အနုပညာလက်ရာများ၊ စာပေနှင့် အသိပညာဆိုင်ရာ ရလဒ်များကို ဥပဒေကြောင်းအရ အကာအကွယ်ပေးထားခြင်း ဖြစ်ပါတယ်။
ဥပမာအားဖြင့်
* စာပေလက်ရာများ (စာအုပ်၊ဆောင်းပါး၊ ကွန်ပျူတာဆော့ဖ်ဝဲ)

* အနုပညာလက်ရာများ (ဓာတ်ပုံ၊ ပန်းချီ၊ ဒီဇိုင်း၊ ဗိသုကာလက်ရာ)

* အသံနှင့် ရုပ်သံလက်ရာများ (သီချင်း၊ ရုပ်ရှင်၊ ဗီဒီယို) တို့ ပါဝင်ပါတယ်။

🔸မိမိဖန်တီးထားသော အရာကို အခြားသူတစ်ဦးက ခွင့်ပြုချက်မရှိဘဲ ကူးယူခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် စီးပွားရေးအရ အမြတ်ထုတ်ခြင်းတို့မှ ကာကွယ်ရန် မူပိုင်ခွင့်မှတ်ပုံတင်ခြင်း သည် အလွန်အရေးကြီးပါတယ်။

🔸ဒါကြောင့် လူကြီးမင်းတို့ရဲ့ စာပေနှင့် အနုပညာလက်ရာများ၊ ဖန်တီးမှုများကို ကာကွယ်နိုင်ရန်အတွက် အောက်ဖော်ပြပါ ဝန်ဆောင်မှုများကို ကျွန်တော်တို့ရဲ့ Shwe Myanmar San Law Firm မှ ဆောင်ရွက်ပေးလျက်ရှိပါတယ်ခင်ဗျာ။
©️မူပိုင်ခွင့် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးခြင်း။
©️မူပိုင်ခွင့်ဥပဒေနှင့် ပတ်သက်၍ သိရှိလိုသည်များကို အသေးစိတ် အကြံပေးဆွေးနွေးခြင်း။
©️မိမိ၏ မူပိုင်ခွင့်ကို ချိုးဖောက်ခံရပါက ဥပဒေကြောင်းအရ သတိပေးစာ (Legal Notice) ပေးပို့ခြင်း။
©️မိမိလက်ရာကို အခြားသူများအား အသုံးပြုခွင့်ပေးရာတွင် ခိုင်မာသော စာချုပ်စာတမ်းများ ချုပ်ဆိုပေးခြင်း။
©️မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုများအတွက် တရားရင်ဆိုင်ရာတွင် ဥပဒေအရ အကာအကွယ်ပေးခြင်း။
စတဲ့ ဝန်ဆောင်မှုများနှင့်အတူ အခြားသော ဥပဒေဝန်ဆောင်မှုများ လဲ ဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့် အကြံဉာဏ်များရယူလိုပါက Shwe Myanmar San Law Firmမှာ စိတ်ချလက်ချ လာရောက် ဆွေးနွေးတိုင်ပင် အပ်နှံနိုင်ပါတယ်ခင်ဗျာ။လူကြီးမင်းတို့စိတ်တိုင်းကျ မှန်ကန်တိကျစွာ ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ။
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
✉️Page Chat box မှဖြစ်စေ
📞 09421115345တို့ကိုဖြစ်စေဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။


💦 သင်္ကြန်ဆုတောင်း 🔫မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်မှ (၁၃၈၈) ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာ အတာသင်္ကြန် နှစ်သစ်ကူး...
13/04/2026

💦 သင်္ကြန်ဆုတောင်း 🔫

မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်မှ (၁၃၈၈) ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာ အတာသင်္ကြန် နှစ်သစ်ကူး အခါသမယတွင် မြန်မာပြည်သူပြည်သားအားလုံး ဘေးဘယာဝေးကွာ၍ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း Shwe Myanmar San Law Firm မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🙏

💦 ရုံးပိတ်ရက် အသိပေးကြေညာခြင်း 🔫၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၁) ရက် (စနေနေ့) မှ ဧပြီလ (၁၉) ရက် (တနင်္ဂနွေနေ့) အထိသည် နှစ်သစ်ကူး ...
09/04/2026

💦 ရုံးပိတ်ရက် အသိပေးကြေညာခြင်း 🔫

၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၁) ရက် (စနေနေ့) မှ ဧပြီလ (၁၉) ရက် (တနင်္ဂနွေနေ့) အထိသည် နှစ်သစ်ကူး ရုံးပိတ်ရက်များဖြစ်ပါသဖြင့် Shwe Myanmar San Law Firm ၏ ရုံးအား ပိတ်ထားမည်ဖြစ်ပြီး၊ ဆွေးနွေးမှုများကို page ၏ Chat Box မှတစ်ဆင့် မေးမြန်းစုံစမ်းဆွေးနွေးနိုင်မည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ 📣

ပျော်ရွှင်စရာ မဟာသင်္ကြန်အခါသမယ ဖြစ်ကြပါစေကြောင်း Shwe Myanmar San Law Firm မှ ထပ်လောင်း၍ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🙏


၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ တက်ရောက်ရန် ကြေညာချက် အား သက်ဆိုင်သ...
06/04/2026

၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ တက်ရောက်ရန် ကြေညာချက် အား သက်ဆိုင်သူများ သိရှိစေရန် တင်ပြအပ်ပါသည်။

Source - www.unionsupremecourt.gov.mm


28/03/2026

မြန်မာဗုဒ္ဓဘာသာဝင်တွေ သေတမ်းစာရေးခွင့်ရှိလား? ❌✅

ဒီအပတ်ရဲ့ "သိလိုရာမေး" အစီအစဉ်မှာတော့ -
📌 မြန်မာဗုဒ္ဓဘာသာဝင်တွေ သေတမ်းစာရေးခွင့်ရှိသလား?
📌 သေတမ်းစာရေးခွင့်မရှိရင် အမွေကို ဘယ်လိုစီမံမလဲ? စတဲ့ အကြောင်းအရာတွေကို ဥပဒေဗဟုသုတအနေနဲ့ တင်ဆက်ပေးထားပါတယ်။ ⚖️✨

⚠️ Disclaimer : ယခု ဗီဒီယိုအား ဥပဒေဆိုင်ရာ ဗဟုသုတနှင့် သတင်းအချက်အလက် ဖြန့်ဝေရန်အတွက်သာ ရည်ရွယ်ပြီး တရားရုံးနှင့် ဥပဒေရေးရာ ကိစ္စရပ်များအတွက် Shwe Myanmar San Law Firm မှ လိုင်စင်ရ ဝါရင့်ရှေ့နေများကသာ ကိုင်တွယ်ဆောင်ရွက်ပေးလျက်ရှိပါသည်။


#သိလိုရာမေး

Address

No. (141-145), Bo Aung Kyaw Street
Yangon
11101

Alerts

Be the first to know and let us send you an email when Shwe Myanmar San Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Myanmar San Law Firm:

Shortcuts

Share